ဥသူခိုး
Vol. 108 Ch. 1413
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်ထဲရှိ အရှင်မယွမ်မု၏ မူလဝိညာဉ်နှင့် နတ်အရှင်မချန်းတို့၏ အသိစိတ်အလျဉ်တို့မှာ ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခံရလုနီးပါး ဖြစ်သွားသည်။ သူတို့နှစ်ယောက်လုံး အလွန်အမင်း အံ့အားသင့်သွားကြ၏။
မျက်နှာနှစ်ဖက်နှင့် နတ်ဘုရားမက သေခြင်းရှင်းခြင်စွမ်းအားကို ထိန်းချုပ်ထားကာ အလွန်အမင်း စွမ်းအားကြီမားလှသည်။ သူမက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်ကို လွင့်ထွက်သွားစေပြီး ရှစ်ချီလော်အား မြေပေါ်ဖိချလိုက်သည်။ ကြာပွင့်သည် တုန်ခါသွားပြီး မရေမတွက်နိုင်သော ပွင့်ချပ်များ ပျံထွက်လာကာ နတ်အရှင်မချန်းကို ၀န်းရံလိုက်၏။ ၎င်းတို့က သူမကို ဝါးမြိုရန် ကြိုးစားနေသည်။
“ငါ့အသိစိတ်အလျဉ်က ထိုက်ချူတာအိုက လာတာ… နင် ငါ့အပေါ် မထိန်းချုပ်နိုင်ဘူး”
နတ်အရှင်မချန်းက ဟိန်းဟောက်လိုက်ရင်း ပွင့်ချပ်များကို ဖျက်စီးရန် အတတ်နိုင်ဆုံးကြိုးစားနေသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက နွားသိုးကြီးတစ်ကောင်ကဲ့သို့ ပြေးဝင်လာ၏။ သူက မျက်နှာနှစ်ဖက်နှင့် နတ်ဘုရားမကို ဝင်တိုက်ကာ လွင့်ထွက်သွားစေသည်။ မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းများ ပေါ်ထွက်လာပြီး နတ်ဘုရားမသည် အဆုံးသတ်မြို့ပျက် အမှောင်ထုထဲသို့ ကျရောက်သွား၏။
နတ်အရှင်မချန်းက သူမ၏အသိစိတ်အလျဉ်ကို အသက်သွင်းလျက် အဆုံးသတ်မြို့ပျက်ကို တိုက်ခိုက်သည်။ တစ်ချိန်တည်းမှာပင် ရှစ်ချီလော်က ပျံတက်၍ ကြာပန်းပွင့်အား ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏လက်ထဲသို့ ထိုးထည့်လိုက်၏။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက အဆုံးသတ်မြို့ပျက်အမှောင်ထုကို အစိတ်စိတ်အမွှာမွှာ ထုချေလိုက်သည်။
ကောင်းကင်နတ်ဧကရီနှင့် နတ်အရှင်မယန်က အနီးအနားသို့ ရောက်ရှိလာသော်လည်း အခြေအနေကို မြင်လျှင် ရပ်တန့်သွားကြပြီး နတ်အရှင်မချန်းနှင့် ရှစ်ချီလော်ကို မတိုက်ခိုက်တော့ပေ။
သူမသည်လည်း ရှေးဟောင်းနတ်ဘုရားထိုကျိ မည်မျှအစွမ်းထက်ကြောင်း သိချင်မိ၏။
အဆုံးသတ်မြို့ပျက်အမှောင်ထုက ပေါက်ကွဲသွားပြီး သဲမှုန်များ ဖြစ်သွားကြသည်။ သဲမှုန်များအထဲမှ နွားသိုး သို့မဟုတ် ကျားတစ်ကောင်၏ ဟိန်းသံက ရုတ်တရက် ထွက်ပေါ်လာသည်။ ချွန်ထက်နေသည့် ဦးချိုနှစ်လက်က သဲမှုန်များအကြားမှ ထိုးထွက်လာချေပြီ။
ဦးချိုများ၏ ပတ်ပတ်လည်တွင် ချော်ရည်မြစ်တစ်စင်း လှည့်ပတ်စီးဆင်းနေသည်။ မြစ်သည် ဦးချို၏ထိပ်မှ မည်းနက်နေသော ဦးခေါင်းတစ်လျှောက် စီးဆင်းနေကြ၏။
ဧရာမဦးခေါင်းကြီးက တဖြည်းဖြည်း မြင့်တက်လာသည်။ နတ်အရှင်မချန်းနှင့် ရှစ်ချီလော်တို့မှာ ထိုမြင်ကွင်းကို ငေးကြောင်လျက် ကြည့်နေကြမိ၏။ ဦးခေါင်းကြီး တဖြည်းဖြည်း အပေါ်ရောက်လာသည်နှင့် ယိုတုမဟာတာအို ၆၄ ခုအပေါ် ထိန်းချုပ်၍ ကြာပွတ်ကို ကိုင်ဆွဲထားသော မြေအောက်ဘုံအရှင်သခင်ကြီးအား မြင်လိုက်ရလေသည်။
ဝှစ်…
ကြာပွတ်ရှည်ကြီးက သူတို့ဆီ ကျဆင်းလာကာ ပြေးဝင်လာနေသည့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို လွင့်ထွက်သွားစေသည်။
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီမှာ အဝေးသို့ ချာချာလည်၍ လွင့်ထွက်သွားတော့၏။
ရှစ်ချီလော်က စူးရှစွာ အော်ဟစ်လိုက်သည်။ အရှင်မယွမ်မု၏ မူလဝိညာဉ်သည် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်ထဲတွင် ဖြစ်သောကြောင့် ယိုတုမြစ်ကြာပွတ်၏ ရိုက်နှက်ခြင်း ခံလိုက်ရ၏။ မှန်းဆမရနိုင်သော နာကျင်မှုကြောင့် နှလုံးသား ရပ်တန့်၍ အဆုတ်များ ကွာကျတော့မည့်အလား ခံစားလိုက်ရသည်။ နာကျင်မှုက တွေးတော၍ပင် မရပေ။
