ငှက်လေးပြန်လာခြင်း
Vol. 007 Ch. 699
“ယူယူ သူတို့ကတောထဲဝင်တော့မှာ ငါတို့လည်းသွးရမယ်မဟုတ်ဘူးလား” ဖက်တီးကျူသည် ကြက်ခြေထောက် စားရင်းမေးလေသည်။
သူတို့နေခဲ့သည်မှာ ရက်ပေါင်းများစွာကြာနေပြီဖြစ်သည်။ တည်းခိုဆောင်မှ ဧည့်သည်အားလုံးနီးပါး ထွက်သွားကြသည်။ သူတို့အဖွဲ့တစ်ဖွဲ့သာ တည်းခိုဆောင်အနောက်ခြံတွင် စားနေဆဲပင်။
“အဲအလောတကြီးသွားတဲ့လူတွေက မင်္ဂလာသားရဲကြောင့်သွားကြတာ၊ ငါတို့က အဲဒါမှမလိုတာ၊ ဘာလို့ လောနေမှာလဲ” ရှီမာယူယူသည် ခေါင်းမမော့ပဲပြန်ပြောလေသည်။
“ငါတို့သွားပြီး ပျော်ပျော်ကြီးကြည့်လို့ရတာပဲ” ဖက်တီးကျူ ပြောလေသည် “ငါတို့ အဲဒီပညာရှိစံအိမ် တော်ကလူတွေကို ပညာပေးဖို့ကျန်သေးတယ်၊ ငါတို့်ဝင်သွားတဲ့အချိန် သူတို့ပြန်သွားရင် ဘယ်လိုလုပ်မလဲ”
“စိတ်ပူမနေနဲ့ လတစ်ဝက်မကြာပဲ အလယ်ပိုင်းနယ်မြေကိုသူတို့မရောက်နိုင်ဘူး” ရှီမာယူယူ ပြောလိုက် သည် “ပြီးတော့ အဲရှေ့ကလူတွေက နောက်လူတွေအတွက် လမ်းရှင်းပြီးသားဖြစ်တယ်”
“အမှန်ပဲ၊ အရှေ့ကလူတွေ ဝိဉာဉ်မိစ္ဆာတွေနဲ့တွေ့ရင် သူတို့ကိုရှင်းသွားကြမှာပဲ” ဖက်တီးကျူနားလည် သွားကာ မလောတော့ပေ။
ထိုအချိန်တွင် စားပွဲထိုးသည် အပြင်မှဝင်လာကာ ရှီမာယူယူတို့အား သတင်းပေးလေသည် “ဧည့်သည် တော်တို့ အပြင်မှာလူတစ်ယောက်လာရှာပါတယ်”
ရှီမာယူယူသည် လက်ထဲမှအရိုးကိုချကာ စက္ကူဖြင့် ဆီများကိုသုတ်လိုက်သည် “ဖန်လေးတို့ရောက်လာ ပြီ၊ မင်းတို့ဆက်စားနေလိုက် ငါသူ့ကိုခေါ်ပြီး အဒေါ်၃ကိုသွားတွေ့လိုက်ဦးမယ်”
သူတို့ကို ဘယ်သူကဘာကြောင့်လာတွေ့လဲဆိုသည်ကို ရှီမာယူလင်းသိချင်သွားသည်။ သို့သော် ရှီမာယူယူ ပြောလိုက်သောစကားကိုကြားသောအခါ ပြန်ထိုင်ကာ ဆက်စားလေသည်။
ရှီမာယူယူသည် ဧည့်ခန်းသို့သွားလိုက်သည်။ ရှီမန်ဖန်၊ ကုန်ရှန်ယိ၊ ငှက်လေးနှင့် တခြားသူများသည် စားပွဲတွင်ထိုင်နေသည်။ သူမလာသည်ကို သိသည်နှင့် ကြည့်လိုက်ကြသည်။
“ယူယူ”
“ယူယူ”
“ဒီရက်တွေမှာစောင့်နေတာ အားလုံးလာကြပြီလား” ရှီမာယူယူ ပြောလိုက်သည် “ဖန်လေး ငါနဲ့ အဒေါ်၃ကိုသွားတွေ့မယ်” ရှီမာယူယူ သူ့ကိုပြောလိုက်သည်။
“ကောင်းပြီ”
