အခန်း (၆၉၄)
Vol. 47 Ch. 694
သိုင်းဘုရင်တစ်ရာတို့သည် သွေးလင်းနို့ဘုရင်အား နတ်ဘုရားအဆင့် တိုက်ခိုက်ရေးနည်းစနစ်နှစ်ခုကို ထုတ်ဖော် အသုံးပြုကာ ပြိုင်တူ တိုက်ခိုက်ခဲ့ကြ၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းမှာတော့ အခြားသော သွေးလင်းနို့ဘုရင်၏ တောင်ပံအား တစ်စစီ ဆွဲကာ ချိုးလျက်ရှိနေ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။ သို့ပေမဲ့ သူ့အနေနှင့် ဤကဲ့သို့မှ မလုပ်နိုင်ဘူး ဆိုပါက အဘယ်ကြောင့် ဂိုဏ်းချုပ်တစ်ယောက် ဖြစ်နေမည်နည်း။
ဝူး …. ဝူး။
အတောင်ပံများကို လိမ်ချိုးခံလိုက်ရသော သွေးလင်းနို့ဘုရင်သည် အလွန်တရာ နာကျင်လှသော အသံကြီးဖြင့် ထုတ်ဖော် အော်ဟစ်လျက်ရှိနေသည်။ ဤသတ္တဝါသည် ဆန်းကျယ်လှသော တည်နေရာတွင် ဖန်တီးထားသော သားရဲတစ်ကောင်ဖြစ်သည်ဆိုသော်လည်း အစစ်အမှန်အတိုင်းဖြစ်သည်ဟူသည့် နာကျင်မှုကိုလည်း ရရှိနေ၏။ အထဲသို့ ဝင်ရောက်လာသော သိုင်းကျင့်ကြံသူများကဲ့သို့ပင်ဖြစ်၏။
ရွှီး …….။
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် လက်ကိုမြှောက်ပြီးသည့်နောက်မှာတော့ လိမ်ချိုးထားသော အတောင်ပံ များသည် တစ်စစီ ကျိုးပြတ်နေပြီဖြစ်သည်။ သွေးများသည် မိုးများကဲ့သို့ ကျဆင်းလျက်ရှိ၏။ အလွန်တရာ ရက်စက်လှသည်။
ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် ဆက်လက်၍ပင် မကြည့်ရှုနိုင်တော့ပေ။ သူတို့အနေနှင့် တခြားသော သွေးလင်းနို့ဘုရင်ကိုသာ အာရုံစိုက်လိုက်ကြ၏။
ဟူး ဟူး …။
တောက်လောင်လွန်းသော မီးများနှင့် အလင်းတန်းများအားလုံးသည် မတူညီသည့် တည်နေရာ ပတ်ဝန်းကျင်ဆီမှ တိုးဝင်ရောက်ရှိလာသည်။
ဘုန်း ဘုန်း ….။
သွေးလင်းနို့ဘုရင်သည် ကြီးမားလှသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်၏။ သို့ပေမဲ့ လှုပ်ရှားမှု အရှိန်နှုန်းမှာတော့ နှေးကွေး လွန်းလှသည်။ ထို့ကြောင့် တိုက်ခိုက်ချက်အားလုံးကို ခံယူပြီးသည့်နောက်မှာတော့ အနောက်ဘက်သို့ လွင့်စင် သွားရ၏။
ဟူး ဟူး
နှင်းမြူများပါနေသည့် လေအေးများတိုက်ခတ်ပြီးသည့်နောက်မှာတော့ အအေးဓာတ်ကြီးတစ်ခုလုံးသည် တည်နေရာ တစ်ခုလုံးသို့ ပျံ့နှံ့လာ၏။ လုချင်းချင်းသည် သူမ၏လက်များကို ပိုက်ကာဖြင့် ပိုမိုအားကောင်းလှသော လေအေးများကို ထုတ်ဖော်နေသည်။
