အခန်း (၆၈၇)
Vol. 46 Ch. 687
ဓားပြများ အဖြစ် ထင်မှတ်ခံရခြင်းက အနည်းငယ် ကြောင်တောင်တောင်နိုင်လှသည်။
ပို၍ ကြောင်တောင်တောင်နိုင်သည့် ကိစ္စမှာ တကယ့်ဓားပြများအား သူ၏ တပည့်ဟု ထင်မှတ်နေခြင်း ကိစ္စပင် ဖြစ်တော့သည်။ ဂိုဏ်းချုပ်ကျွင်းသည် စိတ်မချမ်းမသာ ဖြစ်သွားရ၏။
ဝှစ် ဝှစ်။
အမဲရောင် ဝတ်စုံကိုဝတ်ဆင်ထားသော လူတို့သည် သူ၏ အရှေ့၌ ပေါ်လာခဲ့သည်။
ထို့အပြင် ၎င်းတို့၏ အရှေ့တွင် လူတစ်ရာလောက် တည်ရှိနေသည်။ အားလုံးတွင် တူညီသည့် အရာတစ်ခုသာ ရှိ၏။ ထိုအရာသည် ထူးဆန်းသည့် မျက်နှာဖုံးကို ဝတ်ဆင်ထားကြခြင်းပင် ဖြစ်သည်။ တစ်ချိန်လုံး သူ့အား ပစ်မှတ်ထားလျက်ရှိသော ဂိုဏ်းြ့ဖစ်ကြောင်း ကျွင်းချောင်ရှောင်း သိလိုက်၏။
သူ မျက်မှောင်ကုတ်လိုက်မိသည်။ ထန်မိသားစု၏ ဒုတိယ သခင်လေးကို တားဆီးခြင်းလား သူ့အား တားဆီးခြင်းလား မသေချာပေ။
ဝှစ် ဝှစ်
အမဲရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ရာတို့သည် အဓိက လမ်းမ၏ အနီးအနားတွင် မတ်တပ်ရပ်လျက်ရှိပြီး အလွန်တရာ အားကောင်းလှသည့် အော်ရာများကို ထုတ်ဖော်နေကြ၏။
မိုင်တစ်ထောင် လေဟုန်မြင်းများ အားလုံးသည် ကြောင်အပြီး မတ်တပ်ရပ်ကာ ဟီလျက်ရှိနေတော့သည်။
၎င်းတို့သည် ထန်ကလန်၏ ဒုတိယသခင်လေးအား လာရောက် တားဆီးကြသည်ဖြစ်ကြောင်း ကျွင်းချောင်ရှောင်း ချက်ချင်း နားလည်သွားမိ၏။
ဝှစ် … ဝှစ်။
လီချင်းယန်နှင့် တစ်ခြားသူများ စီးနင်းထားသော ဟာရီကိန်း ဝံပုလွေများမှာတော့ ကြောက်ရွံ့ခြင်းမရှိကြပေ။ သူတို့သည် မြန်မြန်ဆန်ဆန်ပဲ ရှေ့ဆီသို့ လှမ်းလာကြပြီး ရထားလုံး လေးခုအား အလုံးစုံ ကာကွယ်လိုက်ကြသည်။
"သခင်လေး ထန်"
ကျွင်းချောင်ရှောင်းသည် တီးတိုး ပြောလိုက်၏။ "ဒါက လေ့ကျင့်တာ မဟုတ်ဘူး"
ထန်ကလန်သည် ဤအရာမှာ ပြိုင်စံရှား ဂိုဏ်း၏ တပည့်များ မဟုတ်ကြောင်း ချက်ချင်းပဲ နားလည်သွားမိ၏။ ထိုသူများမှာ တကယ့်ကို ဓားပြများပင် ဖြစ်နေတော့သည်။
ဟင်း …..။
ထန်ရမ် သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "အပြင်ကို ထွက်ရတာ လွယ်ကူတာ မဟုတ်ဘူး။ဘာလို့ ပြဿနာ အရမ်းများရတာလဲ"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "သခင်လေးထန်က လမ်းလျှောက်နေတဲ့ ပိုက်ဆံအိတ် ဆိုတော့ ပစ်မှတ်ထားခံရတာ သဘာဝပါပဲ။"
