← Chapters

အခန်း (၆၇၉)

Vol. 46 Ch. 679

အခန်း (၆၇၉)

Vol. 46 Ch. 679

ကျွင်းချောင်ရှောင်းသည် လက်နက်နှင့် တစ်ခြားသော ပစ္စည်းများအားလုံးကို လက်နက်လဲလှယ်ခြင်း စက်ထဲသို့ ထည့်၍ ဈေးနှုန်းများ သတ်မှတ်ပေးခဲ့သည်။ တပည့်များသည် ဤအရာများကို လိုချင်သည်ဆိုပါက လုံလောက်သည့် ဂိုဏ်းစုဆောင်းမှတ်များကို ရှာဖွေပြီး လဲလှယ်ရန်သာ ရှိတော့သည်။

သံမဏိအရိုးဂိုဏ်းသည် လက်ရှိ အချိန်မှာတော့ ဂိုဏ်း၏ တာဝန်နှင့် ပတ်သက်၍ မှန်ကန်သည့် လမ်းကြောင်းပေါ်တွင် ရှိနေသည်။ တပည့်များသည် တာဝန်ခွဲဝေခြင်း ခန်းမဆောင်ထဲသို့ ဝင်လိုက်ခြင်းဖြင့် နေ့စဉ်နေ့တိုင်း အလုပ်များ လျက်ရှိ၏။

သို့ပေမဲ့ ဂိုဏ်း၏ အဆောက်အဦးတာဝန်များနှင့် ပတ်သက် ဆက်နွယ်ခြင်းမရှိသည်မို့ တာဝန်များ ပြည့်စုံသွားသည်ဆိုသော်လည်း ကျွင်းချောင်ရှောင်းသည် မည်သည့် ရလာဒ်မှ မရရှိပေ။

တပည့်များ အနေနှင့် ဂိုဏ်းစုဆောင်းမှတ်များကိုသာ ရရှိ၏။

ဤအရာသည် ကိစ္စ မရှိပေ။ တာဝန်များ ပြုလုပ်ခြင်းဖြင့် တပည့်များ အကျိုးအမြတ်များ ရရှိမည်ဆိုလျှင် သူသည် အဆင်ပြေနေပြီဖြစ်သည်။

"ဂျူနီယာညီလေး ရှောင်"

စုရှောင်မိုက ပြောလိုက်သည်။ "တာဝန်တူတူ လုပ်ကြရအောင်"

သူတို့ကဲ့သို့ အဆင့်မြင့်တပည့်များအားလုံးသည် ရံဖန်ရံကာ ဆိုသလိုပဲ ဂိုဏ်း၏ တာဝန်များကို ‌ဖြေရှင်းရန်အတွက် အဆင့်မြင့် ခန်းမဆောင်ထဲသို့ ရောက်ရှိလာတတ်ကြသည်။

ခက်ခဲမှုသည် အလွန်တရာ မြင့်မားလှသည်မို့ သာမန် အတွင်းစည်း တပည့်များနှင့် အောင်မြင်အောင် ပြုလုပ်၍ မရချေ။

ရှောင်ကျီသည် သေချာစဉ်းစားပြီးသည့်နောက် သဘောတူညီလိုက်သည်။

မုယုံရှင်းနှင့် ရန်ငြိုးကိစ္စများကို ဖြေရှင်းပြီးသည့်နောက်မှာတော့ သူသည် ကြိုးကြိုးစားစားဖြင့် ကျင့်ကြံလျက်ရှိနေသလို သူ၏ စိတ်ပိုင်း ဆိုင်ရာသည် အရင်ကထက်ပို၍ လန်းလန်းဆန်းဆန်းနှင့် သက်တောင့်သက်သာ ဖြစ်မိလာသည်။

"ငါတို့ ဂျူနီယာညီလေးရီကို ခေါ်ရင် ကောင်မလား"

ရှောင်ကျီက ပြောလိုက်သည်။ "သူ လက်တလောမှာ သိပ်ပြီးတော့ စိတ်အခြေအနေမကောင်းဘူး။ဒီကိစ္စကို ခဏထားလိုက်တာ ပိုကောင်းတယ်။"

စုရှောင်မိုသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။ "သူ့ဆီမှာ အရမ်းလှတဲ့ ကောင်မလေး ရှိတယ်လေ။ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး ရုပ်က ရှုံ့တွနေရတာလည်း မသိဘူး။ ဂျူနီယာညီလေးရီက သူ့ကိုသူ ကံကောင်းမှန်းတောင် မသိရှာဘူး။"

