ကြက်သွေးရောင်ထိပ်ဖျားအား ဝန်းရံတိုက်ခိုက်ခြင်း
Vol. 22 Ch. 320
- ၆
" ဆွဲ ... ချိန် ...ပစ် "
နိုက် က ဒီစကားလုံးတွေကို အော်နေတုန်းမှာပဲ အီကို ချော်လဲကျသွားခဲ့တယ်။သူမလက်ထဲမှာ ကိုင်ဆောင်ထားတဲ့ မြားတွေက မြေပေါ်ပျံ့ကျဲ သွားခဲ့ပါတယ်။
" အို့.."
သူမကိုယ်သူမ သန္တာကျောက်ပေါ်ကနေ ပြန်ရပ်လိုက်ပြီး သူမက အလျင်အမြန်ပဲ မြားတွေကို ပြန်ကောက်လိုက်ကာ အနီးနားမှာ ရှိနေတဲ့ လေးသည်တော် ဆီကို သွားပြီး မြားတွေကို ထားလိုက်ပါတယ်။
တိုက်ပွဲမှာ သူမလို အားနည်းပြီး မတိုက်ခိုက်နိုင်တဲ့ သူတွေရဲ့ အခန်းကဏ္ဍ က..အရိုးရှငိးဆုံးနဲ့ ဗရမ်းဗတာ အဖြစ်ဆုံးပါပဲ..။တိုက်ခိုက်ဖို့အတွက် အသုံးဝင်တဲ့ ကဏ္ဍ စွမ်းရည် မရှိတဲ့သူတွေက..တိုက်ပွဲမှာ ပါဝင်နေတဲ့ လူတွေ လိုအပ်တာကို ဖြည့်ဆည်းပေးကြရတာပါ။ဒါက မြားတွေ ၊ ဒူးလေး တွေ ၊ပစ်လွဲတွေမှာ သုံးနဲ့ ကျောက်တုံးနဲ့ တစ်ခြားအရာတွေ အများကြီးပါပဲ။
ဒီလို မတူညီတဲ့ အဖွဲ့တွေက မတူညီတဲ့ အရာတွေကို လုပ်ဆောင်နေကြပါတယ်။အစကတော့ သူမက ပထမ နဲ့ ဒုတိယတန်းက ဒဏ်ရာရနေတဲ့ သူတွေကို သယ်ဆောင်ပြီး အနောက်ဘက်မှာရှိနေတဲ့ လက်လုပ် ကုသဆောင်ကို ပို့ပေး ဖို့ လုပ်နေခဲ့တာပါ။အဲဒီမှာတော့ ကုသရေးနဲ့ သက်ဆိုင်တဲ့ ကဏ္ဍစွမ်းရည်ရှိတဲ့ အိပ်စက်သူ တစ်ချို့က စောင့်နေကြပါတယ်။သူမရဲ့ သူငယ်ချင်း စတိဗ် ဒီထဲက တစ်ယောက်ပါပဲ။
..သို့ပေမယ့် အခြေအနေအရ တိုက်ပွဲမှာ ဒဏ်ရာရတဲ့သူက သိပ်ပြီး များများစားစား မရှိပါဘူး..။အများစုက ချက်ချငိးသေဆုံးခဲ့ကြတာပါ။ဒီတော့ သူမက ဘာမှ မလုပ်ဆောင်နိုင်တော့ပဲ..လေးသည်တော်တွေကို ကူညီရင်းနဲ့သာ အလုပ်များနေခဲ့ပါတယ်။
သူမက အခုပဲ မြားကျည်ထောက်နှစ်ခုကို သယ်ဆောင်လာခဲ့ပြီး..လမ်းမှာ...
ခနလေး..ဒါက ဘယ်လောက် ရူးသွပ်ဖို့ကောင်းလိုက်လဲ..။
သူမ အသက်ကို ရူဖို့ကြိုးစားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့ အချိန်မှာ ကျောချမ်းသွားခဲ့တယ်။
' ရူးနေပြီ...ဒါက ရူးနေပြီ...'
သူမ ရှေ့က မြင်ကွင်းက အစစ်အမှန်လို့ ပြောဖို့တောင် ထူးဆန်းနေခဲ့ပါတယ်။ရာနဲ့ချီတဲ့ အိပ်စက်သူတွေက မြေပြင်ပေါ်က သားရဲအုပ်ကြီးနဲ့ ကောင်းကင်ပေါ်က သားရဲတွေရဲ့ ဝန်းရံထားခြင်းကို ခံနေကြရတယ်။ဒီအရာတွေက ကြက်သွေးရောင် သန္တာကျောက်ရဲ့ အဆုံးမရှိတဲ့ တာဝါကြီးရဲ့ ရှေ့မှာ ဖြစ်ပျက်နေခဲ့ကြတာပါ။ဒါတွေ အကုန်လုံးက သူမ အိပ်မက်မက်နေတယ် ဆိုတာ သေချာပြောနိုင်ပါတယ်။
'ဒါပေါ့..နင်က အိပ်မက်ကမ္ဘာထဲကို ရောက်နေတာပဲ အရူး..'