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် သိုင်းပညာအရင်းအမြစ်သည် အရေးအကြီးဆုံးသော အရာပင်ဖြစ်သည်။ ထိုအရာများကို ဝယ်ယူရန် ပိုက်ဆံလိုအပ်သည်။ ထို့ကြောင့် ကျင့်ကြံသူများသည် ချမ်းသာမှုကို ရရှိရန် စွန့်စားရဲ ကြသည်မှာ သဘာဝပင် ဖြစ်တော့၏။
“ရထားလုံးထဲမှာ ထိုင်နေတာက ထန်ကလန်ရဲ့ ဒုတိယ သခင်လေးလား။"
ရှေ့ဆုံးမှ ဦးဆောင်လာသည့် မျက်နှာဖုံးနှင့်လူ က ပြောလိုက်သည်။
သို့ပေမဲ့ သူသည် စိတ်ထဲမှ ရေရွတ်နေ၏။ သူ ရရှိခဲ့သည့် သတင်းများ အရဆိုလျှင် ထန်ကလန်၏ ဒုတိယသခင်လေး သည် အရှေ့တောင်ရန်ကျုးသို့ လာရန်လမ်းတွင် လူများများစားစားကို ခေါ်မလာခဲ့ချေ။ သို့ပေမဲ့ လက်ရှိတွင် အဘယ့်ကြောင့် လူပေါင်းများစွာ ရှိနေရသနည်း။
"အမှန်ပါပဲ"
ထန်ရမ် က ပြောလိုက်သည်။ "ဒီနိမ့်ကျတဲ့ လူရဲ့ နာမည်က ထန်ရန် လို့ ခေါ်ပါတယ်။ခင်ဗျားကို ဘာများ လုပ်ပေးရမလဲ"
ရှေ့ဆုံးမှ ဦးဆောင်သည့် မျက်နှာဖုံးနှင့်လူ က ပြောလိုက်၏။ "ကျုပ်ရဲ့ သခင်က သခင်လေး နဲ့ စီးပွားရေးကိစ္စပြောချင်လို့ပါ။ဒါကြောင့် ဖိတ်ခေါ်ဖို့ စေလွှတ်လိုက်တာလေ။"
"တောင်းပန်ပါတယ်"
ထန်ရမ်က ပြောလိုက်သည်။ "ဒီ ထန်က အရှေ့တောင်ရန်ကျုးကို သွားပြီး အလုပ်ကိစ္စတွေကို စုံစမ်း စစ်ဆေးစရာ ရှိသေးတယ်။ဒီတော့ အခု အချိန်မရှိပါဘူး။"
လမ်းကိုပတ်ကာ တားဆီးထားကြသော အမဲရောင် ဝတ်စုံနှင့် လူများသည် ကျွင်းချောင်ရှောင်း၏ တပည့်များထက် ပိုမိုကာ အားကောင်းသည့် ဟိတ်ဟန်များကို ထုတ်ဖော်နေ၏။ ၎င်းတို့ အနေနှင့် တကယ်တမ်းသာ လိုက်ပါသွားပြီဆိုပါက ကျိန်းသေပေါက် ပြန်လွှတ်လိမ့်မည် မဟုတ်ချေ။
"သခင်လေးထန်"
မျက်နှာဖုံးနှင့် လူက အေးစက်စက် ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ဒီ အဘိုးကြီးကို ခက်ခဲတဲ့ ကိစ္စတွေ မလုပ်ပါနဲ့။"
ထန်ရမ် က ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ခင်ဗျားရဲ့ သခင်ကို ပြောလိုက်ပါ။သူ စီးပွားရေး လုပ်ချင်တယ်ဆိုရင် ကျုပ်တို့ ထန်မိသားစုကို လာဆွေးနွေးလို့ ရပါတယ်"
အမ်
မျက်နှာဖုံးနှင့် လူသည် လက်မြှောက်ကာ ပြောလိုက်သည်။ "သခင်လေးထန်က မပူးပေါင်းဘူးဆိုမှတော့ ဒီအဘိုးကြီးကို အပြစ်မတင်နဲ့တော့။"
