← Chapters

အခန်း (၆၉၅)

Vol. 47 Ch. 695

အခန်း (၆၉၅)

Vol. 47 Ch. 695

ဟူး ဟူး ……။

အဆင့်တက်သည့် အရှိန်အဟုန်များသည် လျှို့ဝှက်နယ်မြေ တည်နေရာထဲသို့ ပျံ့နှံ့သွားသည်။ အချိန်တိုအတွင်း မှာပဲ တပည့်တစ်ရာကျော်တို့သည် အဆင့်တက်ခဲ့ပြီဖြစ်သည်။ လွန်ခဲ့သည့်သုံးလတုန်းက သူတို့သည် လွယ်ကူသည့် လုပ်ဆောင်ချက် ယှဉ်ပြိုင်မှုတွင် အဆင့်တတ်ခဲ့ကြပြီးဖြစ်သည်။

သုံးလကြာပြီးသည့်နောက်မှာတော့ သာမန်အဆင့် လုပ်ဆောင်မှု ပြိုင်ပွဲတွင် အဆင့်တက်ခဲ့ကြပြန်၏။ ဤအရာမှာ တရားလွန် လွန်း၏။

လီချင်းယန်နှင့် တခြားသူများသည် အတွေ့အကြုံရရှိပြီးသည်ဖြစ်သောကြောင့် အသားကျနေကြသည်။ သို့ပေမဲ့ ကျွန်ုပ်တို့၏ ညအင်ပါယာမှာတော့ ဆွံ့အလျက်ပင် ရှိနေသေး၏။ အဆင့်တက်ခြင်းဆိုသည်မှာ သိုင်းနည်းစနစ် များအပေါ် နားလည်မှုနှင့် ကြိုးကြိုးစားစား ကျင့်ကြံခြင်းအပေါ်တွင် မူတည်လျက်ရှိသည်။ လက်ရှိအခြေအနေ မှာတော့ သူတို့သည့် လျှို့ဝှက်နယ်မြေကို ဝင်ရောက်၍ ကျော်ဖြတ်ပြီးသည့်နောက်မှာတော့ မယုံကြည်နိုင်လောက်ဖွယ်ရာပင် အဆင့်တက်သွားခဲ့သည်။

“ဒါက မယုံကြည်နိုင်စရာပဲ”

ရီရှင်းချန်သည် အချိန်အတော်ကြာသည်အထိ စိတ်အေးအေး မထားနိုင်ခဲ့ချေ။ သူ့အနေနှင့် ကောင်းကင်နှင့် မြေကြီး ရှိ ဓာတ်သဘာဝများ မြင့်မားသည့်နားလည်မှုမျိုးကို မရရှိသေးဘဲနှင့် အဘယ်ကြောင့် အဆင့်တက်ရသည် ဆိုသည့် အကြောင်းကို နားမလည်နိုင်ချေ။

ဂိုဏ်းချုပ်ကျွင်းသည်လည်း အဆင့်တက်ခဲ့ပြီး ဖြစ်သည်။ သူသည် တတိယ အဆင့် သိုင်းအုပ်စိုးသူမှသည် စတုတ္ထအဆင့်ဆီသို့ ချောချောမောမောဖြင့် ရောက်ရှိခဲ့၏။ ဖြစ်စဉ်တစ်ခုလုံးသည် ရိုးရှင်းလွန်းလှပြီး အတွေ့အကြုံအဆောင်ကို ချိုးချေလိုက်သည်နှင့် မကွာခြားလှပေ။

သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေ၏ စနစ်အရ ယှဉ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် လူများအားလုံးသည် ဆုလာဘ်များကို ရရှိကြမည်ဖြစ်သည်။ သံသယရှိစရာပင် မလိုချေ။ သာမန်အဆင့် ပြိုင်ပွဲတွင် ကျွင်းချောင်ရှောင်း သည် အစွမ်းအပြဆုံးဖြစ်သောကြောင့် အကျိုးကျေးဇူးများလည်း အများဆုံးရရှိသူဖြစ်နေတော့သည်။

