← Chapters

အခန်း (၆၈၈)

Vol. 46 Ch. 688

အခန်း (၆၈၈)

Vol. 46 Ch. 688

ကျွင်းချောင်ရှောင်းသည် ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်လည်ရောက်ရှိလာပြီးသည့်နောက်မှာတော့ ထန်ရမ်အား ပြန်ပေး ဆွဲရန် ကြိုးစားခဲ့သည် အမဲရောင်ဝတ်စုံဝတ် လူများအကြောင်း စဉ်းစားနေခဲ့၏။ တစ်ခုသေချာသည်မှာ ဤအဖွဲ့သည် အရင်တစ်ကြိမ် သူ၏တပည့်များအား ဖမ်းဆီးရန် ကြိုးစားခဲ့သည့်အဖွဲ့နှင့် မတူညီကြောင်းကို သိရှိ လိုက်မိ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သူ့အား မမှတ်မိခြင်းကြောင့်ပင်ဖြစ်သည်။

ကျွင်းချောင်ရှောင်း သည် ၎င်းတို့အဖွဲ့နှင့် အကြိမ်အနည်းငယ် ထိပ်တိုက်ရင်ဆိုင်တွေ့ရှိခဲ့ပြီးဖြစ်သည်။ တစ်ဖက်သော သူများသည် ကြီးမားသည့်ဆုံးရှုံးမှုကို အမြဲတမ်း ခံယူခဲ့ရ၏။ တူညီသည့်အဖွဲ့မှလူများ ဖြစ်သည်ဆိုပါက သူ့အား တစ်ခါတည်းမှတ်မိ၍ အမြန်အဆန် ထွက်ပြေးသွားကြမှာ သေချာသည်။ ယခုအချိန်မှာတော့ ထွက်မပြေးသည့် အပြင် သခင်လေးထန်အား ပြန်ပေးဆွဲဖမ်းဆီးရန် ရူးကြောင်ကြောင်နှင့် ဆက်၍ ပြုလုပ်လျက်ရှိခဲ့၏။

“အချိန်တိုင်း အချိန်တိုင်းမှာ သိုင်းအုပ်စိုးသူတွေ ပေါ်လာတယ်၊ ဒီတော့ အမှောင်ဂိုဏ်းက ဘယ်လောက်တောင် အားကောင်းလိုက်မလဲ မသိဘူး” ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်မိ၏။

သူ့အနေနှင့် အလွန်တရာ နားလည်ရန်ခက်ခဲလှသည့် ကိစ္စ တစ်ခုကို ရှာဖွေတွေ့ရှိလိုက်ခြင်းပင်ဖြစ်သည်။ တစ်ဖက်လူသည် ဖိနှိပ်ခြင်းကို ခံထားရချိန်၌ တစ်ချက် ကလေးမှ တွန့်ဆုတ်ခြင်းမရှိဘဲ မိမိကိုယ်ကို ဖောက်ခွဲကာ သတ်သေခဲ့၏။ ထိုသို့သော လုပ်ရပ်ကို ပြုလုပ်သော သူသည် သိုင်းတပည့် အဆင့် သို့မဟုတ် သိုင်းဆရာအဆင့်ဆိုလျှင် နားလည်လက်ခံနိုင်ပေးသေးသည်။

သို့ပေမဲ့ သိုင်းအုပ်စိုးသူနှင့် သိုင်းဘုရင်အဆင့်များ ဖြစ်နေသည်။ ဤအခြေအနေထိ ရောက်ရှိအောင် မည်မျှ ကြာသည်အထိ လေ့ကျင့်ခဲ့ရသနည်း။ သို့ပေမဲ့ ဘာမှလည်းမဟုတ်ဘဲနှင့် အသက်တစ်ခုကို စတေးကာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ ဖျက်ဆီးခဲ့လေသည်။ ၎င်းတို့သည် လုပ်ကြံသတ်ဖြတ်သူများကဲ့သို့ တင်းကျပ်သည့် လေ့ကျင့်ခန်းများ ကျင့်ကြံခဲ့ရသည့်လူများ ဖြစ်နေသည်လား။

