ကုန်ရှန်ယိ သစ္စာဆိုခြင်း
Vol. 007 Ch. 700
သူတို့ဘယ်သူများဖြစ်သည်ကို ကုန်ရှန်ယိ ဆက်မမေးပေ။ သူမ ကိုသိသည်မှာကြာပြီးနောက်တွင် သူမ သည် ယူယူကိုနားလည်လာသည်။ သူမ မပြောလိုသည့်ကိစ္စကို မေးလျှင်လည်း အသုံးမဝင်ပေ။
သူတို့နှစ်ယောက်သည် အမှောင်တောအကြောင်းများနှင့် ဟိုဟိုဒီဒီအကြောင်းများပြောကြလေသည်။
“ယူယူ ဘယ်တော့သွားမှာလဲ”
“၂ရက်အတွင်း” ရှီမာယူယူ ပြောလိုက်သည် “ငါ မင်းတို့ရောက်လာပြီး ဖန်လေးက အဒေါ်၃နဲ့ စကား ပြောရမှာကိုစောင့်နေတာ”
ထို့နောက်တွင် သူမသည် ကုန်ရှန်ယိကိုကြည့်ပြီး မေးလိုက်သည် “ဒီတစ်ခါတော့ မင်းငါတို့နဲ့ သွားစရာ မလိုပါဘူး”
“ဘာလို့လဲ” ကုန်ရှန်ယိသည် ရင်တုန်သွားသည်။ ယူယူက သူမကိုသဘောမကျဘူးလား။
“ငါတို့လုပ်ရမှာက အန္တရာယ်များပြီး လူကြားထဲလုပ်လို့မရဘူး ဖန်လေးက မင်းကိုလိမ်မှာကိုလည်း မလိုလားဘူး၊ အဲတော့ မသိတာအကောင်းဆုံးပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ကျွန်မမပြောပါဘူး” ကုန်ရှန်ယိ ပြောလိုက်သည် “ရှီမန်ဖန်ဘာပဲလုပ်လုပ် ကျွန်မသူနဲ့အတူရှိနေမှာပါ၊ သူ ကျွန်မကိုတွန်းပို့မယ့် အတွေးတွေးမှာမဟုတ်ပါဘူး”
“ဒါပေမဲ့ မင်းအဖေက ကုန်တောင်ကြားက တောင်ကြားသခင်လေ” ရှီမာယူယူ မထောက်ခံပေ “ငါတို့ လုပ်မှာက ကုန်တောင်ကြားကိုမပတ်သတ်အောင်လုပ်မှာဆိုပေမယ့် မင်းအဖေက မင်းကိုသံသယဝင်မှာပဲလေ သူ့ကိုမပြောဘူးလား”
ကုန်ရှန်ယိသည် ရှီမာယူယူဆိုလိုသည်ကို နားလည်သွားသည်။ သူမသည် ညာဘက်လက်ကို ရင်ဘတ် ပေါ်တင်ကာ သစ္စာဆိုလေသည် “ကျွန်မ ကုန်ရှန်ယိသည် ယူယူရဲ့သဘောတူညီမှုမရှိပဲ ဘာမှမပြောပါဘူး၊ ကတိ ဖောက်ဖျက်မိပါက ငရဲမှာပဲနေရပါစေ”
သစ္စာဆိုပြီးနောက်တွင် ငွေရောင်လျှပ်စီးသည် သူမရင်ဘတ်သို့ကျသွားကာ ပျောက်ကွယ်သွားလေ သည်။
ရှီမာယူယူ စိတ်လှုပ်ရှားသွားသည်။ သူမသည် အစက ကုန်ရှန်ယိကို ကတိတောင်းရုံသာဖြစ်သည်။ ထို့အပြင် ကုန်ရှန်ယိသည် သူမ၏ ယောင်းမလောင်းဖြစ်သဖြင့် ဖိအား မပေးချင်ပေ။ သို့သော် ထိုမိန်းကလေး သည်….