အဆုံးသတ်မှာတော့ သွေးလင်းနို့ဘုရင်သည် ခဏတာ အေးခဲသွား၏။
“ဂျူနီယာညီလေးကျိုး... မင်းကိစ္စပဲ” လီချင်းယန်က အော်ပြောလိုက်တော့သည်။
အကြီးဆုံးအစ်မကြီး၏ အအေးစည်းသည် အချိန်အကန့်အသတ် အနည်းငယ်သာ ခံနိုင်မည်ဖြစ်ကြောင်း သူကောင်းကောင်းသိ၏။ ထို့ကြောင့် အလွန်တရာ ထက်ရှလှသော တိုက်ခိုက်မှုများသည် သေကွင်းသေကွက်ကို တိုက်ခိုက်ရန် လိုအပ်လာခဲ့ပြီဖြစ်သည်။ ကျိုးဟုန်သည် ရှေ့သို့ ခုန်လွှားပြီးသည့်နောက်မှာတော့ သူ၏ဓားကို ထုတ်လိုက်၏။
ဝှစ် … ဝှစ်
ပြိုင်ဘက်ကင်းလှသော ဓားအော်ရာများသည် အမှောင်ထဲတွင် ပေါ်ပေါက်လာပြီးသည့်နောက် တည်နေရာကိုပင် ဖြတ်သန်းကာ သွေးလင်းနို့ဘုရင်ဆီသို့ ဦးတည်သွား၏။
ဇွီ
သွေးလင်းနို့ဘုရင်၏ အတောင်ပံတစ်ခုသည် ပြုတ်ကျလာခဲ့တော့သည်။
ဘုတ်
တစ်ချိန်တည်းမှာပင် သွေးလင်းနို့ဘုရင်နှင့် ထိတွေ့နေသော ရေခဲစည်းသည် ကွဲအက်လာခဲ့၏။ ပြီးသည့်နောက် မှာတော့ ၎င်း၏ခန္ဓာကိုယ်ကြီးသည် တောင်ပံတစ်ခု မရှိတော့သောကြောင့် လေထဲတွင် ဟန်ချက်ပျက်ကာ အောက်သို့ မတည်မငြိမ် ကျဆင်းလာ၏။
“အောက်သို့ကျဆင်းတုန်း သတ်ဖြတ်မှဖြစ်မယ်”
ဟူး ဟူး
ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် ထပ်မံကာ တိုက်ခိုက်လိုက်ကြ၏။ ကောင်းကင်နီ ဓားကွက်နှင့် သက်တန့်ရောင်စဉ် နည်းစနစ်များသည် လေထုထဲတွင် ထပ်မံ၍ ပေါ်ပေါက်လာခဲ့သည်။ အတောင်ပံ တစ်ဖက်ကို ဆုံးရှုံးနှင့်ပြီးဖြစ်သော သွေးလင်းနို့ဘုရင်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိပြီးဖြစ်သည်။ ထပ်မံကာ တိုက်ခိုက်ခံလိုက်ရသည့်နောက်မှာတော့ ကျယ်လောင်လှသည့် အသံကြီးနှင့်အတူ မြေပေါ်သို့ ပြုတ်ကျ လာခဲ့တော့သည်။
ရီရှင်းချန်သည် ရှေ့သို့ ခုန်လွှားသွားပြီးသည့်နောက် သူ၏လက်ထဲရှိ အအေးဓားသည် လှုပ်ရှား သွားတော့သည်။ သူသည် လင်းကျန့်ဓားသိုင်းကို ထုတ်ဖော်အသုံးပြုလိုက်ခြင်းပင်။
ဇွီ …. ဇွီ