ကြာပွတ်သည် သူမ၏ မူလဝိညာဉ်ကို နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်သွားစေသည်။ သူမက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်ထဲမှ အလောတကြီး ထွက်ပြေးလေသည်။ အပြင်ရောက်လာမှ အရှင်မယွမ်မု၏ မူလဝိညာဉ်မှာ ငြိမ်းသတ်ရခက်သော မိစ္ဆာမီးတောက်တို့ဖြင့် တဟုန်းဟုန်း လောင်ကျွမ်းနေကြောင်း တွေ့မြင်ရနိုင်၏။
နတ်အရှင်မချန်းက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ထိန်းချုပ်ကာ ကောင်းကင်တာအိုဖြင့် ယိုတုမဟာတာအိုအပေါ် ဖိနှိပ်ပြီး မူလဝိညာဉ်၏ မိစ္ဆာမီးတောက်များကို ငြိမ်းသတ်ပေးသည်။
အရှင်မယွမ်မု၏ မူလဝိညာဉ်က ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်ထဲသို့ ပျံသန်းဝင်ရောက်သွား၏။ သူမသည် မြေအောက်ဘုံအရှင်သခင်ကို အတော်လေးကြောက်ရွံ့သွားမိသည်။
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက မြေအောက်ဘုံအရှင်သခင်ဆီသို့ ပြေးဝင်သွားပြီး အော်ဟစ်လိုက်၏။ “ဒီတစ်ကြိမ်မှာ ငါက အရှင်သခင်ပဲ.. ငါ့မှာ မူလဝိညာဉ်မရှိဘူး.. ငါ့ရဲ့အသိစိတ်အလျဉ်မဟာတာအိုကလည်း ထိုက်ကျိမဟာတာအိုကို ကြောက်ရွံ့မနေဘူး”
အရှင်မယွမ်မုကမူ မြေအောက်ဘုံအရှင်သခင်ကို ကြောက်လန့်နေသေး၏။ သူမက နောက်ဆုတ်၍ နတ်အရှင်မချန်းအား ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ထိန်းချုပ်ခွင့်ပေးထားသည်။
သူမတို့နှစ်ယောက်၊ ခန္ဓာကိုယ်သုံးခုက မြေအောက်ဘုံအရှင်သခင်ကို ဝိုင်းဝန်း၍ သတ်ဖြတ်လိုက်ကြသည်။ နောက်ဆုံးတွင် မြေအောက်ဘုံအရှင်သခင်မှာ ရှုံးနိမ့်သွား၏။ ထိုစဉ် ထိုက်ကျိကြယ်တာရာလွင်ပြင် တုန်ခါသွားကာ ကမ္ဘာဦးသစ်ပင်တစ်ပင်က ပေါ်လာသည်။ သစ်ပင်ကြီးသည် မြင့်မားလှသည့်အပြင် ၎င်း၏အောက်တွင် အမိကမ္ဘာမြေ ရပ်နေသည်။ ကမ္ဘာဦးသစ်ပင်၏ထိပ်ဖျားတွင် မရေမတွက်နိုင် ကမ္ဘာလောကများက ရောင်စုံအလင်းတန်းများ ထုတ်လွှတ်၍ လှည့်ပတ်နေကြသည်။
ရှစ်ချီလော်နှင့် နတ်အရှင်မချန်းမှာ တုန်လှုပ်ချောက်ချားသွားကြ၏။ သူတို့မှာ တိုက်ခိုက်လိုစိတ်မရှိတော့ဘဲ ပျံသန်းထွက်ခွာသွားကြတော့သည်။
အမိကမ္ဘာမြေက သူတို့ကို မတားဆီးပေ။ မကြာမီ ကမ္ဘာဦးသစ်ပင်သည် သဲမှုန်များအလား ပြိုလဲသွားပြီး ကောင်းကင်ထက်ရှိ ကမ္ဘာလောကများလည်း ပျောက်ကွယ်သွား၏။ သဲကန္တာရ ပြင်းထန်စွာ တုန်လှုပ်နေခြင်းလည်း ငြိမ်ကျသွားပြီး တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်သွားသည်။ တစ်ဖက်တွင် အနက်ရောင်သဲကန္တာရ၊ ကျန်တစ်ဖက်တွင် အဖြူရောင်သဲကန္တာရ ရှိနေသေး၏။
ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါး၏ ပုံရိပ်များ ပေါ်လာကြသည်။ သူတို့၏အရှိန်အဝါများက မှေးမှိန်သွားပြီး သူတို့၏မျက်နှာအမူအရာများမှာ ပျက်ယွင်းနေကြ၏။
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် တွဲလျက် နတ်အရှင်မယန် ရှိရာသို့ လျှောက်လာကြပြီး ခပ်ယဲ့ယဲ့ ပြုံးကာ ပြော၏။ “ငါတို့ဟာ သေမျိုးလောကရဲ့ နှောက်ယှက်တာ ခံထားရပြီးနေပြီ… တင်ထားတဲ့အတိုင်း ထိုက်ကျိတာအိုကို အကန့်အသတ်အထိ မထုတ်လွှတ်နိုင်ခဲ့ဘူး… မဟုတ်ရင် ဒီအခြေအနေအထိ ရောက်မှာမဟုတ်ဘူး”
နတ်အရှင်မယန်က ပြုံးလျက် ချီးကျူးသည်။ “တာအိုအစ်မတော်တို့နှစ်ယောက်ရဲ့ ခွန်အားက ပေါ့သေးသေး မဟုတ်ပါဘူး… ညီမတော် လေးစားအားကျလွန်းလို့ ဦးညွတ်အရိုအသေပေးမိတဲ့အထိပဲ… အစ်မတော်တို့ရဲ့ စွမ်းဆောင်ရည်တွေက ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက အကောင်းဆုံးထဲမှာ ပါတယ်… အစ်မတော်တို့နှစ်ယောက် ပူးပေါင်းလိုက်ရင် ပြိုင်ဘက်ကင်းမှာ အသေအချာပဲ”
“ကောင်းကင်နတ်ဧကရီက အချီးကျူးလွန်နေတာပါ….”
