← Chapters

အခန်း (၆၉၀)

Vol. 46 Ch. 690

အခန်း (၆၉၀)

Vol. 46 Ch. 690

“ဒုတိယအစ်ကို ဆေးလုံးတွေ ရောင်းချင်နေတယ်ဟုတ်လား”

“သူက အလယ်ပိုင်းဒေသမှာရှိတဲ့ များပြားလှတဲ့ နိုင်ငံတွေဆီမှာ ဆေးလုံးဆိုင်တွေ ဖွင့်ဖို့စီစဉ်ထားတယ်လေ၊ ကျုပ်တို့ ထန်မိသားစုက အရင်တုန်းက ဆေးလုံးနဲ့ ပတ်သက်တဲ့ စီးပွားရေးကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဘူး၊ ဒါပေမဲ့ မိသားစုထဲမှာ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာပြီ ဆိုတော့ အရင်းအမြစ်နဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေ ပြုလုပ်တော့မယ့် ပုံစံမျိုးပဲ၊ ဒါပေမဲ့ ဒါက တကယ့်ကို ဆုံးရှုံးမယ့်ကိစ္စကြီးလို့ ထင်တာပဲ”

“ဒါက အဆင်အခြင်မဲ့တယ်”

ထန်ရမ်သည် မိသားစု၏ ဆေးလုံးစီးပွားရေးကို ပိုမိုတိုးတက်အောင် ပြင်ဆင်နေချိန်မှာတော့ မိသားစု၏ တိုက်ရိုက်မျိုးဆက်များသည် အချင်းချင်း ပြောဆို ဆွေးနွေးလျက် ရှိနေကြသည်။ သူတို့သည် တတိယမျိုးဆက်မှ ဒုတိယသခင်လေး၏ စွမ်းရည်ကို အထင်မသေးကြချေ။ သို့ပေမဲ့ ရုတ်တရက် ၎င်းတို့ကျွမ်းကျင်ခဲ့သည့် စိတ်ဝိညာဉ် ကျောက်တုံးဈေးကွက်ထဲမှသည် ဆေးလုံးဈေးကွက်ဆီသို့ ပြောင်းလဲဝင်ရောက်လိုက်ခြင်းဆိုသည်မှာ ကြီးမားသည့် ဆုံးရှုံးမှုမျိုးကို ကြုံရနိုင်မည့် အခြေအနေ ရှိနေ၏။

ထန်မိသားစု၏ အထက်အကြီးအကဲများသည်လည်း ဤအရာကို သိရှိသွားပြီးသည့်နောက်မှာတော့ သူတို့သည် အထင်ကြီးခြင်းတော့ မရှိကြပေ။

သို့ပေမဲ့ ဤကိစ္စသည် ထန်မိသားစု၏ သခင်ကြီးဆီသို့ သတင်းရောက်ရှိလာ ခဲ့၏။ ထို့ကြောင့် ထန်ရမ်အား ခေါ်တွေ့လာသည်။ “ရမ်အာ”

အလွန်တရာ ရှေးကျပြီး သပ်ရပ်လှသော စာကြည့်ခန်းထဲမှာတော့ ထန်မိသားစု၏ ခေါင်းဆောင်သည် လက်ဖက်ရည်တစ်ငုံကို သောက်ကာ ပြောလိုက်သည်။ “မင်း ဘာလို့ ဆေးလုံးစီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေဖို့ ပိုက်ဆံတွေအများကြီး အသုံးပြုရတာလဲ”

“အဘိုး”

ထန်ရမ်က ပြောလိုက်သည်။ “ကျွန်တော်တို့ ထန်မိသားစုက ဒီနှစ်ပိုင်းအတွင်းမှာ စိတ်ဝိညာဉ်ကျောက်တုံး စီးပွားရေးကို ဇောက်ချပြီး လုပ်ခဲ့ တာလေ၊ လုံလောက်တဲ့ အမြတ်အစွန်းတွေ ရရှိခဲ့တယ်ဆိုပေမဲ့ ပိုပြီးတော့ အမြတ်များများ ရချင်တယ်ဆိုရင် တခြား စီးပွားရေးလုပ်ငန်းတွေကိုလည်း ခြေလှမ်းထားမှ ဖြစ်လိမ့်မယ်”

