ကြက်သွေးရောင် ထိပ်ဖျားအား ဝန်းရံတိုက်ခိုက်ခြင်း
Vol. 22 Ch. 316
ကြက်သွေးရောင် ထိပ်ဖျား၏ အပြင်ဘက်နားမှာတော့..နောက်ထပ် ဥမင်တွေ လှိုဏ်ခေါင်းတွေ ရှိမနေတော့ပါဘူး..။အဲဲဒီမှာတော့..လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာက မေ့ပျောက်ကုန်းမြေကို ဝါးမြိုခဲ့တဲ့ ထူးဆန်းတဲ့ သတ္တဝါကြီးရဲ့ မျက်နှာပြင်သာ ရှိနေခဲ့တယ်။ဒါကတော့..ဒီတိုင်း အနီရောင် မြေသားကြီစတစ်ခုပါ။
လတ်တလောမှာတော့ အယ်ဖီဟာ ဒီ မျက်နှာပြင်ပေါ်မှာ ရပ်နေခဲ့တယ်။
သူမရဲ့ ဘေးနားမှာတော့ လူ ရာနဲ့ချီကာ ရှိနေခဲ့ပြီး နီးကပ်လာနေတဲ့ အိပ်မက်ဆိုးသားရဲ အုပ်ကြီးကို..ထိပ်လန့်မူ ၊ အံ့ဩမူတွေနဲ့ ကြည့်နေခဲ့ပါတယ်။ကြက်သွေးရောင် မျှော်စင်ပေါ်ကို ရောက်နိုင်ရင် ဘာဖြစ်လာမှာလဲ ဆိုတာကို အားလုံးက သိထားကြတာတောင်မှ မြင်ကွင်းက အတော်လေး ကြောက်မက်ဖို့ ကောင်းနေပါသေးတယ်။
သူမက ဒီကြောက်လန့်နေတဲ့ လူတွေရဲ့ ရှေ့ဆုံးတန်း၊အလယ်နေရာ တည်တည့် မှာ နေရာယူထားပြီး ဒီလူတွေကို အမိန့်ပေးဖို့ လုပ်နေခဲ့ပါတယ်။သူမရဲ့ အရပ်ရှည်ပြီး ၊ ခွန်အားကြီးတဲ့ ပုံရိပ်ကြောင့် အယ်ဖီက တစ်ခြား အိပ်စက်သူတွေကြူးထဲမှာ ထင်ရှားနေခဲ့တယ်။သူမရဲ့ ရှေးဟောင်း အကာအကွယ် က မြင့်တက်လာနေတဲ့ နေရာအောက်မှာ တောက်ပနေခဲ့ပါတယ်။သူမရဲ့ ပုခုံးထက်မှာတော့..ကြယ်အလင်း ခြုံထည်တစ်ခုက တလူလူ လွင့်ပျံနေခဲ့တယ်။
သူမ ရဲ့ လက်တစ်ဖက်က ဇင်းနစ် ကို ကိုင်ထားပြီး ကျန်တစ်ဖက်က ဆည်းဆာချိန် ကို ကိုင်ထားခဲ့တယ်။
အယ်ဖီ ရဲ့ ပုံစံက ..ကြောက်လန့်မူ ပင်လယ်ထဲအတွင်းမှာ ဇွဲလုံ့လ နဲ့ ခိုင်မာတဲ့ စိတ်ထား တစ်ခုရဲ့ ကယ်တင်ရဲ့ ကဲ့သို့ ပေါ်လွင်နေခဲ့ပါတယ်။ရှေးဟောင်း ဒဏ္ဍာရီ ခေတ်က သူရဲကောင်းတစ်ယောက် က သေမျိုးကမ္ဘာကို ရောက်လာတဲ့ ပုံစံ..။
..သို့ပေမယ့်..အမှန်တကယ်တော့..သူမလည်း ကြောက်ရွံ့နေခဲ့ပါတယ်။
ပြေးတက်လာနေတဲ့ ထိပ်လန့်စရာ သတ္တဝါ အုပ်ကြီးကို ပြုံးကာ ကြည့်နေခဲ့ပြီး..မုဆိုးမိန်းကလေးဟာ ခေါင်းကို အနည်းငယ် ငုံ့လိုက်ပြီး သူမရဲ့ အကာအကွယ်အင်္ကျီက ခေါင်းစွပ်ကို ထုတ်ယူလိုက်ပါတယ်။ဒါက အပြာရောင် မြင်းမွှေး နဲ့ အလှဆင်ထားခဲ့တယိ။
'ငါ့ကို ဖြတ်သွားကြ..ချီးပဲ..ချီးပဲ..ချီးပဲ..&
သူမရဲ့ ဘေးနားက လူတွေကတော့ တုန်ရီနေကြတယ်။တစ်ချို့ အရူးတွေက သူတို့ ရဲ့လက်နက်တွေကို ချပြီး ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပါတယ်။သူမလည်း လတ်တလောမှာ ဒီတိုင်းလုပိဖို့ လေးလေးနက်နက် စဥ်းစားနေပေမယ့်လည်း အယ်ဖီဟာ ဒေါသတကြီး အော်ဟစ်လိုက်တယ်။
"ကိုယ့်နေရာကိုနေကြ..ခွေးသားတွေ။တကယ်လို့ တစ်ယောက်ယောက် ထွက်ပြေးရဲရင် ငါကိုယ်တိုင်သတ်မယ်.."