သွေးလင်းနို့ဘုရင်၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးတွင် ဒဏ်ရာများ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ မြေပေါ်တွင် အားပြတ်စွာဖြင့် မလှုပ်မယှက် လဲနေတော့သည်။ ရီရှင်းချန်သည် ထိုအကောင်ကြီးပေါ်သို့ ခုန်တက် လိုက်ပြီးသည့်နောက် အထင်အမြင်သေးစွာ ပြောလိုက်သည်။
“အမှိုက်ပဲ”
သူ့အနေနှင့် သူတော်စင်အဆင့် သားရဲရိုင်းကြီးကို အနိုင်မယူနိုင်ဟု ဆိုသော်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိလာသော အဆင့်ခုနှစ် သိုင်းအုပ်စိုးသူနှင့် နှိုင်းယှဉ်၍ရသော သားရဲကိုတော့ အနိုင်ယူနိုင်စွမ်း ရှိနေသည်။ သူ၏ ညီနောင်များ ပါဝင် တိုက်ခိုက်ခဲ့သောကြောင့် ဖြစ်သည်ကိုတော့ သူ ထုတ်ပြောလိမ့်မည် မဟုတ်ချေ။
“ဂျူနီယာညီလေး …. သတိထား” လီချင်းယန်သည် ထအော်လိုက်တော့သည်။
ဘုန်း
သွေးလင်းနို့ဘုရင်ကြီး၏ ခန္ဓာကိုယ်ကြီးသည် ရုတ်တရက် ကြီးထွားလာသည်။ ၎င်းသည် မသေဆုံးခင်မှာပဲ တောက်ပလှသော အလင်းတန်းများနှင့်အတူ မိမိကိုယ်ကို ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။
ရီရှင်းချန် သည် အကြီးအကျယ် ဒုက္ခရောက်နေပြီဖြစ်သည်။ သူသည် ပေါက်ကွဲမှုနှင့် အနီးဆုံးနေရာတွင်ရှိနေ၏။ ထို့ကြောင့် သူ့ဆီသို့ ရောက်ရှိလာသော သွေးနှင့် အရည်ပြား အပိုင်းအစများအားလုံးကို ရှောင်ရှား၍ မရနိုင်တော့ချေ။
သွေးလင်းနို့ဘုရင်၏ ပေါက်ကွဲမှုသည် သိုင်းပညာရှင်တစ်ယောက်အတွက် ကြောက်မက်ဖွယ်ရာ ကောင်းမွန်လှ သော အားအင်အဆင့်များ ပါဝင်မလာချေ။ သို့ပေမဲ့ ချပ်ဝတ်ပေါ်လာရောက်စင်သော သွေးနှင့်အသားစများ အားလုံးသည် ညှီဟောက်ပြီး ရွံရှာစရာကောင်း၏။ သန့်ရှင်းမှုကို အလေးထားသော ညအင်ပါယာသည် အလွန် ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေသည်။
ဘုန်း ဘုန်း
တခြားတစ်ဖက်မှာတော့ ကျွင်းချောင်ရှောင်းသည် သွေးလင်းနို့ဘုရင်၏ ခန္ဓာကိုယ်ပေါ်တွင် မတ်မတ်ရပ်လျက် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များ ပါဝင်သော လက်သီးချက်များနှင့်အတူ တစ်ဖက်သားရဲကြီး၏ ဦးခေါင်းအား အသားပြားတစ်ခုကဲ့သို့ ဖြစ်တည်အောင် ထိုးနှက်နေလေ၏။
