← Chapters

အခန်း (၆၆၄)

Vol. 45 Ch. 664

အခန်း (၆၆၄)

Vol. 45 Ch. 664

အကယ်၍ သူတို့သည်သာ လေးငါးယောက်သာပါသည်ဆိုပါက သိုင်းအုပ်စိုးသူအဆင့်ခြောက်နှင့် နှိုင်းယှဉ်၍ ရနိုင်သော စိတ်ဝိညာဉ်သားရဲကြီးအား အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ သိုင်းဘုရင် အယောက် ငါးဆယ် တို့သည် ၎င်းတို့၏ အလွန်တရာအားကောင်းလွန်းသော သိုင်းနည်းစနစ်ျားကို ထုတ်ဖော်၍ တိုက်ခိုက်လိုက်ချိန် မှာတော့ ဖြစ်ပေါ်လာသော အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသွား၏။

ဘုန်း ဘုန်း ဘုန်း

အလင်းတန်းမျိုးစုံသည် မြေကမ္ဘာစိတ်ဝိညာဉ်သားရဲဘုရင်အား ထပ်မံပြီး ထိမှန်ပြီးသည့်နောက် ဝက်ဝံကြီးသည် အနောက်သို့ တစ်လှမ်းခြင်း ဆုတ်ခွာသွားပြီး နောက်ဆုံးမှာတော့ မြေပေါ်သို့ ပြုတ်ကျသွားသည်။

ဝှစ်

ကျိုးဟုန်သည် လေထဲသို့ ခုန်တက်လိုက်ပြီးသည့်နောက် သူ၏ဓားလက်ကိုင်အား လက်တစ်ဖက်ဖြင့်ကိုင်ဆောင် ကာ ဆွဲယူလိုက်၏။ အအေးအလင်းတန်းများသည် သူ၏မျက်လုံးထဲတွင် ဖြတ်ပြေးသွား၏။

ဝှစ် ဝှစ်

ထူထဲပြီး များပြားလှသော ဓားချီများသည် မြေကမ္ဘာစိတ်ဝိညာဉ်ဘုရင်အား အပိုင်းပိုင်း ဆွဲဖြတ်သွားစေသည်။

ဝှစ်

သွေးများသည် ပန်းထွက်လာ၏။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများ အားလုံးသည်လည်း ကောင်းကင်နီ ဓားကွက်နှင့် သက်တန့်ရောင်စဉ်ဓားနည်းစနစ်များကို ဆက်တိုက်ဆိုသလိုပဲ ထုတ်ဖော် တိုက်ခိုက်သည်။

ဘုန်း ဘုန်း

နောက်ဆုံးမှာတော့ မြေကမ္ဘာစိတ်ဝိညာဉ်ဘုရင်သည် ပြိုင်စံရှားဂိုဏ်းတပည့်များ၏ ပူးပေါင်းတိုက်ခိုက်မှုအောက် တွင် သေဆုံးသွားခဲ့ရပြီဖြစ်၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။

သာမန်သိုင်းဘုရင်များ ဖြစ်သည်ဆိုလျှင် လူဦးရေအရ များပြားလွန်းသည်ဆိုလျှင်တောင် တကယ့် တကယ်တမ်းမှာတော့ တစ်ဖက် သားရဲ ကြီးအား အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။

ဤကဲ့သို့သော လုပ်ဆောင်နိုင်သည့်အရာမှာ ပြိုင်စံရှားဂိုဏ်း တပည့်များ ဖြစ်နေသောကြောင့်ပင်။ ၎င်းတို့သည် အဆင့်နှစ်သိုင်းဘုရင်များ ဖြစ်သည်ဆိုလျှင်တောင် ၎င်းတို့၏ အဆင့်နှင့် ထုတ်ဖော်တိုက်ခိုက်လိုက်သော သိုင်းနည်း စနစ်များသည် ကြောက်မက်ဖွယ်ကောင်းလွန်းနေ၏။ ထို့ကြောင့် ပူးပေါင်းတိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သော အချိန်တွင် ကျိန်းသေပေါက် အားကောင်းလွန်းပြီး သိုင်းအုပ်စိုးသူ အဆင့် နှင့် နှိုင်းယှဉ်၍ ရသော သားရဲကြီးပင်လျှင် ချက်ချင်းသေဆုံးသွားရ၏။

