← Chapters

အခန်း (၆၇၅)

Vol. 45 Ch. 675

အခန်း (၆၇၅)

Vol. 45 Ch. 675

ကျွင်း‌ချောင်ရှောင်းသည် ပထမဦးဆုံး သဲဝါမြို့ဆီသို့ ရောက်ရှိချိန်မှာတော့ မြို့ထဲတွင် သိုင်းကျင့်ကြံသူ အနည်းငယ်သာ ရှိခဲ့၏။ လမ်းတစ်ခုလုံးတွင် သဲဝါရောင်များ ဖုံးလွှမ်းလျက်ရှိပြီး စွန့်ပစ်ထားသည့် ရှေးဟောင်းမြေကြီးတစ်ခုလိုပင် ဖြစ်၏။

သို့ပေမဲ့ သူ ဒုတိယအကြိမ် ရောက်ရှိလာချိန်မှာတော့ မတူညီသည့် အဝတ်အစားမျိုးစုံကို ဝတ်ဆင်ထားကြသော သိုင်းကျင့်ကြံသူများ အများအပြား ရှိနေကြပြီး အစောတုန်းက ပိတ်ထားခဲ့သော ကျောက်ရိုင်းဆိုင်များ အားလုံးသည်လည်း ပြန်လည်ဖွင့်လှစ်နေ ကာ လူကြိတ်ကြိတ်တိုး စည်းကား လျက်ရှိသည်။

အသူရာသဲဂိုဏ်းနှင့် လေဟုန်စီးဂိုဏ်းတို့သည် အချိန်ကြာမြင့်စွာ တိုက်ခိုက်ခဲ့သည်ဖြစ်သောကြောင့် ကျောက်ရိုင်းဈေးကွက်တစ်ခုလုံးသည် အဖတ်ဆယ်မရ ဖြစ်ခဲ့သည်။ လက်ရှိ အခြေအနေတွင် ၎င်းတို့ကြား ဖြစ်ပွားခဲ့သော ပဋိပက္ခ အဆုံးသတ်သွားခဲ့သည်ဖြစ်သောကြောင့် စီးပွားရေး လုပ်ငန်းများ ထုံးစံအတိုင်း လည်ပတ်လာခဲ့သည်မှာ သဘာဝပင်ဖြစ်၏။

တစ်ခြားသော စီရင်စုများဆီသို့ ကုန်ကြမ်းထောက်ပို့မှု ပြတ်လပ်နေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ ထို့ကြောင့် ယခု ပြန်လည်ကောင်းမွန်သွားပြီဆိုသည်နှင့် အလုအယက်နှင့် ဝယ်ယူနေကြတော့သည်။

ကျောက်ရိုင်းဆိုင်များ အားလုံးတွင် တစ်ခြားသော စီရင်စုများမှ လုများနှင့် ပြည့်နှက်လျက်ရှိနေ၏။ လက်ရှိအချိန်တွင် ဆိုင်အတွင်း၌ တစ်ယောက်နှင့် တစ်ယောက် ဈေးစစ်လိုက် ဈေးတင်လိုက်နှင့် ရှုပ်ထွေးလျက်ရှိသည်။ ၎င်းတို့၏ မျက်နှာများတွင်လည်း ဒေါသတရားများနှင့် ပြည့်နက်လျက်ရှိသည်။ မသိသော သူများဆိုလျှင် ဤနေရာတွင် ထ၍ အချင်းပွားကာ တိုက်ခိုက်တော့မည်ဟုပင် ထင်မှတ်စရာ ရှိ၏။

"တော်တော်ကြီးကို စည်ကားသွားတာပဲ။"

ကျွင်းချောင်ရှောင်းသည် ကျောက်ရိုင်း ဆိုင်တစ်ခု ရှေ့တွင် မတ်တပ်ရပ်လိုက်၏။

သို့ပေမဲ့ သူသည် အထဲသို လျှောက်ဝင် မသွားခင်မှာပဲ ဖြတ်သွားဖြတ်လာ လူများသည် သူ့အား အထင်သေး ရှုံ့ကျသည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

