← Chapters

ရှောင်ချီအပြုအမူ၏ ရည်ရွယ်ချက်

Vol. 007 Ch. 698

ရှောင်ချီအပြုအမူ၏ ရည်ရွယ်ချက်

Vol. 007 Ch. 698

ဖက်တီးကျူသည် ဆက်ပြီးညည်းတွားချင်သော်လည်း ရှီမာယူယူသည် သူ့နဖူးကိုရိုက်လိုက်သည် “ညည်းမနေနဲ့တော့ နာတာနဲ့သေမသွားဘူး”

“ဒါပေမဲ့ တကယ်နာတယ်ဟ” ဖက်တီးကျူသည် လှဲနေတုန်းပင်။ သူအနည်းငယ်လှုပ်လိုက်သည်နှင့် တစ်ကိုယ်လုံးနာကျင်နေသည်။

“နာတာကိုပဲခံစားရတာလား” ရှီမာယူယူသည် မျက်လုံးလှန်လိုက်သည်။

“ငါ့ခန္ဓာကိုယ်ထဲမှာ ပူနွေးတဲ့ရောင်ဝါတစ်ခုကိုခံစားရတယ်” ဖက်တီးကျူသည် ခေတ္တမျှစဉ်းစားလိုက် သည်။

“အဲဒါကြောင့်မဟုတ်ဘူး” ရှီမာယူယူ မတ်တပ်ရပ်လိုက်သည် “ရှောင်ချီက နင့်ကိုကြိတ်တယ်ဆိုပေမယ့် နင့်အကြောတွေနဲ့ ပင်မနေရာတွေကို ဖွင့်ပေးလိုက်တာ၊ နင် ခန္ဓာကိုယ်လေ့ကျင့်တဲ့အခွင့်အရေးတောင်ရသွား သေးတယ်၊ အဲလိုလုပ်ရင် နောက်ကိုနင့်အားတိုးတဲ့နေရာမှာ အထောက်အကူဖြစ်တယ်”

“တကယ်လား” ဖက်တီးကျူသည် မယုံနိုင်သေးပေ။

“နင့်ခန္ဓာကိုယ်ထဲမှာ ပူနွေးတဲ့ရောင်ဝါခံစားရတယ်လို့ မပြောဘူးလား၊ ရှောင်ချီက ရက်စက်တဲ့လူမဟုတ် ပါဘူး၊ ငါပြောသလိုပဲ နင်အိပ်ရာထဲက မထနိုင်အောင် သူမကဘာလို့ရိုက်ရမှာလဲ၊ နင့်ခန္ဓာကိုယ် နေမကောင်းတဲ့ အထိတော့မလုပ်ပါဘူး” ရှီမာယူယူ ရှင်းပြသည် “ကောင်းပြီ နှစ်ရက်လောက်တော့ အိပ်ရာထဲမှာ လိမ်လိမ်မာမာ လှဲနေလိုက်၊ ဘာဆေးမှမသောက်နဲ့ နာတာပျောက်သွားရင် ကောင်းသွားလိမ့်မယ်”

ဖက်တီးကျူသည် ရှီမာယူယူအား နာကျင်စွာကြည့်လိုက်သည်။ ဒီကောင်က ရည်ရွယ်ချက်ရှိတာပဲ။ သူမ သည် သူ့ကို မသိမသာ အပြစ်ပေးနေတာပဲ

“ခုနက ရှောင်ချီ့ကို ဆူမိတယ်၊ ငါသူမကို သွားနှစ်သိမ့်လိုက်ဦးမယ်၊ နင်အနားယူလိုက်ဦး” သူမသည် သူ့ ပခုံးကိုပုတ်ကာ ထွက်သွားလေသည်။

ဖက်တီးကျူသည် နာကျင်သောကြောင့် အံကြိတ်ကာ ရေရွှတ်လေသည် “ဒီကောင်က သနားညှာတာမှု မရှိလိုက်တာ အာ… နာတယ်”

ရှီမာယူယူသည် ရှောင်ချီ့အခန်းသို့သွားလိုက်သည်။ ရှောင်ချီသည် အိပ်ရာတွင်လှဲနေကာ သူမဝင်လာ သည်ကို မြင်သည်။ သူမသည် မျက်နှာလွှဲလိုက်သည်။