မလွတ်မြောက်နိုင်သည်ကို သိရှိသည်နှင့် တပြိုင်နက် နှိပ်စက်ခံရ၍ လျှို့ဝှက်ချက်များ ပေါ်ပေါက်သွားမည်ကို စိုးရိမ်သောကြောင့် မိမိကိုယ်ကို သတ်သေလိုက်ကြခြင်း ဖြစ်ပုံပေါ်သည်။ ဤကဲ့သို့သာဆိုလျှင် ဤအဖွဲ့သည် ကြောက်မက်ဖွယ်ရာကောင်းသော ဂိုဏ်းတစ်ခုဖြစ်မှန်း ပိုမို၍ သိသာလာခဲ့သည်။ သူနှင့် သူ၏ဂိုဏ်းသည် အမှောင် ဂိုဏ်း၏ ပစ်မှတ်ထားခြင်းကို ခံနေရ၏။ ဤအရာသည် အလွန်တရာ ဒုက္ခများပေလိမ့်မည်။

အင်း

ကျွင်းချောင်ရှောင်းသည် ကုပ်ပိုး ကို ပွတ်ကာ ပြောလိုက်၏။

“စိတ်တိုချင်စရာပဲ”

တတိယအဆင့် ဂိုဏ်းနှစ်ဂိုဏ်းနှင့် ရင်ဆိုင်ရချိန်တွင် သူသည် ဤမျှကြီးမားသော ဖိအားကို မခံစားရချေ။ သို့ပေမဲ့ သဲလွန်စလည်းမရှိသော အမှောင်ဂိုဏ်းနှင့် ရင်ဆိုင်တွေ့နေရချိန်မှာတော့ သူသည် အကူအညီမဲ့သလို ခံစားနေမိ၏။

“ဂိုဏ်းချုပ်ကျွင်း”

ထန်ရမ်က မေးလိုက်သည်။ “ဘာတွေ တွေးနေတာလဲ”

“အင်း”

ကျွင်းချောင်ရှောင်းသည် အသိပြန်ဝင်လာကာ ပြောလိုက်၏။ “သခင်လေးထန်... စီးပွားရေးကိစ္စအကြောင်းကို ပြောကြတာပေါ့”

“ကောင်းပြီ” ထန်ရမ်က ခေါင်းညိတ်လိုက်၏။

ကျွင်းချောင်ရှောင်းသည် စဦးအဆင့် ချီစုစည်းခြင်းဆေးလုံးကို ထုတ်ကာ ပြောလိုက်တော့သည်။ “သခင်လေးထန်... ဒီဆေးလုံးက ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းက သန့်စင်ထားတဲ့ ဆေးလုံးပဲလေ၊ သောက်ပြီးသွားရင် စိတ်ဝိညာဉ်စွမ်းအင် စုပ်ယူနိုင်မှုအားက ဆယ်ဆအထိ ပိုမို အားကောင်းလိမ့်မယ်၊ ပြီးတော့ လေးနာရီတိတိ ကြာတယ်”

ထန်ရမ်၏ မျက်လုံးများသည် ပြူးထွက်သွား၏။ စိတ်ဝိညာဉ်စွမ်းအင်များကို ဆယ်ဆအထိ ပိုမိုစုပ်ယူနိုင်သည့် ဆေးလုံးဆိုသည်ကို သူတစ်ခါမှ မကြားခဲ့ဘူးချေ။

“ဂိုဏ်းချုပ်ကျွင်း”

ထန်ရမ်က ပြောလိုက်သည်။ “ခင်ဗျားနောက်နေတာလား”

ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါကာ ပြောလိုက်၏။ “သခင်လေးထန်က ကျုပ်ပြောတာ မယုံရင် စမ်းကြည့်လို့ရတယ်”

“ဒါက”

ထန်ရမ်သည် တိတ်ဆိတ်ငြိမ်သက်သွား၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်က သခင်လေးထန်နဲ့ တကယ့်ကို လေးလေးနက်နက် စီးပွားရေး လုပ်ချင်နေတာလေ၊ ကျုပ်တို့ကြားမှာ ယုံကြည်မှုမရှိရင် အလကားပဲ မဟုတ်လား”

“ဒါကတော့ အမှန်ပဲ”

