← Chapters

အခန်း (၆၇၀)

Vol. 45 Ch. 670

အခန်း (၆၇၀)

Vol. 45 Ch. 670

ခင်ဗျားတို့ အနေနှင့် စိတ်ပျက်အားငယ် ဝမ်းနည်းခြင်းကို ခံစားဖူးချင်မှ ခံစားဖူးလိမ့်မည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ရီရှင်းချန်သည် အလွန်တရာ စိတ်ဓာတ်ကျကာ ဝမ်းနည်းလျက်ရှိ၏။

အဘယ့်ကြောင့်ဆိုသော် သူ မသိသော အမျိုးသမီးတစ်ယောက်သည် သူ၏ ရှေ့တွင် ရပ်လျက်ရှိပြီး ဆန်ပြုတ်ပန်းကန်တစ်ခုကို ကိုင်ကာ သူ့အား ခွံ့လျက်ရှိနေသောကြောင့်ပင်။

"အစ်ကိုအားညို"

ဟွေ့အာက ပြောလိုက်သည်။ "ခွံ့ကျွေးမယ်နော်"

ရီရှင်းချန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ပြောလိုက်သည်။ "အခု ထွက်သွားပြီးတော့ တံခါးကို ပိတ်ခဲ့လို့ မရဘူးလား"

ဂိုဏ်းချုပ်သည် သူ့အား ဤအမျိုးသမီးအား ရိုင်းရိုင်းဆိုင်းဆိုင်း မဆက်ဆံရန် အမိန့်ပေးထားခဲ့သည် ဖြစ်သောကြောင့်သာ သူ ဤမျှ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ သူသည် တံခါး ဆီသို့ လက်ညိုးထိုးကာ စိတ်‌ဓာတ်တကျဖြင့် ပြောလိုက်သည်။

"အစ်ကိုအားညို"

ဟွေ့အာသည် နှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်သည်။ "ရှင်က ပြောင်းလဲသွားပြီ။ရှင်က ပိုပြီးတော့ သူစိမ်းဆန်လာတယ်။"

"ငါ့ကို အစ်ကို အားညိုလို မခေါ်နဲ့"

ရီရှင်းချန်သည် အေးစက်စက် ပြောလိုက်သည်။ "သူက သေသွားတာ ကြာပြီ"

"ကျွန်မသိတယ်။"

ဟွေ့အာ က ပြောလိုက်သည်။ "ရှင်က အခု ရီရှင်းချန်ဖြစ်နေပြီ။ပြိုင်စံရှား ဂိုဏ်းရဲ့ တပည့်လေ။ပြန်ပြီးတော့ အသစ်မွေးဖွားလိုက်သလိုပေါ့"

ရီရှင်းချန်သည် ဆွံ့အသွားမိသည်။

သူသည် အစစ်အမှန်ကို ပြောဆိုနေခြင်းဖြစ်သည်။ သို့ပေမဲ့ ဤဉာဏ်နည်းလှသော အမျိုးသမီးမှာတော့ အထင် လွဲလျက်ရှိ၏။

"အင်း အစ်ကို ရီရှင်းချန်"

ဟွေ့အာက မျက်ရည် စက်လက်ဖြင့် ပြောလိုက်သည်။ "ဒီလိုမျိုး ဆက်ဆံမယ်မှန်းသိရင် ဘာလို့ စကားကောင်းတွေ ပြောခဲ့မိသေးလဲ။အခု အောင်မြင်မှုတွေ ရပြီဆိုမှ ကျွန်မကို စွန့်ခွာချင်နေတာလား။"

"ဒါက အမှန်ပဲ"

ရီရှင်းချန်သည် အေးစက်စက်ဖြင့် ပြောလိုက်သည်။ "မင်းက ငါနဲ့ မထိုက်တန်ဘူး"

ဤအမျိုးသမီးသည် အလွန်တရာ စိတ်တိုဖို့ ကောင်းလှသည်။

သူ့အနေနှင့် ဖေးအားညို ကဲ့သို့ ဟန်ဆောင်ကာ ဆက်လက် ပြောဆိုမှ ဖြစ်မည်။ သစ်စိမ်းချိုး စကားမျိုး ပြောဆို၍ အနားမကပ်တော့လျှင် ပို၍ကောင်းပေလိမ့်မည်။

