← Chapters

ဖက်တီးကျူအား ကြိတ်ခြင်း

Vol. 007 Ch. 697

ဖက်တီးကျူအား ကြိတ်ခြင်း

Vol. 007 Ch. 697

အဒေါ်၃သည် ရင်းနှီးနေသောမြင်ကွင်းကိုကြည့်ပြီး အားရပါးရပြုံးလေသည်။

အရင်ကဆိုလျှင် ဟိန်းသံလေးသည် သူမ ရင်ခွင်ထဲဝင်တိုင်း ရှီမာယူယူက လွှင့်ပစ်လေ့ရှိသည်။ ဒီ မြင်ကွင်းကိုထပ်မြင်ရလိမ့်မည်ဟု ထင်မထားမိပေ။

“တော်ပြီ ဟိန်းသံလေးက ဒီအတိုင်းပဲစိတ်ရှိတာပါ၊ ပျာယာခတ်စရာမလိုပါဘူး” သူမ အားရပါးရပြုံးလေ သည်။

“အဒေါ်၃ရဲ့ သည်းခံတာကသူ့ကို ဖျက်ဆီးသလိုဖြစ်နေတယ်” ရှီမာယူယူ အကူအညီမဲ့စွာပြောလေ သည်။

“သူ့ကိုဖျက်ဆီးတာမဟုတ်ရပါဘူး” အဒေါ်၃သည် ဘေးတွင်ထိုင်နေသော ဘေဂုံထန်အားတွေ့ကာ မေး လေသည် “ယူယူ ဒါက...”

“ကြည့်ပါဦး ဝမ်းသာလွန်းလို့ မိတ်ဆက်ပေးဖို့မေ့နေတယ်” ရှီမာယူယူ ပြောလိုက်သည် “အဒေါ်၃ ဒါက သမီးရဲ့ သူငယ်ချင်းကောင်း ဘေဂုံထန်ပါ သမီးနဲ့အတူကြီးလာတာ၊ သမီးကိစ္စတွေအကုန် သူမသိတယ်၊ ဘေဂုံ ဒါက ငါ့အဒေါ်၃ ဦးလေး၃ရဲ့ ဇနီးပါ”

ဘေဂုံထန်သည် ရှေ့တိုးကာ အဒေါ်၃အား အရိုသေပေးကာ ခေါ်လေသည် “အဒေါ်၃”

“ကလေး ဒီနှစ်တွေမှာ ယူယူကိုဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးပါ” အဒေါ်၃သည် သူမအား ခေါင်းညိမ့် လေသည်။

“ယူယူကသာ သမီးတို့ကိုဂရုစိုက်ခဲ့တာပါ” ဘေဂုံထန် စကားစပြောလေသည် “ယူယူ နင်အခုမှ အဒေါ်၃ ကိုပြန်တွေ့တာ၊ ပြောစရာတွေများနေမှာပဲ ဒါပေမဲ့ ငါတို့ထွက်လာတာလည်းကြာနေပြီ ကျန်တဲ့သူတွေ စိတ်ပူနေ မယ်၊ နင်ဒီမှာနေခဲ့လေ ငါပြန်သွားပြီး သူတို့ကိုပြောလိုက်မယ်”

ရှီမာယူယူသည် အစက မိခင်ကျောက်တုံးမှတစ်ဆင့်ပြောရန် စဉ်းစားထားသည်။ သို့သော် အဒေါ်၃ကို ပြောစရာများ များသဖြင့် သဘောတူလိုက်သည်။

“အဒေါ်၃ ဘေဂုံသွားလိုက်ပါဦးမယ်” ဘေဂုံထန်သည် အဒေါ်၃အား အရိုအသေပေးလေသည်။

“ဝူလေးကိုလိုက်ပို့ခိုင်းလိုက်မယ်” အဒေါ်၃သည် အကြံပေးကာ ခေါ်လိုက်သည် “ဝူလေး”

ယောက်ျားအဝတ်အစားနှင့် မဟုတ်တော့သော ဝူလေး ဝင်လာလေသည် “ဆရာ”

“ဝူလေး မိန်းကလေးဘေဂုံကိုလိုက်ပို့လိုက်ဦး” အဒေါ်၃ အမိန့်ပေးလေသည်။

“ဟုတ်ကဲ့ပါ ဆရာ” ဝူလေးသည် ရှီမာယူယူအား အကဲခတ်သလိုကြည့်လိုက်သည်။ ဒီလူက ဘာလို့ဆရာ နဲ့ ဒီလောက်အကြာကြီးနေတာလဲ။

