အခန်း (၆၆၅)
Vol. 45 Ch. 665
တပည့်များသည် စမ်းသပ်မှုကို ပြီးဆုံးသွားသည့်အချိန်တိုင်း ကျွင်းချောင်ရှောင်းမှာ ဂိုဏ်းစုဆောင်းမှတ်များကို ရရှိသည်။ ဆုလာဘ်သည် များပြားလွန်းသည် မဟုတ်သော်လည်း သံမဏိအရိုးဂိုဏ်းတွင် တပည့်များ အများအပြား ရှိနေသည်။ ထို့ကြောင့် ၎င်းတို့အားလုံးဝင်ရောက်၍ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်မည်ဆိုလျှင် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းကျော် ရရှိမှာဖြစ်သည်။ ထို့အပြင် သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေသည် သုံးလလျှင် တစ်ကြိမ် ဝင်ရောက်ခွင့် ရှိနေသည်။ ထို့ကြောင့် သတ်မှတ်ထားသည့်အချိန်ကာလမှာ ဂိုဏ်းစုဆောင်းမှတ်များ ပြန်လည် ရရှိ မည်ဖြစ်သည်။ ထို့ကြောင့် တာဝန်များအပေါ်တွင် မှီခိုထားစရာ မလိုအပ်ပေ။ အလွန်တရာ အံ့အားသင့်စရာ ကောင်းလွန်းလှ၏။
“မဟုတ်သေးဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တပည့်တွေအားလုံး အဆင့်ချိုးဖြတ်သွားပြီဆိုရင် ငါက ဘာလို့ အတွေ့အကြုံမှတ်တစ်ခုမှ မရတာလဲ”
စနစ်ကပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ လက်ခံသူက ဘာမှမလုပ်လို့လေ”
သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေ၏ စည်းမျဉ်းစည်းကမ်းသည် အားအင်စိုက်ထုတ်မှုအပေါ်မူတည်၍ ဆုလာဘ်များ ရရှိခြင်းဖြစ်သည်။ ကျင့်ကြံသူများအနေဖြင့် အထဲသို့ ဝင်ရောက်ပြီး ဘာတစ်ခုမှ မပြုလုပ်ဘူးဆိုလျှင် မည်သည့် အတွေ့အကြုံမှတ်ကိုမှ ရရှိလိမ့်မည် မဟုတ်ချေ။
“ဟုတ်တာပေါ့”
ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့သလို ခံစားလိုက်ရ၏။ “ချင်းယန်… တပည့်တွေကို သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေထဲကို အဖွဲ့လိုက် ဝင်ခိုင်းလိုက်၊ ပြီးတော့ အဖွဲ့တွေကို ရွေးချယ်တဲ့နေရာမှာ မင်း သေသေချာချာရွေးချယ်ပြီးတော့ လွယ်ကူတဲ့လုပ်ဆောင်မှုပုံစံမှာပဲ ယှဉ်ပြိုင် ကြဖို့ သတိပေးကြ”
အတွင်းစည်းတပည့် ငါးဆယ်ကျော်တို့သည် သိုင်းဘုရင်ကျင့်ကြံသူများဖြစ်သည်။ သို့ပေမဲ့ ၎င်းတို့အားလုံးသည် အသက်ထွက်လုမတတ် ပင်ပန်းနေ၏။ အဆင့်နိမ့်ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ကြသောတပည့်များသည်သာ သာမန်လုပ်ဆောင်မှု၊ အဆင့်မြင့်လုပ်ဆောင်မှု စသည့်အရာများကို ရွေးချယ်မိပါက ဝင်သွားသည်နှင့်တပြိုင်နက် နှိပ်စက်ခံသွားရသလို ဖြစ်ပေလိမ့်မည်။
