အခန်း (၆၈၆)
Vol. 46 Ch. 686
တပည့်များအား ဓားမြများ အဖြစ် ဟန်ဆောင်စေခဲ့ပြီး သူကတော့ အရေးအကြီးဆုံး အခန်းတွင် ဝင်ရောက်လှုပ်ရှားကာ တစ်ဖက်လူ၏ ခင်မင် ရင်းနှီးမှုကို ရရှိရန် ပြုလုပ်ခဲ့၏။
အလွန်တရာ လှပသော ဇာတ်ကွက်ပင် ဖြစ်သည်။
ပို၍ ယုတ္တိတန်စေရန်အတွက် စုရှောင်မိုအား အနည်းငယ် အားထည့်ကာ တိုက်ခိုက်ခဲ့၏။ လက်ရှိ အခြေအနေမှာတော့ စုရှောင်မိုသည် အဝေးတစ်နေရာသို့ လွင့်စင်သွားခဲ့ပြီဖြစ်ပြီး နေရာတွင်ပင် တစ်ခါတည်း မေ့မျောလုမတတ် ဖြစ်နေ၏။
သို့ပေမဲ့ အစီအစဉ်အတိုင်း မဖြစ်ခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် ထန်မိသားစု၏ ဒုတိယမြောက် သခင်လေးသည် လီချင်းယန်နှင့် တစ်ခြားသူများအားလုံးကို တကယ်ပဲ သိရှိလို့နေ၏။
သူ၏ စကားများအရဆိုလျှင် ပြိုင်စံရှားဂိုဏ်း၏ တပည့်များ အကြောင်းကို နက်နက်နဲနဲ နားလည်နေသည်မှာ သိသာ ထင်ရှား လှ၏။ ပို၍ အဆိုးရွားဆုံးသော ကိစ္စမှာ သူ သရုပ်ဆောင်နေသည်ကို တစ်ဖက်မှ ကျေကျေနပ်နပ်နှင့် အဆုံး ထိ ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။
လက်ရှိ အခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် အရှေ့ဆုံးမှ မတ်တပ် ရပ်လျက်ရှိပြီး မျက်နှာတွင်တော့ နဝေတိမ်တောင် အမူအရာမျိုးနှင့် ဖြစ်နေသည်။ သူသည် တွင်းကြီး တစ်ခုကို တူး၍ အတွင်းထဲတွင် ဝင်ရောက်ပုန်းအောင်းချင်စိတ်ပင် ဖြစ်မိနေသည်။ ဤအရာမှာ အမှန်အကန်ပင် ရှက်ဖို့ ကောင်းလွန်းလှ၏။
“ဟား ဟား ဟား” စနစ်သည် အားရ ပါးရ ရယ်မောလျက်ရှိသည်။
လက်ခံသူ၏ အလွန်တရာ ထူထည်လှပါသည်ဟူသော မျက်နှာအရေပြား ပင်လျှင် ရှက်ရွံ့သည့်အမူအရာမျိုး ဖြစ်ပေါ်နေစေ၏။ ဤကိစ္စသည် သူ့အား အလွန်တရာပင် ပျော်ရွှင်မိစေ၏။
"ဂိုဏ်းချုပ်ကျွင်း"
ထန်ရမ် သည် ပြုံးကာ ပြောလိုက်သည်။ "တကယ်လို့ ကျုပ် မမှား ဘူးဆိုရင် ခင်ဗျားက ခင်ဗျားရဲ့ တပည့်တွေကို ခေါ်လာပြီးတော့ ကျုပ်တို့ ထန်မိသားစုရဲ့ အားအင်ကို စမ်းသပ်ချင်လို့ မဟုတ်လား။"
သူ့အနေနှင့် အစမှ အဆုံးထိ နူးနူညံ့ညံ ကြင်ကြင်နာနာနှင့် ပြုံး၍ ပြောဆိုလျက် ရှိနေသေး၏။ ကျွမ်းကျင်သူ တစ်ယောက်ပင် ဖြစ်တော့သည်။
"မဟုတ်ဘူး"
