နင်းခြေဖျက်ဆီးခြင်း
Vol. 014 Ch. 1327
ရှန်းနန်တစ်ယောက်သာ ထိုအချက်ကို သတိပြုမိသည် မဟုတ်ပေ။ လွန်ခဲ့သည့် နှစ်များက တိုက်ပွဲသို့ ရောက်ခဲ့သူ အခြားသူ အချို့သည်လည်း သတိထားမိကြပေသည်။
အထူးသဖြင့် ချန်ယဲ့မြို့မှ လူအားလုံးသည် ယင်းတိုက်ပွဲကို မျက်မြင်တွေ့ခဲ့ကြပြီး သူတို့အားလုံးသည် တာလီ ပြည်ထောင်၏ နန်းတွင်းအကြံပေးကို သတိပြုမိကြပေသည်။
နန်းတွင်းအကြံပေးသည် တစ်ချိန်က ရီဖူရှင်းနှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်ခဲ့သော်လည်း သူသည် ရီဖူရှင်းကို သတ်ဖြတ်ရန် သူ့ကိုယ်သူ တွန်းအား မပေးနိုင်ခဲ့ပေ။ ယခု သူတို့နှစ်ယောက်က တစ်လမ်းတည်း လျှောက်နေသည်လား။
ထို့ပြင် နန်းတွင်းအကြံပေးသည် ထိုတိုက်ပွဲတွင် ရပ်တန့်ခြင်းမရှိ နဝမအစေခံကို လွှမ်းမိုးခဲ့ပြီး ဖိအားပေးကာ နောက်ဆုတ် စေခဲ့သည်။
လူတိုင်း၏ နှလုံးသားများသည် ပြင်းထန်စွာ ခုန်ပေါက်နေကာ သူတို့သည် ပြင်းထန်သည့် တင်းမာမှုကို ခံစားရပေသည်။ သူတို့သည် ဤသို့သော အခြေအနေမျိုး၌ မည်သို့ တည်ငြိမ် နေနိုင်မည်နည်း။
သူတို့သည် ဤတိုက်ပွဲသည် သူတို့ ခန့်မှန်းထားသလို မဟုတ်တော့သည်ကို သူတို့အားလုံး ခံစားမိကြသည်။ ထို့အစား အခြေအနေက အခြားတစ်ဖက်သို့ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။
နန်းတွင်းအကြံပေးနှင့် နဝမအစေခံ စတင်တိုက်ခိုက်သည့်အခါ မည်သို့ ဖြစ်လာလိမ့်မည်နည်း။
စစ်ထိုကလန်မှ လူများသည် မည်သည်တို့ ဖြစ်ပျက်နေသည်ကို နားလည်ပေသည်။ ထိုသည်မှာ သူတို့က သူ့ကို သတိပေးပြီးနောက်တွင်ပင် မည်သည့်အတွက် ဆုတ်ခွာမသွားဘဲ နဝမအစေခံနှင့် ရင်ဆိုင်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်ပေသည်။
သံသယရှိရန် မလိုဘဲ ကမောက်ကမ အဖြစ်ဆုံး လူများမှာ အင်ပါယာရှန်းဘုံမှ လူများပင် ဖြစ်သည်။ ညီအစ်ကို နှစ်ယောက်၏ မျက်နှာများသည်လည်း အံ့သြနေမှုများကို ဆုပ်ကိုင် ထားပေသည်။
သူတို့သည် ဤတိုက်ပွဲ၌ နဝမအစေခံနှင့် မဟာမိတ်ဖွဲ့ရသည့် ရည်ရွယ်ချက်မှာ ထိုသို့ လုပ်ဆောင်ရန် အန္တရာယ် မရှိသည့်အတွက် ဖြစ်သည်။
သူတို့သည် ကိုယ့်ကိုယ်ကိုယ် အန္တရာယ် မကျရောက်စေဘဲ ရီဖူရှင်းကို သတ်ဖြတ်ရန် အခွင့်အရေး ရှိခဲ့လျှင် သူတို့က မည်သည့်အတွက် ထိုသို့ မလုပ်ရမည်နည်း။
နဝမအစေခံက ရှုံးနိမ့်ပြီး ရီဖူရှင်းကို မသတ်နိုင်ခဲ့လျှင်ပင် သူတို့သည် လွယ်ကူစွာ ထွက်ပြေး နိုင်ပေသည်။ ထို့ပြင် နဝမ အစေခံကဲ့သို့ အဆင့်မျိုးသည် ရီဖူရှင်းကို မည်သည့်နည်းနှင့်မဆို ချေမွ ဖျက်ဆီးနိုင်စွမ်း ရှိပေလိမ့်မည်။
သို့သော် ယခုတွင် မည်သို့ ဖြစ်လာသနည်း။
ရှန်းကျယ်သည် သူ့ကို ကြည့်နေသည့် မျက်လုံးတစ်စုံမှ အေးစက်မှုကို ခံစားနိုင်သည်။ ထိုသူက ရီဖူရှင်း ဖြစ်သည်။
ရီဖူရှင်းသည် ထိုနေရာတွင် ရပ်နေပြီး သူ၏ နက်ရှိုင်းသော မျက်လုံးများက ရေခဲရိုက်ထားသလို အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် ရှန်းနန်၊ ရှန်းကျယ်တို့နှင့် ထပ်ကာ ပတ်သက်ရန် အစီအစဉ် မရှိပေ။ သူတို့နှစ်ယောက်သည် သူ့ကို ဆန့်ကျင်ရန် လျှို့ဝှက်ကြံစည် နေခဲ့သော်လည်း သူတို့ နှစ်ယောက်တွင် ရန်ဟောင်ဘုံမှ ကျောထောက်နောက်ခံ ပြုထားပေသည်။ သူ့ကို သက်ရောက်မှု ကြီးကြီးမားမား မရှိခင် အထိ သူတို့နှင့် ရင်ဆိုင်ရန် အလုပ်ရှုပ် ခံလိမ့်မည် မဟုတ်ပေ။ သူသည် သွားသမျှ နေရာတိုင်း၌ ရန်သူများ မဖန်တီး ချင်ခဲ့ပေ။ အထူးသဖြင့် ရန်ဟောင်ဘုံကဲ့သို့ အစွမ်းထက်ရန်သူမျိုး ဖြစ်၏။ ထိုသည်က သူ့ကို ဟိုဟိုဒီဒီ ခရီးထွက်ရန် အလွန် ခက်ခဲစေမည် ဖြစ်သည်။