ကျွင်းချောင်ရှောင်းသည် အလွန်တရာ စိတ်ကျေနပ်လျက်ရှိသည်။ သူ၏တပည့်များ၏ အားအင်အဆင့်သည် မြင့်မားရုံတင်သာမက အရေအတွက်အရလည်း ပြိုင်ဘက်ရန်သူအား အနိုင်ယူနိုင်နေသေးသည်။

အကြီးအကဲဝေနှင့် တခြားသော ဆေးခန်းမဆောင်မှသူများသည်သာ ယခုထက်ပိုမို၍ ဆေးပင်များ စိုက်ပျိုးနိုင်မည့်အချိန်တွင် သိုင်းဘုရင်ဆေးလုံးများကို ယခုထက်ပို၍ ထုတ်ဖော်နိုင်ပေလိမ့်မည်။ ဤသို့ဆိုလျှင် ဂိုဏ်းတွင် သိုင်းဘုရင်များ ထပ်မံ၍ ပေါ်ထွက်လာပေလိမ့်မည်။

မြေကမ္ဘာစိတ်ဝိညာဉ်သားရဲဘုရင်သေဆုံးပြီးသည့်နောက်မှာတော့ ကျန်သည့် စိတ်ဝိညာဉ်သားရဲ ဝက်ဝံများ အားလုံးသည် ကြောက်လန့်သွားကြသည်။ ၎င်းတို့သည် ကြီးမားလှသော ခန္ဓာကိုယ်ကြီးကို လှည့်ကာဖြင့် ထွက်ပြေးကြတော့သည်။

ဟမ့်

ဤအသွင်ပြောင်းထားသော စိတ်ဝိညာဉ်သားရဲများသည် ပုံရိပ်ယောင် တည်နေရာထဲတွင် ရှိနေသည်ဆိုလျှင်တောင် မှ ကြောက်လန့်မှုကို သိရှိနေ၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အားလုံးကို သတ်လိုက်ကြ”

ဝှစ် ဝှစ်

လီချင်းယန်နှင့် ရှောင်ကျီတို့သည် တိမ်ခြေလှမ်းကို အသုံးပြု၍ အရှေ့သို့ လှမ်းတက်လာခဲ့သည်။ အချိန်တိုအတွင်းမှာပဲ စိတ်ဝိညာဉ်သားရဲများအားလုံးသည် အသတ်ခံလိုက်ရသည်။

တွီ

နောက်ဆုံးကျန်ရစ်သော မြေကမ္ဘာစိတ်ဝိညာဉ်သားရဲ သေဆုံးသွားပြီးသည့်နောက် ၎င်းတို့၏ရှေ့ရှိ မြင်ကွင်းတစ်ခု လုံးသည် ပြောင်းလဲသွားသည်။ အားလုံးသည် အဝါရောင်သဲတွေကြီးရှိသော တည်နေရာကြီးတစ်ခုတွင် ပေါ်လာခဲ့၏။

“မပြီးသေးဘူးလား” ကျွင်းချောင်ရှောင်းအံ့အားသင့်သွားမိ၏။

ရွှီး ရွှီး

မြေပေါ်ရှိ သဲတစ်ခုလုံးသည် တုန်ခါသွား၏။ ပြီးနောက် နက်မှောင်လျက်ရှိသော ကင်းမြီးကောက် သားရဲများသည် ထွက်ပေါ်လာသည်။ အချိန်တိုတွင်းမှာပဲ ၎င်းတို့သည် အရေအတွက်အားဖြင့် တစ်သိန်းနီးပါးခန့် ရှိသွားသည်။

အပေါ်မှငုံ၍ ကြည့်လိုက်မည်ဆိုလျှင် နက်မှောင်နေသည့်အကောင်များ ရွစိရွစိနှင့် တက်လာသည်ကို မြင်ရမည်။ ဤနေရာတွင် ဤကဲ့သို့ အကောင်ပေါက်များအား ကြောက်လန့်တတ်သည့်သူများပါသည်ဆိုပါက မူးဝေ အော့အန်နေပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည်မှာတော့ လေထဲတွင် မတ်မတ်ရပ်လျက်ရှိပြီး တီးတိုးရေရွတ် လိုက်သည်။ “ဒါက စမ်းသပ်မှုအသစ်ပဲဖြစ်ရမယ်”

