အခန်း (၆၆၉)
Vol. 45 Ch. 669
ဟူး
ရုပ်ရည် ခပ်ကြမ်းကြမ်းနှင့်လူသည် မောပန်းတကြီးဖြင့် သက်ပြင်းချလိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ ဒေါသတရားများနှင့် ပြည့်နက်နေသည်။
သူနှင့် မီတာ အနည်းငယ်တွင် ရီရှင်းချန်သည် ရပ်တန့်လျက်ရှိသည်။ ၎င်းသည် အကြိမ်ပေါင်းများစွာ ထိုးနှက်ခြင်းကို ခံထားရသည် ဖြစ်သော်လည်း ခန္ဓာ ကိုယ်သည် အလွန်တရာ အားကောင်းသောကြောင့် မျက်နှာပေါ်တွင် ဒဏ်ရာ ဒဏ်ချက်များဟူ၍ မရှိပေ။
ထို့ကြောင့်ပင် သူသည် ကျင့်ကြံခြင်းမရှိဘဲ သာမန်လူအတိုင်းဆိုသော်လည်း သဲအိတ်တစ်ခုထက် ပိုမို၍ ခံနိုင်ရည် ရှိသည်ဟု ဆိုရမည်။
ဟွေ့အာ ဟု ခေါ်သော မိန်းကလေးသည် သူ၏ ရှေ့တွင် မတ်တပ်ရပ်လျက်ရှိပြီး သူမ၏ အားနည်းလွန်းသော ခန္ဓာကိုယ်ဖြင့် ကာကွယ်ပေးလျက်ရှိသည်။ သူမ၏ မျက်လုံးများထဲတွင် မျက်ရည်များ တည်ရှိနေသည် ဆိုသော်လည်း ကာကွယ်ပေးရန် စိတ်ဆုံးဖြတ်ချက်များနှင့်အတူ ပြည့်ဝလျက် ရှိနေသည်။
"အမှိုက်"
ရီရှင်းချန်သည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ငါ့ရဲ့ ကျင့်ကြံခြင်းတွေ ပြန်ကောင်းလာရင် ငါ မင်းကို တစ်စစီ ဆွဲဖြဲပစ်မယ်။
သာမန်လူတစ်ယောက်၏ ရိုက်နှက်ခြင်းကို ခံရသည်မှာ သူ့အတွက် အကြီးအကျယ် အရှက်ရခြင်းပင် ဖြစ်၏။
"ညီမလေး"
ခပ်ကြမ်းကြမ်းနှင့် လူသည် လက်ညိုးထိုးကာ ပြောလိုက်သည်။ "လမ်းဖယ်စမ်း။ငါ သူ့ကို သင်ခန်းစာ ကောင်းကောင်း ပေးလိုက်မယ်"
အစ်ကိုကြီး ခင်ဗျားက သိုင်းဘုရင်တစ်ယောက်ကို ရိုက်နှက်နေတာလေ။အခု ကိုယ့်ကိုကိုယ် လက်မထောင်ပြီး ဂုဏ်ယူသင့်နေပြီ။
ဟွေ့အာသည် အော်ဟစ်ကာ ပြောလိုက်၏။ "ကျွန်မတောင်းပန်ပါတယ်။အားညိုကို ထပ်ပြီးတော့ မနာကျင်စေပါနဲ့တော့"
သူ၏ ညီမသည် ကာကွယ်ပေးနေသည်ဖြစ်သောကြောင့် ခပ်ကြမ်းကြမ်းလူမှာ အရှေ့သို့ တိုး၍ မရချေ။ သူသည် အလွန်ဒေါသထွက်နေသော မျက်လုံးများဖြင့် ရီရှင်းချန်အား စိုက်ကြည့်လျက်ရှိသည်။
ခရက် …