ရုတ်တရက်ဆိုသလိုပဲ သူတို့၏ရှေ့ရှိ မြင်ကွင်းသည် ပြောင်းလဲသွား၏။ သွေးလင်းနို့ဘုရင်နှစ်ကောင်အား သတ်ဖြတ်ပြီးသည့်နောက်မှာတော့ သာမန်အဆင့် လုပ်ဆောင်မှုပုံစံ၏ ဒုတိယမြောက် ယှဉ်ပြိုင်ပွဲဆီသို့ ရောက်ရှိသွားခဲ့သည်။ ပြိုင်စံရှားဂိုဏ်းရှိ တပည့်များသည် စိတ်သက်တောင့်သက်သာ မဖြစ်ကြပေ။ ပထမအဆင့် သည် သွေးပူလေ့ကျင့်ခန်း ပြုလုပ်ခြင်းသာဖြစ်ပြီး အစစ်အမှန်တိုက်ပွဲသည် ယခုမှ စတင်မှာဖြစ်သည်။
ကွီး ကွီး
ရုတ်တရက်ဆိုသလိုပဲ လေထုထဲတွင်တော့ ပူပေါင်းလိုအရာမျိုး ဖြစ်တည်လာပြီး လေထုထဲရှိ ညှီဟောက်သည့် အနံ့သည်လည်း ပိုမို၍ ဆိုးရွားလာခဲ့သည်။ ထိုအချိန်မှာပဲ အရည်ကဲ့သို့သော မွန်းစတားများသည် တစ်ကောင်ပြီး တစ်ကောင် ထွက်ပေါ်လာခဲ့တော့သည်။ ၎င်းတို့၏ ခန္ဓာကိုယ်များသည် ကြီးမားလှသည့် ကင်းခြေများများနှင့် ဆင်တူလှ၏။
“ရုပ်ဆိုးလိုက်တာ” စုရှောင်မိုက ပြောလိုက်၏။ ဤကင်းခြေများကဲ့သို့သော မွန်းစတားများသည် ရုပ်ဆိုးရုံသာမက အလွန်လည်း နံဟောင်လှ၏။ စုစုပေါင်း ဆယ်ကောင်လောက်ရှိပြီး ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်း တပည့်များအား ဝိုင်းရံထား၏။ ၎င်းတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အော်ရာများကို သုံးသပ်ရမည်ဆိုလျှင် ဒုတိယတန်းစား စိတ်ဝိညာဉ် သားရဲများဖြစ်သည်။
“ကောင်လေးတို့...”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဆက်ပြီး တိုက်ခိုက်ရအောင်”
ရွှီး …. ရွှီး
တပည့်များအားလုံးသည် တည်နေရာအနှံ့သို့ ခွဲသွားပြီးသည့်နောက်မှာတော့ နည်းဗျူဟာကျကျဖြင့် ရုပ်ဆိုးလှသော သားရဲများအား ပြေးဝင်တိုက်ခိုက်တော့သည်။ အလင်းတန်းများ ဖြတ်ပြေးသွားပြီးသည့်နောက် တည်နေရာ တစ်ခုလုံးသည်လည်း ရှုပ်ထွေးသွားတော့သည်။ နောက်ဆုံးသားရဲကြီး သေဆုံးသွားပြီးသည့် နောက်မှာတော့ ကျောက်တုံး ပေါ်တွင် ထိုင်နေသော စုရှောင်မိုသည် မေးစေ့ကို အသာထောက်ကာ ပြောလိုက်၏။ “ပြီးသွားပြီလား”
“ဟုတ်တယ်”
လီချင်းယန်က ပြောလိုက်သည်။
“မြန်လိုက်တာ၊ နေအုံး …. ငါတို့ တိုက်ပွဲရဲ့ တည်နေရာနဲ့ ခပ်ဝေးဝေးဆီကို ဘာလို့ ရောက်နေကြတာလဲ”