ကျွင်းချောင်ရှောင်းသည် သဲဝါမြို့ဆီသို့ အလျင်စလို ကျောက်ရိုင်းများ ဝယ်ယူရန် ရောက်ရှိလာခဲ့သောကြောင့် သူ၏ ပုံပန်းသွင်ပြင် နှင့် ပတ်သက်၍ ဂရုမထားမိခဲ့ချေ။ လက်ရှိ အခြေအနေတွင်မှာတော့ သူသည် တစ်ကိုယ်လုံး ဖုန်များဖြင့် ဖုံးလွှမ်းလျက်ရှိပြီး မိုင်းတွင်းသမားတစ်ယောက်နှင့်ပင် ဆင်တူနေ၏။

အချက်အလက်အားဖြင့် သူသည် မိုင်းတွင်းသမားတစ်ယောက်ပင် ဖြစ်သည်။ ထို့အပြင် သူသည် လဝက်လောက် တစ်ချိန်လုံး မိုင်းတူးနေခဲ့ရသည်မဟုတ်လား။

ဤကမ္ဘာကြီးတွင် မိုင်းတွင်းသမားဆိုသည်မှာ အခြေခံ ကျေးကျွန်များနှင့် ဆင်တူနေသည်။ ၎င်းတို့သည် အဆင့်အနိမ့်ဆုံး အမျိုးအစားထဲတွင် ပါဝင်နေ၏။ ရုတ်တရက် အဆင့်မြင့်မားလှသော အရောင်းဆိုင်နေရာများ တွင် ပေါ်လာသည် ဆိုသည်မှာ အထင်အမြင်သေး ကဲ့ရဲ့ စရာပင် ဖြစ်တော့သည်။

ကျွင်းချောင်ရှောင်းသည် တစ်ခြားသော အကြည့်များကို ဂရုမစိုက်ပေ။ သူသည် ခေါင်းကို မော့၍ ကျောက်ရိုင်း ဆိုင်ထဲသို့ လှည့်ဝင်လိုက်၏။

"ဟေး"

"ဒီ မိုင်းတွင်းတူးတဲ့ ကောင်လေးက တော်တော် မောက်မာတာပဲ" အားလုံးသည် တီးတိုးပြောဆို လိုက်ကြသည်။

"ဆိုင်ရှင်"

ကျောက်ရိုင်းဆိုင်ထဲသို့ အသာဝင်ပြီး ပါဝင်ပစ္စည်း စာရင်းများအား ထုတ်ပြလိုက်၏ "ဒီကျောက်ရိုင်းတုံးတွေ ခင်ဗျားဆိုင်မှာ ရှိလား"

ဆိုင်ရှင်သည် ခဏကြည့်ကာ ပြောလိုက်၏။ "ရှိလား မရှိလား ဟိုးစင်တွေပေါ်မှာ သွားကြည့်လို့ရတယ်"

ဆိုင်သည် အခုမှ ဖွင့်ကာစဖြစ်သည်။ တစ်ခြားသော စီရင်စုမှ လူအများအပြားသည် ရောက်ရှိလာကြပြီး ကျောက်ရိုင်းများကို ဝယ်ယူလျက်ရှိနေသည်။ ထို့ကြောင့် သူသည် လက်တလောတွင် အလုပ်များနေသည်ဟု ဆိုရမည်။ မိုင်းတွင်းတူးသည့် လူတစ်‌ယောက်ကို ဂရုစိုက်ရန် ဆိုသည်မှာ မဖြစ်နိုင်ပေ။

ထင်မှတ်ထားသည့် အတိုင်းပင် လူတစ်ယောက်၏ ပုံပန်းသွင်ပြင်ကို အဝတ်အစားနှင့် ဆုံးဖြတ်လိုက်သလို မြင်းတစ်ကောင်၏ ပုံပန်းသွင်ပြင်ကို ၎င်း၏ ကုန်းနှီး ဖြင့် ဆုံးဖြတ်တတ်ကြသည်။