သို့သော် သူ ရှိနေသည့် နေရာတိုင်းတွင် သူ့ကို ပစ်မှတ်ထားသည့် ရန်သူများက ရေတွက်၍ မကုန်နိုင်ပေ။
ဤတစ်ကြိမ်၌ သူတို့သည် သူ့အား သတ်ဖြတ်ရန် လာရောက်ခဲ့သည်။
ရှေးဟောင်းတော်ဝင်မြို့နှင့် ချန်ယဲ့မြို့ကြားမှ ပဋိပက္ခကို မည်သူ မသိဘဲနေမည်နည်း။
ရှန်းကျယ်၏ မျက်နှာက အောက်ငုံ့ သွားခဲ့ပြီးနောက် သူသည် နဝမအစေခံနှင့် ချင်ရွှမ်ကန်း ရှိနေသည့် အခြားတစ်ဖက်သို့ ကြည့်လိုက်သည်။ သူတို့နှစ်ယောက် ကြားမှ တိုက်ပွဲရလဒ်သည် ရှေးဟောင်း တော်ဝင်မြို့နှင့် ချန်ယဲ့မြို့ကြားမှ ပဋိပက္ခကို အဆုံးအဖြတ် ပေးလိမ့်မည် ဖြစ်သည်။
သို့သော် ရီဖူရှင်းသည် သူတို့၏ တိုက်ခိုက်မှုမှ ရလဒ်ထွက်လာသည်ကို စောင့်ဆိုင်းမနေခဲ့ပေ။ “အားလုံးကို တိုက်” သူက တည်ငြိမ်စွာ ပြောလိုက်သည်။
သူက ထိုသို့ ပြောလိုက်ပြီးနောက် ကျူးခုန်အပါအဝင် အခြားသော ပြန်လည် မွေးဖွားခြင်းအဆင့် တန်ခိုးရှင်များက ရှေ့သို့ လှမ်းလာသည်။ ထိုအခိုက်တွင် သူ့ဘက်မှ ပြန်လည် မွေးဖွားခြင်းအဆင့် တန်ခိုးရှင်များမှာ ပြိုင်ဘက်များထက် အပြတ်အသတ် ကွာခြားပေသည်။
“အရှင်မင်းသား၊ ပြန်ဆုတ်မှရပါမယ်” အင်ပါယာရှန်းဘုံမှ ပြန်လည် မွေးဖွားခြင်း အဆင့် တန်ခိုးရှင်တစ်ဦးက ပြောလိုက်သည်။ သူ ထိုသို့ ပြောရုံသာ ရှိသေးသော်လည်း လက်သီးတစ်လုံးက ကျဆင်းလာနေပြီ ဖြစ်သည်။ ထိုသည်က ကျုံးမျိုးနွယ်စု အကြီးအကဲ၏ တိုက်ခိုက်မှု ဖြစ်သည်။ ယခု သူတို့သည် ပြန်လှည့်ရန် လမ်းမရှိတော့သည့် အတွက် သူတို့ လုပ်နိုင်သည်မှာ ရိုးသားစွာနှင့် ရီဖူရှင်းထံ အညံ့ခံရန်သာ ဖြစ်ပေသည်။ သူတို့သည် ကောင်းမွန်သော ယုံကြည်မှုများကို ပြန်လည် တည်ဆောက်ရန် အပြင်းအထန် ကြိုးစားကြလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် သူတို့သည် ဝူယုံးထက်ပို၍ တက်ကြွစွာ လှုပ်ရှားနေကြခြင်း ဖြစ်သည်။
ကြီးမားသည့် တိုက်ပွဲက ခဏချင်းအတွင်း ဖြစ်ပေါ်လာသည်။ ကိုင်ဟွမ်သည် အလွန်သန်မာသော်လည်း များပြားလှသည့် ပြန်လည် မွေးဖွားခြင်း အဆင့်များက သူ့ကို ပစ်မှတ် ထားနေသည်က သူ့အား ချောင်ပိတ်မိ စေသည်။
ချန်ယဲ့မြို့၏ မြို့စားရုံးတော်တွင် နောက်ထပ် ကြမ်းတမ်း ရက်စက်သည့် တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာပြန်ပြီ ဖြစ်သည်။
ချန်ယဲ့မြို့ရှိ လူများသည် ထိုကိစ္စများနှင့် ပတ်သက်၍ အသားကျနေခဲ့ပြီ ဖြစ်သည်။ ထိုသည်မှာ ဤနေရာ၌ ပုံမှန် ဖြစ်နေကြ ကိစ္စကဲ့သို့ပင် ဆိုးဝါးလှသည်တော့ မဟုတ်ပေ။
ရီဖူရှင်းသည် ရှေ့သို့ ခြေလှမ်းလိုက်ပြီး ဝူယုံးက သူ့နောက်တွင် နေကာ သူ့ကို ကာကွယ်စောင့်ကြပ် ပေးနေသည်။ ရီဖူရှင်းသည် သူ၏ စွမ်းအားများကို တိုက်ခိုက်ရန် အသုံးပြုနိုင်သည် ဖြစ်တာကြောင့် သူ့အတွက် အကောင်းဆုံးမှာ ရီဖူရှင်း၏ အနီးတွင် နေပေးခြင်း ဖြစ်သည်။
ရှန်းကျယ်သည် ရီဖူရှင်း သူ့အနီးသို့ လာသည်ကို ကြည့်ကာ ထိတ်လန့် တုန်လှုပ်လာသည်။ သူသည် ထွက်ပြေးရန် ကြိုးစားလိုက်၏။