“အခုစိတ်ချလို့ရပါပြီ” သစ္စာဆိုပြီးနောက်တွင် ကုန်ရှန်ယိသည် စိတ်မသန့်မဖြစ်မိပေ။ အဘယ့်ကြောင့် ဆိုသော် ရှီမန်ဖန်၏ ကိစ္စဆိုလျှင် တခြားသူများကို ထုတ်ဖော်ပြောမည်မဟုတ်သောကြောင့်ပင်။ မည်သို့ပင်ဖြစ် စေကာမူ သစ္စာဆိုခြင်း မဆိုခြင်းကြားတွင် ကွာခြားချက်မရှိပေ။
“ဖန်လေးသာသိရင်တော့ ငါ့ကိုငေါက်တော့မှာပဲ” ရှီမာယူယူ သက်ပြင်းချလေသည်။
“သူလုပ်ရဲလား ယူယူက သူ့အစ်မပဲကို” ကုန်ရှန်ယိသည် ရှီမန်ဖန်ရင်ထဲမှ ရှီမာယူယူ၏ နေရာကို သိထား သဖြင့် သူမကိုမပြစ်တင်မည်မဟုတ်မည်ကို သိသည်။ “ဘာစီစဉ်ထားတာလဲပြောလို့ရမလား”
“အင်း”
သူမသည် အင်အားကြီးတည်ထောင်မည်ဖြစ်ကြောင်း ရှီမန်ဖန်နှင့် တိုင်ပင်ထားသည်များကို ပြောပြလေ သည်။ သူမသည် အင်အားကြီး စတင်တည်ထောင်ရန်အတွက် သတ္တိဂိုဏ်းမျ သတ္တုကြောတစ်ခုလုံးကို ထုတ်ယူ ခဲ့သည်။ သူမသည် လူဆိုးကြီး၁၀ယောက်ကို ခေါ်ယူရန်ပြင်ဆင်နေကြောင်းကိုလည်း ပြောပြသည်။
ကုန်ရှန်ယိသည် နားထောင်လေလေ ပိုအံ့သြလေဖြစ်သည်။ သူမသည် မျက်လုံးများပြူးကာ နောက်ဆုံး တွင် ရယ်မောလေသည်။
“လသတ္တိဂိုဏ်းကိစ္စကိုကြားလိုက်တယ်၊ အဲတုန်းက သူတို့က အမြင်မရှိပဲ ဘယ်အင်အားကြီးတစ်ခုမိ သွားတာလဲလို့ သိချင်နေတာ၊ ယူယူတို့လူတွေဖြစ်နေမယ်လို့ထင်မထားဘူး” ကုန်ရှန်ယိ ရယ်မောလေသည် “အစက ဒီကိစ္စမှာ ဂိုဏ်းတွေဘယ်လောက်တောင်ပါလဲမသိလို့၊ သူတို့က အဲကျွန်ပြုခံရတဲ့လူတွေနဲ့ အမျိုးတော် တာတောင်မှ လူတွေစုပြီး အဲသတ္တုကြောကို သွားရှာသေးတာ အပေါက်ကြီးပဲတွေ့လိုက်တယ်လေ၊ အဲသတ္တု တွင်းကို ယူယူတို့ကယူသွားတာကိုး”
“ဘယ်လိုပဲဖြစ်ဖြစ် သတ္တုတွင်းကို ငါမယူလဲ တခြားလူယူမှာပဲ” ရှီမာယူယူ ပခုံးတွန့်လေသည်။
“ဒါနဲ့ အဲလူဆိုးကြီး၁၀ယောက်က ဘယ်လောက်ယုံရလဲ၊ သူတို့သတင်းတွေကမကောင်းဘူး ကျွန်မ ထက်တောင်ဆိုးနေတယ်” ကုန်ရှန်ယိပြောလေသည်။