ရွှီး ရွှီး

ကင်းမြီးကောက်သားရဲများသည် သဲထဲမှ တက်လာပြီးသည့်နောက်မှာတော့ ၎င်းတို့၏ အမြီးများကို ထောင်၍ ထားသည်။ အမြီးများမှာတော့ အလွန်တရာ ချွန်ထက်လှသော အချွန်ကြီးတစ်ခုရှိနေပြီး အစိမ်းရောင် ပင် တောက်လျက်ရှိ၏။

ဝှစ် ဝှစ်

“သတိထား”

လီချင်းယန်က ပြောလိုက်သည်။ “ဒီအရာတွေက အဆိပ်တွေပဲ”

တွီ တွီ

တပည့်များသည် အမှုမဲ့ အမှတ်မဲ့ မနေရဲချေ။ တစ်ယောက်ပြီးတစ်ယောက် စိတ်ဝိညာဉ်ချပ်ဝတ်များကို အသက်သွင်းလိုက်ကြ၏။ ပြီးနောက် ၎င်းတို့၏ ခန္ဓာကိုယ်တွင် အကာအကွယ်ချပ်ဝတ်တစ်ခု ဖြစ်တည်လာ၏။

ဒင် ဒင်

ကင်းမြီးကောက်များဆီမှ ပစ်လွှတ်လိုက်သော အလင်းတန်းအဆိပ်ရည်များအားလုံးသည် ချပ်ဝတ်နှင့်ထိမှန်ပြီး သည့်နောက်မှာတော့ အောက်သို့ ပြုတ်ကျလာခဲ့၏။ ပြီးနောက် အလွန်တရာနံဟောင်လှသည့် အနံ့အသက် ကြီးများ ဖြစ်တည်လာသည်။ ဤအရာသည် တကယ်ပင် အဆိပ်ရည်ဖြစ်၏။ သို့ပေမဲ့ အဆိပ်ရည်များသည် ပြိုင်စံရှားဂိုဏ်းတပည့်များဝတ်ဆင်ထားသော စိတ်ဝိညာဉ်ချပ်ဝတ်များကို ထွင်းဖောက်ရန် ခက်ခဲနေသည်။

“ဒါတွေ အကုန်လုံးကို သတ်လိုက်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ စုရှောင်မိုနှင့် လီဖေးတို့သည် အရင်ဆုံး ရှေ့သို့ ပြေးတက်သွား၏။ ၎င်းတို့ နှစ်ယောက်သည် သူတို့၏ ခြေထောက်များကို အသုံးပြုသည်သာမက ခန္ဓာကိုယ်ဆီမှ မီးဓာတ်သဘာဝများကို ထုတ်ဖော်ပြီး ကင်းမြီးကောက်များကို မီးလောင်တိုက် သွင်းတော့၏။

ဝှစ် ဝှစ်

အလွန်တရာ တောက်ပလွန်းသော မီးတောက်များသည် တည်နေရာအနှံ့တွင် ကျွမ်းလောင်ပြီးသည့်နောက် ကင်းမြီးကောက်သားရဲများသည် တစ်ကောင်ပြီးတစ်ကောင် ပြာကျကုန်ကျ၏။ သို့ပေမဲ့ ကင်းမြီးကောက်များ သည် အလွန်တရာများပြားပြီး အဆိပ်များကိုလည်း ပိုင်ဆိုင်ကြသည်မို့ စုရှောင်မိုနှင့် လီဖေးတို့၏ မီးတောက် သည် မလုံလောက်တော့ချေ။

ထိုအချင်းအရာကို မြင်တော့ အခြားသောတပည့်များသည်လည်း လိုက်ပါ လုပ်ဆောင်ကြတော့သည်။ ချက်ချင်းပဲ အဝါရောင် သဲကန္တာရတစ်ခုလုံးတွင် အနီရောင်မီးများ ဖုံးလွှမ်းသွားတော့ ၏။ မီးတောင်ကြီးတစ်ခုကဲ့သို့ပင် ဖြစ်တည်ပြောင်းလဲသွားတော့သည်။

ခဏလောက် ကြာပြီးသည့်နောက် မှာတော့ အမဲရောင်ကင်းမြီးကောက်တစ်သိန်းတို့သည် အလုံးစုံပြာကျ သွားတော့၏။