ရှီမာယူယူ ပြုံးလိုက်သည်။ သူမ လျှောက်သွားပြီး အိပ်ယာဘေးတွင် ထိုင်လိုက်သည် “ခုနက ငါမှားသွား ပါတယ်၊ စိတ်မဆိုးနဲ့တော့”

“ဟင်း” ရှောင်ချီ နှုတ်ခမ်းဆူလေသည်။

“ဘယ်သူမှ ရှောင်ချီ့ကိုအပြစ်မတင်ပါဘူး” ရှီမာယူယူသည် သူမနဖူးအား ထိကာ သူမဆံပင်များကို သပ် လိုက်သည်။ သူမ ထပ်ပြောလိုက်သည် “ယူယူလည်း ရှောင်ချီ့ကိုအပြစ်မတင်ဘူး”

“တင်ပြီးသွားပြီလေ” ရှောင်ချီ ခေါင်းမော့လာကာ စောဒကတက်လေသည်။

“အခုတောင်းပန်ပြီးပြီလေ” ရှီမာယူယူသည် သူမနှာခေါင်းအား ဆိတ်လိုက်သည်။ “နောက်တစ်ခါဆိုရင် ဘယ်သူ့ကိုမဆို ကောင်းပေးချင်ရင် တည့်တိုးသာပြောလိုက်”

“ရှောင်ချီက သူတို့ကိုကောင်းမပေးပါဘူး” ရှောင်ချီသည် ဝန်မခံပေ။

“ကောင်းပြီ သူတို့ကိုမကောင်းပေးဘူး ယူယူ့ကိုတော့ ကောင်းပေးတယ်လေ” ရှီမာယူယူသည် သူမအား ဖိအားမပေးပေ။

“သိရင်ပြီးတာပဲ” ရှောင်ချီသည် ဒေါသမထွက်တော့သော်လည်း မကျေနပ်သေးပေ။

“စိတ်တိုနေတုန်းလား ငါ့အကြောင်းပြောပြမလို့ကို ရှောင်ချီက စိတ်တိုနေတုန်းဆိုတော့ ထားလိုက်တော့ ငါသွားတော့မယ်” ရှီမာယူယူသည် မတ်တပ်ရပ်ချင်ယောင်ဆောင်လိုက်သည်။

ရှောင်ချီသည် အိပ်ရာပေါ်မှ ခုန်ကာ သူမဆီသို့တွားသွားလေသည် “ပြောပြ”

သူတို့တွေ့ကတည်းကပင် ရှောင်ချီသည် အရေထူသည်ကို ရှီမာယူယူခံစားမိသည်။ သူမသည် ရှုပ်ထွေး သည်။ ပထမဆုံးတွေ့ခါစကတော့ ထိုကဲ့သို့မလုပ်ခဲ့ပေ။

“လာခဲ့ ပြောပြမယ်” ရှီမာယူယူသည် သူမလက်အားဆုပ်ကိုင်ကာ ထိန်းပေးလိုက်သည်။

ရှောင်ချီသည် အိပ်ယာပေါ်ပြန်တက်ကာ ရှီမာယူယူအားကြည့်လေသည်။

ရှီမာယူယူ ပြန်ထိုင်လိုက်သည်။ သူမသည် ရှောင်ချီ၏လက်မောင်းကို ကိုင်ကာ ရေရွှတ်လေသည် “တကယ်တော့ ရှောင်ချီ ငါတို့နဲ့ အင်အားကြီးထောင်တာကို ပါဖို့ခွင့်ပြုလိုက်ကတည်းက ရှောင်ချီ့ကို ဖုံးကွယ် ထားဖို့ စိတ်ကူးမရှိဘူး၊ ဒီနှစ်ရက်မှာ စိတ်နဲ့လူနဲ့မကပ်တာနဲ့ ဘာမှမပြောဖြစ်တာ”

“ယူယူရဲ့ မိသားစုကတကယ်ပဲ အသတ်ခံလိုက်ရတာလား” ရှောင်ချီမေးလေသည်။

“အင်း မိသားစုတင်မဟုတ်ဘူး ငါပါသေသွားတာ” ရှီမာယူယူ ပြောလိုက်သည်။

“ယူယူလည်းသေသွားတယ်ဟုတ်လား အဲဒါဆို ဘယ်လိုအသက်ရှင်လာတာလဲ”