ဟုတ်ပေသည်။ အဓိကအားဖြင့် တတိယအဆင့်တွင်ရှိသော မီးတောက်သားရဲကြီးအား တိုက်ခိုက်ရာတွင် သူသည် တစ်ကိုယ်တော် အစွမ်းကို ပြသခဲ့၏။

“အံ့အားသင့်စရာပဲ”

ကျွင်းချောင်ရှောင်းသည် တပည့်များကို ခေါ်ယူ၍ လျှို့ဝှက်နယ်မြေထဲမှ ပြန်လည်၍ ထွက်ခွာလာခဲ့သည်။ အဓိက ဟောခန်းထဲတွင် ထိုင်ပြီးသည့်နောက် သူသည် သာမန်အဆင့် လုပ်ဆောင်နိုင်မှု၏ ခက်ခဲပုံကို ပြန်လည်ကာ စဉ်းစားနေမိသည်။

တပည့်များတွင် သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံသူဟူ၍ မရှိပေ။ ထိုသို့ဆိုလျှင် အထဲသို့ဝင်သွားမည်ဆိုပါက ကျိန်းသေပေါက် နင်းချေခံရမှာသေချာ၏။ ညအင်ပါယာ၏ ငရဲခန်းစိန်ခေါ်မှုနှင့် ချိန်ထိုးကြည့် လိုက်မည်ဆိုလျှင် သိုင်းအုပ်စိုးသူအဆင့် သားရဲကြီးသည် ရင်ဆိုင်ရန် ခက်ခဲပေလိမ့်မည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် တပည့်များအား သာမန်လုပ်ဆောင်မှုတွင်ပင် ဝင်ရောက်ယှဉ်ပြိုင်ခိုင်း၏။

တခြားသော တပည့်များသည် ယုံကြည်ချက် ပြင်းထန်စွာဖြင့် အဖွဲ့များဖွဲ့ကာ စိန်ခေါ်မှုကို သွားရောက်ပြုလုပ် ကြတော့သည်။ နောက်ဆုံးမှာတော့ ဝင်သွားသည့်သူတိုင်း အားလုံးသည် ကျရှုံးစွာဖြင့် ပြန်လည်ထွက်ခွာလာရ တော့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် အားကောင်းလှသော ဂိုဏ်းချုပ်ကျွင်းကဲ့သို့ ကျင့်ကြံသူ တစ်ယောက် ပါမသွားခဲ့ချေ။ ထို့ကြောင့် စကတည်းက ရှုံးနိမ့်နေသည်ဟု ဆိုရမည်ဖြစ်သည်။

“တစ်ရာနှင့်မလုံလောက်ရင် နှစ်ရာဝင်ကြရအောင်”

ကျွင်းချောင်ရှောင်းသည် သူ၏နည်းဗျူဟာကို ပြောင်းလဲပြီးနောက် စိန်ခေါ်သည့်အရေအတွက်အား ပြောင်းလဲ လိုက်တော့သည်။ အဆုံးသတ်မှာတော့ သူတို့သည် ကြီးမားသည့်ပေးဆပ်မှုမျိုးကို ပေးဆပ်ကာ တိုက်ခိုက်ခဲ့ရသည် ဆိုသော်လည်း ယှဉ်ပြိုင်ပွဲကိုတော့ အောင်နိုင်ခဲ့ရသည်။ အရေအတွက် နှစ်ရာတွင် တစ်ရာ့သုံးဆယ်သည် ကျရှုံးခဲ့ ရပြီး ကျန်သည့်လူများသည်သာ တတိယအဆင့်သို့ ရောက်ရှိခဲ့၏။

“ပြန်ပြောင်းမှ ဖြစ်မယ် ထင်တယ်”

ကျွင်းချောင်ရှောင်းသည် သာမန်လုပ်ဆောင်မှုတွင် တပည့်များ စိန်ခေါ်မှုအား ခဏတာ ရပ်တန့်ထားရန် အမိန့်ပေး လိုက်သည်။ ထိုအစား သူသည် ရိုးရှင်းလှသော လုပ်ဆောင်မှု ပုံစံတွင်သာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စေလွှတ်ထား ၏။

