အခန်း (၆၇၁)
Vol. 45 Ch. 671
ရွှီး …။
ကျွင်းရှောင်ချောင်းသည် နဂါးလေးကို ခေါ်ဆောင်၍ မြောက်ပိုင်းသဲကန္တာရဆီသို့ ဦးတည်ကာ သွားလိုက် သည်။ အရှေ့တောင်အရပ်နှင့် မြောက်ပိုင်းတိုင်းဆိုသည်မှာ အလွန်တရာ ဝေးကွာသော တည်နေရာတွင် တည်ရှိ နေ၏။ ထို့ကြောင့် ပျံသန်းမသွားပဲ ပုံမှန်အတိုင်းသွားနေမည်ဆိုလျှင် နှစ်ပေါင်းများစွာ ကြာရှည်သွားပေလိမ့်မည်။
စနစ်ကပြောလိုက်သည်။ “လက်ခံသူ... ရီရှင်းချန်က မရိုးရှင်းလောက်ဘူး”
“အင်း”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူကတစ်စုံတစ်ခုကို လျှို့ဝှက်ထားတာ ဖြစ်ရမယ်။”
ရီရှင်းချန်အကြောင်းကို သူတစ်ချိန်လုံး တွေးတောနေခြင်းဖြစ်သည်။ ကြည့်ရသည်မှာ ထင်မှတ်ထားခဲ့သလို ရိုးရှင်းလှသည်ဟု သူမခံစားရချေ။ ပထမဦးဆုံးအနေနှင့် တူအာရွာတွင်ရှိသော ဖေးအားညို သည် သူ့အား အဘယ်ကြောင့် ရီရှင်းချန်ဟု ပြောဆိုရသနည်း။
မှတ်ဉာဏ်များ ပျောက်ဆုံးသွားမည်ဆိုလျှင် သူမည်သူနည်းနှင့် မည်သည့်နေရာမှလာသည်ကို မေးမြန်း ကြည့်မည် မဟုတ်ပါလား။ အဘယ်ကြောင့် ရီရှင်းချန် ဆိုသည့် နာမည်အား ထုတ်ဖော် အသုံးပြုရသနည်း။ ထို့အပြင် ရီရှင်းချန်သည် နတ်ဘုရားအဆင့်နှင့်အထက် သိုင်းကျင့်ကြံခြင်းနည်းစနစ်တစ်ခုကိုလည်း သိရှိနေ၏။
ထို့ကြောင့်ပင်လျှင် လီချင်းယန်နှင့် တခြားသူများကို ကျော်ဖြတ်၍ အားအကောင်းဆုံးသော ကျင့်ကြံသူ တစ်ယောက်ဖြစ်နေခြင်းပင်။
သာမန်ယောက်ျားတစ်ယောက်သည် ဤကဲ့သို့သော အရာမျိုးကို ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ဤအရာသည် အနည်းငယ်တွေးတော့လိုက်ရုံဖြင့် အဖြေရှာတွေ့နိုင်မည့် ကိစ္စရပ်မျိုး မဟုတ်ချေ။ အထူးသဖြင့် ရီရှင်းချန်ရောက်ရှိလာချိန်တွင် များပြားလှသော မြှုပ်ကွက်များ တည်ရှိနေ၏။
“ဆိုလိုတာ သူက မှတ်ဉာဏ်တွေကိုလည်း ပျောက်ဆုံးမသွားဘူး၊ ပြီးတော့ ဟွေ့အာနဲ့ တူအာရွာမှာရှိတဲ့ ရွာသား တွေကိုလည်း မှတ်မိနေတယ်၊ အဲလိုလား။ မသိချင်ယောင်ဆောင်နေတာမျိုးလား။.”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
စနစ်ကပြောလိုက်၏။ “သတိလစ်ပြီးတဲ့နောက် အခြားတစ်စုံတစ်ယောက် နဲ့ ကိုယ်ကိုယ်ကိုယ် မှားယွင်းထင်မြင်မိနေတာမျိုးလား။”
“မဖြစ်နိုင်ဘူး”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်၏။ “ဒီမှာလူတွေ အများကြီး ရှိတယ်လေ၊ တစ်ဖက်လူကလည်း သူ့ကို လူမမှားနိုင်ဘူးလေ၊ သူကလည်း သူ့ကိုယ်သူ တခြားလူတစ်ယောက်နဲ့ မှားစရာ အကြောင်းမရှိဘူး”
စနစ်က ပြောလိုက်သည်။ “ဒါဆိုရင် ဖြစ်နိုင်ချေက တစ်ခုပဲရှိတယ်၊ သူ့ရဲ့ မှတ်ဉာဏ်တွေက ပျောက်ဆုံးမသွားဘူး၊ ဒါပေမဲ့ ပြင်ပအားအင် တစ်ခုခုနဲ့ ဖျက်ဆီးခြင်း ခံထားရတာ”
