← Chapters

ကြက်သွေးရောင် ထိပ်ဖျားအား ဝန်းရံတိုက်ခိုက်ခြင်း

Vol. 22 Ch. 321

ကြက်သွေးရောင် ထိပ်ဖျားအား ဝန်းရံတိုက်ခိုက်ခြင်း

Vol. 22 Ch. 321

- ၇

ဆန်နီ ဟာ သန္တာကျောက်တောင်ပေါ်မှာ ရပ်နေပြီး အောက်ဘက်မှာ ဒေါသတကြီးဖြစ်နေတဲ့ တိုက်ပွဲကို လေ့လာကြည့်ရူ နေခဲ့တယ်။သူ့ရဲ့ မျက်နှာက မျက်မှောငိကျုတ်ထားပေမယ့် သူ့ မျက်လုံးတွေက တည်ငြိမ်နေခဲ့ပါတယ်။

အိပ်စက်သူ တပ်ဖွဲ့ကတော့ နှစ်ဖက်စလုံးက ညှပ်ပြီး တိုက်ခိုက်တာကို ခံနေကြရတယ်။သားရဲအုပ်ကြီးက သူတို့ရဲ့ ရှေ့ဘက်ကနေ ဝါးမြိုဖို့ကြိုးစားနေပြီး..နောက်တစ်ဖွဲ့ပ အပေါ်ကနေ ဆင်းသက်လာပြီး တိုက်ခိုက်ဖို့ လုပ်နေခဲ့ပါတယ်။သူတို့က အခုတော့..သံမဏိ ကြိုး ပိုက်ကွန်မှာသာ သောင်တင်နေခဲ့တယ်။

...ဒါက ကြောက်စရာ အိပ်မက်ဆိုးထဲက မြင်ကွင်းတစ်ခုလိုပါပဲ။

တစ်စက္ကန့်စီတိုင်းမှာ..လူသားတွေက..ကြောက်စရာ မွန်းစတား အုပ်ရဲ့ လက်သည်းတွေ ၊ အစွယ်တွေကြောင့် သေအံ့ဆဲဆဲ ဖြစ်နေခဲ့တယ်။သူတို့၏ အော်ဟစ်သံ နဲ့ ငိုကြွေးသံ များက..အိပ်မက်ဆိုး သတ္တဝါများရဲ့ ဟစ်ကြွေးသံများနဲ့ ရောထွေးနေခဲ့ပါတယ်။ဒီအသံတွေက သန္တာကျောက်တန်း တစ်လျောက်လုံးမှာ ဖုံးလွှမ်းနေခဲ့တာကြောင့်..သူ့ကိုတောင် ကျောချမ်းစေခဲ့ပါတယ်။

သွေးတွေ စွန်းထင်းနေတဲ့ တိုက်ပွဲကွင်းပြင်ကနေ အကြည့် လွဲလိုက်ပြီး..ဆန်နီဟာ နစ်ဖီကို လှမ်းကြည့်လိုက်တယ်။

ပြောင်းလဲနေတဲ့ကြယ်ပွင့်ကတော့ မြေပြင်ပေါ်မှာ ထိုင်နေခဲ့ပါတယ်။သူမရဲ့ မျက်နှာက တည်ငြိမ်နေခဲ့ပြီး မျက်လုံးတွေကို ပိတ်ထားခဲ့တယ်။သူမရဲ့ နှာဖူးမှာတော့..အရုဏ်ဦး အမြုတေ ရဲ့ ရတနာက အဖြူရောင်အလင်းတန်းတွေ ဒေါသတကြီး ထွက်ပေါ်နေပြီး ရာနဲ့ချီတဲ့ မှတ်သားမူ တွေကို စွမ်းအား မြှင့်တင်ပေးနေခဲ့ပါတယ်။သူမ ကြည့်ရတာ တရားထိုင်နေပုံရပြီး..အောက်ဘက်မှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေက လုံးဝကို သက်ရောက်တဲ့ပုံစံ မရှိပါဘူး။

.