"သူ့မှာလည်း သူ့အကြောင်းနဲ့ သူ ရှိမှာပေါ့"

နှစ်ယောက်သား စကားပြောဆိုပြီးသည့်နောက်မှာတော့ တာဝန်ခွဲဝေသည့် ခန်းမဆောင်သို့ ရောက်ရှိလာခဲ့သည်။

ထိုအချိန်မှာတော့ များပြားလှသော တပည့်များသည် တာဝန်ခွဲဝေခြင်း ဘုတ်ပြားရှေ့တွင် စုဝေးလျက်ရှိနေကြသည်။ ၎င်းတို့သည် တလက်လက် တောက်ပနေသော တာဝန် စာတမ်းများကို ကြည့်ရှုလျက်ရှိ၏။

"ဒုတိယစီနီယာအစ်ကို"

စုရှောင်မိုက အော်လိုက်သည်။ "ဒီကို ရောက်နေတာလား"

"ဟုတ်တယ်"

လီချင်းယန်သည် လက်ပိုက်ကာ ပြောလိုက်သည်။ "ဒီမှာ ကြယ်ခြောက်ပွင့် အဆင့် တာဝန်တစ်ခု ရှိတယ်။မင်းတို့ အတူတူ လုပ်ချင်လား"

စုရှောင်မိုသည် ‌အလောတကြီးဖြင့် တာဝန်ခွဲဝေခြင်း ဘုတ်ပြားဆီသို့ ကြည့်လိုက်သည်။ ပုံမှန်အားဖြင့် အလွန်တရာ ခက်ခဲသော တာဝန်များသည် ကြယ်ငါးပွင့် အဆင့်ပဲ ရှိသည်။ ကြယ်ခြောက်ပွင့် အဆင့်ဆိုသည်မှာ အလွန်တရာ ရှားပါးလှ၏။

ထင်မှတ်ထားသည့် အတိုင်းပင် စာရင်း၏ ထိပ်ဆုံးတည်နေရာတွင် ကြယ်ခြောက်ပွင့် အဆင့်တာဝန် တစ်ခု ရှိ‌လို့နေ၏။ ဤတာဝန်သည် တောင်ပိုင်း သဲကန္တာရ နယ်မြေ အစပ်တွင် ရှိသည့် နဂါးနက် မိစ္ဆာဂိုဏ်းအား သုတ်သင်ရှင်းလင်း ဖျက်စီးပစ်ရန်ပင် ဖြစ်သည်။

"နဂါးနက်မိစ္ဆာဂိုဏ်း ဟုတ်လား"

စုရှောင်မိုသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ "မိစ္ဆာဂိုဏ်းတွေလား"

"မင်းသွားချင်လား မသွားချင်ဘူးလား" လီချင်းယန်က မေးလိုက်သည်။

"သွားကြရအောင်" ရှောင်ကျီနှင့် စုရှောင်မိုတို့သည် သံပြိုင်ပြောလိုက်သည်။

လီချင်းယန်သည် တာဝန်ခလုတ်အား နှိပ်လိုက်သည်။ တာဝန်၏ ခက်ခဲမှုသည် အလွန်တရာ မြင့်မားလှသည် ဖြစ်သောကြောင့် ထိုတာဝန်ကို လက်ခံရန် တပည့် ငါးယောက် လိုအပ်နေ၏။

"တပည့်ငါးယောက်လား"

စုရှောင်မိုသည် အံ့အား တသင့်ဖြင့် ပြောလိုက်သည်။ "ဒီတာဝန်က နည်းနည်း ပုံမှန်မဟုတ်ဘူးလို့ ငါ ခံစားမိတယ်။"

"ကျွန်တော်လည်း သွားမယ်"

ဟယ်ဝူတီသည် နောက်ဘက်ဆီမှ လျှောက်ထွက်လာသည်။

ကျွင်းချောင်ရှောင်းသည် လက်နက်လဲလှယ်ခြင်းစက်ဆီသို လက်နက်များ ထားခဲ့၏။ သူသည် ထိုအရာများကို မြင်သည့် အချိန်မှာတော့ နှလုံးသားထဲတွင် ယားကျိကျိ ဖြစ်မိနေသည်။ ထို့ကြောင့် တာဝန်များကို ပြုလုပ်ရင်း ဂိုဏ်းစုဆောင်းမှတ်များကို လက်နက်များနှင့် လဲလှယ်ဖို့ စဉ်းစားထား၏။