ဒါတောင်မှ အထူးဆန်းဆုံးအရာက..သူမက ဒီရူးသွပ်ဖွယ် အခြေအနေတွေရဲ့ အလယ်မှာ..နိုက်တင်ဂေး ရဲ့ နိုက် နဲ့အတူ ပိတ်မိနေခဲ့တာပါ။သူက အသက်ရူမှားလောက်အောင် ချောမောတဲ့ အိုင်ဒေါတစိယောက်ဖြစ်ပြီး မိန်းကလေးပေါင်းများစွာရဲ့ အိပ်ခန်းနံရံမှာ နေရာယူထားတဲ့လူ ဆိုရင်လည်း မမှားပါဘူး။သူတို့နှစ်ယောက် သိကျွမ်းလာကြတာ တစ်နှစ်ကျော်သွားပြီ ဆိုပေမယ့်..အာ..သူငယ်ချင်းအဖြစ်ပေါ့..ဒီအချက်က အံ့ဩစရာကောင်းတဲ့ အခြေအနေကို အဆုံးစွန်အထိ ရောက်စေခဲ့တာပါ။
ဒါက သူမလို ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ရဲ့ ထူးဆန်းတဲ့ အိပ်မက် အမျိူးအစား ကွက်တိပါပဲ။
သူမတွေးနေတုန်းမှာပဲ..သူမနဲ့ မီတာအနည်းငယ် ဝေးတဲ့နေရာမှာ တစ်စုံတစ်ယောက်က လဲကျသွားခဲ့တယ်။အသံလာရာကို လှည့်ကြည့်လိူက်တဲ့အချိန်မှာ စတိဗ် နဲ့နောက်ထပ် အိပ်စက်သူ တစ်ယောက်က..ထမ်းစင်တစ်ခုကို သယ်နေခဲ့ပါတယ်။ဒါက သွေးတွေ ပေကျန်နေတဲ့ မိန်းမငယ်လေးတစ်ယောက်ဖြစ်ပြီး သူမရဲ့အကာအကွယ်တွေက တွန့်ကြေနေကာ သေလုမျောပါးဖြစ်နေခဲ့တယ်။
အစောတုန်းက စတိဗ်ရဲ့ လုပ်ဖော်ကိုင်ဖက်ကလည်းတုန်ရီပြီး လဲကျသွားခဲ့ပါသေးတယ်။သူကိုယ်တိုင်လည်း ဒဏ်ရာရထားပုံပေါ်ပေမယ့် သိပ်တော့ မလေးနက်ပါဘူး..။သူတို့ဆီကို အီကို ပြေးသွားလိုက်ပြီး ထမ်းစင် ကို ဟန်ချက်ညီအောင် လက်လွဲယူကာ ကူညီပေးလိုက်ပါတယ်။
သူမရဲ့ သေးငယ်တဲ့ ခန္တာကိုယ်လေးနဲ့ ဒီအလေးချိန်ကို သယ်ရတာက မလွယ်ကူပေမယ့်လည်း သူမ အံ့ကိုကြိတ်ပြီး ထိန်းထားနိုင်ခဲ့တယ်။
အတူတကွပဲ သူတို့နောက်ဘက်ကို လျောက်သွားခဲ့ပါတယ်။
လမ်းတစ်လျောက်မှာတော့ သူတို့က မျှော်လင့်ချက်ကင်းမဲ့ နေတဲ့လေးသမားတွေ ၊ မေ့ပန်းနေတဲ့ ပစ်ခတ်ရေး အင်ဂျင် ကိုင်တွာ်သူ တွေကို ဖြတ်သန်းလာခဲ့ရပါတယ်။သူတို့က ဖြည်းဖြည်းချင်းနဲ့ ပစ်ခတ်ဖို့အတွက် လှံတွေက ကုန်ဆုံးလာခဲ့ပါပြီ။
အခြေအနေကို ကြည့်ရသလောက်တော့ အိပ်စက်သူ စစ်တပ်ရဲ့ အခြေအနေတွေက သိပ်မကောင်းမွန်ပါဘူး။
