← Chapters

အခန်း (၆၈၂)

Vol. 46 Ch. 682

အခန်း (၆၈၂)

Vol. 46 Ch. 682

“ဒါက”

လီချင်းယန်နှင့် တခြားသောသူများသည် ဆွံ့အသွားကြသည်။ နတ်ဆိုးချီများသည် ခန္ဓာကိုယ်အား ဖျက်ဆီးနိုင်စွမ်း မြင့်မားကြ၏။ သို့ပေမဲ့ ဂျူနီယာညီမလေးသည် ထိုအရာများကို ဘာမှမဖြစ်သလို စုပ်ယူနိုင်စွမ်း ရှိနေသည်။ သူမသည် အဆင်ပြေရုံမျှမက ပျော်ရွှင်စွာပင် ပြုံးရွှင်လျက်ရှိနေ၏။ မယုံကြည်နိုင်စရာပင်။

“နေဦး၊ အားလုံးခဏစောင့်အုံး”

အားလုံးသည် ရောင်မုန့်ယဉ်တစ်ယောက် သန္ဓေနတ်ဆိုးခန္ဓာကိုယ် အသက်ဝင်ခဲ့သည့်အကြောင်းကို ချက်ချင်း သတိရသွားသည်။ ထို့ကြောင့် နတ်ဆိုးချီများသည် အလွန်တရာ ထွင်းဖောက်နိုင်စွမ်း ရှိသည်ဆိုသော်လည်း သူတို့၏ ဂျူနီယာညီမလေးကို ထိခိုက်နိုင်စွမ်းတော့ မရှိခဲ့ပေ။

“ငါမေ့သွားတာ၊ မေ့သွားတာ”

လီချင်းယန်သည် သူ၏နဖူးကို ရိုက်လိုက်မိ၏။ လက်ရှိအခြေအနေသည် အလွန်တရာ ရှုပ်ထွေးလွန်းနေသည်။ ထို့ကြောင့် သူသည် သန္ဓေနတ်ဆိုးခန္ဓာကိုယ်အကြောင်းကို မေ့လျော့သွားခဲ့သည်။

သို့ပေမဲ့ ရောင်မုန့်ယဉ် တစ်ယောက် နတ်ဆိုးချီများကို လျစ်လျှူရှုနိုင်သည့် ကိစ္စနှင့်ပတ်သက်၍ လီချင်းယန်နှင့် စုရှောင်မိုတို့မှာတော့ သေသေချာချာ နားမလည်သေးချေ။ သို့ပေမဲ့ ဘာမှမဖြစ်သည်ကို မြင်ရချိန်မှာတော့ အလွန်တရာ စိတ်ချမ်းသာ လျက် ရှိနေသည်။ ထို့အပြင် နတ်ဆိုးချီများကို စုပ်ယူပြီးသည့်နောက် ဤမိန်းကလေးသည် တောက်ပစွာဖြင့် ပြုံးလျက်ရှိနေတော့၏။

ဘုန်း ဘုန်း

ထိုအချိန်မှာတော့ အဝေးတစ်နေရာဆီမှ ကျယ်လောင်လှသော ပေါက်ကွဲသံများ အတွဲလိုက် ထွက်ပေါ်လာတော့ သည်။ သူ၏အကာအကွယ်များအားလုံး ဖွင့်လှစ်ထားသော ရှောင်ကျီသည် သိုင်းဘုရင်ငါးယောက်၏ တိုက်ကွက် များအား ကြံ့ကြံ့ခံ ကာကွယ်လျက်ရှိနေသည်။

ခရက် ခရက် ခရက်

နောက်ထပ် တိုက်ခိုက်မှုအနည်းငယ်ကို ခံယူပြီးသည့်နောက်မှာတော့ သူ၏ အကာအကွယ်ဆီ၌ အက်ကွဲကြောင်း များ ဖြစ်တည်လာခဲ့တော့သည်။

ဘုန်း ဘုန်း ….။

တိုက်ခိုက်ချက်များသည် ဆက်လက်ဖြစ်တည်လာပြီးသည့်နောက်မှာတော့ အလွန်တရာ ညှီစို့လှသော မကောင်း သည့်အော်ရာများသည် အလွန်တရာ များပြားလာတော့၏။