“ဆက်ပြော” ကျွင်းချောင်ရှောင်း စကား ထောက်ပေးလိုက်သည်။
စနစ်က ပြောလိုက်၏။ “အရမ်းအားကောင်းတဲ့လူတစ်ယောက်နဲ့ ရီရှင်းချန်က တွေ့ဆုံလိမ့်မယ်၊ ပြီးတော့ နတ်ဘုရားအဆင့်အထက် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို သင်ယူနိုင်ခဲ့ပြီးတော့ သူရဲ့ မှတ်ဉာဏ်တွေကို အတင်းဖျက်ဆီးခြင်း ခံရမယ်”
“ဒါဆိုရင် ရီရှင်းချန်ဆိုတဲ့ နာမည်ကို ဘာလို့ သိရတာလဲ” ကျွင်းချောင်ရှောင်းက ပြန်မေးလိုက်သည်။
“...” စနစ်သည် ငြိမ်သက်သွားမိ၏။ မှတ်ဉာဏ်များ ပျောက်ဆုံးနေသည့် လူတစ်ယောက်သာဆိုလျှင် အဘယ်ကြောင့် နာမည်ကို မှတ်မိနေရသနည်း။ ထို့ကြောင့် အဓိပ္ပာယ်မရှိလှချေ။
ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။ “ဒါဆိုရင် ငါ့လိုပဲ တစ်စုံတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အပိုင်စီး ရယူထားတဲ့ လူတစ်ယောက်ဖြစ်နေမလား”
“လက်ခံသူစဉ်းစားတာက ဖြစ်နိုင်တယ်” စနစ်က ပြောလိုက်၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင် သူကလည်း ငါ့လို ဝိညာဉ်ကူးပြောင်းရောက်ရှိလာတာလား”
“ဒီလိုဆိုရင်တော့ ဖြစ်နိုင်လိမ့်မယ်။ သူက တခြားသူရဲ့ ခန္ဓာကိုယ်ကို အပိုင်သိမ်းရယူထားတာဆိုရင် မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေကိုလည်း အမွေ ဆက်ခံသို့ မရနိုင်လောက်ဘူး၊ ဒါကြောင့်မို့လို့ ဟွေ့အာနဲ့ တူအာရွာက ရွာသားတွေအကြောင်းကို မမှတ်မိနိုင်တာ ဖြစ်ရမယ်၊ တစ်ချိန်တည်းမှာပဲ သူက နတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းစနစ်ကို နားလည်နေရတာလဲဆိုတဲ့ အဖြေက တစ်ခါတည်း ပေါ်သွားမယ်၊ သူ့ကို တစ်ယောက်ယောက်က သင်ပြပေးခဲ့တာမဟုတ်ဘူး၊ သူနဲ့ တစ်ပါတည်း ပါလာခဲ့တာပဲ” စနစ်က ပြောလိုက်သည်။
“ဒါက အဓိပ္ပာယ်ရှိတယ်”
ကျွင်းချောင်ရှောင်း ဆက်ပြောလိုက်သည်။ “ရီရှင်းချန် လုပ်တဲ့အရာတွေက တခြားသူတွေနဲ့ ခြားနားတယ်လေ၊ ပြောရမယ်ဆိုရင် သူက”
စနစ်က ဆက်ပြောလိုက်တော့သည်။ “အရမ်းအားကောင်းတဲ့ ကျင့်ကြံသူတစ်ယောက်ယောက်ရဲ့ ဝိညာဉ်ကူးပြောင်းရောက်ရှိလာခြင်းလား”
“မဆိုးဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
စနစ်က ဆက်ပြောလိုက်၏။ “ဒါပေမဲ့ အရမ်းအားကောင်းတဲ့ ကျင့်ကြံသူတစ်ယောက်ယောက်က ဒီလိုမြင့်မားတဲ့အခြေအနေကိုရောက်ပြီးတော့မှ ပြန်လည်ပြီး ဝိညာဉ်ကူးပြောင်းမှုကို လုပ်နိုင်ဖို့အတွက် လွယ်ကူတာတော့မဟုတ်ဘူး”