ထန်မိသားစု သခင်ကြီး၏ မျက်လုံးများသည် ကျေနပ်သည့်အမူအရာများနှင့် ပြည့်နှက်လာခဲ့သည်။ မိသားစု တစ်ခုလုံးသည် စိတ်ဝိညာဉ်ကျောက်တုံးဈေးကွက်စီးပွားရေးကိုသာ အဓိကထား၍ ပြုလုပ်ချင်နေကြသည်။ ၎င်းတို့၏ ချမ်းသာကြွယ်ဝမှုသည်လည်း ပိုမို၍ တိုးပွားလာခဲ့၏။ သို့ပေမဲ့ ရေရှည်ပိုမို ဖွံ့ဖြိုးတိုးတက်စေချင်ပါက ဟန်ချက်ညီသော စီးပွားရေး အခြေအနေတစ်ခုကို ဖန်တီးထားရန် လိုအပ်၏။ တစ်နေ့တွင် စိတ်ဝိညာဉ် ကျောက်တုံးများကို အဓိကထား၍ ထုတ်လုပ်နိုင်သော မိသားစုတစ်ခုသည် ဈေးကွက်အတွင်းတွင် ပေါ်ပေါက် လာသည်ဆိုပါက ထန်မိသားစုသည် ကြီးမားသည့်ရိုက်ခတ်မှုကို ခံစားရမည်မှာ သေချာ၏။

“ရမ်အာ”

ထန်မိသားစု၏ သခင်ကြီးက မေးလိုက်၏။ “မင်း ယုံကြည်ချက် ရှိရဲ့လား”

ထန်ရမ်က တိကျသေချာသော အကြည့်ဖြင့်ကြည့်ကာ ပြောလိုက်သည်။ “မြေးက ဆေးလုံးစီးပွားရေးနဲ့ပတ်သက်ပြီး ကမ္ဘာကြီးတစ်ခုကို ဖန်တီးနိုင်မယ်လို့ ယုံကြည်နေတယ်”

ထန်မိသားစု၏အဘိုးကြီးသည် ကျေနပ်စွာဖြင့် ပြောလိုက်၏။ “လူငယ်တွေက ရဲရင့်ပြီးတော့ ဆန်းသစ်လှတယ်လေ၊ စည်းမျဉ်းစည်းကမ်းဘောင်တွေထဲမှာ အငြိမ်မနေကြဘူး၊ အဘိုးက မင်းကိုထောက်ခံတယ်၊ ဆက်သာ လုပ်တော့”

ထန်ရမ်၏ ယုံကြည်ချက်သည် ပို၍တိုးပွားသွားခဲ့သည်။

ဟုတ်ပေ၏။ သူ၏အဘိုးသည် သူ့အား စမ်းသပ်နေသည်ကို ကောင်းကောင်းသိ၏။ သူသည်သာ ဆေးလုံးစီးပွားရေးတွင် ကောင်းမွန်စွာ လုပ်ဆောင်နိုင် မည်ဆိုပါက မျက်နှာသာပေးခြင်းကို ခံရမှာ သေချာ၏။ ထိုသို့ဆိုလျှင် မိသားစုခေါင်းဆောင်နေရာအတွက် တိုက်ခိုက်နေသည့် တခြားသူအားလုံးသည် သူ၏နောက်ဘက်သို့ ရောက်ရှိသွားပေလိမ့်မည်။

...........

“ဒုတိယညီလေး”

စာကြည့်ခန်းထဲမှ ထွက်လျှောက်လာပြီးသည့်နောက်မှာတော့ ထန်ရမ်၏အရှေ့တွင် ခပ်ချောချော လူတစ်ယောက် သည် မတ်တပ်ရပ်လာ၏။ သူ၏ ထန်မိသားစု တတိယမျိုးဆက်၏ အကြီးဆုံးသားပင်ဖြစ်သည့် ထန်လီပင် ဖြစ်သည်။

