← Chapters

အခန်း (၆၈၁)

Vol. 46 Ch. 681

အခန်း (၆၈၁)

Vol. 46 Ch. 681

ဘုန်း ဘုန်း ဘုန်း

ရှောင်ကျီ ဖန်တီးထားသော မြေဓာတ်အမျိုးအစား နံရံကြီးတစ်ခုလုံးသည် အမဲရောင်အလုံးများ၏ ထိုးနှက် တိုက်ခိုက်ခြင်းကို ခံခဲ့ရ၏။ ချက်ချင်းဆိုသလိုပဲ နက်မှောင်၍ အော်ကလီဆန်သည့်အော်ရာများ ထွက်ပေါ်လာတော့ သည်။ တည်နေရာတစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာ ဓာတ်သဘာဝနှင့် ပြည့်နှက်သွားခဲ့ပြီး ငရဲပြည်တစ်ခုသို့ ရောက်ရှိသွားသလိုပင် ထင်မှတ်မှားသွားရသည်။

“စီနီယာအစ်ကို”

ရောင်မုန့်ယဉ်သည် ကြောက်လန့်သွားမိ၏။ သူမသည် သွား၍ ကူညီချင်မိသည်။ သို့ပေမဲ့ လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်၍ တိုက်ပွဲကို ကြည့်နေရုံသာ တတ်နိုင်၏။

“တောင့်ခံထား၊ တောင့်ခံထား၊ စီနီယာအစ်ကိုက အရမ်းကို သန်မာတယ်၊ အဆင်ပြေပါလိမ့်မယ်”

ဘုန်း … ဘုန်း။

အမဲရောင်အလုံးကြီးများသည် ဆက်တိုက်ဆိုသလိုပဲ ပစ်လွှတ်လာ၏။ မြေဓာတ်အမျိုးအစား နံရံကြီး၏ နောက်ကွယ်တွင်ရှိနေသော ရှောင်ကျီသည် ပိုပို၍ လေးနက်တည်ကြည်လာခဲ့သည်။

ခရက်

အလွန်တရာမာကျောလှသော နံရံကြီးသည် ဆက်တိုက် တိုက်ခိုက်မှုအောက်တွင် မည်သို့မှ မခံစားနိုင်တော့ဘဲ အက်ကွဲကြောင်းများ ထင်ပေါ်လာတော့သည်။ ပြီးသည့်နောက်မှာတော့ ဘန်း ဟူသော အသံနှင့်အတူ ပြိုလဲသွားခဲ့၏။ ရှောင်ကျီသည် နောက်သို့ ခြေနှစ်လမ်း ဆုတ်လိုက်၏။ သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိသော သွေးများ အားလုံးသည် ဆူဝေလာခဲ့၏။ ပြိုင်စံရှားဂိုဏ်း၏ တင့်ကားတစ်ယောက်ဖြစ်သည်ဆိုသော်လည်း သူ၏ အကာ အကွယ်သည် ကျိုးပျက်သွားခဲ့ပြီဖြစ်၏။

ကံကောင်းစွာဖြင့် ရန်သူ၏ တိုက်ခိုက်မှုသည်လည်း ရပ်တန့်သွားသည်။ မဟုတ်ပါက သူ့ကိုယ်သူပင် ကာကွယ်နိုင်လိမ့်မည် မဟုတ်ချေ။ လီချင်းယန်နှင့် တခြားသူများကို ကူညီဖို့ဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။

ဟယ်ဝူတီသည် တွင်းထဲမှ ခုန်ထွက်လာပြီးသည့်နောက် ပြောလိုက်သည်။ “ဆက်တိုက်တိုးမြင့်သွားတဲ့ အားစွမ်းအင်လိုလား”

နဂါးနက်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲလေးယောက်တို့သည် အမဲရောင်အကောင်ကြီးများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းတို့သည် အရင်ကထက်ပိုမို၍ အားကောင်းလာခဲ့သည်။ လက်ရှိအချိန်တွင် ၎င်းတို့သည် သိုင်းဘုရင်အဆင့်ရှစ်နှင့် အဆင့်ကိုး ကျင့်ကြံသူများဖြစ်၍ သွားခဲ့သည်။ ထို့ကြောင့် သိုင်းဘုရင်အဆင့်လေး ကျင့်ကြံ သူတစ်ယောက်အနေနှင့် ၎င်းတို့အား ယှဉ်ပြိုင်တိုက်ခိုက်ရန် အလွန်တရာ ခက်ခဲသွား၏။

