ကြက်သွေးရောင်ထိပ်ဖျားအား ဝန်းရံတိုက်ခိုက်ခြင်း
Vol. 22 Ch. 326
- ၁၂
ထည်ဝါလှတဲ့ သူတော်စင်ရဲ့ ပုံရိပ်ကိုကြည့်ပြီး ဆန်နီ အံကိုကြိတ်ကာ..ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်တယ်။
သူ့မှာ ရွေးချယ်စရာ မရှိပဲ လုပ်ရပါတော့မယ်။သူ့ရဲ့ အောင်မြင်မူ ပေါ်မှာတော့ အရမ်းကို မှီခိုနေခဲ့ပါပြီ။
ခနအကြာမှာတော့..သူ အယောင်ပြတိုက်ခိုက်လိုက်ပြီး နောကိဆုံးအချိန်မှာ..နောက်ကို ပြန်ခုန်လိုက်ကာ..ကြောက်မက်ဖွယ် ဂိုလမ်သုံးကောင် ရဲ့ လက်ကနေ ရုန်းထွက်နိုင်ခဲ့တယ်။တစ်ချိန်တည်းမှာပဲ..သူက အရိပ်ကို စိတ်ထဲကနေ အမိန့်တစ်ခု ပေးလိုက်ပါတယ်။
တည်ငြိမ်တဲ့ နတ်ဘီလူးဟာ..စက္ကန့်အပိုင်းအခြားစာလောက် အေးခဲသွားပြီး တွေဝေသွားခဲ့တယ်။သို့ပေမယ့် အဆုံးမှာတော့ သူမ လုပ်ခဲ့ပါသေးတယ်။
သူမရဲ့ အပြစ်ကင်းတဲ့ နည်းစနစ်ရဲ့ ချင့်ချိန်နိုင်စွမ်းကို တစ်ခနလောက်ဆုံးရှုံးလိုက်တာကြောင့်..မုဆိုးရဲ့ လှံရှည်ဟာ သူမရဲ့ ရင်ဘတ်ကို ထိုးဖောက်သွားခဲ့တယ်။တိုက်ခိုက်မူက အရမ်းကို ပြင်းထန်တာကြောင့် သူမရဲ့ မဟူရာ အကာအကွယ်က ကွဲကြေသွားပြီး လှံသွားက သူမရဲ့ အသားထဲကို ထိုးဖောက်သွားခဲ့ပါတယ်။မကြာခင်မှာပဲ..ပတ္တမြားရောင် အမှုန့်တွေက ဒဏ်ရာထဲကနေ စီးကျလာခဲ့ပြီး..အနီရောင် ဖုံးလွှမ်းသွားစေခဲ့တယ်။
သိူ့ပေမယ့် အရိပ်က ဒါကို အာရုံမစိုက်ခဲ့ပေ။လှံရဲ့ အရိုးကို သူမရဲ့ ဒိုင်းကာ ကိုင်ထားတဲ့လက်နဲ့ဆုပ်ကိုင်လိုက်ပြီး..ခန္တာကိုယ်ကိုလှည့်ကာ..သန္တာကျောက်
ဂိုလမ် ဆီကို ပြန်တွန်းထုတ်လိုက်တယ်။
ယင်းနောက် သူမက ရုတ်တရက် ဘေးဘက်ကို ပြေးထွက်သွားခဲ့ပါတယ်။
ကြောက်စရာ သတ္တဝါတွေက ဘာတွေဖြစ်နေမှန်း နားမလည်ခင်မှာပဲ..သူမက ဆန်နီ ကို တိုက်ခိုက်နေတဲ့
ဂိုလမ် သုံးကောင် ရဲ့ လမ်းကြောင်းကို ပိတ်ထားပြီးပါပြီ။သူမရဲ့ တိုက်ခိုက်မူတွေက မထင်မှတ်ထားပေမယ့်..ကျန်တဲ့ သူတို့က နောက်ဆုံးအခိုက်အတန့်လေးမှာ တုန့်ပြန်နိုင်ခဲ့ကြတယ်။သူမရဲ့ အနက်ရောင်ဓားကြီးက..သန္တာကျောကိတွေနဲ့ ပြုလုပ်ထားတဲ့ ဓားနဲ့ ထိတွေ့သွားခဲ့တယ်။
ဘာပဲဖြစိဖြစ် ဒီအရာကို ဆန်နီ လိုအပ်နေတဲ့ စက္ကန့်အချို့ ကို ပေးနိုင်ခဲ့ပါတယ်။