တကယ်တမ်းမှာတော့ ကျွင်းချောင်ရှောင်းသည် ရီရှင်းချန်ကိုပင် သံသယရှိနေခြင်း မဟုတ်ပေ။ ဟယ်ဝူတီကိုလည်း သံသယရှိမိနေ၏။ အဘယ်ကြောင့်ဆိုသော် ဟယ်ဝူတီသည်လည်း ၎င်း၏ ညီအစ်ကိုများထက်စာရင် ပိုမို၍ အတွေ့ အကြုံမြင့်မားကာ ကျင့်ကြံခြင်းအဆင့်၏ အမြန်နှုန်းကလည်း ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် မြန်ဆန်နေသည်။
“တကယ်လို့ ရီရှင်းချန်ကသာ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ယောက် ဝိညာဉ်ကူးပြောင်းရောက်ရှိလာတာ ဆိုရင် သူနဲ့ ဖေးအားညိုတို့က မတူညီတဲ့လူတွေပဲ၊ ဒါကြောင့်မို့ သူနှင့် ဟွေ့အာက အတူတူ ရှိနေဖို့ဆိုတာ မဖြစ်နိုင်ဘူး” စနစ်က ပြောလိုက်သည်။
“ငါလည်းအခု သေချာမသိတော့ဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီတော့ ဟွေ့အာကို သူ့အနားကို ပိုပြီးတော့ ကပ်ခိုင်းရမယ်၊ ဒါမှ ဒီကောင် အမှားကို လာပြီး ဝန်ခံလိမ့်မယ်”
စနစ်သည် ငြိမ်သက်သွားသည်။
နောက်ဆုံးတော့ နားလည်သွားခဲ့ပြီဖြစ်သည်။ ရီရှင်းချန်နှင့် ဟွေ့အာတို့အား အောင်သွယ်တော် ပြုလုပ်နေခြင်းလား။ ကျွင်းချောင်ရှောင်းတွင် ကြီးမားလှသည့် အကြံအစည်ရှိနေသောကြောင့် ဤသို့ ပြုုလုပ်ခြင်းပင် ဖြစ်သည်။ တစ်ဖက်လူသည် လျှို့ဝှက်ချက်အား လိုလိုချင်ချင် နှင့် လာရောက်ကာ ဝန်ခံခြင်းကို သူ လိုလားတောင့်တနေသည်မဟုတ်လား။
လွန်ခဲ့သည် ရက်အနည်းက ဖြစ်စဉ်များကို ပြန်လည်သုံးသပ်ရမည်ဆိုလျှင် ရီရှင်းချန်သည် အလွန်တရာ စိတ်ဓာတ် ကျဆင်းနေမိသည်။ သူသည် ဖေးအားညို၏ ခန္ဓာကိုယ်အား အပိုင်သိမ်းခဲ့သည်။ သိုင်းအင်ပါယာတစ်ယောက် ဖြစ်သည်ဆိုသည့်အကြောင်းကိုပင် ဂိုဏ်းချုပ်အား ဝန်ခံချင်မိနေ၏။
“ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာ သူ့သတင်းနဲ့ပတ်သက်ပြီး ရှာဖွေမှုတွေ လုပ်ခဲ့သေးလား”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ရီရှင်းချန်ဆိုတဲ့ နာမည်နဲ့ ပတ်သက်တဲ့ စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်ယောက်ကို ရှာတွေ့သေးလား”
“မတွေ့ဘူး”
စနစ်က ပြောလိုက်သည်။ “ရီရှင်းချန်ဆိုတာ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ အရမ်းကို ရှားပါးတယ်၊ သမိုင်းမှတ်တမ်းတော်တော်များများကို ကြည့်ရှုတဲ့အချိန်မှာ ရီရှန်းချန်ဆိုတဲ့ နာမည် သိပ်မတွေ့ဘူး”
“ဒါဆိုရင် နာမည်ကကော အတုပြုလုပ်ထားတာလား”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင် ပြန်လည်မွေးဖွားဖို့၊ ဝိညာဉ်ကူးပြောင်းရောက်ရှိဖို့ လိုအပ်တဲ့ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်က ဘယ်သူဖြစ်နိုင်မလဲ”
“ဒါက ပြောဖို့တော့ ခက်တယ်”
စနစ်က ပြောလိုက်သည်။
