← Chapters

ကြက်သွေးရောင်ထိပ်ဖျားအား ဝန်းရံတိုက်ခိုက်ခြင်း၃

Vol. 22 Ch. 317

ကြက်သွေးရောင်ထိပ်ဖျားအား ဝန်းရံတိုက်ခိုက်ခြင်း၃

Vol. 22 Ch. 317

အယ်ဖီဟာ သူမရဲ့ ခန္တာကိုယ်အလေးချိန်ကိုဆည်းဆာချိန် အမြုတေရဲ့ နောက်ဘက်မှာ ထားထားပြီး ဒိုင်းကာကို မှီကာ အံကိုကြိတ်ထားခဲ့ပါတယ်။ခနအကြာမှာတော့..ကြမ်းတမ်းလွန်းတဲ့ အရှိန်အဟုန်တစ်ခု ဒီအပေါ်ကို ကျရောက်လာခဲ့ပြီး ကျောက်ခဲတွေကိုပါ ကြေမွသွားစေဖို့ လုံလောက်နေခဲ့တယ်။

သိုပေမယ့် ဆန်နီရဲ့ဆန်းကျယ်တဲ့ ထပ်တူညီမူနဲ့ မတူညီတာက..သူမက ကျောကိတုံးနဲ့ ပြုလုပ်ထားခဲ့တာ မဟုတ်ပါဘူး။

အဲဒီအစား အယ်ဖီက ပိုပြီး ခံနိုင်ရည် ရှိတဲ့ အရာနဲ့ပြုလုပ်ထားခဲ့တာပါ။

"အားးး "

ရှိသမျှ ခွန်အားအကုန်လုံးကို ထုတ်သုံးနေရင်း..ဒီသက်ရောက်မူ လှိုင်းလုံးကြီးက သူမကိုယ်ထဲကနေ ဖြတ်သန်းကာ မြေကြီးထဲ ဝင်ရောက်သွားသလို ခံစားလိုက်ရတယ်။သူမရဲ့ အရိုးတွေက နာကျင်နေခဲ့ပေမယ့် မြဲမြံစွာ ဆုပ်ကိုင်ထားခဲ့ပါတယ်။ဆိုးဝါးတဲ့ ဖိအားက လွဲရင် သူမ ထိန်းထားနိုင်ခဲ့တယ်။

ခနအကြာမှာတော့..အယ်ဖီဟာ အော်ဟစ်ပြီး အားပိုထည့်ကာ တွန်းလိုက်တဲ့ အချိန်မှာ..သူမကို ဖိအားပေးနေတဲ့ ​ကင်းခြေမြားကောင် အချို့ဟာ နောက်ကို အနည်းငယ် ရောက်သွားခဲ့ကြတယ်။ချက်ချင်းဆိုသလိုပဲ..သူမရဲ့ လှံရှည်က..ဒိုင်းကာ နောက်ကနေ ထိုးထွက်လာပြီး မွန်းစတားရဲ့ မေးစေ့အောက်က အသွေးအသားတွေထဲကို ထိုးဖောက်သွားခဲ့တယ်။သူမက လှံရှည်ကို လှည့်ပတ်လိုက်ပြီး..သူမရဲ့ ဒိုင်းကာ ကို အားထည့်ကာ ဆောင့်တွန်းပြီး..လှံမှာစိုက်နေတဲ့သားရဲကို နောက်ကိုလွင့်စင်သွားစေခဲ့ပါတယ်။

အချိန်မှီလေပဲ..။နောက်ထပ် တစ်စက္ကန့်အကြာမှာတော့ ရှည်လျားတဲ့ ခွေးသားတစ်ကောင်က အပေါ်ကနေပြီး သူ့ရဲ့ အရိုးဓားနဲ့ သူမကို ထိုးဖောက်ဖို့ လုပ်လာခဲ့တယ်။

သို့ပေမယ့် အစောက တစ်ကောင်မြေကြီးပေါ် ပြုတ်ကျသွားပြီးတာနဲ့ နောက်ထပ် သားရဲတစ်ကောင်က သူ့နေရာမှာ ရောက်နေခဲ့ပါပြီ..။သူ့မှာ ကြောက်စရာ ပျစ်ချွဲနေတဲ့ ပါးစပ် နဲ့ ရူးသွပ်စွာ လောင်ကျွမ်းနေတဲ့ ဒေါသတကြီး မျက်လုံးတွေ ရှိနေခဲ့တယ်။

" ချီးပဲပေါ့.."

