← Chapters

အခန်း (၆၆၃)

Vol. 45 Ch. 663

အခန်း (၆၆၃)

Vol. 45 Ch. 663

ချလွမ် ချလွမ်

လီချင်းယန်နှင့် တခြားသောသူများသည် ၎င်းတို့၏ လက်နက်များကို ထုတ်ဖော်လိုက်၏။ သူတို့၏ မျက်လုံးထဲမှာ တော့ တိုက်ခိုက်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်သွားတော့သည်။ ၎င်းတို့သည် အရင်တုန်းက မျက်နှာဖုံးတပ် လူများ နှင့် တိုက်ခိုက်ခဲ့ကြသည်ဆိုသော်လည်း ထိုသူများမှာ အလွန်တရာ အားနည်းလွန်း၏။ လက်ရှိအခြေအနေတွင် သိုင်းဘုရင်အဆင့်သုံး ကျင့်ကြံသူများနှင့် နှိုင်းယှဉ်၍ရသော စိတ်ဝိညာဉ်သားရဲ ဝက်ဝံများနှင့် ရင်ဆိုင်တွေ့ရသည့် အချိန်မှာတော့ အလွန်တရာ ပျော်ရွှင်မိနေကြ၏။ သူတို့အနေနှင့် စိတ်ရှိလက်ရှိ၊ အင်ပြည့်အားပြည့် တိုက်ခိုက်နိုင် တော့မည်ဟု တွေးကာ ပျော်ရွှင်လျက်ရှိနေသည်။

တခြားသော ကျင့်ကြံသူများသည်သာ ဤကဲ့သို့သော သားရဲများနှင့် ရင်ဆိုင်ရမည်ဆိုပါက ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် မယုံကြည်နိုင်ဖွယ် ကောင်းလောက်သည့် သားရဲများ၏ အရေအတွက်ပင်ဖြစ်သည်။

“သွားကြမယ်”

လီချင်းယန်သည် အော်ဟစ်လိုက်၏။

ဝှစ် … ဝှစ်။

စုရှောင်မိုနှင့် လီဖေးတို့သည် ၎င်းတို့၏ခြေထောက်တွင် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းကာ ရှေ့သို့ပြေးတက်၍ ကန်ကျောက်လိုက်တော့သည်။

ဘန်း ဘန်း

မြေကမ္ဘာစိတ်ဝိညာဉ်ဝက်ဝံကြီးနှစ်ကောင်သည် အနောက်ဘက်သို့လွှင့်စင်ပြီး မြေပေါ်သို့ လဲကျသွားကြ၏။ ကံကောင်းစွာဖြင့် ၎င်းသားရဲများ၏ အဘေန်း ဘန်း ဘန်း …။

လီဖေးသည် ပြေးလွှားသွားရင်းမှ သူ၏ အရိပ်မဲ့ကန်ချက်များကို ထုတ်ဖော်ပြီး လဲကျလျက်ရှိသော စိတ်ဝိညာဉ် သားရဲ၏ ရင်ဘတ်အား ဆောင့်နင်းလိုက်၏။

ဖောင်း

မြေကမ္ဘာစိတ်ဝိညာဉ်ဝက်ဝံ၏ ရင်ဘတ်သည် ချိုင့်ဝင်သွားပြီးသည့်နောက် အသက်ဓာတ်များ ကုန်ဆုံးသွားခဲ့၏။ လီဖေး၏ ကန်ချက်သည် အကာအကွယ်အထူးပြု ကျင့်ကြံခြင်းသတ္တဝါဖြစ်သော မြေကမ္ဘာစိတ်ဝိညာဉ် ဝက်ဝံကိုပင် တစ်ခါတည်း သတ်ဖြတ်နိုင်ခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေသည်။

ဘုန်း ….။

အခြားတစ်ဖက်မှာတော့ စုရှောင်မိုသည် လေထဲသို့ ခုန်တက်လိုက်၏။ သူသည်လေထဲမှာပင် စိတ်ဝိညာဉ်စွမ်းအင် များကို စုစည်းကာ သူ့၏အနားဆီသို့ တိုးလာသော မြေကမ္ဘာစိတ်ဝိညာဉ်ဝက်ဝံကြီးတစ်ကောင်အား အသာ ထိုးနှက် လိုက်၏။