“မင်းက အခုကျမှ ထွက်ပြေးချင်နေတာလား” ရီဖူရှင်းက သူ့ကို ဖမ်းဆွဲလိုက်ပြီး လေဟာနယ်စွမ်းအားများက ကျဆင်းလာသည်။ ရှန်းကျယ်၏ ခန္ဓာကိုယ်သည် အေးခဲသွားသည်ဟု ခံစားလိုက်ရသည်။ သူသည် ပြင်းထန်သည့် ဖိအားအောက်၌ ရောက်ရှိနေသကဲ့သို့ပင် ဖြစ်သည်။
တောက်ပသည့် အလင်းများက သူ့ထံမှ ထွက်ပေါ်လာသည်။ နတ်ဘုရား အလင်းများသည် ရန်ဟောင်၏ တောက်ပမှုဟု ထင်မှတ်ရသည်။
သို့သော်လည်း တောက်ပသည့် အလင်းများသည် အချိန်မီ ထွက်ပေါ်မလာခဲ့ဘဲ ရီဖူရှင်းက ထိုနေရာ၌ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ကြယ်ခူးဆွတ်ခြင်းလက်ဝါးရိပ်က ဝုရှ် ဟူသော ကျယ်လောင်သည့် အသံနှင့်အတူ သူ့ထံသို့ ရောက်ရှိလာသည်။ ထိုသည်ကို ခုခံရန် ရှန်းကျယ်သည် ထိုမျှ သန်မာခြင်းမရှိပေ။ သူသည် လွယ်ကူစွာ ချုပ်ကိုင်ခံလိုက်ရပြီး သူ၏ မျက်နှာက ချက်ချင်း ဖြူရော် သွားသည်။
ခွပ်…
အက်ကွဲသံတစ်ခုက ထွက်ပေါ်လာသည်။ ရှန်းကျယ်သည် လျှပ်တပြက်အတွင်း ဖြစ်ပေါ်လာသည့် အရိုးထဲမှ နာကျင်မှုကြောင့် အော်ဟစ်လိုက်သည်။ ရီဖူရှင်းသည် သူ့လက်ကို ဝှေ့ယမ်း လိုက်သည်။ ကြီးမားလှသည့် လက်ဝါးရိပ်ကြီးသည် ‘ဘန်း’ ဟူသော အသံနှင့်အတူ မြေပြင်ကို ရိုက်ခတ် သွားခဲ့ပြီး သူ့ခန္ဓာကိုယ်သည် မြေပြင်သို့ ပြင်းထန်စွာ ရိုက်ခတ်မိကာ မြေပြင်ကို ချိုင့်ဝင် သွားစေသည်။
သူ့တစ်ကိုယ်လုံးသည် တွန့်လိမ်ကာ တွားသွား၍ ရုန်းကန်နေရသော်လည်း သူသည် သူ့ထံသို့ လာနေသည့် ခြေတစ်စုံကို မြင်လိုက်ရသည်။ ထိုမှ အင်အားသည် သူ့ ကျောပေါ်သို့ ကျဆင်းလာကာ ဘန်း ဟူသော အသံနှင့် နောက်ထပ် ချိုင့်တစ်ခု ဖြစ်သွားစေခဲ့သည်။ သူသည် ပါးစပ်အပြည့် သွေးတိုး အန်ထုတ် လိုက်ရပေသည်။
ရက်စက်လှသည့် အကြည့်များက သူ့မျက်နှာထက်တွင် ပေါ်ပေါက်လာသည်။ ရီဖူရှင်းသည် သူ့ကို ဤမျှအထိ လူမဆန်အောင် နှိပ်စက်ခဲ့၏။
မဝေးလှသည့် နေရာမှ ရှန်းနန်၏ မျက်နှာသည် ပြာကဲ့သို့ ဖြူဆုတ် သွားခဲ့သည်။ သူသည် သူ့အစ်ကို၏ အဖြစ်အပျက်ကို ကြည့်နေရင်း သူ့ကိုယ်သူ ကြည့်နေရသကဲ့သို့ ခံစားမိလေသည်။
“ချန်ယဲ့မြို့က အနိုင်ကျင့်လို့ ကောင်းမယ်လို့ ရှန်းမြို့က တွေးတာလား” ရီဖူရှင်းက ရှေ့သို့ လှမ်းလာပြီး ရှန်းကျယ်ကို မြေပြင်မှ ကောက်ယူကာ လည်မျိုကို ဖမ်းကိုင်လိုက်သည်။ သူသည် တွဲလောင်းဖြစ်နေသည့် တိုင်အောင် လေထဲသို့ မတင်လိုက်သည်။ သူသည် အားထည့်ကာ ဖိညှစ်လိုက်ပြီး ရှန်းကျယ်သည် အသက်မရှူ နိုင်တော့သလို ခံစားရစေသည်။
ရှန်းကျယ်သည် ဖြူဖျော့သွားသည်။ “ရီဖူရှင်း၊ မင်းက အင်ပါယာရှန်းဘုံနဲ့ ရန်သူ ဖြစ်ချင်နေတာလား” သူက အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။
“ငါ အဲဒီလို မဖြစ်ချင်တာကြောင့် ငါတို့ကြားက ရန်ငြိုးတွေကို ရှင်းဖို့ ဘယ်တော့မှ လာမရှာခဲ့တာပေါ့။ ဒါပေမဲ့ ငါက မင်းတို့ အင်ပါယာရှန်းဘုံနဲ့ ရန်သူမဖြစ်ချင်ရင်တောင် မင်းက ငါ့ကို သတ်ဖို့ ကြိုးစားနေတုန်းပဲ။ မင်း ပြောကြည့် ငါ မင်းကို သတ်သင့်လား” ရီဖူရှင်းက သတ်ဖြတ်လိုသော အေးစက်သည့် အငွေ့အသက် များနှင့် ပြည့်နှက် နေသည်။ သူ့အကြည့်များသည် ရှန်းကျယ်၏ မျက်လုံးထဲသို့ ထိုးဖောက် သွားသည်ဟု ထင်မှတ်ရသည်။