ညအင်ပါယာ သူသည် အလွန်ရက်စက်လှသူ ဖြစ်သည်။

သို့ပေမဲ့ ယောကျာ်းကောင်းတို့မည်သည် ရက်စက်မှုကို ပိုင်ဆိုင်မှ ဖြစ်မည်။ ရက်စက်မှု ပါမှ ယောကျာ်းကောင်းပီသမည်ဖြစ်သလို ဝိုင်ပါမှ စားပွဲတစ်ခုသည် ပြည့်စုံပေလိမ့်မည်။

ဟွေ့အာသည် ဆန်ပြုတ်ပန်းကန်ကို ကိုင်ရင်း အိပ်ယာပေါ်မှ ထရပ်လိုက်သည်။ ပြီးနောက် သူမ၏ ပါးပေါ်ဆီသို့ မျက်ရည်များသည် လိမ့်၍ ကျလာခဲ့သည်။

အစ်ကိုအားညိုသည် သူမအား မေ့သွားခဲ့သည် မဟုတ်ကြောင်းအား သူမ ခိုင်ခိုင်မာမာ ယုံကြည်နေမိ၏။ သူမအနေနှင့် သုံးနှစ်လုံးလုံး ရွာ၏ အပြင်ဘက်စမ်းချောင်း‌တွင် စောင့်မျှော်နေခဲ့ရပြီး လက်ရှိတွင် အစ်ကို အားညိုအား ရှာဖွေတွေ့ရှိခဲ့သည်။ သို့ပေမဲ့ အရာအားလုံး ပြောင်းလဲသွားခဲ့ရပြီကို သူမသိရှိခဲ့ပြီး ဖြစ်၏။

အစ်ကိုအားညိုသည် တောက်ပသည့် အနာဂတ်နှင့် အတူ လက်ရှိတွင် ပြိုင်စံရှား ဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် အဘယ့်ကြောင့် သူမလို ဆင်းရဲလှသော ရွာသူတစ်ယောက်အား ဂရုစိုက်နေမည်နည်း။

ဟွေ့အာသည် စားပွဲပေါ်သို့ ပန်းကန်လုံးအား တင်ကာ ပြောလိုက်သည်။ "အစ်ကိုအားညို ကျွန်မထွက်သွားပါတော့မယ်"

"သွားသွား"

ရီရှင်းချန်က ပြောလိုက်သည်။ "နောက်ဆိုရင်လည်း လာပြီး မနှောင့်ယှက်နဲ့"

ဤမိန်းကလေးသည် ဖေးအားညိုအား အလွန်နှစ်သက်သည်ကို သူ သိရှိပြီးဖြစ်၏။

သို့ပေမဲ့ သူသည် ဖေးအားညို၏ ခန္ဓာကိုယ်ကို လက်ခံရယူထားသူ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ ကြားတွင် ကွာခြားလွန်းသည်ဟု ခံစားနေမိ၏။

သူသည် ဖေးအားညိုအား မနာလိုဖြစ်နေမိသည်လား။

သို့ပေမဲ့ ဤစိတ်ကူးသည် ရယ်ရွှင်စရာ ကောင်းလှသည်။

သူသည် အတိတ်တုန်းက ကုန်းမြေတိုက်ကြီးတစ်ခုလုံး၏ ထိပ်ဆုံး နေရာတွင် ရပ်တည်ခဲ့သူ ဖြစ်သည်။ သူ့အနေနှင့် သာမန်လူတစ်ယောက်အား အဘယ့်ကြောင့် ဂရုစိုက်နေမည်နည်း.။

……....

