← Chapters

အခန်း (၆၇၃)

Vol. 45 Ch. 673

အခန်း (၆၇၃)

Vol. 45 Ch. 673

ဘိုးဘေးအကြီးအကဲကြီးနှင့် အဘိုးကြီးရှုတို့သည် သိုင်းအုပ်စိုးသူပထမအဆင့် ကျင့်ကြံသူများဖြစ်သည် ဆိုသော်လည်း ၎င်းတို့ထုတ်ဖော်တိုက်ခိုက်လိုက်သော သိုင်းနည်းစနစ်များမှာတော့ အလွန်တရာ အားကောင်းလွန်းလှသော သူတော်စင်အဆင့် တိုက်ခိုက်ရေးနည်းစနစ်များဖြစ်၏။

အဖြူရောင်ဝတ်စုံနှင့်လူသည် ရုတ်တရက် ပေါ်ပေါက်လာပြီးသည့်နောက် ထိုတိုက်ခိုက်ရေးနည်းစနစ်များကို လွယ်လွယ်ကူကူ နှင့် ဖမ်းဆီးချုပ်နှောင်ထားသည်သာမက တစ်ခါတည်း ဖြစ်ပေါ် လာသည့် အားအင်အဟုန်များ ကိုလည်း ချိုးဖြတ်ခဲ့သည်။

အမှန်အကန်ပဲ အားကောင်းလွန်းလှသူဖြစ်သည်။

ဤအရာမှာ အမှန်ပင်ဖြစ်၏။ ဤကဲ့သို့သောအရာများကို ပြုလုပ်နိုင်သည်ဆိုသည်မှာ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော ကျွင်းချောင်ရှောင်းသာလျှင် ဖြစ်ပေလိမ့်မည်။ သူသည် တိုက်ခိုက်နေသည့်မြင်ကွင်းရှိရာသို့ အလျင်အမြန်နှင့် ရောက်ရှိလာပြီး တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ သူရောက်ရှိလာသည့်အချိန်တွင် ဘိုးဘေးအကြီးအကဲကြီးနှင့် အဘိုးကြီးရှုတို့သည့် တိုက်ခိုက်လုနီးပါး ဖြစ်နေကြ၏။

ပထမပိုင်းတွင် ကျွင်းချောင်ရှောင်းသည် ထိုနှစ်ယောက်တိုက်ခိုက်ပြီးသည်အထိ စောင့်ဆိုင်းရန် စဉ်းစားခဲ့၏။ သို့ပေမဲ့ တိုက်ခိုက်ရေးနည်းစနစ်များကို စုစည်း၍ ထုတ်ဖော်တိုက်ခိုက်လိုက်ချိန်မှာတော့ တော်တော်နှင့်ပြီးမည့်ပုံ မဟုတ်ကြောင်း သူနားလည်လိုက်မိသည်။

တစ်ချိန်တည်းမှာပဲ ထိုတိုက်ခိုက်ရေးနည်းစနစ်များကိုလည်း ခံယူရင်း သူ၏ အားအင်အဆင့်ကို စမ်းသပ်မည့် စိတ်ကူး တစ်ခုသည် သူ၏ ဦးခေါင်းထဲ၌ ပေါ်လာခဲ့၏။

အားအင်စမ်းသပ်ခြင်းစက်များသည် ကျွင်းချောင်ရှောင်း၏ သေလမ်းရှာချင်စိတ်များအား စိတ်ကျေနပ်မှု ရရှိသည်အထိ ဖြေသိမ့်ပေးနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ပိုမို၍ စိတ်လှုပ်ရှားစရာကောင်းသည့် အရာတစ်ခု လိုအပ်နေခဲ့သည်။

ကံကောင်းစွာဖြင့် သူတော်စင်အဆင့်တိုက်ခိုက်ရေးနည်းစနစ်နှစ်ခုသည် သူ၏ရှေ့တွင် ပေါ်လာခဲ့သည်။ ထို့ကြောင့် ထိုနှစ်ခုကြားထဲသို့ ကြားဝင်ကာ ဟန့်တားခြင်းအားဖြင့် သူ၏ အားအင်အဆင့်ကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်မိတော့၏။