ဘုန်းတော်ကြီးရဲ့လက်ကနေ ရှောင်ပြီး သူက ဂိုလမ်သုံးကောငိရဲ့ အနောက်ဘက်မှာ ပေါ်လာကာ..အရှင်သခင် ဆီကို ပြေးသွားခဲ့တယ်။
သူ့နောက်မှာတော့ သူတော်စင်က ဂိုလမ် ခြောက်ကောင်ကို စိန်ခေါ်ခဲ့ရပြီး..ကြမ်းတမ်းတဲ့ တိုကိခိုက်မူတွေကို အဆက်မပြတ် ဖန်တီးနေခဲ့ပါတယိ။သို့ပေမယ့် သူ့ကို အချိန်ရအောင် ဖန်တီးဖို့အတွက် သူမပေးဆပ်ရတဲ့ အရာကလည်း မသေးငယ်ပါဘူး။စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ နောက်ထပ် တိုက်ခိုက်မူ တစ်ခုက သူမရဲ့ ခုခံမူကို ထိုးဖောက်သွားခဲ့ပြီး..အနက်ရောင် အကာအကွယ်ပေါ်ကို ကျရောင်သွားခဲ့တယ်။ပြီးတော့..နောက်တစ်ချက်..နောက်တစ်ချက်..
ပတ္တမြားရောင် အမှုန့်တွေက သွေးတွေလို ဒလဟော စီးကျလာခဲ့ပါပြီ။
ရှုံ့မဲ့ပြီး ဖြူဖျော့နေတဲ့ မျက်နှာနဲ့ အတူပဲ..ဆန်နီဟာ ခုနှစ်ယောက်မြောက် အစောင့်အရှောက်ဆီကို ပြေးသွားခဲ့တယ်။
***
ကိုင်ဟာ..မှောင်မိုက်နေတဲ့ အသားစ တွေနဲ့ အသံတွေ မြည်နေတဲ့ သံကြိုးတွေဆီကို ချည်းကပ်သွားခဲ့တယ်။သွေးစက်တွေကတော့ သူ့မျက်နှာပေါ်ကို ဆက်တိုက်ကျဆင်းနေခဲ့ပါတယ်။သူ့ရဲ့ ခန္တာကိုယ် အနေအထားကို မြေပြင်နဲ့ အပြိုင်ဖြစ်အောင် ဖန်တီးပြီး အံကိုကြိတ်ကာ..ဓားကို ထုတ်ယူလိုက်တယ်။
လေးလံတဲ့ ဓားမြောင်တစ်လက်က သံပိုက်ကွန်တွေကို အလွယ်တကူပဲ ဖြတ်တောက်သွားခဲ့ပါတယ်။ဒီပိုက်ကွန် တွေက သံပင်ကူတွေ အိမ်ဆောက်လုပ်တဲ့ ပါးလွှာတဲ့ သတ္တုနဲ့ အတူတူပါပဲ။ဒါက သူ့ရဲ့ ပုံသဏ္ဍာန် ကင်းမဲ့တဲ့ မှတ်သားမူ လက်နက်ကို ခုခံနိုင်စွမ်း မရှိပေ..။ဒီလက်နက်က..အရုဏ်ဦး အမြုတေရဲ့ တိုးမြှင့်မူကြောင့် တက်ရောက်မူ အဆင့်ကို ရောက်လု နီးပါး ဖြစ်နေခဲ့တာပါ။
သို့ပေမယ့် သူ့လက်တွေကတော့ သိပ်ပြီး မသန်မာခဲ့ပေ..။သူ့ရဲ့ အမြုတေမှာ ဝိဥာဥ် အဆီအနှစ်တွေနဲ့ ပြည့်နှက်နေတယိ ဆိုရင်တောင် ကိုင် က အိပ်စက်သူ တစ်ယောက်ပဲ ရှိနေပါသေးတယ်။သူ ပိုက်ကွန်ကိုဖြတ်လိုက်တာနဲ့ လက်ကောက်ဝတ်က နာကျင်မူကို ခံစားနေခဲ့ရတယ်။
သူ အော်လိုက်ပေမယ့်..ဓားကိုင်ထားတဲ့ လက်ကိုတော့ မလွှတ်လိုက်ပေ..။
' လုနီးပါးပဲ..