..ပြေးနေလို့ရော..ဘာထူးဦးမှာလဲ..။ပြေးစရာနေရာ ဆိုတာ မရှိတော့ပေ..။
တကယ်လို့ သူတို့သေဆုံးရမယ်ဆိုရင်..သူတို့က လူသားတွေလိုပဲ သေဆုံးသင့်ပါတယ်။
မင်းသမီးလေး ပြောခဲ့သလိုပဲ..။သူမပြောခဲ့တာတွေက အကုန် သောက်ရေးမပါတာတွေ ဆိုပေမယ့်..မှားလည်း မမှားခဲ့ပါဘူး..။
"အသင့်ပြင်တော့ ခွေးသားတွေ.."
သူမရဲ့ လှံတံကို ဆုပ်ကိုင်ထားရင်း အယ်ဖီဟူ သူမရဲ့ ဘေးနားမှာ ရပ်နေတဲ့ နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်တယ်။သူတို့ထဲက တစ်ယောက်က ကတ်စတာ ဖြစ်ပြီး ကျန်တစ်ယောက်က ဂျန်မာ ပါ။ဂန်လောင်ရဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက်နဲ့ သူမက အတူတူဘေးချငိးယှဥ် တိုက်ခိုက်နေရမယ်လို့ ဘယ်သူ ထင်ထားမှာလဲ..။
.
ထူးဆန်းစွာပဲ သူမရဲ့ ရန်သူဟောင်း ဘေးနားမှာ ရပ်နေတာက..အတော်လေးကို စိတ်သက်သာရာရစေပါတယ်။သို့ပေမယ့် သူ့မျက်နှာပေါ်မှာတောင် ကြောက်ရွံ့မူတွေကို မြင်နေခဲ့ရတယ်။
ဒီအခြေအနေမှာ တည်တည်ငြိမ်ငြိမ် ရှိနေနိုင်တဲ့သူက အရူးတစ်ယောက်ပဲ ဖြစ်ပါလိမ့်မယ်။အဲဒီဖြူဖတ်ဖြူရော် ကောင်လေး က ရူးသွပ်နေတာဖြစ်ဖြစ် ၊ တုံးအနေတာ ဖြစိဖြစ်..ဒါမှမဟုတ် နှစ်မျိုးလုံးဖြစ်နိုင်ပြီး..ဘာကိုမှ ကြောက်ပုံမရပါဘူး..။သို့ပေမယ့် အခုချိန်မှာ သူ့ကို မတွေ့ရပေ..။အယ်ဖီက ဒီသေးငယ်တဲ့ အစက်အပျောက်လေးကို မမြင်နိုင်ဖြစ်နေခဲ့ပါတယ်။
သို့ပေမယ့် ဆန်နီက အမှောင်ထဲမှာ ပုန်းနေတာ ဒါမှမဟုတ် တစ်ခြားလူတွေ လုပ်ဖို့ မလွယ်ကူတဲ့ အရာတစ်ခုခုကို လုပ်နေတာဖြစ်လောက်ပါတယ်။ဘာပဲဖြစ်ဖြစ် သူမ ..သူ့ကို ကံကောင်းဖို့ ဆုတောင်းပေးလိုက်တယ်။
သူမကိုယ် သူမ လည်း ကံကောင်းဖို့ ဆုတောင်းလိုက်ပါတယ်။
အယ်ဖီဟာ နီးကပ်လာနေတဲ့ မွန်းစတား လှိုင်းလုံးကြီးကို ကြည့်ပြီး ခနလောက် စောင့်ပြီးကာမှ အော်ဟစ်လိုက်တယ်။
" ပထမ ပစ်မှတ် "