“မိန်းကလေးဘေဂုံကိုသွားပို့လိုက်ဦး ပြီးတာနဲ့ ပြန်လာပြီး ဆရာ့ရဲ့တူမနဲ့တွေ့လိုက်ဦး” အဒေါ်၃သည် ထိုစကားပြောလိုက်သည့်အခါ ရှီမာယူယူ၏ သရုပ်မှန်ကိုရှင်းပြီးသားဖြစ်သွားလေသည်။

“ဟုတ်ကဲ့ပါ ဆရာ” ဝူလေးသည် နောက်ဆုံးတွင် ပြုံးနိုင်ကာ ဘေဂုံထန်အားခေါ်သွားလေသည်။

သူတို့နှစ်ယောက်ထွက်သွားသောအခါ ရှီမာယူယူသည် အဒေါ်၃အားကြည့်ပြီး ပြုံးကာပြောလေသည် “အဒေါ်၃က တပည့်ကောင်းတစ်ယောက်ရှာတွေ့တာပဲ”

“ဟုတ်တယ် ဝူလေးက အရည်အချင်းရှိတယ်၊ သူမကို ဒူမိသားစုရဲ့ ပန်းထိုးနည်းမသင်ရသေးပေမယ့် တခြား ပန်းထိုးနည်းတွေတချို့သင်ပေးပြီးသွားပြီ၊ သူမ မြန်မြန်ပဲတတ်တယ်” အဒေါ်၃သည် တပည့်နှင့်ပတ်သတ် ပြီး ကျေနပ်လေသည်။ ထို့နောက်တွင် သူမသည် ရှီမာယူယူအားကြည့်ပြီး “သမီးကို ပထမဆုံး ပန်းထိုးသင်တုန်း က အဆိပ်စားခိုင်းတဲ့အတိုင်းပဲလေ”

“သမီးမှာအဲဒီအရည်အချင်းမရှိဘူး အဒေါ်၃ သိသွားပြီလား၊ သမီးနှစ်ဖက်လှထိုးတာက လုံးဝကို ဆန့်ကျင်ဘက်ပဲလေ” ရှီမာယူယူသည် သူမ၏ ချို့ယွင်းချက်ကို ပြောပြရန် မကြောက်ပေ။

သူမ ပန်းထိုးအပ်ကိုင်ထားသောပုံကိုတွေးမိပြီး အဒေါ်ဒူ ရယ်မိရုံအပြင်မရှိပေ။

“ယူလေး ပန်းထိုးတာကလည်း တိုက်ခိုက်တာနဲ့အတူတူပဲ”

“ဒါပေမဲ့ တိုက်တာထက်တောင် ခက်နေသေးတယ်” ရှီမာယူယူ သွားဖြဲပြလေသည်။

“သမီး” အဒေါ်၃သည် သူမနဖူးအား ပုတ်လိုက်သည် “ဒီနှစ်တွေမှာ ဘယ်လိုတွေနေခဲ့လဲ ပြောပြဦး၊ ဘယ်လိုပြန်မွေးဖွားလာတာလဲ၊ ဘာလို့ဒီရောက်နေတာလဲ ပြီးတော့ ဖန်လေးရော သူဘယ်လိုနေလဲ”

“အဒေါ်၃ မလောပါနဲ့ လက်ဖက်ရည်သောက်ရင်း ဖြေးဖြေးချင်းပြောသွားကြတာပေါ့…”

ဘေဂုံထန် တည်းခိုဆောင်သို့ပြန်ရောက်ချိန်တွင် ရှီမာယူယူ ပြန်မလာသည်ကို ရှောင်ချီတွေ့လိုက် သည်။ ပြုံးနေသော သူမမျက်နှာသည် မျက်မှောင်ကြုတ်သွားလေသည်။

“ယူယူရော”

“ပြန်မလာသေးဘူး”

“ပြန်မလာသေးဘူးဟုတ်လား၊ သူမအဲမှာပဲရှိသေးတာလား သူမကိုသွားရှာမယ်” ရှောင်ချီသည် ခုန်ထွက် ကာပြေးလေသည်။