အယ်ဖီ ရဲ့ ပတ်ဝန်းကျင်မှာတော့..လူသားတွေရဲ့ ခန္တာကိုယ်တွေ ၊ သွေးတွေ နဲ့ အော်ဟစ်နေတဲ့ အိပ်မက်ဆိုးသားရဲတွေ သာ ရှိနေခဲ့တယ်။လက်သည်းတွေ ၊ သံမဏိ လက်နက်တွေက လေပေါ်မှာ မြောက်လာလိုက် အောက်ကိုကျသွားလိုက် ဖြစ်နေခဲ့ကြပြီး သွေးများ ၊ အရိုးစများ ၊ အသားစများကို မြေပြင်ပေါ် ကျဆင်းနေစေခဲ့ပါတယ်။ကြောက်ရွံ့မူ ၊ နာကျင်မူ ၊ ဒေါသထွက်မူ တွေကနေ ထွက်ပေါ်လာတဲ့ အော်သံတွေက..အိပ်မက်ဆိုး သတ္တဝါတွေရဲ့ ဖော်ပြလို့ မရနိုင်တဲ့ အသံတွေနဲ့ ရောနှောနေခဲ့ပါတယ်။

ဒီ စက္ကန့်အပိုင်းအခြားလေးမှာပဲ...သူမရဲ့နောက်လိုက်မုဆိုးတစိယောက်က..သူ့ရဲ့ ဒိုင်းကာအပေါ်ကို ပြင်းထန်တဲ့ အရှိန်နဲ့ ခုန်အုပ်လာတဲ့ ပင့်ကူတစ်ကောင်ကို တွန်းထုတ်လိုက်တာ ၊ ကျောက်တုံးဂိူလန်တစ်ကောင်က လူသားတစ်ယောက်ရဲ့ ခေါင်းကို အစွယ်နဲ့ကိုက်ဖြတ်လိုက်တာ ၊ ကြီးမားတဲ့ ကင်းခြေမြားကြီးတစိကောင်က အော်ဟစ်နေတဲ့ လူတစ်ယောက်ရဲ့ ခန္တာကိုယ်မှာ ရစ်ပတ်ပြီး..သူ့ရဲ့ ရာချီတဲ့လက်တွေနဲ့ အကာအကွယ်ကို ထိုးဖောက်နေတာတွေကို သူမ သတိထားမိလိုက်တယိ။

ယင်းနောက် သူမ ထပ်ပြီးကြည့်ဖို့အချိန်မရှိတော့ပေ..။

"ထိန်းထားကြ ၊ ထိန်းထားကြ ဝမ်းမနာ သားတွေ "

သူမက နောက်ထပ်ခြေတစ်လှမ်းတိုးကာ..သုံးမီတာလောက်ရှည်လျားတဲ့ ဓားခုတ်ကောင် ရဲ့ အရိုးဿာစကို ရှောင်လိုက်ပြီး ၊ သူမရဲ့ ဒိုင်းကာ အစွန်းနဲ့ သတ္တဝါကို ပြန်ရိုက်ချလိုက်တယ်။ပါးလွှားတဲ့ သတ္တဝါ ရဲ့ ခြေထောက်က ပြတ်ထွက်သွားခဲ့တယ်။ယင်းနောက် သူမရဲ့ လှံရှညိက ဆက်တိုက်ဆိုသလို ရောက်လာခဲ့ပြီး ဓားခုတ်ကောင်ရဲ့ ခေါင်းကို ထုပ်ချင်းဖောက်သွားကာ..အနီးရောင် ဖြစ်သွားစေခဲ့ပါတယ်။

သတ္တဝါကြီးက မြေကြီးပေါ်လဲကျမသွားခင်မှာပဲ အယ်ဖီရဲ့ ခန္တာကိုယ်က လှည့်ထွက်သွားခဲ့ပြီး နောက်ထပ် တိုက်ခိုက်မူ များစွာကို ဒိုင်းကာနဲ့ ကာကွယ်ထားခဲ့ရတယ်။သူမရဲ့ လှံရှည်က ဒိုင်းကာ နောက်ကနေ ထွက်လာပြီး တိုက်ခိုက်သူရဲ့ နှလုံးသားတည့်တည့်ကို ထိုးဖောက်လိုက်ပါတယ်။

'သွေးပန်းပွင့်..'

