အခန်း (၆၉၂)
Vol. 47 Ch. 692
ထန်မိသားစု၏ ဆေးလုံးစီးပွားရေး တိုးတက်လာသည်ကို မြင်ရချိန်မှာတော့ ၎င်းတို့၏ မိသားစု ကိုယ်တိုင်ပင်လျှင် ထိတ်လန့် တုန်လှုပ်မိနေ၏။
တိုက်ရိုက်မျိုးဆက်များနှင့် မိသားစု၏ အထက်ပိုင်း အကြီးအကဲများအားလုံးသည် ထန်ဟယ်တစ်ယောက် ဤမျှ များပြားလှသော ပိုက်ဆံများကို ရှာဖွေနိုင်လိမ့်မည်ဟု သူတို့ မထင်မှတ်မိခဲ့ကြချေ။ ထိုအရာသည် သူတို့အား မျက်နှာကို ပိတ်ရိုက်လိုက်ခြင်းနှင့်ပင် ဆင်တူနေသည်။
အဖိုးကြီးထန်သည် ထိုအကြောင်းကို ကြားသည့်နောက်မှာတော့ မနေနိုင်ဘဲ တွေးလိုက်မိ၏။
သူ၏ မြေးသည် အချိန်အတိုင်းအတာ အတွင်းမှာပဲ ဆေးလုံးနှင့် ပတ်သတ်သော စီးပွားရေး လုပ်ငန်းများအား ဖွင့်လှစ်ထားနိုင်၏။ ထို့အပြင် စွန်းမိသားစုဆီမှ ဖောက်သည်များကိုပင် လုယူနိုင်ခဲ့သေး၏။ ဤအရာသည် သူ ထင်မှတ်ထားခဲ့သည့် ကိစ္စမျိုး မဟုတ်ပေ။
ဟုတ်ပေသည်။ သူသည် အလွန်တရာ စိတ်ဝင်စားလျက်ရှိ၏။ ဤဆေးလုံး သုံးခုသည် မည်သည့် နေရာက ရရှိခဲ့သနည်း။
ဟူး။
ထန်ရမ် က ပြောလိုက်၏။ "ဒီဆေးလုံး သုံးမျိုးကို ကျွန်တော် လောကကြီးထဲကို လှည့်လည် သွားလာနေတုန်း ဆေးဆရာ တစ်ယောက်က ပေးခဲ့တာပါ။
“သြော်”
အဘိုးကြီး ထန်က ပြန်ပြောလိုက်သည်။ ဤအရာမှာ ဆင်ခြင်တစ်ခုသာ ဖြစ်ပြီး သူ့အား ဇာတ်ကြောင်းကို မပြောပြချင်ကြောင်း ကောင်းကောင်းနားလည်၏။
"ရမ်အာ"
အဘိုကြီး ထန်သည် တီးတိုးပြောလိုက်သည်။ "ဒါက မင်းရဲ့ ကိုယ်ပိုင် စီးပွားရေးလျို့ဝှက်ချက်လေ။ဒီတော့ ဒါကို ကာကွယ်ထားရမယ်။မဟုတ်ရင် တစ်ခြားသော သူတွေက လုယူသွားနိုင်တယ် မဟုတ်လား။"
တိုက်ရိုက်မျိုးဆက်၏ ဒုတိယနှင့် တတိယ မျိုးဆက်များအားလုံးသည် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းများကို လုပ်ဆောင်ကြသည်။ မိသားစုအား ကောင်းမွန်သည့် အကျိုးကျေးဇူးများ ပေးစွမ်းနိုင်သည်ဆိုလျှင် သူ့အနေနှင့် ကြားဝင်၍ ရှုပ်နေလိမ့်မည် မဟုတ်ချေ။
အခြားတစ်ဖက်က ပြောရမည်ဆိုလျှင် ထန်ရမ် သည် ဆေးလုံးသုံးခုကို ရရှိခဲ့သည် ဆိုသည်မှာ သူ၏ အရည်အချင်းနှင့်ပင် ဖြစ်၏။ ထို့ကြောင့် အနာဂတ်တွင် မည်မျှ ဝေးဝေးထိ ပိုမိုသွားနိုင်မည် ဆိုသည်ကတော့ သူ၏ကိုယ်ပိုင် စွမ်းရည်နှင့် မူတည်နေသည်။
"အဘိုး က အပြင်လူတွေကို သတိထားဖို့ ပြောတာလား ကလန်ထဲက လူတွေကို သတိထားဖို့ ပြောတာလား"
စာကြည့်ခန်းထဲမှ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ ထန်ရမ် သည် အဘိုးကြီးစကားနှင့် ပတ်သက်၍ သေသေချာချာ စဉ်းစားလျက်ရှိနေတော့သည်။
…....