“ဂျူနီယာညီလေးလီ”

သူအော်လိုက်၏။ “ဒါကို ငါ့ကိစ္စထားလိုက်တော့”

“ကောင်းပါပြီ”

လီဖေးသည် ခြေဖျားထောက်ကာဖြင့် လေထဲသို့ ခုန်တက်လိုက်၏။ လေထဲမှာရှိနေစဉ်မှာပဲ သူသည် အရိပ်မဲ့ ခြေကန်ချက်ကို အသုံးပြုကာ ထပ်မံကာ တိုက်ခိုက်လိုက်ပြန်၏။

ဘုန်း

မြေကမ္ဘာစိတ်ဝိညာဉ်ဝက်ဝံကြီးသည် ထပ်မံ၍ အကန်ခံလိုက်ရပြီးသည့်နောက် ၎င်း၏ အပေါင်းအပါများဆီသို့ လွှင့်စင်သွားခဲ့၏။ သိုင်းဘုရင်အဆင့်သုံးကျင့်ကြံသူများနှင့်နှိုင်းယှဉ်၍ ရနိုင်သော စိတ်ဝိညာဉ်သားရဲများသည် အလွန်တရာ အားကောင်းလွန်း၏။ သို့ပေမဲ့ စုရှောင်မိုနှင့် လီဖေးတို့ကဲ့သို့သော သိုင်းဘုရင်ရှေ့မှာတော့ ၎င်းတို့သည် ပက်ပက်စက်စက် ကန်ကျောက်ခြင်းကို ခံနေရသည်။

ဝေါင်း … ဝေါင်း။

ဟူး …..။

တခြားသောတည်နေရာမှာတော့ များပြားလှသော ဝက်ဝံများသည် ပြေးဝင်လာကြတော့၏။ လီယုဟွာသည် လက်ဗလာနှင့် ရှေ့သို့လှမ်းတက်လိုက်၏။ ပြီးနောက် အလွန်တရာ ကြီးမားလှသော သစ်ပင်ကြီးကို ကိုင်ကာ အမြစ်မှ ဆွဲနှုတ်ပြီး ဝင်ရောက်လာသော ဝက်ဝံများကို ရိုက်နှက်တော့သည်။ သူ၏အားအင်သည် အလွန်တရာ အားကောင်းလှပြီး ပြိုင်စံရှားဂိုဏ်း၏ ဒုတိယမြောက် တင့်ကားဟုပင် သတ်မှတ်ထားရသည့်လူ ပီသလွန်းလှ၏။

“ဓားအားအင် …. ကျက်သရေဓား”

ဝှစ်

မြေကမ္ဘာစိတ်ဝိညာဉ်ဝက်ဝံများ မြေပေါ်သို့မရောက်ရှိခင် အချိန်ကလေးအတွင်းမှာပဲ ကျိုးဟုန်သည် သူ၏ ဓားနည်းစနစ်ကို ထုတ်ဖော်လိုက်တော့သည်။ အလွန်တရာ ထက်ရှလှသော ဓားအော်ရာများထွက်ပေါ်လာပြီး သည့်နောက် ဝက်ဝံများသည် ကိုယ်တစ်ပိုင်း ပြတ်ထွက်ကုန်သည်။

ရွှီး ရွှီး …..

သွေးများသည် နေရာအနှံ့သို့ ပျံ့လွင့်သွားပြီး တောင်ဆီသို့ပင် လွှင့်စင်သွားတော့၏။

“ဒါတကယ်ကြီးပါလား”

ကျွင်းချောင်ရှောင်း အံ့အားသင့်သွား၏။ သူ၏အထင်အရဆိုလျှင် လျှို့ဝှက်နယ်မြေထဲရှိ အရာအားလုံးသည် စိတ်ဝိညာဉ်စွမ်းအင်များနှင့် အသွင်ပြောင်းဖြစ်တည် ဖန်တီးထားခြင်း ဖြစ်သည်ဟူ၍ ။ သို့ပေမဲ့ တကယ်တမ်း သွေးထွက်နေသည်။ ထိုသွေးများမှပင် သွေးညှီနံ့များ ရရှိနေသည်ဖြစ်သောကြောင့် အစစ်အမှန်ကဲ့သို့ပင် ထင်မှတ်မိစေသည်။