“အစ်ကိုကြီး” ထန်ရမ်သည် သူ၏လက်ကိုဆုပ်ကာ ပြောလိုက်၏။ ၎င်း၏ပြိုင်ဘက်များထဲတွင် အားအကောင်းဆုံးဟူ၍ သံသယဖြစ်စရာ မလိုသည့်သူမှာ ထန်လီပင် ဖြစ်တော့သည်။ သူတို့နှစ်ယောက်သည် ဝမ်းကွဲများဖြစ်သည် ဆိုသော်လည်း မိသားစု၏ အမွေအနှစ်နှင့် ခေါင်းဆောင်နေရာအား ဆက်ခံရန်အတွက် ယှဉ်ပြိုင်ဖော်၊ ယှဉ်ပြိုင်ဘက်များလည်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ ဆက်ဆံရေးသည် အနည်းငယ်တင်းမာနေသည်။

“ဒုတိယညီလေး”

ထန်လီသည် ပြုံးကာပြောလိုက်၏။ “မင်း အရှေ့တောင်ရန်ကျူးဆီကို သွားခဲ့တယ်လို့ ကြားတယ်”

“ဟုတ်ပါတယ်” ထန်ရမ်က ပြောလိုက်၏။

ထန်လီက မေးလိုက်သည်။ “ဒါက နေရာငယ်လေးတစ်ခုပဲလေ၊ အဲကိုသွားဖို့အတွက် အစေခံတစ်ယောက်ကို စေလွှတ်လိုက်လည်း ပြီးတာပဲ၊ ဘာလို့ လူကိုယ်တိုင်သွားရတာလဲ”

“ကျုပ်တို့အနေနဲ့ စီးပွားရေးလုပ်ငန်း လုပ်တဲ့အချိန်မှာ ခွဲခြားဆက်ဆံနေဖို့ မလိုအပ်ဘူးလို့ အဘိုးက အမြဲတမ်း ပြောတယ်လေ၊ အရှေ့တောင်ရန်ကျုးရဲ့ အလုံးစုံသောအားအင်က မကောင်းဘူးဆိုရင်တောင်မှ ထန်မိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေတော့ ရှိနေသေးတယ်လေ၊ ဒီတော့ လျစ်လျူရှုထားလို့ မဖြစ်ဘူး”

ထန်ရမ်က ပြုံးကာ ပြန်ပြော၏။ “ဒုတိယညီလေးက ပြိုင်စံရှားဂိုဏ်းကို သွားလည်တာ မဟုတ်လား”

“...” ထန်ရမ်သည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ထင်မှတ်ထားသည့်အတိုင်းပင် သူ၏ဝမ်းကွဲအစ်ကိုကြီးသည် သူပြုလုပ်ချင်သည့် အရာအားလုံးကို သိရှိလို့နေ၏။

“ကျုပ်တို့ ထန်မိသားစုက မျိုးရိုးစဉ်ဆက် စီးပွားရေးကိုပဲ လုပ်ခဲ့ကြတာလေ၊ သိုင်းပညာကို အလေးထားတာ မဟုတ်ဘူး၊ ဒါပေမဲ့ ပထမအဆင့်၊ ဒုတိယအဆင့်တွေနဲ့ နှိုင်းယှဉ်လို့ရနိုင်တဲ့ အလားအလာကို ပိုင်ဆိုင်တဲ့ ဂိုဏ်းတစ်ခုရှိတယ်ဆိုရင်တော့ အဲဒီကို သွားလည်သင့်တယ် မဟုတ်လား”

သူ၏ဝမ်းကွဲအစ်ကိုကြီးသည် အလယ်ပိုင်းဒေသရှိ များပြားလှသော ဂိုဏ်းကြီးများနှင့် မိတ်ဆွေ အပေါင်းအသင်း ဖွဲ့ထားနိုင်သည်ဆိုသည်ကို ထန်ရမ် ကောင်းကောင်းသိ၏။ ထို့ကြောင့် အပြင်ဘက်နိုင်ငံတွင်ရှိနေသော ဂိုဏ်းများ အားလုံးကို အထင်အမြင်သေးလျက် ရှိနေသည်။

“ဒုတိယညီလေး”

ထန်လီသည် ကြင်နာတတ်သည့် အမူအရာဖြင့် ပြုံးကာ ပြောလိုက်တော့သည်။ “ငါလည်း ပြိုင်စံရှားဂိုဏ်းနဲ့ မိတ်ဆွေဖွဲ့ဖို့ လူတချို့ကို စေလွှတ်ဖို့ စဉ်းစားခဲ့ဖူးတယ်၊ ဒါပေမဲ့ မင်းက အရင်ဦးဆုံး သွားလိုက်ပြီဆိုတော့ ဒီကိစ္စကို မင်းကိုပေးလိုက်တဲ့ သဘောပါပဲ”

