← Chapters

ကြက်သွေးရောင်ထိပ်ဖျားအား ဝန်းရံတိုက်ခိုက်ခြင်း

Vol. 22 Ch. 319

ကြက်သွေးရောင်ထိပ်ဖျားအား ဝန်းရံတိုက်ခိုက်ခြင်း

Vol. 22 Ch. 319

- ၅

"မင်းတို့လေးတွေကို ဆွဲ..သေချာ ချိန်ကြ.. ပစ် "

ကိုင်ရဲ့ စကားလုံးတွေက တပ်သားတွေကို ညွှန်ကြားတယ် ဆိုတာထက် သူတို့ရဲ့ စိတ်တွေကို မြှင့်တင်ပေးဖို့အတွက် ရည်ရွယ်ထားခဲ့တာပါ။အမှန်အတိုင်းပြောရရင် သူ့မှာ အများကြီး လုပ်စရာမရှိသေးပေ။ အနည်းဆုံးတော့ အခုထိ မရှိသေးပါဘူး..။လေးသည်တော် တွေရဲ့ အခြေအနေက အခုထိ ဗရမ်းဗတာ ရှိမနေသေးပေ..။လူတိုင်းက..အိပ်မက်ဆိုးသားရဲအုပ်ထဲကို သူတို့ ပစ်နိုင်သမျှ မြန်မြန် ပစ်ထည့်နေရုံပါပဲ..။

သူလည်း အတူတူပဲ လုပ်နေခဲ့တာပါ။

သူ့ရဲ့ အနီးနားမှာတော့ မြားတွေ အပြည့်ထည့်ထားတဲ့ မြားကျည်ထောက်တွေက သူတို့ရဲ့ အလှည့်ကို ရောက်ဖို့ အတွက် စောင့်ဆိုင်းနေခဲ့ကြတယ်။ကိုင်က ဒီမြားတွေ နဲ့ သွေးမြားတွေကို တစ်လှည့်စီ အသုံးပြုပြီး တိုက်ခိုက်နေခဲ့တာပါ။ကြောက်မက်ဖွယ်ကောင်းတဲ့ မှတ်သားမူ သူ့လက်ထဲကို ရောက်လာဖို့အတွက် အချိန်ခနလိုအပ်တာကြောင့်..ဒီကြားထဲမှာ သူ တစ်ခုခုကို အသုံးပြုနေဖို့လိုအပ်ပါတယ်။

လေးသည်တော်ကောင်း တစိယောက်က တစ်မိနစ်ကို ဆယ်နှစ်ကြိမ် ပစ်ခတ်နိုင်ဖို့ လိုအပ်ပါတယ်။ထူးချွန်တဲ့ လေးသည်တော် ဆိုရင် နှစ်ဆ ပစ်နိုင်ကြပါတယ်။

ကိုင်က အံကိုကြိတ်ထာရင်း လေးကြိုးကို ဆွဲကာ ၊ ချိန်ပြီး..၊ အသက်ကို အောင့်ကာ..ပစ်ခတ်လိုက်တယ်။လှုပိရှားမူတိုင်းက လျငိမြန်ပြီး တိကျဖို့ လိုအပ်ပါတယ်။တစိချက်ပစ်ပြီးသွားတာနဲ့..နောက်ထပ်တစ်ချက်က ချက်ချင်းစတင်လာခဲ့တယ်။ဆွဲတယ် ၊ ချိန်တယ် ၊ ပစ်တယ်။ ဆွဲတယ် ၊ ချိန်တယ် ၊ ပစ်တယ်။ဒီဖြစ်စဥ်က ထပ်ကာ ..ထပ်ကာ ..ထပ်ကာ ဖြစ်နေခဲ့ပါတယ်။

ဒီလှုပ်ရှားမူတွေကြားထဲမှာတော့ သူက လူသားတစ်ယောက် နဲ့တောင် မတူတော့ပဲ..အနည်းငယ်တောင် မရပ်ပဲ ဆက်တိုက်ပစ်ခတ်နေတဲ့ တိုက်ပွဲ စက်ယန္တရားနဲ့တောင် တူနေခဲ့ပါပြီ။