ကတ်စီကတော့ သူမ ဘေးနားမှာရပ်ပြီး အောက်ဘက်ကို ကြည့်နေခဲ့တယိ။သူမရဲ့ လက်က တိတ်တဆိတ်ကခုန်သူ ရဲ့ လက်ကိုင်ရိုးမှာ ကိုင်ထားခဲ့ပါတယ်။သူမရဲ့ တစ်ခြား ထပ်တူညီမူ နှစ်ခုကတော့..ပထမတန်းမှာ ရန်သူတပ်ဖွဲ့ကို ရင်ဆိုင်နေခဲ့ပြီး..အခုတော့ ဖျက်ဆိီးခံခဲ့ရပြီးပါပြီ။

ဆန်နီ တစ်ခုခု ပြောချင်ပေမယ့် တိတ်ဆိတ်ပြီးသာ နေလိုက်တယ်။စကားတွေ ပြောရမယ့် အချိန်က ပြီးဆုံး သွားခဲ့ပါပြီ။

အဲဒီအစား..သူက ကြက်သွေးရောင် ထိပ်ဖျားကို မျက်နှာချင်း ဆိုင်လိုက်တယ်။သူ့ရဲ့ အကြည့်က ခနလောက် တွေဝေနေခဲ့ပြီးမှ အောက်ဘက်က လူသတ်ပွဲကို ပြန်ကြည့်လိုက်ပါတယ်။သူ့ရဲ့ မျက်လုံးတွေမှာ အာရုံစိူက်ရင်း ဆန်နီဟာ..ဗရမ်းဗတာ ဖြစ်နေတဲ့ အိပ်စက်သူ တပ်ဖွဲ့ထဲက အယ်ဖီ နဲ့ ကိုင် တို့ရှိနေတဲ့နေရာကို ကြည့်လိုက်တယ်။

' အခုတော့ မသေနဲ့ဦး..အရူးတွေ..'

***

အောက်ဘက်မှာတော့..၊ ခေါင်းမာစွာ ရုန်းကန်နေကြတဲ့ စစ်သည်တော်တွေ ဝန်းရံထားတဲ့ အယ်ဖီ ဟာ..သွေးထွက်သံယိုမူ နဲ့ တိုက်ခိုက်ဖို့လွဲပြီး တစ်ခြားဘာကိုမှ မသိတော့ပါဘူး။ကမ္ဘာကြီးရဲ့ နယ်နိမိတ်က ဒေါသတကြီးဖြစ်ပေါ်နေတဲ့ တိုက်ပွဲနေရာ လေးတစ်ခုတည်းသာ ဖြစ်လာပြီး..အတိတ်တွေ ၊ အနာဂတ်တွေ ဆိုတာလည်း မရှိတော့ပေ..။

လက်ရှိအခိုက်အတန့် ..ပစ္စုပ္ပန် ကာလ တစ်ခုတည်းသာ ရှိနေခဲ့ပြီး..လက်ရှိအချိန်ကလည်း ကြမ်းတမ်းမူနဲ့ သေဆုံးမူတွေသာ ပါဝင်နေခဲ့ပါတယ်။

...ပြီးတော့..ဒါပေါ့ သတ်ဖြတ်ခြင်း လည်းပါဝငိပါတယ်။

သွေးစွန်းနေတဲ့ မျက်နှာပေါ်မှာ ရူးသွပ်တဲ့ အပြုံးနဲ့အတူပဲ..သူမက သတ္တဝါတွေ တစ်ကောင်ပြီး တစ်ကောင်နဲ့ ရင်ဆိုင်ကာ ..သတ်ဖြတ်ပြီး တစ်စစီ ဆုပ်ဖြဲနေခဲ့တယ်။သူမရဲ့ အရပ် ၊ ခန္တာကိုယ် အချိုးအစားတွေက..တိုက်ပွဲ စက်တစ်ခု အသွင်ပြောင်းသွားပြီး အရမ်းလျှင်မြန် ဖျက်ဆီးနိုင်စွမ်းရှိတဲ့ အရှိန်နဲ့အတူ ရွေ့လျားကာ..၊ သေစေနိုင်တဲ့ စိတ်ဆန္ဒတွေလည်း ပါဝင်နေခဲ့ပါတယ်။ဇင်းနစ် နဲ့ ဆည်းဆာချိန် တို့က သူမရဲ့ သဘာဝ လက်တွေလိုဖြစ်နေခဲ့ပြီး..တိုက်ခိုက်မူ နဲ့ ခုခံကာကွယ်မူတွေကို ဖန်တီးကာ အသက်တွေ တစ်ချောင်းပြီး တစ်ချောင် နုတ်ယူနေခဲ့တယ်။