ထန်ရမ်သည် တစ်ချက်ကလေးမှ တွန့်ဆုတ်မှုမရှိဘဲ ဆေးလုံးအား မျိုချလိုက်တော့သည်။ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်သည် သူ့အား အဆိပ်ဆေးများ တိုက်ကျွေးလိမ့်မည်ကိုတော့ သူမည်သို့မှ တွေးတောမထားချေ။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော လုပ်ရပ်မျိုးကို ဂိုဏ်းချုပ်ကျွင်းသည် ပြုလုပ်လိမ့်မည် မဟုတ်ကြောင်း သူကောင်းကောင်း နားလည်မိ၏။

ဟူး ဟူး

ဆေးလုံးသည် သူ၏ပါးစပ်အတွင်းသို့ ဝင်သွားချင်းချင်းမှာပဲ အရည်ပျော်ကျသွား၏။ အချိန်တိုအတွင်းမှာပဲ များပြား လှသော စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ထဲ စီးဆင်းပြီး မရီဒန်များအား ပိုမို၍ အားကောင်းလာစေ၏။ ပြီးနောက် သူ၏ အသားအရေရှိ မွှေးညှင်းပေါက်များသည် ပိုမို၍ ကျယ်ပြန့်လာသည်။

ထန်ရမ်သည် သူ၏ ကျင့်ကြံခြင်း နည်းစနစ်အား လှည့်ပတ်လိုက်သည့်နောက်မှာတော့ ကောင်းကင်နဲ့ မြေကြီးအတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူနိုင်စွမ်း ပိုမို၍ တိုးတက်လာသည်ကို သတိပြုလိုက်မိ၏။

ပုံမှန်ထက် အနည်းဆုံးဆယ်ဆ ပို၍ အားကောင်း လာခဲ့ပြီဖြစ်သည်။ ဤဆေးလုံးသည် တကယ်ပဲ စိတ်ဝိညာဉ် စွမ်းအင် စုပ်ယူမှုကို အရှိန်မြင့်တက်စေ၏။ လက်ရှိ အခြေအနေမှာတော့ ထန်မိသားစု၏ ဒုတိယသခင်လေး၏ စိတ်တစ်ခုလုံးသည် ပြိုကွဲလျက်ရှိ၏။ သူ၏ မျက်လုံးများသည်လည်း ရုတ်တရက် လင်းလက်လာခဲ့သည်။

ဤကဲ့သို့ အားကောင်းလှသော ဆေးလုံးများကို ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ရောင်းချနိုင်မည်ဆိုပါက ကျိန်းသေပေါက် အုတ်အော်သောင်းနင်း ဖြစ်ပေလိမ့်မည်။ ဤအရာသည် စီးပွားရေးအခွင့်အရေးပင်ဖြစ်သည်။ ကြီးမားလှသည့် စီးပွားရေးအခွင့်အရေးပင်။

ထန်ရမ်၏ အတွေ့အကြုံနှင့် အသိအမြင်များအားလုံးသည် မည်သို့မှ ဆက်စပ် တွေးတောမရဟန်ဖြင့် ထိတ်လန့်တုန်လှုပ်စွာ ရေရွတ်လိုက်မိ၏။ “မယုံနိုင်စရာပဲ၊ မယုံနိုင်စရာပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

“သခင်လေးထန်... ဒီဆေးလုံးက မရီဒန်ဖွင့်ခြင်းအဆင့်၊ သိုင်းတပည့်အဆင့်နဲ့ သိုင်းဆရာအဆင့်တွေ အသုံးပြုရင် စိတ်ဝိညာဉ်စွမ်းအင်တွေ စုပ်ယူမှုက ပိုပြီးတော့ အားကောင်းလာစေတယ်”

စဦးအဆင့် ချီစုစည်းခြင်းဆေးလုံးသည် ကျင့်ကြံခြင်းအဆင့်သတ်မှတ်ချက်မရှိဘူးဆိုလျှင်တောင်မှ အဆင့်နိမ့် အဆင့် ကျင့်ကြံသူများအသုံးပြုပါက စုပ်ယူနိုင်စွမ်းသည် ပိုမို၍အားကောင်းကာ အကျိုးဖြစ်ထွန်းနိုင်စွမ်း ပိုမို၍ ကြီးမား၏။ သိုင်းစစ်သူကြီးနှင့် သိုင်းဘုရင်အဆင့် ကျင့်ကြံသူများအတွက်တော့ အလယ်အလတ်အဆင့် ချီစုစည်းခြင်းဆေးလုံးများ သို့မဟုတ် ဤထက်မြင့်မားသည့်ဆေးလုံးများကို အသုံးပြုခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် အလယ်အလတ်အဆင့် ချီစုစည်းခြင်း ဆေးလုံးများကို ရောင်းချရန် မစဉ်းစားထားချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ဂိုဏ်းတပည့်များပင်လျှင် သုံး၍ မလောက်ချေ။ အဘယ်ကြောင့် သူသည် ရောင်းချရ မည်နည်း။