ရွှီ …… ရွှီ။
အမဲရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ရာ နီးပါးတို့သည် ရှေ့နှင့် နောက်ဆီမှ ၎င်းတို့၏ အလွန်တရာ အားကောင်းလှသည့် အော်ရာများကို ထုတ်ဖော်ကြတော့သည်။ အဓိက လမ်းမကြီးတစ်ခုလုံးတွင် ကြမ်းတမ်းလှသည့် အော်ရာများ ဖြစ်တည်လာသည်။
ထန်မိသားစုရှိ သိုင်းဘုရင်များအားလုံး၏ မျက်နှာသည် ပျက်ရွင်းသွားကြသည်။ ၎င်းတို့သည် သိုင်းဘုရင် အနည်းငယ်သာ ပါဝင်ကြသောကြောင့် အားလုံးကို ရင်ဆိုင်ရန် ခက်ခဲနေ၏။
အထူးသဖြင့် အမဲရောင် ဝတ်စုံနှင့် ခေါင်းဆောင်ပင် ဖြစ်တော့သည်။ ၎င်း၏ အော်ရာများသည် သိုင်းအုပ်စိုးသူ အဆင့်ကို ရောက်ရှိကြောင်း သိသာလှသည်။။
ဤကဲ့သို့သော လူများကို စေလွှတ်၍ ဒုတိယသခင်လေးအား ပြန်ပေးဆွဲရန် ကြိုးစားခြင်းမှာ အလွန်တရာ အားကောင်းလှသည့် ဂိုဏ်းကြီးတစ်ခုပင် ဖြစ်ပေလိမ့်မည်။
ဟား ဟား ဟား … အခွင့် အရေးက ရောက်လာပြီ။
ကျွင်းချောင်ရှောင်းသည် ရှေ့သို့ လှမ်းတက်လာပြီးနောက် အားလုံး၏ ခေါင်မိုးပေါ်ဆီသို့ ခုန်တက်လိုက်၏။ ပြီးနောက် သူသည် လက်နှစ်ဖက်ကို နောက်သို့ ပစ်ကာ ပြောလိုက်သည်။ "နေ့ခင်း ကြောင်တောင်ကြီး ဘယ်လိုဖြစ်ပြီး လုယက်ရဲရတာလဲ။ဒီလောကကြီးမှာ တရားဥပဒေဆိုတာရော ရှိသေးလား။"
ဤဟန်အမူအရာ၊ ဤအပြုအမူ၊ ဤအပြောအဆိုတို့သည် အလွန်တရာ ကြည့်ကောင်းပြီး ခန့်ညားလွန်းလှ၏။
သို့ပေမဲ့ ပြိုင်စံရှား ဂိုဏ်းတပည့်များ၏ နှုတ်ခမ်းများသည် တုန်ယင်လျက်ရှိသည်။ သူတို့၏ ဂိုဏ်းချုပ်သည် ယခုကဲ့သို့ ဟိတ်ကြီးဟန်ကြီး လုပ်လိုက်လျှင် တလွဲတွေကြီး့ပဲ ဖြစ်တော့သည်။
ဟူး
ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းလောက်သော အော်ရာများ ထွက်ပေါ်လာပြီးသည့်နောက် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွား၏။
အမဲရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူပေါင်းတစ်ရာကျော်တို့သည် ထိုဖိအားများ၏ သက်ရောက်မှုကို ခံလိုက်ရပြီးသည့်နောက် တိုက်ခိုက်ရန် ပြင်ဆင်နေရင်း လမ်းမှာပဲ ရပ်တန့်လိုက်သည်။
"သိုင်းအုပ်စိုးသူ" အမဲရောင် ဝတ်စုံနှင့် ခေါင်းဆောင်သည် ထိတ်လန့်တကြားနှင့် အော်လိုက်မိ၏။
ထန်ရမ် ကလည်း တွေးလိုက်၏။ အားကောင်းလှတဲ့ ချီဖိနှိပ်မှု ပါလား
