← Chapters

ကြက်သွေးရောင်ထိပ်ဖျားအား ဝန်းရံတိုက်ခိုက်ခြင်း - ၉

Vol. 22 Ch. 323

ကြက်သွေးရောင်ထိပ်ဖျားအား ဝန်းရံတိုက်ခိုက်ခြင်း - ၉

Vol. 22 Ch. 323

ဆန်နီဟာ ခနလောက်အေးခဲသွားပြီး ကမ္ဘာကြီးတစ်ခုလုံးရဲ့ အပေါ်မှာ ရှိနေသလို အရမ်းကိုကြီးမားတဲ့ မျှော်စင်ကြီးရဲ့ ဆွဲငင်ယူနိုင်တဲ့ အသွင်သဏ္ဍာန်ကို ကြည့်နေခဲ့ပါတယ်။

တစ်ချိန်တည်း ဆိုသလိုပဲ သူ့ရဲ့နောက်ဘက်မှာ ရှိနေတဲ့ အမှောင်ထုကို မျက်စိတ်ကျိန်းလောက်တဲ့ အလင်းတန်း တွေက သုတ်သင်ရှင်းလင်းသွားခဲ့တယ်။တိုက်ပွဲရဲ့ ဆူညံသံတွေက ပြောင်းလဲသွားပြီး တစ်နည်းအားဖြင့် ပိုမိုပြင်းထန်လာခဲ့ပါပြီ။အိပ်မက်ဆိုးသားရဲအုပ်ကြီး ရဲ့အသံတွေက ပိုမိုကျယ်လောင်လာခဲ့ပြီး..သိပ်ပြီးမသဲကွဲကာ စိုးရိမ်မူတွေ ထွက်ပေါ်နေခဲ့တယ်။

ပြောင်းလဲနေတဲ့ကြယ်ပွင့်က နောက်ဆုံးမှာ တိုကိပွဲထဲကို ဝင်ရောက်လာခဲ့ပါပြီ။

ခနအကြာမှာတော့ ပြင်းထန်တဲ့ တိုက်ပွဲအတွင်းက ရာနဲ့ချီတဲ့ လူသားတွေရဲ့ အသံက ထွက်ပေါ်လာခဲ့တယ်။သူတိူ့ရဲ့ စိတ်ဝိဥာဥ် တွေ ၊ ပျက်ဆီးနေပြီဖြစ်တဲ့ စိတ်အားထက်သန်မူတွေကိုလည်း ပြန်လည်စုစည်းနိုင်ခဲ့ပါတယ်။အိပ်မက်ဆ်ိုးသားရဲတွေဟာ အလင်းလူသား ကို ဖျက်ဆီးဖို့ ကြိုးစားလိုက်ကြပေမယ့် သူတို့ရဲ့ အသက်တွေကိုသာ ပေးဆပ်ကြလိုက်ရတယ်။သူတို့က တောက်ပနေတဲ့ ဓားသွားအောက်မှာ ကျရှုံးခဲ့ကြပြီး..အပိုင်းအစ တွေ ၊ ပြာတွေ ဖြစ်သွားခဲ့ကြပါတယ်။

နစ်ဖီ ရဲ့ ရောက်ရှိလာမူက..မောပန်းနေပြီဖြစ်တဲ့ အိပ်မက်စစ်တပ်ရဲ့ စစ်သည်တော်တွေကို စိတ်သက်သာရာရစေခဲ့တယ်။သူတို့က အသက်ရူခွင့်ယူပြီး ပြန်လည်ဖွဲ့စည်းလို့ရကြပေမယ့် အဲဒီအစား..

ဒီအခွင့်အရေးကို အသုံးချပြီး အပြင်းအထန် တိုက်ခိုက်ဖို့ကိုသာ ရွေးချယ်ခဲ့ကြပါတယ်။အိပ်မက်ဆိုး သားရဲအုပ်ကြီးက တုန်လှုပ်ပြီး နောက်ကို ဆုတ်လာခဲ့တယိ။

ဆန်နီ ကတော့ အနောက်မှာ ဖြစ်ပျက်နေတာတွေကို ဂရုမစိုက်တော့ပါဘူး..။သူ့ရဲ့ မျက်လုံးတွေက အနက်ရောင်ရေပြင်ကို ဖြတ်သန်းသွားနိုင်တဲ့ ကြက်သွေးရောင် တံတား ဆီမှာသာ ရောက်နေခဲ့တယ်။ဒီအရာက ကြက်သွေးရောင် ထိပ်ဖျားရှိနေတဲ့ ကျွန်းဆီကို သွားမယ့် လမ်းကြောင်းတစ်ခုလိုဖြစ်နေခဲ့တာပါ။