“ငါ့အခုလက်ရှိခန္ဓာကိုယ်က မူလခန္ဓာကိုယ်ပဲ အဲတုန်းက ငါလူတစ်စုလိုက်တာကိုခံရတယ်…”

ရှီမာယူယူသည် ထိုနှစ်က အဖြစ်အပျက်ကိုပြန်ပြောပြလေသည်။ သူမ ပထမဆုံးအကြိမ်မှတ်မိစဉ် ကလောက်တော့ မနာကျင်တော့ပေ။ သူမ လက်ကိုဆုပ်ကိုင်လိုက်သည်။

“အဲဒါတွေဖြစ်ခဲ့တာပဲ အခုသိသွားပြီမလား သူတို့ဘာလို့ မပြောနိုင်ကြတာလဲဆိုတာကို”

“အင်း ရှောင်ချီလည်း ဘယ်သူ့ကိုမှမပြောပါဘူး” ရှောင်ချီသည် လေးနက်စွာပြောလေသည် “ယူယူနဲ့ မိသားစုကိုသတ်တဲ့လူတွေ သေသင့်တယ်၊ ယူယူ အင်အားကြီးထောင်နိုင်ရင် အကုန်လုံးကိုသာသတ်လိုက်”

“အင်း သူတို့ပြန်ပေးဆပ်ရအောင် သေချာပေါက်လုပ်မယ်” ရှီမာယူယူသည် ထိုအကြောင်းနှင့်ပတ်သတ် ၍ တွေဝေမှုမရှိပေ။ သူမသည် ထိုကိစ္စတွင်ပါဝင်သူများကို အလွတ်ပေးမည်မဟုတ်ပေ။

“အဲဒါနဲ့ မနေ့က အဒေါ်၃က ဘယ်လိုဖြစ်သွားလဲ”

“သူမက ငါ့ဦးလေး၃ရဲ့ ဇနီးပဲ၊ သူမမှာ သားသမီးမရှိတော့ ငါနဲ့ဖန်လေးကိုပဲ သူ့သားသမီးလို သဘော ထားတာ” ရှီမာယူယူ ပြောလိုက်သည် “သူမလည်း အသတ်ခံလိုက်ရပြီထင်တာ၊ ဒါပေမဲ့ မနေ့ကမှ သူမ အသက် ရှင်နေတယ်ဆိုတာကို သိလိုက်ရတာ”

“ကောင်းတာပေါ့ ယူယူ အချစ်ဆုံးလူရှိနေသေးတယ်” ရှောင်ချီသည် သူမကိုလွှတ်ကာ သူမမေးစေ့အား လက်နှစ်ဖက်ဖြင့် ကိုင်ထားလေသည်။

“နင်ရော ရှောင်ချီ… ရှောင်ချီ့ရဲ့မိသားစုကရော” ရှီမာယူယူသည် ရှောင်ချီ့အား ထိုကဲ့သို့အကြောင်းများ ကိုမမေးဖူးသည်ကို သတိရသွားသည်။

“ရှောင်ချီ့မှာ မိသားစုမရှိဘူး” ရှောင်ချီပြောလေသည်။

“မိသားစုမရှိဘူးဟုတ်လား အဲဒါကြောင့် သူတို့က…” ရှီမာယူယူသည် ခန့်မှန်းလိုက်သည်။

“ရှောင်ချီက ကောင်းကင်နဲ့မြေကြီးအောက်မှာ မွေးဖွားလာတာ၊ ရှောင်ချီ့မှာ မိသားစုမရှိဘူး တစ်ကောင် ကြွက်ပဲ၊ နောက်တော့ ဂိုဏ်းကကယ်ပြီး ရှောင်ချီ့ကိုခေါ်သွားခဲ့တယ်၊ အဲကတည်းက ဂိုဏ်းမှာနေလာတာပဲ” ရှောင်ချီသည် ပခုံးတွန့်လေသည်။ သူမသည် ဝမ်းနည်းခြင်းမရှိပေ။