ဘုန်း … ဘုန်း

တိုက်ခိုက်လိုက်သည့် နည်းစနစ်များသည် ပြန်လည်ကန်ထွက်သွားပြီးသည့်နောက်မှာ ဘိုးဘေးအကြီးအကဲကြီးနှင့် အဘိုးကြီးရှုတို့သည့် သွေးပင်အန်ထွက်လာကြ၏။

၎င်းတို့၏ မျက်လုံးထဲတွင်တော့ ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်သွားသည်။ ဤလူငယ်သည် တိုက်ခိုက်ချက်များကို သာမန်ပုံစံဖြင့် ဟန့်တားခဲ့သည့်အပြင် တစ်ခါတည်း ချိုးဖြတ်နိုင်ခဲ့သည်။ ကြည့်ရသည်မှာ အလွန်အမင်း အားကောင်းလွန်းလှပုံပေါ်၏သည်

“ခင်ဗျားတို့နှစ်ယောက်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီကျွင်းကို မျက်နှာသာပေးကြပါလား”

သာမန်အခြေအနေအရဆိုလျှင် မြောက်ပိုင်းသဲကန္တာရရှိ သိုင်းကျင့်ကြံသူများ ကျိန်းသေပေါက် ပြောမည့်အရာမှာ “ကောင်လေး… မင်းကဘယ်သူတုန်း၊ ဘာကိစ္စ မင်းကို မျက်နှာသာပေးရမှာလဲ” ဟူ၍ ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ကွာခြားလျက်ရှိ၏။

ဂိုဏ်းချုပ်ကျွင်းသည် သိုင်းအုပ်စိုးသူနှစ်ယောက်၏ တိုက်ခိုက်ချက် များကို လွယ်လွယ်ကူကူ ချိုးဖြတ်နိုင်ခဲ့၏။ ဤအရာသည် အားလုံးသောလူများကို ထိတ်လန့်တုန်လှုပ်မိစေသည်။ သူတို့အနေနှင့် ကျိန်းသေပေါက် မျက်နှာသာပေးရပေမည်။

အဘိုးကြီးရှုသည် သူ၏ခန္ဓာကိုယ်ထဲတွင် ပြောင်းပြန် စီးဆင်းနေသော သွေးများကို ဖိနှိပ်ကာ ပြောလိုက်၏။ “ခင်ဗျားဘယ်သူလဲ”

“ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ သူ၏လေသံများသည် တည်ငြိမ်နေ၏။ အလွန်အမင်း အားကောင်းလှသော ဟိတ်ဟန်ထုတ်ခြင်း အရှိန်အဝါများသည်လည်း ထွက်ပေါ်လျက် ရှိနေတော့သည်။

ကျွင်းချောင်ရှောင်းသည် နောက်ပိုင်းအချိန်များတွင် ဟန်ထုတ်ကာ ဝံ့ကြွားသည့်ပုံစံမျိုးကို သေသေချာချာ ကျွမ်းကျွမ်းကျင်ကျင် လေ့ကျင့် ထားခဲ့၏။ ဤကဲ့သို့ နေချင်လှသည်တော့ မဟုတ်ပေ။ သို့ပေမဲ့ ထိုသို့မှ မနေလျှင် သူ့အား ဘယ်သူမှ အထင်မကြီးသောကြောင့်ပင်ဖြစ်၏။ အရင်တုန်းကဆိုလျှင် ဂိုဏ်းချုပ်တစ်ယေက်ပါ ဟု ပြောလျှင်ပင် ယုံကြည်သူ ဟူ၍ တစ်စုံတယောက်မှ မရှိခဲ့ချေ။

