← Chapters

ကြက်သွေးရောင် ထိပ်ဖျားအား ဝန်းရံတိုက်ခိုက်ခြင်း

Vol. 22 Ch. 327

ကြက်သွေးရောင် ထိပ်ဖျားအား ဝန်းရံတိုက်ခိုက်ခြင်း

Vol. 22 Ch. 327

- ၁၃

နောက်ဆုံးအခိုက်အတန့်လေးမှာပဲ သန္တာကျောက်

ဂိုလမ်က လှုပိရှားပြီး..ဆန်နီရဲ့ မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားခဲ့တယ်။တစ်စက္ကန့်လောက်ကြာပြီးတဲ့ နောက်မှာတော့..ဒါက သန်းခေါင်းယံအမြုတေ ရဲ့ တိုက်ခိုက်နိုင်တဲ့ အကာအဝေးရဲ့ အပြင်ကို ရောက်သွားခဲ့ပါတယ်။

' ခွေးသား..'

သူ့ရဲ့ တိုက်ခိုက်မူ ဦးတည်ချက်ကို ပြောင်းလဲဖို့ဆိုတာက ခက်ခဲသွားခဲ့ပါပြီ။ဓားရဲ့ အရှိန်နဲ့ အတူ ရှေ့ကို ပြုတ်ကျသွားပြိး ဒူးတစ်ဖက် ထောက်လျက်သားဖြစ်သွားခဲ့တယ်။သူ ရဲ့ ကိုယ်နေဟန်ထားက အတော်လေးကို အန္တရာယ်များပြီး တိုက်ခိုက်ဖို့အတွက် လမ်းကြောင်းဖွင့်ပေးထားသလိူဖြစ်ကာ..လှုပ်ရှားဖို့ သိပ်မလွယ်ကူတော့ပေ။

အတုအယောင် ရုပ်ထုကြီးက သူ့ရဲ့ အပေါ်မှာအုပ်မိုးထားပြီး..ကြောက်မက်ဖွယ်ရာ ခွန်အားတွေ ပါဝင်တဲ့ အားကောင်းတဲ့ မီးတောက်တွေကို ထုတ်လွှတ်နေခဲ့ပါတယ်။ဒီ ဂိုလမ်ရဲ့ နှာဖူးမှာတော့ တောက်ပနေတဲ့ သန္တာကျောက် လေးက တောက်ပနေပြီး ကြက်သွေးရောင် အလင်းရောင်ကို ထုတ်ဖောက်နေခဲ့တယ်။

ဒီအလင်းထိ ထိတွေ့မိတဲ့ အရာတိုင်းရဲ့ အသက်စွမ်းအင်ကို စုပ်ယူသွားနိုင်သလိုပါပဲ။

သူ့ခန္တာကိုယ်မှာ ရုတ်တရက် အားနည်းလာမူကို ခံစားနေခဲ့ရတဲ့ ဆန်နီဟာ အံကိုကြိတ်ပြီး ဘေးဘက်ကို ခုန်ကာ လှိမ့်လိုကိတယ်။နောက်တစ်စက္ကန့် အကြာမှာတော့ သူရှိနေတဲ့ နေရာကို အရှင်သခင်ရဲ့ လက်သီးက ကျရောက်လာခဲ့ပြီး..အကျိုးအပဲ့တွေကို နေရာအနှံ့လွင့်စင်သွားစေခဲ့ပါတယ်။

ဆန်နီဟာ ခန္တာကိုယ်ကို လှည့်လိုက်ပြီး မြေကြီးပေါ် ပြန်မကျခင် အချိန်လေးမှာပဲ..တိုက်ခိုက်မူ တစ်ခုကို ပြုလုပ်လိုက်တယ်။ဓားသွားရဲ့ ထိပ်ဖျားက..ဂိုလမ်ရဲ့ အကာအကွယ် ကြားထဲကို ဝင်သွားခဲ့တယ်။

သို့ပေမယ့် ထိခိုက်မူ အများကြီး မဖြစ်ပေါ်ခဲ့ပါဘူး။

မြေကြီးပေါ်ကို ခြေပြန်ချနိုင်တဲ့ အချိန်မတော့ ဆန်နီရှေ့ကို တိုးသွားခဲ့ပြီး ..လအမြုတေ နဲ့ ဂိုလမ်ရဲ့ မျက်နှာကို ထိုးလိုက်တယ်။သားရဲ့က ဒီဟာကို သူ့ရဲ့လက်နဲ့ အလွယိတကူ ဖယ်ရှားလိုက်ပါတယ်။