သူ့ မြားချက်က ရေညှိနဲ့ ပုပ်ပွနေတဲ့ အသားတွေဖွဲ့စည်းထားတဲ့ မြွေပုံစံ သားရဲတစ်ကောင်ရဲ့ မျက်လုံူကိုထိမှန်သွားခဲ့ပါတယ်။နောက်တစ်ခုက ကြီးမားတဲ့ လူဝံတစ်ကောင်ရဲ့ ရင်ဘတ်ကို ဖောက်ထွင်းသွားခဲ့ပြီး ဓားခုတိကောင်ရဲ့ ကြေးခွံပေါ်မှာ စိုက်သွားခဲ့ပါတယ်။တတိယ တစ်ချောင်းက ဓားခုတ်ကောင်းရဲ့ လည်ပင်းကို ထိမှန်သွားပြီး..သွေးတွေ သောက်သုံးကာ..မွန်းစတားကို လဲကျသွားစေခဲ့ပါတယ်။

ကိုင်ဟာ ရေနစ်နေသလို ခံစားနေခဲ့ရတယ်။

အရင်ကမ္ဘာမှာတုန်းက လေးသည်တော်တွေကို အမြဲတမ်း ကျွမ်းကျင်ပြီး ခန့်ညားတဲ့လူတွေလို သရုပ်ဖော်ကြပါတယ်။သူတို့က ခွန်အား နဲ့ ရုပ်ပိုင်းဆိုင်ရာ ထက် သန်မာမူထက် ..လျင်မြန်ပြီး ဖြတ်လပ်တဲ့ သူတွေအဖြစ် ဖော်ပြထားကြပါတယ်။သူတို့က လှပတဲ့ မိန်းကလေးတွေ ၊ ခန့်ညားတဲ့ လူငယ်လေးတွေ နဲ့ တွက်ချက်တတ်တဲ့ လူဆိုးတွေပါ။ဒါကြောင့်လည်း သူက လေးအတတ်ကို စတင်ပြီး စိတ်ဝင်စားသွားတာ ဖြစ်နိုင်ပါတယ်။

သို့ပေမယ့် အမှတ်တရားကတော့..ဒီလို မဟုတ်ခဲ့ပေ။

လေးကြိုးကို ဆွဲဖို့ ဆိုရင် ခွန်အားတွေ အများကြီး အသုံးပြုရပါတယ်။လေးကောင်းတစ်လက်ရဲ့ ဆွဲအားက ငါးဆယ် ကီလိုဂရမ် လောက်ရှိပြှီး ပျှမ်းမျှ အနေနဲ့ ဒါက ဓားတစ်ချောင်းရဲ့ အလေးချိန်ထက်..အဆ နှစ်ဆယ်လောက် ပိုများပါတယ်။

ပြီးတော့ မှတ်သားမူ လေးတွေက ပိုပြီး တောင် ကြောက်စရာ ကောင်းပါသေးတယ်။သူတို့က သာမန်လူတွေ အတွက်ရည်ရွယ်ထားတာ မဟုတ်တဲ့အတွက် စက္ကန့်အနည်းငယ်ကြာတိုငိး လေးကြိုးကို ဆွဲနေရတာက သူ့ရဲ့ သက်လုံးကို မိနစ်တိုင်း ကုန်ဆုံးစေပါတယ်။မကြာခင်မှာပဲ ကိုင်ရဲ့ ကြွက်သားတွေက နာကျင်လာခဲ့ပြီး သူ့ရဲ့ အဆုပ်က ပေါက်ကွဲမတတ်ဖြစ်လာခဲ့တယ်။

သို့ပေမယ့် သူ ရပ်တန့်လိုက်လို့ မရပါဘူး..။ဘာပဲဖြစ်ဖြစ် သူက ဆက်ပြီး ပစ်နေရပါမယ်။

"ဆက်ပြီးလုပ်နေ..။ဆွဲ...ချိန်..ပစ်..."