ဘန်း ဘန်း ……။

အကာအကွယ်အတားအဆီးသည် ဘယ်တုန်းကမှ မရှိခဲ့သလို အလုံးစုံပျောက်ကွယ်သွားတော့သည်။ သူ့အနေနှင့် လုံလောက်အောင် အားမကောင်း၍ မဟုတ်ပေ။ နဂါးနက်မိစ္ဆာဂိုဏ်းမှ ကျွမ်းကျင်သူ ငါးယောက်တို့ ထုတ်ဖော်လိုက် သည့် နတ်ဆိုးချီများသည် သူ၏ အကာအကွယ်များကို တိုက်စားသွားခဲ့တာကြောင့်ပင်ဖြစ်သည်။

ဘုတ် ဘုတ် ဘုတ်

ရှောင်ကျီသည် အနောက်သို့ ဆုတ်ခွာရင်း ပါးစပ်ထဲမှ သွေးတွေ အန်ထွက်လာခဲ့သည်။ သူ့အနေနှင့် သူ၏ဒဏ်ရာ များကို ဂရုစိုက်ရန် အချိန်မရှိပေ။ သို့ပေမဲ့ အနောက်သို့ လှည့်ကြည့်လိုက်ချိန်မှာတော့ လီချင်းယန်နှင့် တခြားသူများ သည် တွေတွေကြီး ရပ်လျက်ရှိနေကြကြောင်း သူမြင်လိုက်ရသည်။ သူ အော်လိုက်မိ၏။ “ဆက်ပြီး တောင့်မခံနိုင်တော့ဘူး၊ ဘာလို့ထွက်မသွားသေးတာလဲ”

“စီနီယာအစ်ကို မကြောက်နဲ့”

ပြောပြောဆိုဆိုပဲ သူ၏ဘေးဆီမှ အသံတစ်ခုထွက်ပေါ်လာသည်။ “ကျွန်မကိစ္စ ထားလိုက်တော့”

ရှောင်ကျီသည် ကြောင်သွား၏။ ပြီးနောက် သူ၏ခေါင်းကို အသာလှည့်ကြည့်လိုက်တော့သည်။ သူ၏ရှေ့တွင် ဂျူနီယာညီမလေးသည် မတ်မတ်ရပ်လျက် ရှိနေသည်ဖြစ်သည်။ သူမ၏ လက်များသည် လက်သည်းများအဖြစ် ဖြန့်ကားလျက်ရှိပြီး ထိုလက်သည်းများဆီမှ ကြောက်မက်ဖွယ်ရာကောင်းသော အော်ရာများ ထွက်ပေါ်နေသည်။ သူမ၏ မျက်လုံးများသည် သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် တောက်ပြောင်လျက် ရှိနေတော့သည်။

“ဒါက”

ရှောင်ကျီသည် မည်သို့မှ မနေနိုင်တော့ဘဲ ပခုံးပင် တွန့်သွားမိ၏။ သူ၏အထင်အရဆိုလျှင် သူ၏ ဂျူနီယာညီမလေး သည် ပုံမှန်အားဖြင့် ချစ်စရာကောင်းသည့် ပုံပန်းသွင်ပြင်များ ပျောက်ကွယ်သွားပြီးသည့်နောက် ငရဲပြည်မှ နတ်ဆိုးတစ်ကောင်ကဲ့သို့ပင် ပြောင်းလဲသွားခဲ့၏။

နဂါးနက်မိစ္ဆာဂိုဏ်းမှ ဂိုဏ်းချုပ်နှင့် အကြီးအကဲလေးယောက် တို့သည် ဘယ်နေရာမှ ပေါ်လာမှန်း မသိသော မိန်းကလေးကို မြင်လိုက်ရချိန်မှာတော့ တုန်လှုပ်သွားမိသည်။ အထူးသဖြင့် ၎င်းတို့သည် ၎င်းတို့ထက်ပိုမိုသန့်စင်လှသော နတ်ဆိုးချီများကို အာရုံခံမိကြသည်။

“နတ်ဆိုးကျင့်ကြံသူ၊ သူမက နတ်ဆိုးကျင့်ကြံသူပဲ”