ထန်ရမ်သည် ရုတ်တရက်အားဖြင့် ပြန်လည်တည်ငြိမ်သွားခဲ့၏။ ပြီးနောက် ပြောလိုက်တော့သည်။ “ဒီလိုအားကောင်းလှတဲ့ ဆေးလုံးမျိုးကို သန့်စင်ဖို့ဆိုတာ ခင်ဗျားရဲ့ ဂိုဏ်းမှာ ကျွမ်းကျင်လှတဲ့ ဆေးဆရာ တစ်ယောက်ယောက် ရှိနေတာ ဖြစ်ရမယ်”

ကျွင်းချောင်ရှောင်းသည် ပြုံး၍ မည်သည့်စကားမှ မဆိုချေ။

ထန်ရမ်က ထပ်၍ စကားဆိုလိုက်သည်။ “ကျုပ်မှန်းတာ မမှားဘူးဆိုရင် အိုက်မိသားစုက ဆေးလုံးတွေ အကုန်လုံးက ခင်ဗျားတို့ဂိုဏ်းကပဲနေမယ်၊ ဟုတ်တယ်မဟုတ်လား”

“ဒါ အမှန်ပါပဲ”

ကျွင်းချောင်ရှောင်းသည် မငြင်းပယ်ချေ။ သူတို့နှစ်ယောက်လုံးသည် ဉာဏ်ကောင်းလှသောသူများဖြစ်သည်မို့ အထူး လျှို့ဝှက်စရာ အကြောင်းလည်းမရှိလှချေ။ ထို့အပြင် ထန်မိသားစု၏ ဒုတိယသခင်လေးအနေနှင့် သူတို့သည် စီးပွားရေး လုပ်ငန်းကို တွဲ၍ လုပ်ဆောင်ရန် သင့်လျော်လှသည့်ဂိုဏ်းတစ်ခုဖြစ်ကြောင်း သိရှိစေခြင်းက ပိုမို၍ ကောင်းမွန်ပေလိမ့်မည်။

လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ အားသာချက်များကို ထုတ်ဖော်ပြသချင်၏။ တစ်ဖက်လူသည် အရည်အသွေး ပြည့်ဝသော စီးပွားရေးသမားတစ်ယောက်သာ ဖြစ်မည် ဆိုပါက သူတို့နှင့် ကျိန်းသေပေါက် ပူးပေါင်းဆောင်ရွက်ပေလိမ့်မည်။

“အံ့အားသင့်စရာ မရှိတော့ဘူး”

ထန်ရမ်၏ နှလုံးသားထဲတွင် ရှိနေသော ဇဝေဇဝါကိစ္စရပ်များသည် ရှင်းလင်းပြီးဖြစ်၏။ သာမန်ကျလှသော ဟူရန် မြို့၏ အိုက်မိသားစုသည် ရုတ်တရက် ဆန်းကြယ်လှသော ဆေးလုံးနှစ်မျိုးကို ထုတ်ဖော် ရောင်းချခဲ့၏။ ဤအရာ သည် ပြိုင်စံရှားဂိုဏ်းမှ ထောက်ပံ့ပေးသည့်အရာများ ဖြစ်လို့နေသည်။

ဂိုဏ်းချုပ်ကျွင်းသည် ၎င်း၏ တပည့် များနှင့်အတူ သူ့အား တားဆီးကာ ကယ်တင်ချင်ဟန် ဆောင်ခဲ့၏။ ဤသို့သောလုပ်ရပ် သည် သူနှင့်ပို၍ နီးစပ်ချင်သည့် အကြောင်းအရာကြောင့်ပင်ဖြစ်ပြီး ပိုမိုယုံကြည်ရသည့် စီးပွားရေး လက်တွဲဖော်ကို ရှာဖွေချင်၍ဖြစ်ကြောင်း နားလည်လိုက်မိ၏။