အဘိုးကြီးရှုသည် ကြောင်အသွား၏။ သူက ပြောလိုက်သည်။ “ခင်ဗျားက ကျွင်းချောင်ရှောင်းလား”

“အမှန်ပါပဲ”

ကျွင်းချောင်ရှောင်း၏ အပြုံးသည် ပို၍ တောက်ပလာ၏။ ဤကဲ့သို့ လူသူအရောက်အပေါက်နည်းလှသော တည်နေရာတစ်ခုမှလူသည် သူ့အကြောင်းကို ကြားဖူးသည်ဆိုသည်ကို သိရှိပြီးနောက် အလွန်တရာသဘောကျ နှစ်ခြိုက်သွားမိသည်။

“ကျွင်းချောင်ရှောင်းကိုး”

အသူရာသဲဂိုဏ်း၏ ဘိုးဘေးအကြီးအကဲကြီးသည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်၏။ “အားနာပါတယ်၊ အားနာပါတယ်”

၎င်း၏ မျက်လုံးများကို ကြည့်ရမည်ဆိုလျှင် အလွန်အမင်း ယဉ်ကျေးနေသည်သာမဟုတ်၊ အလွန်အမင်းလည်း ချီးကျုးမိနေသည်ကို ထင်ရှားလျက်ရှိသည်။

“ပြိုင်စံရှားဂိုဏ်း ဟုတ်လား”

“လတ်တလော လိုင်လီနတ်ဂိုဏ်းကို အနိုင်ယူခဲ့တဲ့ အလားအလာအကောင်းဆုံး ထိပ်ဆုံးသုံးခုထဲက ဂိုဏ်းတစ်ခု လား”

“ဒါဆိုသူက မြောက်ပိုင်းသဲကန္တာရထဲကို ဘာလာလုပ်တာလဲ”

သူ့အနေနှင့် လိုင်လီနတ်ဂိုဏ်းအား စိန်ခေါ်ခဲ့သည့် သတင်းနှင့် အရှေ့လွင်ပြင်ထဲတွင်ရှိသော များပြားလှသော ဂိုဏ်းများမှ တပည့်များကို ရိုက်နှက်နိုင်ခဲ့သည့်သတင်းသည် ကုန်းမြေတိုက်ကြီးတစ်ခုလုံးဆီသို့ ပျံ့နှံ့နေခဲ့ပြီးဖြစ်၏။ ထို့ကြောင့် မြောက်ပိုင်းသဲကန္တာရမှာ လူများပင်လျှင် သူ့အကြောင်းကို ကြားဖူးကြ၏။

“အားလုံးပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက မိုင်းတွင်းတစ်ခုမဟုတ်လား၊ ဘာလို့ ပဋိပက္ခတွေ ဖြစ်ပွားခံနေမှာလဲ၊ အားလုံးပဲ ထိုင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း စကားပြောကြတာ မကောင်းဘူးလား”

ပြောပြီးသည့်နောက်တွင် သူသည် သဲသောင်ပြင် တစ်ခုအပေါ်သို့ အသာဆင်းသက်လိုက်တော့၏။ တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ပြီဖြစ်သောကြောင့် သူသည် ငြိမ်းချမ်းရေးဆွေးနွေးသူတစ်ယောက်အဖြစ် ဟိတ်ဟန်ထုတ်လိုက်ပြန်၏။

အသူရာသဲဂိုဏ်း၏ ဘိုးဘေးအကြီးအကဲကြီးနှင့် အဘိုးကြီးရှုတို့သည် သူ့အား မျက်နှာသာပေးကာဖြင့် အောက်သို့ ခုန်ဆင်းလာကြသည်။ ၎င်းတို့သည် တစ်ယောက်ကိုတစ်ယောက် မကြည့်ရှုကြပေ။ ကျွင်းချောင်ရှောင်း ပေါ်ပေါက်လာသည်သာမဟုတ်ပါက သူတို့နှစ်ယောက်သည် ကျိန်းသေပေါက် အချင်းချင်း တိုက်ခိုက်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီကမ္ဘာကြီးမှာ ဖြေရှင်းလို့မရတဲ့ ပြဿနာဆိုတာ မရှိဘူး၊ ရှိခဲ့ရင်လည်း ဝိုင်သောက်ပြီးတော့ ဖြေရှင်းကြတာပေါ့”