“ဒါကို အစောကြီးကတည်းက ပြောင်းမှာ” စနစ်က ပြောလိုက်၏။ သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေထဲရှိ လုပ်ဆောင်မှုပုံစံများသည် စိန်ခေါ်သူတိုင်းကို အဆင့်ချိုးဖြတ်နိုင်ရန် အကူအညီဖြစ်စေသည်တော့ မဟုတ်ပေ။

ထို့ကြောင့် မည်သည့်နေရာတွင် လေ့ကျင့် လေ့ကျင့် တူညီသည်ဟု ဆိုရမည်။ အလွယ်ကူဆုံး၊ သာမန်အဆင့်၊ ခက်ခဲမှု စသည့်အရာများကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်သွားရန်ဆိုသည်မှာ ဂိမ်းကစားနေခြင်း မဟုတ်ပေ။

“အထဲကိုသွားပြီး စိန်ခေါ်တိုက်ခိုက်ချင်တဲ့လူတွေက ကျွန်တော့ကို ခေါ်ကြပါအုံး၊ ကျွန်တော်က ရေဓာတ်အမျိုး အစားကျင့်ကြံသူပါ”

“ကျွန်တော်ကတော့ ဓာတ်ငါးပါးကောင်းကင်နည်းစနစ်ရဲ့ ဓာတ်ငါးပါးလုံးကို နားလည်တယ်လေ၊ အဓိကအားဖြင့် မြေဓာတ်သဘာဝမှာ အားကောင်းတယ်၊ ဒီတော့ အထဲဝင်ရင် ခေါ်ကြပါအုံး”

“ငါတို့ဆီမှာ မီးဓာတ်အမျိုးအစား ကျင့်ကြံသူတစ်ယောက် လိုအပ်နေတယ်လေ၊ တကယ်လို့ ရှိတယ်ဆိုရင် လိုက်ခဲ့ကြ၊ အဖွဲ့ဖွဲ့ပြီး သွားကြရအောင်”

သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်မှာတော့ များပြားလှသော တပည့်အားလုံးသည် စုဝေးကာ နေ့စဉ် နေ့တိုင်း စိန်ခေါ်လျက်ရှိသည်။ ၎င်းတို့သည် ဂိမ်းကစားခြင်းကို ပြုလုပ်နေသကဲ့သို့ပင် တစ်ယောက်နှင့် တစ်ယောက် လိုအပ်သည်များကို အော်၍ ပြောဆိုကာ အဖွဲ့ဖွဲ့၍ ဝင်ရောက်သွားကြသည်။

ပြိုင်စံရှားဂိုဏ်းတွင် တပည့်များ များပြားလာသည်နှင့်အမျှ တစ်ယောက်နှင့်တစ်ယောက် အလုံးစုံ မသိရှိကြတော့ချေ။ ထို့ကြောင့် လိုအပ်သည့်အရည်အချင်းနှင့်ပြည့်စုံသည့် အသင်းဖော်များကို ယခုကဲ့သို့ အော်ကာ ခေါ်နေကြခြင်းပင် ဖြစ်တော့ သည်။

အတိုချုပ်ပြောရမည်ဆိုလျှင်တော့ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်နိုင်သည့် အခွင့်အရေးသည် ဂိုဏ်းထဲတွင် ရှိနေသည်။ သို့ပေမဲ့ ဤအရာအား ကျော်ဖြတ်နိုင်မလား၊ မကျော်ဖြတ်နိုင်ဘူးလား ဆိုသည်မှာ ၎င်းတို့၏ အားအင်အဆင့်နှင့် အဖွဲ့အစည်းအလိုက် အလုပ်လုပ်ပုံပေါ်တွင် မူတည်လျက် ရှိနေသည်။

သာမန်အဆင့် လုပ်ဆောင်မှုပုံစံသည် တားမြစ်ထားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် တပည့်များအနေဖြင့် အလွယ်ကူဆုံးလုပ်ဆောင်မှု ပုံစံကိုသာ ဆက်လက်၍ ယှဉ်ပြိုင်နေရ၏။