“လူတချို့က မြင့်မားတဲ့ ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်တယ် ဆိုရင်တောင်မှ သေဆုံးသွားနိုင်တယ်။ အကြောင်းအရာ တစ်ခုခုနဲ့ သေဆုံးသွားနိုင် တယ်၊ ဥပမာအားဖြင့် ကပ်ဘေးမိုးကြိုး ထိမှန်တာမျိုးပေါ့”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားမိ၏။
“ငါမေ့နေတယ်”
စနစ်က ပြောလိုက်သည်။ “မင်းလည်း အဲလိုဖြစ်ပြီး သေခဲ့တာ မဟုတ်လား”
“တော်စမ်း” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
စနစ်က ပြောလိုက်၏။ “ငါရှာဖွေမိသလောက်ဆိုရင်တော့ သက်ရှိတွေအားလုံးရဲ့ အပေါ်စီးမှာရှိနေတဲ့ သိုင်းအင်ပါယာ ကိုးယောက်ရှိတယ်၊ သူတို့ထဲက တစ်ယောက်ကို ညအင်ပါယာလို့ ခေါ်တယ်”
“ညအင်ပါယာ ဟုတ်လား”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက သာမန်ပဲ မဟုတ်လား”
သူ၏ အထင်အရဆိုလျှင် ညအင်ပါယာ၊ အင်ပါယာချင်၊ အင်ပါယာမင်၊ အင်ပါယာချီ ထိုသူတို့အားလုံးသည် ရှန်းရှ ဝတ္ထုထဲတွင်ပါဝင်သော အထင်ကရ ပုဂ္ဂိုလ်များဖြစ်သည်။သိုင်းဝတ္ထုထဲတွင် ပါဝင်သော အဓိက မိသားစုများကြီးဖြစ်သည့် ချောင်၊ ရှု၊ လုံနှင့် ရီ မျိုးရိုးများကဲ့သို့ပင်ဖြစ်ကြသည်။
“ဒါကသာမန်ပဲ”
စနစ်က ပြောလိုက်သည်။ “ဒါပေမဲ့ အဲဒီညအင်ပါယာက သူ့ရဲ့ သိုင်းအင်ပါယာအဆင့်ကနေ ပြုတ်ကျပြီး ပျောက်ဆုံးသွားခဲ့တယ်”
ဟမ်
ကျွင်းချောင်ရှောင်းသည် အနည်းငယ် စိတ်ဝင်စားသွားမိ၏။ “သူဘယ်လိုသေသွားတာလဲ၊ ဘယ်တုန်းက သေသွားတာလဲ”
“လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကျော်တုန်းကပေါ့၊ ဘယ်လိုသေခဲ့တယ်ဆိုတာ ဘယ်သူမှ မသိဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီလောက် သေသွားတာ ကြာမြင့်နေပြီ၊ အစောကြီးကတည်းက ပြန်လည်မွေးဖွားလာလောက်ပြီပေါ့”
“စိတ်ဝင်စားစရာကောင်းတာက”
စနစ်က ပြောလိုက်သည်။ “ညအင်ပါယာမှာ အရမ်းကို ရင်းနှီးတဲ့ အမျိုးသမီး သူငယ်ချင်းရှိတယ်၊ သူ့နာမည်က လင်းရောင်တဲ့၊ သူ သိုင်းအင်ပါယာအဆင့်ကနေ ကျဆင်းပြီး ပျောက်ဆုံးသေဆုံးသွားတဲ့အချိန်မှာ သူမက သိုင်းအင်ပါယာအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့တယ်လေ”
ကျွင်းချောင်ရှောင်းသည် သိုင်းအင်ပါယာတစ်ယောက်၏ အချစ်ဇာတ်လမ်းကို စိတ်မဝင်စားချေ။ ထို့ကြောင့် ပြောလိုက်သည်။ “ဆက်ပြီးတော့ရှာထား၊ ရီရှင်းချန်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်ရှာတွေ့တယ်ဆိုရင် ငါ့ကို ချက်ချင်းပြော”
ရွှီး
အလင်းတန်းတစ်ခုသည် ကောင်းကင်ဆီ၌ ပျံသန်းသွားပြီး အသက်တစ်ရှိုက်စီ၌ ဆယ်မိုင်နီးပါးခန့် ရောက်ရှိသွား သည်။
............