“ဟား…” ရှီမာယူယူသည် အရင်က တိုင်းပြည်အတွင်းရှိ ကုန်ရှန်ယိ၏ ဂုဏ် သတင်းကိုတွေးမိသောအခါ ရယ်မောမိသည်။ တကယ်ဆိုးခဲ့တာပဲ။ ဒါပေမဲ့ သူမကိုသိပြီးနောက်တွင် သူမ၏ စိတ်ဓာတ်ကိုနှစ်သက်သည် “ကောလဟလတွေက မယုံရဘူးလေ ဟုတ်တယ်မလား”
“အမှန်ပဲ ကောလဟလတွေကိုမယုံချင်တာလေ” ကုန်ရှန်ယိ သွားဖြဲလေသည် “မဟုတ်ရင် ယူယူတို့က ကျွန်မကိုဘယ်လိုလုပ် သဘောကျမှာလဲ”
ရှီမာယူယူသည် မျက်ခုံးပင့်လိုက်သည်။ ဒီကောင်မလေးက လူသားဆန်ဆန်ပြောလိုက်တာလား
သို့သော် ကုန်ရှန်ယိသည် ထိုအတိုင်းမတွေးပေ။ သူမသည် မေးမော့ကာ “ကုန်တောင်ကြားက ဆင်းသက်လာတာ နှစ်ထောင်ချီပြီ၊ ကျွန်မမွေးလာကတည်းက ဒီလိုအင်အားတောင့်နေပြီ၊ ကိုယ့်ဘာသာ အင်အားမထောင်ဖူးဘူး ဒီအတွေ့အကြုံကတော့ သေချာပေါက် စိတ်ဝင်စားစရာကောင်းမှာပဲ”
“ဒါပေမယ့် အန္တရာယ်လည်းများမယ်” ရှီမာယူယူ သတိပေးလေသည်။
“အန္တရာယ်များတာက ကြောက်စရာမရှိပါဘူး” ကုန်ရှန်ယိသည် ဂရုမစိုက်ပေ။ “ရှီမန်ဖန်နဲ့ရှိနေသရွေ့ တော့ ဘာအန္တရာယ်မှ မကြောက်ဘူး”
ရှီမာယူယူ ခေါင်းရမ်းကာ “မင်းဒီကိစ္စမှာ ဝင်ပါလို့မရဘူး၊ မင်းကိုအသိပေးရုံပဲပေးတာ”
“ဘာလို့လဲ ကျွန်မမပြောဘူးလို့ ပြောထားတယ်လေ” ကုန်ရှန်ယိသည် အနည်းငယ် ဝမ်းနည်းသွားသည်။ သူမသည် သစ္စာဆိုပြီးသော်လည်း သူမကိုမယုံသေးဘူးလား။
“မင်းကိုမယုံလို့မဟုတ်ဘူး” ရှီမာယူယူ ရှင်းပြလေသည် “မင်းက ကုန်တောင်ကြားကလူဖြစ်နေတော့ ဒီတိုင်းပြည်ကလူတွေက မင်းကိုအတော်အများသိကြမှာပဲ၊ မင်းသာ ဒီကိစ္စမှာ ပေါ်တင်ပါလိုက်ရင် ဒီလူတွေက ကုန်တောင်ကြားနဲ့ပတ်သတ်နေတယ်လို့ တစ်လောကလုံးကိုပြောလိုက်သလိုဖြစ်မသွားဘူးလား၊ ဖန်လေးလည်း သဘောတူမှာမဟုတ်ဘူး၊ မင်းလည်းကုန်တောင်ကြားကို ပြဿနာမဖြစ်စေချင်ဘူးမလား”
ကုန်ရှန်ယိသည် မှိုင်ကျသွားကာ “ကျွန်မစိတ်ဝင်စားတာကို လုပ်ဖို့ကမလွယ်ဘူးလေ၊ ဘာလို့ ဝင်ပါလို့ မရတာလဲ”
“ဘာလို့ဝင်ပါလို့မရတာလဲ ဟုတ်လား” ရှီမာယူယူသည် သူမအား ပြုံးပြလေသည် “ငါပြောတာက မင်း ပေါ်တင်ဝင်ပါလို့မရဘူးလို့ပြောတာလေ တိတ်တဆိတ်လုပ်လို့ရတယ်၊ ပြီးတော့ အဲအကြောင်းကို တစ်လောက လုံးကို အသိပေးတဲ့အချိန်ကျရင် ဖန်လေးကို သခင်လုပ်ခိုင်းမှာ၊ မင်းတို့နှစ်ယောက်လက်ထပ်ပြီးရင် မင်းက သခင်ရဲ့ ဇနီးပဲ၊ ဘယ်လိုလုပ်ဝင်မပါရမှာလဲ”
