← Chapters

လူငါးယောက်

Vol. 108 Ch. 1423

လူငါးယောက်

Vol. 108 Ch. 1423

ချင်မူ ဤနေရာသို့ နောက်ဆုံးတစ်ခေါက် လာရောက်ခဲ့စဉ်တုန်းက ဓားမလမ်းစဉ်အပေါ် နက်နက်နဲနဲ သိမြင်နားလည်ခြင်း မရှိခဲ့သည့်အတွက် ဘိုးဘေးနန်းတော်၏ နတ်ဘုရားစီရင်ရာစင်မြင့်ကို စေ့စေ့ပင် မကြည့်ရဲခဲ့ချေ။ ယခုတွင် ဓားမလမ်းစဉ်အား ပိုမိုသိမြင်နားလည်နေပြီဖြစ်ရာ နတ်ဘုရားစီရင်ရာစင်မြင့်ကို ကြည့်လိုက်သည့်အခါတွင် သူ အရင်က မတွေ့ခဲ့သည့် အရာပေါင်းများစွာ သတိထားမိချေပြီ။

ဓားမနှစ်လက်က နဂါးနှစ်ကောင်ပမာ ဘေးအန္တာရယ်ချီထဲတွင် ကူးခတ်သွားလာနေကြ၏။ ထိုနတ်ဓားမနှစ်လက်သည် ပြိုင်ဘက်ကင်းသော အင်အားကို ပိုင်ဆိုင်ထားပြီး အချိန်အတော်ကြာ စုစည်းနေသည့် ဘေးအန္တရာယ်ချီတို့ကို စုပ်ယူထားလေရာ စိတ်ဆန္ဒပင် ရှိနေသည်။

ထိုမျှသာမက ဓားမနှစ်လက်တွင် နတ်ဘုရားစီရင်ရာစင်မြင့်၏ မဟာတာအိုလည်း ကိန်းဝပ်နေသေးသည်။ ယုတ္တိရှိရှိ ပြောရလျှင် ရှေးဟောင်းနတ်ဘုရားများနှင့်ဆင်တူသော ဖြစ်တည်မှုတစ်ခု ဖွဲ့တည်လာသင့်သော်လည်း တစ်စုံတစ်ခုသော အကြောင်းအရင်းကြောင့် နတ်ဓားမနှစ်လက်ကိုသာ ဖွဲ့တည်ထားလေသည်။

သူတို့ ခံစားရသည့် ဓားမချီတို့မှာ ထိုနတ်ဓားမနှစ်လက်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

သို့သော် ထိုနတ်ဓားမများကား အသွင်သဏ္ဌာန်ရှိသော်လည်း ဒြပ်ထုမရှိပေ။ စကြဝဠာဖွဲ့တည်မှုအား ဖြစ်စဉ်ငါးခုအဖြစ် ခွဲခြားလိုက်လျှင် မွေးရာပါမူလဖြစ်စဉ်ငါးခုအနက် ဓားမနှစ်လက်ကား ထိုက်ရှီအခြေအနေနှင့် တူလိမ့်မည်။

သားသတ်သမား၏ ဓားမလမ်းစဉ်သိမြင်နားလည်မှုမှာ အခြားသူများထက် မြင့်မားသောကြောင့် သူသည် နတ်ဘုရားစီရင်ရာစင်မြင့်ရှိ ဓားမနှစ်လက်ကို ဦးစွာအာရုံခံနိုင်သော်လည်း အခြားသူများကတော့ အာရုံခံနိုင်ခြင်း မရှိကြပေ။

ချင်မူ၏ နတ်မျက်လုံးများက ပြိုင်ဘက်ကင်းသောကြောင့် သူလည်း မြင်ရနိုင်သည်။

သူတို့ငါးယောက်က နတ်ဘုရားစီရင်ရာစင်မြင့်ဆီသို့ လျှောက်သွားကြ၏။ ကောင်းကင်နတ်မင်းတျန်းရှုမှာ ဒယိမ်းဒယိုင်ဖြင့် အရက်အား ဂလုဂလုဖြင့် မြိုချနေသည်။ သူ့မှာ ကြောက်လန့်နေသဖြင့် အရက်သောက်မှသာ သူ့နှလုံးသားထဲရှိ အကြောက်တရားကို ထိန်းချုပ်နိုင်မည် ဖြစ်၏။