ရုတ်တရက်ဆိုသလိုပဲ သူ၏ ရင်ဘတ်ဆီမှ စူးရှသော နာကျင်မှုကို ခံစားမိလိုက်သည်။ ဟယ်ဝူတီသည် မြန်မြန်ဆန်ဆန်ပဲ ခေါင်းငုံ၍ ကြည့်လိုက်သည့်အချိန်မှာတော့ သူ၏ အဝတ်အစားတစ်ခုလုံးသည် စုတ်ပြတ်လျက် ရှိပြီး ခန္ဓာကိုယ်ရှိ အသားအရေများသည်လည်း မဲနက်နေသည်ကို တွေ့လိုက်ရသည်။ သူက ပြောလိုက်သည်။ “ဒီနတ်ဆိုးအော်ရာတွေက ငါ့ခန္ဓာကိုယ်ထဲကို ဝင်သွားတာပဲ”

ဝှစ်

ပြောပြီးပြီးချင်းမှာပဲ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အော်ရာများသည် သူ၏ ခန္ဓာကိုယ်ထဲသို့ ဗိုင်းရပ်စ် တစ်ခုကဲ့သို့ပင် ပျံ့နှံ့သွား၏။ ပြီးနောက် ၎င်း၏ မရီဒန်များကို တိုက်စားတော့သည်။ သူ၏ မျက်နှာတစ်ခု လုံးသည် ပျက်ယွင်းသွားခဲ့၏။

“ချီးတဲ့မှ”

ဟယ်ဝူတီသည် သူ၏ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးအော်ရာများကို စိတ်ဝိညာဉ်စွမ်းအင်များနှင့် အတင်းဖိနှိပ်ရန် ကြိုးစားတော့သည်။ ပြီးနောက် သူသည် မုန်းတီးစွာဖြင့် ပြောလိုက်၏။ “ငါ ဂရုစိုက်မှု ကင်းမဲ့ခဲ့တယ်”

ဝှစ် ဝှစ်

လီချင်းယန်နှင့် ရှောင်ကျီတို့သည်လည်း ၎င်းတို့၏ ခန္ဓာကိုယ်များကို တည်ငြိမ်အောင် ကြိုးစားလိုက်၏။ သူတို့သည် စိတ်ဝိညာဉ်ချပ်ဝတ်များကို ကြိုတင်၍ ဖွဲ့စည်းထားခဲ့သည်ဆိုသော်လည်း ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်များအပေါ်တွင် အမဲရောင်လက်ဝါးရိုက်ချက်များ ထင်ပေါ်လျက်ရှိသည်။ နတ်ဆိုးအော်ရာများသည် အရမ်းကောင်းမွန်လှသော ထွင်းဖောက်ခြင်းစွမ်းအင်ကို ပိုင်ဆိုင်ကြသည်မို့ ၎င်းတို့၏ ခန္ဓာကိုယ်ထဲသို့ နတ်ဆိုးအော်ရာများသည် ပျံ့နှံ့ကာ ဝင်ရောက်သွားခဲ့သည်။

“မကောင်းတော့ဘူး”

လီချင်းယန်သည် ထိတ်လန့်တုပ်လှုပ်စွာဖြင့် ပြောလိုက်၏။ “အားလုံး အဆိပ်တွေ မိကုန်ကြပြီ”

ရွှီ

လက်တစ်ချက်ဝှေ့ယမ်းပြီးသည်နောက် ရီရှင်းချန်သည် သူ၏သိုလှောင်လက်စွပ်ထဲမှ အဆိပ်ဖြေဆေးပုလင်းအား ထုတ်ယူ၍ တစ်ခါတည်း မော့ချလိုက်တော့သည်။ သို့ပေမဲ့ ဤဆေးလုံး၏ စွမ်းအားများသည် ခန္ဓာကိုယ်ထဲသို့ ပျံ့နှံ့ လျက်ရှိသော နတ်ဆိုးအော်ရာများကို မဖြေရှင်းနိုင်ပေ။ ထို့ကြောင့် သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာ ဖိနှိပ်ရန် ကြိုးစားခဲ့ရ၏။

“ဒုတိယစီနီယာအစ်ကို”