အောက်ဘက်က လူတွေက..ရန်သူတွေကို လေးသည်တော်တွေ နဲ့ဝေးနေစေဖို့အတွက် နာကျင်ပြီး သေအံ့ဆဲဆဲ ကြုံတွေ့နေရတဲ့ အချိန်မှာ ဘယ်လိူလုပ် သူ့ရဲ့ နာကျင်မူ ၊ မောပန်းမူကြောင့် ပစ်ချက်တွေကို နှေးကွေးသွားစေလို့ ဖြစ်မှာလဲ..။

နောက်ထပ် မြားတစ်ချောင်းကို လွှတ်လိူက်ပြီး သူ လုပ်နေကြအတိုင်း တစ်ချက်ကြည့်လိုက်တယ်။

သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ သူ့အကြည့်က မတူညီတော့ တဲ့ အညိုရောင် ကောင်းကင်ကို မြင်လိုက်ရပါတယ်။ယင်းနောက် သူ့မျက်လုံးက ပြူးကျယ်သွားခဲ့တယ်။

အဲ့အချိန်မှာပဲ..အနက်ရောင် အစက်အပျောက် ငါးခုက တိုကိပွဲရဲ့ အပေါ်မှာ ပေါ်ထွက်လာခဲ့ပြီး အဝိုင်းပုံစံလှည့်ကာ ပျံသန်းနေခဲ့ကြပါတယ်။သူ့တစ်ကိုယ်လုံး အေးစက်သွားခဲ့တယ်။

"ဆတ်သားတွေ.."

ကျရှုံးမူ အဆင့် မွန်းစတား ငါးကောင်က အောက်မှာဖြစ်ပျက်နေတာတွေက ဂရုမစိုက်တဲ့ ပုံစံနဲ့ကြည့်နေခဲ့တယိ။

"သူတို့က ဘာလို့ မတိုက်ခိုက်သေးတာလဲ.."

သူ့မေးခွန်းကို ပြန်ဖြေလိုက်သလိူပဲ..သေးငယ်တဲ့ အစက်အပျောက်လေးတစ်ခုက ရောက်လာခဲ့ပြီးသူတို့ ဖန်တီးထားတဲ့ အဝိုင်းပုံစံထဲဝင်လာခဲ့တယ်။ပြီးတော့ နောက်ထပ် နောက်ထပ် ...

တစ်စက္ကန့်အကြာမှာတော့ မရေမတွက်နိုင်တဲ့ အိပ်မက်ဆိုး သတ္တဝါတွေက..အညိုရောင် ကောင်းကင် အောက်ကနေ ဆင်းသက်လာကြပြီး မြေပြင်နဲ့ နီးကပ်လာခဲ့ကြတယ်။အရေအတွက် များပြားလွန်းတာကြောင့်..သူတို့ တွေ လှည့်ပတ်ရင်း ဖြစ်ပေါ်လာတဲ့ အခြေအနေတွေက..လေဆင်နှာဖောင်းတစ်ခုရဲ့ အနက်ရောင် အခိုးအငွေ့တွေနဲ့တောင် တူနေခဲ့ပါပြီ။

ကိုင် တုန်ရီသွားခဲ့တယ်။သူ့ မျက်နှာက ဖြူဖျော့နေခဲ့ပါတယ်။

...သို့ပေမယ့် အကြောက်တရားက သူ့ရဲ့ တာဝန်ကို နှောက်ယှက်တာမျိုးကို လက်မခံနိုင်ခဲ့ပေ..။

"ကောင်းကင် အဖွဲ့..။အမြင့်က်ို ချိန်..."