ထန်မိသားစု၏ ဒုတိယသခင်လေးသည် ဉာဏ်ကောင်းလွန်းလှသူဖြစ်သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်း၏ လက်ရှိရည်ရွယ်ချက်ကို ကောင်းကောင်း ခန့်မှန်းမိနေသည်။

“ဂိုဏ်းချုပ်ကျွင်း”

ထန်ရမ်က မေးလိုက်၏။ “ခင်ဗျားဆီမှာ ဒီလိုဆေးလုံးတွေ ဘယ်လောက်ရှိလဲ”

ကျွင်းချောင်ရှောင်းသည် စားပွဲကို လက်ချောင်းများဖြင့် အသာတောက်ရင်း ပြုံးကာ ပြောလိုက်သည်။ “ထန်သခင်လေး... ခင်ဗျားလိုချင်သလောက် ကျုပ်ဆီမှာရှိတယ်”

ဤစကားလုံးသည် အလွန်ပင် အဓိပ္ပာယ်နက်ရှိုင်းလွန်းလှ၏။ စဦးအဆင့် ချီစုစည်းခြင်းဆေးလုံးများသည် အဆင့် မြင့်မားလှသည့် ပါဝင်ပစ္စည်းများ မလိုအပ်လှချေ။ ထို့ကြောင့် လွယ်လွယ်ကူကူနှင့် ရှာဖွေတွေ့ရှိနိုင်၏။ တစ်နေ့ကို နှစ်ဆယ့်လေးနာရီလုံးလုံး သန့်စင်ထား၍ ရနိုင်သည်။

“ဆေးလုံးတစ်သိန်းလား၊ ဟုတ်လား၊ ဒါဆိုရင် ဈေးနှုန်းကကော”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းက ဆေးလုံးတွေကို ထောက်ပံ့ပေးမယ်၊ သခင်လေးထန်က ဒီဆေးလုံးတွေကို ရောင်းချဖို့အတွက် ဈေးနှုန်းသတ်မှတ်ဖို့ တာဝန်ယူပေးလေ၊ ပြီးရင် ကျုပ်တို့ အမြတ်အစွန်းကို ငါးဆယ် - ငါးဆယ် ခွဲယူကြတာပေါ့”

သူ့အနေဖြင့် အမြတ်အစွန်းကို သုံးဆယ် - ခုနှစ်ဆယ်၊ လေးဆယ် - ခြောက်ဆယ်တွေ ခွဲခြားနေစရာ မလိုအပ်ပေ။ လက်ရှိအတိုင်း ငါးဆယ် - ငါးဆယ်သာ ပြုလုပ်လိုက်ရန်သာ စဉ်းစားလိုက်၏။

“ကောင်းပြီ”

ထန်ရမ်က ပြောလိုက်သည်။ “ဒီဆေးလုံး အမျိုးအစားတွေက စိတ်ဝိညာဉ်စွမ်းအင်တွေကို ဆယ်ဆပိုမို စုပ်ယူနိုင်စွမ်းရှိတယ်”

ဤအရာများသည်သာ ဈေးကွက်ထဲသို့ ရောက်ရှိပါက ကျင့်ကြံသူများအားလုံးသည် ရူးသွပ်သွားမှာပင် စိုးရ၏။ ထို့ကြောင့် ဤကဲ့သို့သော ဆေးလုံးတစ်လုံးကို လူတို့ဖန်တီးထားသော စိတ်ဝိညာဉ်ကျောက်တုံးတစ်လုံး၏ ရောင်းချသည့်ဈေးနှုန်းနှင့် တူညီစွာရောင်းချရန် မခက်ခဲလှချေ။

“သခင်လေးထန်”

ကျွင်းချောင်ရှောင်းသည် တခြားသော ဆေးလုံးတစ်မျိုးကို ထုတ်ယူကာ ပြောလိုက်သည်။ “ဒါကတော့ ကျုပ်တို့ဂိုဏ်းက ဖန်တီးထားတဲ့ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးလေ၊ ဒါကိုသောက်ပြီးရင် ဒဏ်ရာ တွေ ချက်ချင်းကို ပြန်လည်ကောင်းမွန်သွားလိမ့်မယ်”

ထန်ရမ်က ပြောလိုက်၏။

“အိုက်မိသားစုက ရောင်းချတဲ့ ဆေးလုံးတွေလား”