ပြိုင်စံရှား ဂိုဏ်း
လီလိုရှုသည် ထုံးစံအတိုင်း လာရောက်ကာ သတင်းပို့လိုက်သည်။ "လွန်ခဲ့သော လဝက်အတွင်းမှာပဲ ထန်မိသားစုရဲ့ ဆေးလုံး ဆိုင်တွေက ဈေးထဲမှာ တရားဝင် ဖွင့်လိုက်ပြီး ဆေးလုံးရောင်အားကလည်း တော်တော်ကြီးကို ကြီးမားတယ်လို့ ဆိုတယ်"
"အဲလိုလား"
ကျွင်းချောင်ရှောင်း ပြုံးလိုက်မိသည်။
သူသည် ထိုအရာနှင့် ပတ်သက်၍ မအံ့ဩပေ။ အဘယ့်ကြောင့်ဆိုသော် ဆေးလုံးသုံးလုံး၏ အကျိုးသက်ရောက်မှုသည် သိုင်းကျင့်ကြံသူများအားလုံးကို ခန့်မှန်း၍ မရနိုင်သည့် အကျိုးကျေးဇူးများကို ရရှိနိုင်သည်။
ထန်မိသားစု မဆိုနှင့် အိုက်မိသားစုကို ရောင်းခိုင်းလျှင်ပင် ကျိနသေပေါက် အမြတ်အစွန်းများများ ရအောင် ရောင်းချနိုင်ပေလိမ့်မည်။
ဤသို့နှင့်ပင် ထန်မိသားစု၏ ဆေးဆိုင်များသည် ပိုမို တိုးတက်လာပြီး ရောင်းအားမှာလည်း ဆထက်တပိုး တိုးတက်လာခဲ့သည်။ ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်းသည် ပိုက်ဆံတွေကို ရယူရန် စောင့်စားနေဖို့သာ လိုတော့သည်။
သူသည် ကုန်ကြမ်းပစ္စည်းများကို ပြင်ဆင်၍ နောက်ထပ် ဆေးလုံးများကို ပေးစွမ်းနိုင်ရန် စီစဉ်ထားသည်။
သူကိုယ်တိုင် ဤအရာများကို သန့်စင်နေရသည်က အနည်းငယ်တော့ ဒုက္ခရောက်နေသည်။
"တပည့်တွေအနေနဲ့ ဆေးလုံးတွေကို သန့်စင်နိုင်တဲ့ လုပ်ဆောင်ချက်တွေ စနစ်မှာ ပါဝင်နေမယ်ဆိုရင် ဘယ်လောက် ပြည့်စုံလိုက်မလဲ။" ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်မိ၏။
စနစ်သည် ဆွံ့အသွားမိသည်။ "ဒီကိစ္စကို တပည့်တွေသာ လုပ်နိုင်မယ်ဆိုရင် အရာအားလုံးကို လက်လွှတ်ပြီး သွားချင်ရာကို လျှောက်သွားတော့မှာ မဟုတ်လား"
"သိပ်မှန်တာပေါ့"
ဂိုဏ်းချုပ်ကျွင်းသည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လိုက်မိသည်။ သောက်တလွှဲ ချိန်ကိုက်ဗုံးသာ မရှိဘူးဆိုရင် ငါ လုပ်ချင်ရာကို လုပ်နိုင်တယ်။
ပြီးသည့်နောက်မှာတော့ သူသည် ဆေးခန်းမဆောင်သို သွား၍ ချီစုစည်းခြင်း ဆေးလုံးများ ပြုလုပ်ရန်အတွက် ကုန်းကြမ်းပစ္စည်းများ စိုက်ပျိုးခိုင်းခဲ့၏။ ထို့အပြင် သူသည် စိတ်ဝိညာဉ်စွမ်းအင်များ များပြားခြင်း မများပြားခြင်းများကို သူဂရုမစိုက်ပေ။ ဖြစ်နိုင်သမျှ အမြန်ဆုံး ဆေးလုံးများကို သန့်စင်နေချင်သည်။