စုရှောင်မိုသည် ပြိုလဲမလို ဖြစ်သွား၏။ “ဒီအဆိပ်ဖြေဆေးက အလုပ်မဖြစ်ဘူး”

ဟယ်ဝူတီ၏ မျက်နှာသည်လည်း တည်ငြိမ်နေသည်။ “ဒါက နတ်ဆိုးချီတွေလေ၊ အဆိပ်မှ မဟုတ်တာ၊ အဆိပ်ဖြေဆေးနဲ့ ဘယ်လိုလုပ် ပျောက်မှာလဲ”

“ဒါဆိုရင် ဘာလုပ်သင့်လဲ” စုရှောင်မိုက မေးလိုက်သည်။

ဟယ်ဝူတီက ပြောလိုက်၏။ “စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ ဖိနှိပ်ဖို့ပဲ တတ်နိုင်တယ်၊ ပြီးမှ ခန္ဓာကိုယ်ထဲက အတင်းဆွဲထုတ်ရမှာ”

“…” စုရှောင်မို၏ မျက်နှာတစ်ခုလုံးသည် ပျက်ယွင်းသွားခဲ့တော့၏။ ခန္ဓာကိုယ်အတွင်းတွင် ရှိသော နတ်ဆိုးချီများသည် အလွန်တရာ အားကောင်းလွန်းလှသောကြောင့် သူ့အနေနှင့် ခဏတာ ဖိနှိပ်ထားနိုင်စွမ်းရှိသည်။ ခန္ဓာကိုယ်ထဲမှ မည်ကဲ့သို့အတင်းဆွဲထုတ်ရမည်နည်း။

လီချင်းယန်သည် မျက်မှောင်ကုတ်လိုက်မိ၏။ ပထမတုန်းက နဂါးနက်မိစ္ဆာဂိုဏ်း၏ အကြီးအကဲများ ထွက်ပေါ်လာ သည်ကို မြင်သည့်နောက် ကြယ်ခြောက်ပွင့်အဆင့်တာဝန်သည် လွယ်လွယ်ကူကူနှင့် ပြည့်စုံအောင် ပြုလုပ်နိုင် မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့ပေမဲ့ ၎င်းတို့သည် ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်နိုင်သည့် သိုင်းနည်းစနစ် တစ်မျိုးကို ပိုင်ဆိုင်နေကြ၏။ ထိုအရာသည် နတ်ဆိုးချီများလည်း ပါဝင်နေသည်မို့ သူတို့သည် ထိုအရာကို ပြုလုပ်ရန် အလွန်တရာ ခက်ခဲသွားခဲ့၏။ ပြိုင်စံရှားဂိုဏ်းတစ်ခုလုံး၏ အတည်ငြိမ်ဆုံးသော ဒုတိယတပည့် ဖြစ်သည်မို့ လီချင်းယန်သည် သူ၏ ဟန်ပန်အမူအရာ မပျက်ယွင်းသွားချေ။ သူသည် အသံပို့လွှတ်ကာ ပြောလိုက်၏။ “နတ်ဆိုးချီတွေကို ငါတို့ဖိနှိပ်ထားမယ်၊ မြန်မြန် နောက်ဆုံးပြီး ထွက်ကြရအောင်”

ထိုအချိန်မှာတော့ သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို နှစ်ပိုင်းခွဲ၍ တစ်ပိုင်းသည် ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးချီများကို ဖိနှိပ်ထားခဲ့ရသည်။ ထို့ကြောင့် ဆက်လက်တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ။ ထွက်ခွာသွားခြင်းသည်ကသာ အကောင်းဆုံးသော ဆုံးဖြတ်ချက်ဖြစ်သည်။

“ခင်ဗျားတို့သွားတော့”

ရှောင်ကျီသည် ထိုသုံးယောက်၏ရှေ့တွင် မတ်တပ်ရပ်ကာ ပြောလိုက်သည်။ “ကျုပ် ကာကွယ်ပေးထားမယ်”

သူသည် နတ်ဆိုးချီများ၏ သက်ရောက်မှုကို မခံရသေးချေ။ ထို့ကြောင့် တိုက်ခိုက်နိုင်စွမ်း ရှိနေသေးသည်။ အရည်အချင်း ပြည့်ဝလှသော တင့်ကားတစ်ယောက် ဖြစ်သည်မို့ သူ၏ တာဝန်သည် သူ၏ ညီအစ်ကိုများ ပြန်လည် ဆုတ်ခွာသွားနိုင်ရန် ကာကွယ်ပေးရမည့် တာဝန်ဖြစ်တော့၏။