သူတို့၏ မိသားစုတွင်လည်း အားကောင်းလှသည့် လူများ ရှိနေသည်။
ယခုကဲ့သို့ အားကောင်းလှသော ချီဖိနှိပ်မှုကို ထုတ်ဖော်ဖို့ ဆိုလျှင် သိုင်းအုပ်စိုးသူ အဆင့်ခြောက်နှင့်အထက်မှ ဖြစ်လိမ့်မည်။
ကျွင်းချောင်ရှောင်း ၏ ကျင့်ကြံခြင်း အဆင့်မှာတော့ အရမ်းကို နက်နဲလွန်းနေပြီဖြစ်သည်။ ဘာမှမဟုတ်သည့် ဂိုဏ်းတစ်ခုအား အချိန်တိုအတွင်း အလားအလာတွင် ထိပ်ဆုံး သုံးခုစာရင်းဝင်သော ဂိုဏ်းတစ်ခု ဖြစ်အောင် ပြုလုပ်နိုင်ခဲ့ခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။
ဤတစ်ကြိမ် သူ လာရောက်လည်ပတ်ရခြင်းသည် အလွန်တရာ ကောင်းမွန်သည့် ဆုံးဖြတ်ချက်တစ်ကြောင်း သိသာလွန်းလှ၏။
ဟူး
ဆန်းကြယ်လှသော ချီဖိနှပ်မှုသည်အမဲရောင် တိမ်လုံးကြီးကဲ့သို့ အားလုံးအား ဖိနှိပ်နေတော့သည်။
အမဲရောင်ဝတ်စုံနှင့် ခေါင်းဆောင်သည် ထွက်ပြေးရန် ကြိုးစားလိုက်မိ၏။ သို့ပေမဲ့ နောက်ကျသွားခဲ့ပြီဖြစ်သည်။ သူသည် ချီဖိနှပ်မှု၏ အောက်တွင် အလုံးစုံ ရောက်ရှိနေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း အေးခဲသွား၏။
အဆုံးသတ်မှာတော့ သူသည် တစ်ချက်ကလေးမှ မလှုပ်ရှားနိုင်တော့ပေ။ သူသည် သိုင်းအုပ်စိုးသူ ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ ရှေ့တွင်တော့ ချီဖိနှိပ်မှုတစ်ခုတည်းနှင့်ပင် ပြန်လည်တိုက်ခိုက်ဖို့ မပြောနှင့် မတ်မတ်ပင် ကောင်းကောင်း မရပ်ရဲနိုင်တော့ပေ။
"ဒီလူက ဘယ်သူလဲ"
သူရရှိခဲ့သည့် သတင်းများအရဆိုလျှင် ဤကဲ့သို့ အားကောင်းလွန်းသောလူသည် ထန်မိသားစု၏ ခရီးစဉ်တွင် မပါဝင်ပေ။ မည်သည့်နေရာက ရောက်ရှိလာသနည်း။
"သူ့ရဲ့ မရီဒန်တွေကို စည်းခတ်လိုက်တော့" ကျွင်းချောင်ရှောင်းက အေးစက်စက် ပြောလိုက်သည်။
သူ၏ အရင်အတွေ့အကြုံများအရ အမဲရောင် ဝတ်စုံနှင့် လူသည် ထွက်ပြေးလွတ်မြောက်ခြင်း နည်းစနစ်ကို ထုတ်သုံးကာ ထွက်ပြေးသွားမည်ကို စိုးရိမ်မိရ၏။ ထို့ကြောင့် သူ၏ အားအကောင်းဆုံးသော ချီဖိနှပ်မှုကို ထုတ်ဖော်ကာ တစ်ဖက်လူအား ဖိနှိပ်ထားလိုက်၏။
လီချင်းယန်နှင့် တစ်ခြားသောလူများသည် ရှေ့သို့ လှမ်းတက်လိုက်ကြ၏။