အရင်အတွေ့အကြုံများကြောင့် သူတို့သည် ဤအဆင့်ကို လွယ်လွယ်ကူကူနှင့် အောင်မြင်နိုင်ကြ၏။ အောင်မြင်ပြီး သူများဖြစ်ဖြစ်၊ ကျရှုံး၍ ထွက်လာသူများဖြစ်ဖြစ် သုံးလတာ စောင့်ဆိုင်းနေရမည်ဖြစ်သည်။ ၎င်းတို့အားလုံးသည် လုံလောက်သည့်အတွေ့အကြုံများ ရရှိပြီးသည့်နောက်မှာတော့ အဆင့်တစ်ခုကို တိုးတက်ရောက်ရှိခဲ့ကြသည်။ အဆင့်တစ်ခုကို နှစ်ကြိမ်တိုင် ကျော်ဖြတ်ခဲ့သော တပည့်များမှာတော့ အဆင့်မတက်ကြချေ။ သို့ပေမဲ့ စိတ်ဝိညာဉ် အမြူတေထဲတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအားများမှာတော့ ပိုမို၍ များပြားလာခဲ့သည်။

ဤကဲ့သို့ နည်းနည်းချင်း ကျင့်ကြံသွားမည်ဆိုပါက ကျိန်းသေပေါက် ထပ်မံကာ တခြားသူများထက် ပိုမိုမြန်ဆန်စွာ အဆင့်တက်လာပေလိမ့်မည်။ အနည်းဆုံးတော့ ကျင့်ကြံခြင်းအရင်းအမြစ်များနှင့် ကြိုးစားခြင်းကို အမှီပြုကာ တခြားသူများထက် ပိုမိုမြန်ဆန်စွာ အဆင့်တက်လာပေလိမ့်မည်။

ပို၍ အရေးကြီးသည်မှာ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခြင်းဆိုသည်မှာ ကြမ်းတမ်းလှသည့် တိုက်ပွဲများကို အတွေ့အကြုံယူခြင်းပင်ဖြစ်သည်။ ထို့ကြောင့် တိုက်ခိုက်ရေးအတွေ့အကြုံများသည် ပိုမို၍ တိုးပွားလာခဲ့၏။ ဤသို့နှင့်ပဲ တပည့်များသည် လျှို့ဝှက်နယ်မြေထဲသို့ ဝင်လိုက်၊ ထွက်လိုက်နှင့် အလုပ်များလျက်ရှိနေတော့သည်။

“မကြာခင်မှာ ငါ့ရဲ့ပြိုင်စံရှားဂိုဏ်းက အားအကောင်းဆုံးသော ဂိုဏ်းတစ်ခု ဖြစ်လာတော့မယ်”

ကျွင်းချောင်ရှောင်းသည် တောင်၏အနောက်ဘက် တောင်ထပ်တစ်ခုတွင် မတ်မတ်ရပ်လျက်ရှိပြီး လျှို့ဝှက်နယ်မြေ ထဲသို့ ဝင်ထွက်သွားလာနေကြသော သူ၏ဂိုဏ်းသားများကို ကြည့်နေသည်။ ၎င်း၏ နှုတ်ခမ်းထောင့်စွန်းများသည် ကော့တက်လျက်ရှိသည်။

“ဂိုဏ်းချုပ်”

လီချင်းယန်သည် အသံပို့လွှတ်လိုက်သည်။ “သခင်လေးထန် လာလည်ပါတယ်”

“ဪ”

ကျွင်းချောင်ရှောင်းသည် အချိန်ကို တွက်ချက်လိုက်၏။ ကြည့်ရသည်မှာ တစ်လပြည့်ခါနီးပြီဖြစ်သည်။ ထို့ကြောင့် ပိုက်ဆံလာပေးခြင်းသာ ဖြစ်ရမည်။

..............