ကျွင်းချောင်ရှောင်းသည် ထန်ရမ် လမ်းကြောင်းပေးသည့် အနောက်သို့ မလိုက်ခဲ့ပေ။ အဲအစား သူသည် ခေါင်းကိုလှည့်ကာ ပြောလိုက်၏။ "ကျုပ်တို့က ထန်သခင်လေးအတွက် အထူးကို ပြင်ဆင်ပြီး ကြိုဆိုရေး အခမ်းအနားတစ်ခု လုပ်ထားတာလေ။"
အရှက်မဲ့လှသော လူတစ်ယောက်၏ အရည်အသွေးမှာ ထိုအရာပင် ဖြစ်တော့သည်။ မည်သို့သော အခြေအနေမဆို သူသည် တည်တည်ငြိမ်ငြိမ်နှင့် ရှိလျက်ရှိနေသေး၏။
"ကြိုဆိုပွဲ အခမ်းအနားလား။"
ထန်ရမ် သည် ပြုံးကာ ပြောလိုက်သည်။
"ဒါက ပုံမှန်တွေနဲ့ ကွဲ ထွက်နေတာပဲ"
"ဟုတ်တာပေါ့"
ကျွင်းချောင်ရှောင်သည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ "ထန်သခင်လေးက အရှေ့တောင်ရန်ကျူးကို လာဖို့ဆိုတာ လွယ်တာ မဟုတ်ဘူးလေ။ဒီတော့ ကျုပ်တို့က သဘာဝအားဖြင့် ကြိုဆိုရမှာပေါ့....."
ထန်မိသားစုမှ ဒဏ်ရာ ရရှိထားသော သိုင်းဘုရင်များအားလုံး၏ နှုတ်ခမ်းများသည် တုန်ယင်လျက် ရှိနေ၏။ တပည့်များကို ဓားပြများ အဖြစ် ဟန်ဆောင်ခိုင်းခဲ့ပြီး သူကတော့ ရုတ်တရက် ကယ်တင်သည့် ဇာတ်အကွက်မျိုးကို ဖန်တီးခဲ့၏။ ဤအရာသည် လှည့်စားခြင်းဖြစ်ကြောင်း အရူးတောင်မှ သိနိုင်သည်။
"တပည့်တို့ နားထောင်ကြ"
ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာ ပြောဆိုကြ၏။ "သခင်လေး ထန်ကို နွေးနွေးထွေးထွေးနဲ့ ကြိုဆိုကြရအောင်"
ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း
တပည့်များအားလုံးသည် မြန်မြန်ဆန်ဆန် စုစည်းကာ လက်ခုပ်တီးလိုက်ကြသည်။ ပြီးနောက် သူတို့သည် အော်လိုက်ကြ၏။ "ကြိုဆိုပါတယ် … နွေးထွေးစွာ ကြိုဆိုပါတယ်"
၎င်းတို့သည် အော်လိုက်သည် ဆိုသော်လည်း စိတ်ထဲတွင်တော့ ရှက်ရွံ့လျက်ရှိနေသေးသည်။ အဘယ့်ကြောင့် ဆိုသော် သူတို့သည် ဂိုဏ်းချုပ်ကဲ့သို့ မျက်နှာ အရေထူအောင် ကျင့်ကြံထားခဲ့သူ မဟုတ်ပေ။
ထန်ရမ် သည် ပြုံးကာ ပြောလိုက်၏။ "ဒီလိုကြိုဆိုခြင်း အခမ်းအနားက ဒီထန်ရဲ့ အသိအမြင်ကို ပိုပြီးတော့ ကြွယ်ဝစေခဲ့တယ်။”
“သခင်လေး ထန်"
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်၏။ "ဒီလောကကြီးက လက်ရှိ အချိန်မှာ မငြိမ်းချမ်းဘူးလေ။ ဒီတစ်ကြိမ် ကျုပ်လာရတာက ခင်ဗျားကို ကြိုဆိုရုံတင်မကဘူး အရှေ့တောင်ရန်ကျူးတစ်ခုလုံးကို အောင်အောင်မြင် ကာကွယ်ပေးဖို့ဆိုလည်း ဟုတ်တယ်။ တကယ်တော့ ခုနက လေ့ကျင့်မှု တစ်ခုပါပဲ"
စနစ် “.....”