“မစိုးရိမ်ပါနဲ့ သူမအဲဒီမှာမဟုတ်ဘူး” ဘေဂုံထန်သည် သူမအား ပြန်ဆွဲလိုက်သည်။

“အဲမှာမဟုတ်ဘူးလား အဲဒါဆို ဘယ်မှာလဲ” ဖက်တီးကျူမေးလိုက်သည်။

“ထိုင်ပြီး နားထောင်ဦး” ဘေဂုံထန်သည် ရှောင်ချီအားလွှတ်လိုက်သည်။ သူမသည် ဝိဉာဉ်အထည်ဆိုင် သို့မတော်တဆဝင်မိပြီး ရှီမာယူယူ၏ အဒေါ်၃နှင့် တွေ့ပုံကိုရှင်းပြလေသည်။

ဘေဂုံထန် ပြောသည်များကိုနားထောင်ပြီးနောက် အားလုံးသက်ပြင်းချမိသည်။ ဖက်တီးကျူသည် စားပွဲကိုပုတ်ကာ သက်ပြင်းချလေသည် “ယူယူက ကံကောင်းတယ်၊ သူမ အချစ်ဆုံးလူကိုဒီလိုတွေ့သွားတာ လား၊ အစတုန်းက သူမမိသားစုတွေအကုန်သေသွားပြီလို့ထင်တာ မောင်လေးကလည်း အသက်ရှင်နေပြီး အခု အဒေါ်ပါ အသက်ရှင်မယ်လို့ မထင်ထားဘူး”

“သူမ မိသားစုဝင်တွေအကုန်သေသွားပြီလို့ ပြောလိုက်တာလား” ရှောင်ချီသည် ဖက်တီးကျူအား နားမလည်စွာ ကြည့်လေသည်။

ဖက်တီးကျူသည် ပါးစပ်ကိုလက်ဖြင့်ကာကာ ရှောင်ချီအား ခေါင်းရမ်းပြလေသည်။

“ပြောမှာလား မပြောဘူးလား မဟုတ်ရင် မင်းကို ကြိတ်တော့မယ်နော်” ရှောင်ချီသည် သူ့ကိုကြည့်လိုက် သည်။

“မဟုတ်ဘူး မင်းငါ့ကိုကြိတ်ရင်တောင် ငါမပြောဘူး၊ သိချင်တယ်ဆိုရင် ယူယူ့ကိုကိုယ်တိုင်မေး” ဖက်တီး ကျူသည် ထွက်ပြေးလေသည်။

“ပြော ပြော” ရှောင်ချီသည် သူ့နောက်လိုက်လေသည်။ သူမ လက်သီးကျလာသည်နှင့် သူနာကျင်သွား သည်။

“မပြောဘူး ငါ့ကိုသတ်ရင်တောင်မပြောဘူး” ဖက်တီးကျူ အော်လေသည်။

ဘေဂုံထန်နှင့် တခြားသူများသည် ခေါင်းရမ်းကာ ရယ်မိကြသည်။ ဖက်တီးကျူသည် မပြောခင်တွင် မစဉ်းစားတတ်ပေ။ ဘေဂုံထန်ရှင်းပြချိန်တွင် ရှီမာယူယူသည် အတိတ်ကမိသားစုပျောက်ဆုံးသွားခဲ့သည်ကို တိုက်ရိုက်ပြောချင်းမရှိပေ။ ဖက်တီးကျူသည် တိုက်ရိုက်ပင်ပြောလိုက်သည်။ အဲဒါကပဲ ရှောင်ချီကို သိချင်စိတ် ဖြစ်သွားစေတာမလာ။

ကံကောင်းစွာပင် ရှောင်ချီ၏ လက်သီးမှာသန်မာသော်လည်း ဖက်တီးကျူအရေးသာသည်။ သူသည် နာကျင်သည်ဟု အော်သော်လည်း ဒဏ်ရာပြင်းထန်စွာမရပေ။

နောက်နေ့ညနေခင်း ရှီမာယူယူပြန်လာချိန်တွင် ဖက်တီးကျူ အိပ်ရာထဲလဲနေသည်။ သူမနှင့် တခြားသူ များ စကားပြောသံများကြားသောအခါ သူထပ်အော်ပြန်သည်။