မြောက်ပိုင်းသဲကန္တာရ နယ်မြေမှာတော့ တည်နေရာတစ်ခုလုံး၏ ခုနှစ်ဆယ်ရာခိုင်နှုန်းသည် သဲကန္တာရကြီး တစ်ခုလုံး ဖြစ်သည်။ ယနေ့မှာတော့ ကျွင်းချောင်ရှောင်းသည် နဂါးလေးကို ခေါ်ဆောင်ကာ ပျံသန်းလာပြီးသည့် နောက် အဝါရောင်သဲများဖြင့် ဖုံးလွှမ်းနေသော သဲကန္တာရကြီးတစ်ခုပေါ်သို့ ရောက်ရှိလာသည်။
တည်နေရာတွင် ရှိသော လေများသည် ခြောက်ကပ်လျက်ရှိပြီး လေမှာလည်း အလွန်တရာ ပူလောင်လွန်း၏။ မီးဖိုကြီးတစ်ဖိုအား ထမ်း၍ သွားရသလိုပင် ဖြစ်တော့၏။
“ဒီမှာ ဘယ်သူမှ မရှိပါလား”
ကျွင်းချောင်ရှောင်းသည် လမ်းတစ်လျှောက်တွင် လူတစ်ယောက်မှ မတွေ့ရချေ။
“မြောက်ဘက်ပိုင်း မိုင်တစ်ထောင် နီးပါးမှာ သဲဝါမြို့ဆိုတဲ့ မြို့တစ်မြို့ရှိတယ်၊ လက်ခံသူအနေနဲ့ ကျောက်ရိုင်းတုံး တွေ ဝယ်ချင်တယ်ဆိုရင် အဲကိုသွားမှ ရမှာ” စနစ်က ပြောလိုက်သည်။
စနစ်သည် Version 2.0 သို့ အဆင့်မြှင့်တင်ပြီးသည့်နောက် ကြယ်ကြွေကုန်းမြေတိုက်ကြီး အပေါ် နားလည်မှုသည် ပို၍ မြင့်မားလာခဲ့၏။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် ဆက်လက်ကာ ပျံသန်းသွားလိုက်၏။ ပြီးနောက် မြောက်ဘက်နေရာတွင် အဆောက်အဦ များကို ခပ်ဝါးဝါး မြင်လိုက်ရတော့သည်။ သဲဝါမြို့သည် သဲများနှင့် ပြုလုပ်ထားသော မြို့ရိုးနံရံကြီးတစ်ခု ရှိနေပြီး အလွန်တရာ ကြည့်လို့ကောင်းလွန်းလှ၏။
ကျွင်းချောင်ရှောင်းသည် မြို့နှင့် မနီးမဝေးတွင် ဆင်းသက်လိုက်ပြီးသည့် နောက် အသာလမ်းလျှောက်လာခဲ့သည်။ သဲဝါမြို့သည် ကြီးမားလွန်းပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင်တော့ သက်ရှိ များ များများစားစား မနေထိုင်ကြချေ။ မြို့ကြီးတစ်ခုလုံးသည် ခြောက်ကပ်လျက်ရှိသည်။
သူသည် မြို့ထဲသို့ ဝင်ဝင်ချင်းမှာပဲ နေပူဒဏ်ကို ကာကွယ်ရန်အတွက် ခေါင်းအား အဝတ်နှင့်အုပ်ကာ ဆောင်းထား သော သက်လတ်ပိုင်း လူတစ်ယောက်ကို မြင်လိုက်ရ၏။ ထိုသူက ပြောလိုက်၏။ “ခင်ဗျားကို မရင်းနှီးဘူး၊ ဒီကို ကျောက်ရိုင်းတွေ လာဝယ်တာလား”
“ဟုတ်ပါတယ်”