အယ်ဖီ အသက်ကို အောင့်ထားပြီး..ပုပ်ပွနေတဲ့ လူဝံကောင်ရဲ့ ဒဏ်ရာတွေထဲကနေ ဝတ်မှုန်တွေ အများကြီး ထွက်မလာခင်မှာ နောက်ကို မီတာအနည်းငယ်လောက်အထိ လွင့်သွားအောင် ဆောင့်ကန်လိုက်တယ်။သွေးပန်းပွင့်ရဲ့ ခန္တာကိုယ်ကြီးက အဝေးက နောက်ထပ် သတ္တဝါတစ်ကောင်နဲ့ တိုက်မိသွားပြီး ပေါက်ကွဲထွက်သွားခဲ့တယ်။

[ သင် သတ်လိုက်နိုင်...]

အရိပ်တစ်ခုက သူမရဲ့ ညာဘက်မှာ ရွေ့လျားလာတာကို မြင်နေရတာကြောင့် အယ်ဖီဟာ ကိုယ်ကို လှည့်လိုက်ပြီး လှံရှည်နဲ့ တန်းထိုးလိုက်တယ်။သို့ပေမယ့် နောက်ဆုံးအချိန်မှာပဲ သူမ လှံကို ပြန်ဆွဲထားလိုက်ရပါတယ်။​ကြေးလှံရှည်ရဲ့ ဓားသွားက နောက်ထပ် လူသားတစ်ယောက်ရဲ့ မျက်နှာနဲ့ စင်တီမီတာအနည်းငယ်လောက် အကွာမှာပဲ ရပ်တန့်သွားခဲ့ပါတယ်။

တစ်စက္ကန့်ရဲ့ အပိုင်းအခြားလေး လောက် သူတို့က အကြည့်ချင်း ဆုံသွားခဲ့ကြတယ်။အယ်ဖီက စိတ်ရှုပ်ထွေးနေ ပြီး ၊ ရင်းနှီးတဲ့ ပုံရိပ်နဲ့လူငယ်လေးကတော့ နောင်တရတဲ့ အကြောက်တရားတွေ ရှိနေခဲ့တယ်။ယင်းနောက် ကြီးမားတဲ့ အရိပ်ကြီး တစ်ခုက သူ့နောက်ကနေ ရုတ်တရက် ပေါ်လာပြီး လူငယ်လေးရဲ့ ဦးခေါင်းနဲ့ ခန္တာကိုယ်ကို နှစ်ပိုင်းပြတ်သွားစေကာ သွေးတွေ တလဟော ထွက်ပေါ်လာစေခဲ့ပါတယ်။သတ္တဝါကြီးက သံမဏိဓားကြီးနဲ့ တစ်ချက်တည်း ပိုင်းဖြတ်သွားခဲ့တာပါ။

' ..ချီး ပဲ...'

အယ်ဖီဟာ..ဆိုးဝါးတဲ့ သတ္တဝါကြီးကိုကြည့်လိုက်တယ်။သို့ပေမယ့် သူမ မတုန့်ပြန်နိုင်ခင်မှာပဲ..တစ်ခုခုက သူမဘေးဘက်ကနေ တိုကိခိုက်လာခဲ့ပြီး သူမရဲ့ ခန္တာကိုယ်တစ်ခုလုံးကို နာကျင်မူ လှိုင်းလုံးတွေ ဖြစ်ပေါ်သွားခဲ့ပါတယ်။ညဥ်းတွားသံတစ်ချက် ထွက်လာပြီး..သူမက သွေးစိုနေတဲ့ သန္တာကျောက်ပေါ်မှာ စလိုက်ထိုးကာ ခန္တာကိုယ်ကိုလှည့်ရင်း ဆည်းဆာချိန် အမြုတေကို သူမနဲ့ တိုက်ခိုက်သူ ကြားထဲမှာထည့်ထားခဲ့တယ်။

