← Chapters

ကြက်သွေးရောင် ထိပ်ဖျားအား ဝန်းရံတိုက်ခိုက်ခြင်း

Vol. 22 Ch. 328

ကြက်သွေးရောင် ထိပ်ဖျားအား ဝန်းရံတိုက်ခိုက်ခြင်း

Vol. 22 Ch. 328

- ၁၄

ကြက်သွေးရောင် သန္တာတောင်ကုန်းရဲ့ အပေါ်မှာတော့ကတ်စီဟာ အမှောင်ထဲမှာ တစ်ယောက်တည်း မတ်တတ်ရပ်နေခဲ့တယ်။

အခုချိန်မှာတော့ တိတ်တဆိတ် ကခုန်သူက သူမရဲ့ ဘယ်ဘက်မှာရောက်နေခဲ့ပြီး..နဂိုအနေအထားကို ပြန်ရောက်နေခဲ့ပါပြီ။

ဆုံးရှုံးမူ ။

အားနည်းမူ ။

ကြောက်ရွံ့မူ။

လုံးဝ အကူညီမဲ့မူ။

ဘာမှမရှိနေတဲ့ ဖိအားတစ်ခုက..သူမရဲ့ပတ်လည်ကနေ ဝင်ရောက်နေခဲ့တယ်။

သို့ပေမယ့် အဲဲဒီဘာမှမရှိမူကပဲ အသံတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

ဒီမှာတော့ အိပ်မက်ဆိုးသားရဲအုပ်ကြီးရဲ့ ရက်စက်ကြမ်းတမ်းစွာ သတ်ဖြတ်နေတဲ့ အသံတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ကတ်စီဟာ အော်ဟစ်သံတွေ ၊ မာန်ဖီတဲ့ အသံတွေ ၊ လူသားမဆန်တဲ့ အော်သံတွေ ၊ ကျယ်လောင်စွာ အော်ဟစ်သံတွေ နဲ့ မေးရိုးချင်းထိရိုက်သံတွေကိုကြားနေခဲ့ရတယ်။

သံမဏိခြင်း ထိခတ်သံ နဲ့ အသားတွေ ဆုပ်ဖြဲတဲ့အသံတွေကိုလည်း သူမ ကြားနေရပါသေးတယ်။

သူမက မရေမတွက်နိုင်တဲ့လူသားတွေက နတ်ဘုရားတွေထံမှာ ကယ်တင်ပေးဖို့ ဆုတောငိးသံတွေကိုလည်း ကြားနေရပါသေးတယ်။ဒေါသတရား ၊ နာကျင်မူ ၊ ရဲရင့်မူ ၊ ကြောက်ရွံ့မူ ၊ နောင်တရမူ ၊ ဝမ်းနည်းမူ ၊ ခွန်အား ၊ အကူအညီမဲ့မူ ၊ မျှော်လင့်ချက် ၊ ယုံကြည်မူ ၊ စိတ်ပျက်မူ နဲ့ မယုံကြည်နိုင်စရာ တွေ အပြည့်ပါပဲ။

ဒီလူတွေ သေအံ့ဆဲဆဲ ဖြစ်နေကြတာကို သူမကြားနေခဲ့ရတယ်။

အားလုံးရဲ့ အထက်မှာ ရပ်နေရင်း ကတ်စီဟာ ကြသ်သီးမွှေးညှင်း ထနေခဲ့ပါတယ်။သူမက သူမရဲ့နားတွေကို လက်နဲ့ အုပ်ထားချင်ခဲ့ပေမယ့် ဒီီလိုမလုပ်ခဲ့ပါဘူး။

....သူမရဲ့ ဆိုးဝါးတဲ့ အမြင်အာရုံက အမှန်တကယ် ဖြစ်လာခဲ့ပါပြီ..။

ပြီးတော့ သူမက အမှောင်ထုထဲမှာ ပြန်လည် ပျောကိဆုံးနေခဲ့တယ်။

အရင်တုန်းကလိုပဲ။အရင်က ထက်ကို ပိုဆိုးတယ်။ဒီ ကျိန်စာသင့် အလင်းမရှိတဲ့ ကုန်းမြေကို ပထမဆုံးအကြိမ် ရောက်ခဲ့သလိုပါပဲ။