"မိန်းကေဟွေ့အာ"

ကျွင်းချောင်ရှောင်းသည် အတွင်းဘက်ခြံဝန်းတွင် မတ်တပ်ရပ်၍ ခေါင်းကိုငုံ့ကာ လမ်းလျှောက်လာသော ဟွေ့အာအား ကြည့်ကာ ပြောလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ "ငါ မင်းကို ပြော စရာရှိတယ်။ တကယ်တော့ အားညိုရဲ့ ခေါင်းက ပြင်းပြင်းထန်ထန် ထိခိုက်မိထားတာလေ။ဒါကြောင့် အရေးကြီးတဲ့ မှတ်ဉာဏ်တစ်ချို့ ဆုံးရှုံးထားတယ်။ အရေးကြီးတဲ့ လူတွေကိုလည်း မေ့နေတယ်။"

ဟမ်

မူလအားဖြင့် စိတ်ဓာတ်ကျပြီး အလွန်အကျွံဝမ်းနည်းလျက်ရှိသော ဟွေ့အာသည် မျက်လုံး အပြူးသားနှင့် ဖြစ်သွားမိ၏။ "ဒါဆို"

ကျွင်းချောင်ရှောင်းသည် နှစ်သိမ့်ပေးလိုက်၏။ "သူက အရင်နဲ့ မတူဘဲ ခြားနားနေလိမ့်မယ်။ဘာလို့လဲဆိုတော့ သူက ဘာတစ်ခုကိုမှ မမှတ်မိလို့ပဲ"

"ဒီလိုကိုး … ဒီလိုကိုး"

ဟွေ့အာသည် ရုတ်တရက် နားလည်သွားမိ၏။

သူမနှလုံးသားထဲတွင် ရှိသော နာကျဉ်မှုသည် အနည်းငယ်ပို၍ လျှော့ပါးသွားခဲ့သည်။

အစ်ကိုအားညိုသည် အလုံးစုံ ပြောင်းလဲသွားခဲ့ခြင်း မဟုတ်ပေ။ အရာအားလုံးကို မေ့လျော့နေခြင်းသာ ဖြစ်သည်။ ဤသို့ဆိုလျှင် ဘာကိုမဆို သူမနားလည်ပေးနိုင်၏။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မင်းရဲ့ မျက်လုံးတွေကို ကြည့်လိုက်တာ။မင်းနဲ့ အားညိုတို့က အရမ်းကို ချစ်ခင် နှစ်သက်ခဲ့ဖူးမှာပဲ။ကံဆိုးတာက နတ်ဘုရားတွေက မင်းတို့ကို ဟာသလုပ်ခဲ့တာပဲ။"

"ဂိုဏ်းချုပ်"

ဟွေ့အာသည် အသနားခံလိုက်၏။ "ဘာဆက်လုပ်သင့်လဲ"

"ဒါက အရမ်းကို ရိုးရှင်းလွန်းတယ်လေ။"

ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြောလိုက်သည်။ "သူနဲ့ ထပ်ပြီးတော့ ချစ်သူတွေ ဖြစ်အောင် လုပ်ပေါ့"

စနစ်သည် ဆွံ့အသွားမိ၏။

ဤကဲ့သို့ အစဉ်အမြဲ တစ်ယောက်တည်း နေရမည့် အရည်အချင်းနှင့် လူသည် တစ်ခြားသူများအား အချစ်ရေး အချစ်ရာတွင် လမ်းညွှန်ပေးလျက်ရှိသည်။ သောက်ကျိုး နည်းလှချေသည်တကား။

ဟွေ့အာသည် ရုတ်တရက် ငြိမ်သက်သွား၏။ ပြီးသည့်နောက် သူမသည် မျက်လုံးထောင့်စွန်းတွင် ရှိသော မျက်ရည်များအား သုတ်ကာ ခိုင်ခိုင်မာမာ ပြောလိုက်သည်။ "ဂိုဏ်းချုပ် ကျွန်မနားလည်ပါပြီ။"

"ဆိုရိုးတစ်ခု ရှိတယ်လေ။ရေလာဖို့ အတွက် မြောင်းပေးမှ ဖြစ်မယ်မလား။ဒါဆို ဒီနေ့ကစပြီး မင်းကို ဂိုဏ်းရဲ့ တပည့်အဖြစ် လက်ခံလိုက်ပြီ။မင်းက အားညိုနဲ့ အတူတူ လေ့ကျင့်လို့ ရပြီ" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်"

ဤသို့နှင့်ပဲ ဟွေ့အာသည် ပြိုင်စံရှား ဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်သွားတော့သည်။

“ဟင်း”

အဓိက ဟောခန်းထဲမှာ ထိုင်ရင်းနောက် ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "တပည့်တွေရဲ့ ကျင့်ကြံခြင်းကို ဂရုစိုက်ရုံတင်မကဘူး တပည့်တွေရဲ့ အချစ်ရေးကိစ္စတွေကို‌တောင် ဂရုစိုက်နေရတာ။ငါလို ဂိုဏ်းချုပ် ကို ဘယ်မှာ သွားရှာရမလဲ..."