"သေချာတာပေါ့"

လီချင်းယန်က ပြောလိုက်သည်။ "ငါတို့ တစ်ယောက်လိုနေတုန်းပဲ"

"ဒုတိယစီနီယာအစ်ကို"

ရောင်မုန့်ယဉ် သည် သူမ၏ လက်သေးသေးလေးအား မြှောက်ကာ အော်လိုက်၏။ "ကျွန်မလည်း လိုက်လို့ ရလား"

လီချင်းယန်သည် မျက်မှောင်ကုတ်သွား၏။

"အဆင်ပြေပါ့မလား"

ရောင်မုန့်ယဉ် ၏ ကြီးမားသော မျက်လုံးများသည် တစ်လက်လက်နှင့် တောက်ပနေသည်။ သူမ၏ မျက်နှာအမူအရာသည် တစ်စုံတစ်ယောက်အား ငြင်းပယ်ရန် ခက်ခဲစေသည်။

"ဂျူနီယာညီမလေး … သွားကြတာပေါ့"

"ကျေးဇူးပါပဲ ဒုတိယ စီနီယာအစ်ကို"

သို့ပေမဲ့ လီချင်းယန်သည် ထပ်ကာ ပြောလိုက်၏။ "ဒါပေမဲ့ မင်း အနေနဲ့ မင်းရဲ့ အော်ရာတွေကို ထိန်းချုပ်ရမယ်။ ထုတ်လို့မရဘူး"

“အင်း …ကျိန်းသေပေါက် ထိန်းချုပ်တာပေါ့"

"ဒါဆိုလည်း သွားကြရအောင်"

လူငါးယောက် စုစည်းပြီးပြီ ဖြစ်သောကြောင့် လီချင်းယန်သည် နဂါးနက်မိစ္ဆာဂိုဏ်းအား သုတ်သင်ရှင်းလင်းမည့် တာဝန်ကို လက်ခံခဲ့သည်။

သို့ပေမဲ့ သူ စိတ်လောတတ်သူ တစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် တောင်ပေါ်မှ ချက်ချင်း မဆင်းသွားလဲ မိုးဆွေဟောခန်းဆီသို့ သွား၍ ဤမိစ္ဆာဂိုဏ်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စတင်ကာ စုစည်းတော့၏။

"နဂါးနက် မိစ္တာဂိုဏ်း ဟုတ်လား"

လီလိုရှုသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ "တောင်ပိုင်း သဲကန္တရနယ်မြေမှာ ရှိတဲ့ အဆင့်ငါး မိစ္ဆာဂိုဏ်းတစ်ခုပဲ။ ဂိုဏ်းချုပ်က အဆင့်ငါး သိုင်းဘုရင် တစ်ယောက်လေ။သူ့ဆီမှာ အကြီးအကဲ လေးယောက်ရှိတယ်။ သူတို့အားလုံးကလည်း သိုင်းဘုရင်တွေပဲ။တပည့်တွေကတော့ လေးငါးထောင်လောက် ရှိလိမ့်မယ်"

လီချင်းယန်က ပြောလိုက်သည်။ "ဒီလူတွေ သူ့တို့ဆီမှာ တကယ့်ကို သိုင်းဘုရင် ငါးယောက်တောင် ရှိနေတာ ကြယ်ခြောက်ပွင့် အဆင့် တာဝန်အဖြစ် သတ်မှတ်ပေးထားတာ မလွန်ဘူးပဲ။"

"ဒီမိစ္တာဂိုဏ်းက မရိုးရှင်းဘူး"

လီလိုရှုက ပြောလိုက်သည်။ "ငါသိသလောက်ဆိုရင် သူတို့က အထူး မိစ္ဆာနည်းစနစ်ကို ကျင့်ကြံတယ်။ဒါက သူတို့ရဲ့ ကျင့်ကြံခြင်းကို ပိုပြီးတော့ မြန်မြန်ဆန်ဆန် တိုးတက်စေတယ်။"

"ဟုတ်လား" လီချင်းယန် မျက်မှောင်ကုတ်သွားသည်။

"ပြီးတော့"