ဝှီး …. ဝှီး

စားပွဲ၊ ထိုင်ခုံနှင့် ဝိုင်ခွက်အနည်းငယ်တို့သည် သဲသောင်ပြင်ပေါ်တွင် ရုတ်တရက် ပေါ်ပေါက်လာတော့သည်။ သဲသောင်ပြင်ကြီးထဲတွင် စိတ်လိုလက်ရ အရက်သောက်ကာ စိတ်လက်ပူပင်ကြောင့်ကြကင်းစွာဖြင့် သီချင်းတစ်ပုဒ် သီဆိုလိုက်မည်ဆိုရင် မည်မျှကောင်းလိုက်သည့် ခံစားမှု ဖြစ်နေမည်နည်း။

“ကျေးဇူးပြုပြီး ထိုင်ကြပါ” ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါလိုက်၏။

အသူရာသဲဂိုဏ်း၏ ဘိုးဘေးအကြီးအကဲကြီးနှင့် အဘိုးကြီးရှု တို့၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ သို့ပေမဲ့ သူတို့သည် ထိုင်ကို ထိုင်လိုက်ရသည်။

“ဂိုဏ်းချုပ်ကျွင်း”

အဘိုးကြီးရှုက ပြောလိုက်သည်။ “ဘာလို့ မြောက်ပိုင်းသဲကန္တာရထဲကို လာရတာလဲ”

တစ်ဖက်လူသည် သူတို့၏ ရန်ပွဲကို တားမြစ်ရန်အတွက် အရှေ့တောင်ရန်ကျူးဆီမှ လာခဲ့လိမ့်မည်ဟု သူတို့ မထင်ချေ။

ကျွင်းချောင်ရှောင်းသည် ဝိုင်ပုလင်းအား စည်းခတ်ထားသောရွံ့အား အသာဖွင့်၍ ဝိုင်ခွက်များထဲ လောင်းထည့်ကာ ကမ်းပေးလိုက်သည်။ ပြီးနောက်‌ ပြောလိုက်၏။ “ကျုပ်တို့ အရှေ့တောင်ရန်ကျူးက အထူးပြုလုပ်ထားတဲ့ဝိုင်ကို အရင်ဆုံးစမ်းသောက်ကြည့်ပါအုံး”

“…….”

ဤလူသည် ဘာကို လုပ်ချင်နေသနည်း။ အသူရာသဲဂိုဏ်းမှ ဘိုးဘေး အကြီးအကဲကြီးနှင့် အဘိုးကြီးရှုတို့သည် စိတ်အလိုမကျ ဖြစ်မိနေသည်ဆိုသော်လည်း ယဉ်ကျေးချင်ဟန်ဆောင်၍ လိုက်လျောညီထွေ လုပ်နေရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကျွင်းချောင်ရှောင်း၏ အားအင်အဆင့်ကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။

“နှစ်ယောက်လုံး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “နှစ်ယောက်ကြားထဲမှာရှိတဲ့ ပဋိပက္ခတွေ ပထမဦးဆုံး အမြစ်တွယ်စေတာက မိုင်းတွင်းကြောင့် မဟုတ်လား၊ တကယ်လို့ မိုင်းတွင်းကိုသာ ကျုပ်ကိုပေးလိုက်မယ်ဆိုရင် အရာအားလုံးကို ဖြေရှင်းပြီးသား ဖြစ်သွားမယ်”

ဖူး ဖူး

အသူရာသဲဂိုဏ်းမှ ဘိုးဘေးအကြီးအကဲကြီးနှင့် အဘိုးကြီးရှုတို့သည် ပါးစပ်ထဲမှ ဝိုင်များပင် ပြန်ထွက်လာသည်။