သို့ပေမယ့် ဒီလိုလုပ်လိုက်တဲ့ အချိန်မှာပဲ ဆန်နီက အနားကို ရောက်ပြီး သန်းခေါင်ယံ အမြုတေနဲ့ ထိုးပြီးနေခဲ့ပါပြီ။ရုပ်ထုက ဒီဟာကို ကာကွယ်ဖို့ လှုပ်ရှားလိုက်တာနဲ့ ဆန်နီဟာ သူ့ရဲ့ တိုက်ခိုက်မူကို ဦးတည်ချက်ပြောင်းပြီး အလျားလိုက် ပြင်းထန်စွာ ပိုင်းဖြတ်လိုက်တယ်။

သူ့ရဲ့ ကျွမ်းကျင်မူ နဲ့ခွန်အားကို အသုံးပြုပြီး ဆန်နီ ဟာ ဂိုလမ် ကို ဓားနဲ့ အကြိမ်များစွာ ထိုးနှက်လိုက်ပါတယ်။သူက လျင်မြန်လွန်းတဲ့ အရှိန် ၊ ဖြတ်လတ်မူ ၊ကို အသုံးပြုနေရင်း ၊ သူ့ရဲ့ တိုက်ခိုက်မူတွေ ခြေလှမ်းတွေက..စည်းချက်ကျကျ ရွေ့လျားနေခဲ့တယိ။သူ့ရဲ့ တိုကိခိုက်မူတွေက တစ်ခုနဲ့တစ်ခု အဆက်မပြတ် စီးဆင်းနေခဲ့သလိုပါပဲ။

သို့ပေမယ့် သူဘယ်လောက်ပဲ မြန်မြန်ဆန်ဆန် ၊ ကျွမ်းကျွမ်းကျင်ကျင် တိုကိခိုက်နေပါစေ...ဒါတွေက အသုံးမဝင်ပါဘူး..။

အရှင်သခင်က သူ့ထက် ပိုမြန် ၊ ပိုသန်မာပြီး ပိုအားကောင်းပါတယ်။သူက လတ်တလောမှာ ခုခံကာကွယ်ဖို့ကိုပဲ အာရုံစိုက်နေခဲ့ပေမယ့် တစ်စက္ကန့်စီ တိုင်းမှာ ဆန်နီအတွက် သေဆုံးဖို့ နီးကပ်လာသလိုဖြစ်နေခဲ့ပါတယ်။

ဘာလို့လဲဆိုတော့..သူ့ရဲ့အနောက်မှာရှိနေတဲ့ သူတော်စင်က နောက်ထပ် ဂိုလမ်ခြောက်ကောင်ရဲ့ ဖြည်းညှင်းစွာ ဖျက်ဆီးမူကို ခံနေရလို့ပါပဲ။ပြီးတော့ သူမ ကျရှုံးသွားတာနဲ့ တပြိုင်နက် သူက သေဆုံးရတော့မှာပါ။

" ချီးပဲ.."

ဆန်နီဟာ ခနလောက်ရပ်တန့်လိုက်ပြီး သန္တကျောက် သတ္တဝါကို တိုက်ခိုက်ဖို့ အခွင့်အရေးပေးလိုက််တယ်။သူ့ရဲ့ လက်သီးက ဆန်နီရဲ့ ရင်ဘတ်ကို ပြင်းထန်တဲ့ အရှိန်နဲ့ တိုးဝင်လာခဲ့ပါတယ်။

ဆန်နီ ခန္တာကိုယ်ကို လှည့်ကာ ရှောင်တိမ်းလိုက်ပြီး ဂိုလမ်ရဲ့လက်ကို သူ့ရဲ့လက်နဲ့ ခန္တာကိုယ်ကြားထဲမှာဟညှပ်ထားလိုက်တယ်။ဒီ အနေအထားက သူ့ကို အားသာမူ မဖြစ်စေပါဘူး..။ဘာလို့လဲဆိုတော့ သတ္တဝါကသူ့ထက်ပိုပြီး သန်မာနေခဲ့လို့ပါ။