သူမရဲ့ အကာအကွယ်ကိုလည်း ဖောက်ဝင်ခြင်းတွေခံရပေမယ့်..သူမက ဒါကို လုံးဝ ဂရုမစိုက်ခဲ့ပါဘူး..။ဒါက ပြသနာ မရှိပေ..။လုပ်စရာရှိတဲ့အရာက..အိပ်မက်ဆိုး သတ္တဝါတွေကို သတ်နိုင်သလောက် များများ သတ်ပြီး ဖျက်ဆီးနိုင်သလောက် အများဆုံးဖျက်ဆီး ဖို့ပါပဲ။သူတို့ရဲ့ အလောင်းတွေက ပုံခံနေပြီး အနီရောင် သန္တာကျောက်တွေပေါ်မှာ အသားစတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။အတော်ကြာပြီးတဲ့ နောက်မှာတော့ အယ်ဖီဟာ ခြေလှမ်းတွေကို ဂရုစိုက်လာခဲ့ရတယ်။

သားရဲတွေရဲ့ အရေအတွက် လျော့ကျသွားမယ့် ပုံစံ ရှိမနေခဲ့ပေ။ဒီ သားရဲအုပ်ကြီးက အဆုံးမရှိပဲ အကန့်အသတ်မဲ့ ဖြစ်နေသလိုပါပဲ။သို့ပေမယ့် သူမက လုံးဝ ကြောက်ရွံ့တဲ့စိတ်မဖြစ်ပါဘူး..။

တကယ်တော့ အယ်ဖီက ပိုပြီးတောင် သဘောကျနေပါသေးတယ်။

ဝိုး..ဒါက တကယ် စိတ်လှုပ်ရှားစရာပဲ...

ချွန်ထက်တဲ့ လက်သည်းတစ်ချောင်းကို ရှောင်လိုက်ပြီး သူမ ရှေ့ကို တိုးကာ..တိုက်ခိုက်လာတဲ့ မွန်းစတားကို ဒိုင်းကာနဲ့ ရိုက်လိုက်ပါတယ်။ယင်းနောက် ကျန်ရှိတဲ့ အရှိန်ကို အသုံးပြုပြီး သူမရဲ့ လှံနဲ့ထိူးကာ လှည့်လိုက်တယ်။သူမရဲ့ လက်နက်ကို ပြန်ဆွဲယူဖို့ အချိန်မရှိတော့တာကြောင့် နောက်ထပ်ဝင်လာတဲ့ ကြေးခွံသားရဲ ရဲ့ ညှပ်ကြီးကို တားဆီးလိုက်ကာ..သူ့ရဲ့ အကာအကွယ်ကို အပြင်းအထန် ကန်လိုက်ပါတယ်။

တစ်ခြားအိပ်စက်သူ တွေကလည်း..သူမကို သေမင်းရဲ့ ပင်လယ်ထဲက ကူညီရာ ကျောက်ဆောင်အဖြစ် အသုံးချပြီး တိုက်ခိုက်နေခဲ့ပါတယ်။သူတိူ့က တောင့်ခံထားဆဲ...အသက်ရူနိုင်ဆဲ ဖြစ်နေတုန်းပါပဲ။ဂျန်မာ နဲ့ ကတ်စတာ ဝန်းကျင်မှာလည်း နောက်ထပ်ကာကွယ်ပေးနိုင်တဲ့ ကျွန်းကြီး နှစ်ကျွန်းအသွင် ဖြစ်ပေါ်နေပြီး..သူတို့ကလည်း တိုက်ပွဲကို အာရုံစိုက်ထားခဲ့ပါတယ်။