သေသေချာချာ စိုက်ပျိုးထားသော ဆေးပင်များနှင့် သန့်စင်ထားသော ဆေးလုံးများသည် စိတ်ဝိညာဉ် စွမ်းအင်များကို စုပ်ယူနိုင်မှုတွင် ဆယ့်ငါးဆ ပိုမို ကောင်းမွန် စေသည်။
သို့ပေမဲ့ တစ်ခြားသူများကို ရောင်းချဖို့ ဆိုလျှင် ဤထက်ပို၍ နည်းသော စုပ်ယူနိုင်မှုရှိသည်ကသာ အသင့်တော်ဆုံး ဖြစ်ပေလိမ့်မည်။ ဖြစ်နိုင်မည်ဆိုလျှင် သူသည် ထုတ်လုပ်မှုတွင် ဤထက်ပင် ပို၍ မြန်ဆန်ချင်နေသည်။
ကျွင်းချောင်ရှောင်းသည် အိုက်မိသားစုကိုဆေးပင်များ ပြင်ဆင်ရန် သတင်းပေးခဲ့သေး၏။
တကယ်တော့ ကျွင်းချောင်ရှောင်းသည် သူ၏ ဆယ်ငါးဆ ပိုမိုအားကောင်းသော ချီစုစည်းခြင်း ဆေးလုံးများကို တပည့်များ အတွက် သုံးစွဲရန် ပြင်ဆင်ထားခဲ့ပြီး ဆယ်ဆသာ ပိုမိုအားကောင်းသည့် ချီစုစည်းခြင်း ဆေးလုံးများကိုတော့ တစ်ခြားသူများ အတွက် ရောင်းချရန် ပြင်ဆင်နေသည်။
ပြိုင်စံရှား ဂိုဏ်းထဲတွင် ဂိုဏ်းထဲသို့ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ခါတည်း ရရှိခဲ့သည့် စဦးအဆင့် ချီစုစည်းခြင်း ဆေးလုံးများအားလုံးသည် အလယ်ပိုင်းဒေသကြီးတစ်ခုလုံးတွင် ကျော်ကြားလျက်ရှိနေတော့သည်။
…….....
နောက်တစ်ရက်မှာတော့ မနက်ခင်း လေ့ကျင့်ခန်းများ ပြုလုပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သေခြင်းရှင်းခြင်းနယ်မြေ ၏ အရှေ့ဘက်တွင် ရပ်လျက်ရှိသည်။
ဟူး ဟူး
လေပြင်းများသည် တိုက်ခတ်လျက်ရှိပြီး သူ၏ အနည်းငယ် ရှုပ်ပွနေသော ဆံနွယ် အနက်ရောင်များသည် လေထဲတွင် လွင့်လျက်ရှိကာ သူ၏ အလွန်တရာ ကြည့်ကောင်းလှသော မျက်နှာသွင်ပြင်သည် ရုတ်တရက် ပေါ်လာတော့၏။
သူ၏ ဘေးမှာတော့ အိုက်ဟန်နှင့် ရိဟိုင် တို့သည် ကြီးမားလှသော ယပ်တောင်ကြီးများကို ကိုင်၍ အားကုန် ခပ်လျက်ရှိနေကြသည်။
သေခြင်းရှင်ခြင်း လျို့ဝှက်နယ်မြေ၏ သုံးလတာ အချိန်အကန့်အသတ်သည် ပြီးဆုံးသွားခဲ့သည် ဖြစ်သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် တပည့်များကို ခေါ်ယူ၍ ယနေ့တွင် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရန် စဉ်းစားထားမိ၏။