အောက်ဘက်မှာတော့ ပထမတန်း အဖွဲ့က လုံးဝကိုဟဖျက်ဆီးခံရလု နီးပါးဖြစ်နေခဲ့တယ်။အဖွဲ့သုံးဖွဲ့က မွန်းစတား ပင်လယ်ကြီးကို တွန်းလှန်နေတုန်းပဲ ဆိုပေမယ့်..ဒီလူတွေ ဘယ်လောက်အထိ တောင့်ခံထားနိုင်မလဲ ဆိုတာကိုတော့ အီကို မတွေးချင်တော့ပေ။ဒုတိယ အဖွဲ့က လည်း အိပ်မက်ဆိုးသားရဲတွေနဲ့ ရောနှောသတ်ပုတ် နေကြပါပြီ။အစကတော့ ဒီအဖွဲ့နှစ်ခုက မောပန်းနေတဲ့ စစ်သည်တွေ နေရာလဲလှယ်ပြီး တိုက်ခိုက်ဖို့ ဗျူဟာချထားခဲ့ပါတယ်။သို့ပေမယ့် အခုတော့ ဒီလိုလုပ်ဖို့မဖြစ်နိုင်တော့ပေ။
အပေါ်ဘက်မှာတော့ များပြားလှတဲ့ အလောင်းတွေက သံမဏိ ပိုက်ကွန်ပေါ်ကို ဆက်တိုကိကျဆင်းနေခဲ့တယ်။ပျံသန်းနေတဲ့ အိပ်မက်ဆိုးသားရဲတွေလုံးဝ ပျောက်ကွယ်သွားကြမယ့် သဘောမရှိပါဘူး။သတ္တု ကြိုး တွေ ပိုများတဲ့ ဝိတ်တွေကို သယ်ဆောင်ထားရတာကြောင့် အသံတွေ ပိုမြည်လာခဲ့ပါတယ်။
"ငါ တို့အကုန်သေရတော့မှာလား.."
သူမရဲ့ ခန္တာကိုယ်တစ်ခုလုံး ကြက်သီးထသွားခဲ့ပြီး
အီကို ဟာ အိပ်စက်သူ စစ်တပ်နေရာချ ထားတဲ့နေရာရဲ့ အမြင့်ဆုံး ထိပ်ပိုင်းကို ကြည့်လိုက်တယ်။အနီရောင် သန္တာကျောက်တန်းပေါ်က ထိုးထွက်နေတဲ့ ကုန်းမြင့်ပေါ်မှာ ပုံရိပ်သုံးခုကို သူမမြင်လိုက်ရပါတယ်။
တစ်ယောက်ကတော့ သူတော်စင် နစ်ဖီ ကိုယ်တိုင်ပါ။တစ်ခြားတစ်ယောက်ကတော့ မျက်မမြင် နတ်ဆရာမဖြစ်နေခဲ့တယိ။ပြီးတော့ တတိယ တစ်ယောက်က..
' ခနလေး..အဲ့ငနဲက ဒီမှာ ဘာလုပ်နေတာလဲ '
.
တတိယ တစ်ယောက်ကတော့ သူမကိုဒီအရှုပ်ထုတ်ထဲကို ဆွဲခေါ်လာတဲ့ ဆန်နီကလွဲပြီး တစ်ခြားသူ မဖြစ်နိုင်တော့ပါဘူး..။
ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ အဖွဲ့ကို ပူးပေါင်းပြီး တဲ့နောက်မှာ အီကိုက အရေးကြီးတဲ့လူတွေနဲ့ သူတို့ရဲ့ ရာထူးတွေကို အလျငိအမြန်ပဲ လေ့လာသင်ယူခဲ့ပါတယ်။လူတိူင်းရဲ့ အခန်းကဏ္ဍ က ရိုးရှင်းပြီး ၊ နားလည်ရ လွယ်ကူနေခဲ့တယ်။
...ဆန်နီက လွဲပြီးတော့..။
ဒီဖြူဖျော့တဲ့လူငယ်လေးရဲ့ တာဝန်က ဘာလဲဆိုတာ မရှင်းလင်းပါဘူး..။လူတွေက သူ့ကို မိန်းကလေး နစ်ဖီ ရဲ့ အဖွဲ့ဝင်အဖြစ် သဘောထားကြပေမယ့် ဆန်နီက ဘယ်တော့မှ ဝန်မခံခဲ့ပေ။သူ့ကို တိုက်ခိုက်ရေး ကျွမ်းကျင်တဲ့ သူတစ်ယောက်လို့ ယူဆနိုင်ပေမယ့် သူတိုက်ခိုက်တာကို ဘယ်သူမှ မမြင်ဖူးကြပြန်ပါဘူး..။