သူမ အော်တဲ့ အရာကို ဒုတိယ အတန်းကို ဦးဆောင်ထားတဲ့ ဆိုင်ရှန်က ထပ်အော်လိုက်ပြီး..တတိယ အတန်းမှာ ရှိနေတဲ့ နိုက် ကို အကြောင်းကြားလိုက်တယ်။
တိုက်ပွဲအတွက် အစီအစဥ်ကတော့ အရမ်းကို ရိုးရှ၈ူင်းပါတယ်။ပထမတန်းက မွန်းစတားတွေကို ထိန်းထားရမှာဖြစ်ပြီး မောပန်းလာတဲ့ အချိန်မှာ ဒုတိယအတန်းနဲ့ နေရာလဲလှယ် ရပါလိမ့်မယ်။အဲ့အချိန်မှာတော့..တတိယတန်း သူတို့ သတ်နိုင်သလောက် သတ္တဝါတွေ အများကြီးကို သတ်ကြရပါလိမ့်မယ်။
သို့ပေမယ့်..ပထမဆုံး သူတို့က ကနဦး တိုက်ခိုက်လာမူကို တောင့်ခံထားရပါလိမ့်မယ်။အရှိန်အဟုန် နဲ့ ရောက်လာတဲ့ သားရဲအုပ်ကြီးကို ချိုးဖျက်ရတာလောက် ခက်ခဲတဲ့အရာဆိုတာ မရှ်ိပေ..။
သူမရဲ့ နောက်ဘက်တစ်နေရာရာမှာတော့..သူတို့ရဲ့ အိုင်ဒေါဖြစ်တဲ့ ဆွဲဆောင်နိုင်တဲ့ အသံပိုင်ရှင်က..တိုက်ခိုက်ရေးအင်ဂျင် တွေကို ပစ်ခတ်ဖို့ အမိန့်ပေးလိုက်တယ်။ဒီ တိုက်ခိုက်ရေး စက်တွေကို လက်မူ ပညာရှင်တွေက တည်ဆောက်ထားပြပြီး..သားရဲတွေရဲ့ အကာအကွယ်ကိုတောင် ထိုးဖောက်နိုင်ပါလိမ့်မယ်။ဒါပေါ့..သူတို့က ကျရှုံးမူ အဆင့်မဟုတ်သ၍ ပေါ့..။
ထူးဆန်း ပြီး ဆွဲဆောင်နိုင်တဲ့ အသံက သူမနားထဲကို ဝင်ရောက်လာပြီး ခနအကြာမှာတော့ ကြီးမားတဲ့ သတ္တု လှံခြောက်ချောင်းက..သူတို့ရဲ့ ခေါင်းပေါ်ကနေမယုံနိုင်စရာ အရှိန်နဲ့ ပျံသန်းကာ ထွက်ခွာသွားခဲ့တယ်။သူတို့က လေထဲမှာ ထိုးခွင်းပြီး ပြေးတက်လာတဲ့ သားရဲအုပ်ရဲ့ ရှေးဆုံးက သားရဲတွေကို ထိမှန်ကာ..မြေပြင်ပေါ်သွေးတွေ စီးကျလာစေခဲ့ပါတယ်။
သူတို့ထဲက တစ်ခုက ဂဏန်းပုံစံ အကောင်ကြီး ၊ နောက်တစ်ခုက ဓားခုတ်ကောင် နဲ့ တစ်ခြားမွန်းစတားတစ်ချို့ကို ထုတ်ချင်းပေါက် ထိမှန်သွားခဲ့တာကို သူမ မြင်နေခဲ့ရတယိ။သို့ပေမယ့် ထိပ်လန့်စရာ လှိုင်းလုံးကြီးကတော့ နည်းနည်းလေးတောင် အရှိန်လျော့မသွားခဲ့ပါဘူး..။သူတို့က တကယ်ကို အများကြီးပဲ..
