← Chapters

ကြက်သွေးရောင်ထိပ်ဖျားအားဝန်းရံ တိုက်ခိုက်ခြင်း၄

Vol. 22 Ch. 318

ကြက်သွေးရောင်ထိပ်ဖျားအားဝန်းရံ တိုက်ခိုက်ခြင်း၄

Vol. 22 Ch. 318

"ကိုယ့်နေရာကို နေကြ..ကောင်စုတ်တွေ ။တကယ်လို့ တစ်ယောက်ယောက် ပြေးရဲရင် ငါကိုယ်တိုင် သတ်မယ်.."

အယ်ဖီရဲ့ အသံကို ကြားလိုက်ရတဲ့ အချိန်မှာတော့ ကိုင် က တုန်လှုပ်သွားပြီး..အနိဌာရုံကို ဖြစ်စေတဲ့ အိပ််မက်ဆိုး သားရဲအုပ်ကြီးကို မကြည့်မိဖို့ အာရုံလွှဲထားမိလိုက်ပါတယ်။အောက်က်ို ငုံ့ကြည့်လိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့လက်တွေက တုန်ရီနေခဲ့တာကြောငိ့..လက်သီးကို ဆုပ်ထားလိုက်ရတယ်။သူက တည်ငြိမ်နေမှဖြစ်မှာပါ..။မဟုတ်ရင် သူ့ရဲ့ ပစ်ခတ်မူတွေက ထိခိုက်မူတွေ ဖြစ်လာပါလိမ့်မယ်။

ဒါ အလုပ်ဖြစ်မှာမဟုတ်ဘူး..။

..သို့ပေမယ့် အရိုးသားဆုံးပြောရရရင် သားရဲတစ်ကောင်ချင်းစီက သူတို့ထက်ပိုသန်မာနေတဲ့ အချိန်မှာဒီလို သားရဲပင်လယ်ကြီးက ကိုယ့်အနားကပ်လာတာကို မကြောက်တဲ့လူက ဘယ်မှာရှိမှာလဲ..။

ကိုင်က ..ကြောက်စရာတွေ ၊ စိုးရိမ်စရာ တွေ နဲ့ အဆင်မပြေစရာ တွေ ၊ မနှစ်မြို့စရာ အခြေအနေတွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ကိုယ့်ကိုကို အမြဲတမ်း ဂုဏ်ယူမိပါတယ်။အမှောင်မြို့တော်ထဲမှာ လူသားဆန်စိတ်မပျောက်ပဲ သုံးနှစ်လောက်ရှင်သန်လာနိုင်ခဲ့တာကတော့ ပြောစရာတောင်မလိုတော့ပါဘူး..။

သို့ပေမယ့်..ဒါကြီးကတော့ အရမ်းကို များပါတယ်။

'...ဆန်နီ ဆိုရင် ဘာပြောမလဲ..'

သူ့ရဲ့ စိတ်အနှောက်ယှက်ဖြစ်ပေမယ့် ခင်ဖို့ကောင်းတဲ့ သူငယ်ချင်းအကြောင်းကို စဥ်းစားမိလိုက်တဲ့ အချိန်မှာ ဆန်နီ အနည်းငယ် ပြုံးလိုက်တယ်။

'အိပ်မက် ဆိုးသတ္တဝါ အုပ်ကြီးလို ထူးဆန်းတဲ့ အရာမျိုးပဲဖြစ်မှာပေါ့..။အင်း..ငါ လည်း ရက်အနည်းငယ်၇ အဲလို ကြုံခဲ့ရဖူးတယ်..။သူတို့အကုန်က ငါ နှာချေလိုက်တာနဲ့ သေကုန်ကြတာပဲ..'