သူတို့သည် ဘေးလမ်းကြားသို့သွားလေသည်။ ရှီမာယူယူသည် ငှက်လေးတို့ကို ဝိဉာဉ်စေတီအတွင်းသို့ ပို့လိုက်သည်။ ထို့နောက်တွင် သူမသည် ရှီမန်ဖန်နှင့် ကုန်ရှန်ယိကိုခေါ်ကာ အဒေါ်၃၏ ဝိဉာဉ်အထည်ဆိုင်သို့ သွားလေသည်။
လူအများအပြား အမှောင်တောသို့သွားကြသဖြင့် ဆိုင်တွင် ဝယ်သူမရှိပေ။ အဒေါ်၃သည် ဝူလေးနှင့် ပန်းထိုးသည့်အကြောင်းများပြောနေသည်။ သူမ အသံကြားသည်နှင့်ကြည့်လိုက်ရာ လူသုံးယောက်ဝင်လာသည် ကိုတွေ့လိုက်သည်။
“အဒေါ်၃ ဘယ်သူလာတာလဲ ကြည့်ပါဦး” ရှီမာယူယူသည် အဒေါ်၃အား ပြုံးပြလိုက်သည်။
အဒေါ်၃သည် ရှီမန်ဖန်၏ ရင်းနှီးသောမျက်နှာကိုမြင်လိုက်သည်။ သူမသည် စိတ်လှုပ်ရှားသွားကာ ထပြီး ပြေးသွားလိုက်သည်။ ရှီမန်ဖန်၏ ရင်းနှီးသောအပြုအမူကိုတွေ့သောအခါ အဒေါ်၃သည် မျက်ရည်များဝဲလာပြန် သည်။
“ဖန်လေး တကယ်ပဲသားလား…” အဒေါ်၃သည် လက်ဆန့်ကာ ရှီမန်ဖန်၏ မျက်နှာကိုထိတွေ့လေ သည်။ သူမသည် သူ့ကို ငယ်စဉ်ကပင် ထိုအတိုင်းထိတွေ့နေကျဖြစ်သည်။
“အဒေါ်၃ ကျွန်တော်ပါ ကျွန်တော်အသက်ရှင်နေသေးတယ်” ရှီမန်ဖန်သည်လည်း အလွန်စိတ်လှုပ်ရှား သော်လည်း အဒေါ်၃အကြောင်းကိုသိပြီးဖြစ်သဖြင့် မငိုပေ။
“အဒေါ်၃ ဖန်လေးက အခုမှရောက်တာ၊ သူ့ကို ရေတိုက်လိုက်ပါဦး အရင်ကအကြောင်းတွေ နှစ်ယောက် သားပြောကြပေါ့ သမီးကတော့ ရှန်ယိနဲ့ စကားပြောလိုက်ဦးမယ်” ရှီမာယူယူပြောလိုက်သည်။
“ကြည့်ပါဦး စိတ်လှုှုပ်ရှားနေတာနဲ့ မေ့နေလိုက်တာ၊ အထဲသွားပြီးပြောရအောင်” အဒေါ်၃သည် လက်ကိုင်ပုဝါထုတ်ကာ မျက်ရည်များကိုသုတ်လေသည်။
သူတို့ အနောက်ဘက်ခြံထဲသွားကြသည်။ အဒေါ်၃သည် ရှီမန်ဖန်အား အရင်အကြောင်းများပြောရန် ခေါ်သွားကာ ရှီမာယူယူနှင့် ကုန်ရှန်ယိတို့သည် ခြံထဲတွင် စကားပြောကျန်ခဲ့လေသည်။
“ဒီတစ်ခေါက် မင်းအခြေအနေဘယ်လိုလဲ”
“ကောင်းပါတယ်” ကုန်ရှန်ယိသည် ရလဒ်အားတွေးပြီး ရယ်မိသည် “ဒီတစ်ခေါက်ကို အကုန်ပြင်ဆင်ပြီး အားလုံးကို ရှင်းပစ်လိုက်ပြီ သစ်ခွရနံ့ဂိုဏ်းက ခေါင်းဆောင်သခင်လေးလည်း အသတ်ခံလိုက်ရပြီ။ ဟင်း အခု ဒီ သစ်ခွရနံ့ဂိုဏ်းက တစ်ခဏတော့ စိတ်ဒုက္ခရောက်နေဦးမှာပဲ”