ရှီမာယူယူ ပြောလိုက်သောစကားများကြောင့် ကုန်ရှန်ယိသည် ရုတ်တရက်ရှက်သွားကာ သူမအား တစ်ချက်ကြည့်လိုက်သည်။
“ငါတို့နှစ်ယောက်လုံး မိန်းကလေးတွေပဲ ဒါလေးပြောလို့ရှက်စရာမရှိပါဘူး” ရှီမာယူယူသည် ဒီတစ်ခါ တော့ သူမကို မစနောက်ပေ။ “ဖန်လေး အခက်အခဲတွေ့တုန်းက မင်းကသူ့ဘေးမှာ နေခဲ့ပေးတယ်၊ ကြုံတွေ့ရ တဲ့နေ့တွေမှာ သူနုဲ့ ရင်ဆိုင်ပေးတယ်၊ မင်းက သူ့နောက်မှာလိုက်ပေးတယ် သူနဲ့အတူရှိပေးတယ် မင်းကို တကယ် ကျေးဇူးတင်ပါတယ် တကယ်ပါ”
“ကျွန်မက သူ့ကိုကြိုက်တာပါ” ကုန်ရှန်ယိသည် ရှီမာယူယူ၏ တည်ငြိမ်သောအကြည့်ကြောင့် ရှုပ်ထွေး သွားကာ “အာ.. ဒီအကြောင်းမပြောတော့ဘူး၊ ဒီအင်အားကြီးထောင်မယ့်အကြောင်းပြောရအောင်”
ထိုအချိန်တွင် တံခါးပွင့်လာသည်။ ရှီမန်ဖန်နှင့် အဒေါ်၃တို့ ထွက်လာသည်။ သူတို့နှစ်ယောက် အဆောင် ငယ်တွင်ရှိနေသည်ကိုတွေ့သည်နှင့် ရောက်လာကြသည် “ဘာတွေပြောနေကြတာလဲ”
“ဖန်လေးနဲ့ ကုန်ရှန်ယိအကြောင်းပြောနေကြတာပါ” ရှီမာယူယူ မတ်တပ်ရပ်ကာ အဒေါ်၃အား ထိုင်ခိုင်း လေသည်။
“ဖန်လေး အခုပဲငါ့ကိုပြောတယ် မိန်းကလေးရှန်ယိ ကျေးဇူးတင်ပါတယ်” အဒေါ်၃သည် ကျေးဇူးတင် စကားပြောလေသည်။
“အဒေါ်၃ မြှောက်လွန်းနေပါပြီ” ကုန်ရှန်ယိ ထပ်မံရှက်ပြန်သည်။
“ခိခိ မပြောတော့ပါဘူး” အဒေါ်၃သည် ဖိအားမပေးပေ။ သူမသည် ရှီမာယူယူဘက်လှည့်ကာ “အင်အား ထောင်မယ့်အကြောင်း ရှန်ယိပြောလိုက်တာကြားတယ်၊ အင်အားကြီးထောင်မလို့လား”
ရှီမာယူယူသည် ရှီမန်ဖန်အားကြည့်ပြီး ခေါင်းညိမ့်လေသည် “ဟုတ်ပါတယ် အင်အားကြီးထောင်ပြီး သမီးတို့သွေးသားတွေသေသွားတဲ့အတွက် လက်တုန့်ပြန်မှာပါ”
ရှီမာယူယူ အလေးအနက်ဖြစ်နေသည်ကိုကြည့်ပြီးနောက် သူမ နောက်နေသည်မဟုတ်သည်ကို အဒေါ် ၃သိလိုက်သည်။ သူမသည် ထိုအကြောင်းကြားသောအခါ အံ့သြသွားလေသည်။
***