ထန်ရမ်သည် ရုတ်တရက် ရပ်ကာ ပြောလိုက်၏။ “ဒီလိုဆိုရင် အစ်ကိုကြီးကို ကျေးဇူးတင်ရမှာလား”

“ငါတို့က မိသားစုတွေပဲလေ၊ မင်း ငါ့ကို အပြင်လူတစ်ယောက်လိုမျိုး ဆက်ဆံလို့ မဖြစ်ဘူးမို့လား၊ ဒါပေမဲ့ ….”

သူသည် ခဏရပ်ကာ ပြောလိုက်၏။ “အပြင်ဘက်နိုင်ငံမှာရှိတဲ့ ဂိုဏ်းတွေနဲ့ မိတ်ဆွေသူငယ်ချင်းဖွဲ့တယ်ဆိုတာ တကယ့်ကို အဓိပ္ပာယ်မရှိဘူး၊ ဒုတိယ ညီလေးအနေနဲ့ မိသားစုထဲမှာ လုံလောက်တဲ့ ပြောဆိုခွင့်ကို ပိုင်ဆိုင်ပြီဆိုရင် အလယ်ပိုင်းဒေသက ဂိုဏ်းကြီး တွေနဲ့ မိတ်ဆွေဖွဲ့ဖို့ အခွင့်အရေး ရလာလိမ့်မယ်”

ဤစကားလုံးသည် ထန်ရမ်၏ရင်ကို ကြီးကြီးကျယ်ကျယ် ထိမှန်စေ၏။ သူသည် အလယ်ပိုင်းဒေသရှိ ဂိုဏ်းကြီး များနှင့် သွားရောက်မိတ်ဆွေမဖွဲ့ချင်၍ ဤကဲ့သို့ ပြိုင်စံရှားဂိုဏ်းဆီ သွားရောက်ခဲ့ခြင်း မဟုတ်ပေ။ သူ့အနေနှင့် အခွင့်အရေး မရရှိသောကြောင့်သာ အပြင်ဘက်နိုင်ငံထဲတွင်ရှိသော အလားအလာ ကောင်းမွန်ပြီး ထိပ်ဆုံးစာရင်း ထဲ ဝင်နိုင်လောက်သည့် ဂိုဏ်းများဆီသို့ သွားနေရခြင်းပင် ဖြစ်တော့သည်။

“အကြံပေးတဲ့အတွက် ကျေးဇူးပါ အစ်ကိုကြီး”

ထန်ရမ်သည် စဉ်းစားလိုက်၏။

ပြိုင်စံရှားဂိုဏ်းကို သွားရောက်ဖို့ အခွင့်အရေး ပေးတာတွေ အားလုံးက ခင်ဗျားအတွက် မှားယွင်းတဲ့ ကိစ္စကြီး ဖြစ်လိမ့်မယ်၊ ပြီးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားကို ကျေးဇူးတင်ရလိမ့်မယ်၊ မဟုတ်ရင် ဘယ်လိုလုပ်ပြီး ဂိုဏ်းချုပ်ကျွင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်မှာလဲ၊ ဘယ်လိုလုပ်ပြီးတော့ ဒီလောက် အားကောင်းလှတဲ့ ဆေးလုံးတွေကို ရယူနိုင်မှာလဲ။

ပြိုင်စံရှားဂိုဏ်းသည် ကြီးမားသည့်အလားအလာကို ပိုင်ဆိုင်သည်ဖြစ်ကြောင်း သူကောင်းကောင်း ယုံကြည်မိ၏။ သူသည်သာ မိတ်ဆွေဖွဲ့ထားနိုင်မည်ဆိုပါက အနာဂတ်တွင် သူ၏ အားအင်အဆင့်သည်လည်း ပိုမို၍ တိုးပွားလာ ပေလိမ့်မည်။

“မဟုတ်ဘူး၊ အနာဂတ်မှာတောင်မဟုတ်ဘူး၊ ဒီဆေးသုံးလုံးနဲ့ လက်နက်တစ်ခုကို ထုတ်ပြီး ရောင်းလိုက်မယ် ဆိုရင်ကို ငါက ကြီးမားတဲ့နေရာတစ်ခုကို ရောက်ရှိနိုင်မယ်”