စုရှောင်မိုသည် ကွာစေ့အား အသာကိုက် ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ် … ဂျူနီယာညီလေးရီက ဒီလို ဖြစ်နေမယ်လို့ မထင်ဘူး"
လီဖေးကလည်း ပြောလိုက်၏။ "သူ့ဆီမှာ စေ့စပ်ထားတဲ့ မိန်းကလေးရှိတာပဲ။ဒီလောက်နှစ်တွေ အကြာကြီး ဘာလို့ ပြန်မသွားရတာလဲ။ဒါက များလွန်းအားကြီးတယ်"
သူတို့သည် ကွာစေ့ကို ကိုက်၍ ပွဲကို ကြည့်ရှုနေရင်းနောက် အနည်းနှင့် အများ နားလည်နေကြပြီဖြစ်သည်။
၎င်းတို့အားလုံးသည် စေ့စပ်ထားသည့် မိန်းကလေးအား စွန့်ပစ်ခဲ့သော ရီရှင်းချန်အား အစာမကြေသလို ကြည့်မိနေကြ၏။
ဟင်း ….။
အားလုံးသည် တစ်ဖက်ခြမ်းထဲမှ နေ၍ အားပေးနေကြခြင်းပင် ဖြစ်သည်။
ဂျူနီယာညီလေးရီတွင် အလွန်လှပသော စေ့စပ်ထားသည့် မိန်းကလေးတစ်ယောက် ရှိနေသည်။ သို့ပေမဲ့ သူမအား လွင့်ပစ်ခဲ့သည်။ ဤအရာသည် အကြင်နာကင်းမဲ့သော လူသားတစ်ယောက်၏ လုပ်ရပ်ပင် ဖြစ်၏။
လက်ရှိ အခြေအနေတွင်မှာတော့ ဟွေ့အာ၏ အစ်ကို မပြောနှင့် စုရှောင်မို လီဖေးနှင့် တစ်ခြားသော သူများ အားလုံးပင်လျှင် ရီရှင်းချန်အား ရိုက်နှက်ချင်စိတ်ပင် ပေါက်နေမိကြသည်။
"ထူးဆန်းလွန်းတယ်"
လီချင်းယန်သည် ဇဝေဇဝါ ဖြစ်မိသွားသည်။
“ဂျူနီယာညီလေး ရီသည် အမြဲတမ်း မာမာထန်ထန်နဲ့ မျက်နှာကြော တင်းနေတာလေ။ ဘယ်လိုလုပ်ပြီးတော့ သူနဲ့ ကြိုက်နေတဲ့ မိန်းကလေး ရှိရတာလဲ။"
"ဒါ သူ ဟန်လုပ်ထားတာ ဖြစ်မှာပေါ့"
စုရှောင်မိုက ပြောလိုက်သည်။ "သူက တကယ်တော့ မြှာပွေတတ်တဲ့သူ ဖြစ်လိမ့်မယ်"
ဤစကားလုံးများနှင့် ပတ်သက်၍ တပည့်းအားလုံး၏ စိတ်ကူးယဉ်အတွေးများသည် ပိုမို၍ ကြမ်းတမ်းလာခဲ့သည်။
မူလအားဖြင့် စကားပြောရာတွင် လေးနက်ပြီး မှန်မှန်ကန်ကန် နေတတ်သော ရီရှင်းချန်သည် နောက်ကွယ်၌ မိန်းကလေးငယ်များအား လှည့်စား ပြောဆိုတတ်သော မြှာပွေသည့် လူတစ်ယောက် ဖြစ်လို့နေ၏။
ကျွင်းချောင်ရှောင်းသည်လည်း ငြိမ်သက်တိတ်ဆိတ်နေမိသည်။
ရီရှင်းချန်၏ မျက်လုံးများအရ ဤဟွေ့အာဟုခေါ်သော မိန်းကလေးအား မသိကြောင်း သူ သေသေချာချာ နားလည်မိ၏။