ဂုဏ်ယူရတဲ့ ဆက်ခံသူက သူ့အနားကို ကပ်ရဲတဲ့ ဘယ်သားရဲကို အဆိုးသတ်ဖြတ်တဲ့..သံမဏိလေပွေတစ်ခု အဖြစ် ပြောင်းလဲနေခဲ့တယ်။သူ့ရဲ့ လှုပ်ရှားမူ တွေက အရမ်းကို မြန်ဆန်လွန်းတာကြောင့်..ရန်သူတွေ သွေးတွေကတောင် မြေကြီးပေါ်ကို မကျဆင်းနိုင်ခဲ့ပါဘူး..။ရလာဒိအနေနဲ့ လတ်တလောမှာ

ကတ်စတာ ကို အနီရောင် မြူတွေနဲ့ ဝန်းရံထားသလိုဖြစ်နေခဲ့ပါတယ်။

အတွေ့အကြုံရှိတဲ့ မုဆိုးကတော့ တွက်ချက်မူ ၊ ကျွမ်းကျင်မူတွေနဲ့ တိုက်ခိုက်နေခဲ့ပြီး များပြားလှတဲ့ သားရဲတွေကို..သေစေနေခဲ့ပါတယ်။ဂျန်မာရဲ့ ခန္တာကိုယ်ပေါ်မှာ ပေါ်လာတဲ့ ဒဏ်ရာတိုင်းက ပျောက်ကွယ်သွားခဲ့ပြီး ခြစ်ရာလေးတောင် မကျန်ခဲ့ပါဘူး။များပြားလှတဲ့ ကြောက်စရာ သတ္တဝါတွေက သူ့လက်ထဲမှာ သေဆုံးခဲ့ကြပြီး..အရပ်ရှည်တဲ့လူသားကိုတော့ ဒဏ်ရာရအောင် မစွမ်းဆောင်နိုင်ကြပေ။

..ဒါတောင်မှ လူသားတွေက သေအံ့ဆဲဆဲ ဖြစ်နေကြပါတယ်။တစ်ယောက်ပြီး တစ်ယောက် သူတို့က သေဆုံးသွားခဲ့ကြကာ..သားရဲအုပ်ကြီးကို ထိန်းထားနိုင်တဲ့ စစ်သည်က နည်းပါးလာခဲ့ပါတယ်။

တိုက်ခိုက်နေဆဲမှာပဲ အယ်ဖီရဲ့ စိတ်ထဲမှာ အတွေးတစ်ခု ဝင်လာခဲ့ပြီး သူမရဲ့ ခန္တာကိုယ်တစ်ခုလုံး ကျောချမ်းသွားစေခဲ့တယ်။

'...လေးတယ်..။ဒီ ဒိုင်းကာက အရမ်းလေးလွန်းတယ် '

သူမက စတင်ပြီး ပင်ပန်းလာခဲ့ပါပြီ။

***

ကိုင် ကတော့ သူသတ်ခဲ့တဲ့ မွန်းစတား အရေအတွက်ကိုတောင် မရေတွက်နိုင်တော့ပေ။သူ့ရဲ့ သွေးတွေက ဆုံးရှုံးသွားလိုက် ၊ ပြန်ရလာလိုက် ဖြစ်စဥ်က ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် ခေါင်းကိုက်လာသလိုတောင် ခံစားနေခဲ့ရပါတယ်။ကံကောင်းချင်တော့ သူက အခုထိ မြားတစ်ချောင်းမှ မလွဲသေးပါဘူး..။..ပြီးတော့ ဆက်ပြီး ပစ်နိုင်နေပါသေးတယ်။

ပိုပိုများတဲ့ အလောင်းတွေက သံပိုက်ကွန်ပေါ်ကို ကျဆင်းနေခဲ့ပြီး သွေးတွေက လူတွေပေါ်ကို စီးကျနေခဲ့တယ်။ဒါက ဒီလူတွေကို မိုးရေထဲမှာ တိုက်ခိုက်နေရသလိုဖြစ်စေပါတယ်။အနီရောင်...သွေးမိုးတွေ အောက်မှာ..။