“အခုချိန်ကစပြီး ငါ မင်းကို ပြဿနာ မရှာတော့ပါဘူး” ရှန်းကျယ်က ပြောလိုက်သည်။
ရီဖူရှင်းက ခါးသက်စွာ ပြုံးလိုက်သည်။ အဲဒီလောက် ရိုးရှင်းနိုင်လို့လား”
သူသည် ရှန်းကျယ်က အခြားတိုက်ပွဲအား စောင့်ကြည့်နေသည်ကို တွေ့မြင်ပေသည်။ ရှန်းကျယ်က နဝမအစေခံ၏ တိုက်ပွဲကို မျှော်လင့်ချက် ထားနေသည်အား ရီဖူရှင်း သိရှိပေသည်။ သူသည် နဝမအစေခံက ရီဖူရှင်း၏ ဆရာကို ရှုံးနိမ့်စေနိုင်ရန် မျှော်လင့်မိသည်။
“မင်းက ဒီလောက် ကြည့်ချင်နေမှတော့ ကြည့်နိုင်ပါတယ်။ ပြီးရင်တော့ ငါတို့ရဲ့ ရန်ငြိုးလေးတွေ စာရင်း ရှင်းကြတာပေါ့” ရီဖူရှင်းသည် ရှန်းကျယ်၏ လည်မျိုကို ဆုပ်ကိုင်ကာ လေထဲတွင် မြှောက်ထားပြီး တိုက်ပွဲကို ကြည့်ရှု၍ ရနိုင်စေရန် လှည့်ပေးလိုက်သည်။ ဤကဲ့သို့သော စော်ကားမှုသည် ရှန်းကျယ်အတွက် သေခြင်းထက် ဆိုးရွားသည့် လက်တွေ့ကျသော ကံကြမ္မာ ဖြစ်ပေသည်။
***
အခြားသော တိုက်ပွဲတွင် ချင်ရွှမ်ကန်းသည် ရှေ့သို့ တိုးလာနေပြီး နဝမအစေခံကို ဆက်တိုက် ဆုတ်ခွာ နေရစေရန် ဖိအားပေးနေ၏။ မဟာလမ်းစဉ်၏ ရှေးဟောင်း စာလုံးသင်္ကေတများ အလင်းသည် ထိုနေရာ အတွင်းရှိ အရာအားလုံးကို ရစ်ပတ် ထားပေသည်။
နဝမအစေခံကဲသို့ လူမျိုးသည် ချင်ရွှမ်ကန်းက မည်မျှ သန်မာသည်ကို ခံစားနိုင်စွမ်း ရှိပေသည်။ သူ့အဆင့်မှ လူတစ်ယောက်သည် တိုက်ကွက်တစ်ကွက် ဖလှယ်ပြီးသည်နှင့် သူ့ပြိုင်ဘက်က မည်သည့်အဆင့် ရှိသည်ကို ပြောနိုင်ပေသည်။
နဝမအစေခံသည် ဤချင်ရွှမ်ကန်းက သူ့အဆင့်ထက် မနိမ့်ကျသည်ကို ကောင်းကောင်းကြီး သိရှိသည်။ ထိုသူသည် ရန်ဟောင်အဆင့် တံခါးကိုပင် ထိတွေ့ပြီး ဖြစ်ပေမည်။
သူသည် ရှေ့သို့ ခြေလှမ်းလိုက်ပြီး သူတို့ကြားက အကွာအဝေးကို လျစ်လျူရှူ လိုက်သည်။ ပြင်းထန်သည့် စွမ်းအားများက သူ့ထံမှ ထွက်ပေါ်လာပြီး လေထုကို တုန်ခါကာ ကွဲထွက် သွားစေသည်။ သူသည် လက်သီးကို ဆန့်ထုတ်ကာ ဖျက်ဆီးလိုက်ပြီး ကောင်းကင်သည် တုန်ခါ၍ အော်မြည်သံများ ထွက်ပေါ်လာသည်။ ချင်ရွှမ်ကန်း၏ လက်သီးသည် မည်သည့် အကွာအဝေးကိုမဆို ဖြတ်ကာ သူ့ကို သတ်ဖြတ်နိုင်မည်ဟု ထင်မှတ်ရသည်။
နှိုင်းမယှဉ်သာအောင် တောက်ပသည့် အလင်းများ လင်းလက်လာပြီး မဟာလမ်းစဉ်၏ ကျောက်စိုင် ကျောက်ခဲနှင့် တူသော ‘ခွန်အား’ ဟူသည့် စာလုံးက နဝမအစေခံ ရှေ့တွင် ဖြစ်တည်လာသည်။
စာလုံးသင်္ကေတသည် ပြင်းထန် ရက်စက်သည့် လက်သီးစွမ်းအားများနှင့် ပြည့်နှက်နေသည်။ အားလုံးသော ရှေးဟောင်း စာလုံးများသည် အပြင်းအထန် တုန်ခါနေကြပြီး ကြောက်မက်ဖွယ် အော်မြည်သံများ ထွက်ပေါ်လာသည်။ သို့သော်လည်း စာလုံး သင်္ကေတများသည် သူတို့ မည်သည့်အခါမှ မချိုးဖျက် နိုင်လောက်အောင် လောက၏ မဟာလမ်းစဉ်နှင့် တစ်သားတည်း ကျနေပေသည်။
ဝုရှ်... အခြားသော ရှေးဟောင်းစာလုံးသည် နဝမအစေခံ၏ အခြားတစ်ဖက်တွင် ပေါ်ပေါက် လာသည်။ ထိုစာလုံးသည် ‘ကမ္ဘာမြေ’ ဟူ၍ ဖြစ်သည်။
ဟူး… ဟူး… ဟူး…
ထိုအသံများသည် အဆက်မပြတ့ ထွက်ပေါ်လာနေပြီး စာလုံး သင်္ကေတများသည် လောက မဟာလမ်းစဉ်၏ စွမ်းအားများနှင့် ပြည့်နှက်နေကာ နဝမအစေခံ အနီးသို့ အားလုံး ကျဆင်း လာကြသည်။ ယင်းတို့သည် နယ်မြေ တစ်ခုလုံးကို စည်းခတ် ထားလိုက်သကဲ့သို့ ထင်မှတ်ရပေသည်။
“ဒါက....”