အထူးဆန်းဆုံး အပိုင်းက သူက အမှန်အတိုင်းပြောနေတာပဲ ဖြစ်မှာပါ။တကယ်လို့ ကိုင်သာ ထပ်ပြီး တူးဆွ ကြည့်မယ်ဆိုရင် ဆန်နီ နှာချေတာကြောင့် ကြီးမားတဲ့ ငလျင်တွေဖြစ်ပြီး မွန်းစတားတွေ သေကုန်တာတောင်ဖြစ်နိုင်လောက်ပါတယ်။

ဒါမှမဟုတ် သူ့ရဲ့ နှာချေမူက ဒီသတ္တဝါတွေ အားလုံးကို ဝါးမြိုနိုင်တဲ့ ကြောက်စရာ သတ္တဝါတစိကောင်ကိုဆင့်ခေါ်လာတာလည်း ဖြစိနိုင်တာပါပဲ၏

ဒါက ဆန်နီ ရဲ့ ပုံစံပါ..။

...ခန့်မှန်းလို့ မရဘူး..။

ထူးဆန်းစွာပဲ ဒီအတွေးတွေက ကိုင် ကို တည်ငြိမ်သွားစေခဲ့တယ်။ဒီ ချ၀်စရာကောင်းတဲ့ မိတ်ဆေ​ေါ အနားမှာ ရှိမနေခဲ့တာကိုပဲ သူ စိတ်မကောင်းဖြစ်မိပါတယ်။

နီးကပ်လာနေတဲ့ သားရဲအုပ်ကြီးကိုကြည့်လိုက်ပြီး သူ သက်ပြင်းချကာ လေးကို တင်းကြပ်အောင် ဆုပ်ကိုင်ထားခဲ့တယ်။

​မျှော်စင်ရဲ့ အစောင့်တွေနဲ့ ထိပ်တိုက်ရင်ဆိုင် ဖို့ ပြောင်းလဲနေတဲ့ကြယ်ပွင့် ရွေးချယ်ထားတဲ့ နေရာက အမှန်ကို ဆင်ခြေလျောတစ်ခုပါ။ဒါကြောင့်ပဲ တတိယတန်းရဲ့ တည်နေရာက..ရှေ့နှစိတန်းထပ် ပိုမြင့်ပြီး..သူတို့အတွက် အိပ်မက်ဆိုးသားရဲတွေကို ဆက်တိုက်ပစ်ဖို့လွယ်ကူစေပါတယ်။

သီအိုရီ အရဆိုရင်ပေါ့..။

သူ့ဘေးနားမှာရှိနေပြီး သင့်တော်တဲ့ မှတ်သားမူတွေ စွမ်းရည်တွေရှိနေတဲ့ အိပ်စက်သူတွေကတော့ ပစ်ခတ်ဖို့ အသင့်ပြင်ကာ သူ့ရဲ့ အမိန့်ကို စောင့်နေခဲ့ကြတယိ။ရှငိကျန်ရစ်ခဲ့တဲ့ လက်မူပညာရှင်တွေနဲ့ သူတို့ရဲ့ အကူအညီတွေက အမှောင်မြို့တော်ကနေ ဒီအထိ တစ်လျောက်လုံးသယ်လာခဲ့တဲ့ အင်အားပြင်း ပစ်လွှဲ များကို စနစ်တကျ ပြင်ဆင်ထားခဲ့ပါတယ်။ဒီကြမ်းတမ်းတဲ့ တိုက်ခိုက်ရေး အင်ဂျင်တွေကို မြင်တော့..ကိုင် က နောင်တရစွာ သက်ပြင်းချလိုက်တယ်။

..ဘာပဲဖြစ်ဖြစ် သူတိူ့က ဒီတိုက်ပွဲမှာ ရှင်ကျန်ရစ်နိုင်ပါတယ်။

"ပထမ ပစ်မှတ် "

မကြာခင်မှာပဲ အယ်ဖီရဲ့ အသံကိုကြားလိုက်ရတာကြောင့် လက်မူပညာရှင်တွေကို လက်ဝေ့ယမ်းပြပြီး ပစ်ခတ်ဖို့ အချက်ပေးလိုက်တယ်။

တစ်စက္ကန့်လောက်ကြာပြီးနောက်မှာတော့ လှံရှည်ခြောက်ချောင်းက လေထဲမှာ ပျံသန်းသွားပြီး မွန်းစတား အုပ်ထားကို တိုးဝင်သွားခဲ့ပါတယ်။သူတို့ အများစုက သေကြေခဲ့ကြပေမယ့်..ဒါက အမှောင်ပင်လယ်ထဲကို ရေတစ်စက်ချလိုက်သလိုပါပဲ..။

ကိုင် အံကိုကြိတ်ထားခဲ့တယ်။

"ဒုတိယ ပစ်မှတိ "

" အခုပဲ "