ခိုင်ဧကရာဇ်၏ ကျန်ကောင်းကင်နတ်မင်းများသည် တျန်းရှုကို လှောင်ပြောင်တတ်ကြ၏။ တျန်းရှုက အရက်မသောက်ခင် ခိုင်ဧကရာဇ်ကို ပခုံးများနှိပ်ပေးတတ်သော်လည်း အရက်သောက်ပြီးလျှင်တော့ ခိုင်ဧကရာဇ်အား သူ့ပခုံးကို နှိပ်ခိုင်းတတ်သည်ဟု ဆိုတတ်ကြသည်။

အစက တျန်းရှုမှာ သူတို့ငါးယောက်၏ အနောက်တွင်သာ ရှိခဲ့သည်။ သို့သော် အရက်သောက်ပြီးလျှင်ချင်း သူတို့အရှေ့သို့ ပြေးတက်သွား၏။ သူက လက်ကို ဆန့်တန်း၍ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်များကို ဆွဲဖြဲကာ သူ၏ရင်ဘတ်ကို ဖော်လိုက်သည်။ ထို့နောက် ရယ်လျက် ပြောတော့သည်။ “နတ်အရှင်မချန်း... အဲဒီမိန်းမက လှတယ်… ဒါပေမဲ့ ငါ သူ့အနား မကပ်နိုင်တာ နှမြောစရာပဲ…. အင်း… ဒီမိန်းမ အခန်းလွတ်ထဲမှာ တစ်ယောက်တည်း ရှိနေလောက်တယ်… သူ့ကို ငါ့ဆီ လာပြီး ပျော်ပါးခိုင်းလိုက်”

နတ်အရှင်မချန်း၏ တပည့်မှာ ဧကရာဇ်ပလ္လင်အဆင့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ သူမ၏နာမည်မှာ ဖန်းကျစ်ယန်ဟု ‌ခေါ်သည်။ သူမသည် တျန်းရှု၏စကားကို ကြားလျှင် မျက်မှောင်ကြုတ်ကာ သည်းခံနေပြီး စိတ်ထဲမှ တွေးနေသည်။ “ဒီအရက်သမားက သူပုန်တျန်းရှုပဲ… ကောင်းကင်ယင်သားတော်ကို တိုက်ခိုက်ရဲခဲ့တဲ့လူ… ကောင်းကင်နတ်အရှင်မူရဲ့ပုံစံက တည်ငြိမ်အေးဆေးတယ်… ဘယ်လိုလုပ် ဒီလိုသူပုန်တွေနဲ့ ပတ်သက်နေရတာလဲ”

သူမ၏သိုင်းအဆင့်မှာ အလွန်တရာမြင့်မားသဖြင့် ရှေ့ဆုံးမှ ဦးဆောင်သွားပေးသည်။ နတ်ဘုရားစီရင်ရာစင်မြင့်၏ ဓားမစွမ်းအင်က သူမအတွက် အန္တရာယ်ကြီး၏။ သူမ နတ်ဘုရားစီရင်ရာစင်မြင့်နားသို့ ရောက်လေလေ၊ တောင့်ခံနိုင်ရန် ခက်ခဲလာလေလေ ဖြစ်သည်။

နတ်ဘုရားစီရင်ရာစင်မြင့်၏ စွမ်းအင်က သူမ၏ခန္ဓာကိုယ်ထဲသို့ ကျူးကျော်လာရုံသာမကဘဲ သူမ၏ တာအိုနှလုံးသားကိုပါ ကျူးကျော်လာကာ နှောက်ယှက်မှုများဖြစ်နေစေ၏။

ပို၍ပင် ကြောက်စရာကောင်းသည်က မရေမတွက်နိုင်သော ဓားမစွမ်းအင်များသည် သူမ၏မူလဝိညာဉ်သို့ ဝင်ရောက်ကာ သူမ၏မူလဝိညာဉ်အား ထောင်ပေါင်းများစွာသော ဓားသွားတို့ဖြင့် ထိုးဖောက်ခံနေရသကဲ့သို့ ခံစားနေရစေသည်။ မကြာခဏ တဆစ်ဆစ်နာကျင်မှုကို ခံစားနေရသည်။