“ကောင်လေးတွေ... မင်းတို့ စိတ်ရှိတိုင်း တိုက်ခိုက်လိုက်ကြ”

အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ သူသည် လှုပ်ရှားရန် ရည်ရွယ်ချက်မရှိပေ။ ထိုအစား သူ၏တပည့်များ ကိုသာ စိတ်ဝိညာဉ်သားရဲများနှင့် ရင်ဆိုင်တိုက်ခိုက်စေခဲ့၏။

ရွှီး ရွှီး

လုံကျိရန်၊ လီထျန်းထျန်းနှင့် တခြားသောသူများသည်လည်း အင်ပြည့်အားပြည့်နှင့် တိုက်ခိုက်နေကြသည်။ အဘယ် ကြောင့် ဆိုသော် အနီးအနားတွင် တစ်ယောက်မှမရှိသောကြောင့် သူတို့သည် ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ခြင်း နည်းစနစ်ကို အသုံးပြုထားစရာမလိုပေ။ ထို့ကြောင့် သိုင်းဘုရင်အဆင့် အော်ရာများကို ထုတ်ဖော်ကာ အားရပါးရ တိုက်ခိုက်လျက်ရှိနေသည်။

ဟူး ဟူး

ချက်ချင်းဆိုသလိုပဲ တောအုပ်တစ်ခုလုံးတွင် အလွန်တရာများပြားလှသည့် သိုင်းဘုရင်များ၏ အော်ရာများသည့် ပြည့်နှက်သွားတော့သည်။ ဤတိုက်ပွဲအား လိုင်လီနတ်ဂိုဏ်းမှလူများ မြင်တွေ့သွားမည်ဆိုပါက မျက်စိသူငယ်အိမ်များပင် ပြုတ်ကျလုမတတ် ထိတ်လန့်တုန်လှုပ်သွားပေလိမ့်မည်။ ဤအရာသည်ကသာလျှင် ပြိုင်စံရှားဂိုဏ်းတပည့် များ၏ အားအင်အစစ်အမှန်ပင် ဖြစ်သည်။ လိုင်လီနတ်ဂိုဏ်းကို စိန်ခေါ်ခဲ့ခြင်းသည် ကလေးကစားစရာကဲ့သို့ပင် ဖြစ်သည်။ သူတို့အနေနှင့် အလုံးစုံအားအင်အဆင့်ကို ထုတ်ဖော်အသုံးမပြုခဲ့ကြပေ။

ဟူး

မြေကမ္ဘာစိတ်ဝိညာဉ်သားရဲဘုရင်သည် တောင်ကြီးတစ်တောင်လောက်ပင် ကြီးမားပြီး အားကောင်းလွန်းလှ၏။ သူ၏လက်တစ်ချက်ကို ဝှေ့ယမ်းလိုက်ပြီးသည့်နောက် အလွန်တရာ အားကောင်းလှသော အားအင်များသည် ဖွဲ့တည်လာသည်။ ပြီးနောက် အောက်ဘက်သို့ ကျဆင်းလာ၏။ ဤစိတ်ဝိညာဉ်သားရဲကြီးသည် သိုင်းအုပ်စိုးသူ အဆင့်သုံးကျင့်ကြံသူတစ်ယောက်နှင့်ပင် နှိုင်းယှဉ်၍ ရနိုင်၏။ ထို့ကြောင့် အားအင်အဆင့်မှာ အလွန်တရာ ကြမ်းတမ်းလွန်း၏။ တိုက်ခိုက်လိုက်ချိန်မှာတော့ တည်နေရာတစ်ခုလုံးပင် ယမ်းခါသွားသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်းရှိ၏။

“အိုး … မကောင်းတော့ဘူး”

စုရှောင်မိုနှင့် လီဖေးတို့၏ မျက်နှာများသည် ပြောင်းလဲသွားသည်။ သူတို့၏ စွမ်းဆောင်ရည်နှင့် တိုက်ခိုက်မှုသည် တစ်ဖက်လူ မျက်စိနောက်စရာပင်ဖြစ်နေ၏။ ထို့ကြောင့်ပင်လျှင် မြေကမ္ဘာစိတ်ဝိညာဉ်သားရဲဘုရင်သည် သူတို့ နှစ်ယောက်အား အလွန်တရာ မုန်းတီးနေပေ၏။