အများစုက သူ့ရဲ့ ကိုယ့်က်ိုကို ကာကွယ်နိုင်မူ ၊ ရယ်စရာကောင်းလောက်အောင် ကြွားဝါမူ နဲ့ လွတ်လပ်တဲ့ ဟန်ပန်တွေကြောင့်သာ သိထားကြပါတယ်။သူတို့က သူ့ကို ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ လမ်းပြ အဖြစ် လေးစားကြပြီး..အန္တရာယ်ပေးနိုင်စွမ်း မရှိတဲ့သူလို့ သဘောထားကြတာပါ။
သိူ့ပေမယ့် ဆန်နီက အန္တရာယ်မပေးနိုင်တဲ့သူလို့ အီကိုမထင်ခဲ့ပေ။သူက အရိပ်ထဲကနေ ရုတ်တရက် ပေါ်လာပြီး သူမကို ပိုးကောင်တစ်ကောင်လို သတ်ဖို့လုပ်နေတဲ့ အစောင့်ကို သတ်ပစ်လိုက်တာပါ။
သူမရဲ့ စိတ်ထဲမှာတော့ ဆန်နီက အရမ်းကို ဆန်းကျယ်ပါတယ်။သူက တကယ်ကို ထူးဆန်းတဲ့ ကတ် ပါပဲ။
သူ့ကို မိန်းကလေး နစ်ဖီနဲ့မြင်လိုက်ရတော့ သူမ ရုတ်တရက် မျှော်လင့်ချက် သေးသေးလေးကို ခံစားလိုက်ရတယ်။
ပြောင်းလဲနေတဲ့ကြယ်ပွင့်မှာ အစီစဥ် ရှိနေတာဖြစ်နိုင်ပါတယ်။
နောက်ဆုံးမှာ သူတို့ ရှင်သန်ခွင့်ရတာဖြစ်နိုင်ပါတယ်။
" အီကို ..နင့်ခြေထောက်ကို မြန်မြန်လေး ရွေ့ပေးနိုင်မလား.."
သူမက စတိဗ် ရဲ့ မှတ်ချက်ကြောင့် မျက်မှောင်ကျုတ်လိုက်ပြီး မြေပြင်ကို ကြည့်လိုက်ကာ..လူသန်ကြီးကို မနှောင့်နှေးစေဖို့သာ အာရုံစိုက်လိုက်ပါတယ်။
မကြာခင်မှာပဲ သူတို့က ကုသတဲ့နေရာကို ရောက်လာခဲ့ပြီး ထမ်းစင်ကို လက်လုပ်ခုံပေါ်တင်လိုက်တယ်။
စတိဗ်က အမြန်သွားပြီး သူ့ ပစ္စည်းတွေကို ပြင်ဆင်လိုက်ပါတယ်။
သိူ့ပေမယ့် ဒါက နောက်ကျသွားခဲ့ပါပြီ..။ထမ်းစင်ပေါ်က မိန်းကလေးက..သေဆုံးနေခဲ့တယ်။
အီကို ခနလောက်ကြာအောင် ခံစားချက်မဲ့ပြီး မြေကြီးကို စိူက်ကြည့်နေခဲ့နယ်။အတော်ကြာပြီး ကာမှ စတိဗ်က သူမရဲ့ပုခုံးကို ထိလိုက်ပြီး..
"ဟေး..အဆင်ပြေရဲ့လား ကောင်မလေး.."
သူမ မျက်နှာကိုသုတ်လိုက်ပြီး ခေါင်းညိမ့်လိုက်တယ်။
"အင်း...ငါအဆင်ပြေတယ်။သွားရတော့မယ်..။အဲဒီ ..အဲဒီ မြားတွေက လမ်းမလျောက်နိုင်ကြဘူးလေ.."
စတိဗ် အနည်းငယ် တွေဝေပြီးကာမှ ကြိုးစားပြုံးလိုက်ပြီး..
"ကောင်းပြီလေ..။အင်း..လုံခြုံအောင် နေဦး.."
သူမ ပြုံးပြီး ခေါင်းညိမ့်ပြလိုက်တယ်။ယ
"အင်း..။နင်ရော လုံခြုံအောင်နေဦး.."
ဒီလိုပြောပြီးတာနဲ့ အီကိုဟာ တစ်ဖက်ကို လှည့်ပြီး တဲအပြင်ကို ပြေးထွက်သွားခဲ့တယ်။
အပြင်ဘက်မှာတော့ တိုက်ပွဲက ပိုပိုပြီး ကြမ်းတမ်းလာနေခဲ့ပါပြီ။