ကြီးမားတဲ့ ပြတ်ရာ ကြီးဖြစ်ပေါ်လာပြီး အလောင်းတွေ အများကြီးက အပေါက်ထဲကနေ ကျဆင်းသွားခဲ့ကြတယ်။ကိုင်က ဟာ သူတိုက်ခိုက်မယ့် ပစ်မှတ်ကို သေချာရွေးချယ်ထားခဲ့ပါတယ်။သူက သားရဲတွေရဲ့ အလောင်းကို ကျန်ရစ်နေသေးတဲ့ လေးသမားတွေနဲ့ ရှေ့တန်းမှာ တိုက်ခိုက်နေကြတဲ့ ကြောက်မက်ဖွယ်ရာ တိုက်ပွဲရဲ့ ကြားထဲက နေရာလွတိမှာ ကျဆင်းစေလိုက်တယ်။
သို့ပေမယ့် ဒါကမလုံလောက်ပါဘူး..။တုန်ရီနေတဲံ ပိုက်ကွန် မှာရှိတဲ့ ဖိအားကို လျော့ချဖို့အတွက် ကျဆင်းလာတဲ့ သားရဲ အရေအတွက်က အရမ်းကို နည်းပါးပါတယ်။
လေထဲမှာ ပျံသန်းရင်း ကိုင်ဟာ တစ်ဖက်ကို လှည့်သွားလိုက်တယိ။ခနလောက်ကြာပြီးတဲ့ နောက်မှာတော့ သူ နောက်ထပ် အပေါက်ကြီးတစ်ခုဖန်တီးလိုက်ပါတယ်။ပိုက်ကွန်မှာ ဒုတိယ အပေါက်ကြီး ပေါ်ထွက်လာခဲ့တယ်။
ထူးဆန်းပြီး ဟန်ချက်ညီတဲ့ ဆူညံသံနဲ့ အတူပဲ ပိုက်ကွန်ကြီး သုံးမြှောင့်ပုံ အပေါက်ကြီးလေးခု ဖြစ်တည်လာပြီး..သွေးတွေထွက်နေသည့် အလောင်းများ တလဟော ပြုတ်ကျလာခဲ့တယ်။အရမ်းကို များပြားတဲ့ အလောင်းတွေက အောက်ကို ကျဆင်းလာပြီးတဲ့ အချိန်မှာ တိုက်ပွဲကွင်းပြင်ကို နေရောင်ခြည်က ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။
ဒီအပေါက်ကနေ တဆင့် သူက ကောင်းကင်ကို ပြန်မြင်လိုက်ရတယ်။
ပျံသန်းနေတဲ့ သားရဲ အများစုကို လေးသည်တော်တွေက သတ်ဖြတ်နိုင်ခဲ့ပြီး အနည်းငယ်လောက်သာ ပိုက်ကွန်ကို ဖြတ်တောက်ဖို့ကြိုးစားနေကြတာပါ။သို့ပေမယ့် သူတို့ရဲ့ အထက်မှာတော့ အဝိုင်းပုံစံ လှည့်ပတ် နေတဲ့ အစက်အပျောက် ငါးခုက ရှိနေဆဲပါ။
ကိုင် သူတို့ကို မြင်တာနဲ့ သူ့ခန္တာကိုယ်တစ်ခုလုံး ကျောချမ်းသွားခဲ့တယ်။
ဘာလို့လဲဆိုတော့..ဒီအကောင်တွေက သူ့ကို မြင်သွားပြီလို ခံစားလိုက်ရလို့ပါပဲ။
ခနအကြာမှာတော့ ဆတ်သားတွေဟာ ဝန်းရံတာကို ရပ်နားလိုက်ပြီး..ဆင်းသက်လာကြတော့တယ်။
'မဟုတ်ဘူး..'