“သူတို့ ဂိုဏ်းသခင်လေးကိုသတ်လိုက်တာ ဘာမှမတုံ့ပြန်ဘူးလား” ရှီမာယူယူ မေးလိုက်သည်။
“ပြန်တာပေါ့” ကုန်ရှန်ယိသည် အေးစက်စွာ ဟင်းခနဲလုပ်လေသည် “ဒါပေမဲ့ သူတို့စောဒကမတက်ရဲပါ ဘူး၊ သူတို့ပြောလိုက်တာနဲ့ ကျွန်မတို့ကို ချောင်းတိုက်ထားတာပေါ်သွားမှာလေ၊ သူတို့က သတ္တုတွင်းကိစ္စကို မဖုံးနိုင်ဘူးဆိုတာလည်း ကျွန်မတို့သိသွားတယ်လေ၊ သူတို့နဲ့ နီရဲတိမ်တိုက်ဂိုဏ်းနဲ့က အစကတည်းက ကျွန်မတို့ သတ္တုတွင်းအတွက် ပူးပေါင်းထားတာ၊ ဒီသတင်းသာပြန့်သွားရင် သူတို့ရပ်တည်ဖို့ အခွင့်အရေးမရှိတော့ဘူး၊ ဒီ ရလဒ်ကိုလက်ခံရုံပဲရှိတော့တာပဲ”
“သူတို့ဒီသတင်းကိုဖြန့်ပြီး မင်းတို့ကို ပြဿနာဖြစ်စေမှာကိုမကြောက်ဘူးလား” ရှီမာယူယူ မေးလိုက် သည်။
“သူတို့မှာ သတ္တိမရှိပါဘူး” ကုန်ရှန်ယိသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည် “သူတို့က ကျွန်မ တို့ သတ္တုတွင်းကိုသိသွားပေမယ့် နေရာအတိအကျကိုသိတာမဟုတ်ဘူးလေ၊ သူတို့နေရာအတိအကျကိုလည်း သိရမှာမဟုတ်ဘူး”
“ဂိုဏ်းခေါင်းဆောင်သခင်လေးက အဲလောက်စောစောသေသွားတာတော့ နှမြောစရာပဲ” ရှီမာယူယူ သည် ခေါင်းရမ်းကာ သက်ပြင်းချလေသည်။
“အဲလူရမ်းကာတွေ သေတာပိုကောင်းတယ်” ကုန်ရှန်ယိသည် ထိုလူများကို အလွန်မုန်းတီးနေသည်။ သူမသည် သူတို့အတွက် ညှာတာမှုမရှိပေ “ယူယူ အမှောင်တောထဲမှာ မင်္ဂလာသားရဲပေါ်လာမယဆို တကယ် လား”
“မသိဘူး မင်းတို့လက်စားသွားချေတာမလား ဘယ်လိုလုပ်ဒီသတင်းရတာလဲ” ရှီမာယူယူ မေးလိုက် သည်။
“လာရင်းနဲ့ သတင်းကြားလိုက်တာ၊ ကျွန်မတို့လုဆယ်မြို့ကိုသွားမယ်လို့ ပြောလိုက်တော့ ဖြတ်လမ်း တည်ဆောက်မှုကလူတွေက သက်ပြင်းချပြီး အားလုံးက အသက်ကိုမမှုပဲ မင်္ဂလာသားရဲအတွက်သွားကြတယ် တဲ့ပြောတယ်” ကုန်ရှန်ယိ ရှင်းပြလေသည် “အဲဒါကြောင့် အမှောင်တောထဲမှာ မင်္ဂလာသားရဲရှိတယ်လို့ ထင်တ
တယ်”
“မင်္ဂလာသားရဲရှိမရှိတော့ ငါမသိဘူး ဒါပေမဲ့ ပြီးခဲ့တဲ့၂နှစ်အတွင်းကို အမှောင်တောက ပြောင်းလဲသွား တယ်” ရှီမာယူယူ ရှင်းပြလေသည်။
“ဘာတွေပြောင်းလဲသွားတာလဲ”