“ဂိုဏ်းကိုရောက်တာ ဘယ်လောက်ကြာပြီလဲ” ရှီမာယူယူမေးလိုက်သည်။

“ဘယ်လောက်ကြာပြီလဲဟုတ်လား”  ရှောင်ချီသည် စဉ်းစားရင်း ဖြေလိုက်သည် “ဘယ်လောက်ကြာပြီ လဲဆိုတာတော့ ရှောင်ချီမမှတ်မိတော့ဘူး ဘာပဲဖြစ်ဖြစ် ကျောင်းအုပ် ၅ဆက် ၆ဆက်တော့ရှိပြီ မြင်ဖူးတာ”

“ကျောင်းအုပ် ၅ဆက် ၆ဆက်အထိနေလာခဲ့တာလား၊ အဲဒါဆို နှစ်တွေကြာနေပြီပဲ၊ ကျောင်းအုပ် တစ်ယောက်က နှစ် ၂၀၀ အုပ်ချုပ်တယ်ဆိုရင်ကို ၅ဆက် ၆ဆက်လောက်ဆိုရင် နှစ်တစ်ထောင် ကျော်နေပြီ ပေါ့ ဟုတ်တယ်မလား”

သူမသည်ရှောင်ချီအား ထူးဆန်းစွာကြည့်လိုက်သည်။ ဒီကောင်မလေးကဘာလဲ။ ဒီလောက်ကြာတောင် နေလာတာတောင် အရုပ်ကလေးလိုပဲ။

“အဲအကြည့်ကဘာလဲ” ရှောင်ချီသည် သူမ၏ အကြည့်အားတွေ့သောအခါ မျက်နှာကိုထိလိုက်သည်။

ရှီမာယူယူ သူမလက်အားဆုပ်ကိုင်ကာ ပြုံးလိုက်သည် “ဒီလောက် နှစ်တွေအများကြီးနေလာတာ တောင် ရှောင်ချီ့ကြည့်ရတာ ငယ်နေတယ်၊ အသက်မကြီးပဲဘယ်လိုနေလာလဲ သိချင်လို့”

“မရယ်နဲ့” ရှောင်ချီသည် သူမအား ဒေါသဖြင့်ကြည့်လေသည် “ရှောင်ချီ့အသက်က ကလေးပဲရှိသေး တယ် မိစ္ဆာအိုကြီးမဟုတ်ဘး”

“အဟွတ် အဟွတ် အင်းပါ မရယ်ပါဘူး” ရှီမာယူယူသည် သူမအကြည့်အားတွေ့သောအခါ မျက်နှာပိုး သတ်လိုက်သည်။ သူမသည် လေးနက်စွာကြည့်သော်လည်း သူမမျက်လုံးမှ တောက်ပမှုများမှာပျောက်မသွား ပေ။

“ရှောင်ချီဗိုက်ဆာတယ်” သူမ ရယ်နေသည်ကို ရှောင်ချီတွေ့သော်လည်း ပြောရမှာပျင်းလာသည်။

“ဘာစားချင်လဲ ယူယူလုပ်ပေးမယ်”

“ကြက်တောင်ပံကင်”

“အဲဒါဗိုက်မဝဘူး တခြားဟာရွေး”

“ဒါဆို ကြက်ကောင်လုံးကင်”

“ကောင်းပြီ ယူယူနဲ့လိုက်မှာလား”

“အင်း”

ရှီမာယူယူသည် ရှောင်ချီအား မီးဖိုဆောင်သို့ခေါ်သွားသည်။ ရှောင်ချီ သူမနောက်လိုက်လာသည်ကို ကြည့်ပြီး ရှီမာယူမင်တို့သည် သူမဘာကြောင့် ရှီမာယူယူကို တွယ်ကပ်နေမှန်းကိုမသိတော့ပေ။

သူတို့သည် တည်းခိုဆောင်တွင် ၂ရက်နေလေသည်။ ညီအစ်ကို၁၀ယောက်သည် အမှောင်တောထဲဝင် ရန်အသင့်ဖြစ်နေကြောင်းကို နီရဲပျားများ သတင်းပို့လေသည်။

ညီအစ်ကို၁၀ယောက်တင်မဟုတ်ပဲ လုဆယ်မြို့သို့လာကြသော တခြားသူများသည်လည်း ၂ရက် အတွင်းတွင် အမှောင်တောထဲဝင်ကြမည်။ လုဆယ်မြို့သည် ရုတ်တရက် လစ်ဟာသွားသည်။

***

All Chapters