လီလိုရှုက ပြောလိုက်သည်။ "သူတို့ရဲ့ မိစ္ဆာနည်းစနစ်က လူသားတွေရဲ့ သွေးတွေကို စုပ်ယူရတယ်လို့ ပြောတယ်။"

စုရှောင်မိုသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ "အဲလောက် ရက်စက်တာလား"

"ရက်စက်တာထက်တောင် ပိုသေးတယ်လေ"

လီလိုရှုက ထပ်ပြောလိုက်သည်။ "လက်တလောနှစ်တွေထဲမှာ တောင်ပိုင်း သဲကန္တာရ မှာ ရှိတဲ့ ရွာသား တော်တော်များများက ခဏအတွင်းမှာပဲ ပျောက်ကွယ်သွားကြတယ်။ဘယ်ကို ရောက်ပြီး ဘယ်ပျောက်သွားလဲ ဘယ်သူမှ မသိကြဘူး။"

လီချင်းယန်သည် မျက်မှောင်ကုတ်လိုက်၏။ "ဒါက နဂါးနက်မိစ္ဆာဂိုဏ်းရဲ့ လက်ချက်လား"

လီလိုရှုသည် သူမ၏ ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။

"ဒါကို သက်သေပြဖို့ အတွက်မဖြစ်နိုင်ဘူး။ဒါပေမဲ့ တောင်ပိုင်း သဲကန္တာရ နယ်မြေထဲမှာ ရှိတဲ့ ဂိုဏ်းတော်တော်များများက သူတို့ လုပ်တာလို့ သတ်မှတ်ထားကြတယ်။"

စုရှောင်‌မိုက ပြောလိုက်သည်။ "တကယ့်ကို ရက်စက်တဲ့ မိစ္ဆာဂိုဏ်းတစ်ခုပဲ"

"ဒီတော့"

ကျွင်းချောင်ရှောင်းသည် မိုးဆွေဟောခန်းထဲသို့ လျှောက်ဝင်လာကာ ပြောလိုက်သည်။ "ဒါကြောင့်ပဲ တာဝန်ခွဲဝေခြင်း ဘုတ်ပြားပေါ်မှာ ပေါ်လာရတာပေါ့"

"ဂိုဏ်းချုပ်" တပည့်များအားလုံးသည် မြန်မြန်ဆန်ဆန်ပဲ ဦးညွှတ်ကာ ဂါဝရ ပြုလိုက်၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "‌တောင်ပိုင်း သဲကန္တာရနယ်မြေထဲမှာ နေတဲ့ ဂိုဏ်းတွေမှာ လုံလောက်တဲ့ သက်သေတွေ မရှိဘူးလေ။ဒါ့ကြောင့် သူတို့က မလှုပ်ရှားရဲကြဘူး။ဒီတော့ ကောင်းကင်ကြီး အတွက် ပြိုင်စံရှား ဂိုဏ်းက လှုပ်ရှားရမယ်။ငါ ဒီတာဝန်ကို မင်းတို့ကို လွှဲပေးလိုက်ပြီ။မင်းတို့ အနေနဲ့ သူတို့ကို သုတ်သင် ရှင်းလင်းပစ်လိုက်။"

"ကောင်းပါပြီ"

လီချင်းယန် ၊ ရှောင်ကျီနှင့် တစ်ခြားသူများ အားလုံးသည် သံပြိုင်ဆိုသလို ပြောလိုက်ကြသည်။

သူတို့သည် မိုးဆွေဟောခန်းထဲမှ ထွက်ခွာပြီးသည့်နောက်မှာတော့ ဟာရီကိန်းဝံပုလွေများကို ဆင့်ခေါ်လိုက်သည်။

မထွက်ခွာခင်မှာပဲ ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“မိစ္ဆာဂိုဏ်းတွေနဲ့ သွားပြီး တိုက်ခိုက်တဲ့နေရာမှာ ပွင့်ပွင့်လင်းလင်းနဲ့ သွားပြီး တိုက်ခိုက်ဖို့ မလိုဘူး။မင်းတို့ အနေနဲ့ ဒီလူတွေ အားလုံးကို သတ်ဖြတ်သုတ်သင်ဖို့ဆိုရင် ဘယ်လို နည်းလမ်းကို သုံးသုံး အဆင်ပြေတယ်။ ဥပမာအားဖြင့် …."