လူတိုင်းသည် လေထဲတွင် မြင်နေရသည့် မြင်ကွင်းကို ကြည့်ကာ တုန်ယင် လာကြသည်။ မဟာလမ်းစဉ်၏ ရှေးဟောင်း စာလုံးများသည် နဝမအစေခံကို ရစ်ခွေကာ လှည့်ပတ်နေပြီး နှိုင်းယှဉ် မရအောင် တောက်ပသည့် အလင်းရောင်စဉ်များ ထုတ်လွှတ်နေသည်။ နေရာတစ်ခုလုံးသည် ယင်းတို့ဖြင့် ချည်နှောင် ခံထားရသည်ဟု ထင်မှတ်ရကာ နဝမအစေခံသည် အတွင်း၌ ပိတ်မိနေခဲ့သည်။
ဒေသဘုရင် အဆင့် သတ်မှတ်ချက်တွင် ဝင်သော နဝမ အစေခံကဲ့သို့ သန်မာသည့် တစ်စုံတစ်ယောက်သည် ခဏချင်း အတွင်း၌ ပိတ်မိ သွားခဲ့ရလေသည်။
ဤတိုက်ပွဲက ထိုသို့ ရလဒ် ထွက်လာမည်ဟု မည်သူကမှ ထင်မှတ် မထားခဲ့ကြပေ။ နဝမအစေခံကို လွှမ်းမိုးနိုင်သည့် တစ်စုံတစ်ယောက် ထွက်ပေါ်လာပြီ ဖြစ်သည်။
နဝမအစေခံသည် နက်ရှိုင်းသော ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။ သူ၏ မျက်နှာသည် တည်ငြိမ်နေပုံ ပေါ်သည်။
သူ့ဘဝတွင် အကြီးမားဆုံး ပြိုင်ဘက်နှင့် ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း သူ သိရှိပေသည်။
သို့သော် ပြိုင်ဘက်သည် ရှန့်ထိုအဆင့်သာ ဖြစ်ပြီး ရန်ဟောင်တန်ခိုးရှင် အဆင့် စွမ်းအားကို အသုံးပြု၍ တိုက်ခိုက်နိုင်ခြင်း မရှိသေးပေ။ သို့သော် သူ့ရှေ့မှ ထိုသူသည် သူ ယခင်က ရင်ဆိုင်ခဲ့ရဖူးသူ အားလုံးထက် သန်မာပေသည်။
သူသည် လက်နှစ်ဖက်ကို သုံး၍ ချိပ်တံဆိပ် ရေးဆွဲလိုက်ကာ သူ၏ ခန္ဓာကိုယ်သည် မြင်နိုင်ဖို့ရာ ခက်ခဲအောင် မှုန်ဝါး လာသည်။ သူသည် နေရာကို ပြောင်းလဲလိုက်ပြီး သူ့ထံမှ တောက်ပသည့် အလင်းများ ဖြာထွက် လာသည်။
မကြာခင်တွင် လူတိုင်းသည် နဝမ အစေခံနှင့်တူ၍ ထူးကဲဆန်းပြားသည့် စွမ်းအားကို ပိုင်ဆိုင် ထားသော များပြားလှသည့် ပုံရိပ်များ ထွက်ပေါ်လာသည်အား မြင်တွေ့လိုက်ရသည်။
သူ့အနီးရှိ လေထုမှာ ပြင်းထန်စွာ တုန်ခါနေပြီး ပြည့်နှက်လာသည့် စွမ်းအား အလေးချိန်များ အောက်တွင် ကွဲကြေ သွားတော့မယောင် ထင်မှတ်ရ၏။
ကြောက်မက်ဖွယ် တိုက်ခိုက်ရေး စွမ်းအားများ သူ့ထံမှ ထွက်ပေါ်လာသည်။ အလင်းရောင်စဉ်တန်း သည် တိမ်တိုက်များဆီ ထိုးဖောက် ဝင်ရောက်သွားကာ ကောင်းကင်ရှိ အရာအားလုံးကို ဖြတ်တောက်ပစ်ရန် ကြိုးစားနေသည်။ သို့သော် အထက်ကောင်းကင်တွင် စာလုံး သင်္ကေတများ၏ ရွေ့လျားမှုက ပို၍ ချောမွေ့လာသည်။
ဝုန်း…ဝရော…
ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ပေါက်ကွဲ ထွက်လာကာ မရေတွက်နိုင်သည့် နဝမ အစေခံ ပုံရိပ်များသည် တစ်ချိန်တည်းမှာ ပေါ်ပေါက်လာ၍ ဦးတည်ရာ အသီးသီးသို့ ပြေးထွက်သွားကြသည်။
ယင်းတို့သည် ပြင်ပခန္ဓာသဏ္ဌာန် သက်သက် မဟုတ်ဘဲ ပုံရိပ် တစ်ခုချင်းစီတိုင်းသည် သူ၏ စွမ်းအားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ထောင်ချီသော ပုံရိပ်များက ဦးတည်ချက် အသီးသီးတွင် ပေါ်ပေါက်လာပြီး တစ်ချိန်တည်းမှာပင် လက်သီးကို ပစ်လွှတ် လိုက်ကြသည်။
ဘန်း… ဘန်း… ဘန်း…
ကြောက်မက်ဖွယ် ကျယ်လောင်သည့် ဆူညံသံများ ထွက်ပေါ်လာပြီး ရှေးဟောင်း စာလုံးများက တုန်ခါလာသည်။ အရပ်မျက်နှာတိုင်းတွင် ရှိနေသည့် မရေတွက်နိုင်သော ပုံရိပ်များက တစ်ခဏအတွင်း ပေါင်းစပ်သွားကာ သူတို့၏ ထောင်ချီသော လက်သီးစိမ်းအားများကလည်း ပေါင်းစည်းသွားပြီး လက်သီးတစ်ခုတည်း အဖြစ် ဖြစ်ပေါ်လာသည်။ ထူးကဲလှသည့် လွှမ်းမိုးနိုင်သော စွမ်းအားများက ၎င်းဆီမှ ပေါက်ကွဲ ထွက်လာသည်။
ရှေးဟောင်းစာလုံးများ၏ နံရံမှ အက်ကွဲသံများ အဆက်မပြတ် ကြားလာ နေရသည်။ ကြည့်ရသည်မှာ ကွဲထွက် ပျက်စီးတော့မလိုပင် ဖြစ်သည်။
ထိုသည်မှာ အားလုံးမဟုတ်ဘဲ ပိုများသည့် ပုံရိပ်များ ပေါ်ပေါက်လာသည်။ ယင်းတို့သည် အဆုံးမရှိဟု ထင်မှတ် ရပေသည်။ ၎င်းတို့ရှေ့မှ စာလုံးသင်္ကေတ နံရံသည် ဖျက်ဆီးခံလိုက်ရသည်။