ထိုမျှသာမက ဓားမချီထဲမှ ဘေးအန္တရာယ်ချီများကလည်း သူမအား စိတ်ရှုပ်ထွေးနေစေသည်။ ဘေးအန္တရာယ်ချီ၏ ကျူးကျော်လာမှုက သူမ၏ နားထင်ကို တဆစ်ဆစ် ကိုက်နေစေလေသည်။ သူမ၏ စိတ်ထဲတွင် သူမဘေးရှိ အရက်သမားကို သေအောင် ရိုက်သတ်ချင်နေသည့် ဆန္ဒမှ လွဲ၍ အခြားမရှိတော့ပေ။

သို့သော် ထိုအရက်သမားတျန်းရှုက သူမအနား ပိုပို၍ တိုးကပ်လာပြီး သူမအား နတ်အရှင်မချန်း ဘယ်တော့လာမလဲသာ မေးနေသည်။

“ကောင်းကင်နတ်အရှင်မူရဲ့ မျက်နှာကြောင့်သာ မဟုတ်ရင် ကျွန်မ ရှင့်ကို အပိုင်းပိုင်းခုတ်ထစ်ပြီးနေလောက်ပြီ….” ဖန်းကျစ်ယန်မှာ ပြုံးနေသော်လည်း သူမ၏ ဖြူဖွေးနေသော သွားများက တဆတ်ဆတ် ရိုက်နေ၏။

သူမ၏ တာအိုနှလုံးသားသည် ချင်မူ၊ သားသတ်သမားအပြင် ကျန်လူများနှင့် မယှဉ်နိုင်ချေ။ တျန်းရှုကလည်း သူမထက် များစွာသန်မာသည်။

တျန်းရှုသည် ပုံမှန်အခြေအနေဆိုလျှင် ကြွက်ပေါက်လေးတစ်ကောင်အလား ရှက်တတ်သော်လည်း အရက်သောက်ပြီးသည့်အချိန်တွင်တော့ သူ၏တာအိုနှလုံးသားမှာ ကြည်လင်လာကာ မိစ္ဆာစိတ်က အသက်ဝင်လာတတ်သည်။ အကြောက်တရား ကင်းမဲ့သွားတတ်ပြီး သူ၏ တာအိုနှလုံးသားက ၂၅ဘုံမြောက် ကောင်းကင်ဘုံအထိ ရောက်ရှိသွားတတ်သည်။

သူတို့ နတ်ဘုရားစီရင်ရာစင်မြင့်၏ အရှေ့ဘက် ဆယ့်ငါးမိုင်အကွာသို့ ရောက်ရှိလာသည့်အခါတွင် ဖန်းကျစ်ယန်မှာ ခံနိုင်ရည်မရှိတော့ပေ။ သူမက နတ်အရှင်မချန်း သူမဆီ ပေးထားသည့် အကာအကွယ်အဆောင်ကို ထုတ်ကာ လည်ပင်းတွင် ဆွဲလိုက်သည်။

လည်ဆွဲက ထူးခြားဆန်းကြယ်သော တာအိုစည်းချက်ကို ထုတ်လွှတ်နေပြီး နတ်ဘုရားစီရင်ရာစင်မြင့်၏ ဓားမစွမ်းအင်ကို လွင့်ပြယ်သွားစေကာ ဓားမနှစ်လက်၏ စွမ်းအား သူမ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်မလာအောင် ကာကွယ်ပေးနေသည်။

သူမ ဧရာမနတ်ဘုရားစီရင်ရာစင်မြင့်သို့ ရောက်ရှိသည့်အခါတွင်တော့ နတ်အရှင်မချန်း ပေးထားသည့် အဆောင်လည်ဆွဲမှာလည်း ခံနိုင်ရည် မရှိတော့သကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာ၏။

ဖန်းကျစ်ယန်မှာ ကြောက်လန့်တုန်လှုပ်စွာဖြင့် အလျင်အမြန် ပြောသည်။ “ကျွန်မတို့ နတ်ဘုရားစီရင်ရာစင်မြင့်ဆီ ရောက်ပါပြီ.. ကောင်းကင်နတ်အရှင်မူ၊ ကျွန်မ ဒီနေရာအထိပဲ လိုက်ပို့နိုင်ပါတယ်… နတ်ဘုရားစီရင်ရာစင်မြင့်က အန္တရာယ်များလွန်းတယ်… သတိထားပါ ကောင်းကင်နတ်အရှင်”