ရှေးဟောင်းနတ်ဘုရားနှစ်ပါးက သူတို့၏ ကျောက်တုံးရိုင်းများနှင့် ဥခွံများဆီသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် မျက်နှာပျက်သွားပြီး ပြိုင်တူရေရွတ်လိုက်ကြ၏။ “ငါတို့ ဥခွံတွေရော…”
နတ်အရှင်မယန်လည်း အလောတကြီး ကြည့်လိုက်သည့်အခါ ထိုက်ကျိကျောက်တုံးရိုင်းခုနစ်တုံးသည် ရှိနေသေးသော်လည်း ရှေးဟောင်းနတ်ဘုရားထိုက်ကျိ ထွက်လာခဲ့သည့် ဥခွံကတော့ ပျောက်ခြင်းမလှ ပျောက်သွားလေပြီ။
နတ်အရှင်မယန်မှာလည်း မျက်စိမျက်နှာပျက်စွာဖြင့် တွေးလိုက်မိသည်။ မည်သို့သော သူခိုးမျိုးနည်း။ တိုက်ပွဲအတွင်းသို့ ခြေရာလက်ရာမကျန်ဘဲ ခိုးဝင်နိုင်သည့် သူ၏အစွမ်းက ကောင်းကင်နှင့်နေမင်းကိုပင် ခိုးယူနိုင်သလို ထင်ရသည်။ သို့သော် ဤသူခိုးသည် ကျောက်တုံးရိုင်းများကို ထားခဲ့ပြီး အဘယ်ကြောင့် အသုံးမဝင်သည့် ဥခွံများကိုသာ ခိုးသွားခဲ့ရပါသနည်း။
ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ မျက်စိမျက်နှာပျက်နေကြကာ အမျိုးသမီးရှေးဟောင်းနတ်ဘုရားက ပြောသည်။ “ဥခွံထဲမှာ မသန့်စင်ရသေးတဲ့ ငါတို့ရဲ့ အသက်ဓာတ်ရေကြည်တွေ ရှိသေးတယ်…. ဒါပေမဲ့ အဲဒါက အခိုးခံလိုက်ရပြီ .. ခိုးသွားတဲ့သူသာ သောက်ပစ်လိုက်ရင် ငါတို့ရဲ့လမ်းစဉ်က ပြီးပြည့်စုံမှာ မဟုတ်တော့ဘူး…”
“စိတ်ပူစရာမလိုပါဘူး”
ယောက်ျားရှေးဟောင်းနတ်ဘုရားက နှစ်သိမ့်သည်။ “ထိုက်ကျိကျောက်တုံးရိုင်းနဲ့ နတ်ကျောက်တုံး မရှိရင် အသက်ဓာတ်ရေကြည်ကို သန့်စင်ဖို့ မဖြစ်နိုင်ဘူး… ဥခွံအခိုးခံရရင်တောင်မှ အဲဒီသူခိုးအတွက် ဘာမှအသုံးမဝင်ဘူး”
နတ်အရှင်မယန်မှာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ချင်မူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးထဲတွင် ထိုက်ကျိကျောက်တုံးရိုင်းတစ်ခု ရှိနေမှန်း သူမ သတိရသွား၏။ “အဲဒီလူမှာ ထိုက်ကျိကျောက်တုံးရိုင်းနဲ့ နတ်ကျောက်တုံး ရှိနေပြီး အသက်ဓာတ်ရေကြည်ကို သန့်စင်နိုင်တယ်ဆိုရင်ရော”
ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ မျက်နှာအကြီးအကျယ် ပျက်သွားကြပြီး သူမဆိုလိုသည့်ပုဂ္ဂိုလ်ကို သိသွား၏။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေသည်။
သို့သော် ထိုပုဂ္ဂိုလ်သည် သူတို့ရှေ့မှောက်မှ ဥခွံကို ခိုးသွားနိုင်စွမ်းရှိသည်လော။
“အနီးအနားမှာ ဘယ်သိုင်းပညာရှင်မှ မရှိဘူး… ရောက်လာနိုင်တာဆိုလို့ သူပဲ ရှိတယ်”
နတ်အရှင်မယန်က ပြောသည်။ “ကောင်းကင်နတ်အရှင်မူမှာ စွမ်းဆောင်ရည်တွေ အများကြီး ရှိပြီး သိထားတာတွေလည်းအများကြီးပဲ… သူကခိုးကြောင်ခိုးဝှက်နဲ့ အစ်ကိုတော်တို့ရဲ့ ဥခွံကို ခိုးယူသွားနိုင်စွမ်းလည်း ရှိလောက်တယ်… ဒါပေမဲ့ ဘာလို့ ထိုက်ကျိကျောက်တုံးရိုင်းကိုပါ မခိုးသွားခဲ့ရတာလဲ”
ယောက်ျားရှေးဟောင်းနတ်ဘုရားက တစ်ခဏ စဉ်းစားနေပြီး ပြောသည်။ “သူ့အတွက် ထိုက်ကျိကျောက်တုံးရိုင်းတစ်ခုနဲ့ ရှစ်ခုကြားမှာ ကွာခြားမှုများများစားစား မရှိဘူး… သူက ကျောက်တုံးရိုင်းတွေရဲ့ ဆန်းကြယ်မှုကို နားမလည်ဘူး… တခြားကျောက်တုံးရိုင်းတွေ ခိုးသွားလိုက်ရင် ငါတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာမလို့ မျက်နှာရအောင် ထားခဲ့တာဖြစ်မယ်”
