ကြက်သွေးရောင် ထိပ်ဖျားအား ဝန်းရံတိုက်ခိုက်ခြင်း
Vol. 22 Ch. 325
- ၁၁
"အာ..ချီးပဲ.."
အယ်ဖီ နောက်ကို ယိမ်းယိုင်ကာ ဆုတ်သွားခဲ့ပြီး..ဇင်းနစ် အမြုတေကို ဝေ့ယမ်းကာ..အိပ်မက်ဆိုးသားရဲတွေရဲ့ ခန္တာကိုယ် အနည်းငယ်ကို ပိုင်းဖြတ်နိုင်ခဲ့တယ်။သူမရဲ့ လက်တစ်ဖက်ကတော့ သူမရဲ့ပေါင်မှာ နက်ရှိုင်းစွာ စိုက်ဝင်နေတဲ့ ကြီးမားပြီး ကြည်လင်နေတဲ့ အရာကို ဆွဲထုတ်လိုက်တဲ့ အချိန်မှာ အသားစ တစ်ချို့ ပါသွားခဲ့တယ်။ရွံ့စရာ သားရဲက သူမရဲ့ လက်တွေကို လာတိုက်ခိုက်ဖို့ အချိန်မရှိခင်မှာပဲ သူမက လက်သီးနဲ့ ချေမွလိုက်တယ်။
သူမရဲ့ ခြေထောက်ကနေ သွေးပူတွေ စီးကျလာတာကို ခံစားမိတာကြောင့်..မျက်နှာရှုံ့မဲ့သွားခဲ့တယ်။ယင်းနောက် ကျန်ရှိနေသေးတဲ့ အပိုင်းအစ တွေကို နေအလင်းအမြုတေ ရဲ့ချည်သားမှာ သုတ်လိုက်ပြီး ..ကိုယ်ကိုလှည့်ကာ လှံသွားရာ လမ်းကြောင်းအတိုင်း လိုက်သွားခဲ့ပါတယိ။
အယ်ဖီ ပင်ပန်းနေခဲ့ပြီ။အရမ်း..အရမ်းကို ပင်ပန်းနေခဲ့ပြီ..။သူမက အတော်လေးကို မောပန်းနေခဲ့ပြီ။
...သိူ့ပေမယ့် အိပ်မက်ဆိုးသားရဲ အုပ်ကြီးက အဆုံးမရှိပေ..။
' နင်တို့ ဒီတိုင်း သေလိုက်ကြပါလား..ခွေးသားတွေ '
ဇင်းနစ် အမြုတေကို လက်နှစ်ဖက်နဲ့ နောက်တစ်ကြိမ် ကိုင်လိုက်ပြီး..သူမက နောက်ထပ် သားရဲတစ်ကောင်ရဲ့ နောက်ကျောကို ထိုးကာ မွှေနှောက်လိုက်ပါတယ်။ခနအကြာမှာတော့ ကြောက်စရာကောင်းတဲ့ ကြေးခွံသားရဲခေါင်းဆောင် ရဲ့ အရိုးဓားတွေက သူမရှိတဲ့ နေရာကို ရောက်လာခဲ့တယ်။အယ်ဖီ လှံကို ပြန်လှည့်လိုက်ပြီး ကြီးမားတဲ့ သတ္တဝါကြီးရဲ့ ရင်ဘတ်ကို ထိုးကာ..နေရာမှာတင် သတ်ဖြတ်လိုက်တယ်။
အလေးချိန်ကြီးမားတဲ့ ခန္တာကိုယ်ကြီး က မြေကြီးပေါ်ကို လဲကျသွားတဲ့ အချိန်မှာ တုန်ခါမူတွေ ဖြစ်ပေါ်လာစေခဲ့တယ်။သူမက..နာကျင်ပြီး အလျင်စလို အသက်ရူ ဖို့ အတွက် တစ်စက္ကန့်လောက် အချိန်ရပါတယ်။သူမရဲ့ ဒဏ်ရာ နေတဲ့ ခြေထောက်က လှုပ်ခါချင်သလိုဖြစ်နေခဲ့ပါပြီ။
' ဘာလို့ ဘယ်သူမှ ငါ့နောက်ကျောကို မကြည့်ပေးထားတာလဲ '
အာ်ဖီဟာ..ပတ်ဝန်းကျင်ကိုကြည့်ပြီး သူနဲ့ အနီးကပ်တိုက်ခိုက်နေတဲ့ သူတွေကို စစ်ဆေးကြည့်လိုက်တယ်။သို့ပေမယ့် ဘယ်သူ့ကိုမှ မတွေ့ရပါဘူး။
သူမရဲ့ ပတ်ဝန်းကျင်မှာတော့..ဘယ်သူမှ ရှိမနေပဲ..အဆုံးမရှိတဲ့ အိပ်မက်ဆိုးသားရဲ အုပ်ကြီးသာ ရှိနေခဲ့တာပါ။
အားလုံးက သေကုန်ကြပါပြီ။
...သူမက လွဲလို့ပေါ့..။
"ဟား ဟား ဟား ဟား.."