“ဖြစ်နိုင်တာက …”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒီကောင်က ဘောလုံးနဲ့ အကန်ခံရပြီးတဲ့နောက်မှာ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားတာ ဖြစ်လောက်မယ်။"
သူတို့ အနေနှင့် သိုင်းပြိုင်ပွဲမှ ပြန်လာပြီးသည့်နောက် ဘောလုံးအား အမှတ်မထင် ကန်လိုက်ပြီးနောက် ရီရှင်းချန်သည်ဘောလုံးမှန်ကာ မေ့မျောသွားခဲ့၏။
ထိုအချိန်မှာတော့ ဤရောင်းရင်းအား ထိုနေရာတွင် ထားခဲ့သည်ဆိုပါက ဝံပုလွေရိုင်းများ သတ်ဖြတ်စားသောက်ကြမည်ကို ဆိုးသောကြောင့် သူသည် ဂိုဏ်းအတွင်းသို့ ပြန်လည် ခေါ်ဆောင်လာခဲ့၏။ ပြီးနောက် ကြင်နာစွာဖြင့် တပည့်အဖြစ် လက်ခံခဲ့၏။ ဤအရာမှာ ကောင်းတဲ့ ရည်ရွယ်ချက် မဟုတ်လား။
စနစ်က မေးလိုက်သည်။
"တကယ် အဲ့လို တွေးခဲ့တာ ဟုတ်လိုလား။"
မည်သို့ပင် ဆိုစေကာမူ ကျွင်းချောင်ရှောင်းသည် စနစ်အား လျစ်လျူရှုထား၏။
သူ၏ စိတ်ထဲမှာတော့ ရီရှင်းချန်နှင့် ပတ်သက်သည့် ကိုယ်ပိုင်စိတ်ကူးတစ်ခုသည် ပေါ်လာခဲ့၏။ သူသည် ချက်ချင်းပဲ နောင်တရသလို ခံစားလိုက်မိ၏။ ဤအရာသည် သူ့ကြောင့် ဖြစ်ခဲ့ရခြင်း အကြောင်း အရာပင် ဖြစ်တော့သည်။
သူ၏ မထင်မှတ်ထားသော လုပ်ရပ်တစ်ခုသည် အကန့်အသတ်မဲ့သော အလားအလာကို ပိုင်ဆိုင်သော တပည့်တစ်ယောက်ကို ဂိုဏ်းအတွက် လက်ခံရရှိခဲ့သည်။ သို့ပေမဲ့ ၎င်းတပည့်သည် သိစိတ်ပျောက်သွားပြီးနောက် မှတ်ဉာဏ်များ ဆုံးရှုံးကာ နှစ်ပေါင်းများစွာ ချစ်ခင် နှစ်သက်ခဲ့ရသော မိန်းကလေးနှင့် လက်ထပ်ရမည့် အခြေအနေမှ ကွေကွင်းသွားခဲ့ရ၏။
"တောင်းပန်ပါတယ်"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "မင်းတို့နှစ်ယောက်ကို ဒီလိုမျိုးကွဲကွာခဲ့တာ ငါ့ကြောင့်ပဲ။"
သို့ပေမဲ့ ဤအရာသည် နောက်မကျသေးပေ။ လက်ရှိအခြေအနေတွင် ပြောင်းလဲနိုင်ရန် အခွင့် အရေးရှိနေသေးသည်။
ကျွင်းချောင်ရှောင်းသည် မတ်တပ် ထရပ်ကာ ပြောလိုက်သည်။ "ရှင်းချန် ယောကျာ်းတွေဆိုတာက တာဝန်ယူမှု ရှိသင့်တယ်။ဒီတော့ ကောင်မလေးကို သေသေချာချာ ရှင်းပြလိုက်လေ...."