တပည့်တစ်ရာကျော်တို့သည် ရှေ့သို့ လှမ်းတက်လာပြီးနောက်မှာတော့ လက်နှစ်ဖက်သို့ နောက်သို့ ပစ်ကာ ဂိုဏ်းချုပ်၏ နောက်၌ မတ်မတ်ရပ်လျက်ရှိသည်။ လုချင်းချင်း ၊ လီချင်းယန် ၊ ရှောင်ကျီနှင့် တစ်ခြားသော အတွင်းစည်း တပည့်များအားလုံးသည်လည်း ရှိနေကြသည်။
တောင်၏ အနောက်ဘက်ရှိ တည်နေရာတစ်ခုလုံးသည် အနည်းငယ် ပိုမို၍ လေးနက်လျက်ရှိနေသည်။
လွယ်ကူသော လုပ်ဆောင်ချက် ယှဉ်ပြိုင်မှုတွင် အလယ်အလတ်အဆင့် အဆင့်ခြောက် စိတ်ဝိညာဉ် သားရဲကြီး ပေါ်လာခဲ့၏။ ထို့ကြောင့် လက်ရှိ အခြေအနေတွင် ဂိုဏ်းချုပ်ကျွင်းသည် သာမန်အဆင့် လုပ်ဆောင်ချက် အား ဝင်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားနေမိ၏။
ဤကဲ့သို့သော အဆင့်များကို ဝင်ရောက်ယှဉ်ပြိုင်ရခြင်းအားဖြင့် ပြိုင်စံရှားဂိုဏ်းသည် ထိတ်လန့်ကြောက်ရွံ့ရမှုကို စိုးရွံ့နေလိမ့်မည် မဟုတ်ပေ။
သူတို့ အနေနှင့် ပိုမိုစိတ်လှုပ်ရှားမှုကို ရရှိရန် အတွက် လျို့ဝှက်နယ်မြေ အသစ်ဆီသို့ သွားရောက်ရန် စဉ်းစားလိုက်သည်။
"အင်း သွားကြရအောင်"
ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာ ပြောလိုက်၏။
ဘုတ် ဘုတ်။
အရာအားလုံးသည် ညီညီညာညာဖြင့် သေခြင်းရှင်ခြင်း နယ်မြေထဲသို့ ဝင်လိုက်ကြတော့သည်။
ပုံရိပ်ယောင် တည်နေရာနယ်မြေထဲကို ဝင်ရောက်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ သာမန် အဆင့် လုပ်ဆောင်ချက်တစ်ခုကို ရွေးချယ်လိုက်တော့၏။
ဒွီ
အားလုံး၏ မြင်ကွင်းထဲတွင် နက်မှောင်လှသည့် တည်နေရာတစ်ခု ပေါ်လာ၏။
ဟူး ဟူး။
ထူးဆန်းသော အသံများ ထွက်ပေါ်လာပြီးသည့်နောက် အနီရောင် အလင်းတန်းများ ဖြတ်ပြေးသွားသည်။ အမှောင်ထဲတွင် ပုန်းအောင်လျက်ရှိသော ကြမ်းတမ်းလှသည့် သားရဲ ရိုင်းများ၏ မျက်လုံးများပင် ဖြစ်နေတော့သည်။
"တိုက်ပွဲ အတွက် ပြင်ဆင်ကြတော့" ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ချလွမ် ချလွမ်။
တပည့်များအားလုံးသည် လက်နက်များကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ယူလိုက်ကြတော့သည်။
အတွင်းစည်းတပည့်များအားလုံးသည် တိမ်ဖောက်ဓားမော့သို့မဟုတ် ကျန်းယန်ဓားများကို ကိုင်ဆောင်ထားခဲ့ပြီးပြီဖြစ်သည်။
၎င်းတို့သည် ဂိုဏ်း၏ တာဝန်များကို ပြုလုပ်ခဲ့ပြီးသည့်နောက် ရရှိခဲ့သည့် ဂိုဏ်းစုဆောင်းမှတ်များနှင့် ဝယ်ယူထားကြခြင်းပင် ဖြစ်၏။
ဝှီ ဝှီ။