ပြောင်းပြန်အနေနဲ့ ဂိုလမ်က သူ့ရဲ့ လက်ကို လှုပ်လို့မရအောင် ဖမ်းထားပြီး ကျန်တဲ့လက်တစ်ဖက်က သန်းခေါင်းယံ အမြုတေကို လွှတ်အောင် တွန်းအားပေးလာခဲ့ပါတယ်။

...သို့ပေမယ့် ဒါက ဆန်နီကို တန်ကြေးတစ်ခု ပြန်ရလာစေခဲ့တယ်။

အရှင်သခင်ရဲ့ လက်သီးက လေထဲကို မြောက်တက်ခလာခဲ့ပြီး လူသားရဲ့ ဦးခေါင်းကို တစ်ချက်တည်း ကွဲကြေစေဖို့ အဆင်သင့်ဖြစ်နေပါပြီ။

***

တိုက်ပွဲကွင်းပြင်ရဲ့ ကောင်းကင် အထက်မှာတော့ ကိုင် က သေဆုံးဖို့ အခိုက်အတန့်တစ်ခုသာ လိုအပ်နေခဲ့တယ်။သူက ဆတ်သား တစ်ကောင်ကို ဒဏ်ရာရစေပြီး ၊ တစ်ကောင်ကို သတ်ကာ ၊ နှစ်ကောင်ကို ရှောင်တိမ်းနိုင်ခဲ့ပါတယ်။

သို့ပေမယ့် နောက်ဆုံးတစ်ကောင်က သူ့အပေါ်မှာရောက်နေပြီး မရှောင်တိမ်းနိုင်တော့ပေ။

အချိန်တွေက နှေးကွေးသွားခဲ့တယ်။သူ့မျက်လုံးတွေက ထိပ်လန့်မူကြောင့် ပြူးကျယ်သွားခဲ့ပြီး..သူ့အနားကို ကပ်လာတဲ့ သတ္တဝါကြီးရဲ့ ကြောက်စရာ နှုတ်သီးကြီးကို ကြည့်နေခဲ့ကြပါတယ်။ကိုင်က ဘယ်လောက်ပဲ မြန်ဆန်ပါစေ..ဒီတစ်ကြိမ်တော့ သူက အဆုံးသတ်ကို ရှောင်လွှဲလို့ မရနိင်တော့ဘူးဆိုတာကို သိနေခဲ့ပြီးပါပြီ။

တကယ်လို့ သူသာ နောက်တစ်စက္ကန့်လောက် အချိန်ရခဲ့မယ် ဆိုရင်..။စက္ကန့်ဝက်လောက်ပဲ အချိန်ရခဲ့မယ် ဆိုင်ရင်...

ဒါက လုံးဝ မျှော်လင့်ချက်မဲ့နေပြီဆိူရင် တောင်မှ

ကိုင် ဟာ ပျံသန်းနေတဲ့ လမ်းကြောင်းကို ပြောင်းလဲလိုက်တယ်။အနည်းဆုံးတော့ သူက ကြိုးစားကြည့်ရမှာပါ..။

သို့ပေမယ့် ဒါက လုံးဝ မျှော်လင့်ချက်မရှိတော့ပါဘူး။

ဒါတောင်မှ...

နောက်ဆုံးအခိုက်အတန့်လေးမှာပဲ တစ်စုံတစ်ခုက လေထဲမှာ ပျံသန်းလာခဲ့ပြီး ဆတ်သားရဲ့ အနက်ရောင်နှုတ်သီးကြီးကို ထိမှန်သွားကာ..ကိူင် လိုအပ်နေတဲ့

စက္ကန့်ဝက် အချိန်လေးကို ဖြည့်ဆည်းပေးလိုက်ပါတယ်။

သူက ခန္တာကိုယ်ကို လှည့်ပတ်လိူက်ပြီး..နှုတ်သီးကြီးနဲ့ စင်တီမီတာ အနည်းငယ်အကွာ ရှောင်တိမ်းနိုင်ခဲ့တယ်။သူ့ရဲ့ ခန္တာကိုယ်က ဆတ်သားနဲ့ ထိမိပြီး ပြန်ကန်ထွက်လာခဲ့ပါတယ်။