ကံကောင်းစွာဖြင့် အစ်ကိုကြီးနှင့် တခြားသော မိသားစု၏ တိုက်ရိုက်မျိုးဆက်များအားလုံးသည် အမြင်ကျဉ်း မြောင်းကြ၏။ ၎င်းတို့သည် အပြင်ဘက်တွင်ရှိသော ဂိုဏ်းများကို အထင်အမြင်သေးပြီး သူ့အား အခွင့်အရေး ပေးခဲ့၏။

ဤအရာမှာလည်း အမှန်ပင်ဖြစ်သည်။ ထန်မိသားစု၏ တိုက်ရိုက်မျိုးဆက်များသည် ပြိုင်စံရှားဂိုဏ်း အကြောင်းကို အစောကြီးကတည်းက သိရှိနေပြီးဖြစ်သည်။ သို့ပေမဲ့ အရှေ့တောင်ရန်ကျုးကဲ့သို့သော နေရာ ငယ်လေးတစ်ခုမှာရှိသော ဂိုဏ်းတစ်ခု ဖြစ်သည်မို့ မည်သူကမှ အလေးအနက် မထားကြချေ။

၎င်းတို့သည်သာ အလေးအနက်ထားမည်ဆိုပါက ၎င်းတို့၏ နောက်လိုက်များကို စေလွှတ်၍ မိတ်ဆွေဖွဲ့ခိုင်း ပေလိမ့်မည်။ ထိုသို့ ဆိုလျှင် ဂိုဏ်းချုပ်ကျွင်းကလည်း စီးပွားရေးလက်တွဲဖော် လိုအပ်နေသည်ဖြစ်သောကြောင့် ပြန်လည်၍ မိတ်ဆွေ ဖွဲ့ကာ စီးပွားရေးသဘောတူညီရန် မျိုးစုံ ဖန်တီးနိုင်ပေလိမ့်မည်။

“အစ်ကိုကြီးနဲ့ တိုက်ရိုက်မျိုးဆက် ဝမ်းကွဲလေးတွေ … ကျေးဇူးအများကြီး တင်ပါတယ်၊ ပြိုင်စံရှားဂိုဏ်းကို အထင်သေးခဲ့လို့ ကျုပ်က အခွင့်အရေးကောင်းကို ရရှိခဲ့ပြီ”

……....

ထန်မိသားစုသခင်ကြီး၏ ထောက်ပံ့မှုနှင့်အတူ ထန်ရမ်သည် ပို၍ တက်ကြွလာခဲ့သည်။ ရက်အနည်းငယ် အတွင်းမှာပဲ အလယ်ပိုင်းဒေသရှိ နိုင်ငံအသီးသီးတွင် ဆေးလုံးဆိုင်များ အသီးသီးကို ဆက်လက်ကာ ဖွင့်လှစ် တော့သည်။

“ထန်မိသားစုက နိုင်ငံအသီးသီး၊ မြို့အသီးသီးမှာ ဆေးလုံးရောင်းချမယ့်ဆိုင်တွေ ဖွင့်နေတယ်လို့ ကြားတယ်၊ ကြည့်ရတာ တကယ့်ကို ကြီးမားတဲ့ လှုပ်ရှားမှုကြီးတစ်ခု လုပ်တော့မယ်နဲ့တူတယ်”

“ဆေးလုံးနဲ့ပတ်သက်ရင် စွန်းမိသားစု ပိုပြီးတော့ လုပ်နိုင်ကိုင်နိုင်တဲ့ အစွမ်းမှာရှိတယ်၊ ဒီတော့ ထန်မိသားစု အနေနဲ့လည်း ဒီဈေးကွက်ရဲ့ ဝေစုကို ရဖို့ဆိုတာ သိပ်ပြီးလွယ်မှာ မဟုတ်ဘူး”

ထန်မိသားစု၏ ဆေးလုံးဆိုင်များ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့ကြသလို အလယ်ပိုင်းဒေသရှိ ကျင့်ကြံသူများ အားလုံးသည်လည်း ပြင်းပြင်းထန်ထန်ဆွေးနွေးနေကြ၏။