အယ်ဖီဟာ ကျန်ရှိနေတဲ့ အိပ်စက်သူ စစ်တပ် နဲ့ ကွဲကွာပြီး..မွန်းစတား ပင်လယ်ကြီးထဲမှာ တစ်ယောက်တည်းသာ ဖြစ်နေခဲ့တယ်။တိုက်ပွဲကွင်းပြင် ရဲ့ အပေါ်မှာ ထွက်ပေါ်နေတဲ့ အလင်းတန်းကြီးကြောင့်သာ တစ်စုံတစ်ယောက်က အသက်ရှင်ပြီးတိုက်ခိုက်နေတုန်း ဆိုတာကို သူမ သိနိုင်ခဲ့တာပါ။
သို့ပေမယ့် ဒီအလင်းက သူမ ရပ်နေတဲ့နေရာကိုတော့ မရောက်နိုင်ခဲ့ပါဘူး..။ဒီနေရာမှာတော့ ဘာမှမရှိပဲ အမှောင်ထုသာ ရှိနေခဲ့ပါတယ်။
သူ အဲဲဒီနေရာကို ရောက်နိုင်မယ့် မျှော်လင့်ချကိလည်း ရှိမနေခဲ့ပါဘူး..။
အယ်ဖီ မြေကြီးကို ကြည့်ပြီး ခါးသက်စွာ ပြုံးလိုက်တယ်။
ယင်းနောက် သူမ ခေါင်းကို မော့ပြီး ..နီးကပ်လာတဲ့ မွန်းစတား အုပ်ကြီးကို ကြည့်လိုက်ပါတယ်။သူမရဲ့ မျက်လုံးထဲမှာတော့ နက်မှောင်တဲ့ ကျေနပ်မူ အလင်းရောင်လေးတွေ ရှိနေခဲ့တယ်။
"လာစမ်းပါ..သားရဲတွေ ။အိုး..ဒီဟာက ဘယ်လောက်ကောင်းတဲ့ စားသောက်ပွဲဖြစ်လာလိမ့်မလဲ "
***
ဆန်နီဟာ သန္တာကျောက်ဓားကို မနည်းရှောင်လိုက်ရပြီး သန်းခေါင်းယံ အမြုတေနဲ့ လမ်းကြောင်းကို လွှဲလိုက်တယ်။ယင်းနောက် သူ ပြန်တိုက်ခိုက်ဖို့ကြိုးးလိုက်ပြီး ခုန်ဝင်သွားခဲ့ပါတယ်။ထက်ရှတဲ့ အရိပ်တစ်ခုက သူ့ မျက်နှာနားကနေ ဖြတ်သန်းသွားပြီး ပါးပေ့်မှာ ဖြတ်တောက်ရာတစ်ခုကို ထင်ကျန်ရစ်စေခဲ့တယ်။
'သောက်ကျိုးနဲ သတ္တဝါတွေ '
လတ်တလောမှာတော့ သူက ဂိုလမ်သုံးကောင်ကို တစ်ပြိုက်နက်တည်း ရင်ဆိုင်နေခဲ့ရတယ်။သူရဲကောင်း ၊ သတ်ဖြတ်သူ နဲ့ ဘုန်းတော်ကြီး တို့ပါ။သူတို့က အရမ်းကို လျှင်မြန်ကြပြီး ..အိပ်စက်သူတစ်ယောက်ကို အလွယ်တကူဖျက်ဆီး နိုင်တဲ့ စွမ်းအင်တွေ ပိုင်ဆိုင်ထားကြပါတယ်။
ကံကောင်းချင်တော့ ဆန်နီက သာမန်အိပ်စက်သူ မဟုတ်ပေ..။အရိပ်က သူ့ခန္တာကိုယ်ကို ရစ်ပတ်ထားတာကြောင့် သူ့ကို ပိုမြန်ပြီး ပိုသန်မာစေပါတယ်။အရိပ်ရဲ့ အကူအညီကြောင့် သူက အသက်ရှင်နိုင်ရုံမျှ ထိန်းထားနိုင်ခဲ့တယ်။
..အခုချိန်ထိပေါ့..။
သိပ်မဝေးတဲ့နေရာမှာတော့ သူတော်စင်က..လူစိမ်းသူရဲကောင်း ၊ တည်ဆောက်သူ နဲ့ မုဆိုးတို့ကို ရင်ဆိုင်နေခဲ့တယိ။ဒီသုံးယောက်က သူရင်ဆိုင်နေရတဲ့ ရန်သူထက်တောင် ပိုပြီးကြမ်းတမ်းကြပါတယ်။ဒီတော့ အရိပ်ဟာလည်း ပြသနာ တက်နေခဲ့တယ်။
'ဒါက အဓိပ္ပါယ် မရှိဘူး..'