ကျွင်းချောင်ရှောင်းသည် သပ်သပ်ရပ်ရပ် အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူ၏ မှော်ပညာဖြင့် ဖန်တီးထားသော ခေါင်းလိမ်းဆီကိုသာ တောက်ပြောင်နေအောင် လိမ်းထားမည်ဆိုပါက ကြီးမားသည့် မိသားစုမှ ဆင်းသက်လာသော ချမ်းသာသည့် သခင်လေး အဖြစ် ထင်မှတ်မှာ ကျိန်းသေ၏။

"ကောင်းပြီ"

ကျွင်းချောင်ရှောင်းသည် သူ၏ ဆိုင်ထဲသို့ ဝင်ကာ လျှောက်၍ ကြည့်ရှုတော့သည်။

စင်မြင့်ပေါ်တွင်တော့ မတူညီသည့် ကျောက်ရိုင်း အရည်အသွေးများနှင့် ကျောက်ရိုင်းတုံးများ တည်ရှိနေကြပြီး တစ်ချို့သော အရာများသည် သူ လိုအပ်သည့် အရာများ ဖြစ်နေသည်။

ကျွင်းချောင်ရှောင်းသည် ကျောက်ရိုင်းတစ်ချို့ကို ကောက်ယူကာ မေးလိုက်၏။ "ဒီ ကျောက်ရိုင်းမျိုးတွေ ဘယ်လောက်များများ ရှိလဲ။"

ဆိုင်ရှင်က ပြောလိုက်သည်။ "စုစုပေါင်း ကတ်တီ နှစ်သောင်းလောက်ရှိတယ်"

"ကတ်တီနှစ်သောင်း အဆင်ပြေတယ်"

ကျွင်းချောင်ရှောင်းသည် ကျောက်ရိုင်းကို အသာ ပွတ်သပ်ကာ ပြောလိုက်သည်။ "ကျုပ်အားလုံးကို လိုချင်တယ်"

ဤစကားသည် ကျယ်လောင်စွာ ပြောဆိုလိုက်ခြင်း ဖြစ်၏။

ထို့ကြောင့် ဆိုင်ထဲတွင် ရှိသော တစ်ခြားသော ကျောက်ရိုင်းကို ကြည့်ရှုနေကြသောသူများသည် ခေါင်းလှည့်ကာ ကြည့်ရှုလိုက်ကြသည်.

"အားလုံးဟုတ်လား"

၎င်းတို့၏ မျက်လုံးထဲရှိ အကြည့်များမှာတော့ အံံအားသင့်နေသော အရိပ်အယောင်များ တည်ရှိနေသည်။ လက်ရှိ ကျောက်ရိုင်းတုံးများ၏ အဆင့်သည် မသေးပေ။ ထို့ကြောင့် အလွန်အကုန်အကျ များပေလိမ့်မည်။

"ကောင်လေး"

ထိုအချိန်မှာတော့ အခုမှ အထဲသို့ လျှောက်ဝင်လာသော လူက ပြောလိုက်သည်။ "ကျူပ်တို့ ကြက်သွေးရောင် မီးတောက် ဂိုဏ်းက ဒီလို ကြယ်ကျောက်တုံး တွေ ကက်တီ နှစ်သောင်းလောက် လိုချင်တယ်။"

"ကြက်သွေးရောင် မီးတောက်ဂိုဏ်း ဟုတ်လား"

ဆိုင်ထဲတွင် ရှိသော ကျင့်ကြံသူများသည် ချက်ချင်းပဲ ၎င်းတို့၏ မျက်လုံးထဲတွင် လေးစားမှုများ ပြသလာကြသည်။