ဝှစ် …. ဝှစ်။

နောက်ဆုံးကျန်နေသည့်တစ်ကောင် မီးလောင်ပြီးသည့်နောက်မှာတော့ သုံးဆယ်ကနေ လေးဆယ်မီတာခန့် ကြီးမားလှသော ကင်းမြီးကောက်ကြီးခြောက်ကောင်သည် ထွက်ပေါ်လာခဲ့တော့သည်။ ၎င်းတို့တွင် အလွန်တရာ ကြီးမားပြီး ဝိုင်းစက်သည့် မျက်လုံးကြီးများ ရှိနေပြီး ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။ ၎င်းတို့၏ အားအင် အဆင့်သည် အလယ်အလတ် စိတ်ဝိညာဉ်သားရဲတစ်ကောင်မျိုးနှင့် တူညီနေသည်။ ပြောရမည်ဆိုလျှင် ဒုတိယ အဆင့် သိုင်းအုပ်စိုးသူ ခြောက်ယောက်နှင့် တိုက်ခိုက်ရတော့မည့် အဓိပ္ပာယ်ပင်ဖြစ်တော့သည်။

“သွားကြ”

လီချင်းယန်နှင့်တခြားသောသူများသည် နှောင့်နှေးခြင်းမရှိဘဲ လူစုခွဲကာဖြင့် ဝင်ရောက်ကြတော့သည်။ ပြိုင်စံရှား ဂိုဏ်း၏ အတွင်းစည်းတပည့် ငါးဆယ်ကျော်တို့သည် ကြီးမားလှသည့် ကင်းမြီးကောက်ကြီး ခြောက်ကောင်အား ဝိုင်းရံလိုက်၏။

ဘန်း… ဘန်း ..ဘန်း ..ဘန်း …။

တလက်လက်တောက်ပနေသော အလင်းတန်းများသည် ဖြတ်ပြေးသွား၏။ ပြိုင်စံရှားဂိုဏ်းတပည့်များ၏ အားအင်အရဆိုရင် ကြီးမားလှသည့် ကင်းမြီးကောက်ကြီးများသည် အလွန်တရာ အားကောင်းလှသည်ဆိုသော် လည်း တစ်နာရီအတွင်းမှာပဲ တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

ဖူး

အားလုံးပြီးစီးသည့်နောက်မှာတော့ တပည့်များအားလုံးသည် မောပန်းနေကြပြီဖြစ်သည်။ သူတို့သည် သိုင်းအုပ်စိုးသူအဆင့် သားရဲများနှင့် နှစ်ပွဲဆက်တိုက် တိုက်ခိုက်ခဲ့ရသည်။ ထို့ကြောင့် စိတ်ဝိညာဉ်စွမ်းအင် တော်တော်များများသည် ကုန်ခမ်းနေကြပြီးဖြစ်၏။

တွီ

ထိုအချိန်မှာပဲ ၎င်းတို့ရှေ့ရှိ မြင်ကွင်းသည် ပြောင်းလဲသွား၏။ ၎င်းတို့သည် အကန့်အသတ်မဲ့ ကျယ်ပြောလှသော သဲကန္တာရတည်နေရာတစ်ခုမှသည် ပင်လယ်ကြီးတစ်ခုဆီသို့ ပြောင်းလဲသွား၏။ ပြိုင်စံရှားဂိုဏ်းတပည့်များသည် အလွန်တရာ သေးငယ်လှသော ကျွန်းလေးတစ်ခုပေါ်တွင် ရှိနေသည်။

“မပြီးသေးဘူးလား”

ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုပ်သွား၏။ တိုက်ပွဲနှစ်ခု ပြီးသည့်နောက်မှာတော့ တပည့်များ၏ ခန္ဓာကိုယ် အားအင်သည် မလိုက်နိုင်တော့ပေ။ တကယ်တမ်း အဆင့်မြင့်ကျင့်ကြံသူသားရဲများနှင့် ဆက်လက် တိုက်ခိုက်ရမည်ဆိုလျှင် မလွယ်ကူလှတော့ချေ။

ဝှစ် ဝှစ်

လှိုင်းများသည် ပင်လယ်ထဲမှ လိမ့်တက်လာပြီးသည့်နောက် ငါးပျံများနှင့်တူသော ကြမ်းတမ်းရုပ်ဆိုးလှသော သားရဲများသည် မြားများကဲ့သို့ပင် ရေထဲမှ ခုန်တက်တိုက်ခိုက်လာတော့၏။ သံသယရှိစရာပင်မလိုချေ။ ဤအရာ သည် သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေ၏ နောက်ထပ်စမ်းသပ်မှုတစ်ခုပင် ဖြစ်တော့သည်။

ပြိုင်စံရှားဂိုဏ်း တပည့်များသည် အနည်းငယ်မောပန်းနေကြသည်ဆိုသော်လည်း ပြန်လည်တိုက်ခိုက်ရန်အတွက် အားအင် ရှိနေကြ၏။ ထို့ကြောင့် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များကို ထုတ်ဖော်ကာ ပြန်လည်ခုခံကြတော့၏။

…………..