မိုင်းတွင်းကို သူ့အားပေးရမယ်၊ ဟုတ်လား။

“ဂိုဏ်းချုပ်ကျွင်း”

အဘိုးကြီးရှု၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ “ကျေးဇူးပြုပြီး မနောက်ပါနဲ့”

ဂလု …။

ကျွင်းချောင်ရှောင်းသည် ဝိုင်တစ်ခွက်ကိုသောက်ပြီး လေးလေးနက်နက်ရှိသည့် အမူအရာဖြင့် ပြောလိုက်သည်။ “ကျုပ်တကယ်ပြောနေတာ”

သူ့အနေနှင့် ကျောက်ရိုင်းများကို တကယ်လိုအပ်နေသည်။ ထို့ကြောင့် ကျောက်ရိုင်းများ ရောင်းချရာဆိုင်များဆီသို့ သွားရောက်ဝယ်ယူမည့်အစား မိုင်းတွင်းထဲမှ တူးလိုက်သည်က ပို၍ကောင်းမွန်၏။

သို့ပေမဲ့ အဘယ်ကြောင့် တခြားသူများ လုယူနေကြသည့် မိုင်းတွင်းအား ခပ်တည်တည်ဖြင့် သူ့ကိုပေးရန် မျက်နှာအရေထူစွာဖြင့် တောင်းဆိုနေရသနည်း။ အရှက်မဲ့မနေလွန်းဘူးလား။

စနစ်သည် ထိုအရာကို အသားကျနေပြီးဖြစ်၏။ ထို့ကြောင့် ဝင်ရောက်ပြောဆိုရန်ပင် ပျင်းရိနေမိသည်။

“ဂိုဏ်းချုပ်ကျွင်း”

အသူရာသဲဂိုဏ်းမှ ဘိုးဘေးအကြီးအကဲကြီးက လေးလေးနက်နက်ပြောလိုက်သည်။ “ခင်ဗျားက နည်းနည်းလွန်သွားပြီ”

မြောက်ပိုင်းသဲကန္တာရမှ လူများသည် မိုင်းတွင်းပေါ်တွင် အမှီအခိုပြုနေကြရင်း ချမ်းသာလာကြခြင်းဖြစ်သည်။ ၎င်းတို့အနေနှင့် မိုင်းတွင်းအတွက်ဆိုလျှင် တိုက်ခိုက်ရန်အတွက် နှောင့်နှေးကြသူများ မဟုတ်ချေ။ အဘယ်ကြောင့် တခြားသောတစ်စုံတစ်ယောက်ကို ဒီအတိုင်းကြီး ပေးလိုက်ရမည်နည်း။

“ဟုတ်တယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ် အလကားတော့ မယူပါဘူး၊ ဒီအတွက် ခင်ဗျားတို့ ဂိုဏ်းနှစ်ခုကို ထိုက်တန်တာ ပေးရမှာပေါ့”

ထိုအရာကိုကြားတော့ အသူရာသဲဂိုဏ်းမှ ဘိုးဘေးအကြီးအကဲကြီးနှင့် အဘိုးကြီးရှုတို့၏ မျက်လုံးများသည် ပြန်လည်ကာ နူးညံ့သွားသည်။ ဤကောင်လေးသည် အလွန်တရာ အားကောင်းလွန်းလှ၏။ ထို့ကြောင့် သူတို့ အနေနှင့် ကျိန်းသေပေါက် ပြဿနာတက်၍ မဖြစ်ချေ။ ထို့အတူ ထိုက်တန်သည့် ငွေကြေးပမာဏကို ရရှိမည်ဆိုလျှင် သူတို့ လက်ခံနိုင်၏။

“ဂိုဏ်းချုပ်ကျွင်း”