အဲဲဒီအပေါ်မှာတော့ မရေမတွက်နိုင်တဲ့ သတ္တဝါတွေ အော်ဟစ် ၊ တွန်းတိုး နေပြီး လူသားတွေရဲ့ အသွေူအသားကို စားခွင့်ရမယ့် အလှည့်အတွက် တိုက်ခိုက်နေကြတယိ။

သို့ပေမယ့် ကြောက်စရာ သားရဲတွေက အဆုံးမရှိတာ မဟုတ်တော့ပါဘူး..။သားရဲအုပ်ကြီးရဲ့ အဆုံးကို သူက မြင်နေခဲ့ရပါပြီ..။တံတားရဲ့ တစ်ဝက်လောက်မှာဆိုရင် ဘာ သားရဲမှ မရှိတော့ပါဘူး..။

ဒါက သူ့အတွက် လွယ်ကူမယ့် အရာတော့မဟုတ်ပေ..။ဆန်နီဟာ သံပိုက်ကွန်ရဲ့ အောက်ကနေ လွတ်သွားတာနဲ့ နေရောင်က သူ့ဆီကို ပြန်ပြီး ကျရောက်လာခဲ့ပါတယ်။ဒါကြောင့် သူ လုံးဝ ပုန်းကွယ်စရာ နေရာမရှိတော့ပါဘူး..။

များပြားလှတဲ့ မွန်းစတားတွေရဲ့သွေးဆာနေတဲ့ မျက်လုံးတွေကတော့ သူ့ အပေါ်မှာ ရောက်နေခဲ့ပြီးပါပြီ..။သူတို့ရဲ့အကြည့်တွေထဲမှာ သွေးဆာမူတွေ ၊ ဆာလောင်မူတွေ ရှိနေကြတယ်။တကယ်လို့ သူသာ တံတားကို အသုံးပြုချင်တယ် ဆိုရင် ဒီသားရဲအုပ်ကို အရင်ကျော်ဖြတ်ရပါလိမ့်မယ်။

' သူတော်စင် '

သူ့ကို ပြန်ဖြေလိုက်တဲ့ အလား မာဗယ် နတ်ဘီလူး က..အရိပ်တွေ ထဲကနေ ထွင်လာခဲ့တယ်။သူမရဲ့ မဟူရာ သံခေါင်းစွပ်ကြားထဲကနေ ထွက်နေတဲ့ ပတ္တမြားရောင် မျက်လုံးတွေက အေးစက်မူတွေနဲ့တောက်လောက်နေခဲ့ပါတယ်။

ဆန်နီ နောက်ကို တစ်လှမ်းဆုတ်လိုက်ပြီး သူ့ဆီကို ချီတက်လာနေပြီဖြစ်တဲ့ သတ္တဝါတွေကိုကြည့်လိုက်တယ်။

'ဒီမှာ ဘာမှ မရှိဘူး..'

ရှေ့ကို ​ပြေးတက်သွားပြီး သူတော်စင်ဆီကို အကာအဝေးတစ်ခုအထိ ပြေးသွားကာ ခုန်လိုက်တယ်။

အရိပ်က သူမရဲ့ ဒိုင်းကာကို မြောက်ပြီး သူ့ကို တက်စေကာ..သူမရဲ့မယုံနိင်စရာ ခွန်အားနဲ့ တွန်းထုတ်လွတ်လိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲ..ဆန်နီဟာ လေထဲကို မြောက်တက်သွားခဲ့တယ်။

လေတိုးသံက သူ့နားထဲကို ဝင်လာခဲ့ပါတယ်။

ကျယ်ပြန့်တဲ့ အနက်ရောင် ရေပြင် နဲ့ ကြောက်စရာ သတ္တဝါတွေရဲ့ အပေါ်ကနေ ..သူက ​ကြက်သွေးရောင်ထိပ်ဖျားရှိရာနေရာကို လျှင်မြန်တဲ့ အရှိန်နဲ့ လွင့်စင်သွားခဲ့တယ်။အနက်ရောင် တောင်ပံက သူရဲ့ နောက်မှာ ပေါ်လာခဲ့ပြီး ဆန်နီကို ပေါ့ပါးစေပြီး ဒီပျံသန်းမူ အခြေအနေကို ထောက်ပံ့ပေးထားခဲ့တယ်။