သူမ ထွက်ခွာသွားတော့မည်အချိန်တွင် တျန်းရှုက တစ်ချက်စောင်းကြည့်လိုက်ပြီး ဘေးတွင် ကောင်းကင်နန်းဆောင်တစ်ဆာင်အား တွေ့မြင်လိုက်ရသည်။ နတ်ဘုရားစီရင်ရာစင်မြင့်မှာ လုံးဝကျတ်တီးလွင်ပြင်ပမာ ဖြစ်နေသည်။ ဘိုးဘေးနန်းတော်၏ မြေပြင်လျှင်ပင် ဓားမချီကြောင့် အပိုင်းပိုင်း ခုတ်ပိုင်းခံထားရ၏။ အပင်များ၊ တောင်တန်းများလည်း မရှိသည့်တိုင် ဤသို့အန္တရာယ်များသည့် နေရာကား အကောင်းအတိုင်း တည်ရှိနေသေးသည်။ သူက အံ့ဩစွာဖြင့် စုတ်တစ်ချက် သပ်လိုက်ပြီး ချက်ချင်း တိုးဝင်ချင်စိတ် ပေါက်လာတော့သည်။

“ဒါက နတ်အရှင်မချန်းရဲ့ အိပ်ဆောင်ပဲ ဖြစ်ရမယ်… နွေးထွေးပြီး မွှေးနေရောပဲ”

အရက်မူးနေသည့် ကောင်းကင်နတ်မင်းကား တော်ဝင်မုခ်ဝနတ်ဓားမအား ထမ်းလျက် ဝင်ရောက်သွားသည်။ သူက အော်ဟစ်လိုက်၏။ “နတ်အရှင်မချန်းက ရှားပါးတဲ့ အလှပဂေး‌တစ်ယောက်ပဲ.. မြန်မြန်ထွက်လာပြီး ကောင်းကင်နတ်မင်းတျန်းရှုနဲ့ ပျော်လိုက်စမ်းပါ… ဟားဟား… နတ်အရှင်မချန်းတောင် အိပ်နိုင်သေးရင် ငါက ဘာလို့ မအိပ်နိုင်ရမှာလဲ”

ဖန်းကျစ်ယန်မှာ သည်းမခံနိုင်တော့ဘဲ ဒေါသပေါက်ကွဲလာတော့သည်။ သူမက သူ့အနောက် လိုက်လာ၍ ခက်ထန်စွာ ပြော၏။ “ရှင်ကများ နတ်အရှင်မရဲ့အိပ်ဆောင်ကို ကျူးကျော်ရဲတယ်ပေါ့”

ရုတ်တရက် ကောင်းကင်နန်းဆောင်ဆီမှ တစ်လောကလုံးကို တုန်လှုပ်သွားစေနိုင်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။ ကောင်းကင်နန်းဆောင်ဆီမှ အလွန်အမင်း စွမ်းအားကြီးသည့် ချိပ်တံဆိပ်တစ်ခုက တျန်းရှုအား ဖန်းကျစ်ယန်ဆီသို့ လွင့်ထွက်သွားတော့သည်။

ဖန်းကျစ်ယန်မှာ စိတ်သက်သာရာရသွားသည်။ သူမက တျန်းရှုကျောနောက်သို့ လက်မြှောက်လိုက်ပြီး သူမခွန်အား၏ ၈၀-၉၀ ရာခိုင်နှုန်းခန့်ကို အသုံးပြုလိုက်၏။ သူမက စိတ်ထဲမှ တွေးနေသည်။ “ဒီလူက သစ္စာဖောက်တစ်ယောက်ပဲ… ကောင်းကင်နတ်အရှင်မူရဲ့ မျက်နှာကို ထောက်ထားပြီး အသက်ရှင်ခွင့်ပေးလိုက်မယ်… ဒါပေမဲ့ ပညာတော့ပြမှ ဖြစ်မယ်… သူ နည်းနည်းလောက် ဒဏ်ရာရသွားတာနဲ့ နတ်ဘုရားစီရင်ရာစင်မြင့်က သူ့ကို ဝါးမြိုသွားမှာ… ကောင်းကင်နတ်အရှင်မူ၊ အပြစ်တင်ချင်ရင်တောင်မှ ငါ့ကို အပြစ်တင်လို့မရဘူး”