ဟူး

ကြီးမားလွန်းသည့်လက်သီး ကျဆင်းလာပြီးနောက် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ ထို့ကြောင့် စုရှောင်မိုနှင့် လီဖေးတို့သည် ရှောင်ရှားရန် အချိန်မရှိခဲ့ပေ။ ရှောင်ကျီသည် ဘေးတစ်ဖက်ဆီမှာ လှမ်းတက်လာပြီး သည့်နောက် အမဲရောင်ချပ်ဝတ်တစ်ခုသည် သူ၏ခန္ဓာကိုယ်၌ ပေါ်လာသည်။ အလွန်တရာ ကြည့်ကောင်းလှ၏။

ဘုန်း

မြေကမ္ဘာစိတ်ဝိညာဉ်သားရဲ၏ ကြီးမားလှသော လက်သီးကြီးသည် ကျဆင်းလာပြီးသည့်နောက်မှာတော့ မြေတည်နေရာတစ်ခုလုံးသည် ကွဲအက်သွား၏။ စိတ်ဝိညာဉ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ရှောင်ကျီသည် တည်နေရာမှာတင် မတ်မတ်ရပ်လျက်ရှိပြီး ကြီးမားလှသော လက်သီးကြီးအား လက်နှစ်ဖက်ဖြင့် ခုခံထား၏။ မြေပြင်များသည် ကွဲအက်သွားပြီး သူ၏ခြေထောက်တစ်ဖက်သည် မြေပြင်ထဲသို့ နစ်ဝင်နေသည်။

အား

ရှောင်ကျီ၏ သွေးကြောများသည် ဖောင်းကြွလာ၏။ သူသည် ဒေါသတကြီးဖြင့် လက်ကိုမြှောက်လိုက်ပြီး သည့်နောက် မြေကမ္ဘာစိတ်ဝိညာဉ် ဝက်ဝံ ဘုရင်၏ လက်သီးအား တွန်းထုတ်လိုက်၏။ ပြိုင်စံရှားဂိုဏ်း၏ နံပတ်တစ် တင့်ကားဟု ခေါ်ဆိုရလောက်စွာပင် ၎င်း၏ အကာအကွယ်အားအင်သည် အလွန်တရာ အားကောင်းလွန်း၏။

ဟူး

မြေကမ္ဘာစိတ်ဝိညာဉ်သားရဲဘုရင်သည် သူ၏လက်ကိုမြှောက်ပြီး ထပ်မံထိုးနှက်လိုက်တော့သည်။ ဤစိတ်ဝိညာဉ် သားရဲသည် သိုင်းအုပ်စိုးသူအဆင့်ကျင့်ကြံသူနှင့်ပင် နှိုင်းယှဉ်၍ ရသူဖြစ်သောကြောင့် လောကကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်တော့မည့်ပုံစံမျိုး ဖြစ်တည်လျက်ရှိတော့သည်။

“လာစမ်း”

ရှောင်ကျီသည် သူ၏လက်များကို ဖြန့်ကား ပြီးသည့်နောက် မြေဓာတ်စိတ်ဝိညာဉ်စွမ်းအင်များသည် သူ၏ လက်ဝါးထဲတွင် ဖြစ်တည်လာသည်။ ဤအရာသည် သူ ဓာတ်ငါးပါးကောင်းကင်နည်းစနစ်ကို ကျင့်ကြံပြီးသည့် နောက်တွင် သူနားလည်ခဲ့သော ဒုတိယမြောက် ဓာတ်သဘာဝဖြစ်၏။

ဟူး … ဟူး

မြေဓာတ်သဘာဝ စိတ်ဝိညာဉ်စွမ်းအင်များသည် မြန်မြန်ပဲ ဖြစ်တည်လာပြီးသည့်နောက် ရှောင်ကျီ၏ အရှေ့ဘက် တွင် ကြီးမားလွန်းသော မြေနံရံကြီးတစ်ခု ဖြစ်တည်လာသည်။