တပည့်တစ်ယောက် ဖြစ်လာပြီးနောက်မှာတော့ ဟွေ့အာသည် ဂိုဏ်း၏ ဝတ်စုံကို ပြောင်းလဲ ဝတ်ဆင်လိုက်သည်။

သူမ၏ အော်ရာများသည်လည်း အနည်းငယ် ပြောင်းလဲသွားသည်။ သူမသည် လုချင်းချင်းကဲ့သို့ မဟုတ်ဘဲ နိမ့်ကျသည့် မိသားစုမှဖြစ်သော်လည်း လှပသည့် မိန်းကလေးတော့ ဖြစ်နေသေး၏။ မိသားစုတစ်ခုကို ကောင်းကောင်းဦးဆောင်နိုင်သော အမေကောင်းနှင့် ဇနီးကောင်း ဖြစ်မည့်အမျိုးအစားမျိုးပင် ဖြစ်၏။

ဟွေ့အာသည် ရီရှင်းချန်အား မချဉ်းကပ်ချေ။ အဲအစား သူမ၏ စီနီယာအစ်ကို အစ်မများနှင့် ကောင်းကောင်း စကားပြော၍ အစ်ကို အားညို ကြိုက်နှစ်သက်သည့် အရာများကို ပြန်လည်၍ မေးမြန်းနေမိသည်။

စားသောက်ခန်းထဲမှာတော့ ရီရှင်းချန်သည် ထိုင်လျက်ရှိသည်။

ဟွေ့အာသည် ဂိုဏ်းဝတ်စုံအား ဝတ်၍ ဝင်ရောက်လာသည်ကို မြင်ချိန်မှာတော့ သူ၏ မျက်နှာတစ်ခုလုံးသည် အေးခဲသွား၏။

ဤမိန်းကလေးသည် မထွက်ခွာရုံတင်မက ဂိုဏ်း၏ ဝတ်စုံကိုပါ ဝတ်ဆင်ထား‌ခဲ့သည်။

ဖြစ်နိုင်တာက

"ဂျူနီယာညီလေး အားညို"

စုရှောင်မိုသည် လှမ်းလျှောက်လာပြီး ပြုံးကာ ပြောလိုက်သည်။ "သူမက အခု ဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်‌ယောက်ဖြစ်နေပြီလေ။ ဒီတော့ ပြောချင်တာက မင်း ဂျူနီယာညီမလေး ဟွေ့အာကို အနိုင်ကျင့်ရဲတယ်ဆိုရင် မင်းကို လွယ်လွယ်ကူကူနဲ့ လက်လွှတ်ပေးမှာ မဟုတ်ဘူး။"

"ဒါက အမှန်ပဲ"

လီချင်းယန်သည်လည်း လမ်းလျှောက်လာပြီးနောက် အ‌ဓိပ္ပါယ်ပါသည့် လေသံဖြင့် ပြောလိုက်သည်။ "ဂျူနီယာညီလေးရီ …. ဂျူနီယာညီမလေး ဟွေ့အာက လူကောင်းတစ်ယောက်ပဲ။သူမကို စိတ်မဆင်းရဲစေနဲ့"

"ကောင်လေး"

အကြီးအကဲဝေသည် သူ၏ ဘေးနားတွင် လာထိုင်ကာ ပြောလိုက်တော့သည်။ "မင်းကိုငါ နည်းနည်း သင်ပေးရမယ်"

အင်း ….။

ဂိုဏ်းကြီးတစ်ခုလုံးသည် အားညိုအတွက် အလွန်တရာ စိတ်ဓာတ်ကျဖွယ်ရာ အရာများကို ယူဆောင်လာခဲ့တော့သည်။

ရီရှင်းချန်သည် လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်လိုက်တော့သည်။ ထားလိုက်တော့ ထားလိုက်တော့။ဒီမိန်းမ ငါ့ကို လာမရှုပ်ရင် ပြီးတာပဲ။သူပါသာ ဂိုဏ်းထဲမှ ရှိရှိ ကိစ္စမရှိဘူး။

