ကြက်သွေးရောင် ထိပ်ဖျားအား ဝန်းရံတိုက်ခိုက်ခြင်း
Vol. 22 Ch. 324
- ၁၀
ကျောက်တုံးသူတော်စင်ကို သူနဲ့ ဘေးချင်းယှဥ် နောက်တစ်ကြိမ် ထုတ်လိုက်ပြီး..ဆန်နီဟာ..မျှော်စင်ကြီးရဲ့ ဂိတ်ပေါက်တွေကို မျက်နှာရှုံ့မဲ့စွာကြည့်ကာ..သန္တာကျောက်တောင်ကုန်းကနေ ခုန်ချလိုက်ပါတယ်။
'ငါ ဒါကို လုံးဝ မကြိုက်ဘူး...'
ကျွန်းပေါ်မှာကတော့ တိတ်ဆိတ်နေခဲ့တယ်။အရမ်းကို တိတ်ဆိတ်နေခဲ့တယ်။
အိပ်မက်ဆိုးသားရဲတွေက သူ့နောက်မှာရှိနေပြီးဟအိပ်စက်သူ စစ်တပ်ကို ဖြည်းဖြည်းချင်း ဝါးမြိုနေကြပေမယ့်..ကြီးမားတဲ့ ကျောက်တုံးဦးခေါင်း ခုနှစ်ခု စိုက်ကြည့်နေတဲ့ နေရာလွတ်က အရမ်းကို နိမိတ်မကောင်းပဲ..ပြသနာ အရိပ်အယောင်တွေနဲ့ စိတ်ထဲကိုလေးလံစေခဲ့ပါတယ်။
သို့ပေမယ့် ဆန်နီက အစောကတည်းက ကြောက်ရွံ့နေပြီး ခဲ့တာပါ။
' အဲဒီအစား မင်းက ငါ့ကို ကြောက်ရွံ့စေတာပဲ..'
သူ အရှေ့ကို လျောက်သွားလိုက်ပြီး ၊ ကြီးမားတဲ့ ဦးခေါင်းကြီးကြားထဲကနေ ဖြတ်သွားကာ..ဂိတ်ပေါက်ဝ ရှေ့မှာ ရှိနေတဲ့ နေရာလွတ်ကို ဝင်သွားခဲ့တယ်။တစ်စုံတစ်ယောက်က သူ့ကို ပြန်ပြီး ကြည့်နေသလို ခံစားချက်မျိုးနဲ့ ဆန်နီဟာ ကျောချမ်းသွားခဲ့ပြီး သော့အိမ် ခုနှစ်ခု နားကို နီးကပ်သွားခဲ့တယ်။
ဂိတ်တွေကို ရောက်ဖို့ တစ်ဝက်လောက်ရောက်တဲ့ အချိန်မှာတော့ သူ ရပ်တန့်လိုက်ပြီး..ခနလောက်တွေဝေသွားကာ..ကျောက်တုံးဦးခေါင်းကြီးတွေကို ပြန်လှည့်ကြည့်လိုက်တယ်။
ဒါက သူရဲကောင်းခုနှစိယောက်ရဲ့ မျက်နှာကို သူ ပထမဆုံး အကြိမ်မြင်ဖူးတာပါ။
အရှင်သခင် ရဲ့ မျက်နှာက ဂုဏ်သိက္ခာရှိပြီး ကြည်ညိုဖို့ကောင်းတယ် ။အမျိုးသမီး ဘုန်းတော်ကြီးရဲ့ မျက်နှာက..လှပပြီး နူးညံ့သိမ်မွေ့တယ်။သတ်ဖြတ်သူရဲ့ မျက်နှာက မောက်မာပြီး အေးစက်ကာ ၊ သူမရဲ့ နှုတ်ခမ်းမှာ အပြုံးတစ်ခုရှိနေခဲ့ပါတယ်။သူစိမ်းတစ်ယောက်က သံခမောက်ကို ဆောင်းထားခဲ့ပြီး သူ့ရဲ့ နေရာလွတ်မှာတော့ အမှောင်ထုသာ ရှိနေခဲ့တယ်။
'...လူတွေပဲ..။သူတို့ကလည်း လူတွေပဲ '
ဆန်နီ တစ်ဖက်ကို လှည့်ကာ သက်ပြင်းချပြီး ခေါင်းခါယမ်းလိုက်တယ်။
' မင်းတို့ လုပ်ခဲ့တာတွေကို ငါဝေဖန်မှာ မဟုတ်ဘူး။ဒါပေမဲ့..ငါတို့က ပိုကောင်းအောင် လုပ်နိုင်မယ်လ်ို့ တကယ် မျှော်လင့်မိတယ်..'