ချမ်းသာသောမိသားစုများသည် စိတ်ကူးပေါက်ရာများ လုပ်ရသည်ကိုနှစ်သက်ကြ၏။ ထို့ကြောင့် ၎င်းတို့သည် အပျော်သဘော ကြည့်ရှုရန် စီစဉ်ထားကြသည်။ ထန်ရမ် ၏ လှုပ်ရှားမှုကြီးသည် ဆေးလုံးကို အဓိကထားရောင်းချသော စွန်းမိသားစုကိုပင် အထိတ်တလန့် ဖြစ်စေခဲ့၏။ ၎င်းတို့သည်ပင်လျှင် သီးသန့်အစည်းအဝေးတွင် ထည့်သွင်း၍ ဆွေးနွေးရသည့်အချက်ပင် ဖြစ်လာခဲ့တော့သည်။

“ထန်မိသားစုက သူတို့ကျွမ်းကျင်တဲ့ စိတ်ဝိညာဉ်ကျောက်တုံးစီးပွားရေးကိုပဲ သီးသန့်လုပ်တာ မဟုတ်ဘူး၊ ပြဿနာထပ်ရှာလာပြီ”

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက သူတို့က ဆေးလုံးဘက်ကို အလုပ်လုပ်ကိုင်ချင်တာလေ၊ အဆုံးသတ် မှာတော့ တကယ်ကို အလုပ်လုပ်ဖို့ ရွေးချယ်လိုက်ကြပြီပေါ့”

“ချမ်းသာမှုအရ ယှဉ်မယ်ဆိုရင် စွန်းမိသားစုက ထန်မိသားစုလောက် ချမ်းသာတာ မဟုတ်ဘူး၊ ဒါပေမဲ့ လောက ကြီးမှာ ကျွမ်းကျင်မှုဆိုတာ ရှိတယ်လေ၊ သူတို့အနေနဲ့ ငါတို့လက်ထဲက အစားအစာကို လုယူသွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

စွန်းမိသားစု၏ အထက်ပိုင်းအကြီးအကဲများအားလုံးသည် ထန်မိသားစု ဆေးလုံးဆိုင်များ ဖွင့်လှစ်မည့် အကြောင်းနှင့်ပတ်သက်၍ အလုံးစုံ စိတ်ပူပန်မှု မရှိပေ။

သို့ပေမဲ့ နောက်တစ်ရက် သတင်းတစ်ခုသည် သူတို့၏ နားထဲသို့ ရောက်ရှိလာသည့် အချိန်မှာတော့ မျက်လုံးတွေပင် ပြူးသွားမိကြ၏။

ရရှိခဲ့သည့် သတင်းမှာမူ ထန်မိသားစု၏ ဆေးလုံးဆိုင်သည် ဤလပိုင်း ရှစ်ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။ ဆေးလုံးအသစ် အနည်းငယ်ကို ထုတ်ဖော်ရောင်းချမည်ဟု ဆိုသည်။ ထိုဆေးလုံးများသည် စိတ်ဝိညာဉ်စွမ်းအင် စုပ်ယူမှု အမြန်နှုန်းကို ဆယ်ဆ တိုးစေသည့်ဆေးလုံး၊ ဒဏ်ရာများကို ချက်ချင်းပြန်လည်ကောင်းမွန်စေသည့် ဆေးလုံးနှင့် အဆိပ်တစ်ရာကျော်ကို ကုသနိုင်သည့် ဆေးလုံးတို့ပင်ဖြစ်သည်။

“ဒီလိုဆေးလုံးမျိုးကို ငါကြားတောင် မကြားဖူးဘူး၊ စဖွင့်ထဲကတည်းက လူသိများစေဖို့ လျှောက်ပြောတာလည်း ဖြစ်နိုင်တယ်”

စွန်းမိသားစု၏ အကြီးအကဲများသည် တည်ငြိမ်နေကြ၏။ ဒီကိစ္စကို လေးလေးနက်နက်ဟု မခံယူကြချေ။ ဆေးလုံးသည် ကောင်းသည်ဖြစ်ဖြစ်၊ မကောင်းသည်ဖြစ်ဖြစ် ဖွင့်ပွဲစသည်ဆိုသည်နှင့် လူသိရှင်ကြား အသိအမှတ် ပြုကြတော့မည်ဖြစ်သည်။ အရာအားလုံးသည် ထိုအချိန်ကြရင် ရှင်းလင်းသွားပေလိမ့်မည်။

...........