သူမ၏လက်ဖဝါး တျန်းရှုကျောနှင့် ထိတွေ့တော့မည့်အချိန်တွင် တျန်းရှု၏ တော်ဝင်မုခ်ဝနတ်ဓားမက ရုတ်တရက် လှည့်လာ၍ ဖန်းကျစ်ယန်၏ ကျောသို့ ထိုးစိုက်လိုက်သည်။

ဖန်းကျစ်ယန်၏ လည်ပင်းရှိ အဆောင်လည်ဆွဲက ဒင်ခနဲ အသံတစ်ချက် မြည်ကာ အက်ကွဲသွား၏။

ဖန်းကျစ်ယန်မှာ အံ့ဩမှင်သက်သွားပြီး သတ်ဖြတ်လိုစိတ် ချက်ချင်း ပေါ်ထွက်လာသည်။ ဓားမရာများက သူမ၏အရေပြားပေါ်တွင် ချက်ချင်း ထင်ရှားလာချေပြီ။ ၎င်းတို့က နတ်ဘုရားစီရင်ရာစင်မြင့်ဆီမှ ဓားမချီ၏ သက်ရောက်မှုများ ဖြစ်သည်။

ဓားမချီ သူမ၏အရေပြားကို ထိတွေ့လိုက်သည်နှင့် အသတ်အဖြတ်စိတ်ဆန္ဒက သူမ၏ကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာပြီး မူလဝိညာဉ်နှင့် တာအိုနှလုံးသားကို ဒဏ်ရာရသွားစေသည်။

သူမ၏တာအိုနှလုံးသား ထိခိုက်ဒဏ်ရာရသွားသည်နှင့် သူမကိုယ်ထဲရှိ ချီနှင့်သွေးတို့က ချက်ချင်း အထိန်းအချုပ်မဲ့ကာ သူမကိုယ်ပေါ်ရှိ ဒဏ်ရာများမှ စိမ့်ထွက်လာ၏။ ၎င်းတို့က နတ်ဘုရားစီရင်ရာစင်မြင့် အသတ်အဖြတ်စိတ်ဆန္ဒ၏ ဆွဲယူခြင်းခံလိုက်ရသဖြင့် ပြေးဝင်သွားကြသည်။

“ငါတို့ အလစ်တိုက်ခံရပြီ”

ဖန်းကျစ်ယန်မှာ တစ်စုံတစ်ခု လွဲမှားနေကြောင်း ရုတ်ခြည်း သတိထားမိလိုက်သဖြင့် ချင်မူနှင့် အခြားသူများကို လှည့်ကြည့်လိုက်ရာ ချင်မူ၊ သားသတ်သမား၊ ကျဲ့ဟွလီနှင့် လော့ဝူရွှမ်တို့သည် အေးစက်နေသော အကြည့်များဖြင့် ဘေးမှ စောင့်ကြည့်နေသည်ကိုသာ တွေ့လိုက်ရ၏။ သူမ တျန်းရှုကို အလစ်တိုက်ရန် ကြိုးစားတုန်းက သူတို့လေးယောက်ကား သူမအား အဖက်မလုပ်ခဲ့ကြပေ။

ထိုမျှသာမက အရက်မူးနေသည့် တျန်းရှုပင်လျှင် ရှစ်ဆယ်မှ ကိုးဆယ်ရာခိုင်နှုန်းအထိ အသိစိတ်ပြန်ဝင်လာပုံပေါ်ပြီး သူမကို မျက်တောင်ပင် မခတ်ဘဲ စိုက်ကြည့်နေသည်။

“သူတို့က ငါ့ရဲ့ အဆောင်လည်ဆွဲကို ချိုးဖျက်ပြီး နတ်ဘုရားစီရင်ရာစင်မြင့်ရဲ့ စွမ်းအားကို သိရအောင် လုပ်နေတာပဲ”

ဖန်းကျစ်ယန်၏ ခန္ဓာကိုယ်ပေါ်တွင် ပိုမိုများပြားသောဒဏ်ရာများ ထွက်ပေါ်လာပြီး ချီနှင့်သွေးတို့က အလျင်အမြန် စီးဆင်းနေ၏။ သူမက ဒေါသတကြီး အော်ဟစ်လိုက်သည့်အခါ ကောင်းကင်နန်းဆောင်သည် သူမအနောက်တွင် ပေါ်လာသည်။