သူသည် ရှောင်ကျီကို ကြည့်ကာ ပြောလိုက်သည်။ "အမြှောက်"

လီချင်းယန်နှင့် စုရှောင်မိုတို့၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။

ဂိုဏ်းချုပ် ရှောင်ကျီကို ပေးထားခဲ့သော အမြှောက်ကြီးသည် အဆင့်လေး ဂိုဏ်းတစ်ခုဖြစ်သော အအေးနန်းတော်ပင်လျှင် မခံစား‌နိုင်ခဲ့ချေ။ လက်ရှိ အဆင့်ငါး မိစ္ဆာဂိုဏ်းတစ်ခုသည် မည်ကဲ့သို့ ခံစားနိုင်မည်နည်း။

"ဂိုဏ်းချုပ် … ကျွန်တော် နားလည်ပါပြီ" ရှောင်ကျီက ပြောလိုက်သည်။

"မြန်မြန်သွားပြီး မြန်မြန် ပြန်လာကြ"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "အချိန်ကို မဖြုန်းနဲ့ "

"ကောင်းပါပြီ"

လီချင်းယန်သည် အမိန့်ကို ပြန်လည်လက်ခံပြီးသည့်နောက်မှာတော့ ဂိုဏ်းဆီမှ ထွက်ခွာသွားခဲ့တော့သည်။

"ဂိုဏ်းချုပ်"

အနောက်တွင် မတ်တပ်ရပ်လျက်ရှိသော လီလိုရှုက ပြောလိုက်သည်။ "မုန့်ယဉ် လည်း လိုက်သွားတာပဲ။တစ်ခုခု မသင့်တော်တာတွေ ဖြစ်သွားမှာ စိုးရိမ်မိတယ်။"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငှက်ကလေးက တစ်နေ့နေ့မှာ ကြီးပြင်လာပြီး သူ့အမေရဲ့ ရင်ခွင်ထဲကနေ ထွက်ခွာသွားတဲ့နေ့ကို ရောက်လာမှာပဲ။ ဒီတော့ ကောင်းကင်ပေါ်မှာ ပျံသန်းလာဖို့ သူ့ဘာသာသူ သင်ယူမှ ဖြစ်မယ်"

"ကောင်းပါပြီ" လီလိုရှုသည် တစ်ခြား ဘာမှ ဆက်၍ မပြောတော့ပေ။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "မြောက်ပိုင်း သဲကန္တာရအတွက် ဂိုဏ်းခွဲဖွင့်ဖို့ စီစဉ်နေတာ ဘယ်လို အခြေအနေရှိလဲ။”

“သူတို့က အဲ့ကို ရောက်သွားကြပြီ။စီရင်စု ဝောာ်ဝောာ်များများ တွေမှာ တည်နေရာတွေ ချဲ့နေကြတယ်။" လီလိုရှုက ပြောလိုက်သည်။

"ကောင်းပြီ"

…….

တောင်ပိုင်းသဲကန္တာရနယ်မြေ၏ နယ်စပ်မျဉ်းတောအုပ်လေးတစ်ခုတည်းမှာတော့ တည်နေရာတစ်ခုလုံးသည် အုပ်မှိုင်းကာ မှောင်မဲလျက်ရှိနေသည်။

ဝှစ်။

အရိပ်လေးခုသည် ပျံသန်း ရောက်ရှိလာပြီးသည့်နောက် ဝိညာဉ်များကဲ့သို့ပင် ကြီးမားသည့် သစ်ပင်ကြီးထဲသို့ ပျံတက်လာကြ၏။

၎င်းတို့၏ မနီးမဝေးရှေ့တွင် အဆောက်အဦများ ရှိလို့နေပြီး မီးများလည်း လင်းထိန်လျက်ရှိသည်။ ရံဖန်ရံကာ ဆိုသလိုပဲ ဆူညံ့သည့် အသံများလည်း ထွက်ပေါ်နေသည်။

ထို အဆောက်အဦး၏ မျက်နှာပြင်တွင်တော့ နဂါးနက်မိစ္ဆာဂိုဏ်း ဟူသည့် စာလုံးကြီးသည် ကြီးကျယ် ခမ်းနားစွာ ရေးထိုးထားကို အတိုင်းသားမြင်တွေ့နိုင်၏။

"ဒုတိယ စီနီယာအစ်ကို"

စုရှောင်မိုသည် အသံပို့လွှတ်လိုက်၏။ "ဒီနေရာလား"