ကြက်သွေးရောင် မီးတောက်ဂိုဏ်းသည် မြောက်ပိုင်း သဲကန္တာရနယ်မြေတွင် အဆင့်မြင့် ဂိုဏ်းတစ်ခု ဖြစ်သည်မို့ ၎င်းတို့၏ အားအင်အဆင့်သည် အသူရာသဲဂိုဏ်းနှင့် ပင်ဆင်တူလှသည်။ ထို့အပြင် ၎င်းတို့သည် ဒုတိယအဆင့် ဂိုဏ်းတစ်ခု ဖြစ်သော ကြက်သွေးရောင် မီးတောက်နတ် ဂိုဏ်းနှင့်လည်း ချိတ်ဆက်ထား၏။

"အကြီးအကဲစွေ့"

ဆိုင်ရှင်သည် အလောတကြီးဖြင့် ထောင့်တစ်နေရာဆီမှ လျှောက်ထွက်လာပြီးနောက် တုန်ယင်နေသည့် လေသံဖြင့် ပြောလိုက်သည်။ "ဘယ်လိုဖြစ်ပြီးတော့ ကျောက်ရိုင်းတွေကို လူကိုယ်တိုင်လာပြီးတော့ ဝယ်ရတာလဲ"

ကြည့်ရမည်ဆိုလျှင် ဆိုင်ရှင်၏ ပြောဆိုဆက်ဆံပုံ အမူအရာသည် ‌ကျွင်းချောင်ရှောင်းအား ပြောဆိုဆက်ဆံသည့် အမူအရာနှင့် အလုံးစုံ ခြားနားလျက် ရှိနေသည်။

“…....”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိသည်။ ချီးတဲ့မှ …. ဒါကြီးက မဟုတ်သေးပါဘူး။

"တောင်းပန်ပါတယ်"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ကျုပ်က စိတ်ဝိညာဉ် ကြယ် ကျောက်တုံးတွေကို အရင်ဆုံး မြင်တာလေ။ တကယ်လို့ ခင်ဗျားဝယ်ချင်တယ်ဆိုရင် တစ်ခြားဆိုင်ကို သွားဝယ်"

ဟမ့်

ဤအမှိုက်လေးသည် အလွန်တရာ မောက်မာလွန်းနေ၏။

ကြက်သွေးရောင် မီးတောက်ဂိုဏ်းမှ အကြီးအကဲစွေ၏ မျက်နှာသည် မဲမှောင်သွားသည်။

တစ်ခြား သော ဂိုဏ်းအဖွဲ့ အစည်းများဆိုပါက သူသည် အရှုံးပေးလိုက်မည် ဖြစ်သည်။ သို့ပေမဲ့ ညစ်ပတ်လှသော မိုင်းတွင်းတူးသမားလေးတစ်ယောက်သည် မဆင်မခြင်နှင့် သူ့အား ခွန်းတုံ့ပြန် ပြောဆိုလျက်ရှိနေသည်။ ဤအရာသည် သည်းခံနိုင်သည့် အရာ မဟုတ်ပေ။

"ဟုတ်တယ်"

ဆိုင်ရှင်က ပြောလိုက်သည်။ "ကျုပ်ဆိုင်က ကြက်သွေးရောင် မီးတောက်ဂိုဏ်းနဲ့ ချိတ်ဆက်ထားတာလေ။ဒီတော့ သူတို့က ဘယ်ကျောက်ရိုင်းကိုမဆို အရင်ဆုံး ဝယ်ယူခွင့် ရှိတယ်"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒီလိုဆိုရင် ဘာလို့ ရောင်းဖို့ အတွက်ဆိုပြီး စင်ပေါ်ကို တင်ထားသေးလဲ။နောက်မှာ သိမ်းထားလိုက်ပါ့လား"

"ဒါက"

"ရှင်းပြမနေနဲ့"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "စင်ပေါ်မှာ ရှိပြီဆိုမှတော့ ဒီအရာတွေ အကုန်လုံးက ကြိုက်တဲ့သူ အကုန်ဝယ်လို့ ရတယ်။အရင်ရောက်လာသူ အရင်ဝယ်မှာပဲ။"

