ကြက်သွေးရောင်ထိပ်ဖျားအား ဝန်းရံတိုက်ခိုက်ခြင်း
Vol. 22 Ch. 322
- ၈
အိပ်မက်တပ်ဖွဲ့ရဲ့ အခြေအနေတွေက..ဆိုးဝါးနေတာကနေ အရေးပေါ်အခြေအနေ ရောက်လာခဲ့ပါပြီ။ပထမတန်း က လုံးဝ ကို ဖျက်ဆီးခံလိုက်ရပြီး ဒုတိယတန်းက သားရဲတွေရဲ့ လွှမ်းမိုးခြင်းကို လုံးဝ ခံလိုက်ရပေမယ့် ဆိုင်ရှင်က တော့ တောင့်ခံရုံမျှသာ ရှိနေဆဲပါပဲ။
ကိုင်ရဲ့ လက်အောက်မှာ ရှိနေတဲ့ လေးသည်တော်တွေဟာ အကောင်းဆုံးကြိုးစားပြီး သတ်နိုင်သမျှ အများကြီးကို သတ်ဖြတ်နေခဲ့ကြနယ်။သို့ပေမယ့် သူတို့ရဲ့ အာရုံစူးစိူက်မူက ကောင်းကင် နဲ့ မြေမြင် နှစ်ခုကို ခွဲထွက်သွားပြီဖြစ်တာကြောင့် ရလာဒ်က ပထမလောက် မကောင်းမွန်တော့ပါဘူး..။
သူတို့က မြားတွေလည်း ကုန်ဆုံးနေကြပါပြီ။ပစ်ခတ်ရေး ယန္တရားတွေကလည်း ပစ်ခတ်ရတဲ့ အကြိမ်အရေအတွက် များပြားလွန်းတာကြောငိ့ စတင်ပျက်စီးလာခဲ့တယ်။လူတွေလည်း ပင်ပန်းနေကြပါပြီ။
ပြှီးတော့ သံပိုက်ကွန် ကြီးကလည်း မကြာခင်မှာ ပြုတ်ထွက်တော့မယ့် ပုံပါပဲ။သူ့အပေါ်မှာ ရှိနေတဲ့ ပြည့်နှကိနေတဲ့ သားရဲအလောင်းတွေ နဲ့ တိုက်ပွဲကွင်းပြင်ကို အမှောင်ထု ဖုံးလွှမ်းထားစေခဲ့တယ်။တစ်မိနစ်တိုင်းမှာ ..အလင်းရောင်က ပိူပိူပြီး မှောင်လာနေခဲ့ပါတယ်။
လူသားတွေရဲ့..စစ်ဖွဲ့စည်းပုံကလဲ ..ပြိုလဲလုနီးပါး ဖြစ်နေခဲ့ပါပြီ။
အဲ့အချိန်မှာပဲ တစ်ချိန်လုံးတည်ငြိမ်စွာ တရားထိုင်နေတဲ့ နစ်ဖီက မျက်လုံးဖွင့်လာခဲ့တယ်။
သူမရဲ့ မျက်နှာပေါ်မှာတော့ မျက်စိကျိန်းလောက်တဲ့ မီး တောက်နှစ်ခုက တောက်လောင်နေခဲ့ပြီး ၊ အကြင်နာကင်းမဲ့တဲ့ ကောင်းကင်ပေါ်က နတ်ဘုရားနဲ့တောင် တူနေခဲ့တယ်။
သူမက ဆန်နီ ဘက်ကို လှည့်လိုက်ပြီး ခနလောက်တိတ်ဆိတ်နေပြီးမှ ပြောလိုက်တယ်။
" အချိန်ကျပြီ.."
သူ သက်ပြင်းချလိုက်တယ်။
အမှန်တကယ်ပဲ.. ဒါက သူတို့နှစ်ယောက် တိုက်ပွဲထဲကို ဝင်ပြီး သက်ဆိုင်ရာ အခန်းကဏ္ဍ ကို စကားကြရတော့မယ့် အချိနိပါ။
နစ်ဖီ မတ်တတ်ထရပ်လိုက်ပြီး သူမရဲ့ ဓားကို ထုတ်ယူလိုက်တယ်။သူကတော့ ပုခုံးနဲ့လည်ပင်းတွေကို ဆန့်တန်းလိုက်ပါနယ်။သို့ပေမယ့် သန်းခေါင်ယံ အမြုတေကတော့ သူ့ရဲ့ အရိပ်အမြုတေ ထဲမှာ ရှိနေတုန်းပါပဲ..။
ဆန်နီဟာ ကတ်စီကို ကြည့်လိုက်ပြီး ခနလောက်တွေဝေနေပြီးကာမှ ပြုံးလိုင်ပြီး..