သို့ပေမဲ့ သူတို့သည် အမဲရောင် ဝတ်စုံနှင့် လူ၏ ရှေ့သို့ ချဉ်းကပ်လိုက်သည့် အချိန်မှာပဲ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြီးမားစွာ ဖောင်းပွလာသည်ကို မြင်လိုက်ရသည်။
“အိုး … မဟုတ်တော့ဘူး”
ဘုန်း …. ဘုန်း ……ဘုန်း။
ချက်ချင်းဆိုသလိုပဲ အဓိက လမ်းမကြီးဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းလှသော ပေါက်ကွဲသံကြီးများ အဆက်မပြတ်ထွက်ပေါ်လာခဲ့တော့သည်။
အရာအားလုံး ရှင်းလင်းသွားပြီးသည့်နောက်မှာတော့ ရှောင်ကျီသည် သူ၏ လက်ကို အသာမြှောက်ကာ ရှေ့တည့်တည့်တွင် မြေဓာတ်နံရံကြီးတစ်ခုလုံးကို ပြန်လည်ရုတ်သိမ်းလိုက်၏။
သူသည် တစ်ဖက်မှပေါက်ကွဲမှုများအား သူ၏ ဂိုဏ်းတူညီအစ်ကိုများဆီသို့ မရောက်ရှိရန် တားဆီးထားခဲ့ခြင်းပင် ဖြစ်သည်။
"ဂိုဏ်းချုပ်"
လီချင်းယန်က ပြောလိုက်သည်။ "သူတို့ ကိုယ့်ကိုယ်ကိုယ် ဖောက်ကွဲပစ်လိုက်တာ"
"ချီးတဲ့မှ"
ကျွင်းချောင်ရှောင်းသည် ဒေါသထွက်သွား၏။
သူသည် စိတ်ဝိညာဉ်များကို ဖြန့်ကျက်ကာ အမဲရောင်ဝတ်စုံ ခေါင်းဆောင် ရှိရာဆီသို့ ကြည့်လိုက်သည်။ သို့ပေမဲ့ တစ်ဖက်လူသည် မျက်နှာဖုံးကို ဝတ်ဆင်ထားသည် ဖြစ်သောကြောင့် မျက်နှာကို ကောင်းကောင်း မမြင်ရချေ။
သို့ပေမဲ့ ဤလူသည် ကြမ်းကြမ်းတမ်းတမ်း ရယ်မောလိုက်ပြီးသည့်နောက် သူ့ကိုယ်သူ ဖောက်ခွဲရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း ချက်ချင်းနားလည်လိုက်မိ၏။
ထင်မှတ်ထားသည့် အတိုင်းပင် အမဲရောင် ဝတ်စုံ၏ ခန္ဓာကိုယ်ရှိ လူသည်လည်း ကြီးမားစွာ ဖောင်းပွ လာခဲ့သည်။ ပြီးနောက် အလင်းများ ထွန်းတောက်သွားသည်။
ဘုန်း
မြေကြီးတစ်ခုလုံး တုန်ခါသွားပြီး လေတွေ တဟုန်းဟုန်း တိုက်ခတ်လာ၏။
သိုင်းအုပ်စိုးသူတစ်ယောက် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်ခြင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလှပြီး တည်နေရာပတ်ဝန်းကျင်တွင် ရှိနေသော သစ်ပင်နှင့် ကျောက်ခဲများ အားလုံးတို့သည် လွင့်စင်ထွက်သွားကြသည်။
သို့ပေမဲ့ ရထားလုံး လေးခုမှာတော့ လုံလုံခြုံခြုံရှိနေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော ပေါက်ကွဲမှု ဖြစ်လာချိန်၌ ကျွင်းချောင်ရှောင်းသည် အကာအကွယ် ချီ နံရံတစ်ခုကို ဖန်တီးလိုက်၍ အားလုံးကို ကာကွယ်ပေးထားသောကြောင့် ပင်ဖြစ်၏။
…….....