ဒီလိုပြောပြီးတာနဲ့ သူ နောက်ထပ်ခြေတစ်လှမ်းတိုးလိုက်တဲ့ အချိန်မှာ အေးခဲသွားခဲ့တယ်။
သူနဲ့ ကြက်သွေးရောင် ထိပ်ဖျားရဲ့ဂိတ်တွေ ကြားထဲက မြေနေရာမှာ တစ်ခုခုက ပြောင်းလဲသွားခဲ့ပါတယ်။
အေးစက်တဲ့ လေပြင်းက တိုက်ခိုက်လာခဲ့ပြီး..သန္တာကျောက် အချို့က လေထဲမှာ လွင့်ပျံလာခဲ့တယ်။
ဒီအပိုင်းအစတွေက ပြန်မကျတော့ပါဘူး။အဲဒီအစား နောက်ထပ် သန္တာကျောက် အပိုင်းအစတွေက ဆက်တိုက်ဆိုသလို လွင့်ပျံလာပြီး ပုံရိပ်ခုနှစ်ခုကို ဖန်တီးလာခဲ့တယ်။
ဆန်နီ ကျိန်ဆဲလိုက်ပြီး လက်ကို ဆန့်တန်းကာ သန်းခေါင်းယံ အမြုတေကို ထုတ်ယူလိုက်ပါတယ်။
စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့..ကြက်သွေးရောင် သန္တာကျောက် ဂိုလမ် ခုနှစ်ကောင် က သူနဲ့ သူတော်စင်ရဲ့ ရှေ့မှာ ရပ်နေခဲ့ပြီး သူတို့ရဲ့ လမ်းကြောင်းမှာ ပိတ်ထားခဲ့တယ်။သူတို့ရဲ့ ပုံစံကို သူ ကောင်းကောင်းမှတ်မိနေခဲ့ပါတယ်။
စစ်သည်တော်ရဲ့ အကာအကွယ်ပုံစံ..။သတ်ဖြတ်သူရဲ့ သေးသွယ်တဲ့ ပုံရိပ်။အမျိုးသမီး ဘုန်းတော်ကြီးရဲ့ ထည်ဝါ တဲ့ ဟန်ပန်အမူအရာ။
သူရဲကောင်း ခုနှစ်ယောက်ရဲ့ ပုံတူရုပ်ထုတွေက ဖြည်းဖြည်းချင်း..ရွေ့လျားလာခဲ့ပြီး သူတို့ရဲ့ လက်နက်တွေကို သူ့ဆီကို ချိန်ရွယ်လာခဲ့ကြပါတယ်။သူတို့ရဲ့ လှုပ်ရှားမူတွေက ကြမ်းတမ်းပြီး..လူသားမဆန်ပေမယ့်..ကြောက်ဖို့ကောင်းတဲ့ စွမ်းအားတွေကို ထုတ်ဖော်နေခဲ့တယ်။သူတို့ရဲ့ အပြင်ဘက် အသွင်အပြင်ကလွဲလို့ ၊ ဒီသတ္တဝါတွေက ရှေးဟောင်း သူရဲကောင်းတွေရဲ့ မှတ်သားမူတွေကို ထင်ပေါ်အောင် လုပ်ရမယ့်အစား စော်ကားနေသလို ခံစားနေခဲ့ရပါတယ်။
ဆန်နီဟာ..ဓားကို အောက်ကို ချိန်ရွယ်ထားခဲ့ပြီး သန္တာကျောက် ဂိုလမ်တွေဆီကို လျောက်သွားခဲ့တယ်။
"မင်းတို့ ခုနှစ်ယောက်တည်းလား..။ဒါက ငါ့ကို တားဆီးဖို့ လုံလောက်တယ်လို့ ထင်နေတာလား"
သူ့ရဲ့ နက်မှောင်တဲ့ မျက်လုံးတွေက အေးစက်ပြီး အကြင်နာတရား ကင်းမဲ့သွားခဲ့တယ်။
"..ဒါဆိုလည်း ကောင်းပြီလေ..အရူးတွေ..လာ ခံစားကြည့်လိုက်တော့.."