ရောင်မုန့်ယဉ်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ အေးစက်စက် ပြောလိုက်သည်။ “ရှင်တို့က ကျွန်မရဲ့ စီနီယာအစ်ကို ကို နာကျင်အောင် လုပ်ခဲ့တယ်၊ ဒီနေ့ အားလုံးသေဆုံးရလိမ့်မယ်”

ဟူး ဟူး

သူမ၏အနောက်ဘက်ဆီမှ နတ်ဆိုးချီများ စိမ့်ထွက်လာပြီးသည့်နောက် အလွန်တရာကြီးမားလှသည့် ကွန်ယက်ကြီး တစ်ခုအဖြစ်သို့ ဖြစ်တည်ကာ မိစ္ဆာဂိုဏ်းသား ငါးယောက်ကို ဖိနှိပ်လိုက်တော့သည်။ အားကောင်း လွန်းလှသည့် နတ်ဆိုးချီများ နဂါးနက်မိစ္ဆာဂိုဏ်းမှ သိုင်းကျင့်ကြံသူများအားလုံး၏ စွမ်းအင်များနှင့် နှိုင်းယှဉ်၍ပင် မရချေ။

“နောက်ဆုတ်”

နဂါးနက်မိစ္ဆာဂိုဏ်းမှ ဂိုဏ်းချုပ်သည် ရုတ်တရက် ထအော်လိုက်၏။ သို့ပေမဲ့ နတ်ဆိုးပိုက်ကွန်ကြီးသည် သူတို့အား လွှမ်းခြုံပြီး ဖြစ်နေ၏။ တစ်ချိန်တည်းမှာပဲ အားကောင်းလှသည့် စုပ်ယူမှုစွမ်းအင်များ ဖြစ်တည်လာပြီးသည့်နောက် ၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင်ရှိသော နတ်ဆိုးချီများကို ရူးရူးမူးမူး စုပ်ယူကြတော့သည်။

“သွားပြီ၊ သွားပြီ”

နဂါးနက်မိစ္ဆာဂိုဏ်းမှ ဂိုဏ်းချုပ်၏ မျက်လုံးများသည် စိတ်ပျက်မှုများ အထင်းသား ပေါ်လာတော့သည်။

အား

ထိုအချိန်မှာပဲ အကြီးအကဲများထဲမှ တစ်ယောက်သည် နတ်ဆိုးချီများ ထုတ်ယူခံလိုက်ရပြီးသည့်နောက် နှလုံးကွဲ မတတ် နာကျင်စွာ အော်ဟစ်လိုက်သည့်အသံကြီး ထွက်ပေါ်လာ၏။ ဤအော်သံသည် ငရဲပြည်သို့ ရောက်ရှိနေ သလိုပင် ဖြစ်တော့၏။

ခရက် ခရက်

အရိုးကျိုးကျေသည့် အသံများ ထွက်ပေါ်လာပြီးသည့်နောက် နတ်ဆိုးချီများသည် ၎င်း၏ ခန္ဓာကိုယ်နှင့် အသွေး အသားများအားလုံးကို တိုက်စားတော့သည်။

“...”

လီချင်းယန်နှင့် တခြားသောသူများ၏ နှုတ်ခမ်းများသည် တုန်ရင်သွားသည်။ ဤအော်ရာမှ ဖြစ်တည်လာသည့် စွမ်းအင်များသည် အသားကြိတ်စက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေတော့၏။

ဝှစ် ဝှစ်

အကြီးအကဲတစ်ယောက်သည် ချက်ချင်းပဲ ထွက်ပြေးတော့သည်။ သို့ပေမဲ့ သူ၏ ခန္ဓာကိုယ်မှ နတ်ဆိုးချီများသည် ရောင်မုန့်ယဉ်၏ စုပ်ယူခြင်းကို ခံရပြီးသည့်နောက်မှာတော့ ၎င်းသည်လည်း ဖိနှိပ်ချိုးချေခြင်းကို ခံခဲ့ရတော့သည်။

“မဟုတ်ဘူး”