ဤကဲ့သို့ ကြောင်တောင်တောင် နိုင်သော အခြေအနေတစ်ခုအား အကောင်းဘက်သို့ ပြန်လည်ဦးတည်အောင် ဖန်တီးလျက်ရှိနေသည်။ လက်ခံသူသည် သောက်ကျိုးနည်း အရှက်ကင်းမဲ့လွန်းသူ ဖြစ်တော့၏။
ထို့အပြင် ထန်မိသားစု၏ မိသားစုတစ်ခုလုံး၏ စီးပွားရေး ဈေးကွက်အား ခြေဆန့်ခဲ့သောသူအား သူသည် မည်ကဲ့သို့ လှည့်စားနိုင်မည်နည်း။
"ကျေးဇူးပါပဲ ဂိုဏ်းချုပ်ကျွင်း" ထန်ရမ် သည် လက်သီးကို ဆုပ်လိုက်၏။
သူက တကယ်ယုံသွားတာလား။
"သခင်လေးထန်"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ကျေးဇူးပြုပြီးတော့ ရထားလုံးထဲကို ဝင်ပါ။ကျုပ်က အရှေ့တောင်ရန်ကျူး ရောက်တဲ့ အထိကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပါ့မယ်။"
"ဒုက္ခပေးမိတဲ့ အတွက် ကျေးဇူးတင်ပါတယ်" ထန်ရမ် သည် ရထားလုံးထဲသို့ ဝင်လိုက်၏။
ကတောက်… ကတောက်…။
မိုင်တစ်ထောင် လေဟုန်မြင်းများအားလုံးသည် အရှေ့သို့ အသော့နှင်ကြတော့သည်။ ပြိုင်စံရှား ဂိုဏ်း၏ တပည့်များမှာတော့ ဟာရီကိန်းဝံပုလွေများကို စီးနင်းကာ ရထားလုံး အနောက်မှ လိုက်ပါကြ၏။
လမ်းတစ်လျှောက်မှာတော့ ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒီလူက တကယ့်ကို ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပဲ"
ထန်ရမ် သည် ပြိုင်စံရှားဂိုဏ်းအကြောင်းကို ကကြီးက အစ အ အထိ သိလို့နေ၏။ ထို့အပြင် အလွန်တရာလည်း တည်ငြိမ်သည့် အမူအရာမျိုးကို ပြသသည်။
"ပေါက်ကရတွေ"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "သူက အရူးတစ်ယောက်ဆိုရင် ဘယ်လိုလုပ် မိသားစုကြီးထဲက အမွေအနှစ် ဆက်ခံသူတစ်ယောက်အဖြစ် သတ်မှတ်ခံရမှာလဲ"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒီလိုလူမျိုးနဲ့ စီးပွားရေး လုပ်တာ ကောင်းတဲ့ အရာတစ်ခု ဆိုပေမယ့် ငါတို့ အပေါ် အခွင့်အရေး ယူသွားမှာကိုတော့ သေချာ သတိထား ကာကွယ်ထားဖို့ လိုလိမ့်မယ်။"
အင်း
"ဂိုဏ်းချုပ်ကျွင်း"
ထိုအချိန်မှာတော့ ထန်ရမ် ၏ အသံသည် သူ၏ နားထဲသို့ ဝင်လာသည်။ "ဒီ ထန်ကအရှေ့တောင်ရန်ကျုးကို ပထမဆုံး အလုပ်ကိစ္စနဲ့ လာခဲ့တာလေ။ကျုပ် ပထမဆုံး သွားချင်တဲ့ နေရာက ခင်ဗျားတို့ဂိုဏ်းတည်ရှိတဲ့ ချင်းယန်နိုင်ငံကို သွားချင်တာပဲ။"
ကျွင်းချောင်ရှောင်း၏ အမူအရာများသည် အေးခဲသွားသည်။
ဤလူသည် အစစ်အမှန်ပဲ အသံပို့လွှတ်လျက်ရှိနေသည်။ သူ၏ ကျင့်ကြံခြင်း အဆင့်သည် သိုင်းဘုရင် အဆင့်ပင် ဖြစ်ရမည်။