ဒီ တည်ဆောက်ထားတဲ့ သတ္တဝါတွေက သူ့ထက်ပိုပြီး သန်မာနေတာကို ဆန်နီ မအံ့ဩပါဘူး..။သို့ပေမယ့်လသူတော်စင်ကတော့ န်ိုးထမူ အဆင့် နတ်ဘီလူးတစ်ကောင်ပါ။ပြီးတော့ သူမရဲ့ အဆင့်ထဲမှာ အန္တရာယ်အများဆုံး အိပ်မက်ဆိုး သတ္တဝါဆိုရင်လည်း မမှားပေ။ဒါတောင်မှ သူမက မနည်းထိန်းထားနေရပါသေးတယ်။
ကောင်းမွန်တဲ့ အချက်က အရှင်သခင်က တိုက်ပွဲကို ဝင်ရောက်မပူးပေါင်းသေးတာပါ။သူက တိုက်ပွဲကို စိတ်မဝင်စားသလိုပဲ ခံစားချက်မဲ့စွာရပ်နေခဲ့တယ်။
သူ့ရဲ့ သူတွေက အရမ်းကို မြန်ပြီး အသာစီးရနေတာကြောင့် ဆန်နီဟာ လအမြုတေကို ပါ ထုတ်ယူထားရတယ်။အခုချိန်မှာတော့ သူက ဓားကို တစ်ဖက်ကကိုင်ပြီး ဓားမြောင်ကို နောက်တစ်ဖက်က ကိုင်ထားခဲ့တာပါ။ဒါက သူ အသုံးပြုနေကြပုံစံ မဟုတ်တာကြောင့် သူ့တိုက်ခိုက်မူကို အားနည်းစေပေမယ့် ခုခံကာကွယ်မူပိုင်းမှာ အားသာစေပါတယ်။
ဒါက ဆန်နီ အသက်ရှင်နေသေးတဲ့ အကြောင်းပြချက်တွေထဲက တစ်ခုပါပဲ။
ရုတ်တရက် တူကြီးရဲ့ အလင်းရောင်က သူ့မျက်လုံးထဲကို ဝင်ရောက်လာတာကြောင့် ဆန်နီ တစ်ခနလောက် အမြင်အာရုံ ပျောက်ဆုံးသွားခဲ့တယ်။နောက်တစ်စက္ကန့်လောက်မှာတော့ အမျ်ိုးသမီး ဘုန်းတော်ကြီးက သူ့ဆီကို ဝင်လာခဲ့ပါတယ်။သူမက ဘာလက်နက်မှ မကိုင်ဆောင်ထားခဲ့ပါဘူ..။သို့ပေမယ့် သူမရဲ့ သန္တာကျောက်လက်တွေကတင် သူ့ကို တိုက်ခိုက်ဖို့ လုံလောက်ပါတယ်။
သူ့ရဲ့ အရိပ်အာရုံခံစားမူ ကို ယုံစားပြီး ဆန်နီ ရှောင်တိမ်းကာ..သန်းခေါင်းယံ အမြုတေကို လွှဲခုတ်လိုက်ပြီး..ဂိုလမ်ကို ဖြတ်တောက်နိုင်ဖို့မျှော်လင့်ခဲ့တယ်။သူ့ရဲ့ ဒုတိယါက်တစ်ဖက်ကတော့..သတ်ဖြတ်သူရဲ့ တိုက်ခိုက်မူကို ကာကွယ်ထားခဲ့ပါတယ်။အရင်ကလိုပဲ..တိုက်ခိုက်မူရဲ့ သက်ရောက်မူကြောင့် သူ့လက်ကောက်ဝက်က အရိုးတွေ ကြေမွသွားပြီး နာကျင်မူကို ခံစားလိုက်ရတယ်။
သူက တိုက်ခိုက်မူကို အောင်မြင်စွာ ခုခံနိုင်လိုက်ပြီး အမြင်အာရုံကို ပြန်ရလာခဲ့ပါတယ်။သို့ပေမယ့် သူရဲကောင်းဆီက တိုကိခိုက်မူက သူ့ကို ဆီးကြိုနေခဲ့ပါပြီ။