ကျွင်းချောင်ရှောင်းက ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “အိုက်မိသားစုက ရောင်းတာက အဆင့်နိမ့်လေ၊ မရီဒန်ဖွင့်ခြင်းအဆင့်နဲ့ သိုင်းတပည့်အဆင့်တွေသာ သုံးလို့ရတယ်၊ ဒီပြန်လည်ကောင်းမွန်ခြင်းဆေးလုံးက အဆင့်မြင့်ပဲ၊ သိုင်းဆရာနဲ့ သိုင်းစစ်သူကြီးအဆင့်တွေ သုံးလို့ရတယ်”

“ဒီလိုလား” ထန်ရမ်သည် တုန်လှုပ်သွားမိ၏။ သူ၏ မျက်လုံးများသည်လည်း ပြန်လည်၍ လင်းလက်လာပြန်သည်။

“ပြီးတော့ ကျုပ်ဆီမှာ အဆိပ်ဖြေဆေးတစ်ခု ရှိသေးတယ်၊ အဆိပ်ပေါင်းတစ်ရာကျော်ကို ကုသနိုင်စွမ်းရှိတယ်” ကျွင်းချောင်ရှောင်းက ထပ်မံကာ ပြောဆိုလိုက်၏။

“အဆိပ်တစ်ရာကျော်ကို ကုသတာ ဟုတ်လား”

ထန်ရမ်သည် ဆွံ့အသွားမိ၏။ အဆိပ်ဖြေဆေးများသည် ဈေးကွက်တွင် ပေါပေါများများရှိနေ၏။ သို့ပေမဲ့ တော်တော်များများမှာ အဆိပ်တစ်မျိုးတည်းကိုသာ ကုသနိုင်စွမ်း ရှိနေ၏။ ဤကဲ့သို့ အဆိပ်ပေါင်းရာချီကို ကုသ နိုင်သည့်ဆေးလုံးမျိုး ရှိသည်ဟု သူမကြားဘူးချေ။

စီးပွားရေးလောကတွင် များပြားလှသော အတွေ့အကြုံများ ရှိသော ထန်မိသားစု၏ ဒုတိယသခင်လေးသည် ရုတ်တရက်ဆိုသလိုပဲ ကျွင်းချောင်ရှောင်း ထုတ်ဖော်လိုက်သော ဆေးလုံးများကို မြင်ရချိန်မှာတော့ သူငယ်နှပ်စားလေးတစ်ယောက်လို ခံစားလာမိသည်။

“ဂိုဏ်းချုပ်ကျွင်း”

ထန်ရမ်က ပြောလိုက်သည်။ “ခင်ဗျားဆီမှာ တခြားကောင်းတဲ့အရာတွေ ဘာတွေရှိသေးလဲ၊ ကျေးဇူးပြုပြီး အားလုံးကိုသာ ထုတ်လိုက်ပါတော့၊ ကျွန်တော် ကြည့်ရအောင်”

ကျွင်းချောင်ရှောင်းသည် စားပွဲပေါ်သို့ အအေးဓားကို တင်ကာ ပြောလိုက်သည်။ “သခင်လေးထန်... ဒီဓားကိုလည်း သုံးသပ်ကြည့်ပါအုံး”

ထန်ရမ်သည် ဓားအား လက်ထဲတွင် ကိုင်ကြည့်လိုက်သည့်အချိန်မှာတော့ ဓားအိမ်ထဲမှ အေးစက်သည့်လေများ တိုက်ခတ်လာသည်ကို ရုတ်တရက် ခံစားလိုက်မိ၏။

ချွမ်

ဓားအား ဓားအိမ်ထဲမှ ထုတ်ယူလိုက်သည့်နောက်မှာတော့ အေးစက်သည့်လေများသည် ထွက်ပေါ်လာခဲ့သည်။ ထန်ရမ်သည် ဓားသွားအား လက်နှစ်ချောင်းဖြင့် အသာထိကြည့်လိုက်၏။

“ဓားကောင်းတစ်လက်ပဲ”