လီချင်းယန်က ပြောလိုက်သည်။ “သွားကြစို့”

လက်ရှိအခြေအနေအရဆိုလျှင် သူတို့သည် လုပ်ချင်တိုင်း လုပ်ပိုင်ခွင့် မရှိချေ။ ဖြစ်နိုင်သမျှ အစောဆုံး ပြန်လည် ဆုတ်ခွာမှ ဖြစ်ပေမည်။ သူတို့အား ဝိုင်းပတ်မိသွားပါက ပြန်လည်ထွက်ခွာဖို့ပင် အခွင့်အရေး ရလိမ့်မည် မဟုတ်ချေ။

“ဒီနေ့မှာတော့ မင်းတို့အားလုံး သေကိုသေရမယ်”

နဂါးနက်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲလေးယောက်တို့သည် မတူညီသည့်နေရာများမှ ဝင်ရောက် တိုက်ခိုက်ကြတော့သည်။ ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များ အားလုံးသည် ပျက်စီးပြိုလဲကျကုန်တော့သည်။ ၎င်းတို့၏ အားအင်အဆင့်သည်လည်း တိုးတက်လာသည်သာမဟုတ် ထူးဆန်းသည့်အော်ရာများသည်လည်း အလွန်တရာ အားကောင်းလွန်းလှ၏။

လီချင်းယန်နှင့်တခြားသူများ၏ လက်ရှိအခြေအနေနှင့်ဆိုလျှင် ပြန်လည်တိုက်ခိုက်ရန်ကြိုးစားပါက ကျိန်းသေပေါက် သေဆုံးရန်သာ ရှိတော့သည်။

ဘုန်း … ဘုန်း။

နဂါးနက်မိစ္ဆာဂိုဏ်းမှ ကျွမ်းကျင်သူများသည် လေထဲသို့ လက်ဝါးရိုက်ချက်များ ထုတ်ဖော်လိုက်တော့သည်။ နတ်ဆိုးချီများသည် အလွန်တရာ ကြီးမားလှသည့် လက်သီးကြီးအဖြစ် ပြောင်းလဲသွားပြီး လီချင်းယန်တို့ဆီသို့ ဦးတည်လာခဲ့၏။

ဝမ်

ရှောင်ကျီသည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်ကို အသက်သွင်းလိုက်သည်။ ထို့အပြင် သူ၏ ရှေ့မှာတော့ သံမဏိ ဒိုင်းကာအမဲရောင်သည် တည်ရှိလျက်ရှိနေသည်။

ဝမ်

အကာအကွယ် အတားအဆီးသည် လေထုထဲတွင် ပေါ်လာခဲ့၏။ အလွန်တရာပေါများလှသော စိတ်ဝိညာဉ် စွမ်းအင်များနှင့်အတူ မြေဓာတ်သဘာဝများ၏ ပေါင်းစပ်မှုအောက်မှာတော့ အားအကောင်းဆုံးသော ခုခံကာကွယ်ခြင်း အခြေအနေသည် ဖြစ်ပေါ်လာခဲ့တော့သည်။ တစ်ဖက်မှ တစ်ယောက်ချင်းစီ၏ တိုက်ခိုက်ချက်များသည် အဆင့်ကိုး သိုင်းဘုရင်တစ်ယောက်၏ တိုက်ခိုက်ချက်များနှင့် နှိုင်းယှဉ်၍ ရနေသည်။ ထို့အပြင် ဂိုဏ်းချုပ်ဆိုသည့်လူသည် သိုင်းဘုရင်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်၏ အားအင်ကိုပင် ထုတ်ဖော်နေသည်။ ဒီတိုက်ပွဲသည် ရှောင်ကျီ အတွက်တော့ ကျိန်းသေပေါက် စမ်းသပ်မှုတစ်ခုသာ ဖြစ်ခဲ့သည်။ သို့ပေမဲ့ မည်သို့ပင်ဆိုစေကာမူ သူ့အနေနှင့် သူ၏ ညီအစ်ကိုများကို ကာကွယ်ပေးရတော့မည် ဖြစ်တော့သည်။