အဘယ်ကြောင့်ဆိုသော် တစ်ဖက်သားရဲများအား တိုက်ခိုက်ချိန်တွင် ဂိုဏ်းချုပ်ကျွင်းသည် ခပ်ဝေးဝေး တည်နေရာ ဆီသို့ မျှားခေါ်သွားပြီး အားလုံးကို အပြီးသတ်တိုက်ခိုက်သောကြောင့်ပင် ဖြစ်သည်။ ဒုတိယတန်းစား စိတ်ဝိညာဉ်သားရဲများသည် ဓားနှင့် သိုင်းအုပ်စိုးသူတစ်ယောက်၏ ရှေ့တွင်တော့ ဘာမှ မဟုတ်ကြချေ။ အမြန်ဆန်ဆုံးနည်းလမ်းဖြင့် သတ်ဖြတ်ခံနေရသည်။
ဂိုဏ်းချုပ်၏ အားအင်အဆင့်ကိုမြင်ရချိန်မှာတော့ တပည့်များအားလုံးသည် အသာနောက်ဆုတ်ပြီး ပွဲသာ ကြည့်ရှုနေကြတော့သည်။ သူတို့အနေနှင့် အားရပါးရ အစွမ်းပြလျက်ရှိသော ဂိုဏ်းချုပ်အား အပြစ်တင်၍လည်း မရပေ။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်သည် လွယ်ကူသည့် လုပ်ဆောင်မှုပုံစံတွင် ဘာတစ်ခုမှ မပြုလုပ်ခဲ့ရချေ။ ထို့ကြောင့် မည်သည့်အတွေ့အကြုံမှတ်ကိုမှလည်း မရရှိခဲ့ပေ။
တွီ
ဒုတိယအဆင့် ပြီးသည့်နောက်မှာတော့ မြင်ကွင်းတစ်ခုလုံးသည် ထပ်မံ၍ ပြောင်းလဲသွားတော့သည်။ အားလုံး သည် အနီရောင် ကုန်းမြေကြီးတစ်ခုပေါ်တွင် ရှိနေပြီး အလွန်တရာ ပူလောင်လှသည့် မီးတောက်များ၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။ ရီရှင်းချန်၏ မျက်လုံးများသည် ကျုံ့ဝင်သွားသည်။ ဤမြင်ကွင်း၊ ဤအခြေအနေသည် သူ ငရဲခန်းလုပ်ဆောင်မှုကို ရွေးချယ်ခဲ့သည့် အချိန်က တွေ့ကြုံရသည့်နေရာနှင့် ဆင်တူနေ၏။
“သွားပြီပဲ”
အလွန်တရာ တည်ငြိမ်လှသည်ဆိုသော ညအင်ပါယာ၏ မျက်လုံးထဲ၌ စိတ်ပျက်မှုများ ပေါ်လာတော့သည်။ ထိုအချိန်မှာပဲ ကြီးမားလှသည့် မီးတောင်ပေါက်ဝကြီးဆီမှ မွန်းစတားကြီးတစ်ကောင် ပေါ်ထွက် လာတော့သည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် မီးတောက်များနှင့် တောက်လောင်လျက်ရှိပြီး ကြည့်ရသည်မှာ ရီရှင်းချန်အား သတ်ဖြတ်ခဲ့သည့် သူတော်စင်အဆင့် သားရဲကြီးနှင့် ဆင်တူလွန်း၏။
“မဟုတ်ဘူး”
ရီရှင်းချန်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ဒီကောင်ကြီးရဲ့ အော်ရာက သူတော်စင်အဆင့် မဟုတ်သေးဘူး”
ဝှစ် ဝှစ်
မီးတောက်များနှင့် ဖုံးလွှမ်းနေသော ကြီးမားလှသည့် မွန်းစတားကြီးသည် မီးတောင်ပေါက်ဝဆီမှ ထွက်ပေါ် လာပြီးသည့်နောက်မှာတော့ အပူလှိုင်းများဖြင့် ဖိနှိပ်တိုက်ခိုက်တော့သည်။ ငရဲခန်းလှုပ်ရှားမှုထဲမှာတော့ ရီရှင်းချန် သည် ဤတိုက်ခိုက်ချက်တစ်ခုတည်းနှင့် သေဆုံးခဲ့ရသည်။