ဒီ မေ့ပျောက်ကုန်းမြေ ငရဲ ဆီကို။

အဲ့တုန်းကလည်း သူမက ဆင်တူတဲ့ သန္တာကျောက်ကုန်းမြင့်ပေါ်မှာ အထိီးကျန်စွာ ရပ်နေခဲ့ရပါတယ်။သူမကို ဝန်းရံထားတဲ့ အရာက..အနက်ရောင် ပင်လယ်ပြင် ဖြစ်ပြီး..အိပ်မက်ဆိုးသားရဲ အုပ်ကြီးမဟုတ်ပါဘူး..။

သို့ပေမယ့် ကတ်စီက ဒါကို မသိခဲ့ပေ။သူမက ဘယ်ရောက်နေတာလဲ..အမှောင်ထုထဲမှာ ဘာရှိခဲ့တာလဲ ဆိုတာကို မသိခဲ့ပါဘူး။သူမက သူမတစ်ယောက်တည်းရှိပြီး အကူညီမဲ့နေတာကိုပဲ သိခဲ့ပါတယ်။

သူမက အထီးကျန်မူ ၊ အေးစက်မူ နဲ့ ဘာမှမရှိမူ တွေကြားထဲမှာ သေတော့မလိုဖြစ်ခဲ့တယ်။

သူမ လက်လျော့ခဲ့မိပါတယ်။မာကျောတဲ့ သန္တာကျောက်တန်းပေါ်မှာ ဒူးကိုဖက်ကာ ထိုင်ရင်း မငိုမိအောင် ကြိုးစားနေခဲ့မိတယ်။စွန့်ပစ်မူ တွေ ၊ မေ့ပျောက်မူ တွေနဲ့ အတူပဲ..သူမက သေဆုံးဖို့ကို စောင့်နေခဲ့ရတယ်။

သို့ပေမယ့် သေဆုံးရမယ့်အစား ၊ အေးစက်ပြီး သိပ်ဂရုမစိုက်တဲ့ အသံတစ်ခုက အမှောင်ထဲကနေ ထွက်ပေါ်လာခဲ့တယ်။

"..နင်ဘာလုပ်နေတာလဲ.."

ဒါက သူမကို ကယ်တင်ပြီး ကာကွယ်ပေးထားခဲ့တဲ့ နစ်ဖီကို စတင်တွေ့ရှိခဲ့တဲ့ အခြေအနေပါ။ကတ်စီရဲ့ စွမ်းရည်ကို မသိခဲ့ခင် အချိန်ကတည်းက..သူမက ဘာမှ ပြန်ပြီး လုပ်ပေးဖို့ကို မတောင်းဆိုခဲ့ပါဘူး။

ဘာလို့လဲဆိုတော့ သူမက ဒီလိုလုပ်ချင်ခဲ့လို့ပါ။

နစ်ဖီက သူမကို အမှောင်ထုထဲက ခေါ်ထုတ်ပြီး ၊ ခါးသက်မူတွေ ၊ အထီးကျန်မူ တွေကို ဖျက်ဆီးပေးခဲ့ပါတယ်။ကတ်စီ ဒီအကြွေးကို ဘယ်လိုပုံစံမျိုး ပြန်ပေးဆပ်သင့်တာလဲ..။

ယင်းနောက်..သူမ ဆန်နီကို တွေ့ခဲ့ရတယ်။ချစ်စရာ ဆန်နီ..။သူက အမြဲတမ်း ရက်စက်ပြီး ၊ ကြင်နာမူကင်းမဲ့တဲ့ လူတစ်ယောက်လို ဟန်ဆောင်ပေမယ့် အမှန်တကယ်တော့..ဂရုစိုက်ပြီး ကြင်နာပေးတတ်တဲ့လူတစ်ယောက်ပါ။

အဲ့ဒီနောက်မှာတော့ သူမက ရွေးချယ်မူတစ်ခု ပြုလုပ်ဖို့ လိုအပ်လာခဲ့တယ်။

...ပြီးတော့ အခုချိန်မှာ သူမက အဲဒီရွေးချယ်မူနဲ့အတူရှင်သန် ရပါတော့မယ်။

ဒါမှမဟုတ်..အဲတာနဲ့အတူပဲ သေဆုံးရမယ်။

ကတ်စီ မတ်တတ်နေရင်းမှာပဲ..သတ်ဖြတ်တဲ့ အသံတွေ နဲ့ ၊ ရုတ်တရက် ကြမ်းတမ်းတဲ့လေထုက သူမရဲ့ လှပတဲ့ ရွှေရောင်ဆံပင်ကို တိုက်ခတ်လာတဲ့ အသံတွေကို နားထောင်နေခဲ့ပါတယ်။

သူမ တုန်ခါသွားခဲ့ပြီး လေထုတိုက်ခတ်တဲ့ဘက်ကို ဖြည်းဖြည်းချင်း မျက်နှာမူလိုက်တယ်။

ခနအကြာမှာတော့ သူမရဲ့ မျက်နှာက ဖြူဖျော့သွားပြီး ..သူမရဲ့ နှုတ်ခမ်းတွေ လှုပ်ရှားသွားခဲ့ပါတယ်။

' မဟုတ်ဘူး..'