"ဟေး..ကတ်စ် ။ငါတို့ တစ်ခြားတစ်ဖက်မှာ ပြန်တွေ့ကြမယ်.."
သူမ ခနလောက် တွေဝေနေပြီးကာမှ ဖြည်းညှင်းစွာ ခေါင်းညိမ့်ပြပြီး တစ်ဖက်ကို လှည့်သွားခဲ့ပါတယ်။
' မသေလိုက်နဲ့...'
သူ သက်ပြင်းချလိုက်တယ်။
" သွားရတော့မယ့် အချိန်လို့ထင်တာပဲ.."
သူနဲ့နစ်ဖီ တို့နှစ်ယောက်ဟာ သန္တာတောငိကုန်းရဲ့ အစွန်းကို လျောကိသွားပြီး ခုန်ချလိုက်ကာ..မျက်မမြင် မိန်းကလေးကို အပေါ်မှာ ထားခဲ့လိုက်ကြပါတယ်။
မြေကြီးပေါ်ကို ညှင်သာစွာ ဆင်းသက်ပြီး နောက််မှာတော့ သူ နစ်ဖီီကို လက်ဝေ့ယမ်းပြလိုက်ပြီး ပြောလိုက်တယ်။
"ငါ အရင်သွားလိုက်မယ်..။ကံကောင်းပါစေ.."
ဒီလို ပြောပြီးတာနဲ့ သူ တိုက်ပွဲကွင်းပြင်ဘက်ကို ကြည့်ပြီး အသက်ကို ဝအောင်ရူလိုက်တယ်။
သူ့ရှေ့မှာတော့ ..အိပ်မက်ဆိုးသားရဲတွေရှိနေတဲ့ သံပိုက်ကွန်ကြောင့် ဖြစ်ပေါ်လာတဲ့ အမှောင်ထုအောက်မှာ အိပ်မက်စစ်တပ် နဲ့ သားရဲအုပ်ကြီးဟာ တိုက်ခိုက်နေခဲ့ကြတယ်။
တိုက်ပွဲတစ်ခုလုံးက..သွေးတွေ ၊ သေဆုံးမူ နဲ့ အရိပ်တွေ ချည်းပါပဲ။ပိုက်ကွန်ပေါ်မှာ အလောင်းတွေ ပ်ိုပြီး စူဝေးလာလေလေ ပိုပြီးမှောင်လာလေလေပါ။
အခုဆိုရင် ဒါက ဆန်နီရဲ့ နယ်မြေဖြစ်သွားပါပြီ။
အမှောင်ထဲကို ဝင်ရောက်သွားတဲ့ အချိန်မှာတော့ သူက ရုတ်တရက် မမြင်ရနိုင်တဲ့လူတစ်ယောက်လိုတောင် ဖြစ်သွားခဲ့တယ်။အရိပ်တွေက သူတို့ရဲ့ ပိုင်ရှင်လိုမျိုး သူ့ကို ရစ်ပတ်လာခဲ့ပြီး သူ့ရဲ့လှူပ်ရှားမူတွေကို မမြင်ရအောင် ဖုံးကွယ်ပေးထားခဲ့ပါတယ်။သူတို့ရဲ့ ပွေ့ဖက်မူအောက်မှာပဲ ဆန်နီဟာ တိုက်ပွဲဆီကို ဦးတည်သွားခဲ့တယ်။
ရှေ့ကို ဆက်သွားတဲ့ အချိန်မှာတော့ ဆန်နီဟာ လက်လုပ် ကုသဆောင်ကို ဖြတ်သန်းလာခဲ့တယ်။ဒီနေရာမှာက ကံကောင်းပြီး အသက်ရှင်နေသေးတဲ့ သူတွေကို ကုသပေးတာပါ။
သို့ပေမယ့် အခုချိန်မှာတော့ ကုသဆောင်က ပျက်စီးပြီး ဗရမ်းဗတာဖြစ်နေခဲ့ပါပြီ။ပိုက်ကွန်ကို ဖောက်ဝင်နိုင်ခဲ့တဲ့ အိပ်မက်ဆိုးသားရဲတစ်ကောင်က..ဒီအထဲကို ဝင်လာပြီး သောင်းကျန်းနေခဲ့တယ်။သူ့ခန္တာကိုယ်ပေါ်မှာ အနက်ရောင်မြားတွေ စိုက်နေခဲ့ပေမယ့်..သူ့ ရဲ့ ခွန်အားက တော့ သန်မာနေဆဲပါပဲ။