ထန်မိသားစု၏ ဆေးလုံးဆိုင်တွင်တော့ ဤဆေးလုံးသုံးမျိုး ရောင်းချမည်ဆိုသောသတင်းသည် အလယ်ပိုင်း ဒေသတစ်ခုလုံးကို ပျံ့နှံ့သွား၏။ အဆင့်မြင်ကျင့်ကြံသူများမှသည် သာမန်လူများဆီသို့ မသိသူဟူ၍ မရှိတော့ချေ။ အချိန်အတိုင်းအတာ တစ်ခုအတွင်း ဤကိစ္စနှင့်ပတ်သက်၍ အလုံးစုံသောလူများအားလုံးသည် ဆွေးနွေးလျက် ရှိနေကြ၏။

ဟုတ်ပေသည်။ လူတော်တော်များများသည် သံသယများရှိနေကြသည်။ ထို့အပြင် စိတ်ဝိညာဉ် စွမ်းအင်များ စုပ်ယူမှုကို ဆယ်ဆပိုမိုအားကောင်းစေသည့် ချီစုစည်းခြင်းဆေးလုံးဆိုသည်မှာ ၎င်းတို့ထင်မှတ် ထားသည့် အသိအမြင် အတိုင်းအတာထက် ပိုမို၍ သာလွန်လျက်ရှိနေသည် မဟုတ်လား။

“ဂိုဏ်းချုပ်”

ပြိုင်စံရှားဂိုဏ်းအတွင်းမှာတော့ လီလိုရှုသည် လာရောက်ကာ သတင်းပေး၏။ “သခင်လေးထန်က အလယ်ပိုင်းဒေသတစ်ခုလုံးမှာ ဆေးဆိုင်ပေါင်း ငါးဆယ့်ခြောက်ဆိုင် ဖွင့်ခဲ့တယ်၊ ပြီးတော့ ဒီနှစ်သစ်ရဲ့ ရှစ်ရက်နေ့မှာ စီးပွားရေးကို တရားဝင် စမယ်တဲ့၊ ဆေးလုံးသုံးမျိုးရဲ့ သတင်းကလည်း ကြီးကြီး ကျယ်ကျယ်ကို ပျံ့နှံ့နေတယ်”

ကျွင်းချောင်ရှောင်းသည် သက်ပြင်းချလိုက်မိ၏။ “အချိန်အတိုင်းအတာ အနည်းငယ်အတွင်း သူက ဆေးဆိုင်ပေါင်း ငါးဆယ့်ခြောက်ဆိုင်တောင် ဖွင့်လိုက်တာလား၊ ထန်မိသားစုက တကယ့်ကို ချမ်းသာတာပဲ”

လီလိုရှုက ပြောလိုက်၏။ “ထန်မိသားစုရဲ့ ဒုတိယသခင်လေးက ဖိတ်စာပို့လိုက်ပါတယ်၊ ဂိုဏ်းချုပ်အနေနဲ့ ဖွင့်ပွဲအခမ်းအနားကို တက်ဖို့တဲ့”

“စိတ်မဝင်စားဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ ဆေးလုံးများအား ထန်ရမ်ဆီသို့ ပေးပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းဘက်က တာဝန်များသည် ကျေပွန်သွားခဲ့ပြီဟု ဆိုရမည်။ သူလုပ်စရာကျန်နေသည်မှာ ပိုက်ဆံများ သိမ်းဆည်းရန်ပင် ဖြစ်တော့သည်။

ပြောနေစရာပင် မလိုချေ။ သုံးလအချိန်အတိုင်းအတာသည် ချဉ်းကပ်လာခဲ့ပြီ ဖြစ်ပြီး တပည့်များသည်လည်း သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေ၏ သာမန်ခက်ခဲမှုများကို ကျော်ဖြတ်ရန် ကြိုးစားနေရသည်။ ထို့ကြောင့် သူ့အနေဖြင့် အလယ်ပိုင်းဒေသဆီသို့သွား၍ ဟန်ရေးပြရန် အချိန်မရှိသေးပေ။

All Chapters