အမျိုးသမီးရှေးဟောင်းနတ်ဘုရားက မျက်မှောင်ကြုတ်လိုက်၏။ “သူလို့ ထင်ကြေးပေးထားရုံပဲရှိသေးတာ… သက်သေမရှိသေးတော့ ဥခွံပြန်ပေးခိုင်းလို့ မရဘူး… ဥခွံက အရေးမကြီးပေမဲ့ ဥခွံထဲက အသက်အရေကြည်ကတော့ အရေးပါဆုံးအရာခုပဲ.. သူ အဲ့ဒါကိုသန့်စင်ပြီး ဝါးမြိုလိုက်ရင်…”
ယောက်ျားရှေးဟောင်းနတ်ဘုရားက ခေါင်းရမ်းလေသည်။ “သူ့ကို မဟူရာသစ်ပင်ဆီ လမ်းညွှန်ပေးခဲ့တဲ့ ကျေးဇူးကို သတိရရင် အသက်ဓာတ်ရေကြည်ကို ပြန်ပေးလိမ့်မယ်… စိတ်ပူနေစရာမလိုပါဘူး… သူက ငါတို့နဲ့ မိတ်မပျက်ချင်လို့ မူလကျောက်တုံးကိုတောင် ယူမသွားခဲ့ဘူးလေ… ကောင်းကင်နတ်ဧကရီ မင်းရဲ့ပိုင်နက်ကို ပြန်ပြီး သူပြန်လာပေးမလား မပေးဘူးလားဆိုတာ ရက်အနည်းငယ်လောက် စောင့်ကြည့်လိုက်ပါ”
နတ်အရှင်မယန်က ခေါင်းရမ်း၍ နှာခေါင်းရှုံ့လိုက်သည်။ “အဲဒီသူခိုးက ဘယ်လိုလုပ်ပြန်လာပေးမှာတုန်း… အခုတောင် အသက်ဓာတ်ရေကြည်ကို သောက်နေလောက်ပြီ”
သူမက ခေါင်းမော့ကာ အဆုံးသတ်မြို့ပျက်အမှောင်ထုကို လှမ်းကြည့်လိုက်သည်။ ရှေးဟောင်းနတ်ဘုရားထိုက်ကျိ ထောက်ပံ့ပေးထားမှု မရှိတော့သောကြောင့် အမှောင်ထုမှာ အဝေးသို့ လွင့်ပျယ်သွားကာ နေရာဟင်းလင်းပြင်များကလည်း ပြန့်ကားလာ၏။
အမှောင်ထုက ၎င်းလာရောက်ခဲ့သောကမ္ဘာသို့ ပြန်လည်ရောက်ရှိသွားချေပြီ။
နတ်အရှင်မယန်က ကောင်းကင်နတ်ဧကရီ၏ ရုပ်ခန္ဓာကို ထိန်းထားဆဲဖြစ်ကာ ပြန်သွားသည်။
ဤတစ်ကြိမ်တွင် နတ်အရှင်မယန်အနေဖြင့် ချင်မူ၏ အရှက်ခွဲခံရကာ ရှစ်ချီလော်နှင့် နတ်အရှင်မချန်းတို့၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရသည့်တိုင် စိတ်ထဲတွင် ပျော်ရွှင်နေမိ၏။ ရှေးဟောင်းနတ်ဘုရားထိုက်ကျိ၏ အကူအညီ ကိုရရှိကာ သူနှင့်မဟာမိတ် ဖွဲ့နိုင်ခဲ့ပြီမဟုတ်လော။ သူ့ခန္ဓာကိုယ်ကို ကြည့်ခြင်းဖြင့် ပြိုင်ဘက်ကင်းဖြစ်လာနိုင်မည်ဟုပင် မျှော်လင့်နေမိ၏။
ရှေးဟောင်းနတ်ဘုရားထိုက်ကျိ အမှောင်နတ်ဘုရားမအဖြစ် ပြောင်းလဲခဲ့တုန်းက သူထုတ်ဖော်ခဲ့သည့် အတိုက်အခိုက်စွမ်းရည်မှာ မျက်စိကျဖွယ်ပင်။
သူသည် ကောင်းကင်နတ်ဧကရီနှင့် ယွမ်မု၏ စွမ်းအားကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ထားခဲ့၏။ အားနည်းချက်တစ်စုံတစ်ရာမရှိဘဲ သေခြင်းရှင်ခြင်းစွမ်းအားကို ထိန်းချုပ်နိုင်ခဲ့၏။
ထိုသို့ ပြီးပြည့်စုံသည့် ဖြစ်တည်မှုတစ်ခုသည် ကောင်းကင်နယ်စားမင်း သို့မဟုတ် မြေအောက်ဘုံအရှင်သခင်အောက် မနိမ့်ကျပေ။
ထိုမျှသာမက ရှေးဟောင်းနတ်ဘုရားထိုက်ကျိသည် ကောင်းကင်နတ်ဧကရီနှင့် အရှင်မယွမ်မုတို့၏ မဟာတာအိုကို ပေါင်းစည်းနိုင်စွမ်းလည်း ပိုင်ဆိုင်ထားပေသည်။ သူမသာ ယွမ်မုကို ဖမ်းဆီး၍ အသိစိတ်အလျဉ်ကို ဖျက်ဆီးနိုင်ပါက စွမ်းအားအလုံးစုံကို သူမတစ်ယောက်တည်း သိမ်းပိုက်နိုင်ပေလိမ့်မည်။
ထိုမျှသာမက သူမသည် ရှေးဟောင်းနတ်ဘုရားများ၏ အချုပ်အနှောင်များမှ လွတ်မြောက်ခဲ့ပြီး ဖြစ်သည်။ သူမတွင် တိုးတက်ရန် အခွင့်အလမ်းများ ရှိနေသေး၏။ အဆုံးသတ်မြို့ပျက်မဟာတာအို၏ ချုပ်နှောင်ခြင်းလည်း မခံထားရသည့်အလျောက် မဟာဧကရီလမ်းစဉ်ကို ရောက်ရှိနိုင်ပေလိမ့်မည်။
ရှေးဟောင်းနတ်ဘုရားနှစ်ပါးသည် တစ်ဦးနှင့်တစ်ဦး စကားပြောရန်ပင် မလိုဘဲ အပြန်အလှန် နားလည်နိုင်ကြ၏။ သူတို့က လှည့်ကြည့်လိုက်ကြပြီး ထိုက်ကျိကြယ်တာရာလွင်ပြင် အဆက်မပြတ် လှည့်ပတ်နေသည်ကို တွေ့လိုက်ရသည်။ ရှေးဟောင်းနတ်ဘုရားနှစ်ပါးက ပြိုင်တူရေရွတ်လိုက်ကြ၏။ “သိပြီ”