ဆန်နီ တစ်ချက်တောင် လှည့်မကြည့်ပဲ ဖြတ်သန်းလာခဲ့တယ်။
အနက်ရှိုင်းဆုံး..အနက်ရှိုင်းဆုံးအရိပ်တွေကို ဖြတ်သန်းလာတဲ့ အချိန်မှာတော့ လက်မူပညာရှင်ရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ လှံရှည်ကို ကူညီပြီးတင်ပေးနေတဲ့ အီကိုရဲ့သေးငယ်တဲ့ ပုံရိပ်ကို တွေ့လိုက်ရပါတယ်။လှံသွားက ဒီမိန်းမငယ်လေးအတွက် သိသာစွာ အရမ်းလေးလံပေမယ့် သူမက ခေါင်းမာစွာ တွန်းတင်ပေးနေခဲ့တယ်။
ယင်းနောက် သူက လေးသည်တော်တွေ ကြားထဲကို ရောက်သွားခဲ့ပါပြီ။ဒီလူတွေက ဆက်တိုက်ပစ်နေပြီး..အလောင်းတွေ ပြည့်နှက်နေတဲ့ကြားက မရမက နေရာလွတ်ကို ရှာနေခဲ့ကြတာပါ။စိတ်ရှုပ်ထွေးနဲ့ မျက်နှာနဲ့ လှည့်ပတ်ကြည့်နေတဲ့ ကိုင်ကိုလည်း သူ မြင်လိုက်ရတယ်။
ဆန်နီ ရပ်တန့်ပြီး သူ့မိတ်ဆွေကို အားပေးစကားပြောချင်ပေမယ့်..ဒီလို မလုပ်နိုင်ခဲ့ပါဘူး..။
ဒီလူတွေကြားထဲကနေ သတိမထားမိအောင်ဖြတ်သွားရင်း သူက ဒုတိယ တန်းကို ရောက်သွားခဲ့တယ်။
ဒီနေရာမှာတော့ သူ့ကို့ မမြင်ရတာက ပိုပြီး သိသာလာခဲ့ပါတယ်။
ဒုတိယတန်းက စနစ်တကျ ဖွဲ့စည်းနိုင်စွမ်းတွေ ကျရှုံးနေခဲ့ပေမယ့်..မကျိုးပျက်ပဲ ရှိနေခဲ့သေးတယ်။အယ်ဖီရဲ့ အမိန့်ပေးမူအောက်မှာ ရှိနေတဲ့ စစ်သည်တော်တွေကတော့ သားရဲအုပ်ကြီးရဲ့ ဖိအားကို တောင့်ခံနေတုန်းပါပဲ။ဆိုင်ရှန်ဟာ လည်း လေးသည်တော်တွေဆီကို ရောက်သွားနိုင်တဲ့ သားရဲတိုင်းကို သတ်ဖြတ်ပေးနေခဲ့တယ်။
...အနည်းဆုံးတော့ လတ်တလောမှာပေါ့။
ခုခံနေတဲ့ လူသားတွေ ၊ တိုက်ခိုက်နေတဲ့ မွန်းစတားတွေကို ရှောင်ရှားရင်း ဆန်နီဟာ တိုက်ပွဲကြားထဲကို ဝင်လာခဲ့တယ်။သို့ပေမယ့် သူက ဒီကို တိုက်ခိုက်ဖို့အတွက် လာခဲ့တာမဟုတ်ပါဘူး။သူ့ရဲ့ ပန်းတိုင်က ရှေ့ဘက်မှာပါ။
မမြင်ရပဲ ရွေ့လျားနေရင်း သးက ပြင်းထန်ရက်စက်တဲ့ တိုက်ပွဲကို ရှောင်ကွင်းနေခဲ့ပါတယ်။လမ်းကြောင်းရဲ့ တစ်နေရာ အရောက်မှာတော့ သူ ဆိုင်ရှန်ကို သတိထားမိလိုက်တယ်။