“ဒါဆိုရင် အချိန်မှားသွားပြီ၊ လက်ရှိမှာ ကျောက်ရိုင်းတွေနဲ့ ပတ်သက်ပြီးတော့ ဂိုဏ်းကြီးတချို့က ပြဿနာတက် နေတယ်၊ သူတို့က နှစ်ဝက်လောက်ရှိပြီ တိုက်ခိုက်နေကြတာလေ၊ မြို့ထဲမှာရှိတဲ့ ကျောက်ရိုင်းဆိုင်တွေမှာ ကျောက်ရိုင်းတုံးတွေ အကုန်လုံးက ပစ္စည်းပြတ်နေကြတယ်”
ဟူး
သူသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်၍ မြို့တစ်ခုလုံး ကြည့်ရှုလိုက်သည်။ ထင်မှတ်ထားသည့်အတိုင်းပင် များပြားလှသော ကျောက်ရိုင်းတုံးအရောင်းဆိုင်များအားလုံးသည် ပိတ်ထားကြ၏။
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်း များသည် တုန်ယင်သွား၏။ သူသည် မြောက်ပိုင်းသဲကန္တာရဆီသို့ လာခြင်းမှာ ကျောက်ရိုင်းတုံးများကို ဝယ်ယူရန် ဖြစ်သည်။ သို့ပေမဲ့ ကုန်ပစ္စည်းမှာ မရှိတော့ချေ။
“ရောင်းရင်း”
ကျွင်းချောင်ရှောင်းက မေးလိုက်၏။ “တခြားမြို့တွေမှာကော ကျောက်ရိုင်းတွေ ရှိသေးလား”
“သဲဝါမြို့က မြောက်ပိုင်းသဲကန္တာရရဲ့ အဓိက ကျောက်ရိုင်းရောင်းချရာ နေရာပဲလေ၊ ဒီမှာ မရှိဘူးဆိုရင် တခြားမြို့ တွေမှာလည်း မရှိဘူး”
သက်လတ်ပိုင်းအရွယ်လူက ပြောလိုက်၏။ “ခဏစောင့်အုံး၊ ကျောက်ရိုင်းဈေးကွက်က ဂိုဏ်းကြီးတွေကိစ္စပြီးသွားရင် ပြန်ကောင်းလာလိမ့်မယ်”
“သူတို့ တိုက်ခိုက်တာ ဘယ်လောက်ကြာမှာလဲ” ကျွင်းချောင်ရှောင်း မေးလိုက်သည်။
သက်လတ်ပိုင်းလူက ပြောလိုက်သည်။ “ဂိုဏ်းတွေက အပြင်းအထန် တိုက်ခိုက်နေကြတာလေ၊ အရင်တိုက်ပွဲတုန်းကတော့ နှစ်နှစ်၊ သုံးနှစ်လောက် ကြာတယ်”
“နှစ်နှစ်၊ သုံးနှစ် ဟုတ်လား”
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “အဲတာ ဘယ်ဂိုဏ်းတွေလဲ”
သက်လတ်ပိုင်းလူသည် ကြင်နာစွာဖြင့် ပြောလိုက်၏။ “ရောင်းရင်း... ဒီအကြောင်းနဲ့ပတ်သက်ပြီး ဆက်လက်မမေးဖို့ အကြံပေးချင်တယ်၊ မဟုတ်ရင် ဒုက္ခရောက်လိမ့်မယ်”
ဟူး ဟူး
ထိုအချိန်မှာတော့ အလွန်တရာ အားကောင်းလှသော ချီများသည် လေထုထဲတွင် ပြည့်နှက်သွားပြီး ထိုသူအား ဖိနှိပ် ထား၏။
ကျွင်းချောင်ရှောင်းသည် ထိုသူအား အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။ “ခင်ဗျား မပြောဘူးဆိုရင် ကြီးမားတဲ့ ကပ်ဘေးကြီးက ခင်ဗျားဆီကို ကျဆင်းလာမှာ”