ဟွေ့အာသည် ဂိုဏ်းထဲသို့ ဝင်ရောက်ပြီးသည့်နောက် မှာတော့ ရီရှင်းချန်အား အနှောက်အယှက် ‌မပေးပေ။

ရီရှင်းချန်၏ ဂိုဏ်း၏ ညီအစ်ကိုများမှတစ်ဆင့် ရီရှင်းချန် ကြိုက်နှစ်သက်သည့် အရာများကို စတင်ကာ လေ့လာတော့သည်။

"အစ်ကိုအားညိုက သိုင်းပညာတွေကို လေ့လာရတာ ကြိုက်နှစ်သက်တယ်။ဒီတော့ ငါလည်း ပြင်းပြင်းထန်ထန် ကြိုးစားမှ ဖြစ်မယ်။အစ်ကိုအားညိုက စီနီယာအစ်မလျိုချက်တဲ့ ဟင်းတွေကို ကြိုက်တယ်။ဒီတော့ ငါလည်း သွားပြီးတော့‌ မေးမြန်းပြီးသင်ယူထားမှ ဖြစ်မယ်"

ထို့ကြောင့်ပင် ဟွေ့အာသည် အစဉ်အမြဲ လေ့ကျင့်နေသည်မဟုတ်ဘဲ စားသောက်ခန်းထဲသို့ သွား၍ လျိုဝမ်ရှစ်ဆီမှ အကြံဉာဏ်များကို ရယူသည်။ ပြီးနောက် မီးဖိုချောင်ထဲတွင် ကူညီခြင်းကိုပင် ပြုလုပ်တတ်၏။

ဟင်။

တစ်နေ့မှာတော့ ရီရှင်းချန်သည် အစား အသောက်များကို စားရင်း မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ "အရသာက ပုံမှန် မဟုတ်ပါဘူး"

"ဟဲ ဟဲ"

လျိုဝမ်ရှစ်သည် ရုတ်တရက် သူ၏ ရှေ့တွင် ပေါ်လာသည်။ ပြီးနောက် လက်နှစ်ဖက်ဖြင့် မေးထောက်ကာ ပြောလိုက်သည်။ "စီနီယာအစ်ကိုကြီး ဒါက ဂျူနီယာညီမလေး ဟွေ့အာချက်တဲ့ ဟင်းလေ။အရသာ ဘယ်လိုရှိလဲ"

ရီရှင်းချန်သည် သူ၏ တူကို စားပွဲပေါ်တွင် တင်ကာ စားသောက်ခန်းထဲမှ ပြန်လည်ထွက်ခွာသွားသည်။

"မကောင်းဘူးလား"

မီးဖိုချောင်၏ အနောက်ဘက်တွင် မတ်တပ်ရပ်လျက်ရှိသော ဟွေ့အာ၏ မျက်နှာပေါ်တွင်တော့ စိတ်ပျက်ဝမ်းနည်းသည့် အမူအရာများ ပြည့်နက်သွားသည်။

သံမဏိအရိုးဂိုဏ်းတစ်ခုလုံးသည် ရီရှင်းချန်တစ်ယောက် မှတ်ဉာဏ်များ ပျောက်ဆုံး နေသည့် အကြောင်းအရာကို သိရှိသွားကြ၏။ ထို့ကြောင့် အားလုံးသည် ဟွေ့အာအား ကူညီချင်စိတ် ရှိနေသည်။ ၎င်းတို့နှစ်ယောက်၏ ဆက်ဆံရေးအား ပိုမိုတိုးတက်စေရန် ၎င်းတို့အားလုံးသည် ဝိုင်းဝန်းကြိုးစား ပေးနေကြ၏။

သို့ပေမဲ့ အဖြစ်မှန်ကို ရီရှင်းချန်တစ်ယောက်တည်းသာ သိသည်။ သူသည် မှတ်ဉာဏ်ပျောက်ဆုံးသွားခဲ့ခြင်း မဟုတ်ပေ။