ဝှစ်။
လေပြင်းများ တိုက်ခတ်မှု အားနည်းသွားပြီးသည့်နောက် အားလုံး၏ ရှေ့တွင် အလွန်တရာ နက်ရှိင်းလှသည့် တွင်းကြီးတစ်ခု ပေါ်ပေါက်နေသည်။
ကျွင်းချောင်ရှောင်းသည် အကာအကွယ် ချီနံရံကို ဖယ်ရှား ပြီးသည့်နောက် ဒေါသတကြီး အော်ဟစ်လိုက်မိ၏။ “ချီးတဲ့မှ ….”
အမဲရောင် ဝတ်စုံနှင့်လူအား ဖမ်းဆီးရရှိမည်ဟု သူထင်မှတ်ခဲ့၏။
ထိုသို့ဆိုလျှင် နောက်ကွယ်ရှိ ဦးဆောင်သူ၏ နောက်သို့ လိုက်၍ သဲလွန်စ ရရှိပေလိမ့်မည်။ သို့ပေမဲ့ သူ မထင်မှတ်ထားလောက်အောင်ပဲ တစ်ဖက်လူများသည် သူတို့ကိုယ် သူတို့ ဖောက်ကွဲ ပစ်လိုက်သည်။
ဤကဲ့သို့သော ဖောက်ခွဲမှုသည် စိတ်ဝိညာဉ် စွမ်းအင်များမှတစ်ဆင့် စွမ်းအင်များ အသက်သွင်းပြီး ဝိညာဉ်တစ်ခုလုံးကို ဖောက်ခွဲခြင်းပင် ဖြစ်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်း အနေနှင့် ချီဖိနှပ်မှုကို အသုံးပြုထားသည်ဆိုလျှင်တောင်မှ တစ်ဖက်လူ ထိုသို့ ပြုလုပ်မည်ကို တားဆီး၍ မရနိုင်ခဲ့ချေ။
ထို့ကြောင့် တစ်ဖက်လူ ဖောက်ခွဲပစ်မည့် အရာအား ဤအတိုင်းသာ ကြည့်ရှု နေခဲ့ရ၏။
ဟုတ်ပေသည်။
သူသည် ဂရုစိုက်မှု ကင်းမဲ့ခဲ့၏။ ဖြစ်နိုင်လျှင် အမဲရောင် ဝတ်စုံနှင့် လူအား ချီဖိနှိပ်မှုနှင့် ချုပ်နှောင်ထားတုန်း သတိလစ် မေ့မျောသွားအောင် ချက်ချင်းဆိုသလို ရိုက်နှက် ပစ်ရမှာ ဖြစ်သည်။
“ဟင်း….”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်၏။
သူ စိတ်အပျက်ရဆုံးမှာ ဤလူများသည် မိမိ ကိုယ်ကို ဖောက်ခွဲပစ်လိုက်သည် ဆိုလျှင်တောင်မှ အနည်းဆုံးတော့ မသေခင်တွင် သိုလှောင်လက်စွပ်များနှင့် တစ်ခြား တန်ဖိုး ရှိအရာများကို ပေးခဲ့သင့်သည် မဟုတ်လား။
ယခု အချိန်မှာတော့ အင်္ကျီစ တစ်စကိုပင် ရှာဖွေမတွေ့နိုင်တော့ပေ။
ထန်ရမ် သည် ရထားလုံးပေါ်မှ ခုန်ချပြီးသည့်နောက် အားကောင်းလွန်းလှသော လူငယ်ကို ကြည့်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း သူတို့က ဘယ်သူတွေလဲ ။ဘာလို့ တစ်ချက်ကလေးမှ တွန့်ဆုတ်ခြင်း မရှိဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်လိုက်ရတာလဲ"