အဓိက ဟောခန်းထဲမှာတော့ ထန်ရမ်သည် ပျော်ရွှင်မှုအပြည့်ဖြစ်နေသော မျက်နှာဖြင့် ထိုင်လျက်ရှိ၏။ ဤအတော အတွင်း ထန်မိသားစု၏ ဆေးလုံးအရောင်းဆိုင်များ၏ ရောင်းအားသည် အလွန်တရာ ကောင်းမွန်လှ၏။ သူ့အပေါ် ထန်မိသားစု အဘိုးကြီး၏ အမြင်သည်လည်း ပိုမို၍ ကောင်းမွန်လာခဲ့သည်။

ထန်ရမ်သည် မိသားစု ခေါင်းဆောင်နေရာကို ဆက်ခံရန်လူများထဲမှ တစ်ဦးဖြစ်သည်ဆိုသော်လည်း သူ၏အခြေခံမှာ အလွန်တရာ အားနည်းလွန်းလှ၏။ သူ၏ ယှဉ်ပြိုင်ဘက်များထဲတွင် အားအနည်းဆုံးဟု ဆိုရမည်။

လက်ရှိတွင် ဆေးလုံးများ လက်ထဲတွင် ရှိသည်ဆိုသောကြောင့် သေသေချာချာ အလုပ်ကို ကြိုးစား၍ ချဲ့ထွင် နိုင်မည်ဆိုပါက တခြားသော တိုက်ရိုက်မျိုးဆက်များနှင့် နှိုင်းယှဉ်နိုင်လောက်သည့် ငွေအရင်းအနှီးသည် သူ့တွင် ပိုင်ဆိုင်လာပေလိမ့်မည်။

“သခင်လေးထန်”

ကျွင်းချောင်ရှောင်းသည် လျှောက်ဝင်လာပြီးသည့်နောက်မှာတော့ စားပွဲ၏ ထိပ်တွင် ထိုင်လိုက်သည်။ ပြီးနောက် ရယ်ကာ ပြောလိုက်၏။ “ဘယ်လိုရောက်လာတာလဲ”

“ဂိုဏ်းချုပ်ကျွင်း”

ထန်ရမ်သည် မတ်တပ်ရပ်ကာ ပြောလိုက်၏။ “ခင်ဗျားရဲ့ ဆေးလုံးသုံးမျိုးက ဈေးကွက်စဖွင့်ကတည်းက ဟိုးဟိုးကျော်အောင် ရောင်းရတာ တကယ့်ကို ပိုက်ဆံ တွေ အများကြီးရတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားတို့ မိသားစုရဲ့ ဂုဏ်သိက္ခာအပေါ်လည်း မူတည်သေးတာကိုး၊ ယုံကြည်မှ လူတွေက ဝယ်ကြမှာ မဟုတ်လား”

၎င်းတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ချီးကျူးပြီးသည့်နောက်မှာတော့ လိုရင်းကိုသာ ဆက်ပြော ကြတော့၏။ တစ်ယောက်က ပိုက်ဆံပေးပြီး တစ်ယောက်က ပိုက်ဆံကို ရယူခြင်းသာ ဖြစ်၏။

“ဂိုဏ်းချုပ်ကျွင်း”

ထန်ရမ်က ပြောလိုက်၏။ “ချီစုစည်းခြင်းဆေးလုံးတွေက ရှစ်ဆယ်ရာခိုင်နှုန်းလောက် ရောင်းပြီးသွားပြီ၊ ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး နဲ့ အဆိပ်ဖြေဆေးလုံးကတော့ ငါးဆယ်ရာခိုင်နှုန်းလောက် ရောင်းပြီးသွားပြီ၊ ဒီတော့ စုစုပေါင်း ငွေသန်းခုနှစ်ရာ လောက် ရတယ်”

ဈေးကွက်စဖွင့်ချိန်တွင် သူသည် ကုန်ပစ္စည်းများအား အလျင်စလိုနှင့် ရောင်းချခြင်း မပြုလုပ်ခဲ့ပေ။ ထိုအစား ဝယ်ယူနိုင်ခွင့်အား ကန့်သတ်ထားခဲ့၏။ တစ်လအတွင်း အားလုံးကို ကုန်အောင် မရောင်းချခြင်းပင် ဖြစ်တော့သည်။ ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးနှင့် အဆိပ်ဖြေဆေးလုံးများမှာတော့ ဈေးကြီးလှသောကြောင့် အားလုံးသည် သေသေချာချာ မဝယ်နိုင်ကြချေ။ ထို့ပြင် သိုင်းကျင့်ကြံသူများအနေနှင့် တစ်လုံး၊ နှစ်လုံးလောက် လက်ထဲတွင် ရှိရုံဖြင့် အဆင်ပြေနေပြီဖြစ်သောကြောင့် အများကြီး ရောင်းချရခြင်းတော့ မရှိသေးချေ။