ဖေးအားညိုဆိုသည်မှာ အစောကြီးကတည်းက သေဆုံးသွားခဲ့ပြီးဖြစ်သည်။ သို့ပေမဲ့ သူ့အနေနှင့် ဤအရာအား ထုတ်ဖော်ပြောကြား၍ မရပေ။ ဝိညာဉ်‌ကူးပြောင်းလာခြင်း အခြေအနေသည် ကြီးမားသည့် လျို့ဝှက်ချက်ကြီးတစ်ခု ဖြစ်နေသည်။

"စိတ်ညစ်စရာပဲ"

ရီရှင်းချန်သည် တောင်တစ်ခု၏ ထိပ်ပိုင်းတွင် မတ်တပ်ရပ်လိုက်သည်။ သူ၏ ခံစားချက်များသည် မတည်မငြိမ်ဖြစ်လို့ နေ၏။

"အားညို"

ကျွင်းချောင်ရှောင်းသည် သူ၏ နောက်ဘက်တွင် ပေါ်လာကာ ပြောလိုက်သည်။ "သိုင်းပညာတွေကိုပဲ အပတ်တကုတ် မကြိုးစားနေနဲ့။သွေးအေးပြီး အကြင်နာကင်းမဲ့ချင်ယောင်ဆောင်တာ ကောင်းတဲ့ အရာတော့ မဟုတ်ဘူး။ လူဆိုတာ ခံစားမှု ရသတွေ အကုန်လုံးကို ခံစားလို့ ရမှ လူပီသတာလေ။"

"ဂိုဏ်းချုပ် ကျေးဇူးပြုပြီး အားညိုလို့ မခေါ်ပါနဲ့"

"ကောင်းပြီ ဖေးရှင်းချန်”

“……..."

ရီရှင်းချန်သည် မည်သို့မှ မနေနိုင်တော့ဘဲ တောင်၏ ထိပ်ဆီမှ ခုန်ချ၍ သေချင်စိတ်ပင် ပေါက်မိနေသည်။

……...

ကျွင်းချောင်ရှောင်းသည် သူ၏ အကောင်းဆုံးသောအရာများကို ဖြည့်စည်းပေးပြီး တပည့်များတွင်ရှိသော ခံစားမှု ပြသနာများကိုပင် ဖြေရှင်းပေးထား၏။

သို့ပေမဲ့ ဤအရာကို အောင်မြင်နိုင်မည်လား ၊ မအောင်မြင်နိုင်ပြီလားဆိုသည်ကတော့ ၎င်းတို့ပေါ်တွင်သာ မူတည်၏။

ရက်အနည်းငယ် ကြာပြီးသည့်နောက် အရာအားလုံးကို စီစဉ်ပေးပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် နဂါးလေးနှင့် အတူ ဂိုဏ်းထဲမှ ထွက်ခွာသွားခဲ့သည်။

မည်သည့်နေရာကို သွားသနည်း။

သူသည် မြောက်ပိုင်း သဲကန္တာရ‌တည်နေရာဆီသို့ သွား၍ သူ၏ လက်နက်များကို သွန်းလုပ်ရန် ကျောက်ရိုင်းများကို ရှာဖွေခြင်းပင် ဖြစ်‌တော့၏။

မထွက်ခွာခင်မှာတော့ သူသည် အသံ ပို့လွှတ်ခဲ့သည်။ "အားညို … ငါ ပြန်လာရင် မင်းနဲ့ ဟွေ့အာ အတူတကွ စုစုစည်းစည်း ဖြစ်နေတာကို လိုချင်တယ်။"

"ဘာကိစ္စ မြင်ချင်ရတာလဲ"

အလွန်တရာ မောက်မာပြီး သီးခြား နေချင်လှသော ညအင်ပါယာသည် စိတ်ထဲမှာတော့ အကြီးအကျယ် ကျိန်ဆဲလျက် ရှိနေသည်။

ယနေ့မှာတော့ ကျွင်းချောင်ရှောင်းသည် မြောက်ပိုင်း သဲကန္တာရဆီသို့ ထွက်ခွာသွားခဲ့၏။

ဂိုဏ်းထဲမှာတော့ အားညိုနှင့် ဟွေ့အာတို့၏ ဆက်ဆံရေးအား ပိုမိုတိုးတက်လာစေရန် အားလုံးက အားတက်သရော ကြိုးစားပေးလျက်ရှိနေကြတော့သည်။

All Chapters