လှပတဲ့ အမျိုးသမီး က..မှောင်မိုက်တဲ့ ကျော့ရှင်းမူ၃ဲ့ တိုက်ခိုက်နေခဲ့တာပါ။နေအလင်း အမြုတေက သူမရဲ့ သွယ်လျတဲ့ လက်ထဲမှာ ရှိနေခဲ့တယ်။သို့ပေမယ့် ဒီအားပြင်းတဲ့ တိုက်ခိုက်မူတစ်ခုချင်းစီတိုင်းက အတော်လေးကို ကြောက်မက်ဖို့ကောင်းပါတယ်။
တိုက်ပွဲတူကြီး ကျဆင်းလာတဲ့ အချိန်တိုင်းမှာ အိပ်မက်ဆိုး သားရဲတွေ တစ်စစီ ဖြစ်သွားပြီး အရိုးစတွေ ၊ သွေးစ တွေက လေထဲမှာ ပျံ့လွင့်နေခဲ့တယ်။သို့ပေမယ့် ခနအကြာမှာတော့ ကြေးခွံသားရဲတစ်ကောင်က သူမရဲ့ တူကို ညှပ်ကြီးနဲ့ ဖမ်းဆွဲထားခဲ့ပါတယ်။ခနအကြာမှာတော့ သိမ်မွေ့တဲ့ ပြောင်းလဲမူက အစေခံမိန်းကလေးရဲ့ ခန္တာကိုယ်ထဲမှာဖြစ်ပေါ်လာခဲ့တယ်။
သူမက အရိပ်ပိုရှည်လာပြီး..၊ ခြေလက်တွေပါ ရှည်လျားလာကာ..အရိုးတွေက အသံမြည်လာခဲ့တယ်။သူမရဲ့ ချောမွေ့တဲ့ အညိုရောင် အရည်ပြားက ငါးမန်းတစ်ကောင်နဲ့ တူလာပြီး သူမရဲ့ မျက်လုံးတွေက လှည့်ပတ်နေခဲ့တယ်။ယင်းနောက် ဒုတိယ မျက်ဆန် တွေပေါ်လာခဲ့ပါတယ်။ဒီအရာက ထောင်လိုက်ဖြစ်ပြီး..ဘေးပတ်လည်မှာ အနီရောင်ပင်လယ်က ဝန်းရံထားခဲ့တယ်။
ဆိုင်ရှန် ရဲ့မေးရိုးပွင့်လာတဲ့ အချိန်မှာတော့ ကြောက်စရာ အစွယ်ကြီးတွေ ပေါ်ထွက်လာခဲ့ပါတယ်။ရှေ့ကိုတိုးသွားလိုက်ပြီး သူမရဲ့ လက်သီးနဲ့တင် ကြေးခွံသားရဲကို အလွယ်တကူ အဆုံးသတ်ပေးလိုက်တယ်။နောက်တစ်စက္ကန့်လောက် အကြာမှာတော့ သူမ က ရဲ့ လက်သည်းတွေက ကြေးခွံသားရဲ ရဲ့ညှပ်အနားကို ကပ်သွားပြီး ထိုးဖောက်လိုက်တယ်။
စိတ်အနှောက်ယှက်ဖြစ်စရာ မြင်ကွင်းကို ထားခဲ့ပြီး ဆန်နီဟာ နောက်ထပ်အရိပ်တွေကို ဖြတ်သွားကာ..ပထမတန် ရှိရာကို သွားလိုက်တယ်။
ဒီနေရာမှာတော့ သားရဲအုပ်ကြီးနဲ့ ရှင်သန်နေတဲ့ လူသားတွေကို ထိုးဖောက်လို့ မရနိုင်လောက်အောင်ပါပဲ။ဒါတောင်မှ သူက..တိုးဝင်သွားနိုင်ခဲ့ပါသေးတယ်။
အသက်ကို ဝအောင်ရူလိုက်ပြီး ဆန်နီဟာ အိပ်မက်ဆိုးသားရဲ ပင်လယ်ကြီးထဲကို တိုးဝင်သွားခဲ့တယ်။