ဘုန်း

အားပါပြင်းထန်လှသော လက်သီးချက်သည် မြေနံရံကြီးတစ်ခုလုံးကို ထိုးခွဲလိုက်ပြီးနောက် မြေနံရံကြီးသည် ပျက်စီးသွားတော့သည်။ ဤကဲ့သို့သော အချိန်ကို အခွင့်ကောင်းယူ၍ ရှောင်ကျီသည် အလျင်အမြန်ပဲ နောက်သို့ ဆုတ်လိုက်သည်။ သို့ပေမဲ့ သူ့အနေနှင့် သွေးတစ်လုတ်ပင် အန်ထွက်လာ၏။

မျက်လုံးထဲတွင်တော့ အလွန်တရာ နာကြည်းသည့် အရိပ်အယောင်များ ဖြစ်တည်လာသည်။ သူ၏ခန္ဓာကိုယ်သည် အားကောင်းလွန်းလှသည် ဆိုသော် လည်း သိုင်းအုပ်စိုးသူ အဆင့် ၏ တိုက်ခိုက်ချက်နှစ်ချက်ကို ခုခံဖို့အတွက် အလွန်တရာ ခက်ခဲနေသည်။

သို့ပေမဲ့ ဤမျှလောက် ခုခံထားနိုင်သည်မှာ အလွန်တရာ အားကောင်းလွန်းသောကြောင့်ဟု ဆိုရမည်။ တခြားသော သိုင်းဘုရင်များ ဆိုပါက တစ်ချက်တည်းနှင့်ပင် တစ်ခါတည်း အသားပြား ဖြစ်သွားပေလိမ့်မည်။

ရှောင်ကျီသည် သာမန်မဟုတ်သည့်အပြင် စိတ်ဝိညာဉ်ချပ်ဝတ်ကိုလည်း ဝတ်ဆင်ထားသေး၏။ ထို့အပြင် မြေဓာတ် သဘာဝနည်းစနစ်ကိုလည်း နားလည်ထား၏။

ဝှစ်

မြေကမ္ဘာစိတ်ဝိညာဉ်သားရဲဘုရင်သည် ထပ်မံ၍ တိုက်ခိုက်လိုက်၏။ သူထုတ်ဖော်လိုက်သည့် အားအင်အဆင့်နှင့် အမြန်နှုန်းသည် အလွန်တရာအားကောင်းပြီး မြန်လွန်းသည်မို့ ရှောင်ကျီအနေနှင့် ရှောင်ရန် မဖြစ်နိုင်တော့ပေ။

“ရေခဲစည်း”

လုချင်းချင်းသည် ပြေးထွက်လာပြီးသည့်နောက်မှာတော့ သူမ၏လက်များကို ယမ်းခါလိုက်သည်။ အလွန်တရာ အေးစက်လှသော အော်ရာများဖြစ်တည်လာပြီးသည့်နောက် ထိုအော်ရာများသည် ဝက်ဝံသားရဲဘုရင်အား ဆက်လက်ကာ တိုက်ခိုက်တော့သည်။

ခလွပ်

ချက်ချင်းဆိုသလိုပဲ ကြီးမားလှသော သားရဲ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရေခဲများ ဖုံးလွှမ်းသွား၏။ ရေခဲအင်ပါယာ ၏ အမွေအနှစ်ကို ဆက်ခံပြီးသည့်နောက်မှာတော့ ဤမိန်းကလေးသည် မြေကမ္ဘာစိတ်ဝိညာဉ်ဘုရင်ကိုပင် လွယ်လွယ်ကူကူနှင့် စည်းခတ်နိုင်စွမ်းရှိနေပြီဖြစ်၏။ လက်သီးချက်သည် ရှောင်ကျီဆီသို့ ကျဆင်းလာရန် ငါးပေ လောက်ပင် ကွာဟနေသေး၏။

“ဂျူနီယာမောင်လေးရှောင်... ဒီနေရာကနေထွက်တော့”

ဝှစ်

ရှောင်ကျီသည် တွန့်ဆုတ်မနေတော့ဘဲ တိမ်ခြေလှမ်း နည်းစနစ်ကို အသုံးပြုကာ မြန်မြန်ဆန်ဆန်ပဲ ထွက်ပြေးလိုက်သည်။

“ကောင်းကင်နီဓားခုတ်ပိုင်းချက်”

“သက်တန့်ရောင်စဉ်ကျမ်း”