အဲ့အချိန်မှာပဲ တတိယတန်းမှာ ရှိနေကြတဲ့ အိပ်စက်သူတွေထဲက သူတို့ရဲ့လက်နက်နဲ့ အာရုံစိုက်မူတွေကိုလေကြောင်း ခြိမ်းခြောက်မူကို တွန်းလှန်ဖို့ ပြင်ဆင်လိုက်ကြပါတယ်။သို့ပေမယ့် အောက်မှာဖြစ်နေတဲ့ တိုက်ပွဲကို အရမ်းအာရုံစိုက်နေရတဲ့ အတွက် အများစုက သူပြောတာကို မကြားလိုက်ကြပါဘူး။

ကိုင် မျက်နှာ ရှုတ်မဲ့သွားခဲ့တယ်။

ယင်းနောက် သူ့ရဲ့ ရှင်းလင်းပြီး ဆွဲဆောင်မူရှိတံ့ အသံက တိုက်ပွဲတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပါတယ်။ဒီတစ်ခါမှာတော့ ကြောက်စရာကောင်းတဲ့ တိုက်ပွဲရဲပ အသံတွေကို အလွယ်တကူပဲ ထိုးဖောက်နိုင်သွားခဲ့ပါပြီ။

"ကောင်းကင် တပ်ဖွဲ့တွေ ၊ အမြင့်ကို ချိန်ကြ "

ဒါက သိန်းနဲ့ချီတဲ့ ပရိတ်သတ်တွေရဲ့ ရှေ့မှာ သူ သီချင်းဆိုတဲ့အခါ အသုံးပြုတဲ့ အသံပါပဲ။သေဆုံးနေတဲ့ သူတွေပဲ မကြားကြပါလိမ့်မယ်။

သူ့အသံကြောင့် အသိစိတ်ဝင်လာကြတဲ့ လေးသည်တော်တွေဟာ အမြန်ကောင်းကင်ကို ချိန်လိုက်ကြတယ်။

..အချိန်မှီလေးပဲ..။

ကိုင်ဟာ သွေးမြားကို ပစ်လွှတ်လိူက်တဲ့ အချိန်မှာ ဒါက ပျံသန်းနေတဲ့ သတ္တဝါတစ်ကောင်ရဲ့ ရင်ဘတ်ကို ထိမှန်သွားတာ တွေ့လိုက်ရတယ်။မွန်းစတားက လည်ထွက်ကာ သံမဏိ ပိုက်ကွန်တွေ ပေါ်ကို ကျယ်လောင်တဲ့ အသံနဲ့ပြုတ်ကျသွားခဲ့ပါတယ်။

ကွန်ရက် တစ်ခုလုံး တုန်ခါသွားပြီး သွေးစက်တွေကတော့ မြေကြီးပေါ်ကို ကျရောက်သွာခဲ့တယ်။

သူ့လက်က မြားကို ယူဖို့ ဆန့်တန်းနေတုန်းမှာပဲ ဆင်းသက်လာတဲ့ လေသားရဲတစ်ကောင်ကို မြင်လိုက်ရတယ်။တစ်ခနလောက် သူ့နှလုံးက တင်းကြပ်လာသလို ခံစားလိုက်ရပါတယ်။

ပျံသန်းနေတဲ့ အိပ်မက်ဆိုးသားရဲတွေက များပြားလွန်းလို့ ရေတွက်ဖို့တောင် မဖြစ်နိုင်ပါဘူး..။လေသားရဲ တွေထဲမှာတော့ သူ အရင်က တိုက်ခိုက်ခဲ့ဖူးတဲ့ ကျိုင်းကောင်းတွေ ၊ ဆာလောင်တွေနဲ့ ပါးစပ်တွေရှိတဲ့ လင်းနို့သားရဲတွေ ၊ သူတို့ရဲ့ အမွှေးတွေကနေ လပ်ချောင်းတွေထွက်နေတဲ့ ရွံစရာ ငှက်တွေ ပြီးတော့ အများကြီးပါပဲ..။သူဘယ်တုန်းကမှ မတွေ့ဖူး ၊ စိတ်ကူးမယဥ်ဖူးတဲ့ ထိပ်လန့်စရာ အရာတွေပါ။

.