ထိုအချိန်မှာတော့ အမှောင်ထဲတွင် ရှိနေသော အနီရောင် အလင်းတန်းများသည် ရွေ့လျားလာခဲ့သည်။
နီးနီးကပ်ကပ် မြင်ရလိုက်ချိန်မှာတော့ အနီရောင် လင်းနို့ငှက် အဖွဲ့လိုက်ကြီးဖြစ်ကြောင်း သိရှိလိုက်ရ၏။
"အလယ်အလတ်အဆင့် သားရဲတွေ သွေးလင်းနို့" လီချင်းယန်က ပြောလိုက်သည်။
ဝှစ်။
ပြောပြောပြီးချင်းမှာပဲ အလွန်တရာ အားကောင်းလှသော ဓားချီများသည် သူ၏ နားရွက် ဘေးနားဆီမှ ဖြတ်သန်းသွားပြီးနောက် လေထဲတွင် မီးပန်းပုံစံမျိုး ထွက်ပေါ်လာသည်။ သေးငယ်လှသည့် ဓားအမျှင် များ အားလုံးသည် သွေးလင်းနို့ တစ်ရာကျော်အား သတ်ဖြတ်လိုက်တော့သည်။
"ချီးတဲ့မှ"
စုရှောင်မိုသည် ကျိုးဟုန် အား မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်၏။
ဓားခုတ်ပိုင်းချက်တစ်ချက်နည်းနှင့် တင် ဓားရောင်စုံ အလင်းတန်းများကို ထုတ်ဖော်နိုင်ခဲ့တော့သည်။ ဤအရာသည် ကျန်သောတပည့်များအားလုံးအား အံ့အားသင့်မိစေ၏။
ကျွင်းချောင်ရှောင်းက တွေးလိုက်သည်။ ဒီတပည့်က ပိုပြီးတော့ အားကောင်းလာတာပဲ။
ဘုန်း … ဘုန်း ….. ဘုန်း။
ထိုအချိန်မှာတော့ အရှေ့တွင် ရပ်လျက်ရှိသော ရီရှင်းချန် သည် အရှေ့တွင် ရပ်လျက်ရှိပြီး စိတ်ဝိညာဉ် စွမ်းအင်များကို စုစည်းပြီးနောက် လေထုထဲသို့ ထိုးလွှတ်လိုက်တော့သည်။
ချက်ချင်းဆိုသလိုပဲ လေထုထဲတွင် ရှိသော လင်းနို့များအားလုံးသည် သွေးမျှင်များ အဖြစ်သို့ပင် ပြောင်းလဲသွားခဲ့၏။
ညအင်ပါယာသည် လက်ရှိအခြေအနေတွင် စိတ်အခြေအနေမကောင်းလှပေ။
သူ့အနေနှင့် ငရဲခန်း လုပ်ဆောင်မှု ယှဉ်ပြိုင်ပွဲတွင် သူတော်စင်အဆင့် သားရဲ၏ နှိပ်စက်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် သူသည် လက်ရှိ အခြေအနေကို မကျေပွဲနွဲသည့် ပုံစံဖြင့် ရှိရှိသမျှသော သားရဲများအားလုံးကို သတ်ဖြတ်ချင်နေမိ၏။
သို့ပေမဲ့ အမှောင်ထဲမှတစ်ဆင့် သွေးလင်းနို့များသည် တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။ ကြည့်ရသည်မှာ အဆုံးအစမဲ့လှသည်။
"တက်"
"တက်ကြစို့"
စုရှောင်မို ၊ လီဖေးနှင့် တစ်ခြားသော သူများအားလုံးသည် ၎င်းတို့၏ ဓားများကို မြှောက်ကိုင်ကာ ရှေ့သို့ လှမ်းတက်လာကြ၏။
ချက်ချင်းဆိုသလိုပဲ ပြိုင်စံရှား ဂိုဏ်းသည် သွေးလင်းနို့များနှင့် တိုက်ခိုက်ကြတော့သည်။