တစ်ယောက်တည်း ၊ တိုက်ပွဲတွေ နဲ့ အဝေးမှာ ၊ သူမပြောတာတွေကို ကြားနိုင်မယ့်သူ မရှိရင်တောင်..၊ ကတ်စီ မျက်လုံးကို မှိတ်ထားပြီး ဘာမှ မရှိတဲ့ အရာကို တီးတိုးပြောလိုက်ပါတယ်။

' မုန်တိုင်းတစ်ခု...မုန်တိုင်းတစ်ခု လာနေပြီ .."

***

အိပ်စက်သူ စစ်တပ်က သေးငယ်လာခဲ့ပေမယ့် ဆူပ်ကိုင်ထားဆဲပါတယ်။အမှန်တကယ်တော့ သူတို့က အိပ်မက်ဆိုးသားရဲတွေကို အနောက်ကို ပြန်ဆုပ်တဲ့ အထိ ကို တိုက်ခိုက်နေခဲ့တာပါ။

လေးသည်တော်တွေ ရှိတဲ့နေရာမှာ မြားတွေက ကုန်ဆုံးသွားပြီဖြစ်တာကြောင့်..သင့်တော်တဲ့ မှတ်သားမူ နဲ့ အစားမထိုးနိုင်တဲ့ သူတွေဟာ..သူတို့ရဲ့ အနီးကပ် လက်နက်များကို ကိုင်ဆွဲကာ..နည်းပါးလာပြီ ဖြစ်တဲ့ ရှေ့တန်းစစ်မျက်နှာ အရေအတွက်ကို အားဖြည့်ခဲ့ကြပါတယ်။လက်မူ ပညာရှင်တွေလည်း ဒီအတိုင်းပါပဲ။သူတို့က ယန္တရား အင်ဂျင် တွေကို ထားခဲ့ပြီး..တိူက်ပွဲအတွင်းကို ဆင်းသက်လာခဲ့ကြပါတယ်။

အဲ့အချိန်မှာတော့ အိပ်မက်ဆိုး သားရဲအုပ်ကြီးရဲ့ အဆုံးမရှိ လတ်ဆိတ်တဲ့ ခန္တာကိုယ်တွေဟာ ကုန်ဆုံးသွားခဲ့ပါပြီ။သန္တာကျောက်တံတားကို ဖြတ်သန်းပြီးနောက်ထပ် သားရဲတွေ မပူးပေါင်းတော့တာကြောင့် သူတို့ရဲ့ ထုထည်က ဖြည်းဖြည်းချင်း ပါးလျှလာနေခဲ့တယ်။

ပြောင်းလဲနေတဲ့ကြယ်ပွင့်က လူသားတွေ ဖွဲ့စည်းပုံရဲ့ ဗဟိုချက်မှာ ရှိနေခဲ့ပြီး သူမဘေးနားမှာ တိုက်ခိုက်ရေးသမား ကောင်းတွေ ရှိနေခဲ့တယ်။အယ်ဖီက သားရဲအုပ်ကြီးတစ်ခုလုံးကို တားဆီးပေးပြီး ကျန်နေတဲ့ လူသားတွေကို ခုခံရေး နေရာတွေကို ပြန်လည်ပြင်ဆင်နိုင်အောင် အကူညီပေးထားခဲ့ပါတယ်။အချိန်ခနလောက်တော့ တိုက်ပွဲရဲ့ စီးဆင်းမူက အဲ့နေရာမှာ တန့်နေခဲ့တယ်။

နောက်ဆုံးတော့ နှစ်ဖက်အင်အားစု တွေက ဟန်ချက်ညီမျှ သွားခဲ့ပါပြီ..။

လူသားတွေ လုပ်ဖို့လိုအပ်နေတာဆိုလို့..နောက်ဆုံးတစ်ကြိမ် ဒေါသတကြီး တွန်းအားပေးရင်း..တိုက်ပွဲရဲ့ ဟန်ချက်ကို သူတို့ဆီကို ပါလာအောင် လုပ်ဖို့ပါပဲ။

"လုပ်ထားကြ..သန်သန်မာမာ တောင့်ခံထားကြ.."