လီချင်းယန်သည် သူ၏ စိတ်ဝိညာဉ် စွမ်းအင်များကို ဖြန့်ကျက်‌လိုက်၏။ ဂိုဏ်းနားသို့ ရောက်ရှိချင်းမှာပဲ အားအင်တစ်ခု‌ကြောင့် သူသည် အနောက်သို့ ပြန်ကန်လာသည်။ ပြီးနောက် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ "ဒီမှာ ဂိုဏ်း အကာအကွယ် အစီအရင်တစ်ခု ရှိတယ်"

ဟမ်

ရောင်မုန့်ယဉ် က ပြောလိုက်သည်။ "ဒါနဲ့ စီနီယာ အစ်ကိုရှောင် ဘယ်မှာလဲ"

လီချင်းယန်၊ စုရှောင်မိုနှင့် ဟယ်ဝူတီသည် လက်ရှိတွင် ရှိနေကြ၏။ သို့ပေမဲ့ ရှောင်ကျီသည် ဘယ်မှာ ရှိမှန် မသိချေ။

"ဂျူနီယာညီမလေး"

စုရှောင်မိုသည် အနောက်ဘက်သို့ နေရာတစ်ခုဆီသို့ လက်ညိုးထိုးကာ ပြုံးလိုက်၏။ "သူ ဟိုမှာ ရှိတယ်"

ရောင်မုန့်ယဉ် သည် အသာလှမ်းကြည့်လိုက်သည့် အချိန်မှတော့ မြင့်မားလှသော ဂုန်းလျှောလေးတစ်ခုပေါ်တွင် စီနီယာအစ်ကို ရှောင်သည် ရပ်လျက်ရှိသည်။

သူမသည် ဇဝေဇဝါဖြစ်သွား၏။ "ဘာလို့ဒီကို မလာ‌တာလဲ"

"ဂျူနီယာညီမလေး"

စုရှောင်မိုက ပြောလိုက်သည်။ "မင်းရဲ့နားတွေကို အုပ်ထားတာ ပိုကောင်းမယ်။တကယ်လို့ ဖြစ်နိုင်မယ် ဆိုရင် အကြားအာရုံကို ခဏလေး စည်းခတ်ထားလိုက်။

ဝှစ်။

အားလုံး၏ နောက်တွင် ရှိနေသော ရှောင်ကျီသည် သူ၏ လက်ကို ယမ်းခါပြီးသည့်နောက်မှာတော့ အီတလီအမြောက်ကြီးကို ဆင့်ခေါ်လိုက်သည်။

ပြီးနောက် သူသည် အမြှောက်၏ ပြောင်းဝကြီးအား နဂါးနက်မိစ္ဆာဂိုဏ်းဆီသို့ ချိန်ရွယ်လိုက်၏။

"အားလုံးပဲ အကြားအာရုံတွေကို စည်းခတ်လိုက်ကြ" လီချင်းယန်သည် အသံပို့လွှတ်ကာ ပြောဆိုလိုက်သည်။

စုရှောင်မိုသည် အစောကြီးကတည်းက ဤကိစ္စကို ကြုံခဲ့ပြီးပြီဖြစ်သောကြောင့် သူ၏ အကြားအာရုံများကို ကျိန်းသေပေါက် စည်းခတ်ပြီးပြီ ဖြစ်နေတော့သည်။ ထိုသို့ ဆိုလျှင်တောင်မှ သူသည် နားကို လက်ဖြင့် ဖုံးကာ ထားလိုက်သေး၏။

ရောင်မုန့်ယဉ် ငည် ဇဝေဇဝါဖြစ်နေသည်။ သို့ပေမဲ့ သူမ၏ စီနီယာအစ်ကိုများက ထိုသို့ ပြုလုပ်နေသည်ဆိုမှတော့ သူမအနေနှင့် ကျိန်းသေပေါက် ပြုလုပ်ရပေလိမ့်မည်။ ထို့ကြောင့် သူမသည် အကြားအာရုံ စည်းခတ်ပြီး နားများကို အုပ်ကာ ထားလိုက်သည်။

"ဒါ ဘာကြီးလဲ"

ဟယ်ဝူတီသည် အမြှောက်ကြီးဆီသို့ လှမ်း၍ ကြည့်လိုက်၏။

ဘန်း …။

"ချီးထဲမှ … ငါ့နားတွေတော့ သွားပါပြီ"

All Chapters