သေးသွယ်ပြီး ထည်ဝါတဲ့ ဓားပျံလေးတစ်ခုက ရုတ်တရက် သူ့ဘေးနားမှာပေါ်လာခဲ့ပြီး သူ့ပတ်လည်မှာ ဝန်းရံထားကာ..အနက်ရောင် ကျိုင်းကောင် တစ်ကောင်ကို နှစ်ပိုင်းဖြတ်လိုက်ပါတယ်။သူ့ရဲ့ ဓားရိုးက ကိုင်ဘက်ကို ချိန်ရွယ်ပြီး..ဓားသွားကတော့ အနားကိုကပ်လာရဲတဲ့ သတ္တဝါတိုင်းကို ချိန်ထားခဲ့တယ်။တိတ်တဆိတ် ကခုန်သူက လေထဲမှာ ရစ်ပတ်နေခဲ့ပြီး လူငယ်လေးရဲ့ ပတ်ဝန်းကျင်မှာ အကာအကွယ် တစ်ခုကို ဖန်တီးထားခဲ့ပါတယ်။

ဒီအရာက သက်ရှိတစ်ယောက်မဟုတ်ပေမဲ့ ၊ ဓားပျံက တစ်နည်းအားဖြင့်..လေးနက် ၊ မောက်မာကာ ၊ ဒေါသကြီးပြီး..ကာကွယ်ပေးလိုတဲ့ ခံစားချက်တွေကိုပေးစွမ်းနေခဲ့တယ်။

ထည်ဝါလှတဲ့ ထပ်တူညီမူကို စိုက်ကြည့်ရင်း ကိုင် အကူညီမဲ့စွာပဲ ပြုံးလိုက်တယ်။

'ကျေးဇူးပါ..ကတ်စီ...'

***

သွေးစွန်း တိုက်ပွဲမြေပြင်မှာတော့ သေးငယ်တဲ့ မွန်းသတား တောင်ကုန်း လေးဟာ ရွေ့လျားပြီး လှုပ်နေခဲ့တယ်။ဒီထဲမှာရှိတဲ့ ကြောက်စရာ သတ္တဝါတိုင်စက အောက်ဘက်မှာ မြုပ်နေတဲ့လူသားရဲ့ အသွေးအသားတွေကို စားသောက်ချင်နေခဲ့ကြပါတယ်။

ကြည့်ရတာတော့ မျှော်လင့်ချက် မရှိတော့တဲ့ ပုံပါပဲ။

ဒါပေမဲ့ မျှော်လင့်ချက်ဆိုတာက ဘာလဲ။မျှော်လင့်ချက် ဆိုတာက အယ်ဖီ အစောကတည်းက စွန့်ပစ်ထားခဲ့တဲ့ အရာတစ်ခုပါ။

သူမ ဒါကို မလိုအပ်ပေ။

သူမ လိုအပ်တာဆိုလို့..သူမရဲ့ခေါငိးပေါ်မှာ ရှိနေတဲ့ ခေါင်မိုးတစ်ခု ၊ ပန်းကန်ထဲက အရသာ ရှိတဲ့ အစားအသောက် နဲ့ စိတ်လှုပ်ရှားပြီး အမဲလိုက်နေရတဲ့ အ​ခိုက်အတန့်တွေ..။မဖော်ပြနိူင်လောက်တဲ့ ကျန်းမာမူ ၊ သန်မာမူ နဲ့ ရှင်သန်နေထိုင်မူ။

သေးငယ်ပြီး မှားယွင်းတဲ့ မာန တရားကတော့ ရောယှက် ထားခဲ့တာပေါ့..။

သူ အခုထိ မသေဆုံးချင်သေးဘူး..။ဒီလို ပုံစံတော့မဟုတ်ဘူး..။နောက်ဆုံးတိုက်ပွဲကို မတိုက်ခိုက်ရသေးပဲနဲ့တော့...။

ရုတိတရက် ကျယ်လောင်တဲ့ဟစ်ကြွေးသံတစ်ခုက မွန်းစတား တောင်ကုန်းအောက်ကနေ ထွက်ပေါ်လာခဲ့တယိ။ဒါက ဒေါသတကြီးအော်ဟစ်သံ ၊ ပြည့်နှက်နေတဲ့ ဒေါသတရား ၊ ပြင်းထန်တဲ့ ရှင်သန်ချင်စိတ်တွေပါ။

ယင်းနောက် အိပ်မက်တ်ုးသားရဲတွေဟာ ပေါက်ကွဲထွက်သွားပြီး လေပေါ်ကို လွင့်ထွက်ကုန်ကြတယ်။