သူတော်စင် ရဲ့ အခြေအနေကလည်း ကံမကောင်းနိင်ခဲ့ပေ။သူမရဲ့ ဒိုင်းကာက တက်ဆောက်သူရဲ့ တူကြီးကို ကာကွယ်နေရတဲ့ အချိန်မှာ ..မုဆိုးက သူ့ရဲ့ လှံရှည်နဲ့ သူမရဲ့ အကာအကွယ်ကို ထိုးလာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ လူစိမ်းကလည်း သူမရဲ့ နောက်ကနေ တိုက်ခိုက်ဖို့လုပ်နေခဲ့တယ်။
'ဒီတိုင်း ဆက်သွားနေလို့ မရဘူး..။တွေး..တွေးစမ်း '
ဆန်နီဟာ ဒီပြင်းထန်တဲ့ တိုက်ပွဲမှာ တစ်ခုခုကို မေ့လျော့ နေသလို ခံစားလိုက်ရတယ်။နောက်ဆုံး ဂိုလမ် လာပြီး မပူးပေါင်းခင်မှာ သူ ဒါကို အဖြေထုတ်ရမှာပါ။
ရောက်ရှိလာတဲ့ တိုက်ခိုက်မူကို ခန္တာကိုယ်ကို လှည့်ကာ ရှောင်တိမ်းလိုက်ပြီး မျက်မှောင်ကျုတ်လိုက်တယ်။
...ဘာလို့ အရှင်သခင်က မတိုကိခိုက် သေးတာလဲ..။
တစ်ခုခုတော့ ရှိနေရမယ်။
ရုတ်တရက် ဆန်နီ ရဲ့ မျက်လုံးတွေ ကျဥ်းမြောင်းသွားခဲ့တယ်။
'ဖြစ်နိုင်တာက...'
ဂိုလမ် တွေက ရှေးဟောင်းသူရဲကောင်းတွေရဲပ ပုံစံအတိုင်းဖန်တီးထားပြီး သူတို့နဲ့တူညီတဲ့လက်နက်တွေကိုတောင် ကိုင်ဆောင်ထားကြပါသေးတယ်။သူက ဒီလောက်ကြာအောင် ခုခံနိုင်နေတယ် ဆိုတာက သူတို့ရဲ့ လက်နက်တွေ အသုံးပြုပုံကို နားလည်နေလို့ပါပဲ။
ဘာပဲဖြစ်ဖြစ် သူ့လက်ထဲမှာလည်း သန်းခေါင်းယံ အမြုတေ နဲ့ လအမြုတေကို ကိုင်ဆောင်ထားတာပါ။
တကယ်လို့ သူတို့ရဲ့ လက်နက်တွေက အမြုတေ မှတ်သားမူ နဲ့တူတယ် ဆိုရင်..ကြက်သွေးရောငမ သန္တာကျောက်နဲ့ ပြုလုပ်ထားတဲ့ ..အရှင်သခင်ကရော တူတူပဲ မဟုတ်ဘူးလား..။
နစ်ဖီက တိုက်ပွဲအစတုန်းက အဝေးမှာ ဒိီတိုင်းထိုင်ပြီး၊ အရုဏ်ဦး အမြုတေရဲ့ ရတနာက သူမရဲ့ နှာဖူးမှာ တောက်ပစွာ လောက်ကျွမ်းနေသလိုမျိုးလား..။
တကယ်လို့ ခုနှစ်ယောက် မြောက် ဂိုလမ် ဟာ ပြောင်းလဲ နေတဲ့ကြယ်ပွင့် က အိပ်စက်သူ စစ်တပ်ကို လုပ်ပေးခဲ့တဲ့ အတိုင်း တူညီစွာလုပ်နေတာဆိုရင်
ဆန်နီမှာ အခွင့်အရေးရှိနေပါသေးတယ်။