"ကိုယ့်ကိုကို အားတင်းထား.."

"အင်မော်တယ် မီးတောက်ရဲ့နောက်ကို လိုက်ကြ "

လူတစ်ချို့ အော်ဟစ်နေတဲ့ အချိန်မှာတော့..ဒီတိုက်ပွဲရဲ့ ကံတရားက ဆုံးဖြတ်ချက် ကျလာတော့မလို ခံစားနေခဲ့ရတယ်။အဲ့အချိန်မှာ ရုတ်တရက် လေပြင်းတွေ တိုက်ခတ်လာပြီး ဆား ရနံ့ကို သယ်ဆောင်လာခဲ့ပါတယ်။

အနောက်ဘက်ကို ကြည့်လိုင်ရင်း သူတို့က ခနလောက် အေးခဲသွားခဲ့ကြတယ်။သူတို့ရဲ့ မျက်နှာတွေကတော့ နှင်းလို ဖြူဖွေးနေကြပါပြီ။

...ကြက်သွေးရောင် ထိပ်ဖျားရဲ့ အနောက်ဘက်မှာတော့ မထိုးဖောက်နိုင်လောက်တဲ့ အမှောင်ထုကြီးက ဖြည်းဖြည်းချင်းဝါးမြိုလာနေခဲ့တယ်။ဒီအရာက တိုက်ပွဲကွင်းပြင်ဆီကို အရမ်းကို မြန်ဆန်လွန်းတဲ့ အရှိန်နဲ့ ရွေ့လျားလာပြီး..၊ များပြားလှတဲ့ မိုးကြိုးလျှပ်စီးတွေကို ဒေါသတကြီး ဖော်ပြလာခဲ့ပါတယ်။

မုန်တိုင်းလာနေပြီ..။

သူက နီးကပ်လာတာနဲ့အမျှ..ကြီးမားတဲ့ တာဝါကြီးဝန်းကျင်မှာ ရှိနေတဲ့ အနက်ရောင်ရေပြင်က ရုတ်တရက် တုန်လှုပ်လာခဲ့တယ်။

ယင်းနောက် သူက ဖြည်းဖြည်းချင်း အပေါ်ကို တက်လာခဲ့ပါတယ်။

အစကတော့ ဖြည်းဖြည်းချင်းဖြစ်ပေမယ့်..ယင်းနောက် လျင်လျင်မြန်မြန်ပဲ..၊ အနက်ရောင် ရေဝဲတွေက မြင့်တက်ပြီး ရှေ့ကို ရွေ့လျားလာခဲ့တယ်။ဒါက ကြက်သွေးရောင် သန္တာကျောက်တွေကို ဖြည်းဖြည်းချင်း ဝါးမြိုလာခဲ့ပါတယ်။

ကျိန်စာသင့် ပင်လယ်ပြင်ကြီးက မေ့ပျောက်ကုန်းမြေကို ဝါးမြိုဖို့ အတွက် လာရောက်နေခဲ့ပါပြီ။

သို့ပေမယ့် ကြက်သွေးရောင်ထိပ်ဖျားကို စောင့်ရှောက်နေတဲ့ မွန်းစတားတွေကတော့ ..သာမန် အိပ်မက်ဆိုး သားရဲတွေလို မပြုမူကြပေ။

သူတို့က အကာအကွယ်တွေကို အလောတကြီးရှာဖွေရမယ့် အစား..ထူးဆန်းတဲ့ အောင်ပွဲခံသံများနဲ့ အော်ဟစ်ပြီး ..အိပ်စက်သူ စစ်တပ်ကို ဒေါသတကြီး ထပ်မံတိုက်ခိုက်လာခဲ့ကြတယ်။

လူတွေရဲ့ မျက်နှာပေါ်မှာ ကြောက်လန့်မူ နဲ့ စိတ်ပျက်မူ တွေ ပေါ်လာခဲ့တယ်။သို့ပေမယ့် ပြန်ဆုတ်ဖို့ လမ်းမရှိသလို ၊ ပြေးစရာမြေလည်း မရှိပါဘူး။

သူတို့အားလုံး လုပ်နိုင်တာက နေရာမှာတင် ရပ်နေပြီး တိုက်ခိုက်ဖို့ပါ။

သူတို့ရဲ့ ခြေထောက်အောက်ဘက်မှာ အနက်ရောင် ဒီရေ အနည်းငယ် ရောက်လာပြီး ​ချော်ထွက် လာခဲ့တာတောင်...။

ရေတွေက ဆက်ပြီး မြင့်တက်လာမယ် ဆိုရင်တောင် ဆိုရင်ပေါ့...။

***

[ သင်က နိုးထမူအဆင့် .... ]

[ သင့်ရဲ့ အရိပ်က......]