အမြန်ကြည့်လိုက်တဲ့အချိန်မှာ အကာအကွယ်က အကောင်းအတိုင်းရှိနေသေးတာကို အယ်ဖီ တွေ့လိုက်ရတယ်။ဒါက တောင့်ခံနိုင်ရုံလေးပါပဲ..။တိုက်ခိုက်ခံလိုက်ရတဲ့ နေရာမှာတော့ ၊ဆူပွက်နေတဲ့ အက်စက်တွေ ရှိနေပြီး သံမဏိကို ဖောက်ထွက်ဖို့ကြိုးစားနေခဲ့ပါတယ်။အရုဏ်ဦး အမြုတေရဲ့ အားဖြည့်ပေးမူကို ကျေးဇူးတင်စွာပဲ..သံချပ်ပြားတွေက ဘာမှမဖြစ်ခဲ့ပေ..။

သူမ အနည်းငယ်လှည့်လိုက်ပြီး ..ကြီးမားတဲ့ ကင်းခြေမြား သတ္တဝါရဲ့ နောက်ထပ်တိုက်ခိုက်မူကို ခုခံဖို့ ပြင်ဆင်လိုက်တယ်။အယ်ဖီ အဆင်သင့်မဖြစ်သေးခင်မှာပဲ ကြီးမားတဲ့ အရာတစ်ခုက သူမရဲ့နောက်ကျောကို ထိမှတ်သွားခဲ့ပြီး သူ့ရဲ့သွားနဲ့ သူမရဲ့လည်ပင်းကို ကိုက်ဖို့ လုပ်နေခဲ့ပါတယ်။သွေးစက်တွေက သူမရဲ့ ရင်ဘတ်ကို စီးဆင်းလာတာကို သတိထားမိနေခဲ့တယ်။

ဒေါသတကြီး အော်ဟစ်သံက သူမ ပါးစပ်ကနေထွက်ပေါ်လာခဲ့ပါတယ်။

ဇင်းနစ် အမြုတေကို ပြေးတက်လာတဲ့ ​ကင်းခြေမြားရဲ့ ပါးစပ်ထဲကို ပစ်ထည့်လိုက်ပြီး ၊ လွတ်သွားတဲ့ လက်တစ်ဖက်နဲ့ အနောက်ကို ဆန့်တန်းကာ သူမရဲ့ ခေါင်းကို ကိုက်ဖြတ်ဖို့ ကြံစည်နေတဲ့ မွန်းစတားကိုဟဖမ်းဆွဲကာ မြေကြီးနဲ့ ကိုင်ရိုက်လိုက်ပါတယ်။

သတ္တဝါကြီးရဲ့ ခန္တာကိုယ် ရိုက်ခတ်မူက သန္တာကျောက်ကိုတောင် အက်ကွဲသွားစေဖို့ လုံလောက်ခဲ့တယ်။ဒီ ခွေးသား သေဆုံးတာ သေချာစေဖို့ အတွက် သူမရဲ့ ခြေထော်ကို မြောက်ပြီး ဦးခေါင်းကို နင်းကာ ခြေမွပစ်လိုက်ပါတယ်။

သို့ပေမယ့် သူမ ဒီလိုလုပ်ပြီးတာနဲ့ တစ်ပြိုင်နက် နောက်ထပ် လေးကောင်က သူမအနားမှာ ရောက်နေခဲ့ပါပြီ..။သူမရဲ့ထက်ရှတဲ့ လက်သည်းနဲ့ အစွယ်တွေက သူမရဲ့ သွေးကို မြည်းစမ်းချင်နေကြတယ်။

ဆည်းဆာချိန်အမြုတေနဲ့ သူတို့ထဲက တစ်ကောင်ကို ရိုက်ထုတ်လိုက်ပြီး ..အယ်ဖီ ပြုံးကာ သူမရဲ့ လှ့ရှည်ကို ပြန်ထုတ်ဖော်လိုက်တယ်။

သူမရဲ့ ဒဏ်ရာရနေတဲ့ လည်ပင်းကနေ သွေးတွေစီးကျနေရင်း..အင်အားပြင်းတဲ့ လက်သည်းတစ်ခုရဲ့ တိုက်ခိုက်မူကို ရှောင်တိမ်းလိုက်ပါတယ်။

"ခွေးသားတွေ..နင်တို့...ငါ့ကို..စားချင်နေတာပေါ့..။ဟားဟားဟား...ဘယ်သူက ဘယ်သူ့ကို စားနိုင်မလဲကြည့်ကြတာပေါ့..အရူးတွေ.."