စိတ်ဝိညာဉ်ကြယ်ကျောက်သည် သူ၏ လက်နက်များ သန့်စင်ရန် တွင် အသုံးပြုရန် လိုအပ်သည့် ကျောက်များ ထမှ တစ်ခုဖြစ်သည်။ ထို့ကြောင့် လွှတ်မပေးနိုင်ပေ။

"ကောင်လေး"

အကြီးအကဲစွေ့သည် တီးတိုးပြောလိုက်၏။ "မင်း ပြသနာရှာချင်နေတာလား"

"ကျုပ်က ပြသနာရှာတယ် ဟုတ်လား"

ကျွင်းချောင်ရှောင်းသည် ပုခုံးကို တွန့်ကာ ပြောလိုက်သည်။ "အားလုံးပဲ ဘယ်သူက ပြသနာရှာတယ်ဆိုတာကို ဆုံးဖြတ်ပေးပါအုံး"

အားလုံးသော လူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။

ဆိုင်ရှင်နှင့် ကြက်သွေးရောင် မီးတောက်ဂိုဏ်းတို့သည် ကျောက်ရိုင်းများကို ပထမဆုံးဝယ်ယူရန် အတွက် သဘောတူခဲ့ကြပြီဖြစ်သည်။ ၎င်း၏ ရည်ရွယ်ချက်သည် ကျောက်ရိုင်းတုန်းအား အကြီးအကဲစွေ့အား ရောင်းချရန်ပင် ဖြစ်တော့သည်။

တကယ်တမ်းမှာတော့ သီအိုရီအရ ပြောရမည်ဆိုလျှင် ပထမဆုံးရောက်ရှိလာသော မိုင်းတွင်းတူးသမားလေးအား ရောင်းချရမှာ ဖြစ်သည်။

သို့ပေမဲ့ အဆင့်လေး ဂိုဏ်းတစ်ခု ဝယ်ယူချင်နေသည့် ကျောက်ရိုင်းတုံးများအား အဘယ့်ကြောင့် အလျော့မပေးဘဲ ဝယ်ချင်နေသနည်း။ ဤအရာသည် သေလမ်းရှာခြင်းနှင့်ပင် ဆင်တူနေ၏။

"အမှိုက်ကလေး"

အကြီးအကဲစွေ့၏ မျက်နှာတစ်ခုလုံးသည် မဲမှောင်သွားသည်။ "မင်းက ဘယ်ဂိုဏ်းကလဲ"

ဤရောင်းရင်း၏ နောက်ခံသည် သာမန်မဟုတ်မည်ကို သူ စိုးရိမ်မိ၏။ ထို့ကြောင့် ကြိုတင်ကာ မေးမြန်းခြင်း ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် ဤနေရာတွင် သူ၏ ဂုဏ်ပုဒ်အားထုတ်ဖော်မပြောကြားချင်ပေ။ ထို့ကြောင့် ပြိုင်စံရှား ဂိုဏ်းဆိုသည့် အကြောင်းအား ထုတ်မပြောချေ။ သူသည် ထူးမခြားနား သလို ပြောလိုက်သည်။ "ကျုပ်က ဘယ်ဂိုဏ်းကမှ မဟုတ်ဘူး။ လွတ်လပ်တဲ့ ကျင့်ကြံသူတစ်ယောက်ပဲ"

အကြီးအကဲစွေ့သည် တံခါးဆီသို့ လက်ညိုးထိုးပြကာ ပြောလိုက်သည် "သွားတော့ ထွက်သွားစမ်း"

ဤစကားတစ်ခွန်းထွက်လာသည်နှင့် တစ်ပြိုင်နက် သိုင်းဘုရင်တစ်ယောက်၏ အော်ရာများသည် ပျံ့နှံ့လာသည်။ ကျောက်ရိုင်းဆိုင်တစ်ခုလုံးတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နက်သွားသည်။

"အကြီးအကဲစွေ့ စိတ်ကို အေးအေး ထားပါ။ စိတ်ကို အေးအေးထားပါ"