ရီရှင်းချန်၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားသည်။ "ကျွန်တော်က သူ့ကိုသိတောင် မသိဘူး ဘာကို ရှင်းပြရမှာလဲ"
သို့ပေမဲ့ ညအင်ပါယာသည် အရူးတစ်ယောက်တော့ မဟုတ်ပေ။လက်ရှိအခြေအနေ၌ သူသည် အခြေအနေတစ်ခုကို နားလည်ပြီဖြစ်၏။
သူ၏ မပြည့်စုံသော ဝိညာဉ်သည် မြေကမ္ဘာအမြုတေထဲတွင် သန့်စင်ခြင်းကို ခံလိုက်ရ၏။ ပြီးနောက် ထိုအထဲမှ လွတ်မြောက်လာပြီးသည့်နောက်မှာတော့ သစ်ခုတ်သမား ခန္ဓာကိုယ်တစ်ခုအား သူ အပိုင်စား ရယူခဲ့သည်။ ဤလူသည် အားညိုဆိုသည့်လူပင် ဖြစ်လိမ့်မည်။
ကျွင်းချောင်ရှောင်းသည် ဝိညာဉ် ကူးပြောင်း ရောက်ရှိလာပြီးသည့်နောက် မူလပိုင်ရှင်၏ မှတ်ဉာဏ်များဖြင့် အလုံးစုံ ပူးပေါင်းခဲ့၏။
ညအင်ပါယာမှာတော့ ရိုးရှင်းကြမ်းတမ်းလှသည့် နည်းလမ်းကို အသုံးပြု၍ တစ်ဖက်လူ၏ ဝိညာဉ်ကို ဖယ်ထုတ်၍ ခန္ဓာကိုယ်အား အပိုင်စား ရယူသည့် ပုံစံမျိုးဖြစ်သည်။
ထို့ကြောင့် မူလပိုင်ရှင်၏ ပုံစံနှင့် ဝိညာဉ်သည် လေထုထဲတွင် ပျောက်ကွယ်ပြီး ဖြစ်သည်မို့ မှတ်ဉာဏ်များနှင့် မပူးပေါင်းနိုင်တော့ချေ။
ဟုတ်ပေသည်။
သူ ထင်မှတ်ထားသည့် အတိုင်းပင် ခန္ဓာကိုယ်၏ မူရင်းပိုင်ရှင်သည် ဖေးအားညိုဟု ခေါ်သော ပိုင်ရှင်တစ်ယောက် ဖြစ်သည်။ ၎င်းသည် မိဘမဲ့ တစ်ယောက်ဖြစ်ပြီး တစ်ခြားသော လူများအား ကျွေးမွေး သုတ်သင်လာခဲ့ရသည့် လူတစ်ယောက်ဖြစ်သည်။
ကျွင်းချောင်ရှောင်း ရီရှင်းချန်ကို ခေါ်ဆောင်လာပြီးသည့်နောက်မှာတော့ ရွာသားများသည် သူ့အား အချိန်အတော်အတန် လိုက်လံရှာဖွေခဲ့ရ၏။ နောက်ဆုံး ရှာဖွေမတွေ့ခဲ့သည့် အချိန်မှာတော့ တောနက်ထဲတွင် ဝံပုလွေရိုင်းများ စားသောက်သည်ဟု ထင်မှတ်ခဲ့ကြ၏။
ညအင်ပါယာသည်သာ လတ်တလော ဟိုဒီ သွားခြင်းကို မပြုလုပ်သည်ဆိုပါက တူအာရွာမှ လူများသည် သူ့အား တွေ့လိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် ဤနေရာသိုရှာဖွေ၍ လိုက်လာလိမ့်မည်လည်း မဟုတ်ချေ။
"ရွာလူကြီး"
ကျွင်းချောင်ရှောင်းလည်း ပြောလိုက်သည်။ "ပြိုင်စံရှား ဂိုဏ်းရဲ့ တပည့်က ကိုယ့်စကားကို မတည်တဲ့ လူမျိုး မဟုတ်ဘူး။ဖေးအာညိုနဲ့ မိန်းကလေး ဟွေ့အာတို့က စေ့စပ်ထားပြီးပြီဆိုမှတော့ ကျုပ်က အမှန်တရား အတိုင်း ပြုလုပ်ပေးပါ့မယ်။"
ခွီး ….။
ဟား ဟား ဟား
စုရှောင်မိုသည် မနေနိုင်ဘဲ ထရယ်လိုက်၏။
ဖေးအားညို …..။
ဤနာမည်သည် တော်တော်ကြောင်တောင်တောင် နိုင်လှသည်။