သို့ပေမယ့် ဒါက ကျွန်းဆီကို ရောက်ဖို့အတွက် မလုံလောက်ခဲ့ပါဘူး..။

ခနကြာပြီးမှာတော့ သူက အနက်ရောင်ရေပြင်ကျယ်ကြီးရဲ့ တစ်ဝက်ကျော်လောက်အထိကို ရောက်လာခဲ့တယ်။သို့ပေမယ့် သူရဲ့ အရှိန်က နှေးကွေးသွားပြီး မကြာခင်မှာ..ဆန်နီ စတင် ပြုတ်ကျပါတော့တယ်။သူ့ရဲ့ ဝတ်ရံရဲ့ ကျေးဇူးကြောင့် သူက ရုတ်တရက် ရေထဲကို မပြုတ်ကျသွားခဲ့ပေ။အဲဒီအစား သူက လေထဲမှာ ဖြည်းဖြည်းချင်း နိမ့်ကျနေပြီး..အနက်​ရောင်ရေပြင်ကို နည်းနည်းချင်း နီးကပ်လာနေခဲ့ပါတယ်။

သူက ဘယ်တော့မှ ရေကူးသွားနိုင်မှာမဟုတ်ပါဘူး။

သို့ပေမယ့်..သူကလည်း ဒီလို မစီစဥ်ထားခဲ့ပေ။

ဆန်နီ သူ့ရဲ့ ခန္တာကိုယ်ကို လှည့်လိုက်ပြီး သုံးမြောင့်ဆူးချွန်ကို ထုတ်ကာ ကြက်သွေးရောင် သန္တာကျောက်တံတားကို ပစ်လိုက်တယ်။ကြီးမားတဲ့ ကူနယ် စိူက်ဝင်သွားတာနဲ့ တစ်ပြိုင်နက်..သူက မမြင်ရတဲ့ ကြိုးကို တင်းလိုက်ပြီး..ပျံသန်းနေတဲ့ ဦးတည်ချက်ကို ပြောင်းလိုကိပါတယ်။

စက္ကန့်အနည်းငယ်ကြာပြီး တဲ့နောက်မှာတော့ ဆန်နီဟာ တံတားပေါ်ကို လှိမ့်ဆင်းသွားခဲ့ပြီး ခြေထောက်နဲ့ ပြန်ထလိုက်တာ်။သူ့နောက်မှာတော့ အိပ်မက်ဆိုးသားရဲ အုပ်ကြီးရဲ့ အမြှီးပိုင်း ရှိနေခဲ့ပြီး သိသာစွာပဲ

သူ့ဘက်ကို ဦးတည်နေခဲ့တာပါ။

သူ့ရှေ့မှာတော့ ကြက်သွေးရောင် ထိပ်ဖျားကို သွား

မယ့် ရှင်းလင်းတဲ့ လမ်းကြောင်းရှိနေခဲ့တယ်။

ဆန်နီဟာ အနက်ရောင်တောင်ပံ နဲ့ ကျောက်တုံးသူတော်စင်ကို သူ့ရဲ့ အရိပ်အမြုတေ ထဲကို ပြန်ထည့်လိုက်ပြီး နောက်ကို တောင်ပြန်လှည့်မကြည့်ပဲ ပြေးပါတော့တယ်။

***

မကြာခင်မှာပဲ..ကြက်သွေးရောင် မျှော်စင်ကြီးက ကောင်းကင်ကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပါတယ်။ဒါက ကမ္ဘာကြီးတစ်ခုလုံး ရုတ်တရက် ၉၀ ဒီဂရီ တိမ်းစောင့်သွားသလိုပါပဲ။မြေပြင်ကြီးတစ်ခုလုံးက အလျားလိုက်မဟုတ်ပဲ ဒေါင်လိုက်ဖြစ်နေသလိုတောင် ခံစားနေခဲ့ရပါတယိ။သူ့လည်ပင်းကို စောင်းသွားတဲ့ အထိကြည့်ရင်တောင် ကြီးမားတဲ့

တာဝါကြီးရဲ့ ထိပ်ဖျားကို မမြင်ရတော့ပါဘူး။

ဒါက အိပ်မက်ကမ္ဘာကြီးက သေတ္တာတစ်လုံးနဲ့ တူနေပြီး သူက နံရံတစ်ဖက်ကို ရောက်နေသလို ဖြစ်နေခဲ့တာပါ။

မလိုအပ်တဲ့ အတွေးတွေကို ခေါင်းထဲကနေ ထုတ်လိုက်ပြီး ဆန်နီ မျှော်စင်ကြီးဆီကို အမြန်သွားလိုက်တယ်။သူ့ရဲ့ ပန်းတိုင်က မြင်ကွင်းနားကို ရောက်နေခဲ့ပါပြီ။