အဘိုးကြီးရှုက ပြောလိုက်သည်။ “ဘယ်လိုမျိုးပေးဖို့ စီစဉ်ထားတာလဲ”

“အဲဒါကတော့ မိုင်းတွင်းရဲ့ အမျိုးအစားနဲ့ ဘယ်လောက်ရှိလဲဆိုတာပေါ် မူတည်တာပေါ့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

အဘိုးကြီးရှုက ပြောလိုက်၏။ “ကျုပ်တို့ဂိုဏ်းတပည့်ရဲ့စစ်ဆေးမှုအရဆိုရင် သဲပန်းပုကျောက် မိုင်းတွင်းဖြစ်နိုင်တယ်၊ ပြီးတော့ အနည်းဆုံး မိုင်းတွင်းထဲမှာ အလေးချိန်ကတ်တီသုံးသိန်းလောက်ရှိလိမ့်မယ်”

“သဲပန်းပုကျောက်ရိုင်း ဟုတ်လား”

ဤအရာသည် သူလက်နက်များ သန့်စင်ရန်အတွက် လိုအပ်နေသည့် ကျောက်ရိုင်းများထဲမှ တစ်ခုပင်ဖြစ်သည်။ ကျန်းယန်ဓား၊ တိမ်ဖောက်ဓားမော့နှင့် သံမဏိဒိုင်းကာအမဲတို့ကို ဖန်တီးရန်အတွက် သန့်စင်ရန်လိုအပ်နေသည့် ပစ္စည်းများထဲတွင် သဲပန်းပုကျောက်ရိုင်းသည်လည်း အပါအဝင်ပင်ဖြစ်၏။ ဤပစ္စည်းသည် အရှေ့တောင် ရန်ကျူးတွင် အလွန်တရာ ရှားပါးလှပြီး အဓိကအားဖြင့် မြောက်ပိုင်းသဲကန္တာရ နယ်မြေဆီမှ တင်ပို့သည့်အရာပင် ဖြစ်သည်။

“ခင်ဗျားတို့နှစ်ယောက်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီသဲပန်းပုကျောက်ရိုင်းနဲ့ပတ်သက်တဲ့ ဈေးနှုန်းကို ပြောကြည့်ပါအုံး”

“တစ်ကတ်တီကို ငွေတေးလ်တစ်သောင်း လောက် ပေါက်ပါတယ်”

“ငွေတေးလ်တစ်သောင်း ဟုတ်လား”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွားသည်။ အကယ်၍သာ ဈေးကွက်မှ ပေါက်ဈေးအတိုင်း ဝယ်ယူ မည်ဆိုပါက ဤမိုင်းတွင်းအတွက် သူသည် ငွေပေါင်း သန်းသုံးရာလောက်ကို အသုံးပြုရပေလိမ့်မည်။

“ဟုတ်တယ်”

အသူရာသဲဂိုဏ်းမှ ဘိုးဘေးအကြီးအကဲကြီးက ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းအနေနဲ့ ဒီမိုင်းတွင်းကို လိုချင်တယ်ဆိုရင် ဈေးနှုန်းလက်ရှိပေါက်ဈေးအရ မရောင်းပါဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားတို့နှစ်ယောက်က ကျုပ်ကို ပွင့်ပွင့်လင်းလင်းနဲ့ လိုချင်တဲ့ ဈေးကိုသာ တစ်ခါတည်းပြောပါ”

“ဒါက”

အသူရာသဲဂိုဏ်းမှ ဘိုးဘေးအကြီးအကဲကြီးနှင့် အဘိုးကြီးရှုတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ ဤငွေကြေးအရဆိုလျှင် ၎င်းတို့၏ ကြားထဲတွင် ဖြစ်ပွားနေခဲ့သော ပဋိပက္ခများသည် ဖြေရှင်းပြီး သားဖြစ်သွားပြီးဖြစ်သည်။ ၎င်းတို့သည် တစ်ဦးနှင့်တစ်ဦး အလျော့မပေးချင်ကြချေ။ သို့ပေမဲ့ တခြားသူတစ်ယောက်ကသာ ဤကဲ့သို့သော ဖြေရှင်းနည်းဖြင့် ဖြေရှင်းပေးမည်ဆိုပါက အကောင်းဆုံးပင်ဖြစ်သည်။ ရရှိလာသည့်ငွေကြေး များကို တစ်ယောက်နှင့်တစ်ယောက် ခွဲယူလိုက်ရုံသာရှိ၏။