ဆိုင်ရှင်သည် မြန်မြန်ဆန်ဆန်ပဲ စိတ်ကို တည်ငြိမ်စွာထားရန် ဆော်ဩလိုက်သည်။ ပြီးနောက် သူသည် ကျွင်းချောင်ရှောင်းကို ကြည့်ကာ ပြောလိုက်သည်။ "ဖောက်သည်ကြီး ဘာလို့ ထွက်မသွားသေးတာလဲ"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒီ စိတ်ဝိညာဉ် ကြယ်ကျောက်ရိုင်းတုံးတွေ ကျုပ်ကို ရောင်းလိုက်လေ။ဒါဆိုရင် ထွက်သွားလိုက်မယ်"

"အမှိုက်လေး"

အကြီးအကဲစွေသည် အေးစက်စက်ဖြင့် ပြောလိုက်သည်။ "မင်းက ငါ့ရဲ့ ဒေါသကို လာစွနေတာလား"

ဝှစ် ဝှစ်

သိုင်းဘုရင်တစ်ယောက်၏ အော်ရာများသည် ဖြစ်ပေါ်လာပြီးသည့်နောက် ဆိုင်ထဲတွင် ရှိသော သိုင်းစစ်သူကြီးအဆင့်ရှိ ဈေးဝယ်သူများအားလုံးသည် ထိတ်လန့် တုန်လှုပ်သွားကြ၏။

ဆိုင်ရှင်သည်လည်း အကြီးအကဲစွေတစ်ယောက် ဆိုင်ကို ဖျက်စီးပစ်မည်ကို စိုးရိမ်သွားမိ၏။ ထို့ကြောင့် သူသည် အလောတကြီးဖြင့် ပြောလိုက်သည်။ "ဖောက်သည်ကြီး မင်းအခု ထွက်မသွားခင် ဒီမှာ မင်းကို ဘယ်သူမှ မကယ်နိုင်တော့ဘူး"

"ဆိုင်ရှင်ဟောင်"

အကြီးအကဲစွေသည် အေးစက်စက် ဖြင့် ပြောလိုက်သည်။ "ကျေးဇူးပြုပြီး စိတ်ဝိညာဉ်ကြယ်ကျောက်တွေကို ပြင်ဆင်ပေးပါ"

"ကောင်းပါပြီ ကောင်းပါပြီ"

ဆိုင်ရှင်သည် ပြောလိုက်သည်။ "ကျုပ် အခု သွားလုပ်ပါမယ်"

"နေအုံး"

ကျွင်းချောင်ရှောင်းသည် သူ့ကို တားလိုက်၏။ ပြီးနောက် အကြီးအကဲစွေ့ကို အေးစက်စက်ဖြင့် ပြောလိုက်၏။ "ဒီ ကျောက်ရိုင်းတွေကို ကျုပ် အရင်မြင်တာ။ဘယ်သူက ယူရဲလဲ"

ဟမ့်

ဤ အမှိုက်လေးသည် ကြက်သွေးရောင် မီးတောက်ဂိုဏ်းမှ အကြီးအကဲတစ်ယောက်ကိုပင် ခြိမ်းခြောက် နိုင်နေသည်။ သူ့တွင် အမှန်တကယ် သတ္တိရှိ၏။

အကြီးအကဲစွေသည် နှာခေါင်းကို ရှုံ့၍ သူ၏ လက်ကို ယမ်းခါကာ လိုက်သည်။ သိုင်းဘုရင် အဆင့် အော်ရာများသည် ထွက်ပေါ်လာပြီးသည့်နောက် ဆိုင်ထဲရှိ စိတ်ဝိညာဉ် ကြယ်ကျောက်များကို ဖုံးလွှမ်းသွားတော့သည်။

ပြီးနောက် သူသည် စိတ်ဝိညာဉ်စွမ်းအင်များ နှင့် ကြယ်ကျောက်ရိုင်းများအား အသာဆွဲယူလိုက်၏။

"မလုပ်ရဲဘူးလို့ ထင်နေတာလား"