' ဦးခေါင်း ခုနှစ်လုံးက...သော့ခုနှစ်ခုကို စောင့်ကြပ်နေတယိ '

ဒါက လွန်ခဲ့တဲ့ တစ်နှစ်၊ ဒီခရီးစတင်ခဲ့တုန်း က

ကတ်စီ သူ့ကို ပြောခဲ့တာပါ။ကြက်သွေးရောင် ထိပ်ဖျား ရဲ့ အောက်ဘက်မှာတော့..သော့ခုနှစ်ချောင်းကို..သော့အိမ်ခုနှစ်ခု ထဲကို ထိုးသွင်းပြီး ဖုံးလွှမ်းနေတဲ့ အမှောင်ထုကို မြေအောက်ထဲမှာ နောက်တစ်ကြိမ် ပိတ်လှောင်နိုင်မယ့် နေရာ ရှိနေခဲ့ပါတယ်။ဒါက ရှေးခေတ်သူရဲကောင်း ခုနှစ်ယောက်ရဲ့ ကျမ်းသစ္စာ ကို ပြန်အသက်သွင်းတာပါ။

ပြောင်းလဲနေတဲ့ကြယ်ပွင့် ပေးခဲ့တဲ့ အမြုတေမှတ်သားမူ ခုနှစ်ခုက ဖြစ်တည်လာတဲ့ သော့တွေက ၊ အခုဆိုရင် ဆန်နီရဲ့ ဝိဥာဥ်ထဲမှာ ဆုပ်ကိုင်ထားခဲ့တယ်။

သူက သော့အိမ်တွေကို ပဲ ရှာဖွေဖို့လိုအပ်ပါတယ်။

ပြီးတော့ မကြာခင်မှာပဲ..သူ ​ရှာတွေ့ခဲ့တယ်။

ကြက်သွေးရောင် သန္တာကျောက်တောင်ကုန်းရဲ့ အနောက်ဘက် နားမှာတော့ ကျယ်ပြန့်တဲ့ မျက်နှာပြင်တစ်ခု ရှိနေခဲ့ပြီး မျှော်စင်ကြီးရဲ့ နံရံကို ဦးတည်ထားခဲ့ပါတယ်။အဲ့နေရာမှာတော့..အဝိုင်းငယ်ပုံစီစဥ် ထားတဲ့ ဦးခေါင်း ခုနှစ်လုံးက..ဆန်နီရဲ့ အဝေးကိုကြည့်နေခဲ့တယ်။

သူတို့က မျက်နှာချင်းဆိုင် ရှိနေကြတာ မဟုတ်ပေမယ့် ဆန်နီ သူတို့ကို ချက်ချင်း မှတ်မိလိုက်ပါတယ်။

ဒီဟာတွေက ပျကိဆီးနေတဲ့ မေ့ပျောကိကုန်းမြေ မှာ ရှိတဲ့ ရုပ်ထုကြီးတွေကနေ ခိုးယူခြင်း ခံထားရတဲ့

ဦးခေါင်းတွေပါ။သူတို့ရဲ့ ဦးခေါင်းတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက တယ်ရာ တစ်ကောင် ကဖြတ်တောက်ခဲ့ပြီး..ဒီကို ယူဆောင်လာခဲ့ကာ..သူ့နေထိုင်တဲ့ ခံတပ်ရဲ့ အောက်ခြေမှာ အဆုံးမရှိ စောင့်ကြပ်ခိုင်းထားစေခဲ့တယ်။

အရှင်သခင် ၊ အမျိုးသမီး ဘုန်းတော်ကြီး ၊ သူရဲကောင်း ၊ မုဆိုး ၊ တည်ဆောက်သူ ၊ သတ်ဖြတ်သူ နဲ့ လူစိမ်း တို့ရဲ့ ဦးခေါင်းတွေ..။

သူတို့ရဲ့ အကြည့်တွေက မျှော်စင်ကြီးရဲ့ ကြီးမားတဲ့ ဂိတ်ပေါက်ဝတွေကို ကြည့်နေခဲ့ကြတယ်။

ပြီးတော့ ဒီဂိတ်တွေပေါ်မှာ ၊ ကြယ်ခုနှစ်ပွင့်ရဲ့ ပုံရိပ်တွေကို ရှေးဟောင်းကျောက်တုံးတွေထဲကို ထွင်းထုထားခဲ့ပါတယ်။

ကြယ်တစ်ပွင့်ချင်းစီ ရဲ့တောက်ပနေတဲ့ အလယ်ဗဟိုမှာတော့ ..အနက်ရောင် သော့ပေါက် တစ်ခု စီရှိနေခဲ့တယ်။

All Chapters