ချင်ရွှမ်ကန်းသည် စာလုံးသင်္ကေတများ နံရံရှေ့သို့ ခြေလှမ်းလိုက်သည်။ သူသည် လက်ကို ဆန့်ထုတ်လိုက်ကာ မိုးကောင်းကင်ကို ဆုပ်ကိုင်လိုက်သည်။
ထို့နောက် အရာအားလုံးထက် ပို၍ ထိတ်လန့်ဖွယ် ကောင်းသည့် မြင်ကွင်းကို လူတိုင်း မြင်တွေ့ကြရပေသည်။
အဆုံးမဲ့ ရှေးဟောင်း စာလုံးများသည် လောကအတွင်း မွေးဖွားနေပြီး အက်ကွဲသွားသည့် နံရံအတွင်းသို့ အဆက်မပြတ် ကျဆင်း လာနေသည်။
ကြောက်မက်ဖွယ် နတ်ဘုရားအလင်းက ကောင်းကင်တွင် ပေါ်ပေါက် လာသည်။
“ထွက်ခွာခြင်း” အသံတစ်ခု ထွက်ပေါ်လာပြီး တောက်ပသည့် နတ်ဘုရား အလင်းများသည် နဝမအစေခံ ရပ်နေရာ တည့်တည့်သို့ ကျဆင်းလာပေသည်။ ထိုအလင်းများသည် သူ့ကို ဖြတ်သန်း ထိုးဖောက် သွားတော့မယောင် ထင်မှတ်ရသည်။
ထို့နောက် လှည့်ပတ်နေသည့် အားလုံးသော စာလုံးသင်္ကေတများမှာ ကွဲကြေ ပျက်စီးသွားပြီး အဆုံးမဲ့ အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲသွားကာ မရေတွက်နိုင်သည့် နဝမအစေခံ ပုံရိပ်များကို ထိုးဖောက် ဖြတ်သန်းသွားခဲ့သည်။
နေရာတစ်ခုလုံးသည် ဖျက်ဆီးခြင်း ခံလိုက်ရ၏။
နဝမ အစေခံသည် ထိုနေရာ အလယ်ဗဟိုတွင် ရပ်၍နေသည်။ မရေတွက်နိုင်သည့် အလင်းတန်းများမှာ သူ့ထံသို့ တိုးဝင်လာသည်။ သူ၏ ခန္ဓာကိုယ်သည် ဖောင်းကားလာပြီး ဝင်ရောက်လာသည့် စွမ်းအင် ပေါက်ကွဲမှုများကို ဖျက်ဆီး ပစ်လိုက်သော်လည်း သူ့အနီးရှိ ပုံရိပ်များမှာ အဆက်မပြတ် ထိုးဖောက် ခံနေရကာ ကြေမွ ပျက်စီးကုန်သည်။ အဆုံးမဲ့ နတ်အလင်းများ ကျဆင်းလာသကဲ့သို့ အခြားသော အလင်းတန်း ကလည်း သူ့ထံသို့ တိုးဝင်လာသည်။
ထိုခဏအတွင်းတွင် မရေတွက်နိုင်သည့် အလင်းတန်းများက သူ့ခန္ဓာကိုယ်ကို ဖြတ်သန်း ထိုးဖောက် သွားခဲ့ပြီး ဖြစ်သည်။
နဝမအစေခံသည် ထိုနေရာ၌ အေးခဲသွားသည်။ သူသည် ကောင်းကင်သို့ မော့ကြည့်လိုက်၏။ ထိုအခိုက်တွင် သူ ဖြတ်သန်းခဲ့ရသည့် ဘဝ အမှတ်တရများက စိတ်ထဲသို့ တိုးဝင်လာကာ သူ့မျက်စိရှေ့၌ ထင်ဟပ် လာ၏။
“အရှင်မင်းကြီး၊ ကျွန်တော်မျိုး တာဝန်ကို ကျရှုံးခဲ့ပါတယ်။ အရှင် ယုံကြည်သလို မရှင်သန်နိုင်ခဲ့ဘူး”
နဝအအစေခံသည် ကြိတ်ကာ သက်ပြင်းချလိုက်သည်။ သူ၏ မျက်ဝန်းထောင့်မှ မျက်ရည်စတို့ စီးကျလာ၏။ သူသည် ငယ်ရွယ်စဉ်က မည်မျှ ဆိုးသွမ်းခဲ့သည်ကို တွေးတောနေသည်။ သူသည် အရှင်မင်းကြီး၏ ထောက်ပံ့ပေးမှုနှင့် ဂရုစိုက်မှုတို့ကို ရရှိသောအခါမှသာ အနာဂတ်ဆိုသည်မှာ ရှိလာခဲ့ခြင်း ဖြစ်သည်။
ထိုအခိုက်တွင် သူသည် သေဆုံးရခြင်းကြောင့် ဝမ်းနည်းမှုတို့ ရှိမနေပေ။ သူ့ နှလုံးသား နာကျင်ရသည့် ကိစ္စမှာ အရှင်မင်းကြီးက ယုံကြည်စွာ အပ်နှံခဲ့သည့် တာဝန်အား ကျရှုံးခဲ့၍ ဖြစ်သည်။
သူသည် သခင်လေးကို ကူညီကာ အင်ပါယာ ဖြစ်လာစေရမည်ဟု သူ့နှလုံးသားထဲတွင် စွဲမြဲ နေခဲ့သည်။ သို့သော် သူသည် ဤကဲ့သို့သော အဆုံးသတ်ကို ကြုံရလိမ့်မည်ဟု မည်သည့် အခါကမှ တွေးထားခဲ့ခြင်း မရှိပေ။
သူသည် အမှားတစ်ခုခုကို ကျူးလွန်ခဲ့သည် ဆိုပါက ထိုသည်မှာ သခင်လေးက မထိသင့်သည့်လူကို သွားဆန့်ကျင်မိသည့် အတွက်သာ ဖြစ်တော့သည်။
လူတိုင်း၏ အကြည့်များက ကောင်းကင်ထဲမှ တိုက်ပွဲပေါ်တွင် မြဲမြံနေကြသည်။
ထိုသည်က အဆုံးသတ်ပေလား။
နတ်ဘုရား အလင်းများသည် အားလုံး၏ မျက်လုံးများကို စူးရှစေခဲ့၏။ တိုက်ပွဲက ကောင်းကင်ထက်တွင် ဖြစ်ပေါ်နေသော်လည်း အားလုံးက တိုက်ပွဲ၏ ပြင်းအားကို ခံစားမိကြသည်။
သူတို့ မျက်လုံးကို ဖွင့်လိုက်သောအခါ နဝမမြောက်အစေခံကား မရှိတော့။ ချင်ရွှင်ကန်းသည်သာ လေထဲ ရပ်လျက် ကျန်ရစ်သည်။
သွေးနဂါးဘုံတွင် ရန်ဟောင် အဆင့်အောက် နံပါတ်တစ် တန်ခိုးရှင်အဖြစ် ကျော်ကြားသော နဝမမြောက်အစေခံကား ချန်ယဲ့မြို့တိုက်ပွဲတွင် သေဆုံးခဲ့ပြီ ဖြစ်သည်။