အမိန့်ကို လက်ခံရရှိပြီးသည့်နောက်မှာတော့ လီချင်းယန်သည် ချက်ချင်းပဲ ပြုမူဆောင်ရွက်တော့၏။
တစ်နေ့တည်းမှာပဲ တပည့်တစ်ထောင်ကျော်တို့သည် သေခြင်းရှင်ခြင်းလျှို့ဝှက် နယ်မြေ၏ ဝင်ပေါက်တွင် စုဝေးလာကြပြီး မည်ကဲ့သို့ အဖွဲ့ဖွဲ့ရမည်ကို တိုင်ပင်ဆွေးနွေးနေကြ၏။ အတွေ့အကြုံရင့်ကျက်သူတစ်ယောက် ဖြစ်သည့် လီချင်းယန်သည် အခြေအနေတစ်ခုလုံးကို သေချာကြည့်ရှု၍ သူ၏ဂျူနီယာညီလေးများအား အကြံဉာဏ်များ ပေးလျက်ရှိနေသည်။
“သွား သွား”
ချူရှိုးနန်၊ ဟုန့်လင်နှင့် တခြားသော ကျောင်းသားများအားလုံးသည် အရင်ဆုံးဝင်ရောက်လိုက်ကြ၏။ ၎င်းတို့၏ အားအင်အဆင့်သည် လီချင်းယန်နှင့် တခြားသူများကဲ့သို့ မြင့်မားလှသည်မဟုတ်သော်လည်း လွယ်ကူသည့် လုပ်ဆောင်မှုပုံစံကို ရွေးချယ်၍ ယှဉ်ပြိုင်ပြီးသည့်နောက်မှာတော့ အားလုံးသည် အပြိုင်အဆိုင်ပဲ တိုက်ခိုက်နေကြ ၏။ ထိုသို့ဆိုလျှင်တောင်မှ စမ်းသပ်မှုသုံးခုကို အောင်မြင်ပြီးသည့်နောက် ၎င်းတို့သည် မြေပေါ်တွင် လဲလျက် ရှိနေသည်။
ဟုန့်လင်သည် အသက်ကို မောပန်းကြီးစွာရှုပြီး ပြောလိုက်၏။ “ကြည့်ရတာ ငါသေတော့မယ့်ပုံပဲ”
ဟူး ဟူး
ရုတ်တရက်ဆိုသလိုပဲ ဆန်းကြယ်လှသည့်အော်ရာများသည် သူ၏ ဒန်ထျန်ထဲတွင် စုဝေးလာသည်။ သူသည် ပထမ ဆွံ့အနေမိ၏။ ပြီးသည့်နောက်မှာတော့ ပျော်ရွှင်စွာဖြင့် ပြောလိုက်မိသည် “ငါ အဆင့်ကျော်ဖြတ်တော့မယ်နဲ့တူတယ်”
မည်သူမှသည် ထိုအရာကို သတိမပြုမိခဲ့ချေ။ ယခု ဤကဲ့သို့ အဆင့်မြင့်တက်တော့မည့် စွမ်းအင်များကို ခံစားရ ပြီးသည့်နောက်မှာတော့ အံ့အားသင့်ဝမ်းသာသွားကြသည်။ ခဏလောက် ကြာပြီးသည့်နောက် ချူရှိုးနန်နှင့် တခြားသော သူများအားလုံးသည် အဆင့်တစ်ဆင့် ချိုးဖြတ်သွား၏။ ဤဖြစ်စဉ်သည် အလွန်တရာ လွယ်ကူလှ သည်ဟု ဆိုရမည်။
ဤအရာသည် သေခြင်းရှင်ခြင်းလျှို့ဝှက်နယ်မြေ၏ ကောင်းမွန်သည့် အစိတ်အပိုင်းဟုပင် ဆိုရပေမည်။ တစ်စုံတစ်ယောက်သည် ကျော်ဖြတ်ပြီးသည်ဆိုသည်နှင့် အဆင့်တစ်ဆင့်သည် ကျိုးကြောင်းမညီစွာပဲ ချိုးဖြတ် သွားပေလိမ့်မည်။ သို့ပေမဲ့ ဆိုးကျိုးများလည်း ရှိနေသေး၏။ တစ်စုံတစ်ယောက်သည် သေခြင်းရှင်ခြင်းနယ်မြေ ထဲတွင် ယှဉ်ပြိုင်ရင်း ကျရှုံးခဲ့မည်ဆိုပါက အားနည်းလာသည့် ဘေးထွက်ဆိုးကျိုးကို ခံစားရမည်ဖြစ်သည်။
ဝင်ရောက်သွားသော တပည့်နှစ်ဖွဲ့သည် ဆက်တိုက်အောင်မြင်သွားခဲ့သည်ဆိုသည်မှာ ၎င်းတို့၏ အားအင်အဆင့် သည် ကောင်းမွန်လွန်းသောကြောင့်ပင်ဖြစ်သည်။ ဝင်သွားသည့်တပည့်တိုင်း အောင်မြင်လိမ့်မည်ဟူသော သတ်မှတ်၍ မရနိုင်ချေ။
…….