သူမ၏ မူလဝိညာဉ်က ကောင်းကင်နန်းဆောင် ကျောက်စိမ်းမြို့တော်၏ နတ်ကောင်းကင်ခန်းမထဲ၌ ထိုင်နေသည်။ ဤအခိုက်အတန့်တွင် သူမ၏ကောင်းကင်နန်းဆောင်မှာ ဓားမရောင်တို့ဖြင့် လင်းလက်နေချေပြီ။ အထူးသဖြင့် နတ်ကောင်းကင်ခန်းမထဲ၌ပင်။ ဓားမရောင်တို့က ဒီရေလှိုင်းများအလား ရိုက်ခတ်နေပြီး သူမ၏မူလဝိညာဉ်အား ဒဏ်ရာများဖြင့် ပြည့်နှက်လာစေတော့သည်။

ဖန်းကျစ်ယန်က သူမကောင်းကင်နန်းဆောင်၏ စွမ်းအားမှန်သမျှ စုစည်းကာ နတ်ဘုရားစီရင်ရာစင်မြင့်၏ ဓားမစွမ်းအားကို အားတင်းခုခံနေသည်။ သူမက နောက်သို့ ဆုတ်၍ အဝေးသို့ ပြေးထွက်သွားသည်။

သူမခန္ဓာကိုယ်ထဲမှ စီးဆင်းထွက်နေသည့် ချီနှင့်သွေးတို့က ရှည်လျားသော သက်တံ့ကြီးအလား နတ်ဘုရားစီရင်ရာစင်မြင့်၏ ဆွဲယူထားခြင်း ခံနေရသည်။ ဖန်းကျစ်ယန်မှာ မိုင်တစ်ရာအထိ ပြေးသွားသည့်တိုင် သူမ၏ ချီနှင့်သွေး စုပ်ယူခံနေရသည်တို့ကို မတားဆီးနိုင်ပေ။

သူမက မိုင်တစိထောင်အထိ ပြေးသွား၏။ ထိုအချိန်မှသာ နတ်ဘုရားစီရင်ရာစင်မြင့်သည် သူမ၏ ချီနှင့်သွေးတို့ကို ဝါးမမြိုနိုင်တော့ပေ။ သူမက စိတ်အေးသက်သာစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ရုတ်တရက် မိုက်ခနဲ ဖြစ်သွားသည်။ သူမမှာ မြေပြင်ပေါ်သို့ ရုတ်တရက် လဲကျလုမတတ် ဖြစ်သွား၏။

ချင်မူနှင့် ကျန်သူများက သူမကို ဂရုတစိုက် ကြည့်ရှုနေကြသည်။ နတ်ဘုရားစီရင်ရာစင်မြင့် သူမ၏ချီနှင့်သွေးကို ဝါးမြိုနေခြင်း ရပ်တန့်သွားမှသာ အကြည့်ရုတ်လိုက်ကြ၏။

တျန်းရှုကလည်း အလွန်အမင်း အေးဆေးတည်ငြိမ်နေသည်။ စောစောကလေးတင် အရက်မူး၍ အဓိပ္ပာယ်မရှိသော စကားများကို ပြောခဲ့သူမဟုတ်သည့်အတိုင်းပင်။

“နတ်ဘုရားစီရင်ရာစင်မြင့်ရဲ့ ဓားမစွမ်းအားက ပထမဦးဆုံး ဖန်းကျစ်ယန်ရဲ့ အရေပြားကိုဖောက်ပြီးတော့ သူ့တာအိုနှလုံးသားကို ဖျက်ဆီးပစ်လိုက်တယ်… အဲဒီနောက်တော့ သူ့တာအိုနှလုံးသား ပြိုလဲသွားပြီး ချီနဲ့သွေးက အထိန်းအချုပ်မဲ့သွားတယ်.. သူ့သိုင်းအဆင့် ထိုးကျသွားတဲ့အချိန်မှာ ချီနဲ့‌သွေးက နတ်ဘုရားစီရင်ရာစင်မြင့် စုပ်ယူတာခံလိုက်ရတာပဲ”

သူက ခပ်ဩဩ အသံဖြင့် ပြောသည်။ “နတ်ဘုရားစီရင်ရာစင်မြင့်ထဲ ၀င်ကြ… ဒဏ်ရာရလို့ မဖြစ်ဘူး”

All Chapters