ဝှစ်

စုရှောင်မိုနှင့် လီဖေးတို့သည် အစောကြီးကတည်းက ရှောင်တိမ်းပြီးသည်မို့ အားအင်များပြည့်ဝနေကြပြီဖြစ်သည်။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်း၏ အားအကောင်းဆုံးသော သိုင်းနည်းစနစ်များကို ထုတ်ဖော်လိုက်တော့သည်။ အလွန်တရာ အားအင်ပြင်းထန်လွန်းသော မီးတောက်ခုတ်ပိုင်းချက်နှင့် ကြက်သွေးရောင်မီးတောက်များသည် တည်နေရာတစ်ခုလုံးတွင် ဖွဲ့တည်လာ၏။

လုံကျိရန်၊ စုန့်ရွှမ်ကျူး နှင့် တခြားသူများ အားလုံးမှာတော့ ၎င်းတို့၏ သားရဲများကို တိုက်ခိုက်နေရာမှ တခြားဘေး တစ်ဖက်ဆီသို့ခုန်၍ ကောင်းကင်နီဓားကွက်နှင့် သက်တန့်ရောင်စဉ် နည်းစနစ်များကို ချက်ချင်းထုတ်ဖော် အသုံးပြု လိုက်ပြန်သည်။

ဝှစ် ဝှစ်

မီးတောက်အမျိုးအစား ပေါင်းစုံတို့သည် ဖြတ်သန်းသွားပြီးနောက် အလင်းတန်းများသည် မတူညီသည့် တည်နေရာ များဆီမှ ထွက်ပေါ်လာ၏။

ခရက် ခရက်

မြေကမ္ဘာသားရဲဘုရင်အား ဖုံးအုပ်လျက်ရှိသော ရေခဲများသည် ကွာကျသွားသည်။ သူ၏ ချုပ်နှောင်ခြင်းမှ လွတ်မြောက်ပြီးနောက် ကြမ်းကြမ်းတမ်းတမ်းပဲ တိုက်ခိုက်တော့သည်။

ဘုန်း ဘုန်း ဘုန်း

သစ်တောထဲမှာတော့ ပေါက်ကွဲသည့်အသံကြီးများ ဖြစ်ပေါ်လျက်ရှိပြီး မှောင်မိုက်နေသည့် တောအုပ်ထဲတွင် လှပလွန်းသည့် အလင်းတန်းများနှင့် ပြည့်နှက်နေ၏။

အူး

မြေကမ္ဘာစိတ်ဝိညာဉ်ဝက်ဝံဘုရင်ကြီးသည် သိုင်းကျင့်ကြံသူများ၏ အမျိုးအစားစုံလင်လှသော တိုက်ခိုက်ချက်များ နှင့် ရင်ဆိုင်ရချိန်မှာတော့ အလွန်တရာနာကျင်လှသော အော်ဟစ်သံများပင် ထွက်ပေါ်လာသည်။

သူသည် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ပြီးသည့်နောက်မှာတော့ တောင်ကြီးတစ်တောင်ကဲ့သို့ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် ယိုင်ထိုးနေပြီး အချိန်မရွေး ပြုတ်ကျတော့မည့် အနေအထားမျိုးပင် ဖြစ်နေတော့၏။ သူ၏ ခန္ဓာကိုယ်သည် အလွန်တရာ အားကောင်းလှ၏။ သို့ပေမဲ့ ဤမျှများပြားပြီး အားကောင်းလွန်းလှသော သိုင်းဘုရင်များ၏ ပူးပေါင်းတိုက်ခိုက်ချက်ကို ခံရချိန်မှာတော့ မခံနိုင်ခဲ့ချေ။

“အားနည်းနေတုန်း ….. သတ်လိုက်တော့” ကျွင်းချောင်ရှောင်း အော်လိုက်သည်။

ဝှစ် … ဝှစ်

လီချင်းယန်၊ ရှောင်ကျီနှင့် အတွင်းစည်းတပည့် ငါးဆယ်ခန့် အားလုံးသည် ပျံသန်းလာပြီးသည့်နောက် လေထုထဲ မှာပဲ အလွန်တရာများပြားလှသော အလင်းတန်းများကို ထုတ်ဖော်ကာ ဝက်ဝံသားရဲဘုရင်အား စုပေါင်းတိုက်ခိုက် လိုက်ကြတော့၏။

All Chapters