သူမရဲ့ ဝန်းကျင်မှာတော့ ပထမတန်းက အိပ်စက်သူတွေဟာ..သားရဲအုပ်ကြီးရဲ့ ဖိအားပေးမူအောက်မှာ ရောက်နေခဲ့ကြတယ်။သူတို့အများစုက သေဆုံးသွားကြပြီး ဖြစ်ပြီး နောက်ထပ် အများကြီးက တစ်စက္ကန့်တိုင်းမှာ သေအံ့ဆဲဆဲ ဖြစ်နေခဲ့ပါတယ်။သူတို့ရဲ့ ခန္တာကိုယ်တွေက..တွန့်ကြေနေပြီး..ကြီးမားတဲ့ မွန်းစတားတွေရဲ့ ကြားထဲမှာ ပျောက်ကွယ်မတတ်ဖြစ်နေကြတယ်။မြင်ကွင်းက အတော်လေးကို ကြောက်စရာကောင်းပြီး..စိတ်ထဲမှာ ကျောချမ်းမူကို ခံစားမိစေပါပဲ..။

ဒါတောင်မှ သန်မာတဲ့ ကိုယ်ခံပညာစွမ်းရည် နဲ့ အကောင်းဆုံးမှတ်သားမူတွေကို ပိုင်ဆိုင်ထားတဲ့ ပထမတန်းက အိပ်၀က်သူ တွေဟာ သူတို့ရဲ့ ပန်းတိုင်ကို ရောက်အောင်လုပ်ဆောင်ထားနိုင် ခဲ့ပါသေးတယ်။သူတို့က အင်အားကြီးတဲ့ သားရဲ လှိုင်းလုံးကြီးကို တားဆီးထားနိုင်ခဲ့ပြီး..သူတို့ရဲ့ ဓားတွေ ၊ အသက်တွေနဲ့ ချည်နှောင်ထားနိုင်ခဲ့တယ်။

အိပ်မက်ဆိုး သားရဲအုပ်ကြီးဟာ လူသားတွေကို ရုတ်ချည်းဆိုသလို ဖျက်ဆီးပြီး အနိုင်ယူနိုင်စွမ်း မရှိခဲ့ကြပါဘူး..။

ထပ်ပြောရရင် ဆုံးရှုံးမူတွေက တစ်ဖက်တည်း ကြုံတွေ့ရတာ မဟုတ်ပေ။လူသားတစ်ယောက် အသံခံရတိုင်း..များပြားလှတဲ့ အိပ်မက်ဆိုးသားရဲတွေက ဒဏ်ရာတွေ ၊ ဖျက်ဆီးခံရမူတွေ ၊ အပိုင်းပိုင်းအစစ ပြုလုပ်ခံရတာတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ကြီးမားတဲ့ တန်ကြေးနဲ့ အတူပဲ ၊ ပထမတန်းအဖွဲ့ ဟာ ပြန်လည်ဖွဲ့စည်းနေကြတာ ၊ ကနဦးတိုက်ခိုက်မူ တွေမှာ ရှင်ကျန်သူ တွေက ..ကာကွယ်သူ သုံးယောက်ရဲ့ ပတ်လည်မှာ ဝန်းရံနေခဲ့ကြတယ်။

သူတို့က အယ်ဖီ ၊ ဂျန်မာ နဲ့ ကတ်စတာ တို့ပါ။

သူတို့တစ်ယောက်ချင်းစီတိုင်းက မွန်းစတားပင်လယ်ကြီးထဲမှာ ကာကွယိသူတွေဖြစ်နေကြပြီး တိုက်ခိုက်ရေးသမားတွေက သူတို့ဘေးနားမှာ စုဝေးနေခဲ့ကြတယ်။ပထမ တန်းကို ကျော်လာကြတဲ့ သားရဲတွေက ဆိုင်ရှန် ရှိနေတဲ့ ဒုတိယတန်းက အိပ်စက်သူတွေရဲ့သတ်ဖြတ်မူကို ခံစားခဲ့ကြရတယ်။

...ပြီးတော့ ဒီတစ်လျောက်လုံးမှာလည်း..တတိယတန်းမှာ ရှိနေတဲ့ လေးသည်တော် တွေနဲ့ တိုက်ခိုက်ရေး အင်ဂျင် တွေက မရပ်မနား ပစ်ခတ်နေခဲ့ကြပါတယ်။

All Chapters