သူမရဲ့ ကြွက်သားတွေကို ပေါက်ကွဲထွက်လု မတတ်အားစိူက်လိုက်ပြီး..အယ်ဖီဟာ သားရဲအုပ်ကြီးရဲ့ မဖြစ်နိုင်လောက်တဲ့ အလေးချိန်ကို သူမရဲ့ ပုခုံးတွေနဲ့ တွန်းထုတ်ပစ်လိုက်ပါတယ်။

သူမက သူ့မရဲ့ အပေါ်ကို ပထမဆုံး ခုန်အုပ်လာခဲ့တဲ့ သားရဲရဲ့ မေးရိုးတွေကို သွေးတွေထွက်နေတဲ့ လက်နဲ့ဆုပ်ကိုင်ထားတုန်းပါပဲ။အကြင်နာကင်းမဲ့တဲ့ လှုပ်ရှားမူ နဲ့အတူပဲ..သူမက တစ်စစီ ဆွဲဖြဲလိုက်ကာ ပြုတ်ထွက်သွားတဲ့ အပိုင်းအစကို ဘေးကို လွင့်ပစ်လိုက်ပါတယ်။သူမရဲ့ လက်သီးကို လေထဲမှာ ပျံတက်လာခဲ့ပြီး တစ်စုံတစ်ခုရဲ့ ဦးခေါင်းကို ကွဲကြေသွားစေခဲ့တယ်။

အယ်ဖီ ရဲ့ ဇင်းနစ် အမြုတေက တစ်နေရာရာမှာ ပျောက်ဆုံးခဲ့ပြီဖြစ်ပေမယ့် ဒါကပြသနာ မဟုတ်တော့ပါဘူး..။ရက်စက်ကြမ်းကြုပ်တဲ့ ဟစ်ကြွေးသံနဲ့အတူပဲ..သူမက ခန္တာကိုယ်ကို လှည့်ပတ်ပြီး မွန်စတား တစ်ကောင်ပြီး တစ်ကောင်ကို လက်ဗလာနဲ့ သတ်ဖြတ်နေခဲ့တယ်။

သူမက အရှုံးပေးသွားမှာ မဟုတ်ပေ။သူမက လုံးဝ နောက်ဆုတ်မှာ မဟုတ်ပါဘူး..။သူမက လုံးဝကို....

အတော်ကြာပြီးတဲ့ အချိန်မှာတော့ သူမကို ဘယ်သူမှ လာ မတိုက်ခိုက်တော့ပေ..။အယ်ဖီ ဘာလို့လဲဆိုတာကို မသိခဲ့ပါဘူး..။

အရိုးသားဆုံးပြောရရင် အခုချိန်မှာ သူမ ဘာကိုမှသိပ်ပြီး မမြင်ရတော့တာပါ။သူမရဲ့ အမြင်အာရုံတွေက ဝေဝါးနေပြီး ဖြည်းဖြည်းချင်း နက်မှောင်လာနေခဲ့တယ်။

ခုခံနိုင်စွမ်းတွေ ကင်းမဲ့နေ​တာကြောင့် သူမ တုန်လှုပ်ပြီး ဒူးထောက်လျက်သား ကျသွားခဲ့တယ်။သူမ အသက်ရူ ဖို့ကြိုးစားနေခဲ့ပေမယ့်..သူမရဲ့ လည်ချောင်းမှာ တစ်ခုခုက တစ်စို့နေခဲ့တယ်။သူမရဲ့ အဆုတ်က တစ်ခုခု မှားယွင်းနေပါပြီ..၏

' ဒါ...က...အဆုံးသတ်..., ထင် တယ်..'

အမြင်အာရုံ ဝေဝါးစေတဲ့ အနက်ရောင်မြူတွေကြားထဲကနေ။

အယ်ဖီဟာ ရုတ်တရက် သူမဆီကို နီးကပ်လာနေတဲ့ အလင်းတွေဖြာထွက်နေတဲ့ ပုံရိပ်တစ်ခုကို တွေ့လိုက်ရတယ်။

'မင်းလား...မင်းသမီးလေး...။အင်း..ငါ..ဝန်ခံရမှာကိုတော့ မုန်းမိတယ်...ဒါပေမဲ့ ငါ...ငါ...မရတော့ဘူး ထင်တယ်...'