နတ်အရှင်မယန်မှာ နားမလည်သဖြင့် တုံ့ခနဲ ရပ်လိုက်သည်။
ရှေးဟောင်းနတ်ဘုရားနှစ်ပါးက ပြိုင်တူ လက်ဆန့်တန်းလိုက်ကြ၏။ ထိုက်ကျိကြယ်တာရာလွင်ပြင်က လှည့်ပတ်၍ ကျုံ့၀င်လာတေသည်။ တခဏကြာသော် သူတို့ဆီသို့ ပျံသန်းသွားသော ထိုက်ကျိသဲခုံအဖြစ် ပြောင်းလဲသွားပြီး သူတို့ဦးခေါင်းအနောက်တွင် ဆင်းသက်လိုက်၏။ ထိုက်ကျိသဲခုံမှာ အနက်ရောင်သဲမှုန်နှင့် အဖြူရောင်သဲမှုန်တို့ဖြင့် ဖွဲ့တည်ထားသည်။ ရှေးဟောင်းနတ်ဘုရားနှစ်ပါးက ယှဉ်တွဲလျှောက်နေကြပြီး ထိုက်ကျိသဲခုံသည် သူတို့ဦးခေါင်းနောက်တွင် အဆက်မပြတ် လှည့်ပတ်လျက် အဖြူမှ အနက်သို့ ပြောင်းလဲနေ၏။
နတ်အရှင်ယန်က အသေအချာ စစ်ဆေးလေ့လာနေသည်။ ထိုက်ကျိကြယ်တာရာလွင်ပြင်နှင့် ကျောက်တုံးတွင်းမှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် ကောင်းကင်ရတနာတစ်ပါးအဖြစ် ပြောင်းလဲသွားခဲ့၏။ ထိုမျှသာမက ထိုက်ကျိ ပြောင်းလဲနေသည်နှင့်အမျှ သဲခုံထဲမှ အမျိုးမျိုးသော ကောင်းကင်လက်နက်များ ထွက်ပေါ်လာသည်။ ၎င်းတို့က စွမ်းအားကြီးပြီး ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်တစ်ပါးထက်ပင် ကြောက်မက်ဖွယ်ကောင်း၏။
ရှေးဟောင်းနတ်ဘုရားမက ပြုံးလိုက်သည်။ “အခုလေးတင် တစ်ခုခု လိုနေတာကို ခံစားမိလို့ လှည့်ကြည့်လိုက်တော့ ဒီရတနာကို ရှာတွေ့ခဲ့တယ်… ဒီရတနာက ငါတို့ကို အဖော်ပြုပေးတဲ့အရာပဲ… ငါတို့ရဲ့တာအိုလက်နက်ပေါ့”
ရှေးဟောင်းနတ်ဘုရားက ပြောသည်။ “ငါတို့က ကျောက်တုံးတွင်းထဲမှာ မွေးဖွားခဲ့ကြတာ… ကျောက်တုံးတွင်းက ငါတို့ တာအို ရရှိနိုင်အောင် ငါတို့ကို ကာကွယ်ပေးတယ်… ဆိုတော့ ငါတို့က တာအိုလက်နက်တွေကို ဖွဲ့တည်ခဲ့ကြတယ်… ထိုက်စုနဲ့ ထိုက်ချူမှာလည်း တာအိုကို ကာကွယ်ပေးတဲ့ တာအိုလက်နက်တွေရှိတယ်”
နတ်အရှင်မယန်မှာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ “ကျွန်မရဲ့ ယောက်ျားမှာလည်း တာအိုလက်နက်တွေ ရှိခဲ့တာလား… ဘာလို့ ကျွန်မ မသိရတာလဲ”
သူမမှာ အတော်လေး ဇဝေဖဝါ ဖြစ်နေမိ၏။ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူတွင် တာအိုလက်နက်များ ရှိပါက သူ အသုံးပြုသည်ကို အဘယ့်ကြောင့် သူမ တစ်ခါမှ မမြင်ဖူးခဲ့ပါသနည်း။
တာအိုလက်နက်များ ရှိသည့်တိုင် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူသည် အဘယ့်ကြောင့် သနားစဖွယ် ဖြစ်နေရပါသနည်း။
ရှေးဟောင်းနတ်ဘုရားထိုက်ကျိလည်း အကြောင်းအရင်းကို မသိပေ။ တာအိုလက်နက်များသည် မဟာတာအိုမှ ဖွဲ့တည်သော အထွတ်အထိပ်ရတနာများ ဖြစ်ကြကာ အလွန်အမင်းအစွမ်းထက်၏။ သူတို့၏ လက်ထဲတွင်သာ အတိုင်းအတာအပြည့်အ၀အထိ အသုံးချနိုင်ပေလိမ့်မည်။
“တာအိုနောင်တော်ထိုက်ချူက မဟာဧကရာဇ်ရဲ့ မျိုးနွယ်၀င်တွေ ကိုးကွယ်ပူဇော်တာကို ခံခဲ့ရတာ... အဲဒါကြောင့်လည်း အစောကြီးမွေးဖွားခဲ့တယ်…. သူ့တာအိုလက်နက်က မဟာဧကရာဇ်လက်ထဲများ ရောက်သွားခဲ့တာလား” ရှေးဟောင်းနတ်ဘုရားမက ပြော၏။
နတ်အရှင်မယန်၏ နှလုံးသားမှာ တုန်လှုပ်သွားသည်။ နတ်အရှင်မချန်းသည် ဤထိုက်ချုတာအိုလက်နက်ကို ထုတ်မပြဘဲ အသေအချာ ဝှက်ထားခဲ့၏။ ၎င်းက မဟာဧကရာဇ်၏ နောက်ဆုံးနိုင်ဖဲ ဖြစ်နိုင်ချေသည်။