ဝူး … ဝူး …။
လျှို့ဝှက်နယ်မြေအတွင်းမှာတော့ ပြိုင်စံရှားဂိုဏ်းတပည့် ငါးဆယ်တစ်ဖွဲ့တို့သည် များပြားလှသော သားရဲများ၏ ဝိုင်းရံခြင်းကို ခံထားရသည်။ ၎င်းတို့သည် တတိယအဆင့်သို့ ရောက်ရှိသွားအောင် ယှဉ်ပြိုင်ခဲ့ကြသည် ဆိုသော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်အားအင်အကုန်လုံးသည် ချုံးချုံးကျလျက်ရှိနေတော့၏။
“စီနီယာအစ်ကို”
တပည့်တစ်ယောက်သည် အားပျော့စွာဖြင့် ပြောလိုက်တော့၏။ “ကျုပ်တို့ ဆက်ပြီးတော့ မရတော့ဘူး”
ရှေ့မှဦးဆောင်နေသော စီနီယာအစ်ကိုသည် အအေးဓားအား ခပ်တင်းတင်းဆုပ်ကိုင်ရင်း စိတ်ဆုံးဖြတ်ပြီးသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။ “ငါတို့ သေသွားမယ်ဆိုရင်တောင်မှ ဒီကောင်တွေကို နည်းနည်းလောက် ထပ်ပြီးသတ်ရအောင်”
ဝူး ဝေါင်း
သားရဲများသည် ဟိန်းဟောက်အော်ဟစ်ရင်း ရှေ့သို့ ပြေးတက်လာကြသည်။ “သတ် သတ်ကြ”
ပြိုင်စံရှားဂိုဏ်းတပည့်များအားလုံးသည် သူတို့၏ လက်နက်များကို မြှောက်ကိုင်ရင်း ရှေ့သို့ ပြေးတက်သွားသည်။ မည်သူမှသည် သေခြင်းတရားအား မကြောက်ရွံ့ကြချေ။ သံမဏိအရိုးဂိုဏ်းတပည့်များ ဖြစ်ခဲ့ကြသည်မို့ ၎င်းတို့ သည် သံမဏိကဲ့သို့ မာကျောသည့် စိတ်အဟုန်ကို ပိုင်ဆိုင်ကြသည်။ ထို့အပြင် သေခြင်းတရားကို ကြောက်ရွံ့ခြင်း သည် ပြိုင်စံရှားဂိုဏ်း၏ ဆောင်ပုဒ်ကို သွေဖယ်ခြင်းနှင့် ထပ်တူညီ၏။
ဘုန်း ဘုန်း
အလင်းများ ဖြတ်သန်းသွားပြီးသည့်နောက် စွမ်းအင်များသည်လည်း ပျံ့နှံ့သွားတော့သည်။ ဆိုးဝါးသည်မှာ အစောကတည်းက ခန္ဓာကိုယ်အားအင်များ နည်းပါးနေပြီဖြစ်သော တပည့် ငါးဆယ်ကျော်တို့သည် တတိယ အဆင့် သားရဲများ၏ တိုက်ခိုက်မှုကို မည်သို့မှ မခံစားနိုင်ကြတော့ချေ။ ၎င်းတို့အားလုံးသည် သေဆုံးခဲ့ကြ၏။
သို့ပေမဲ့ အစစ်အမှန် သေဆုံးခြင်းမဟုတ်ပေ။ အပြင်ဘက်ကမ္ဘာဆီသို့ တည်နေရာရွေ့ပြောင်းကာ ပြန်လည်ရောက်ရှိလာ၏။ ၎င်းတို့သည် မြေပေါ်တွင် ပျော့ခွေစွာ လဲလျောင်းလျက်ရှိနေသည်။ သူတိုသည့် ယှဉ်ပြိုင်မှုကို ကျရှုံးခဲ့ရုံမက သေခြင်းတရား၏ တွေ့ကြုံမှုကိုလည်း နက်နက်နဲနဲ ခံစားခဲ့ရ၏။ ဤခံစားချက်သည် ၎င်းတို့၏ ဆံပင်များကို ထောင်ထသွားစေတဲ့အထိ ကြောက်ရွံ့ထိတ်လန့်စေသည်။
“မဟုတ်သေးဘူး၊ ငါတို့ဘာလို့ အသက်ရှင်နေသေးတာလဲ”
“ဂိုဏ်းချုပ် ပြောတော့ စိန်ခေါ်မှုကို ကျရှုံးသွားရင် တကယ်သေသွားတာဆို”
..........
သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေထဲတွင် ယှဉ်ပြိုင်ရင်း သေဆုံးသည်ဆိုလျှင် တကယ်သေဆုံးသည်မဟုတ်ဆိုသော သတင်းကို ပျံ့နှံ့ပြီးသည့်နောက် အားလုံးသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။ သို့ပေမဲ့ ဤအဆင့်ကို စိန်ခေါ်ရသည့်တပည့်အနေနှင့် သက်တောင့်သက်သာတော့ မဖြစ်ချေ။ အဘယ်ကြောင့်ဆိုသော် ဝင်ရောက်ယှဉ်ပြိုင်ပြီးသည်နှင့် အဆင့်များတိုးတက်သွားမည်ဆိုသော ဆွဲဆောင်မှုသည် အားလုံး၏ စိတ်ပါဝင်စား မှုကို ရရှိစေ၏။
ထို့ကြောင့် အထဲသို့ဝင်ရောက်၍ ရှုံးနိမ့်မည်ဆိုလျှင် အားနည်းမှုကိုခံရပြီး သေခြင်းတရား၏ အတွေ့အကြုံကို ခံစားရမည်ဆိုသည်ကို သိလျှင်တောင်မှ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထိုအထဲသို့ ဝင်လျက်ရှိသည်။ နောက်ဆုံးမှာတော့ အထဲကိုဝင်သွားပြီးသည့် တစ်ဖွဲ့ပြီးတစ်ဖွဲ့သည် အားအင်ညှိုးငယ်စွာဖြင့် ပြန်လည်ထွက်ခွာ လာရသည်။
“နောက်တစ်ကြိမ် ငါတို့ ရှင်းရှင်းလင်းလင်း လုပ်ရမယ်”
စိန်ခေါ်မှုကို ကျရှုံးခဲ့သော တပည့်များသည် စိတ်အားမငယ်ကြပေ။ ထိုအစား ပိုမိုပြင်းထန်စွာဖြင့် ကျင့်ကြံတော့ သည်။ ဤသို့နှင့်ပဲ ပြိုင်စံရှားဂိုဏ်း၏ ကျင့်ကြံခြင်းအခြေအနေသည် ပိုမို၍ လေးနက်လာခဲ့၏။
ဤအရာသည်ကလည်း ကျွင်းချောင်ရှောင်းတစ်ယောက် အမြင်ချင်ဆုံးအရာပင်ဖြစ်၏။ တပည့်များအနေဖြင့် အရှုံးမပေးဘူး ဆိုသောကြောင့် ဂိုဏ်းသည် တစ်နေ့ထက်တစ်နေ့ ပိုမို၍ အားကောင်းလာခဲ့သည်။
ဂိုဏ်းစုဆောင်းမှတ်များအနေနှင့်တော့ သူသည် ရရှိခဲ့သည့် ဂိုဏ်းစုဆောင်းမှတ်များအား ဂိုဏ်း၏ အဆောက်အဦ နှင့် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်းဆေးရည်များကို ဝယ်ယူခဲ့တော့သည်။ သို့ပေမဲ့ တပည့်များ ပိုပိုပြီး အောင်မြင် လာသည်နှင့်အမျှ သူ့အနေနှင့် ဂိုဏ်းစုဆောင်းမှတ်များ ရရှိသည့်သတင်းကို ဆက်တိုက်ဆိုသလို ကြားနေရ၏။
“ဒါက နည်းနည်း စိတ်အနှောက်အယှက်ဖြစ်တယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါကိုခဏလောက် တားဆီးပေးထားလို့ရမလား”
အတိတ်တုန်းကဆိုလျှင် ဤကဲ့သို့သော သတိပေးသံများကို သူသည် သဘာဝ၏အသံလား ထင်မှတ်မှားခဲ့၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ စိတ်ရှုပ်စရာကောင်းသည်ဟု ခံစားလာမိ၏။
“မင်းက အရမ်းမာန်တက်လွန်းတာပဲ”
စနစ်က ပြောလိုက်သည်။ “ဒါပေမဲ့ ခဏလောက်တော့ ပိတ်ပေးထားမယ်”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းက ပြန်ပြောလိုက်သည်။ သတိပေးသံများမှာ တဒင်ဒင်နှင့် ထွက်ပေါ်နေပြီး ဆုလာဘ်မှာမူ များပြားလှသည်တော့ မဟုတ်ပေ။ ထို့ကြောင့် အားလုံးကို စုစည်းပြီးတော့မှ တစ်ခါတည်း သတိပေးလိုက်မည် ဆိုလျှင် သူ့အတွက် ပိုပြီးအဆင်ပြေ၏။