“ဂိုဏ်းချုပ်ကျွင်းက ဒီလောက်လိုချင်နေတယ်ဆိုမှတော့ ကျုပ်တို့က သန်းတစ်ရာနဲ့ ရောင်းပေးမယ်လေ” အဘိုးကြီးရှုက ပြောလိုက်သည်။

“ဒါကအမှန်ပဲ” အသူရာသဲဂိုဏ်းမှ ဘိုးဘေးအကြီးအကဲကြီးကလည်း သဘောတူလိုက်သည်။

သဲပန်းပုကျောက်ရိုင်းမိုင်းအတွက် သန်းတစ်ရာဆိုသည်မှာ ဈေးကြီးလှသည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လက်ရှိဝယ်ယူရန် စဉ်းစားနေ သည့်သူမှာ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ် ကျွင်းချောင်ရှောင်း ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။ တခြားသော ဂိုဏ်း များဆိုပါက သူတို့အနေနှင့် အနည်းဆုံးသန်းတစ်ရာ့ငါးဆယ်လောက် တောင်းမှာ သေချာ၏။

“ဈေးကြီးလိုက်တာ”

“ဈေးကြီးတယ်ဟုတ်လား”

အသူရာသဲဂိုဏ်းမှ ဘိုးဘေးအကြီးအကဲကြီးနှင့် အဘိုးကြီးရှုတို့၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။

“ဂိုဏ်းချုပ်ကျွင်း… မိုင်းတွင်းအတွက် သန်းတစ်ရာဆိုတာက တကယ့်ကို မျက်နှာသာပေးပြီး လျော့ပေးထားတာ ပါ”

“ဒီလိုလုပ်ရအောင်”

ကျွင်းချောင်ရှောင်းသည် လက်ညှိုးတစ်ချောင်းကို ထောင်ကာပြောလိုက်၏။ “ကျုပ်တစ်သောင်းပေးမယ်”

ဘုတ်

အသူရာသဲဂိုဏ်းမှ ဘိုးဘေးအကြီးအကဲကြီးသည် မတ်တပ်ထရပ်လိုက်သည်။ သူသည် ဖြစ်ပေါ်လာသော ဒေါသများကို မည်သို့မှ ထိန်းမထားနိုင်ဘဲ ဒေါသတကြီးဖြင့်‌ ပြောလိုက်တော့သည်။ “ဂိုဏ်းချုပ်ကျွင်း… ခင်ဗျားက သူတောင်းစားပေး ပေးနေတာပဲ”

အဘိုးကြီးရှု၏မျက်နှာသည်လည်း မဲမှောင်သွား၏။ သဲပန်းပုကျောက်ရိုင်းမိုင်းတွင်းအတွက် ငွေတေးလ်တစ်သောင်း ပေးမည်ဆိုသည်မှာ ရူးနေ၍သာ ဖြစ်ပေလိမ့်မည်။

“နားလည်မှု လွဲတာပါ”

ကျွင်းချောင်ရှောင်းသည် သူ၏လက်များကို စားပွဲပေါ်တင်ကာ တည်တည်ငြိမ်ငြိမ် နှင့် ပြောလိုက်၏။ “ကျုပ်ပြောတဲ့ တစ်သောင်းဆိုတာ ငွေကိုပြောတာမဟုတ်ဘူး၊ သဘာဝစိတ်ဝိညာဉ်ကျောက်တုံးတွေကို‌ ပြောတာလေ”

All Chapters