လက်ကျန် အကြီးအကဲနှစ်ယောက်နှင့် ဂိုဏ်းချုပ်တို့သည် တစ်နေရာထဲတွင် ပိတ်မိနေကြ၏။ မည်သို့မျှ လွတ်မြောက်အောင် ထွက်မပြေးနိုင်ခဲ့ချေ။ အဆုံးသတ်မှာတော့ ၎င်းတို့သည် နတ်ဆိုးချီများ၏ ဝါးမြိုခြင်းကို ခံရပြီး စွမ်းအင်များအားလုံးသည် ရောင်မုန့်ယဉ်၏ စုပ်ယူခြင်းကို ခံရ၏။ လေလှိုင်းများတိုက်ခတ်ပြီးသည့်နောက် သူမ၏ အမဲရောင်ဆံနွယ်များသည် လေနှင့်အတူ လွင့်လျက်ရှိ၏။ ရောင်မုန့်ယဉ်၏ သေးငယ်လှသော မျက်နှာလေးသည် ကြောက်မက်ဖွယ်ရာ စိမ်းပြာလျက်ရှိနေတော့သည်။

လီချင်းယန်နှင့် တခြားသောသူများသည် ဆံပင်တွေ ထောင်ထမတတ် ကြောက်လန့်သွားကြ၏။

အထူးသဖြင့် ရှောင်ကျီပင်ဖြစ်သည်။ သူသည် ရောင်မုန့်ယဉ်နှင့် အနီးဆုံးတွင် ရှိနေသောကြောင့် သူမဆီမှ ထွက်ပေါ်နေသော ကြမ်းရမ်းလှသည့် နတ်ဆိုးချီများကို အာရုံခံမိ၏။ ချက်ချင်းဆိုသလိုပဲ သူ၏ဂျူနီယာ ညီမလေးသည် မတူညီသည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သလို သူခံစားလိုက်မိ၏။ သူမသည် လူသားတစ်ယောက် မဟုတ်သလို နတ်ဆိုးတစ်ကောင်နှင့် ပို၍ ဆင်တူသည်။

လီချင်းယန်နှင့် တခြားသော သူများသည် နဂါးနက်မိစ္ဆာဂိုဏ်းမှ ကျွမ်းကျင်သူလေးယောက်တို့ ချက်ချင်းလက်ငင်း ရောင်မုန့်ယဉ်၏ သတ်ဖြတ်မှုကို ခံလိုက်ရသည်ကို မြင်ရချိန်မှာတော့ မျက်လုံးအပြူးသား ဖြစ်မိနေသည်။ ထို့အပြင် အော်ရာတစ်ခုတည်းကို ထုတ်လွှတ်၍ သတ်ဖြတ်ခဲ့ခြင်းပင် ဖြစ်သည်။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် ၎င်းတို့အနေနှင့် အားအကောင်းဆုံးအခြေအနေတွင် ရှိသည်ဆိုလျှင်တောင်မှ သူမတစ်ယောက်တည်း ကို နိုင်လိမ့်မည် မဟုတ်ပေ။

“ဒါ သန္ဓေနတ်ဆိုး ခန္ဓာကိုယ်လား၊ နတ်ဆိုးကျင့်ကြံသူတစ်ယောက်လား၊ ကြောက်စရာပဲ၊ တကယ့်ကို ကြောက်စရာ ကောင်းတယ်”

လမ်းမှန်ဂိုဏ်းများအားလုံးသည် နတ်ဆိုးသတ်ဖြတ်ခြင်းအမိန့်ကို လွန်ခဲ့သည်နှစ်ပေါင်းတစ်သောင်းကျော်က ထုတ်ပြန်ခဲ့သည်ဆိုခြင်းမှာ အံ့အားသင့်စရာတော့ မဟုတ်ချေ။

ဟူး ဟူး

ကြောက်မက်ဖွယ်ရာကောင်းလှသော နတ်ဆိုးချီများသည် နဂါးနက်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်ဆီသို့ ကျဆင်းလာ ခဲ့တော့သည်။ သူ၏စိတ်များအားလုံးသည် စိတ်ညှို့ခြင်းခံလိုက်ရပြီဖြစ်ကာ ရောင်မုန့်ယဉ်အနောက်ရှိ နတ်ဆိုးချီများအားလုံးသည် ကြီးမားသည့်အမဲရောင်အရုပ်ကြီးကဲ့သို့ သူ့အား လွှမ်းခြုံလျက်ရှိနေတော့သည်။ အမဲရောင်အရုပ်ကြီးသည် မျက်စိကို ဖွင့်ကြည့်လိုက်ပြီးသည့်နောက် အနီရောင်အလင်းတန်းများ ထွက်ပေါ်လာ သည်။