ထိုအခိုက်အတန့်တွင် ချင်မူသည် ၃၀ ခုမြောက် ဟင်းလင်းပြင်ရှိ ပရမတ္တလှေထိပ်တွင် ရပ်နေ၏။ သူက ထိုက်ကျိဥခွံကို လက်နှစ်ဖက်လုံးဖြင့် မြှောက်ထားပြီး ပရမတ္တလှေကား လျှပ်စီးကဲ့သို့ ပျံသန်းသွားတော့သည်။
ချင်မူက ဝမ်းမြောက်ပျော်ရွှင်နေပြီး သူ၏သိုင်းအခြေခံကို အဆုံးအစွန်အထိ မြှင့်တင်လိုက်၏။ ရှေးဟောင်းနတ်ဘုရားထိုက်ကျိသည် သူ့နောက်လိုက်လာမည်ကို စိုးရိမ်ခဲ့သော်လည်း ဘယ်သူမှ လိုက်မလာဘဲနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
“ဟားဟား… ငါ နောက်ဆုံးတော့ ငါးပါးမြောက် ရှေးဟောင်းနတ်ဘုရားရဲ့ ဥခွံကို ရခဲ့ပြီ”
ချင်မူမှာ နှလုံးသားထဲတွင် ဟူလင်းအာလေးများ ဖြတ်ပြေးနေသည့်အလား ခံစားနေရ၏။ သူ၏ တာအိုနှလုံးသားက စိတ်လှုပ်ရှားနေပြီး ထိုက်ကျိဥထဲရှိ ရေကြည်ကို အနံ့ခံမိသည့်အခါတွင် သူ၏လက်ညှိုးက လှုပ်ရှားသွားသည်။ “မွှေးလိုက်တာ… မြည်းကြည့်ချင်လိုက်တာကွာ”
ပရမတ္တလှေက ၃၁ ခုမြောက် ဟင်းလင်းပြင်ထဲသို့ ဝုန်းခနဲ ဖြတ်သန်းသွားသည်။ ဤလေဟာနယ်အလွှာသည် ချင်မူ့အတွက် အန္တရာယ်များသော်လည်း ထိုက်ကျိ ရှာတွေ့သွားမည်စိုးသောကြောင့် စွန့်စား၍ ၃၁ ခုမြောက် ဟင်းလင်းပြင်သို့ ဝင်ရောက်ခဲ့၏။
ဤတစ်ကြိမ်တွင် အလွန်အန္တရာယ်များသော စွန့်စားမှုတစ်ခု ပြုလုပ်လိုက်ပြီး လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို အသက်သွင်းနိုင်ခဲ့၏။ သူ၏အမြန်ဆုံးကို အချိန်နှင့် နေရာအား လျစ်လျူရှုနိုင်သည့် အနေအထားအထိ မြှင့်တင်လိုက်ပြီး ရှေးဟောင်းနတ်ဘုရားထိုက်ကျိ၊ နတ်အရှင်မချန်း၊ ရှစ်ချီလော်တို့ တိုက်ခိုက်နေကြသည့် တိုက်ပွဲထဲ ဝင်ရောက်ကာ ဘယ်သူမှသတိမထားမိဘဲ ဥခွံများအား ခိုးယူနိုင်ခဲ့၏။
ဥခွံများအား ခိုးယူခဲ့ပြီးနောက် သူ၏ရင်သည် တဒိန်းဒိန်း ခုန်နေခဲ့ပြီး ယခုအထိ မရပ်တန့်သေးပေ။
“ဥရေကြည်က မွှေးပေမယ့် သန့်စင်ဖို့ ထိုက်ကျိနတ်ကျောက်တုံး မရှိသေးဘူး… ငါ အဲ့ဒီလို လုပ်လိုက်ရင် ထိုက်ကျိရှေးဟောင်းနတ်ဘုရားကို လုံးဝစော်ကားမိလိမ့်မယ် … အကျိုးအမြတ်နဲ့ ပေးဆပ်ရမှာက မတန်ဘူး”
ချင်မူက အသက်ရေကြည်ကို မြိုချချင်စိတ်အား ထိန်းချုပ်လိုက်ပြီး မဟူရာသစ်ပင်ဆီသို့ လျှောက်သွားသည်။
သစ်နက်တောင်တန်းများနှင့် မဟူရာသစ်ပင်ဆီသို့ ရောက်ရှိသည့်အခါတွင် သူ့ကိုယ်သူ ကိုယ်ထင်ပြလိုက်သည်။ ရှုရှန်းဟွာ၊ လျန်ယွီတျန်း၊ ဝေစွေ့ဖုန်းနှင့် တခြားသူများမှာ ဘိုးဘေးနန်းတော်အနောက်ဘက်မှ ပြန်ရောက်နေကြပြီဖြစ်၏။ သစ်နင်တောင်တန်းသည် စည်ကားသိုက်မြိုက်နေပြီး ဖန်ပေါင်းချောင်ကမ္ဘာသည် မဟူရာသစ်ပင်ကြီးအပေါ်တွင် ရတနာပုလင်းတစ်လုံပမာ တွဲကျကာ အလင်းတန်းများ ထုတ်လွှတ်နေသည်။
နတ်ဘုရားမြို့များစွာလည်း သစ်နက်တောင်တန်းများပေါ်တွင် တည်ဆောက်ထားကြ၏။ မြို့သူမြို့သားအချို့က လယ်ထွန်၍ ကောက်ပဲသီးနှံများ စိုက်နေကြသည်။ ဘိုးဘေးနန်းတော်ရှိ ဧရာမသာရဲကြီးများအား ဖမ်းဆီးယဥ်ပါးစေကာ နတ်ဘုရားမြို့ကို စောင့်ကြပ်နေစေသည့် သိုင်းပညာရှင်များနှင့် နတ်ဘုရားများလည်း ရှိကြ၏။
တုထျန်းမိစ္ဆာဘုရင်မှာ တစ်မြို့မှာတစ်မြို့သို့ ကူးလူးသွားလာနေပြီး အတော်လေးအလုပ်များနေချေသည်။
ချင်မူက လေးစားအားကျစွာ သက်ပြင်းချလိုက်ပြီး မဟူရာသစ်ပင်ကြီး၏ အလယ်ဗဟိုသို့ ရောက်ရှိလာ၏။ သူက နန်းတော်ထဲသို့ ဝင်ရောက်ကာ ထိုက်ကျိနတ်ဘုရားဥအား အသေအချာ နေရာချလိုက်ပြီးနောက် ကျောက်စိမ်းပုလင်းတချို့ ထုတ်၍ အသက်ရေကြည်အား ၎င်းတို့အထဲ ထည့်လိုက်၏။ မကြာမီ ခန်းမအပြင်ဘက်မှ ဆူဆူညံညံ အသံများ ထွက်ပေါ်လာသည်။ ယန်အာက ပထမဆုံးပြေး၀င်လာသူ ဖြစ်ပြီး အော်ဟစ်နေ၏။