ဤကဲ့သို့ မိမိကိုယ်ကိုယ် ဖောက်ခွဲပစ်လိုက်သည့် လုပ်ရပ်မျိုးသည် အလုံးစုံသော သတ္တိကို ပိုင်ဆိုင်မှသာ ပြုလုပ်နိုင်သော အရာဖြစ်သည်။ တော်ရုံသတ္တိဖြင့် ပြုလုပ်၍ မရချေ။
"အမှောင်ဂိုဏ်းက ဖြစ်နိုင်တယ်"
"အမှောင်ဂိုဏ်းက ဟုတ်လား"
ထန်ရမ် က ပြောလိုက်သည်။ "ဒီလို ဖုံးကွယ်နေတဲ့ ဂိုဏ်းတွေက ရံဖန်ရံခါဆိုသလို လောကကြီးမှာ ပေါ်ပေါက်လာတတ်တယ်။ဒါပေမဲ့ သူတို့က ဘာလို့ ထန်မိသားစုကို လုယက်ဖို့ ကြိုးစားရတာလဲ။"
ခင်ဗျားက ကျုပ်ကိုမေးနေမှတော့ ကျူပ်က ဘယ်သူ့ကို သွားမေးရမှာလဲ။
"သခင်လေးထန်"
ကျွင်းချောင်ရှောင်းသည် လေးနက်စွာ ပြောလိုက်သည်။ “ဒီမှာ ကြာကြာနေတာ မကောင်းဘူး။ကျုပ်ရဲ့ ဂိုဏ်းကို လိုက်ခဲ့ပါ။”
"ကောင်းပြီ"
သူတို့သည် ထွက်ခွာသွားခဲ့ကြတော့သည်။
နာရီ အနည်းငယ် ကြာရှိပြီးသည့်နောက် သူသည် ပြိုင်စံရှား ဂိုဏ်းဆီသို့ ရောက်ရှိလာခဲ့ကြသည်။
"ဂိုဏ်းချုပ်ကျွင်း"
အဓိက ဟောခန်းထဲမှာတော့ ထန်ရမ် သည် အသာထိုင်ချလိုက်ပြီးနောက် လက်သီးကို ဆုပ်ကာဖြင့် ကျေးဇူးတင်စွာ ပြောလိုက်၏။ "ကူညီတဲ့ အတွက် ကျေးဇူးတင်ပါတယ်။မဟုတ်ရင် ကျုပ် က ဒုက္ခရောက်နေလောက်ပြီ။"
"ခင်ဗျားနဲ့ ကျုပ်က စီးပွားဖက်တွေပဲလေ။ဒီတော့ မိတ်ဆွေတွေလို ပြောရမယ်။မိတ်ဆွေတစ်ယောက် ဒုက္ခရောက်ပြီဆိုရင် ဒီကျွင်းက ကူညီရမှာက သဘာဝပဲ မဟုတ်လား" ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
သူသည် ထိုသို့ ပြောခဲ့သည်ဆိုသော်လည်း ရုတ်တရက် ရောက်လာသော အနက်ရောင် ဂိုဏ်းအား ကျေးဇူးတင်မိသည်။ ထို့ကြောင့် သူသည် ကူညီနိုင်ခဲ့ပြီး နက်ရှိင်းလှသည့် ဆက်ဆံရေးကို တည်ဆောက် နိုင်ခဲ့တာဖြစ်သည်။ ထို့အပြင် အနည်းဆုံးတော့ သူ၏ လုပ်ရပ်များအတွက် ကြောင်တောင်နိုင်သည့် ခံစားချက်များ ပျောက်ကွယ်ခဲ့ရသည်။