သူ့ထက် အနည်းငယ်သာ အသက်ကြီးပုံပေါ်သော လူတစ်ယောက်သည် သိုင်းဘုရင် အဆင့်ကို ရောက်ရှိလျက်ရှိနေသည်။ ဤအရာသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ထိပ်တန်း မိသားစု၏ တိုက်ရိုက် မျိုးဆက် အမှန်ပင် ဖြစ်လို့နေ၏။
ဟင်။
ကျွင်းချောင်ရှောင်းက မေးလိုက်သည် "သခင်လေးထန် ကောင်းကင်ဘုံမြို့ကို အရင်ဆုံး မသွားဘူးလား။"
ထန်ကလန်ကဲ့သို့သော မိသားစုကြီးများအတွက် ၎င်းတို့ဂိုဏ်းခွဲများသည် မြို့ကြီးများတွင် တည်ရှိနေ၏။ ထို့ကြောင့် သွားရောက်ရမည်ဆိုလျှင် ကောင်းကင်ဘုံမြို့ဆီကိုသာ ကျိန်းသေပေါက် သွားရပေလိမ့်မည်။ ယခု ချင်းယန်နိုင်ငံသို့ အရင်ဆုံး သွားသည် ဆိုသည်မှာတော့ သူ့အတွက် အနည်းငယ် အံ့အား သင့်မိစေ၏။
“ချင်းယန်နိုင်ငံရဲ့ အိုက်မိသားစုက လက်တစ်လောမှာ ထူးခြားတဲ့ ဆေးလုံးတွေ ရောင်းတယ်လို့ ကျုပ်ကြားထားတယ်။ ထန်ရမ် က အဲဒါကို အရမ်းကို စိတ်ဝင်စားထားတယ်။တစ်ချက်လောက် သွားကြည့်ချင်တယ်လေ" ထန်ရမ် က ပြောလိုက်သည်။
"ကျုပ် သိပြီ"
ကျွင်းချောင်ရှောင်းသည် အားရပါးရ ရယ်ကာ ပြောလိုက်၏။ "ကျုပ်က ချင်းယန်နိုင်ငံကို သွားတဲ့ လမ်းကို အရမ်းကို ရင်းနှီးတာပေါ့"
ထန်ရမ် က ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းက ချင်းယန်နိုင်ငံရဲ့ ဒုတိယမြောက် အုပ်ချုပ်ရေးမှူး မဟုတ်လား။"
ကျွင်းချောင်ရှောင်းသည် မျက်ခုံးကို ပင့်ကာ ပြောလိုက်သည်။ "သခင်လေး ထန်က ဒီ အကြောင်းကိုလည်း သိတာလား။ကြည့်ရတာ ကျုပ်နဲ့ ပြိုင်စံရှား ဂိုဏအကြောင်းကို သေသေချာချာ စုံစမ်းထားတယ်နဲ့ တူတယ်။ဟုတ်လား"
ထန်ရမ် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကြီးမားတဲ့ ဂိုဏ်းကြီးတစ်ခုကို ဦးဆောင်နေတာလေ။ ဒီထန်က တကယ့်ကို ချီးကျူးနေမိတယ်လေ။ဒါကြောင့်လည်း သေသေချာချာ အာရုံစိုက်ထားတာပေါ့"
သူ့တွင် မကောင်းသည့် ရည်မှန်းချက် မရှိကြောင်း ပြောဆိုနေခြင်းပင် ဖြစ်ပေလိမ့်မည်။ ဤကဲ့သို့သော ဉာဏ်ကောင်းလှသည့် လူများနှင့် ပြောဆိုဆက်ဆံရသည်မှာ ပင်ပန်းစရာတော့ ကောင်း၏။ တစ်ဖက်လူ၏ စကားလုံးများ လုပ်ရပ်များကို ဆက်တိုက်ဆိုသလိုပဲ အချိန်ပြည့် သုံးသပ်နေရ၏။
"သခင်လေး ထန်"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ကျုပ်က တဲ့တိုးသမားဗျ။ ဝှေ့လည်ကြောင်ပတ် လုပ်တာမျိုးကို သိပ်မကြိုက်ဘူး။ ဒီတော့ ခင်ဗျား အနေနဲ့ ပြောစရာ ရှိတယ်ဆိုရင် တိုက်ရိုက်ပဲ ပြောလိုက်ပါလား"
စနစ် “.......”