ဒီလိုပြောပြီးတာနဲ့ သူ ရှေ့ကို တိုးသွားလိုက်ပြီး သန်းခေါင်းယံ အမြုတေကို မြှောက်လိုက်တယ်။
သို့ပေမယ့် ဆန်နီ ရဲ့ ဓားချက် မကျဆင်းခင်မှာပဲ သူစိမ်း သူရဲကောင်းဟာ ဘယ်ကမှန်းမသိ ပေါ်ထွက်လာခဲ့ပြီး သူ့ရဲ့ အဝိုင်းပုံစံ ဒိုင်းကာနဲ့ ကာရံထားခဲ့တယ်။ဒါကို တိုက်ခိုက်ရတာက တောင်ကြီးကို တိုကိခိုက်ရသလိုပါပဲ။
ဆန်နီ ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။
' မြန်လွန်းတယ်..'
စက္ကန့်ဝက်လောက် အကြာမှာတော့..စစ်ပွဲတူကြီးတစ်ခုက သူရှိနေတဲ့နေရာကို လျင်မြန်တဲ့ အရှိန်နဲ့ ပျံသန်းလာတာကို တွေ့လိုက်ရတယ်။ဆန်နီ အံကိုကြိတ်လိူက်ပြီး တစ်ဖက်ကို လှည့်လိုက်ကာ..သန်းခေါင်ယံ အမြုတေနဲ့ တားဆီးထားခဲ့တယ်။
နာကျင်မူ လှိုင်းလုံးက သူ့ရဲ့ ခန္တာကိုယ် တစ်လျောက်လုံးမှာ ဖြစ်ပေါ်လာခဲ့ပြီး..သန္တာကျောက် တစ်လျောက် လွင့်စသ်သွားခဲ့တယ်။သူ ညဥ်းညူလိုက်ပြီး သွေးတစ်ပွက် အန်လိုက်ရပါတယ်။
' ချီးပဲ...သူတို့က ဘယ်လိုတောင် သန်မာနေရတာလဲ '
အပေါ်ကို မော့ကြည့်လိုက်တဲ့ အချိန်မှာတော့ သူရဲကောင်းခုနှစ်ယောက်ဟာ သူ့ကို လေးနက်ပြီးရက်စက်တဲ့ အမူအရာနဲ့ ချည်းကပ်လာခဲ့တယ်။ဂိုလမ်တစ်ကောင်ချင်းစီ တိုင်းက..အိပ်စက်သူ တစ်ဖွဲ့လုံးကို တစ်စစီ လုပ်ပစ်ဖို့အတွက် လုံလောက်အောင် သန်မာကြပါတယ်။
သူ့ဘက်မှာတော့ သူတော်စင်ဟာ သူမရဲ့ ဒိုင်းကာကို မြှောက်ပြီး သူမရဲ့ ဓားသွားနဲ့ ရိုက်လိုက်တယ်။
" ဘာပဲဖြစ်ဖြစ်..။လုပ်ကြတာပေါ့.."