အတွေးတွေကို ဖန်တီးဖို့တောင် ခက်ခဲလာခဲ့ပါပြီ။အယ်ဖီ သက်ပြင်းချပြီး မျက်လုံးတွေကို မှိတ်ထားခဲ့တယ်။သက်သောင့်သက်သာ ဖြစ်စေမယ့် အနားယူမူကို လက်ခံဖို့ အတွက် သူမ အဆင်သင့် ဖြစ်နေခဲ့ပြီလေ..။

သို့ပေမယ့် အဲ့အချိန်မှာပဲ..အေးမြတဲ့ လက်နှစ်ဖက်ကသူမရဲ့ မျက်နှာကို လာရောက်ထိတွေ့လာခဲ့တယ်။..သူမရဲ့ ခန္တာကိုယ်ထဲကို ကုသနိုင်စွမ်းရှိတဲ့ အဖြူရောင်မီးတောက် တွေကို ဝင်ရောက်လာခဲ့ပြီး နာကျင်မူ နဲ့ ဝေဒနာ တွေကို သယ်ဆောင်သွားခဲ့ပါတယ်။

***

ဆန်နီ ဟာ အရှင်သခင်နဲ့ ရစ်ပတ်နေခဲ့ပြီး..သတ္တဝါရဲ့ လက်က သူ့ရဲ့ လက်မောင်းနဲ့ ခန္တာကိုယ်ကြားထဲမှာ ညှပ်နေခဲ့တယ်။သို့ပေမယ့် ဂိုလမ်က ဒါကို သိပ်ဂရုစိုက်တဲ့ပုံစံ မရှိပါဘူး။အဲဲဒီအစား သူက တစ်ခြားလက်သီ တစ်ဖက်ကို မြှောက်လိုက်ပြီး နောက်ဆုံးရိုက်ချက်ကို ထိုးနှက်ဖို့ လုပ်လိုက်တယ်။

သူ ဒီလိုလုပ်ဖို့ အခွင့်အရေးမရခင်မှာပဲ ဆန်နီ ရဲ့ လက်တစ်ဖက်က ရှေ့ကို အရင်ရောက်သွားခဲ့ပါတယ်။

တောက်ပနေတဲ့ ကြက်သွေးရောင် သန္တာကျောက် အပိုင်းအစကို သူ့ရဲ့လက်ချောင်းတွေနဲ့ ဆုပ်ကိုင်ထားရင်း..စက္ကန့်ဝက်လောက် အားစိုက်နေခဲ့တယ်။

ယင်းနောက် သတ္တဝါရဲ့ နှာဖူးကနေ ဆွဲထုတ်လိုက်ပါတယ်။

တောက်ပတဲ့ ရတနာဟာ သတ္တဝါရဲ့ အသွေးအသားတွေ ထဲကနေ မရေမတွက်နိုင်တဲ့ အနီရောင် အမျှင်တွေနဲ့အတူ ထွက်လာခဲ့တယ်။ဆန်နီ အားပြင်းနိုင်သမျှ မြန်မြန် ဆွဲပြီး လက်ကို ဆွဲလှည့်ကာ..အနီရောင် အမျှင်တန်းတွေကို ဖြတ်တောက်လိုက်ပါတယ်။

အရှင်သခင်ရဲ့ ကိုယ်ထဲမှာ တစ်ခုခု ကျိုးပျက်သွားခဲ့ပြီး ..ရုတ်တရက် တုန်လှုပ်သွားခဲ့တယ်။

ဒီအခွင့်အရေးကို လက်လွှတ်မခံပဲ..ဆန်နီ ဟာ ဂိုလမ်ရဲ့ လက်ကို လွှတ်ကာ..သန်းခေါင်းယံအမြုတေကို သူ့ခေါင်းပေါ်မှာ မတင်လိုက်ပြီး..ပြင်းထန်တဲ့ ဓားချက် တစ်ခုအဖြစ် ထိုးနှက်လိုက်ပါတယ်။

ဓားဦးဟာ..ကြက်သွေးရောင် သန္တာကျောက်နဲ့ ထိမိသွားခဲ့ပြီး..သန္တာကျောက်ကို ကွဲကြေသွားစေခဲ့တယ်။ယင်းနောက်ဘအရှင်သခင်ရဲ့ ပုံရိပ်က အပိုင်းအစတွေ များစွာ အဖြစ်ကွဲကြေသွားခဲ့ပါတယ်။

All Chapters