“ဖက်တီးဘာဖြစ်တာလဲ” ရှီမာယူယူ အခန်းထဲသို့ကြည့်လိုက်သည်။

အားလုံးသည် ပြုံးလိုက်ကာ ရှောင်ချီသည် မေးစေ့ကိုဂုဏ်ယူစွာပင့်လေသည်။

“နင်က မနေ့ကပြန်မလာဘူးလေ ဖက်တီးကျူ အပြောမှားသွားလို့ ရှောင်ချီရိုက်တာခံလိုက်ရတာ” ဘေဂုံထန် ပြန်ဖြေလေသည်။

“ရှောင်ချီကလား” ရှီမာယူယူသည် ရှောင်ချီ၏ ခေါင်းကိုပွတ်ကာ မေးလေသည် “ဘာလို့ဖက်တီးကို ရိုက် ရတာလဲ”

“သူက ယူယူ့အကြောင်းမပြောပြဘူးလေ” ရှောင်ချီသည် နှုတ်ခမ်းဆူလေသည်။ ထို့နောက်တွင် ရှီမာယူယူ၏ လက်ကိုကိုင်ကာ “ယူယူပြောပြ”

“ငါ့အကြောင်းဟုတ်လား” ရှီမာယူယူသည် အားလုံးအား နားမလည်စွာကြည့်လိုက်သည်။

“မနေ့က နင့်မိသားစုအသတ်ခံရတယ်ဆိုပြီး ဖက်တီးက မတော်တဆထွက်သွားတယ်၊ အဲနောက်တော့ သူမက နင့်အကြောင်းသိချင်တာ ဖက်တီးက မဖြေလို့ ကြိတ်ထားတာ” ဘေဂုံထန် ရှင်းပြလေသည်။

“အဲဒါကြောင့် သူ့ကိုကြိတ်ထားတာလား” ရှီမာယူယူ ခေါင်းငုံ့ကာ ရှောင်ချီ၏ နှာခေါင်းကို ဆိတ်လိုက် သည်။

“အဲလိုမှမှတ်မှာ” ရှောင်ချီသည် ရှီမာယူူယူ၏ ခွင့်မပြုသောမျက်လုံးများကို မြင်လိုက်သည်။ သူမ အကြည့်လွှဲလိုက်သည်။

“သူက ငါတို့သူငယ်ချင်းလေ” ရှီမာယူယူ သင်ကြားပေးလေသည် “အဲဒါသာ ရှောင်ချီဆိုရင် ဒီအတိုင်း ကျော်သွားလိုက်ရမှာလား ယူယူလည်း ရှောင်ချီ့ကိုကြိတ်ရမှာလား”

ရှောင်ချီသည် နှုတ်ခမ်းဆူကာ စကားမပြောတော့ပေ။

“ငါဖက်တီးကိုသွားကြည့်လိုက်ဦးမယ် ပြီးမှပြောပြမယ် ဟုတ်ပြီလား” ရှီမာယူယူ နှစ်သိမ့်လေသည်။

“ဟင်း”

“ငါနဲ့သွားချင်လား”

“မသွားဘူး” ရှောင်ချီသည် ဟင်းခနဲအသံပြုကာ အခန်းသို့ဝင်သွားလေသည်။

ရှီမာယူယူ အားရပါးရပြုံးကာ အားလုံးအားနှုတ်ဆက်ပြီး အခန်းသို့သွားလေသည်။

“အာ… အာ….”

“တော်ပြီ အော်မနေနဲ့တော့ ငါရောက်နေပြီ မအော်နဲ့တော့” ရှီမာယူယူသည် အိပ်ရာပေါ်တွင်ရှိနေသော လူအား မျက်လုံးလှန်ပြမိသည်။

“ယူယူ မြန်မြန်လာပြီး ငါ့ကိုကြည့်ဦး ငါတော့ အဲကလေးမကြောင့် အကြိတ်ခံရပြီးသေတော့မလို့” ဖက်တီးကျူ ညည်းတွားလေသည်။

“နင်ကလည်းညည်းနေတာပဲ အသက်နဲ့အဝေးကြီး” ရှီမာယူယူလျှောက်လာသည်။ သူမသည် သူ့ကို သွေးကြောစမ်းပေးလိုက်သည်။ သူ၏ ခန္ဓာကိုယ်အခြေအနေကိုသိပြီးနောက်တွင် သူမသည် မသိစိတ်မှ မျက်ခုံး ပင့်မိသည်။

***

All Chapters