"ငါ့ဗိုက်ထဲမှာ လိမ့်တက်လာတဲ့ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရတယ်။"
ပြိုင်စံရှား ဂိုဏ်းမှ တပည့်များသည် မနေနိုင်ဘဲ ရယ်ချင်နေမိကြ၏။ ရီရှင်းချန်သည် သူတို့၏ စီနီယာအစ်ကို ဖြစ်သည်။ ထို့ကြောင့် မျက်နှာသာပေးသည့် အနေနှင့် ရယ်မောခြင်းကို မပြုလုပ်ချင်ပေ။
ဂိုဏ်းချုပ်ကျွင်းသည်လည်း ရယ်ချင်နေ၏။ သို့ပေမဲ့ သူသည် ဂိုဏ်းချုပ်တစ်ယောက်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားရင်း မည်မျှ ရယ်မောချင်စိတ် ရှိသည်ဖြစ်စေ သူ မရယ်မိအောင် ထိန်းထားမှ ဖြစ်မည်။
ဟား ဟား ဟား ဟား ဟား
သို့ပေမဲ့ ရီရှင်းချန်၏ ပုခုံးအား အသာပုတ်ရင်း ကျွင်းချောင်ရှောင်းသည် အားရပါးရ ရယ်လိုက်၏။ ရယ်မောရလွန်းသောကြောင့် မျက်ရည်များပင် ထွက်လာမိသည်။
"ငါ မင်းကို ရီရှင်းချန်လို့ ခေါ်ရမှာလား ၊ ရီအာညိုလို့ ခေါ်ရမှာလား"
သူ၏ ဂိုဏ်းချုပ်နှင့် ဂိုဏ်းတူ ညီအစ်ကိုများ အားရပါးရ ရယ်မောနေသောကြောင့် ရီရှင်းချန်သည် သူ၏ ခန္ဓာကိုယ်ရှိ အမွေးများအားလုံး ထောင်ထသည်အထိ ဒေါသထွက်မိနေသည်။
"ကောင်းပြီ"
ကျွင်းချောင်ရှောင်းသည် ရယ်မောခြင်းကို ရပ်တန့်ကာ အဓိကအကြောင်းအရာဆီသို့ ပြန်ပြောလိုက်သည်။
"မိန်းကလေး ဟွေ့အာက ဂိုဏ်းမှာ နေခဲ့။ အားညို ….ခွီး”
"သူက ကျင့်ကြံရင်း ဒဏ်ရာ ရရှိခဲ့တယ်။ဒီတော့ သူ့ကို ဂရုစိုက်ဖို့အတွက် တစ်စုံတစ်ယောက် လိုအပ်နေတယ်။"
ဟွေ့အာသည် အလျင်အမြန်လှည့်ကြည့်ပြီးနောက် ထိတ်လန့်တကြားဖြင့် ပြောလိုက်သည်။ "အစ်ကို အားညို ဒဏ်ရာရထားတယ် ဟုတ်လား။"
ဤအရာမှာ ထင်ရှား လွန်းလှ၏။ ဟန်လုပ်စိုးရိမ်နေခြင်း မဟုတ်ဘဲ အစစ်အမှန် စိုးရိမ်နေခြင်းပင် ဖြစ်၏။
ရှောင်ကျီ၏ မျက်လုံးများတွင်လည်း ရောထွေးလှသည့် စိတ်ခံစားချက်များနှင့် ပြည့်နှက်လျက်ရှိသည်။ သူ့တွင်လည်း စေ့စပ်ခဲ့ဖူးသော မိန်းကလေးတစ်ယောက် ရှိခဲ့ဖူးသည်။ သို့ပေမဲ့ သူ့အား တစ်ချက်ကလေးမှ ဂရုမစိုက်ခဲ့ချေ။
"မိန်းကလေး"
ရီရှင်းချန်သည် တံခါးဆီသို လက်ညိုးထိုးကာ အေးစက်စက်ဖြင့် ပြောလိုက်၏။ "ထွက်သွားတော့"
ဤမိန်းကလေးသည် မူလခန္ဓာကိုယ်ပိုင်ရှင်နှင့် ပတ်သက်သည်ဆိုသည်ကို ခန့်မှန်းပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် ချစ်ခြင်း တရား မေတ္တာများနှင့်ပတ်သက်၍ ဇာတ်လမ်းမရှုပ်ချင်ပေ။ ထို့အပြင် သူ၏ အရင်ဘဝတုန်းကလည်း အမျိုးသမီးတစ်ယောက်ကြောင့် ဒဏ်ရာ ရရှိခဲ့၊ သေဆုံးခဲ့သည် မဟုတ်လား။