တည့်တိုးသမားသည် တပည့်များအား ဓားပြအဖြစ်ပင် ဟန်ဆောင်စေ၍ ဇာတ်လမ်းစဉ်ခဲ့သေးသည်။ သောက်တလွဲ တည့်တိုးသမားပင်ဖြစ်ရမည်။
"ကောင်းပါပြီ"
ထန်ရမ် သည် တည့်တည့် ပင် ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်းက တပည့်တွေခေါ်လာပြီးတော့ အစမ်းလေ့ကျင့်မှုကို လုပ်တယ်ဆိုတာ ရည်ရွယ်ချက်တစ်ခု ရှိတယ် မဟုတ်လား"
ချီးတဲ့မှ …ငါက ငါသိချင်တာကို မေးတာလေ။ဘာလို့ ငါ့ကို ပြန်မေးနေတာလဲ။
"ဒီလိုဆိုမှတော့ ပွင့်ပွင့် လင်းလင်းပဲ ပြောရတော့မှာပေါ့"
ကျွင်းချောင်ရှောင်းသည် အလွန်တရာ ဉာဏ်ကောင်းလှသော လူများကဲ့သို့ ဝှေ့လည်ကြောင်ပတ် ပြော ဆိုရခြင်းကို မနှစ်သက်ချေ။ ဤအရာသည် အလွန်တရာ ပင်ပန်းလွန်းလှ၏။ ထို့ကြောင့် တည့်တည့် ပင် ပြောလိုက်သည် ။ "ကျုပ်က တပည့်တွေ ခေါ်လာပြီး ခင်ဗျားကို လာကြိုဆိုတာပါ။ဘာလို့လဲဆိုတော့ သခင်လေး ထန်နဲ့ စီးပွားရေးကိစ္စ ပြောချင်လို့လေ"
"ဟမ် ဘာစီးပွားရေးလဲ"
ထန်ရမ် ၏ လေသံကို ကြည့်ရသည်မှာ အနည်းငယ် စိတ်ဝင်စားသည်ဖြစ်ကြောင်း သိရှိနိုင်၏။ စီးပွားရေး ပြုလုပ်ရန် မနှစ်သက်သော လူသည် မည်သူ ရှိနေသနည်း။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ကျုပ်ဆီမှာ ဆေးလုံးအနည်းငယ်နဲ့ လက်နက်တွေ ရှိတယ်လေ။ဒီတော့ သခင်လေး ထန်မိသားစုရဲ့ ဖြန့်ချီရေး လမ်းကြောင်းတွေကို အသုံးပြုပြီး ဒီပစ္စည်းတွေကို ရောင်းချချင်တယ်။"
ထန်ရမ် ပြောလိုက်သည်။ "ကျုပ်တို့ ထန်မိသားစုက ဒီအလုပ်တွေကို လုပ်တယ်ဆိုပေမယ့် တစ်ခြားမိသားစုတွေနဲ့ ယှဉ်ရင် သိပ်ပြီး ပါဝင်ပတ်သက်မှု မရှိဘူးလေ။အဓိကအားဖြင့် ကျုပ်တို့က စိတ်ဝိညာဉ် ကျောက်တုံးတွေကိုပဲ အဓိက ထားရောင်းတာကို။ဒီတော့ ဂိုဏ်းချုပ်ကျွင်းကို စိတ်ကျေနပ်မှု ရရှိစေဖို့ ခက်ခဲစေမယ်လို့ ထင်တယ်။"
"ဒါက အမှန်ပဲ"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ထန်မိသားစုက အဓိက အားဖြင့် စိတ်ဝိညာဉ် ကျောက်တုံးတွေကိုပဲ ရောင်းတာလေ။ဒီတော့ အကျိုး အမြတ်တွေ မရတဲ့ ဆေးလုံးတွေ လက်နက်တွေကို လုပ်ဖို့ လက်ခံမှာ မဟုတ်ဘူး"
သူပြောသည်မှာ အမှန်ပင် ဖြစ်သည်။ စိတ်ဝိညာဉ် ကျောက်တုံးများ၏ အမြတ်အစွန်းများသည် အလွန်တရာ ကြီးမားလှ၏။
ထန်မိသားစုသည် ထိုအရာပေါ်တွင်ပဲ အာရုံစိုက်ထားပြီး တစ်ခြားသော စီးပွားရေး လုပ်ငန်းများကို အပေါ်ယံသာသာသာ လုပ်ဆောင်လေ့ရှိသည်။