စနစ်၏ ပြုမူလုပ်ဆောင်ချက်အတွင်းမှာပဲ တပည့်များသည် သေခြင်း ရှင်ခြင်း လျှို့ဝှက်နယ်မြေထဲသို့ ဖြတ်သန်းပြီးသည့်နောက်မှာ သတိပေးချက်များ ထွက်ပေါ်မလာချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်း၏ နားတစ်ခုလုံးသည် ရှင်းလင်းလျက်ရှိသည်။
သူ့အနေနှင့် များပြားလှသည့် လက်နက်နှင့် ဆေးလုံးများကို မည်ကဲ့သို့ သန့်စင်ရမည်ဆိုသည်ကို စတင်၍ စဉ်းစားလိုက်၏။ အထူးသဖြင့် စဦးအဆင့် ဝိညာဉ်ဖြစ်တည်ခြင်း ဆေးလုံးပင် ဖြစ်သည်။ လက်နက်နှင့် အသုံးအဆောင် ပစ္စည်းများအားလုံးသည် ဖြည့်စွက်ပစ္စည်းများဖြစ်၏။ သို့ပေမဲ့ ဆေးလုံးမှာတော့ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်း အဆင့်ကို တိုးတက်နိုင်စေသည့် အဓိက သော့ချက်ပင်ဖြစ်တော့သည်။
ကျွင်းချောင်ရှောင်းသည် ထိုစာရင်းများကို ပြုစု၍ အဝယ်တော်ခန်းမဆီ လက်လွဲလိုက်တော့သည်။
............
နောက်တစ်ရက်မှာတော့ ရီရှင်းချန်သည် ပြန်ရောက်လာသည်။ သူသည် မြေကမ္ဘာအဆင့် ပါရမီရှင်များအား အချိန်တိုအတွင်း စိန်ခေါ်တိုက်ခိုက်ခဲ့ကြ၏။ ထိုအတောအတွင်းတွင်လည်း တစ်ဖက်သတ် အသာစီးရယူကာ တိုက်ခိုက်ခဲ့ခြင်းပင်ဖြစ်တော့သည်။
“ဂျူနီယာညီလေး”
စုရှောင်မိုက ပြောလိုက်သည်။ “ဂိုဏ်းရဲ့တောင် အနောက်ဘက်မှာ လျှို့ဝှက်နယ်မြေတစ်ခု ထပ်ရောက်နေတယ်၊ ဒါကိုဖြတ်သန်းပြီးရင် မင်းအနေနဲ့ ကျင့်ကြံခြင်းအဆင့် တစ်ဆင့်တိုးလိမ့်မယ်၊ စမ်းသပ်ကြည့်ချင်လား”
ရီရှင်းချန်၏ မျက်လုံးများသည် လင်းလက်သွားသည်။ သူသည်ချက်ချင်းဆိုသလိုပဲ လမ်းကြောင်းပြောင်းပြီး တောင်၏ အနောက်ဘက်ဆီသို့ ဦးတည်သွားလိုက်သည်။ သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေ၏ အရှေ့ဘက်တွင် ရပ်တန့်ပြီးနောက် သူသည် တွန့်ဆုတ်ခြင်းမရှိဘဲ အထဲသို့ လျှောက်ဝင်သွားသည်။
“မဖြစ်နိုင်ဘူး၊ စီနီယာအစ်ကိုရီ က တစ်ယောက်တည်းဝင်သွားတာလား”
“ဒါက ကြမ်းလွန်းတယ်”
အဖွဲ့ဖွဲ့ရန် စီစဉ်နေကြသော တပည့်များအားလုံးသည် ဆွံ့အသွားကြသည်။ ဤလျှို့ဝှက်နယ်မြေ၏ ခက်ခဲမှုသည် အလွန်တရာမြင့်မားလွန်းပြီး အဖွဲ့လိုက်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ တစ်ယောက်တည်း ဝင်သွားသည်ဆိုသည်မှာ သင့်တော်လှသည့်ကိစ္စတော့ မဟုတ်ချေ။
[တပည့်ရီရှင်းချန်သည် ငရဲခန်းလုပ်ဆောင်မှုကို ရွေးချယ်ခဲ့၏။]
ရုတ်တရက် ဆိုသလိုပဲ လျှို့ဝှက်နယ်မြေအတွင်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
“ငရဲခန်းလုပ်ဆောင်မှု ဟုတ်လား”
“ကောင်းကင်ဘုံ... စီနီယာအစ်ကိုရီ က ရူးသွားပြီလား မသိဘူး”
“သွားကြစို့ မြန်မြန် သွားကြည့်ရအောင်”
ခဏလောက်ကြာပြီးသည့်နောက်မှာတော့ တပည့်တစ်သောင်းကျော်တို့သည် သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေ၏ အပြင်ဘက်တွင် စုဝေးလာကြသည်။
ကျွင်းချောင်ရှောင်းသည်လည်း အလန့်တကြားဖြစ်သွား၏။ သူသည် အဓိက ဟောခန်းထဲမှ လျှောက်ထွက်လာပြီး သူ၏နှုတ်ခမ်းတွေသည်လည်း တဆတ်ဆတ် တုန်ယင်နေ၏ “ဒီကောင်ကတော့ တကယ့်ကို သေလမ်းရှာပြန်ပြီ”
………….