သူ့အနေနှင့် ယခုဘဝတွင် ထိပ်ဆုံး အဆင့်သို ပြန်လည်ရောက်ရှိချင်ပြီး အလွန်မြင့်မားသည့် အခြေအနေတစ်ခုသို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ထိုအမျိုးသမီးအား ကိုယ်တိုင်သွား၍ သတ်ဖြတ်ပစ်မည်ဟု ရည်မှန်းထားသည်။
"အားညို"
ကျွင်းချောင်ရှောင်းသည် သတိပေးလိုက်၏။ "မင်း ဘာတွေ ပြောနေတာလဲ"
ဘာတွေဖြစ်နေသည်ကို မသိသော်လည်း ရီရှင်းချန်သည် ဦးခေါင်းအား ဘောလုံးနှင့် ကန်မိသောကြောင့် အတိတ် မေ့နေခြင်းဟု တွေးထင်နေမိသော ကျွင်းချောင်ရှောင်းသည် သူ၏ အမှားကို ပြန်လည်ပြင်ဆင်ရန် အတွက် ဤစုံတွဲအတွက် အောင်သွယ်တော် ပြုလုပ်ချင်၏။
"ဂိုဏ်းချုပ်"
ရွာလူကြီးသည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ "တကယ့်ကို နားလည်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်"
ပြိုင်စံရှား ဂိုဏ်းသို့ လာပြီး ဖေးအားညိုအား ရှာဖွေသည့်အချိန်တွင် ပြသနာတစ်စုံတစ်ခု တက်မည်ကို သူ စိုးရိမ်နေမိ၏။ သို့ပေမဲ့ တကယ်တမ်းမှာတော့ ကျွင်းချောင်ရှောင်းသည် အလွန်အမင်း သဘောထားပြည့်ဝပြီး စိတ်စေသနာကောင်းလှသည်။
ဤမျှချမ်းသာပြီး အလွန်တရာ အားကောင်းသော သူများသည် မိမိလုပ်ချင်ရာကိုသာ ပြုလုပ်တတ်သူများ ဖြစ်ကြသည်။ သို့ပေမဲ့ ချီးကျူးဖွယ်ရာ ကောင်းသော ဂိုဏ်းချုပ်နှင့် သူတို့သည် ကြုံတွေ့နေရ၏။
"ရွာလူကြီး"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "စိတ်မပူနဲ့ အားညိုကသာ ဟွေ့အာကို အနိုင်ကျင့်ရဲတယ်ဆိုရင် သူ့ကို လုံးဝ လက်လွှတ်ပေးမှာ မဟုတ်ဘူး..."
“….." ရီရှင်းချန်။
"ဂိုဏ်ချုးပ်"
ရုပ်ရည် ခပ်ကြမ်းကြမ်းနှင့်လူက ပြောလိုက်သည်။ "ကျုပ်ကော ဒီမှာနေလို့ ရလား"
ဖေးအာညိုတစ်ယောက် သူ၏ ညီမအား အနိုင်ကျင့်မည်ကို သူ စိုးရိမ်မိ၏။ ထို့ကြောင့် ဤနေရာတွင် နေချင်သည်။
"အစ်ကို"
ဟွေ့အာက ပြောလိုက်သည်။ "ပြန်ပါတော့"
သူမအစ်ကို ဒီနေရာတွင် နေမည်ကို သူ စိုးရိမ်မိသည်။ မဟုတ်ပါက ထိန်းမနိုင် သိမ်းမနိုင်နှင့် အစ်ကိုအားညိုအား ထိပ်မံရိုက်နှက်နေလိမ့်မည်။
"ဧည့်သည်ကို ပြန်လိုက်ပို့လိုက်တော့"
ဤလူသည် ပြိုင်စံရှား ဂိုဏ်းတွင်သာ နေမည်ဆိုပါက ဖေးအားညိုနှင့် ဟွေ့အာတို့ ကြားတွင် ကန့်လန့် ကန့်လန့်နှင့် လိုက်ရှုပ်နေမည်ကို ကျွင်းချောင်ရှောင်း တွေးမိ၏။ ထို့ကြောင့် လက်ကို ယမ်းခါကာ ပြောလိုက်သည်။
"ဧည့်သည်ကို ပြန်လိုက်ပို့လိုက်တော့ "