အားလုံးက အိပ်မက်တစ်ခုအလား ခံစားလိုက်ကြရသည်။
တာလီ၏ယခင် နန်းတွင်းအကြံပေးကား စွမ်းအားကြီးလွန်းရကား နဝမမြောက် အစေခံကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသည်။ ထိုမျှ စွမ်းအားကြီးသူက မည်သို့ ပြန်လည် မွေးဖွားခြင်း အဆင့်တွင်သာ ရှိနေရသနည်း။
ရန်ဟောင် အဆင့်တွင် မည်သူက သူ့အား ယှဉ်နိုင်တော့မည်နည်း။
နဝမမြောက် အစေခံ၏ သေဆုံးခြင်းက သွေးနဂါးမြို့ အပြင်ဘက်တွင် နေသူများအတွက် ခေတ်ဟောင်း တစ်ခု ကုန်ဆုံးခြင်းလည်း ဖြစ်သည်။
တချိန်တုန်းက အင်အားကြီးခဲ့သော ရှေးဟောင်း အင်ပါယာမြို့သည် ကျဆုံးသွားခဲ့ကာ ဘုရင်အသစ် ပေါ်လာခဲ့ပြီ ဖြစ်သည်။
ချန်ယဲ့မြို့သည် သွေးနဂါးမြို့ အပြင်ဘက်တွင် အင်အားအကြီးဆုံး ဖြစ်လာခဲ့၏။
“နဝမအစေခံ”
တိုက်ခိုက်နေဆဲဖြစ်သော ကိုင်ဟွမ်၏မျက်နှာက ပြာနှမ်းသွားခဲ့သည်။
အရာအားလုံး ပြီးဆုံးသွားခဲ့ပြီ။
သူက နောင်တတချို့ရသည်။ သူကား အတိတ်တွင် လွန်စွာ မောက်မာကာ ချန်ယဲ့မြို့မှ လူများအား ထီမထင်ဘဲ အင်ပါယာခွာ၏ အမွေအနှစ်ကို ရှင်းခိုင်အား ပေးလိုခဲ့ခြင်းက သည်ကဲ့သို့ ပြဿနာများအား ဖြစ်ပေါ် စေခဲ့သည်။
ထိုစဉ်က သူသည် ချန်ယဲ့မြို့အား ပြိုင်ဘက်ဟုပင် မထင်ခဲ့။
ရှင်းကျယ်နှင့် ရှင်းနန်တို့လည်း ထိုနည်းတူပင်။ သူတို့၏မျက်နှာများကလည်း ပြာနှမ်း သွားကြသည်။
သူတို့အားလုံး၏ မျှော်လင့်ချက်များ ရိုက်ချိုး ခံရသည်ဟုလည်း ပြောနိုင်ပေသည်။
ရီဖူရှင်းကား ရှင်းကျယ်ကို ဖမ်းကာ လေထဲကို ကြည့်နေဆဲ ဖြစ်သည်။ သူက နဝမမြောက် အစေခံ၏ သေဆုံးခြင်းကို သူ့မျက်လုံးအစုံဖြင့် မြင်သည်။
သူ၏ သေဆုံးခြင်းက ရှင်းကျယ်၏ မျှော်လင့်ချက်များအား ပျက်စီးစေခဲ့သည်။ ယခု သူ့အား မည်သူ ကယ်တင်နိုင်တော့မည်နည်း။
ကိုင်ဟွမ်က ထွက်ပြေးရန် ကြိုးစားသောအခါ တိုက်ပွဲက တစ်ဖက်သတ် ဆန်းသွားသည်။ သို့သော်လည်း များစွာသော ပြန်လည် မွေးဖွားခြင်း အဆင့်တန်ခိုးရှင်များ ဝန်းရံ ပိတ်ဆို့ တိုက်ခိုက်သောအခါ သူလည်း လွတ်လမ်းမရှိတော့ပေ။
“ဒါက မင်းမျှော်လင့်ချက်ကို အဆုံးသတ်စေပြီလား” ရီဖူရှင်းက ရှင်းကျယ်ကို မေးသည်။
“မင်းရဲ့ တောင်းဆိုမှုက ဘာလဲ” ရီဖူရှင်းက ရှင်းကျယ်၏ လည်ပင်းကို ညစ်ထားရာ သူ၏အသံက ဝမ်းခေါင်းသံ ဖြစ်နေသည်။
ရီဖူရှင်းက လည်ပင်းအား ညှစ်ထားသည်ကို လွှတ်လိုက်ကာ လက်ဝါးဖြင့် ရိုက်လိုက်သည်။ ဘန်းခနဲမြည်ကာ ရှန်းကျယ်သည် မြေပြင်ပေါ်ကို ကျပြီး ပါးစပ်မှ သွေးများ ထွက်လာ၏။
“သူ့ကို ဖမ်းထားလိုက်။ သူ့ကို ရှန်းနန်နဲ့ အတူထားလိုက်” ရီဖူရှင်း ပြောသည်။
ဝူယုံးက ရှန်းကျယ်နှင့် ရှန်းနန်တို့အား ဖမ်းကာ ထွက်သွားသည်။
ရီဖူရှင်းက ရှန်းကျယ်နှင့် ရှန်းနန်တို့အား မသတ်ခဲ့ခြင်းမှာ သူတို့၏ အသက်က ထိုမျှ တန်ဖိုး မရှိသောကြောင့် ဖြစ်သည်။ ထိုသို့ သတ်ဖြတ်ခြင်းက အင်ပါယာရှန်းနှင့် ရန်ငြိုး ထပ်ပွားရန်သာ ရှိပေသည်။
သို့သော်လည်း ခွင့်လွှတ်ရန်မှာလည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် ရီဖူရှင်းက သူတို့အား ဖမ်းဆီးထားခြင်း ဖြစ်သည်။
သည်နည်းဖြင့် အင်ပါယာရှန်းက သူ့လူများကို လွှတ်ကာ ညှိနှိုင်းမှုများ ပြုလုပ်ပေလိမ့်မည်။
ရီဖူရှင်းက လူအုပ်ကြီးအား ကြည့်သည်။ သူက ရှင်းခိုင်၏ညီ ရှင်းချိုး သည်နေရာတွင် မရှိသည်ကို သတိထားမိသည်။
မူလက ကိုင်ဟွမ်နှင့် ရှင်းချိုးတို့ကြောင့်သာ ရန်ငြိုးက သည်အထိ ကြီးထွားလာခြင်းဖြစ်သည်။
ယခု နဝမအစေခံက ရှင်းချိုးကို သူနှင့်အတူ ခေါ်မလာခဲ့ပေ။
မည်သို့ဆိုစေ ရှင်းခိုင်ကား သေဆုံးသွားပြီ ဖြစ်ရာ နဝမအစေခံက သူ၏သခင်လေးအား အန္တရာယ်နှင့် ကြုံစေလိုဟန်မတူ။