အမှောင်ရိပ်ထဲမှာတော့ နတ်ဆိုးဘုရင်တစ်ယောက်သည် ရုတ်တရက်နိုးထလာသကဲ့သို့ပင် ဖြစ်တော့သည်။ ကြီးမားပြီး ထိတ်လန့်ဖွယ်ရာကောင်းသော အော်ရာများသည် နဂါးနက်မိစ္ဆာဂိုဏ်းချုပ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖိနှိပ်ပြီးသည့်နောက်မှာတော့ အသက်ပင် ကောင်းကောင်းမရှူနိုင်တော့ချေ။ သူ၏ခြေထောက်များသည် ပျော့ခွေပြီး ဒူးထောက်ထိုင်ချသွားသည်။ ပြီးနောက် တုန်ယင်နေသည့်အသံဖြင့် တောင်းပန်လိုက်တော့သည်။ “ကျုပ် … ကျုပ် အစေခံလုပ်ပါ့မယ်၊ ကျေးဇူးပြုပြီး အသက်ကို ချမ်းသာပေးပါ”

“ရှင်က ကျွန်မရဲ့ စီနီယာအစ်ကိုတွေကို ထိခိုက်အောင် လုပ်ခဲ့တယ်”

ရောင်မုန့်ယဉ်၏ ဆံနွယ်များသည် လေထဲတွင်လွင့်လျက်ရှိသည်။ သူမသည် ရူးသွပ်နေသည့် လူတစ်ယောက်လိုပင် ဖြစ်နေတော့၏။ “ရှင် သေရမယ်”

ဟူး ဟူး

နတ်ဆိုးချီများသည် နေရာအနှံ့မှ ရောက်ရှိလာပြီးသည့်နောက် နဂါးနက်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်အား လွှမ်းခြုံသွား တော့သည်။ သူမသေခင်မှာတော့ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်များသည် ငရဲပြည်မှ ရောက်ရှိလာ သလို ကြမ်းရမ်းစွာဖြင့် သူ့အား ပိုင်းဖြတ်၊ လှီးဖြတ်နေသည်ကို အကြီးအကျယ်ခံနေရတော့သည်။

“ရှင်က ဒီအင်ပါယာရဲ့ အစေခံတစ်ယောက်ဖြစ်ဖို့ အရည်အချင်း မပြည့်မီဘူး”

အား

နတ်ဆိုးချီများအားလုံးသည် နဂါးနက်မိစ္ဆာဂိုဏ်းချုပ်အား အဆုံးသတ်လိုက်တော့သည်။

ဖျောင်း ဖျောင်း

ဝှစ် ဝှစ် ဝှစ်

နဂါးနက်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်သည် သေဆုံးပြီးသည့်နောက် ၎င်း၏ခန္ဓာကိုယ်ဆီမှ နတ်ဆိုးချီများအားလုံးသည် ရောင်မုန့်ယဉ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားတော့သည်။ တစ်ချိန်တည်းမှာပဲ တောင်တစ်ခုလုံးတွင် ရှိနေသော နတ်ဆိုးချီများ အားလုံးသည် ရောင်မုန့်ယဉ်၏ ခန္ဓာကိုယ်ဆီသို့ ရောက်ရှိလာပြီး မကြာခင် ပျောက်ကွယ်သွားတော့၏။

“အင်း အင်း”

ရောင်မုန့်ယဉ်သည် သူမ၏ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ဒီဓာတ်သဘာဝတွေက တော်တော်လေး အားနည်းတယ်”

“...”