ကိူင် ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပါပြီ။
ကိုင် က အပေါ်ထဲကို ဖြတ်သန်းသွားပြီး သူ့ရဲ့ ကဏ္ဍစွမ်းရည်ရပ်တန့်ကာ မြေဆွဲအားအတိုငိး အောက်ကို ကျရောက်သွားစေခဲ့တယိ။ခနအကြာမှာတော့ သူက သေဆုံးနေတဲ့ မွန်းစတား ပုံကြီးပေါ်ကို ကျဆင်းသွားပြီး အလောင်းတွေပေါ်က မြားတွေကို ရှာဖွေနေခဲ့ပါတယ်။
အိပ်မက်ဆိုးသားရဲ တွေဆီက မြား တစ်ချောင်း ၊ နှစ်ချောင်း...ငါးချောင်းခန့် ရပြီးတဲ့ နောက်မှာတော့ သူ လေးကို ထုတ်ယူလိုက်ပါတယ်။သူ ပိုပြီးတော့ စုဆောင်းချင်ခဲ့ပေမယ့် သူ့မှာ အချိန်မရှိတော့ပါဘူး။
သူ့ လေးက ..အစက်အပျောက်ကလေးတွေကနေ ဖြစ်တည်လာတာနဲ့ ကိုင်ဟာ အလောင်းတွေရဲ့ အပေါ်ကိုလိုက်တယ်။ယင်းနောက် သူမော့ကြည့်နေခဲ့ပါတယ်။
ဆတ်သား ငါးကောင်က သူ့အပေါ်ကို ဆင်းသက်လာနေခဲ့ပြီး သူတို့ရဲ့ ကြီးမားတဲ့ အနက်ရောင် တောင်ပံတွေကနေ လေပြင်းတွေကို ယူဆောင်လာကြပါတယ်။ဆာလောင်မူ တွေနဲ့ ရူးသွပ်မူတွေ က သူတို့ရဲ့ မျက်လုံးထဲမှာ ရှိနေခဲ့တယ်။
အကြောင်းပြချက် တစ်ချို့ကြောင့် ကောင်းကင်ကြီးတစ်ခုလုံးက သူ့အပေါ် ကျဆင်းလာသဘို ခံစားလိုက်ရပါတယ်။
ကျရှုံးမူအဆင့် မွန်းစတား တွေဆီကို ပျံသန်းရင်း..ကိုင်ဟာ သူတို့ လေးကြိုးကို ဆွဲကာ သားရဲတွေဆီကို မြားတွေပစ်လွှတိလိုကိတယ်။နှစ်..သုံး..လေး.နဲ့ နောက်ဆုံး ငါးစင်း..။
အဲ့အချိနိမှာတော့..ဆတ်သားတွေ ရဲ့ ရွံ့စရာ အသေးစိတ် ခန္တာကိုယ်တွေကို မြင်ရဖို့ အတွက် အတော်လေးကို နီးကပ်နေခဲ့ပါပြီ။