မိနစ်အနည်းငယ်အကြာမှာပဲ ရီရှင်းချန်သည် သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားပြီးသည့် နောက်မှာတော့ ကောင်းကင်ပေါ်တွင် များပြားလှသော လုပ်ဆောင်မှုပုံစံများ မြင်လိုက်ရသည်။ သူသည် တစ်ချက် ကလေးမှ နှောင့်နှေးခြင်းမရှိဘဲ ငရဲခန်းမဆောင်သို့ ဝင်ရောက်လိုက်၏။
အရင်တုန်းက သိုင်းအင်ပါယာတစ်ယောက် ဖြစ်သည်မို့ သူ၏ဂုဏ်သိက္ခာအရ အဆင့်နိမ့်လုပ်ဆောင်မှုကို ရွေးချယ်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူ့အနေနှင့် ယှဉ်ပြိုင်စရာရှိမည်ဆိုလျှင် အလွန်တရာ စိတ်လှုပ်ရှားစရာကောင်းသော အရာမျိုးကို ယှဉ်ပြိုင်ပေလိမ့်မည်။
ရွှီး
သူ၏ ရှေ့ရှိ မြင်ကွင်းသည် ပြောင်းလဲသွားသည်။ ရီရှင်းချန်၏ မျက်စိရှေ့တွင်တော့ မီးတောင်ကဲ့သို့ အရာတစ်ခု ဖြစ်တည်လာပြီး ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးတွင် အလွန်တရာပူလောင်သော အော်ရာများနှင့် ပြည့်နှက် လာသည်။
ဂျိန်း
ခဏလောက် ကြာပြီးသည့်နောက်မှာတော့ မြေတည်နေရာတစ်ခုလုံးသည် တုန်ခါသွားပြီး မြေကြီးများသည်က လည်း အက်ကွဲကြောင်းများ ဖြစ်တည်လာ၏။
ဝုန်း
ထိုအချိန်မှာပဲ နားကွဲလောက်စရာ အော်သံကြီးသည် မြေအက်ကွဲကြောင်းကြီးဆီမှ ထွက်ပေါ်လာပြီးသည့်နောက် မီးများ ဖုံးလွှမ်းလျက်ရှိသော ကြီးမားသည့် သတ္တဝါကြီးသည် တဖြည်းဖြည်းချင်း ပေါ်လာသည်။ မည်မျှကြီး သနည်း။ ထိုအကောင်ကြီး၏ရှေ့မှာတော့ ရီရှင်းချန်သည် ပုရွက်ဆိတ်တစ်ကောင်အလားပင်ဖြစ်၏။ အလွန်တရာ တောက်လောင်လှသော မီးအော်ရာများသည် ပိုမို၍ ကြမ်းတမ်းလာပြီးသည့်နောက်မှာတော့ မီးတောက်သားရဲ ကြီး၏ အသွင်သဏ္ဍာန်သည် ရှင်းရှင်းလင်းလင်း ပေါ်လာတော့သည်။ တည်နေရာတစ်ခုလုံးကိုပင် ပူလောင်စေသည်။
“ဒါ … ဒါက”
ရီရှင်းချန်၏ မျက်စိသူငယ်အိမ်များသည် ကြုံ့ဝင်သွား၏။
“သူတော်စင်အဆင့်သားရဲလား”
ဟူး
ပူလောင်နေသော မီးတောက်များသည် ချက်ချင်းပဲ အောက်သို့ ကျဆင်းလာသည်။ ညအင်ပါယာ၏ စိတ်ထဲတွင် တော့ အတွေးတစ်ခုတည်းသာ ရှိနေ၏။ “သေပါပြီ”