အယ်ဖီ ဟာ သူမ ခန္ဓာကို တစ်လျောကိလုံး ချမ်းစိမ့်လာသလို ခံစားနေခဲ့ရပေမယ့် အံ့ကို ကြိတ်ပြီး ထပ်အော်လိုက်တယ်။
"ဒုတိယ ပစ်မှတ် "
ချက်ချင်းဆိူသလိုပဲ မြားမိုးတွေက မွန်းစတားတွေ ပေါ်ကို ကျပြီး အများအပြားကို ဒဏ်ရာရစေကာ ၊ အချို့ကို သတ်ပစ်နိုင်ခဲ့တယ်။ဒီမြားတွေမှာ ထိပ်ဖူးကျည် တွေလည်း ပါဝင်နေခဲ့ပါသေးတယ်။တစ်ချို့ အိပ်စက်သူတွေက ပစ်လွှဲတွေ ၊ ဒူးလေး တွေနဲ့ တစ်ခြား တာဝေးပစ် လက်နက်တွေကိုအသုံးပြုနေခဲ့ကြပါတယ်။တစ်ချို့ကလည်း..လက်နက်တွေကို ပိုပြီး ပြင်းထန် စေတဲ့ ကဏ္ဍ စွမ်းရည်တွေကိုပါ အသုံးပြုနေခဲ့ကြတယ်။တစ်ချို့တွေက..သားရဲအုပ်တွေရဲ့ အလယ်ကို ရောက်မှ ပေါက်ကွဲစေနိုင်တဲ့ ဗုံးတွေကို ပါ အသုံးပြုနေခဲ့ကြပါသေးတယ်။
သို့ပေမယ့် ဒါတောင် တုန့်ပြန်မူ မကောင်းသေးပါဘူး..။မွန်းစတားတွေက ပိုကြမ်းတမ်း ၊ ပိုဒေါသထွက်၊ ပိုရူးသွပ် ပြီး သူတို့ရဲ့ မျက်လုံးထဲက သွေးဆာမူတွေကလည်း ပိုတောင် တောက်ပလာခဲ့ပါသေးတယ်။
ဒုတိယ မြားမိုးတွေ ထပ်ကျဆင်းလာခဲ့ပြီး မကြာခင်မှာပဲ နောက်ထပ် လှံခြောက်ချောင်းက သားရဲအုပ်ဆီကို တိုးဝင်သွားခဲ့တယ်။အဲ့အချိန်မှာတော့ အိပ်မက်ဆိုးသားရဲတွေက ပထမတန်းက လူသားတွေ အနားကို အရမ်းကို နီးကပ်လာနေခဲ့ပါပြီ..။
အယ်ဖီ ရှေ့ကို ခြေတစ်လှမ်းတိုးပြီး သူမရဲ့ကြွက်သားတွေကို ဆန့်တန်းကာ ဇင်းနစ် အမြုတေကို နီးကပ်လာတဲ့ သားရဲအုပ်ထဲကို ပစ်ထည့်လိုက်တယ်။လှပတဲ့ ကြေးလှံက ရှည်လျားတဲ့ သတ္တဝါ တစ်ကောင်ရဲ့ သံမဏိ အကာအကွယ်ကို ထိုးဖောက်ပြီး နှလုံးတည့်တည့်ကို ဖောက်ဝင်သွားခဲ့ပါတယ်။
အရုဏ်ဦး အမြုတေရဲ့ စွမ်းအားမြှင့်တင်ပေးထားတဲ့ နောက်မှာ ဘယ်လိုလုပ် မသတ်နိုင်ပဲ နေတော့မှာလဲ..။သူတို့ရဲ့ လက်နက်တွေ ၊ အကာအကွယ်တွေက ပြောင်းလဲနေတဲ့ကြယ်ပွင့် ကြောင့် လတ်တလောမှာ စွမ်းအားတွေ မြင့်တက်နေခဲ့တာပါ။
သံမဏိ နတ်ဘီလူးတွေ ၊ များပြားလှတဲ့ သတ္တဝါတွေဟာ အိပ်စက်သူတွေရဲ့ အလားတူစွာ ပစ်ခတ်မူကြောင့် သေဆုံးသွားခဲ့ကြပါတယ်။
အယ်ဖီဟာ လှံရှည်ကို ပြန်လည် ထုတ်ဖော်လိုက်ပြီး ၊ရှေးဆုံးက ပြေးတက်လာတဲ့ အိပ်မက်ဆိုးသတ္တဝါ တွေက လက်မူပညာရှင်တွေ ပြုလုပ်ထားတဲ့ ကျင်းတွေထဲကို ပြုတ်ကျသွားတာကို ကြည့်နေခဲ့တယ်။သူတို့နောက်ကပါလာတဲ့ သားရဲတွေကတော့ ရိုးရှငိးစွာပဲ သူတို့ရဲ့ ခန္တာကိုယ်ပေါ်က တက်နင်းကာ..ရှေးကို ဆက်ရွေ့လျားလာခဲ့ကြပါတယ်။
သို့ပေမယ့် နောက်ဆုံးမှာတော့..သားရဲအုပ်ကြီးရဲ့ အမြန်နှုန်းက နှည်းနည်းပဲ ဖြစ်ဖြစ် နှေးကွေးသွားခဲ့ကြတယ်။
' ချီးပဲ..'
" ထိန်းထားကြတော့.."
ဒါကတော့ မွန်းစတား လှိုင်းလုံးကြီး က လူသားတွေနဲ့ မထိတွေ့ခင် စပ်ကြားမှာ သူမ အော်ဟစ်နိုင်လိုက်တဲ့အရာပါပဲ..။
ယင်းနောက် ကမ္ဘာကြီးက..ဘာမှမရှိတောပဲ..ရူးသွပ်မူ ၊ ပျက်စီးမူ နဲ့ သေဆုံးမူတွေသာ ဖြစ်ပေါ်လာပါတော့တယ်။