ကိုင် ပစ်လိုက်တဲ့ မြားတွေက..သာမန်ကမြားတွေသာ ဖြစ်တာကြောင့်..ဒီ ကြောက်စရာ သားရဲတွေကို ထိခိုက်မူ အများကြီး မပေးနိုင်ပါဘူး။
....မာစတာအဆင့် လေးသည်တော် တစ်ယောက်ရဲ့ပြီးပြည့်စုံ တဲ့ ပစ်ခတ်မူ မဟုတ်ရင်ပေါ့..။
မြားငါးချောင်းလုံးက ဆတ်သားရဲ့ တောင်ပံ အောက်ခြေ တွေကို ထိမှန်သွားခဲ့ကာ ဟန်ချက်ပျက်ပြီး ကျဆင်းလာစေခဲ့ပါတယ်။
ကိုင်ဟာ ဘေးကို ရှောင်တိမ်းလိုက်ပြီး ဒုတိယ ဆတ်သားကို အနည်းငယ် လွဲချော်သွားတယ်။
တတိယ တစ်ကောင်ကတော့ သူ့ရဲ့အပေါ်နားမှာ ရောက်နေပြီး သူ့ရဲ့ နှုတ်သီးကို လောဘတကြီး ဖွင့်ထားခဲ့ပါတယ်။
ဒီတစ်ကြိမ်တော့ ကိုင်ဟာ ခြောက်ချက်မြောက်ကို ပစ်လွှတ်လိုက်ပါပြီ။ဒီတစ်ကြိမ်မှာတော့ သူ ပစ်လိုက်တဲ့ မြားက..သာမန်မြား မဟုတ်တော့ပေ။
ဒါက သွေးမြားတွေပါ။
မမြင်နိုင်လောက်တဲ့ အနက်ရောင်မှတ်သားမူက လေထဲကို ပျံသန်းပြီး ဆတ်သားရဲ ညာဘက်မျက်လုံးကိုထိမှန်သွားခဲ့တယ်။ဒီဟာက မြားရဲ့ အမြီးသာ မြင်ရလောက်တဲ့အထိကို နစ်ဝင်သွားခဲ့တာပါ။ကြောက်စရာ မွန်းစတားကြီးဟာ ရုတ်တရက် ရုန်းကန်ရင်း ကျဆင်းသွားခဲ့တယ်။
သံစဥ်ညီတဲ့ အခိုက်အတန့်ရဲ့ အသံက ကိုင်ရဲ့နားထဲကို ဝင်လာခဲ့တယ် ။
[ သင်က ကျရှုံးမူအဆင့် မွန်းစတား ; ကျိန်စာကို သတ်လိုက်ပါပြီ ]
သို့ပေမယ့် သူ့မှာ ဒါကိုနားထောင်ဖို့အချိန်မရှိပေ..။
သူ သတ်လိုက်တဲ့ သားရဲရဲ့ခန္တာကိုယ်ကို ဒိုင်းကာ အဖြစ်အသုံးချပြီး ကိုင်ဟာ..လေးခုမြောက် ဆတ်သား ကို တိုက်ခိုက်လိုက်တယ်။
ဒါပေမဲ့ နောက်ဆုံးတစ်ကောင်က..