[ သင်က... ]

အရှင်သခင်ရဲ့ အပိုင်းအစတွေ မြေကြီးပေါ် ပြုတ်ကျသွားတာနဲ့ တစ်ပြိုင်နက် ၊ ဆန်နီဟာ သူတော်စင်ကို ဝိုင်းပြီး အမဲဖြတ်နေတဲ့ ဂိုလမ်ခြောက်ကောင် ဆီကို ပြေးသွားလိုက်ပါတယ်။

သူက အခိုက်အတန့်က ပြောနေတဲ့ စကားတွေကို နားမထောင်ခဲ့ပေ..။သန္တာကျောက် ဂိုလမ် တွေက နိုးထမူ အဆင့် ဆိုတာကို ပဲ သူ အလေးထားခဲ့ပါတယ်။

...အဓိပ္ပါယ်ရှိတယ်။

ကျရှုံးမူအဆင့် နတ်ဘီလူးက သူနဲ့ အဆင့်တူတဲ့ နောက်လိုက်တွေကို ဖန်တီးနိုင်မှာမဟုတ်ပါဘူး..။ကျရှုံးမူ အဆင့် တယ်ရာ ဆိုရင်လည်း ဒီလို စွမ်းဆောင်နိုင်မှာ မဟုတ်ပေ။

အစတုန်းက..သန္တာကျောက် ရုပ်ထု တွေက ကျရှုံးမူအဆင့်လို့ ထင်ရလောက်အောင်ကို သန်မာနေခဲ့ကြတာပါ။သို့ပေမယ့် သူတို့က အရှင်သခင် ရဲ့နှာဖူးက ရတနာ ကြောင့်..စွမ်းအင်မြှင့်တင်ပေးခြင်း ခံထားကြရပါတယ်။

အရုဏ်ဦး အမြုတေက န်ိုးထမူအဆင့် မှတ်သားမူ တွေကို တက်ရောက်မူအဆင့်ရောက်အောင် မြင့်တင်နိုင်သလိုပဲ..အရှင်သခင်ကလည်း သူ့ရဲ့ နောက်လိုက်တွေကို ကျရှုံးမူအဆင့် နီးပါး ရောက်အောင် မြှင့်တင်ပေးထားခဲ့တာပါ။

သို့ပေမယ့် အခုသူက ဒီအရာကို ဖျက်ဆီးလိုက်တာကြောင့် မြှင့်တင်ပေးမူတွေကလည်း ပျောက်ကွယ်သွားခဲ့ပါပြီ။

ဆန်နီဟာ..နိုးထမူအဆင့် အိပ်မက်ဆိုးသားရဲ ခြောက်ကောင်ကို သတ်နိုင်ဖို့အတွက်ကတော့ ကိုယ့်အရည်အချင်းကို ယုံကြည်ပါတယ်။

သူပြေးနေတုနိးမှာပဲ အရမ်းကိုကြမ်းတမ်းတဲ့ လေပြင်းတစ်ခုက သူ့နောက်ကျောကို တိုက်ခတ်လာခဲ့တာကြောင့် ဟန်ချက်ပျက်မတတ်တောင် ဖြစ်သွားခဲ့တယ်။

'သောက်ကျိုးနဲ...'

သူ ခေါင်းကို လှည့်ပြီး ကောင်းကင်ပေါ်ကို ကြည့်လိုက်တဲ့ အချိန်မှာတော့ သူ့မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပါပြီ။

အဆုံးမရှိတဲ့ အမှောင်ထုကြီးက ကြက်သွေးရောင် ထိပ်ဖျားကို ရိုက်ခတ်ကာ ဝါးမြိုသွားခဲ့ပြီး..တစ်ကမ္ဘာလုံးကို မဲမှောင်သွားစေခဲ့ပါတယ်။

အံ့ဩနေတဲ့ ဆန်နီဟာ အံ့ကိုကြိတ်ထားခဲ့ပြီး..အကြည့်ကို လွှဲလိုက်တယ်။အေးစက်တဲ့ ခံစားချက်က သူ့ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့ပါတယ်။

' ချီး တဲ့မှပဲ...'

All Chapters