သို့ပေမဲ့ ဤမျှလောက်သည် ကျွင်းချောင်ရှောင်းအား အလွန်တရာ သဘောကျနေစေြဖြန့်ဖြူးနိုင်မှု အားအင်သည် အလွန်တရာ နည်းပါးလွန်းလှသောကြောင့် အချိန်တိုတစ်ခု အတွင်း ဈေးကွက်ထဲနေရာ ရယူနိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။

“ဂိုဏ်းချုပ်ကျွင်း”

ထန်ရမ်သည် သိုလှောင်လက်စွပ်အနည်းငယ်ကို လှမ်း၍ ကမ်းပေးကာ ပြောလိုက်၏။ “ဒီမှာ သန်းငါးရာ ယူပါ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါဆယ် - ငါးဆယ်ပဲ မဟုတ်ဘူးလား”

ထန်ရမ်က ပြောလိုက်၏။ “ခင်ဗျားတို့ဂိုဏ်းက ဆေးလုံးတွေ သန့်စင်ဖို့အတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကိုလည်း စိုက်ထုတ်ရသေး တယ်လေ၊ ဒီတော့ အကျိုးအမြတ်ကို ပိုပြီးတော့ ရယူသင့်တယ်”

သူ့အနေနှင့် ငွေပမာဏကို ဂရုမစိုက်လှချေ။ အနာဂတ်တွင် ထန်မိသားစု၏ ဆေးလုံးအရောင်းဆိုင်များသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးကို လွှမ်းခြုံနိုင်မည်ဆိုပါက အကျိုးအမြတ်များသည် ပိုမို၍ တိုးပွားလာ ပေလိမ့်မည်။ လက်ရှိအချိန်တွင် ထန်ရမ်လုပ်ဖို့ လိုအပ်သည်မှာ ဂိုဏ်းချုပ်ကျွင်းအား ပို၍ လေးလေးနက်နက်နှင့် စီးပွားဖက်တစ်ယောက်အဖြစ် သတ်မှတ်လာစေရန်ပင်ဖြစ်တော့သည်။ သူတို့သည် ချိုးဖြတ်၍ မရနိုင်သော မိတ်ဆွေ အကြောင်းအရာများကို ဖန်တီးထားရန် လိုအပ်၏။

“ဒါလည်း ကောင်းတာပဲ”

ကျွင်းချောင်ရှောင်းသည် မငြင်းပယ်ချေ။ သိုလှောင်လက်စွပ်များကို သိမ်းဆည်းလိုက်၏။ သခင်လေးထန်ဆီမှ ရယူခဲ့သော သိုလှောင်လက်စွပ်များသည် တည်နေရာ အကျယ်အဝန်း တော်တော်ကြီးမား၏။ ထို့ကြောင့် ပိုက်ဆံ များကို ထုတ်ယူပြီးသည့်နောက်တွင် သူသည် တပည့်များကို ဖြန့်ဝေပေးရန် စဉ်းစားလိုက်မိ၏။

ငွေသန်း ငါးရာကို ရရှိပြီးသည့်နောက် သူသည် သိုလှောင်လက်စွပ်များကို စိတ်ဝင်စားလျက် ရှိနေသေးသည်။ အလွန်ပင် ကပ်စီးနည်း လှသည့် ဂိုဏ်းချုပ်ကျွင်းပါတကား။

တကယ်တမ်းမှာတော့ စဉ်းစားကြည့်မည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးသို့ ဝိညာဉ်ကူးပြောင်း ရောက်ရှိလာကတည်းက သိုလှောင်လက်စွပ်များကို တစ်ကွင်းတလေမှ မဝယ်ခဲ့ရချေ။ သူသည် တခြားသူများက လက်ဆောင်ပေးခြင်းမှ ရရှိခဲ့ခြင်း ရှိသလို သူသတ်ဖြတ်ခဲ့သည့်သူများထံမှ ရရှိခဲ့ခြင်း များလည်း ရှိခဲ့သည်။

All Chapters