ဘုန်း ဘုန်း

ကြမ်းရမ်းလှသော စွမ်းအင်များသည် အတားအဆီးကို ထိမှန်ပြီးသည့်နောက်မှာတော့ တည်နေရာအနှံ့အပြား၌ လေလှိုင်းအဟုန်များ ဖြစ်တည်သွားခဲ့သည်။ ဖြတ်သန်းသွားသော နေရာအကုန်လုံးတွင် အသက်ဓာတ်များ ကင်းမဲ့ကုန်ကြ၏။

ဝှစ် ဝှစ်

ရှောင်ကျီသည် နဂါးနက်မိစ္ဆာဂိုဏ်းမှ ကျွမ်းကျင်သူငါးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ခုခံနေတုန်းမှာပဲ လီချင်းယန်နှင့် စုရှောင်မိုတို့မှာတော့ အနောက်သို့ ဆုတ်ခွာလာကြသည်။ သို့ပေမဲ့ သူတို့သည် ခြေလှမ်းတစ်လှမ်း ဆုတ်လိုက်တိုင်း ၎င်းတို့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးချီများသည် ၎င်းတို့၏ အကာအကွယ်များကို ကြမ်းကြမ်းတမ်းတမ်း ဖျက်ဆီးတိုက်ခိုက်နေတော့၏။ ၎င်းတို့သည် ပိုမို၍ စွမ်းအားမဲ့လာ၏။

ဝေါ့

စုရှောင်မိုသည် မည်သို့မှ မနေနိုင်တော့ဘဲ သွေးများအန်ထွက်လာ၏။

“ဂျူနီယာ ညီမလေး”

လီချင်းယန်သည် နတ်ဆိုးချီများကို ထိန်းချုပ်နေရင်းမှာပဲ ရောင်မုန့်ယဉ်၏ ရှေ့သို့သွားကာ ပြောလိုက်တော့သည်။ “သွားကြစို့”

“ဒုတိယ စီနီယာအစ်ကို”

ရောင်မုန့်ယဉ်က ပြောလိုက်သည်။ “စီနီယာအစ်ကိုရှောင်ကို ဒီအတိုင်းပဲ စွန့်ခွာခဲ့လိုက်တော့မလို့လား”

“နောက်ကျလွန်းနေပြီ”

လီချင်းယန်သည် ဆက်လက်၍ မရှင်းပြတော့ချေ။ သူ၏ဂျူနီယာညီမလေး၏ ပခုံးပေါ်သို့ လက်တင်ကာ သူမကို ခေါ်ဆောင်သွားရန် ပြင်လိုက်တော့၏။

ဟူး ဟူး

သို့ပေမဲ့ ရောင်မုန့်ယဉ်ကို ထိတွေ့လိုက်သည့်အချိန်မှာပဲ သူ၏ ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးချီများသည် ဆူဝေလာခဲ့သည်။ ပြီးနောက် ထောပတ်ကို လှီးဖြတ်လိုက်သည့် ဓားပူပူကဲ့သို့ သူ၏အကာအကွယ် အတားအဆီး များကို ချိုးဖြတ်သွားခဲ့တော့သည်။

ဝေါ့ …။

လီချင်းယန်သည် သွေးတစ်လုတ်အန်ထွက်လာ၏။ သူသည် တွေးလိုက်မိသည်။ “သွားပြီ”

နောက်တစ်စက္ကန့်အတွင်းမှာပဲ သူသည် မျက်လုံးပြူးသွားမိသည်။ အဘယ်ကြောင့်ဆိုသော် သူ၏အကာအကွယ် များကို ချိုးဖြတ်ခဲ့သော နတ်ဆိုးချီများသည် သူ၏မရီဒန်များကို မတိုက်ခိုက်ချေ။ သူ၏လက်မောင်းမှတဆင့် အပြင်ဘက်သို့ ထွက်ခွာသွားခဲ့သည်။ ထိုလက်မောင်းသည် ရောင်မုန့်ယဉ်နှင့် ထိတွေ့နေသည့် လက်မောင်းပင် ဖြစ်တော့သည်။

“မကောင်းတော့ဘူး၊ နတ်ဆိုးချီတွေ ထွက်ကုန်ပြီ”