“မွှေးလိုက်တာ၊ မွှေးနေတာပဲ… သခင်လေး ဘာတွေ ခိုးစားနေတာလဲ”
ချင်မူက ကျောက်စိမ်းပုလင်းတစ်ဒါဇင်ကျော်ကို အလျင်အမြန် အသက်သွင်းလိုက်ပြီး အသက်ရေကြည်များကို ၎င်းတို့အထဲ ထည့်လိုက်သည်။ “မမကြီး စားလို့မရဘူး… ဒါက ရှေးဟောင်းနတ်ဘုရားထိုက်ကျိရဲ့ ဥရေကြည်ပဲ…”
ယန်အာက ခေါင်းငုံ့၍ ဥခွံထဲမှ အသက်ရေကြည်ကို သောက်ရန် ပြင်လိုက်သည်။ ချင်မူက သူ၏လက်ချောင်းကို စုတ်တံသဖွယ် အသုံးပြု၍ ‘ရပ်’ ဟူသော စာလုံးအား ရေးဆွဲလိုက်၏။ ယန်အာမှာ နေရာတွင် ရပ်တန့်သွားပြီး မလှုပ်နိုင်တော့ချေ။
“ညီလေး၊ ဘာတွေ ဝှက်ထားပြီး စားကောင်းသောက်ဖွယ်တွေ ချက်နေတာလဲ… မွှေးနေရောပဲ… မဟူရာသစ်ပင်တစ်ပင်လုံးဆီကနေတောင် အနံ့ရတယ်”
ဝေစွေ့ဖုန်းလည်း လွှားခနဲ ရောက်လာသဖြင့် ချင်မူ့အသိစိတ်အလျဉ်က ပေါက်ကွဲထွက်သွားသည်။ ဝေစွေ့ဖုန်းက သူ့အသိစိတ်အလျဉ် ပုံရိပ်ယောင်ထဲသို့ ၀င်ရောက်သွားပြီး တရှုံ့ရှုံ့ အနံ့ခံ၍ အော်ဟစ်နေတော့သည်။ “ဘယ်မှာဖွက်ထားတာတုန်း… ငါလည်း မြည်းကြည့်မယ်လေကွာ.. တစ်ကိုက်တည်းပါပဲ”
ချင်မူက ကျန်ရှိသည့် အသက်ရေကြည်များကို ပုလင်းထဲ ထည့်၍ ဥခွံအား အလျင်အမြန် သိမ်းဆည်းလိုက်သည်။
ရှုရှန်းဟွာနှင့် လန်ယွီတျန်းက ရောက်ရှိလာပြီး ဟိုဟိုသည်သည် ကြည့်နေ၏။ လန်ယွီတျန်းက သူ့လက်ညှိုးကို လှုပ်ရှား၍ ပြောသည်။ “ကျွန်တော် ထူးဆန်းတဲ့ အနံ့တစ်ခု ရနေတယ်.. နောင်တော် ဘာတွေ ဖွက်ထားတာလဲ”
ချင်မူက ချက်ချင်း ကျောက်စိမ်းပုလင်းကို သိမ်း၍ ဖြေလိုက်၏။ “ထိုက်ကျိရှေးဟောင်းနတ်ဘုရားရဲ့ ဥရေကြည်ပဲ…. ငါ စားလို့မရဘူး”
သူက ထိုက်ကျိအသက်ရေကြည်၏ မူလအရင်းအမြစ်ကို ရှင်းပြနေ၏။ “ရှေးဟောင်းနတ်ဘုရားထိုက်ကျိနဲ့ ငါက နည်းနည်းရင်းနှီးတယ်… သူက ငါ့ ဘိုးဘေးနန်းတော်ရဲ့ နံပါတ်တစ်ရတနာမြေကို ရနိုင်ဖို့ ပြောပြခဲ့တဲ့သူပဲ…. ဆိုတော့ ငါ ဒီအသက်ရေကြည်ကို သောက်လို့မရဘူး…. မဟုတ်ရင် သူ့သိုင်းအခြေခံက အနာဂတ်မှာ မပြည့်မစုံ ဖြစ်သွားပြီး ငါ့ကိုသတ်လိမ့်မယ်…. ဒါ့အပြင် ထိုက်ကျိအသက်ရေကြည်က အလွယ်တကူ အစာချေလို့မရဘူး.. ထိုက်ကျိမူလကျောက်တုံးနဲ့ နတ်ကျောက်တုံးကို သုံးပြီးတော့ သန့်စင်ရမယ်”
“ကြော်စားရင်ရော” လန်ယွီတျန်းက မေး၏။
ချင်မူမှာ ဆွံ့အသွားမိသည်။ သူက ထိုက်စုဥရေကြည်တချို့ကို ထုတ်၍ သူတို့အား ပေးလိုက်၏။ “ငါနဲ့ ရှေးဟောင်းနတ်ဘုရားထိုက်စုရဲ့ ဆက်ဆံရေးက ပြန်ကောင်းလာမှာ မဟုတ်တော့ဘူး” သူက ပြော၏။ “မင်းတို့ကို ထိုက်စုဥရေကြည်တချို့ ပေးမယ်… မြည်းကြည့်ပြီး ထိုက်စုကျောက်တုံးနဲ့ သန့်စင်ကြည့်လို့ရတယ်…. ထပ်တော့ မရှိတော့ဘူး”
သူက သူ့ခန္ဓာကိုယ်ကို ဟိုစမ်းဒီစမ်းလုပ်နေသည့် ဝေစွေ့ဖုန်း၏လက်များအား ဖယ်ထုတ်လိုက်ပြီး ပြော၏။ “မရှိတော့ဘူးဆိုနေ… မြည်းကြည့်လို့ရအောင် ပေးပြီးပြီလေ… လောဘကြီးရင် သိုင်းအခြေခံ ထိခိုက်လိမ့်မယ်”
အားလုံးက ထိုက်စုဥရေကြည်နှင့် ထိုက်စုနတ်ကျောက်တုံးတို့ကို သိမ်းဆည်းလိုက်ကြသည်။ ချင်မူမှာ ခေါင်းကိုက်လာတော့သည်။ “အသက်ရေကြည်ပြန်ပေးဖို့ သူတို့ကို နတ်အရှင်မယန်ဆီ လွှတ်လိုက်ရင် လမ်းမှာ အကုန်လုံး သောက်ပစ်လိုက်ကြမှာ… အထူးသဖြင့် လန်ယွီတျန်းပဲ.. သူက ငယ်ငယ်တည်းက လောဘအရမ်းကြီးတာ.. မဟုတ်ရင် မျက်နှာက အဲ့လောက်ဖောင်းကားနေမှာ မဟုတ်ဘူး”