ဘုန်း

ထိုအချိန်မှာပဲ ကြယ်လောင်လှသည့် ပေါက်ကွဲသံတစ်ခုသည် ပေါ်ပေါက်လာ‌တော့သည်။

ကျောက်ရိုင်းဆိုင်ထဲတွင်တော့ တည်နေရာလှိုင်းများ ဖြစ်တည်သွားသည်ကို သာမန် မျက်စိဖြင့်ပင် မြင်လိုက်ရ၏။

အနီးအနားမှာရှိသော ကျင့်ကြံသူများသည် ထိတ်လန့် ကြောက်ရွံ့စွာဖြင့် အနောက်သို့ ဆုတ်ခွာလိုက်ကြသည်။ တစ်ချို့ဆိုလျင် အရှိန်နှင့် လန်၍ လမ်းပေါ်သို့ ဖင်နှင့်ပင် ပြုတ်ကျသွားသည်။

မည်သည့် အရာများဖြစ်ပွားသနည်း။

လူအုပ်ကြီး တစ်ခုလုံးသည် အခြေအနေ တည်ငြိမ်သွားပြီးသည့်နောက်မှာတော့ ကျောက်ရိုင်းဆိုင် သို့ လှမ်းကြည့်လိုက်ကြသည်။

ဆိုင်၏ အတွင်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် အကြီးအကဲစွေ၏ အရှေ့တွင် မတ်မတ်ရပ်လျက်ရှိပြီး သူ၏ ညာဘက်လက်သီးဖြင့် ရင်အုံအား ထိုးနှက်လိုက်ခြင်းပင် ဖြစ်သည်။

"မင်း"

အကြီးအကဲစွေ့၏ မျက်လုံးများသည် ပြူးကျယ်သွားသည်။ သူ၏ ရင်ဘတ်ဆီမှ နာကျင်မှုသည် သူ၏ သိစိတ်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားသည်။ မည်သည့် စကားမှ ထပ်၍ မဆိုနိုင်တော့ချေ။

ဘုတ်။

သူ၏ ခန္ဓာကိုယ်သည်လည်း မြေပေါ်သို့ ပြုတ်ကျသွားပြီးနောက် အသိစိတ်များသည်လည်း ပျောက်ကွယ်သွားခဲ့၏။

သူသည် သေဆုံးသွားခဲ့ရပြီဖြစ်သည်။

"အကြီးအကဲစွေ့" ဆိုင်ရှင်၏ မျက်လုံးများသည် ထိတ်လန့် တုန်လှုပ်မှုများဖြင့် ပြည့်နက်သွားကြသည်။

"သူ သေသွားပြီလား ကောင်းကင်ဘုံ တကယ်ပဲ ဒီကောင်က ကြက်သွေးရောင် မီးတောက်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ကို သတ်ပစ်ခဲ့တာလား။"

ဆိုင်ရှေ့တွင် ရှိနေကြသော ကျင့်ကြံသူများအားလုံးသည် ထအော်လိုက်မိကြသည်။

ကျွင်းချောင်ရှောင်းသည် လက်သီးကို အသာရုတ်ပြီး ဆိုင်ရှင်အား အေးစက်စက် ကြည့်လိုက်သည်။ "ကျုပ် စိတ်ဝိညာဉ်ကြယ် ကျောက်ရိုင်းတုံး အကုန်ကို လိုချင်တယ် ရောင်းမှာလား ၊ မရောင်းဘူးလား"

ဘုတ်

ဆိုင်ရှင်သည် ထိတ်လန့် ကြောက်ရွံ့စွာဖြင့် မြေပေါသို့ ပြုတ်ကျသွားသည်။ သူသည် သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူကာ တုန်ယင်နေသော လေသံဖြင့် ပြောလိုက်သည်။ "ဂိုဏ်း… ဂိုဏ်းချုပ် ဆိုင်ထဲမှာ ပြဿနာကြီး ဖြစ်နေပြီ။ ကျေးဇူးပြုပြီး လာခဲ့ပေးပါ"

All Chapters