ရှောင်ကျီ၏ နှုတ်ခမ်းများသည် တုန်ယင်လျက်ရှိသည်။ သူမ၏ အော်ရာများကို ဖြန့်ကျက်ရုံသက်သက်ဖြင့် သိုင်းဘုရင်ငါးယောက်ကို သတ်ဖြတ်ခဲ့၏။ ဂျူနီယာညီမလေးသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။

“သွားကြစို့”

လီချင်းယန်သည် ရောက်ရှိလာပြီးသည့်နောက်မှာတော့ လေးလေးနက်နက် ပြောလိုက်သည်။ “နဂါးနက်မိစ္ဆာဂိုဏ်းသားတွေ အကုန်လုံးကို ဖြစ်နိုင်သမျှ အကုန်ရှင်းပစ်လိုက်တော့၊ ဘယ်သူ့ကိုမှ အသက်ရှင်လျက် မထားနဲ့”

ဂျူနီယာညီမလေး၏ နတ်ဆိုးချီများ ပေါ်ပေါက်လာရခြင်းသည် အလွန်တရာအရေးကြီးသည့်ကိစ္စဖြစ်၏။

ဝှစ် ဝှစ်

လီချင်းယန်၊ စုရှောင်မိုနှင့် ဟယ်ဝူတီတို့ အားလုံးသည် ဂိုဏ်းထဲသို့ ပြေးဝင်သွားလိုက်၏။ ဂိုဏ်းချုပ်နှင့် အကြီးအကဲများ သေဆုံးသွားပြီဖြစ်သောကြောင့် လက်ကျန်တပည့်တစ်ထောင်ကျော်တို့အား ရှင်းလင်းရန်မှာ လွယ်ကူလွန်းလှတော့သည်။ တည်နေရာတစ်ခုလုံးကို သတ်ဖြတ်နှိမ်နင်းပြီးနောက်မှာတော့ စုရှောင်မိုသည် ကြီးမားလှသည့် အမဲရောင်အခန်းကြီးတစ်ခုကို ရှာဖွေတွေ့ရှိလိုက်သည်။ အထဲတွင်တော့ သွေးများထုတ်ယူခြင်းခံထားရ သည့် ရေတွက်၍မရအောင် များပြားသော အလောင်းများ ရှိနေသည်။ ဤလူများအားလုံးသည် လူငယ်များ၊ သက်ကြီးပိုင်းနှင့် ကလေးငယ်များ ပါဝင်နေ၏။

“ဒါက ရွာထဲက ပျောက်နေတဲ့ ရွာသားတွေ ဖြစ်ရမယ်” လီချင်းယန်က ပြောလိုက်သည်။

“ချီးတဲ့မှ”

စုရှောင်မိုသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ဒေါသတကြီး ပြောလိုက်သည်။ “ကလေးတွေကိုတောင် လက်လွှတ်မပေးဘူး၊ တကယ့်ခွေးကောင်တွေပဲ”

ဟူး ဟူး

တောက်လောင်နေသော မီးတောက်များ ဖြစ်တည်လာခဲ့၏။ နဂါးနက်မိစ္ဆာဂိုဏ်းတစ်ခုလုံးကို ကျွမ်းလောင်ရုံတင် မက ၎င်းတို့ အသက်ရှိစဉ်က ကျူးလွန်ခဲ့သော မကောင်းမှုပြစ်မှုများအားလုံးကိုလည်း ကျွမ်းလောင်ပြာချခဲ့တော့ သည်။ ရောင်မုန့်ယဉ်၏ သန္ဓေနတ်ဆိုးခန္ဓာကိုယ် အသက်ဝင်လာမှုကို သိမြင်ခဲ့ရသည် ဖြစ်သော်လည်း ၎င်းတို့အားလုံး သေဆုံးသွားပြီဖြစ်သောကြောင့် အပြင်လူ များအားလုံး သိရှိနိုင်တော့မည် မဟုတ်ချေ။

………

“သေချာရဲ့လား” ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲ၌ မေးလိုက်၏။

လီချင်းယန်က ပြန်ပြောလိုက်သည်။ “နဂါးနက်မိစ္ဆာဂိုဏ်းက တပည့်တွေအကုန်လုံးက သတ်ဖြတ်ခံလိုက်ရတယ်၊ ဘယ်သူမှ သိမှာ မဟုတ်ပါဘူး”

“ဒါဆိုရင် ကောင်းပြီ”