ကျွင်းချောင်ရှောင်းသည် လှုပ်ရှားချင်မိ၏။ သို့ပေမဲ့ အစောပိုင်းမှာတော့ သူသည် သူ့ကိုယ်သူ ထိန်းသိမ်းထား၏။
ထို့အပြင် ဤအရာများသည် သိုင်းဆရာ အဆင့်နှင့် နှိုင်းယှဉ်၍ ရနေသော သွေးလင်းနို့ငှက်ကလေးများ ပင်ဖြစ်သည်။ ထို့ကြောင့် တပည့်များ ရင်ဆိုင်ရခြင်းက ပို၍အဆင်ပြေလိမ့်မည်။
ဆယ်မိနစ်ခန့်ကြာပြီးသည့်နောက်မှာတော့ သွေးလင်းနို့ တစ်သောင်းကျော်တို့သည် သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။
သိုင်းဆရာတစ်သောင်း လောက်နှင့် ညီမျှသော လင်းနို့ ငှက်များအား ပြိုင်စံရှား ဂိုဏ်း၏ တပည့်တစ်ရာကျော်တို့သည် အချိန်တိုအတွင်း ရှင်းလင်းပစ်ခဲ့၏။
ဤကြမ်းတမ်းလှသော သားရဲရိုင်းများသည် ပျံသန်းနိုင်သည်သာ မဟုတ်ပါက ဤထက်ပို၍ မြန်ဆန်သော အချိန်အတွင်းတွင် သေဆုံးကြမှာ သေချာသည်။
ဂီး။
ရုတ်တရက်ဆိုသလိုပဲ အမှောင်ထဲမှ အော်သံကြီးတစ်ခု ထွက်ပေါ်လာပြီး နတ်ဆိုး လင်းယုန်နက်ကြီးထက် ပိုမို၍ ကြီးမားလှသော လင်းနို့ကြီး တစ်ကောင်သည် ဖြေးညှင်းစွာဖြင့် ပျံသန်းလာ၏။
စနစ်က ပြောလိုက်သည်။ “အလယ်အလတ် အဆင့်ခုနစ် သွေး လင်းနို့ ဘုရင်။”
ဟမ်။
ကျွင်းချောင်ရှောင်းသည် အနည်းငယ် ဆွံ့အသွားမိသည်။
လွယ်ကူသည့် လုပ်ဆောင်မှုပုံစံတွင် အဆင့်ခြောက် သိုင်းအုပ်စိုးသူနှင့် နှိုင်းယှဉ်၍ ရသော ဝက်ဝံသားရဲ ဘုရင်သည် ထွက်ပေါ်လာခဲ့၏။ သို့ပေမဲ့ သာမန်လုပ်ဆောင်မှု ယှဉ်ပြိုင်ပွဲတွင်တော့ အဆင့်ခုနစ် သိုင်းအုပ်စိုးသူနှင့် ယှဉ်ပြိုင်၍ ရသော သွေးလင်းနို့ဘုရင်သာ ပေါ်ထွက်လာခဲ့၏။
ကြည့်ရသည်မှာ အဆင့်တစ်ဆင့်သာ မြင့်မားသွားခဲ့ပြီဖြစ်သောကြောင့် ခက်ခဲပုံ မပေါ်ချေ။
ဝူး။
နောက်ထပ် သွေးလင်းနို့ ဘုရင်ကြီးသည် ထက်မံ ထွက်ပေါ်လာပြန်သည်။
သိုင်းအုပ်စိုးသူ အဆင့် ခုနစ်နှင့် နှိုင်းယှဉ်၍ ရနိုင်သော စိတ်ဝိညာဉ် သားရဲနှစ်ကောင်။ ထို့အပြင် ဤအရာသည် ပထမအဆင့် ပြိုင်ပွဲသာ ရှိနေသေး၏။
"ပြသနာပဲ"
လီချင်းယန်သည် မျက်မှောင်ကုတ်လိုက်မိ၏။
သွေးလင်းနိုဘုရင်သည် စိတ်ဝိညာဉ် မြေကမ္ဘာ သားရဲထက် အဆင့်တစ်ဆင့်သာ မြင့်မားလှသည်ဆိုသော်လည်း ရှားပါးလှသည့် ပျံသန်းနိုင်သည့် သားရဲဖြစ်သည်။
ပြသနာသည် အနည်းငယ် လေးနက်သွားခဲ့ပြီဖြစ်ကြောင်း လုချင်းချင်းကလည်း နားလည်မိ၏။