***
အနက်ရောင် ရေပြင်တွေရဲ့ နောက်ဘက်မှာတော့..အိပ်စက်သူ စစ်တပ်ဟာ..အိပ်မက်ဆိုးသားရဲအုပ်ကြီးကို ဒေါသတကြီး ခုခံကာကွယ်နေတုန်းပါပဲ။အခုတော့..မွန်းစတားတွေ အားလုံးက သန္တာကျောက်တံတားကနေ ဆင်းသက်ပြီး အိပ်စက်သူတွေဆီကိုရောက်ကာ အသွေးအသားတွေကို စားသုံးချင်နေကြပါပြီ။
အခုတော့ ပထမတန်း တွေ ၊ ဒုတိယတန်းတွေ ခွဲခြားထားခြင်း မရှိတော့ပေ။အသက်ရှင်နေတဲ့ သူတွေ အကုန်လုံးဟာ..ဗရမ်းဗတာ သွေးထွက်သံယို သတ်ဖြတ်မူ တွေအောက်မှာ နစ်မြုပ်နေခဲ့ကြပါတယ်။တစ်ချိန်တည်းမှာပဲ..သူတို့က ဒီ ဆိုးဝါးစွာ ဖြစ်ပေါ်နေတဲ့ ဗရမ်းဗတာ အခြေအနေရဲ့အလယ်မှာ ရှင်သန်အောင်ကြိုးစားနေခဲ့ရတယ်။
ပြောင်းလဲနေတဲ့ကြယ်ပွင့်ကတော့ ဒီဟာတွေ အားလုံးရဲ့ အလယ်ဗဟိုမှာ ရှိနေခဲ့ပြီး..ဖြာထွက်နေတဲ့ နေလုံးလို တောက်ပနေခဲ့ပါတယ်။သူမက တစ်ယောက်တည်းသာ တိုက်ခိုက်နေခဲ့တယ်။ဘာလိူ့လဲ ဆိုတော့ ဒီအလင်းကို ငြိမ်းသတ်ဖို့ရောက်လာတဲ့ သားရဲအုပ်ကြီးရဲ့ ဖိအားအောက်မှာ ဘယ်သူမှ ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။သူမ အနားကို ကပ်ပြီး ကူညီပေးဖို့ ကြိုးစားသူတိုင်းက အပိုင်းပိူင်း အစစဖြစ်သွားခဲ့ပါတယ်။
အရာအားလုံးနဲ့ မတူညီစွာပဲ..နစ်ဖီဟာ ဒေါသထွက်နေတဲ့ နတ်ဆိုးတစ်ပါးလို ရွေ့လျားနေပြီး သားရဲတစ်ကောင်ပြီး တစ်ကောင်ကို သတ်ဖြတ်နေခဲ့ကြပါတယ်။သူမ ရဲ့ ပတ်ဝန်းကျင်မှာတော့ အလောင်းတွေ ထပ်နေပြီး..သူတို့ရဲ့သွေးတွေက ဆူပွက်ကာ လေပေါ်လွင့်ပျံနေခဲ့တယ်။သူမရဲ့ တည်ရှိမူက တစ်ခြားသူတွေရဲ့ အပေါ်မှာ ရောက်နေတဲ့ ဖိအားကို လျော့ချပေးနိုင်ရုံတင်မကပဲ ၊ ဒီကနေတဆင့် ခွန်အားတွေကို ရရှိနေခဲ့ကြတယ်။
ပြောင်းလဲနေတဲ့ကြယ်ပွင့်က သူတို့အတွက် အစွမ်းကုန် တိုက်ခိုက်နေသ၍ သူတို့က ဘယ်လိုလုပ် လက်လျော့လိုကိနိုင်မှာလဲ..။သူမ ရဲ့ အလင်းရောင်က အမှောင်ထုကို ဖြိုခွင်းထားသ၍ သူတို့ရဲ့ မျှော်လငိ့ချက်က ဘယ်လိူလုပ် ပျက်စီးနိုင်မှာလဲ..။
ဒါကြောင့်လည်း ဘယ်မွန်းစတားမှ ရှေ့က နှစ်တန်းကိုကျော်ပြီး လေးသည်တော်တွေ ဆီကို မရောက်နိုင်ကြတာပါ။
.