သူ့အနေနှင့် သူ၏အိမ်တွင် များပြားလှသည့်လက်နက်ကောင်းများကို မြင်ဖူးခဲ့သည်။ သို့ပေမဲ့ လက်ရှိ ထိတွေ့ခြင်းနှင့် ရရှိခဲ့သည့် ခံစားချက်မှာတော့ အအေးဓားသည် အလယ်အလတ် အထက်အဆင့် ဓားတစ်ခုဖြစ်ကြောင့် ခန့်မှန်း နိုင်၏။ အထူးသဖြင့် လက်ရာပင်ဖြစ်တော့သည်။ အလွန်တရာ သေသပ်လွန်းလှသည်။

“ဂိုဏ်းချုပ်ကျွင်း”

ထန်ရမ်သည် လေးနက်စွာဖြင့် ပြောလိုက်၏။ “ဆရာဖန်းတောင်မှ ဒီလိုပြည့်စုံလှတဲ့ ဓားတစ်ခုကို သွန်းလုပ်နိုင်မှာ မဟုတ်ဘူးလို့ ကျုပ်ထင်နေတယ်”

ဆရာဖန်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ပန်းပဲပညာတွင် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါးပင် ဖြစ်တော့၏။ သူ ဖန်တီးခဲ့သော လက်နက်များအားလုံးအား ရတနာတစ်ခုအဖြစ် မှတ်ထင်ကြ၏။ ဤကဲ့သို့သော အအေးဓားကို သုံးသပ်ရမည်ဆိုလျှင် အလွန်တရာ အဆင့်မြင့်မားလွန်းလှသည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သခင်လေးထန်... ကျွင်းအနေနဲ့ အရင်ဆုံး ပြောဖို့လိုတယ်အရာတစ်ခုရှိတယ်”

“ကျေးဇူးပြုပြီး ပြောပါ”

ထန်ရမ်က ပြောလိုက်၏။ “တကယ်လို့ ခင်ဗျားနဲ့ကျုပ်နဲ့ ပူးပေါင်းမယ်ဆိုရင် ဒီဆေးလုံးတွေ၊ လက်နက်တွေက ဘယ်ကနေရတယ်ဆိုတာ လျှို့ဝှက်ထားပေးဖို့ လိုအပ်လိမ့်မယ်”

အိုက်မိသားစုနှင့် ပူးပေါင်းစဉ်ကကဲ့သို့ပင် သူတို့သည် ဆေးလုံးနှင့် လက်နက်များ ပြိုင်စံရှားဂိုဏ်းဆီမှ ပေါ်ပေါက် လာခြင်းဖြစ်ကြောင်း လောကကြီးအား မသိစေချင်ပေ။

ကျွင်းချောင်ရှောင်း၏ ဆိုလိုရင်းအဓိပ္ပာယ်ကို ထန်ရမ်သည် ကောင်းကောင်း နားလည်သည်။ ထို့ကြောင့် သူသည် လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း... ကျေးဇူးပြုပြီး စိတ်ချပါ၊ ကျုပ်တို့က ပူးပေါင်းဆောင်ရွက်ပြီးတဲ့နောက်မှာ ဘယ်သူ့ကိုမှ ပြောမှာ မဟုတ်ဘူး”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင် ဆေးလုံးသုံးလုံးနဲ့ လက်နက်တစ်ခုကို ရောင်းချခွင့် ကျုပ် ခင်ဗျားကို ပေးလိုက်မယ်၊ ခင်ဗျားနဲ့ကျုပ်က ပျော်ပျော်ရွှင်ရွှင် ပူးပေါင်းဆောင်ရွက်ပြီး နှစ်ဖက်လုံး အဆင်ပြေတဲ့ လုပ်ငန်းစဉ်တစ်ခုကို ဖန်တီးကြတာပေါ့”

နှစ်ဖက်လုံးသည် စာရွက်များကို ထုတ်ယူကာ အကြမ်းဖျင်း သဘောတူညီချက်များကို ရေးသားလိုက်၏။

“ဂိုဏ်းချုပ်ကျွင်း”

လက်မှတ်ထိုးပြီးသည့်နောက်မှာတော့ ထန်ရမ်သည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။

“ကျုပ် ပြိုင်စံရှားဂိုဏ်းကို လာလည်တဲ့ ဒီခရီးက တကယ့်ကို အလဟဿ ခရီးမဟုတ်ဘဲ အကျိုးအမြတ်များတဲ့ ခရီးတစ်ခုဖြစ်ခဲ့တယ်၊ ဝမ်းသာတယ်ဗျာ”

All Chapters