နောက်ဆုံးတစ်ကောင်က ကိုင်ရှေ့မှာ ရုတ်တရက် ဆိုသလိုပေါ်လာခဲ့ပြီး ကိူင်ကို နောက်ဆုတ်ဖို့ အခွင့်အရေးမပေးပဲ့ မျှော်လင့်ချက်ပျောက်ဆုံးစေခဲ့ပါတယ်။
ဒါက အရမ်းကို နောက်ကျသွားခဲ့ပါပြီ။
ကြောက်မက်ဖွယ်ရာ အနက်ရောင် နှုတ်သီးက ရှေ့ကို တိုးဝင်လာခဲ့တယ်။
***
အယ်ဖီ အကောင်းဆုံး ကြိုးစားခဲ့တယ်။သူမက တကယ်..တကယ်ကို အကောင်းဆုံး ကြိုးစားခဲ့တာပါ။
သို့ပေမယ့် အဆုံးမှာတော့..လူသားတစ်ယောက် ခံနိုင်တဲ့ အတားအတာ ဆိုတာ ရှိနေခဲ့တယ်လေ..။
လက်လျော့ဖို့ကို ငြင်းဆန်ရင်း အဆုံးမရှိကြာပြီး တဲ့နောက်မှာတော့..ဆိုးဝါးတဲ့ ဒဏ်ရာတွေနဲ့အတူပဲ သူမက အမှားတစ်ခုကို လုပ်မိခဲ့တယ်။ဒါက အမှားတောငိမှ မဟုတ်ခဲ့ပါဘူး..။
ဒါက ခန္တာကိုယ်ရဲ့ နာကျင်မူကြောင့် ဖြစ်တည်လာခဲ့တဲ့ ဖြစ်ရိုးဖြစ်စဥ် ..နှောင့်နှေးမူလေးတစ်ခုသာပါ။
နောက်ထပ်ကြမ်းတမ်းတဲ့ တိုက်ခိုက်မူ တစ်ခုကိုဘဖော်ထုတ်ရင်း ၊ သူမက တိုက်ခိုက်လာတဲ့ မွန်းစတားတစ်ကောင်ကိုရှောင်တိမ်းလိုက်တယ်။သို့ပေမယ့် အရေးအကြီးဆုံး အခိုက်အတန့်မှာပဲ..သူမရဲ့ ဒဏ်ရာရထားတဲ့ ခြေထောက်က ရုတ်တရက် ညွှတ်ကွေးသွားခဲ့တယ်လေ...။
အယ်ဖီဟာ အော်သံတစ်ခုနဲ့ အတူပဲ မြေပြငိပေါ်ကိုလဲကျသွားခဲ့တယ်။
သတ္တဝါကြီးကတော့ သူမကို ပြန်ထဖို့ အခွင့်အရေး မပေးခဲ့ပါဘူး။သူက မုဆိုးမိန်းကလေးရဲ့ အပေါ်ကို ခုန်အုပ်ပြီး မြေပြင်ပေါ်မှာ ဖိထားခဲ့တယ်။သူမ လုပ်နိုင်တဲ့ အရာကတော့ သားရဲရဲ့ မေးရိုးကို ကိုင်ထားပြီး သူမခေါင်းနဲ့ ဝေးနိုင်သမျှ အဝေးဆုံးမှာ ထားထားဖို့ပါပဲ။
အယ်ဖီဟာ ဒီသားရဲကို သူမ အပေါ်ကနေ ဖယ်ရှားပစ်လိုက်ချင်ပေမယ့် ခနအကြာမှာပဲ နောက်ထပ် သားရဲတစ်ကောင်က ခုန်အုပ်လာခဲ့ပြီး သူမရဲ့ ပုခုံးကိုကိုက်လိုက်တယ်။
ယင်းနောက်...နောက်ထပ်..နောက်ထပ်...နောက်ထပ်..
မကြာခင်မှာပဲ..သူမက..ရူးသွပ်နေကြတဲ့ အိပ်မက်ဆိုးသားရဲ့ အုပ်ရဲ့ အောက်မှာရောက်သွားခဲ့ရပြီး..ထက်ရှနေတဲ့ သွားတွေကတော့ သူမရဲ့ အသွေးသား တွေထဲမှာ နစ်မြုပ်နေခဲ့ပြီလေ..။
' နာကျင်တယ်...ဒါက အရမ်းနာကျင်တယ် ..'
အယ်ဖီ အံကိုကြိတ်ထားရင်း ပြန်အမှတ်ရနေခဲ့တယ်..
အဲဒီ သန်စင်ပြီး..အဝေးမှာရှိနေတဲ့ အလင်းရောင်ကို မြင်ရတဲ့ အရသာက ဘာနဲ့တူနိုင်မလဲ..။