“နောက်ကိုဆုတ်”
ကျွင်းချောင်ရှောင်း အော်လိုက်သည်။ တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် အနောက်သို့ ဆုတ်ခွာလိုက် ကြသည်။ ၎င်းတို့၏ မျက်လုံးများသည်လည်း လေးနက်နေတော့သည်။ ဤဖြစ်တည်လာသည့် မီးတောက်များ၏ ဖိအားသည် အရမ်းကြောက်ဖို့ ကောင်းလှ၏။
ကျွင်းချောင်ရှောင်းသည် ရှေ့သို့ ပျံသန်းသွားပြီးသည့်နောက်မှာတော့ မီးဓာတ်သားရဲကြီးနှင့် တိုက်ခိုက်တော့သည်။ တစ်ချိန်တည်းမှာပဲ သူ၏ နတ်မီးခန္ဓာကိုယ်သည် အသက်ဝင်သွား ခဲ့၏။ သူသည် မီးလူသားတစ်ယောက်ကဲ့သို့ပင်။
ဝှစ် ဝှစ်
ကျွင်းချောင်ရှောင်းသည် အနီးသို့ ကပ်ပြီးသည့်နောက်မှာတော့ လက်များကို ဖြန့်လိုက်သည်။ ကြီးမားလှသည့် မွန်းစတားကြီးနှင့် တိုက်ခိုက်တော့သည်။ တခြားသော ကျင့်ကြံသူများသာ ဆိုပါက ဤလှုပ်ရှားမှုသည် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် ဆင်တူ၏။ သို့ပေမဲ့ နတ်မီးခန္ဓာကိုယ်ကို ပိုင်ဆိုင်သော ကျွင်းချောင်ရှောင်း မှာတော့ မီးတောက်များ၏ အားအင်အဆင့်ကို လျစ်လျှူရှုထားနိုင်သည်။
ဝှစ် ဝှစ်
ကျွင်းချောင်ရှောင်းသည် မီးတောက်သားရဲကြီး၏ မီးတောက်များနှင့် ပေါင်းစပ်ပြီးသည့်နောက်မှာတော့ ငြိမ်းသက်၍ မရနိုင်သည့် မီးလူသားကဲ့သို့ပင် ပိုမို၍ အားကောင်းလာခဲ့သည်။ အဝေးတစ်နေရာတွင် ရပ်နေကြသော တပည့်များအားလုံးသည် တစ်ဖက်၏ မီးတောက်များ ပိုမို၍ အားနည်းလာခဲ့သည်ကို မြင်လိုက်ကြရ၏။
နာကျင်စွာ အော်ဟစ်လိုက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက် မီးတောက်သားရဲကြီး၏ မီးတောက်များသည် တဖြည်းဖြည်း ကျဆင်းလာခဲ့သည်ကို အားလုံးက သိရှိလိုက်ရ၏။ ဆယ်မိနစ်ခန့် ကြာမြင့်ပြီးသည့်နောက်မှာတော့ မူလအားဖြင့် ကြီးမားလှသော မီးတောက်သားရဲကြီးသည် ပေနှစ်ဆယ် သုံးဆယ်နီးပါးအထိ ကျုံ့ဝင်လာခဲ့သည်။ နတ်မီးခန္ဓာကိုယ်၏ အပူဓာတ်အောက်တွင်တော့ ၎င်းသည် မည်သို့မှ မခံနိုင်ခဲ့ချေ။
ကျွင်းချောင်ရှောင်းသည် ခပ်ဝေးဝေး တည်နေရာတစ်ခုဆီသို့ ပြန်လည်ဆုတ်ခွာပြီးသည့်နောက် လေထဲတွင် မတ်တပ်ရပ်လျက်ရှိသည်။ သူသည် လက်များကို ယမ်းခါကာ ပြောလိုက်သည်။ “ဒီကောင်ကြီးကို ရှင်းဖို့ မင်းတို့ တာဝန်ပဲ၊ မင်းတို့ တစ်ယောက်တစ်ချက်စီ ထိုးလိုက်ရင်ကို ရပြီ”