သူ့ရဲ့ ဆွဲဆောင်နိုင်တဲ့ အသံက တတိယတန်းက အိပ်စက်သူတွေထံ လွင့်ပျံသွားပြီး သူကတော့ လေးကိူ မြောက်ကာ ချိန်ရွယ်လိုက်တယ်။

အစစ်အမှန်ကမ္ဘာမှာဆိုရင် လေးပစ်တာက ကိုင်ရဲ့ အကြိုက်ဆုံး ဝါသနာပါ။မြားပစ်လေ့ကျင့်တာတွေကို ကျောင်းတွေမှာ အများကြီး သင်ပေးတာတော့ မဟုတ်ပါဘူး..။ဒါက ရှေးဟောင်း လေ့ကျင့်မူတစ်ခုဖြစ်ပြီး ကျူဒို လို့ ခေါ်ကြပါတယ်။ဒါက တိုက်ပွဲဝင်ဖို့အတွက် နည်းစနစ်ထက်..တရားထိုင်ခြင်းနဲ့ သက်ဆိုင်တဲ့ ယဥ်ကျေးမူတစ်ခုပါ။သဘာဝရဲ့ဖြစ်တည်မူ ၊ အေးချမ်းတဲ့ အတွေးအခေါ် နဲ့ ထပ်ခါထပ်ခါ လေ့ကျင့်မူတွေက သူ့စိတ်ထဲမှာ ပေါ်လာခဲ့တယ်။

ကိုင်က ဖိအား များလေလေ ပိုပြီး လေ့ကျင့်လေပါပဲ..။

တစ်နေ့မှာ သူက မြားပစ်အတတ်နဲ့ အသက်ရှင်ကျန်ရစ်ဖို့အတွက် ကြိုးစားနေရမယ်လို့ ဘယ်သူထင်ထားမှာလဲ..။

မွန်းစတား အုပ်ကြီးထဲကို ချိန်ရတာက သိပ်ပြီး မခက်ခဲပါဘူး..။အနည်းဆုံးတော့ သွေးမြားတွေ ပစ်မှတ်ကို လွဲချော်မှာကို သူ စိတ်ပူစရာ မလိုအပ်ပေ။

မြားကြိုးကို လွှတ်လိုက်ပြီး သွေးမြားက လေထဲကို ဖြတ်သန်းသွားကာ ရှည်လျားတဲ့ ကြေးခွံနတိဆိုးကို စိုက်ဝင်သွားတာကို ကြည့်နေခဲ့တယ်။သူ့ရဲ့ အရိုးထိပ်ဖျားက သတ္တဝါရဲ့ အကာအကွယ်ကို ဖောက်ဝင်သွားခဲ့ပါတယိ။ဒီမြားက တက်ရောက်မူအဆင့်ဖြစ်ရုံတင်မကဲ..မိန်းကလေး နစ်ဖီကလည်း စွမ်းရည် မြင့်တင်ထားပါသေးတယ်။

သတ္တဝါ အနည်းငယ်လောက်ပဲ သူ့ရဲ့ တိုက်ခိုက်မူကို ခုခံနိုင်မှာပါ..။

"ဆက်ပြီး ပစ်နေ..။သတ်နိုင်သလောက် များများသတ်ကြ.."

နတ်ဆိုးဟာ လှုပ်ခါသွားပြီး မြေကြီးပေါ်လဲကျသွားခဲ့တယိ။သူ မှတ်သားမူကို ထုတ်လိုက်တိုင်း ခန္တာကိုယ်က အားနည်းနေသလိုခံစားနေခဲ့ရတယ်။

သို့ပေမယ့် သူ ဒုတိယ အကြိမ်မပစ်ရသေးခင်မှာပဲ.သားရဲတွေ အုပ်စုဟာ..အိပ်စက်သူတွေ ဆီကိုရောက်သွားခဲ့ပါပြီ။

ထိပ်လန့်စရာ မြင်ကွင်းကြောင့် ကိုင် ကြောင်အသွားခဲ့တယ်။သူ့ရဲ့ အောက်ဘက်မှာ ဖြစ်ပေါ်နေတဲ့ မြင်ကွင်းတွေက ကြောက်ဖို့ကောင်းပြီး နားလည်ရခက်ခဲစေပါတယိ။အယ်ဖီကို စိုးရိမ်စိတ်တွေ အပြည့်နဲ့ သူ့ နှလုံးသားက ချက်ချင်းဆိုသလိုပဲ တင်းကြပ်သွားခဲ့ပါပြီ..။