“အာကာသ ခရီးသွားဝင်္ကပါ” ရီဖူရှင်းက မဲ့ပြုံးပြုံးသည်။ နဝမအစေခံက ရှေးဟောင်း အင်ပါယာမြို့နှင့် ချန်ယဲ့မြို့အကြား ခရီးသွား ဝင်္ကပါတစ်ခု ဖွဲ့စည်းထား၏။
သည်က အမှန်တကယ် …
ရီဖူရှင်းကား ဆွံ့အရသည်။ သူက ပြောသည် “ရှေးဟောင်း အင်ပါယာမြို့ကို သွားကြမယ်”
***
ရှေးဟောင်း အင်ပါယာမြို့တွင် ရှင်းချိုးကား တည်ငြိမ်စွာ ရပ်နေခဲ့သည်။ သူကား တစ်ဘက်မှ သတင်းများကို နားစွင့်နေခြင်း ဖြစ်သည်။
အချိန်ကား ကြာမြင့်နေပြီဖြစ်ကာ သူကား ပြန်မလာသေး။
တိုက်ပွဲစသည်နှင့် ရီဖူရှင်းကား သေဆုံးရပေလိမ့်မည်။
သူကား အဝေးကို ကြည့်နေခြင်း ဖြစ်သည်။ ထိုအခိုက်တွင် အာကာသဓာတ် အလင်းများ ဖြစ်ပေါ်လာကာ လူရိပ်များကို မြင်လိုက်ကြရသည်။
ရှင်းချိုး၏မျက်နှာက စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာ၏။
“အနိုင်ရပြီး ပြန်လာပြီပဲ” သူက ရှေ့ကို တက်ကာ သူ၏ ဆရာနဝမ အစေခံအား ကြိုဆိုရန်ပြင်သည်။
သို့သော်လည်း လူအုပ်၏သွင်ပြင်များ ရှင်းလင်း လာသောအခါ ရှင်းခိုင်၏ မျက်လုံးက ပြူးကျယ် သွားသည်။
သူ့နှလုံးက ပြင်းထန်စွာ ခုန်သွားကာ မျက်နှာက ပြာနှမ်းသွား၏။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ… ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ …
ဒီလို လာတာက ဘာလို့ ရီဖူရှင်း ဖြစ်နေတာလဲ…
နဝမအစေခံ ဘာဖြစ်သွားတာလဲ …
ရီဖူရှင်းက သူ့အား ကြည့်သည်။ သူက ရှေ့ကို မြန်ဆန်စွာ ရွေ့လျားလာခဲ့၏။
ထိုအခါမှသာ ရှင်းချိုးက တုံ့ပြန်ရန် သတိရလာသည်။ သူ၏ အားကောင်းသော ရှန့်ထို ကိုယ်ရောင်ကိုယ်ဝါ ထွက်ပေါ် လာခဲ့သည်။
ဝှီး…
လျှပ်စီးတန်းအလား ရီဖူရှင်းသည် ရှင်းချိုး၏ရှေ့ကို ကျလာကာ သူ့အား လက်ညှိုးဖြင့် ထိုးလိုက်သည်။
သူ့အား ထိုးလိုက်သော လက်ညှိုးသည် မဟာလမ်းစဉ်၏ ကိုယ်စားတော်ဟု ထင်မှတ်ရသည်။ ရှင်းချိုး၏ မျက်နှာက အကြောက်တရားများဖြင့် ရှုံ့တွလာခဲ့၏။ သူ့ထံမှ အားကောင်းသော အရှိန်အဝါသည် ရီဖူရှင်း၏ လက်ညှိုးအောက်တွင် ကွယ်ပျောက် သွားရသည်။
တောက်…
ရီဖူရှင်းက သူ၏လက်ညှိုးအား ရှင်းချိုး၏နဖူးကို ထောက်လိုက်လျှင် ဖျက်ဆီးအားသည် သူ၏ စိတ်အသိကို ပျက်စီး သွားစေသည်။
ရှင်းချိုး၏မျက်လုံးများ ပြူးကျယ် သွားခဲ့သည်။
သူက အမှန်တကယ် သည်ကဲ့သို့ သေဆုံး သွားတော့မည်လား။
ရီဖူရှင်းက စကားတစ်ခွန်းမှ မဆိုပေ။ သူကား ရှင်းချိုးကို သတ်ပေမည်။
ထိုအခိုက်တွင် ရှင်းချိုးကား အလွန်ဝမ်းနည်းမှုကို ခံစားရသည်။ သူကား မည်သည့် အခါကမှ အရေးပါသောသူ မဟုတ်ခဲ့။
သူ့အား ရီဖူရှင်းက လက်ညှိုး တစ်ချောင်းတည်းဖြင့် သတ်ဖြတ် နိုင်ပေသည်။
ဘန်း …
လက်ချောင်းက ရှင်းချိုး၏ နဖူးကို ထိတွေ့လျှင် အားလှိုင်းသည် သူ၏ စိတ်အသိကို ပျက်စီး သွားစေခဲ့ပြီး သူ၏ အသက်မဲ့သော ခန္ဓာသည် မြေပြင်ပေါ်သို့ ကျ၏။
အစကနေ အဆုံးအထိ ရီဖူရှင်းက စကားတစ်ခွန်းမှ မဆိုခဲ့ပေ။ ရှင်းချိုးက ထိုမျှ မထိုက်တန်။
“သခင်လေး” မြို့စားအိမ်တော်မှ လူများအားလုံး ထိတ်လန့် သွားကြသည်။ ရီဖူရှင်းက ရှင်းချိုးကို ထိုသို့ လွယ်ကူစွာ သတ်ဖြတ်နိုင်သည်လား။
“ရှင်းချိုးနဲ့ နဝမ အစေခံတို့ရဲ့ လက်အောက်ခံတွေ အားလုံးကို စွမ်းအားဖျက်ဆီးလိုက်” ရီဖူရှင်းက ပြောသည်။ ရီဖူရှင်းနှင့် ပါလာသူများအားလုံးက ရှေးဟောင်း အင်ပါယာမြို့ကို စတင်၍ ရှင်းလင်းကြသည်။
အချိန်တိုအတွင်း အင်အားအကြီးဆုံး မြို့ဖြစ်သော ရှေးဟောင်း အင်ပါယာမြို့ကား ကျဆုံး သွားခဲ့သည်။
သူက အားလုံးကို အစီအစဉ်တကျ စီမံခန့်ခွဲပြီး နောက်တွင် ချန်ယဲ့မြို့သို့ ပြန်သွားခဲ့သည်။
သည်ကိစ္စကား အဆုံးသတ်ပြီဖြစ်သည်။ ယခု ချန်ယဲ့မြို့ကို အန္တရာယ်ပေးနိုင်သော အင်အားစု မရှိတော့ပေ။
***