သူ၏ ဒုတိယတပည့်နှင့်ပတ်သက်၍ ကျွင်းချောင်ရှောင်းသည် စိတ်မပူချေ။ တကယ်လည်း ရောင်မုန့်ယဉ်၏ နတ်ဆိုးချီများနှင့်ပတ်သက်၍ အပြင်လူများ မသိကြချေ။ သို့ပေမဲ့ နဂါးနက်မိစ္ဆာဂိုဏ်း ဖျက်ဆီးခံလိုက်ရသည့် အခြေ အနေကတော့ ဖုံးကွယ်ထား၍ မရနိုင်ချေ။ ရက်အနည်းငယ်အတွင်းမှာပဲ တောင်ပိုင်းသဲကန္တာရ နယ်မြေအတွင်းသို့ သတင်း ပျံ့နှံ့သွားသည်။ အဓိကဂိုဏ်းကြီးများအားလုံးသည် ထိုနေရာဆီသို့ ရောက်ရှိကာ လာကြည့်ကြတော့၏။

“ဘယ်သူလုပ်ခဲ့တာလဲ”

“အဆင့်ငါး မိစ္ဆာဂိုဏ်းတစ်ခုက ဒီလိုပဲ ဖျက်ဆီးခံလိုက်ရတာလား”

“မယုံကြည်နိုင်စရာပဲ”

ကျွမ်းကျင်သူများအားလုံးသည် ၎င်းတို့ရှေ့တွင် မီးလောင်ပြာကျလျက်ရှိနေသော ဂိုဏ်းကြီးတစ်ခုလုံးကို ကြည့်ရှု၍ မျက်လုံးပြူးနေကြသည်။ ရောင်မုန့်ယဉ်နှင့် နဂါးနက်မိစ္ဆာဂိုဏ်းမှ ကျွမ်းကျင်သူငါးယောက်တို့ တိုက်ခိုက်ခဲ့သော တည်နေရာကို ရောက်ချိန်မှာတော့ အသက်နှစ်ဆယ်စွန်းစွန်းလောက်ရှိသည် ဘုန်းကြီးတစ်ပါးသည် မတ်တပ်ရပ် လျက်ရှိနေ၏။

သူ၏ ခန္ဓာကိုယ် ဆီမှ အလွန်တရာအားကောင်းလှသော စန္ဒကူးသား အမွှေးနံ့များ ထွက်ပေါ်နေလျက် ရှိသည်။ ကြွေကျပျက်စီးနေသော သစ်ရွက်တစ်ခုကို ကောက်ယူပြီးနောက် သူ၏လက်ဝါးပေါ်တင်လိုက်သည်။ ချက်ချင်းပဲ ထိုသစ်ရွက်လေးသည် ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဟူး ဟူး

သစ်ရွက်သည် အနည်းငယ်တုန်ခါသွားပြီးသည့်နောက် အမဲရောင်အော်ရာများ ထွက်ပေါ်လာသည်။

ဖျောက်..။

ဘုန်းကြီးသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးနောက် တိကျခိုင်မာစွာ ပြောလိုက်သည်။ “နတ်ဆိုးကျင့်ကြံသူ ဒီမှာရှိနေတာလား”

ဝမ်

သူ၏လက်ကိုဝှေ့ယမ်းပြီးသည့်နောက်မှာတော့ လက်ထဲတွင်ရှိသော ဗုဒ္ဓပုတီးစေ့သည် လေထဲတွင် လွင့်မျောလာပြီး ရွှေရောင်အလင်းတန်းများသည် တည်နေရာထဲတွင် ဖုံးလွှမ်းသွားပြီးသည့်နောက် နတ်ဆိုးချီများအား ဖုံးအုပ်သွား၏။ ခြောက်သွေ့နေသော သစ်ပင်များသည် နတ်အလင်းတန်းများဖြင့် ဖုံးကွယ်သွားပြီးသည့်နောက် အမဲရောင်အော်ရာ အမျှင်တစ်ခုသည် ပျံသန်းထွက်ပေါ်လာ၏။

“အော်မီတော်ဖော်”

ဘုန်းကြီးသည် လက်အုပ်ကိုချီကာ ပြောလိုက်သည်။ “ဒီနတ်ဆိုးကျင့်ကြံသူရဲ့ နတ်ဆိုးချီက အရမ်းအားကောင်းလွန်းတယ်၊ ကျုပ်သူ့ကို တွေ့အောင်ရှာပြီးတော့ လောက ကြီးကို မထိခိုက်စေဖို့ ဖြောင်းဖျ သိမ်းသွင်းရမယ်”

All Chapters