သွေး၊ သွေး ၊ သွေး..။သူ ဘယ်နေရာကိုပဲ ကြည့်ပါစေ..သွေးတွေကိုပဲ မြင်နေခဲ့ရတယ်။

သူ တကယ် စိတ်ကုန်နေပါပြီ။

ကိုင်က အံကိုကြိတ်ထားခဲ့ပြီး လေးကြိုးကို ထပ်ဆွဲကာ သူ့အထက်မှာရှိနေတဲ့ သေဆုံးနေတဲ့ သတ္တဝါ နှစ်ကောင် ကြားထဲကို ချိန်လိုက်တယ်။ယင်းနောက် မြားကို ပစ်လွှတ်လိုက်ပါတယ်။

[ သင်က နိုးထမူ အဆင့်....]

သူတို့ မြားတွေကလည်း ကုန်နေပါပြီ။

ပစ်ခတ်ရေး အင်ဂျင်တွေကလည်း လှံတွေ မရှိတော့ပေ။

ပြီးတော့ အဲဲဒီသောက်ကျိုးနဲ့ ဆတ်သားတွေကလည်း ကောင်းကင်မှာ လှည့်ပတ်နေပြီး ဆင်းသက်လာဖို့ မကြိုးစား ကြပါဘူး။

'ဘာလို့လဲ...သူတို့က ဘာလို့ မတိုက်ခိုက်ကြသေးတာလဲ..'

အောက်ကို ငုံ့ကြည့်လိုက်နဲ့အချိန်မှာတော့ ကိုင်က အသက်ကို ရူပြီး ရေရွတ်လိုက်တယ်။

"ချီးပဲ.."

ဘာလို့ အရမ်းမှောင်နေတာလဲ..။သူ့ရဲ့ မြားကျည်ထောက်တွေကို တောင် မမြင်ရတော့ပေ။

ပြန်ကြည့်လိုက်တဲ့ အချိန်မှာတော့ ပိုက်ကွန်တစ်ခုလုံးကို အလောင်းတွေနဲ့ ဖုံးနေပြီ ဆိုတာကို ကိူင် နားလည်သွားခဲ့ပါတယိ။သေဆုံးနေတဲ့ အိပ်မက်ဆိုးသားရဲက အရမ်းများပြားတာကြောင့် တိုက်ပွဲကွင်းပြင်ကို နေရောင်ကျဆင်းမှာကို တားဆီးပေးထားတဲ့ ကော်ဇောကြီးလို ဖြစ်နေခဲ့ပါတယ်။

ဒီ ပိုက်ကွန်ထဲကနေ နေ့အလင်းရောင် က အများကြီးမထိုးဖောက်နိုင်တော့ပါဘူး..။ဒါက တစ်စက္ကန့်ချင်းစီ မှာ ပိုပိုပြီး မှောင်လာနေခဲ့တယ်။

သူ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။

ဒါက အမှောင်ထု ကြောင့်မဟုတ်ပဲ..သံမဏိကြိုးတွေက အလေးချိန်ရဲ့အောက်မှာ အသံတွေ မြည်လာတာကြောင့်ပါ။သူ့အပေါ်မှာ ရှိနေတဲ့ အလေးချိန်က အရမ်းများတာကြောငိ့ ဒါက စုပ်ပြဲလု နီးပါးဖြစ်နေခဲ့ပါပြီး..။

ကာကွယ်ရေး ပိုက်ကွန်က မကြာခင်မှာ ပျက်ဆီးပါတော့မယ်။

သူ့မျက်နှာ ဖြူဖျော့သွားခဲ့တယ်။

' မဟုတ်ဘူး..'

***

ကြက်သွေးရောင် သန္တာကျောက်တောင်ကုန်းပေါ်မှာတော့ ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ ရုတ်တရက် မျက်လုံးဖွင့်လာခဲ့ပြီး ဆန်နီကို ကြည့်လိုက်တယ်။ယ

" အချိန်ကျပြီ.."

All Chapters