လီချင်းယန်၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။ သူသည် အလျင်အမြန်ပဲ သူ၏လက်ကို ရုတ်သိမ်းလိုက်မိ သည်။ သို့ပေမဲ့ ဤလက်သည် ဂျူနီယာညီမလေး၏ ခန္ဓာကိုယ်မှ ခွာ၍ မရချေ။

လီချင်းယန်၊ လီချင်းယန် မိုက်လိုက်တာ၊ ဘယ်လိုဖြစ်ပြီး နတ်ဆိုးချီတွေရှိနေတုန်း ဂျူနီယာ ညီမလေးကို သွားထိရ တာလဲ။

ထိုအခိုက်မှာပဲ လီချင်းယန်သည် မိမိကိုယ်ကို အပြစ်တင်လျက်ရှိနေသည်။ သူသည် အအေးဓားကို ထုတ်ယူ၍ သူ၏ လက်ကို ပိုင်းဖြတ်ပစ်ရန် စဉ်းစားလိုက်မိ၏။ ထိုမှသာလျှင် နတ်ဆိုးချီများသည် သူ၏ဂျူနီယာညီမလေးဆီသို့ သွားရောက်ခြင်းကို ရပ်တန့်သွားမည်ဖြစ်သည်။

ရောင်မုန့်ယဉ်သည် သူမ၏လက်ကိုမြှောက်ကာ စီနီယာအစ်ကို၏ လုပ်ရပ်ကို တားဆီးလိုက်တော့သည်။ ပြီးနောက် နတ်ဆိုးချီများသည် သူမ၏ခန္ဓာကိုယ်ထဲသို့ ရေလှိုင်းများကဲ့သို့ တိုးဝင်လာ၏။

“ဂျူနီယာညီမလေး”

လီချင်းယန်သည် တစ်စုံတစ်ခုပြောရန်ပြင်လိုက်၏။ သို့ပေမဲ့ ချက်ချင်းဆိုသလိုပဲ ပါးစပ်ပိတ်သွားမိသည်။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးချီများသည် ရောင်မုန့်ယဉ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ပြီးနောက် သူမ၏နှုတ်ခမ်းများ တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။

“ဂျူနီယာညီမလေးက ပြုံးနေတာလား”

ဝှစ်

ထိုအခိုက်မှာပဲ သူ၏ခန္ဓာကိုယ်ထဲတွင်ရှိနေသော နတ်ဆိုးချီများသည် သူ၏လက်မှတဆင့် ရောင်မုန့်ယဉ်ဆီသို့ ရောက်ရှိသွားတော့သည်။ သူနာကျင်ရသည့်ခံစားချက်များသည်လည်း လျော့နည်းသွားရသည်။

ရောင်မုန့်ယဉ်သည် လက်တစ်ဖက်ကို အသာလှုပ်ခါပြီးသည့်နောက်မှာတော့ ချက်ချင်းပဲ သူမ၏ရှေ့တွင်ရှိသော ဟယ်ဝူတီနှင့် စုရှောင်မိုတို့ဆီသို့ သွားရောက်လိုက်သည်။ ပြီးနောက် ၎င်းတို့၏ ပခုံးပေါ်သို့ သူမ၏လက်သေးသေး လေးနှစ်ဖက်ကို တင်လိုက်၏။

ဟူး …. ဟူး။

စီနီယာအစ်ကိုနှစ်ယောက်ဆီမှ နတ်ဆိုးချီများ အားလုံးသည် သူမ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားတော့သည်။ အလွန်တရာကြမ်းတမ်းလှသော နတ်ဆိုးချီများ ဝင်ရောက်သွားပြီးသည့်နောက်မှာတော့ ရောင်မုန့်ယဉ်သည် မည်သည့်ထိခိုက်မှုကိုမှ မဖြစ်ပွားခဲ့ချေ။ ထိုအစား ထိုနတ်ဆိုးချီများသည် သူမ၏ ဒန်ထျန်နှင့် ပေါင်းစပ်သွားပြီးသည့် နောက် အလုံးစုံစုပ်ယူနိုင်စွမ်း ရှိနေတော့သည်။

“နေလို့ကောင်းလိုက်တာ” ရောင်မုန့်ယဉ်၏ မျက်လုံးများသည် ရုတ်တရက် လင်းလက်သွားသည်။ သူမ၏ မျက်နှာပေါ်တွင်ရှိသော အပြုံးမှာ တော့ ပိုမို၍ တောက်ပလာခဲ့တော့၏။

All Chapters