..ပြီးတော့ သူတို့ရဲ့ အထက်မှာလည်း အနက်ရောင် အစက်အပျောက် ငါးခုက ဆက်တိုက်လှည့်ပတ်နေပါသေးတယ်။

ကိုင်ဟာ မြားတစ်ချောင်းကို လေးကြိုးပေါ်တင်လိုက်ပြီး ကြောက်ရွံ့မူတွေ ၊ သံသယ တွေနဲ့ ဆွဲလိုက်တယ်။ယင်းနောက် သူက အနီးဆုံးသားရဲကို ချိန်ရွယ်လိုက်ကာ..သေဆုံးဖို့ ရည်ရွယ်လိုက်ပါတယ်။

ခနအကြာမှာတော့ သူ့ရဲ့ မြားက သတ္တဝါရဲ့ ညာဘက်မျက်လုံးကို ထိမှန်သွားခဲ့တယ်။

သူ့ဘေးနားက လေးသည်တော်တွေကတော့ ပစ်မှတ်ကို ပြောင်းထားခဲ့ကြပါပြီ..။တိုက်ခိုက်ရေး အင်ဂျင်တွေ နဲ့ လေပေါ်ကို တိုက်ခိုက်ဖို့မသင့်တော် တဲ့သူတွေသာ အောက်ဘက်က သားရဲအုပ်ကြီးကို ဆက်လက်တိုက်ခိုက်နေကြပါတယ်။

ဆင်းသက်လာနေတဲ့ အထဲက အမြန်ဆုံးမွန်းစတားတွေက သေဆုံးသွားခဲ့ပြီး မကြာခငိမှာ အလောင်းတွေက သံမဏိ ပိုက်ကွန်ပေါ်ကို ကျလာခဲ့တယ်။

သို့ပေမယ့် ကံကောင်းတဲ့တစ်ချို့က မြားတွေကို ရှောင်နိုင်ခဲ့ပြီး မြေပြင်ပေါ်က လူသားတွေကို အန္တရာယ်ပြုဖို့ ကြိုးစားလိုက်ပါတယ်။

သူတို့ထဲကတစ်ကောင်က သံမဏိပိုက်ကွန်ကို အရှိန်နဲ့ ဝင်တိုက်တဲ့အချိန်မှာ ကိုင် အသက်ကို အောင့်ထားခဲ့တယ်။

ပိုက်ကွန် ပြတ်သွားရင် ဘယ်လိုလုပ်မလဲ..။

သို့ပေမယ့် အခုတော့ ဒါက မပြတ်သေးပါဘူး။လက်မူပညာရှင်တွေက သူတို့အလုပ်ကို ကောင်းကောင်းလုပ်ထားကြပါတယ်။

အဲဲဒီအစား သားရဲရဲ့ ခန္တာကိုယ်က ပိုက်ကွန်ကြောင့် အပိုင်းပိုင်းပြတ်ထွက်သွားပြီး သွေးမိုးတွေ ရွာသွန်းသလို ဖြစ်သွားခဲ့ပါတယ်။မြင်ကွင်းကတော့ တကယ်ကို ကျေနပ်စရာပါပဲ..။

' ကျေးဇူးပဲ ဘုရားသခင် '

နောက်ထပ် မြားတစ်ချောင်းယူဖို့ လုပ်လိုက်တဲ့ အချိန်မှာတော့ ဘာမှမရှိတော့ပေ...။စိတ်ရှုတ်ထွေးစွာကြည့်လိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ မြားကျည်တောက်က ဘာမှ မရှိတော့တာကို တွေ့လိုက်ရပါတယ်။

သူ ဆက်ပြီး မတွေးတောနိုင်ခင်မှာပဲ တစိစုံတစ်ယောက်က မြားကျည်တောက် အသစ်နှစ်ခုကို သူ့ရှေ့က မြေကြီးပေါ် ပစ်ပေးလာခဲ့တယိ။

ကိုင်ဟာ နာကျင်နေတဲ့လက်တွေနဲ့ မြားတစ်ချောင်း ကောက်ကိုင်လိုက်ပြီး..အသက်ကို ရူသွင်းကာ ..အံကိုကြိတ်ပြီး လေးကို မြှောက်လိုက်တယ်။

" ဆွဲ...ချိန်....ပစ်..."

All Chapters