ထန်ရမ် သည် ပြုံးကာ ပြောလိုက်၏။ "တကယ်လို့ ဂိုဏ်းချုပ်ကျွင်းက ကျုပ်တို ထန်မိသားစုကို တန်ဖိုး ထားတယ်ဆိုရင် ကျုပ်တို့ ထန်မိသားစုကလည်း ဂိုဏ်းချုပ်ကျွင်းနဲ့လိုလိုချင်ချင် ပူးပေါင်းရမှာပေါ့"
"ဒါဆိုရင် သခင်လေး ထန် …. ဒီတစ်ကြိမ် အရှေ့တောင်ရန်ကျုးဆီကို လာတာက အလုပ်ကိစ္စတွေကို စစ်ဆေးဖို မဟုတ်ဘဲနဲ့ ပြိုင်စံရှားဂိုဏ်းဆီကို လာလည်တာပေါ့" ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မေးလိုက်၏။
သူ၏ နားလည်သဘောပေါက်မှု အရဆိုလျှင် တစ်ဖက်လူသည် ၎င်း၏ စီးပွားရေး လုပ်ငန်းစဉ်များကို လာရောက် စစ်ဆေးခြင်း လေ့လာခြင်း မဟုတ်နိုင်ပေ။
ထန်ရမ် သည် ပြုံးကာ ပြောလိုက်သည်။ “သံမဏိအရိုးဂိုဏ်းက လက်ရှိမှာ အရမ်းကို ကျော်ကြားနေပြီး အလားအလာမှာ ထိပ်ဆုံးသုံးခုထဲကို ဝင်တဲ့ ဂိုဏ်းတစ်ခုပဲလေ။အရင်ကတည်းက သေသေချာချာ စုံစမ်းထားတယ်။ဒီတစ်ခါ အခွင့် အရေး ရတာနဲ့ စီးပွားရေး ကိစ္စခရီးစဉ်ကို အသုံးပြုပြီးတော့ ခင်ဗျားဆီကို လာလည်တာပဲ။"
ဤလူသည် အစောကတည်းက သူ့အား လာရှာချင်နေခြင်း ဖြစ်မည်။
သူသာ ပွင့်ပွင့်လင်းလင်းသွား၍ တွေ့လိုက်သည်နှင့် ပြီးမည့် အရာတစ်ခု ကိစ္စအား ဓားပြကဲ့သို့ ဟန်ဆောင်၍ ကူညီကယ်တင်သည့် ဇာတ်ကွက်များကိုပင် ဖန်တီးခဲ့သေးသည်။ သောက်ကျိုးနည်းလှချေသည်တကား။
ထို့အပြင် ဤအရာသည်မှာလည်း မအောင်မြင်ခဲ့ဘဲ တစ်ဖက်လူမှ သိရှိခဲ့သည်။ သူ၏ မျက်နှာတစ်ခုလုံးသည် မည်သည့် မျက်နှာတွင် ထားရမည်မှန်းကို မသိသလို ဖြစ်နေသည်။
"ဂိုဏ်းချုပ်ကျွင်း"
ထန်းရမ် က ပြောလိုက်သည်။ "ခင်ဗျားရဲ့ ဂိုဏ်းကို ရောက်မှ အသေးစိတ်ကိစ္စတွေ ပြောကြတာပေါ့။"
"ကောင်းပါပြီ" ကျွင်းချောင်ရှောင်းသည် တည့်တည့် ပင် ပြောလိုက်သည်။ ထို့အပြင် သူ့ဆီသို့ အထူးလာလည်သည်ဖြစ်သောကြောင့် စီးပွားရေး ကိစ္စများကို ဆွေးနွေးရန် ပိုမိုလွယ်ကူသွားခဲ့၏။
ဝှစ် ဝှစ်။
ထိုအချိန် အရှေ့တောင်ရန်ကျူးဆီသို သွားရောက်ရာ လမ်းမှာတော့ အမဲရောင် အရိပ်များသည် ထွက်ပေါ်လာပြီး လမ်းအား တားဆီးထားတော့သည်။
ဟမ်။
ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်မိသွားတော့သည်။
"ဂိုဏ်းချုပ်ကျွင်း"
ထန်ရမ် က ပြောလိုက်သည်။ "ဒါကလည်း ခင်ဗျားတို့ ဂိုဏ်းက တပည့်တွေပဲလား။"