သူ့အနေနှင့် ဤအဆင့်တွင် သွားရောက်ယှဉ်ပြိုင်ခိုင်းသည်ဆိုကတည်းက တပည့်များသည် ဝင်ရောက်၍ တိုက်ခိုက်ခြင်းဖြင့် အတွေ့အကြုံမှတ်များကို ရရှိနိုင်ပြီဖြစ်သည်။
“ကောင်းပါပြီ”
တပည့်များသည် သိုင်းနည်းစနစ်အမျိုးမျိုးကို ထုတ်ဖော်ကာ အခြေအနေဆိုးရွားနေပြီဖြစ်သော မီးတောက် သားရဲကြီးအနီးသို့ တိုးဝင်ကာ တိုက်ခိုက်တော့သည်။ မီးတောက်သားရဲကြီးသည် အပိုင်းပိုင်း အစစ ဖြစ်ကုန်၏။
“ဒီ ဒီလိုနဲ့ ပြီးသွားတာလား” ရီရှင်းချန်သည် ကြောင်အသွားမိ၏။
ဝှစ် ဝှစ်
ရုတ်တရက်ဆိုသလိုပဲ သူ၏ ဒန်ထျန်ထဲတွင်ရှိသော စိတ်ဝိညာဉ်အမြူတေထဲရှိ စွမ်းအင်များသည် လှုပ်ရှားလာခဲ့ သည်။ သန့်စင်သည့် စွမ်းအားများသည် ထိုအထဲတွင် စုဝေးလျက်ရှိလာ၏။ သူသည် တုန်လှုပ်သွားမိ၏။ “ဒါ အဆင့်ကျော်ဖြတ်တော့မှာလား”
ဝှစ် ဝှစ်
လီချင်းယန်နှင့်တခြားသောသူများသည်လည်း မြေပေါ်တွင်ထိုင်ချလိုက်ပြီးသည့်နောက် အဆင့်တက်ရန် အဆင်သင့် ဖြစ်နေကြတော့သည်။ လေထဲတွင် လွင့်မျောလျက်ရှိသော ကျွင်းချောင်ရှောင်းမှာတော့ ထိုအချင်းအရာကိုမြင်တော့ တစ်ခါတည်း ထိုင်ချလိုက်သည်။ သူ၏အမူအရာများသည် ရုတ်တရက် လေးနက် သွားတော့သည်။ အဘယ်ကြောင့်ဆိုသော် ဤအဆင့်အားလုံးကို ဖြတ်သန်းပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ် စွမ်းအင်များ တိုးတက်လာသည့် အရိပ်အယောင်ကို သူမမြင်ရသေးပေ။
“လာစမ်း၊ သာမန်အခြေအနေ လုပ်ဆောင်မှုကို ရင်ဆိုင်ပြီးတဲ့နောက်မှာ ငါဘာလို့ အကျိုးကျေးဇူး မရသေးတာလဲ”
ကျွင်းချောင်ရှောင်းသည် အော်၍ ငိုချင်စိတ်ပေါက်နေသည့်အချိန်မှာပဲ သူ၏ခန္ဓာကိုယ်ထဲတွင်ရှိသော စိတ်ဝိညာဉ် အမြူတေ နှစ်ခုမှ စိတ်ဝိညာဉ်စွမ်းအင်များသည် ရုတ်တရက် ဆူဝေလာ၏။ ပြီးနောက် သူ၏စိတ်ထဲတွင် အဆင့် ချိုးဖြတ်တော့မည်ဟူသော အားကောင်းလှသည့်အတွေးများ ဖြစ်တည်လာ၏။
ဟား ဟား
“ငါက နောက်ဆုံးတော့ သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေကို ဖြတ်သန်းပြီး အကျိုးကျေးဇူးကို ကောင်းကောင်း ခံစားလို့ရပြီ”