သန္တာကျောက်တန်းရဲ့ မျက်နှာပြင်ပေါ်မှာရပ်နေရင်း ကိုင်က သူ့အောက်က ဆိုးဝါးတဲ့ မြင်ကွင်းကို ကြည့်နေခဲ့ပြီး ခေါင်းကိုမော့လိုက်တယ်။
ကောင်းကင်ကို မြင်ရမယ့်အစား..သူက သွေးတွေကျဆင်းနေတဲ့..အလောင်းတွေနဲ့ပြည့်နေတဲ့ သံပိုက်ကွန်ကိုသာ တွေ့လိုက်ရပါတယ်။သူ့မျက်နှာက ဖြူဖျော့သွားပြီး သူ့မျက်လုံးထဲက အလင်းတွေ ပျောက်ကွယ်သွားခဲ့တယ်။
အနီးကပ်တိုက်ပွဲကို မရင်ဆိုင်ရတဲ့..အိပ်မက်ဆိုးတပ်ဖွဲ့ရဲ့ နောက်ဆုံး အရာရှိတစ်ယောက် အနေနဲ့ ၊သူက အခြေအနေကို ခြုံငုံကြည့်နိုင်တဲ့ တစ်ယောက်တည်းသော သူပါ။
မိနစ် အနည်းငယ်အကြာမှာ ဒီ သံမဏိပိုက်ကွန်ကြီး ကျိုးပျက်တော့မယ် ဆိုတာကို သိနေတာက သူတစ်ယောက်တည်းပါပဲ။
ဒီလိုဖြစ်လာတဲ့ အချိန်မှာ ကြီးမားထက်ရှ တဲ့ သံမဏိ ကြိုးတွေနဲ့ မရေမတွက်နိုင်တဲ့ သေဆုံးနေတဲ့ အလောင်းတွေက ကျန်ရှိနေတဲ့လူသားတွေ အပေါ်ကို ပြုတ်ကျကုန်ပါလိမ့်မယ်။ဒါဆိုရင် သူတို့တော့ အဆုံးသတ်ပါပြီ။
တစ်ယောက်ယောက်က တစ်ခုခု လုပ်မှ ရတော့မှာပါ။
ပြီးတော့ အဲ့တစ်စုံတစ်ယောက်က သူပါပဲ။
ကိုင် မျက်တောင် ခတ်လိုက်ပြီး..သူ့ရဲ့ မျက်လုံးကို ခနလောက်ကြာအောင် မှိတ်ထားခဲ့တယ်။
'ဒါပေါ့..ဒီလိုလုပ်နိုင်တာက ငါတစ်ယောက်တည်းပဲ..'
သံပိုက်ကွန်ကြီး ပြုတ်ကျတော့မှာကို ဘယ်အရာမှ မတားဆီးထားနိုင် တော့ပါဘူး..။သို့ပေမယ့် ဘယ်နေရာကို ပြုတ်ကျရမှာလဲ ဆ်ိုတာကိုတော့ ထိန်းချုပ်လို့ ရပါတယ်။သူတို့ လုပ်ဖို့ လိုအပ်တာဆိုလို့ သင့်တော်တဲ့ နေရာကို ဖြတ်တောက်ပြီး သေးဆုံးနေတဲ့ သားရဲတွေက လူသားတွေ အပေါ်ကို မပြုတ်ကျအောင် လုပ်ဖို့ပါပဲ။
ပြီးတော့ လေပေါ်ပျံနိုင်တဲ့လူက လွဲပြီး ဘယ်သူကများ ကြိုးတွေကို ဖြတ်တောက်နိုင်မှာလဲ။
တစ်ခုတည်းသော ပြသနာက ပိုက်ကွန်ကို ဖြတ်လိုက်တဲ့ အခါကျရင်..လေထဲမှာ ပျံဝဲနေတဲ့ ဆူးချွန်ဆတ်သား ငါးကောင်းကို ဘယ်အရာကမှ တားဆီးထားနိုင်တော့မှာမဟုတ်ပေ..။
သူက ဒီအကောင်တွေကို တိုက်ပွဲကွင်းပြင်ကနေ
မြှားခေါ်သွားဖို့လည်း လိုအပ်ပါသေးတယ်။
'... ဟုတ်တယ်..ဟုတ်တယ်။ဒါက ငါလုပ်ရမယ့် အရာပဲ..'
ကိုင်က ကြီးမားတဲ့ လေးကို သိမ်းဆည်းလိုက်ပြီး..မြေပြင်ကို ခနလောက်ကြည့်လိုက်တယ်။ထည်ဝါတဲ့ ဓားတစ်ချောင်းက သူ့လက်ထဲမှာ ဖြည်းညှင်းစွာပေါ်ထွက်လာခဲ့ပါတယ်။
ယင်းနောက် သူမျက်နှာပေါ်မှာ နက်မှောင်တဲ့ အမူအရာတစ်ခု ပေါ်ထွက်လာခဲ့ပြီး..သူ့ကိုယ်သူ သန္တာကျောက်တန်းရဲ့ အစွန်းကို ရောက်အောင် တွန်းအားပေးကာ..ပိုက်ကွန်တွေ ဆီကို ပျံသန်းသွားခဲ့ပါတယ်။