သူ့အကြည့်က ဝေစွေ့ဖုန်းဆီသို့ ရောက်ရှိသွားပြီး ခေါင်းရမ်းလိုက်သည်။ ဝေစွေ့ဖုန်းသည် အလွန်တရာ လက်ရဲဇက်ရဲရှိပြီး သေရလျှင်တောင်မှ အသက်ရေကြည်အားလုံးကို သောက်ပစ်ရန် ကြိုးစားလိမ့်မည်။
လန်ယွီတျန်းက ပို၍ပင် ဆိုးရွား၏။ ယန်အာကတော့… ချင်မူမှာ နတ်ဘုရားမိစ္ဆာကို ဝါးမြိုခဲ့သည့် ကောင်မလေးအကြောင်း ပြန်တွေးမိရင် ကြက်သီးတဖြန်းဖြန်း ထသွားတော့သည်။
နောက်ဆုံးတွင် သူ့အကြည့်က ရှုရှန်းဟွာအပေါ် ကျရောက်သွား၏။ သူက လက်ပြ၍ အားလုံးကို ထွက်ခွာသွားစေပြီး ရှုရှန်းဟွာတစ်ယောက်တည်းကိုသာ နေခဲ့စေသည်။ “နောင်တော်ရှု၊ ဒီကျောက်စိမ်းပုလင်းတွေကို နတ်အရှင်မယန်ဆီ ယူသွားပြီး ရှေးဟောင်းနတ်ဘုရားထိုက်ကျိနဲ့ တွေ့ခွင့်တောင်းပါ…. ပြီးရင် သူတို့ကို ကျောက်စိမ်းပုလင်းတွေ ပေးလိုက်ပါ… ဘယ်အသက်ရေကြည်ကိုမှ မစားလိုက်ပါနဲ့.. မဟုတ်ရင် ရှေးဟောင်းနတ်ဘုရားထိုက်ကျိရဲ့ ရန်သူတော်ဖြစ်သွားလိမ့်မယ်”
ရှုရှန်းဟွာ၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်နေပြီး သူက သဘောတူညီစွာ ခေါင်းညိတ်သည်။
ချင်မူက ကျောက်စိမ်းပုလင်းများအား သူ့ဆီ ပေးပြီးနောက် ရှုရှန်းဟွာက ပုလင်းများကို ရေတွက်လိုက်၏။ ထို့နောက် သူက အေးဆေးတည်ငြိမ်စွာ ပြောသည်။ “ပုလင်းတစ်ပုလင်း ပျောက်နေတယ်”
ချင်မူက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ဟိုကြည့်သည်ကြည့် ကြည့်နေသည်။
ရှုရှန်းဟွာက မျက်နှာအမူအရာ ကင်းမဲ့စွာ ပြောသည်။ “ငါအခုလေးတင် ဝင်လာတုန်းက ရေထားခဲ့တာ… ကောင်းကင်နတ်အရှင်မူကိုယ်တိုင် ခိုးနေတာလား”
ချင်မူ့မျက်နှာမှာ အနည်းငယ် နီရဲသွားသည်။ သူက ထိုက်ကျိအသက်ရေကြည်တစ်ပုလင်းနှင့် နတ်ကျောက်တုံးနှစ်တုံး ထုတ်ကာ ပြော၏။ “ဒီတစ်ခါတော့ တကယ်ဘာမှမရှိတော့ပါဘူး”
ရှုရှန်းဟွာက ချာခနဲ လှည့်၍ ထွက်ခွာသွားသည်။ “မင်းမှာ သေချာပေါက် ရှိပါသေးတယ်” ချင်မူမှာ သူအဝေးအထိ ရောက်သွားသည်ကို စောင့်ဆိုင်းပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်၏။ သူက ထိုက်ကျိဥခွံကို ထုတ်လိုက်ရာ အထဲတွင် ထိုက်ကျိဥရေကြည်တစ်၀က်ကျော် ကျန်နေသေးလေသည်။
“ငါ့ကလေးလေး... ဂလု… ဂလု”
သူက ထိုက်ကျိဥရေကြည်ကို မြိုချပြီးနောက် ဥခွံအား သူ့ကောင်းကင်ရတနာထဲရှိ ဘိုးဘေးနန်းတော်ထဲမှ ထိုက်ကျိကျောက်တုံးတွင်းထဲတွင် မြုပ်နှံထားလိုက်သည်။
အဝေးတွင် ထိုက်ရှီဥက လှုပ်လာပြီး တာအိုအသံတစ်သံ ထွက်ပေါ်လာ၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်း ထိုက်ကျိဥရေကြည်ကို ခိုးလာပြန်ပြီလား”
“မဟုတ်ပါဘူး” ချင်မူက မျက်နှာကြီး နီရဲလျက် အစ်ခနဲ လေတက်လိုက်သည်။
ဥထဲတွင် ထိုက်ရှီက နှာခေါင်းရှုံ့လိုက်၏။ “ငြင်းရဲသေးတယ်ပေါ့… မင်း ထိုက်ကျိဥခွံကိုတောင် ခိုးပြီး ဖွက်နေတာမဟုတ်ဘူးလား”
ချင်မူက မကြားချင်ယောင်ဆောင်၍ ကောင်းကင်ရတနာထဲမှ ထွက်ခွာသွားသည်။ သူက တစ်ယောက်တည်း ရေရွတ်လိုက်သည်။ ‘မဟာမြို့ပျက်ရဲ့ စည်းမျဉ်းတွေအရ ခိုးတာကို ခိုးတာလို့ မသတ်မှတ်ဘူး…. အစွမ်းထက်မှ ခိုးနိုင်တာက ခိုးတာဟုတ်ပါတော့မလား… ထိုက်ရှီက ဘာမှနားမလည်ဘူး… ဘိုးဘိုးထော့ကျိုးပဲ ငါ့ကို နားလည်နိုင်တာ’