ပြီးတော့ သူ သိတဲ့လူတွေ အကုန်လုံး..။

ရှုတ်မဲ့နေတဲ့ မျက်နှာနဲ့ပဲ..ကိုင်က ချိန်ရွယ်ပြီး ပစ်လိုက်တယ်။

ယင်းနောက် သူက ဆက်တိုကိ ၊ ဆက်တိုကိ ၊ ဆက်တိုက် ဆိုသလို ပစ်ခတ်နေခဲ့ပါတယ်။

သူ့ဘေးနားက လူတွေကလည်း တတ်နိုင်သလောက် အစွမ်းအစနဲ့ အိပ်မက်ဆိုးသားရဲ တွေကို ရသလောက် သတ်ဖြတ်နေကြတယ်။မြားတွေ ၊ မှော်ပစ်လွှဲတွေ ပြီးတော့ အသက်တွေ အများကြီးကို ဖျက်ဆီးစေနိုင်တဲ့ ကြီးမားတဲ့ ပစ်စင် တွေ အများကြီးပါပဲ.။

သို့ပေမယ့် ဒါက မလုံလောက်ပေ။နီးစပ်မူတောင် မဖှိပါဘူး..။

သူနဲ့ တစ်ခြားလေးသည်တော်တွေကို ကာကွယ်ဖို့ကြိုးစာစရင်း တစ်စစီဖြစ်သွားတဲ့ လူတွေကို ကြည့်နေရင်း ကိုင်က အကူအညီမဲ့စွာပဲဒီထပ် စွမ်းဆောင်နိုင်ဖို့ မျှော်လင့်နေခဲ့ကြတယ်။

'ငါ သာ လေပေါ်ပျံပြီး ပစ်လို့ရရင်..။ငါသာ အနားကပ်လို့ရရင်..."

သို့ပေမယ့် သူ ဒီလို မလုပ်နိုင်ခဲ့ပေ..။

တစ်ခြားလူတွေက တိုက်ပွဲမှာနစ်မြောနေစဥ်မှာ သူ့က ခေါင်းအေးနေဖို့ လိုအပ်ပါတယ်။ဘာပဲဖြစ်ဖြစ် သူက တတိယတန်းရဲ့ တာဝန်ရှိသူပါ။လူငယ်ယောက်ျားလေးတွေ ၊ မိန်းကလေးတွေရဲ့ အသက်တွေ အများကြီးက သူ့အပေါ်မှာ မူတည်နေခဲ့တယ်။

ဒါကြောင့်လည်း သူက ကောင်းကင်ကို ဆက်တိုက်ကြည့်နေတာပါပဲ..

သူတို့အထက် မီတာ အနည်းငယ်အကွာမှာတော့ နေအလင်းရောင်မှာတောင် မမြင်နိုင်တဲ့ သံမဏိ ဝိုင်ယာတွေနဲ့ ပြုလုပ်ထားတဲ့ ကြီးမားတဲ့ ပိုက်ကွန်ကြီးရှိနေခဲ့တယ်။

ပိုက်ကွန် ကြိုးတွေက..ဝင်္ကပါထဲက စုဆောငိးထားတာဖြစိပြီး..သံပင့်ကူတွေ အသိုက်လုပ်တဲ့နေရာနားကပါ။ပြီးတော့ လက်မူပညာရှငိတွေက ဒါက်ို အကာအကွယ် အဖြစ် ဒီဇိုင်းဖန်တီးထားခဲ့တယ်။

ဒီဟာက ကောင်းကင်ပေါ်ကနေ အချိန်မရွေးတိုက်ခိုက်လာနိုင်တဲ့ ကြောက်စရာ သတ္တဝါတွေရဲ့ ရန်ကနေ သူတို့ကို ကာကွယ်ပေးပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ကြက်သွေးရောင် ထိပ်ဖျားမှာက

တယ်ရာ နဲ့ အစောင့်သားရဲ အုပ်ကြီး ပဲ ရှိနေတာ မဟုတ်ပါဘူး..။

အဲဒီမှာ သူ့ရဲ့ ဆတ်သား တွေလည်း ရှိနေပါသေးတယ်။

All Chapters