နာရီဝက်လောက် ကြာပြီးသည့်နောက်မှာတော့ လေ့ကျင့်ခန်းအစီအစဉ်၏ တတိယအဆင့်သည် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ များပြားလှသော တပည့်များသည် မြေပေါ်တွင် ထိုင်လျက်ရှိပြီး အသက်ကိုပင် မောကြီးပန်းကြီး ရှုနေကြ၏။ ငါးပျံများသည် ကင်းမြီးကောက်များထက်ပို၍ အရေအတွက်များပြားလှ၏။ ထို့ကြောင့် သူတို့သည် ခုခံခြင်းနှင့် တိုက်ခိုက်ခြင်းကို တပြိုင်နက်တည်း ပြုလုပ်နေရ၏။ ထို့ကြောင့်ပင် စိတ်ဝိညာဉ်စွမ်းအင်များသည် မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးနေသည်။

“ပြီးလောက်ပါပြီ”

၎င်း၏ ရှေ့ရှိ မြင်ကွင်း ပြောင်းလဲမသွားသည်ကိုမြင်တော့ ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်၏။

ထင်မှတ် ထားသည့် အတိုင်းပင် ခဏလောက်ကြာပြီးသည့်နောက်တွင် သတိပေးသံတစ်ခုသည် သူ၏နားထဲတွင် ထွက်ပေါ်လာသည်။

“ဂုဏ်ပြုပါသည်၊ လက်ခံသူသည် တပည့်များကို ဦးဆောင်၍ သေခြင်းရှင်ခြင်းလျှို့ဝှက်နယ်မြေမှ အလွယ်ကူဆုံး လုပ်ဆောင်မှုပုံစံကို အောင်မြင်ခဲ့၏”

ဝှစ် … ဝှစ်။

ချက်ချင်းဆိုသလိုပဲ ပြိုင်စံရှားဂိုဏ်းမှတပည့်များသည် အဆင့်ချိုးဖြတ်နိုင်သည့်အော်ရာများထွက်ပေါ်လာ တော့သည်။

“ဘာတွေဖြစ်နေတာလဲ” စုရှောင်မို ဆွံ့အသွားမိ၏။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများသည် အံ့အားသင့်သွားကြသည်ဆိုသော်လည်း မြန်မြန်ဆန်ဆန်ဆိုသလိုပဲ ခြေချိတ်ထိုင်ကာ အဆင့်ချိုးဖြတ်မှုအတွက် အဆင်သင့် ပြင်ဆင်ကြတော့သည်။

ဝှစ် ဝှစ်

တခြားသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ထိုင်ချလိုက်၏။

အဆင့်ချိုးဖြတ်နိုင်သည့် အော်ရာများသည် ပိုမို၍ အားကောင်းလာခဲ့သည်။ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိပြီးသည့်နောက်မှာတော့ စတင်ကာ ပြောင်းလဲတော့သည်။ စုန့်ရွှမ်ကျူး၊ လီထျန်းထျန်းနှင့် တခြားသောတပည့်များသည် အောင်မြင်စွာဖြင့် သိုင်းဘုရင်အဆင့်တစ် ကျင့်ကြံသူမှသည် အဆင့်နှစ်ကျင့်ကြံသူဆီသို့ ရောက်ရှိသွားသည်။

“ကျုပ်အဆင့်တက်သွားပြီ”

“ကျုပ်လည်းအဆင့်တက်ပြီ”

“ဘာလို့ ဒီလောက်လွယ်လွယ်ကူကူ အဆင့်ချိုးဖြတ်နိုင်ရတာလဲ” တပည့်များသည် စိတ်လှုပ်ရှားကာ ဇဝေဇဝါဖြစ်မိနေ၏။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများသည်လည်း အဆင့်ချိုးဖြတ်နိုင်ခဲ့ပြီဖြစ်သည်။ ၎င်းတို့သည် ဒုတိယအဆင့်မဟုတ်ဘဲ တတိယအဆင့်သို့ ချိုးဖြတ်ရောက်ရှိသွား ခြင်းဖြစ်သည်။