ထို့ကြောင့် သူမသည် လက်ကို တင်းတင်းပါအောင် ဆုပ်ထားလိုက်မိ၏။
အခြားတစ်ဖက်မှာတော့ ရီရှင်းချန်သည် တည်ငြိမ်တုန်းပင် ဖြစ်နေသည်။ ထို့အပြင် သူသည် သိုင်းအင်ပါယာနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်သော သူတော်စင် အဆင့် သားရဲ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသူဖြစ်သည်။ ထို့ကြောင့် အလယ်အလတ်အဆင့် အဆင့်ခုနစ်ဆိုသည်မှာ သူ့အတွက် ဘာမှ မဟုတ်ချေ။
"ငါတစ်ကောင်ကို တာဝန်ယူလိုက်မယ်။မင်းတို့ ကျန်တာကို ရှင်းလိုက်တော့။" ကျွင်းချောင်ရှောင်းသည် ညာဘက်ခြမ်းတွင် ရှိသော သွေးလင်းနိုဘုရင်အား ပစ်မှတ်ထားကာ ပြောလိုက်သည်။
"ကောင်းပါပြီ"
တပည့်များအားလုံးသည် တိမ်ခြေလှမ်းနည်းစနစ်ကို သုံးကာ ရှေ့သို့ တိုးသွားကြသည်။ ၎င်းတို့သည် သင့်တင့်လျှောက်ပတ်သော တည်နေရာတစ်ခုဆီသို့ ရောက်ရှိချိန်မှာတော့ ဘယ်ဘက်ခြမ်းရှိ သွေးလင်းနို့ ဘုရင်အား ဝိုင်းရံထားလိုက်၏။
ရှောင်ကျီနှင့် လီယုဟွာ တို့သည် သံမဏိဒိုင်းကာ အမဲရောင်ကို ထုတ်ယူ၍ သူတို့ရှေ့တွင် ထားလိုက်၏။ အဓိက တင့်ကားနှင့် ဒုတိယမြောက်တင့်ကား ဖြစ်သည်နှင့်အညီ ၎င်းတို့သည် ရှေ့ဆုံးမှာ နေရာယူကြသည်။
ရီရှင်းချန် ၊ ကျိုးဟုန်နှင့် တစ်ခြားသော တပည့်များသည်လည်း အဆင်သင့်ဖြစ်နေကြ၏။
အကယ်၍ တစ်ယောက်ချင်း တိုက်ခိုက်သည့် တိုက်ပွဲများသာ ဆိုပါက ပြိုင်စံရှား ဂိုဏ်း၏ တပည့်များ အားလုံးသည် သွေးလင်းနို့ဘုရင်၏ နှိပ်စက်သတ်ဖြတ်ခြင်းကို ကျိန်းသေပေါက် ခံရမှာ ဖြစ်သည်။ သို့ပေမဲ့ လက်ရှိ အခြေအနေတွင် ၎င်းတို့သည် လူတစ်ရာ တိတိ ရှိနေသည်။
အပြင်ဘက်လောကတွင်ဆိုလျှင် အဆင့်တစ် စိတ်ဝိညာဉ် သားရဲကို သတ်ဖြတ်ပြီးပြီ ဆိုပါက အဓိက ဂိုဏ်းများတွင် ရှိသော တပည့်များအားလုံးသည် ပျော်ရွှင်စွာဖြင့် ကခုန်နေပေလိမ့်မည်။
သို့ပေမဲ့ သေခြင်းယှဉ်ခြင်း ပြိုင်စံရှား ဂိုဏ်းထဲမှာတော့ ပြိုင်စံရှား ဂိုဏ်း၏ တပည့်များအားလုံးသည် အလယ်အလတ် အဆင့်ခုနစ် စိတ်ဝိညာဉ် အဆင့် သာရဲနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန်ပင် ကြိုးစားနေကြပြီဖြစ်၏။
ဤအရာသည် ဂိုဏ်းများ၏ တပည့်များ အကြား ကွာခြားမှုပင် ဖြစ်လေတော့သည်။