ရှီမာယူယူသည် ရွှမ်းယွမ်ဆိုင်မှ ပေးထားသော မြေပုံနှစ်ခုထုတ်ကာ ကျောက်စားပွဲပေါ်တင်လိုက်သည်။ သူမသည် တချို့နယ်မြေများကိုထောက်ပြကာ “ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေရဲ့ ဝိဉာဉ်မိစ္ဆာတွေက အပြောင်း အလဲအများဆုံးပဲ၊ အရင်ကတော့ သူတို့အင်အားအဲလောက်မများဘူး၊ အရင်ကဒီနေရာတွေက တခြားလူတွေ ဝင်လို့ရတယ်၊ ဒါပေမဲ့ ဝိဉာဉ်မိစ္ဆာအသစ်တွေဝင်လာပြီးတော့ ပိုအန္တရာယ်များသွြးတယ် ပြီးတော့ ဒီနေရာတွေ…”
ရှီမာယူယူသည် မြေပုံနှစ်ခုကို ကောင်းစွာယှဉ်ပြလေသည်။ ကုန်ရှန်ယိသည် နောက်ဆုံးတွင် ပြောင်းလဲ မှုများကို နားလည်သွားလေသည်။
“ဒီအလယ်ကနယ်မြေကလွတ်နေတာမလား ဒီနေရာက မင်္ဂလာသားရဲရှိမယ်လို့ ကောလဟလ ထွက် နေတဲ့နေရာမလား” သူမသည် အလယ်ပိုင်းကိုထောက်ကာ မေးလေသည်။
“ဟုတ်တယ်” တစ်ခုခုမှားနေသည်ကို ကုန်ရှန်ယိ ချက်ချင်းထောက်ပြနိုင်လိမ့်မည်ဟု ရှီမာယူယူ မထင် ထားပေ “မင်္ဂလာသားရဲရှိတာကို အာရုံခံမိတဲ့လူက မင်္ဂလာသားရဲက အလယ်မှာရှိမယ်လို့ပြောထားတယ်၊ အဲဒါကြောင့် ကျွမ်းကျင်သူတွေက တောကိုဝင်သွားကြပြီ”
“ကြည့်ရတာ ယူယူက မင်္ဂလာသားရဲသတင်းကိုမယုံဘူးထင်တယ်” ကုန်ရှန်ယိသည် အတည်ပြုကာ မေး လိုက်သည်။
“မယုံဘူး” ရှီမာယူယူ ဝန်ခံလိုက်သည် “မင်္ဂလာသားရဲက အဲလောက်ရုတ်တရက်ကြီးပေါ်မလားဘူး သာမန်မဟုတ်ဘူး”
“ဒါဆို အမှောင်တောထဲက ဝိဉာဉ်မိစ္ဆာတွေပြောင်းလဲတာကို ဘယ်လိုထင်လဲ”
“မင်္ဂလာသားရဲ အလယ်မှာမပေါ်လာမေယ့် တခြားဝိဉာဉ်မိစ္ဆာတွေကို ကိုင်လှုပ်နိုင်မယ့် ထူးခြားတဲ့ တစ်ခုခုပေါ်လာမယ်လို့ထင်တယ်” ရှီမာယူယူ ရေရွတ်လိုက်သည် “ဒီကောင်ပေါ်လာတာက ဝိဉာဉ်မိစ္ဆာတွေ မလှုပ်ရဲအောင်ကြောက်ရတယ်ဆိုရင် ကောင်းတဲ့ကိစ္စမဟုတ်ဘူးလို့ သတ်မှတ်လို့ရတယ်”
“ယူယူပြောသလိုဆိုရင် လူတွေအများကြီးသွားကြပေမယ့် တစ်ဖက်က ကိုင်တွယ်ဖို့ မလွယ်တဲ့သူပေါ့၊ အဲဒီကိုသွားတဲ့လူတွေ လွယ်လွယ်နဲ့ နောက်ဆုတ်လို့မရမှာစိုးရတယ်” ကုန်ရှန်ယိသည် ခန့်မှန်းလေသည်။
“တခြားသူတွေ သေသေရှင်ရှင်ကိစ္စမရှိဘူး ငါ မှန်းထားတဲ့လူတွေ ဘာမှမဖြစ်ရင်ပြီးတာပဲ”
“မှန်းထားတဲ့လူတွေဟုတ်လား ဘယ်သူတွေလဲ”
“မင်းမထင်ထားတဲ့လူတစ်စု….”
***