အဆုံးမရှိတဲ့ မွန်းစတား အုပ်ကြီးကြားထဲမှာ အကသမား တစ်ယောက်လိုပဲ..သူတို့ရဲ့ ဗရမ်းဗတာ ရွေ့လျားနေတဲ့ ခန္တာကိုယ်တွေ ကို ရှောင်ရှားနေခဲ့တယ်။တကယ်လို့ သူ့ကိုသာ သတိထားမိသွားရင် သူက တစ်စက္ကန့်လောက်မှာတင် တစ်စစီဖြစ်သွားမှာပါ။တကယ်လို့ သူသာ နှေးကွေးနေရင် သူ့ကို ဝင်တိုက်ပြီး နင်းခြေသွားကြပါလိမ့်မယ်။
အရိပ်တစ်ခုလိုပဲ သူ ကြားထဲမှာသွားလာနေခဲ့တယ်။အကြိမ်အနည်းငယ်လောက် သူက ရှေလျားတဲ့ သားရဲတွေကြားထဲကနေ သွားလာတာ၊ ခုန်ကျော်တာကို လုပ်နေခဲ့ရပါတယ်။စက္ကန့်အနည်းငယ်လောက် သူက ဆိုးဝါးတွေ မွန်းစတားတွေပေါ်ကနေ ပြေးသွားလိုက် ၊ ကြေးခွံသားရဲရဲ့ ပုခုံးတွေပေါ်မှာ ခုန်လိုက်၊ သွေးစွန်းနေတဲ့ မြေကြီးပေါ်ကို ပြန်ဆင်းလိုက် လုပ်နေခဲ့ရတယ်။
သူသွားနေရင်းနဲ့ အယ်ဖီကို တွေ့လိုက်တယ်။မုဆိုးမိန်းကလေးက သူမရဲ့ ဒိုင်းကာကို ဆုံးရှုံးလိုက်တာလား ပြန်သိမ်းလိုက်တာလား မသိပေမယ့် ဒါက မရှိတော့ပါဘူး။သူမက လှံရှည်ကို လှည့်ကာ အသုံးပြုပြီးခုခံတာ တိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်နေခဲ့ပါတယ်။သူမရဲ့ ခန္တာကိုယ်တစ်ခုလုံးမှာ သွေးတွေ ပေကျံနေပြီး ..သူမရဲ့အကာအကွယ်က ပျက်စီးနေခဲ့တယ်။
သို့ပေမယ့် သူမရဲ့မျက်နှာပေါ်မှာတော့ ပျော်ရွှင်ပြီး ကြီးမားတဲ့ အပြုံးတစ်ခုရှိနေခဲ့တယ်။
ဒါတွေ အကုန်လုံးကို ထားခဲ့ပြီး ဆန်နီ သားရဲအုပ်ထဲကို နက်ရှိုင်းစွာ တိုးဝင်သွားခဲ့တယ်။အကြိမ်အနည်းငယ်လောက် သူ့ကို သတိထားမိသွားပြီလို ထင်ခဲ့မိတဲ့ အချိန်တွေ ကြုံတွေ့ခဲ့ရတယ်။သို့ပေမယ့် အဆုံးမှာတော့ အရိပ်တွေက သူ့ကိုလုံခြုံအောင် ထားပေးနိုင်ခဲ့ပါတယ်။
အတော်ကြာပြီးတဲ့နောက်...အဆုံးမရှိ..၊ ဖြစ်နိုင်တာက..သူ နောက်ဆုံးမှာ အိပ်မက်ဆိုးသားရဲ အုပ်ကြီထဲကနေ လွတ်ထွက်လာပုံပါပဲ။
အခုတော့ သူ့ရှေ့မှာ ဘာမှ ရှိမနေတော့ပဲ..ကြီးမားကျယ်ပြန့်တဲ့ ကျိန်စာသင့် အနက်ရောင် ရေပြင်ပဲ ရှိပါတော့တယ်။
...ကြီးမားတဲ့ ကြက်သွေးရောင် ထိပ်ဖျား ကြီးက ကောင်းကင်ပေါ်ကို အဆုံးမရှိ ထိုးတက်နေခဲ့တယ်။