အတွင်းစည်းတပည့်များ၏ ပထမဦးဆုံးအသုတ် ကျင့်ကြံသူများဖြစ်သည်မို့ ၎င်းတို့သည် သိုင်းဘုရင်ဖြစ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူတို့သည် လိုင်လီနတ်ဂိုဏ်းသို့ သွားရောက်ယှဉ်ပြိုင်စဉ်ကတည်းက သိုင်းဘုရင်အဆင့်နှစ်ကို ချိုးဖြတ်ရောက်ရှိခဲ့သူများဖြစ်၏။

ဝှစ်

တပည့်များသည် အဆင့်ချိုးဖြတ်ပြီးသည့်နောက်မှာတော့ ကျွန်းပေါ်တွင် လေဝဲတစ်ခု ဖြစ်တည်လာ၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “သေခြင်းရှင်ခြင်းလျှို့ဝှက်နယ်မြေ လေ့ကျင့်ခန်းက ပြီးသွားပြီ၊ ဂိုဏ်းဆီကို ပြန်ကြရအောင်”

“ဂိုဏ်းချုပ်”

စုရှောင်မိုသည် သွားဖြီးကာပြောလိုက်၏။ “ဒီထဲကို ထပ်ဝင်လို့ရသေးလား”

“သုံးလစောင့်ရမယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ မိတ်ဆက်အရ ကြည့်မည်ဆိုလျှင် လူတစ်ယောက်သည် သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေထဲသို့ သုံးလကြာမှ ဝင်ခွင့်ရှိ၏။

ဟုတ်ပေသည်။ ဝင်လိုက်တိုင်း အဆင့်ချိုးဖြတ်နေလျှင် မည်ကဲ့သို့ အဓိပ္ပာယ်ရှိတော့မည်နည်း။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် သေခြင်းရှင်ခြင်းလျှို့ဝှက်နယ်မြေ သည် တပည့်များအား အတွေ့အကြုံရရှိစေရန် ဖြစ်သည်။ သူတို့ဝင်ရောက်သည့် အကြိမ်အရေအတွက် များပြားလာသည့်နှင့်အမျှ အတွေ့အကြုံမှတ်များသည်လည်း နည်းပါးလာပေလိမ့်မည်။

တပည့်များအားလုံးသည် လျှို့ဝှက်နယ်မြေမှ လျှောက်ထွက်လာကြသည်။

“ဒင်… ဒင်…. လက်ခံသူသည် သီးခြားတာဝန်အား ပြည့်စုံစေခဲ့၏၊ ထို့ကြောင့် ဂိုဏ်းစုဆောင်းမှတ် ငါးထောင်အား ရရှိသည်”

“ဒင်… ဂိုဏ်းစုဆောင်းမှတ် - ၂၄၅၄၃ / ၂၀၀၀၀”

“ဒင်… တပည့်များသည် သေခြင်းရှင်ခြင်းလျှို့ဝှက်နယ်မြေအား အောင်မြင်ခဲ့၏၊ လက်ခံသူသည် ဂိုဏ်းစုဆောင်း မှတ် ငါးဆယ်အား ရရှိသည်”

“ဒင်… ဂိုဏ်းစုဆောင်းမှတ် - ၂၄၅၉၃ / ၂၀၀၀၀”

“ဒင်… ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသည်ဖြစ်သောကြောင့် …”

သတိပေးသံကို ကြားသိပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ လဲကျလုမတတ် ဖြစ်သွား၏။ တပည့်ငါးဆယ်တို့သည် သေခြင်းရှင်ခြင်းလျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်ပြီးနောက် ဂိုဏ်းစုဆောင်းမှတ် ငါးဆယ်အား ရရှိခဲ့၏။ လူတစ်ယောက်လျှင် တစ်မှတ်သာရရှိသည်ဆိုခြင်းမှာ နည်းပါးလွန်းလှ၏။

“ဒါက များနေပါပြီ”

စနစ်က ပြောလိုက်၏။ “တပည့်တွေအားလုံး အောင်မြင်သွားပြီဆိုရင် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းတောင်ရမှာ မဟုတ်ဘူးလား”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။ ပြီးနောက် ပြောလိုက်သည်။ “ဒါကတော့ ဟုတ်တာပေါ့”

All Chapters