← Chapters

ကြက်သွေးရောင် ထိပ်ဖျားအား ဝန်းရံတိုက်ခိုက်ခြင်း

Vol. 22 Ch. 329

ကြက်သွေးရောင် ထိပ်ဖျားအား ဝန်းရံတိုက်ခိုက်ခြင်း

Vol. 22 Ch. 329

- ၁၅

သူ့ရဲ့ အရှေ့မှာတော့ သူတော်စင်ဟာ အသက်ရှင်အောင် မနည်းရုန်းကန်နေခဲ့ရတယ်။သူမရဲ့ အကာအကွယ်က ပျက်စီးနေခဲ့ပြီး..ဒါဇင်ခန့်ရှိတဲ့ ဒဏ်ရာတွေကနေ စီးကျလာနေတဲ့..ကြက်သွေးရောင် အမှုန့်တွေကြောင့် နီရဲနေခဲ့ပါတယ်။သူမရဲ့ ခေါင်းဆောင်းနဲ့ ဦးခေါင်းက တစ်ချိန်တည်းမှာ ပျက်ဆီးနေခဲ့တယ်။သူမရဲ့ ပတ္တမြားရောင် မျက်လုံးတစ်ဖက်က မရှိတော့ပဲ..အနက်ရောင်အပေါက်ကြီးသာ ဖြစ်နေခဲ့တယ်။

သူပြေးသွားနေတုန်းမှာပဲ သူရဲကောင်းရဲ့ဓားက သူမရဲ့ ဒိုင်းကာကို ဖြတ်သန်းသွားပြီး..သူမရဲ့ လက်မောင်းကို ထိမှန်သွားခဲ့ပါတယ်။

သူတော်စင်ဟာ..ယိုင်နဲ့သွားပြီး..သူ့မရဲ့ ဓားနဲ့ ရှေ့ကို ပြန်ထိုးလိုက်ပါသေးတယ်။ယင်းနောက် သူမ နောက်ကို တစ်လှမ်းဆုတ်လိုက်ပြီး..ဒူးတစ်ဖက် ထောက်လျက်သား ကျသွားခဲ့တယ်။

ကြောက်မက်ဖွယ်ကောင်းတဲ့ ဂိုလမ်တွေရဲ့ အရိပ်က သူမဆီကို ရွေ့လျားလာခဲ့ပြီး..အဆုံးသတ်ပေးဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့ပါပြီ။စစ်ပွဲတူ ကြီးက မြင့်တက်လာခဲ့ပြီး သူမ အပေါ်ကို ကျဆင်းလာဖို့အတွက် ဦးတည်နေခဲ့တယ်။မုဆိုးရဲ့ လှံရှည်ကလည်း သူမဆီကို ဆာလောင်စွာ ပျံသန်းလာခဲ့တယ်။

အရိပ်က ခေါင်းကို မော့ထားပြီး သူမရဲ့ သေခြင်းတရားကို ရင်ဆိုင်လိုက်ပါတယ်။သူမရဲ့ လှပ ကျော့ရှင်းတဲ့ မျက်နှာက တည်ငြိမ်ပြီး..ဂရုမစိုက်တဲ့ ပုံစံ ရှိနေခဲ့တယ်။လက်နက်တွေရဲ့ လှုပ်ရှားမူတွေက သူမရဲ့ ကျန်ရှိနေတဲ့ မျက်လုံးတစ်ဖက်ထဲမှာ အလင်းပြန်နေခဲ့ပါတယ်။သူတို့တွေက ပိုပိုပြီး ကြီးလာခဲ့တယ်။

..သို့ပေမယ့် အဆုံးမှာတော့ သူတို့ထိုးဖိလိုက်တာက..ဘာမှမရှိတဲ့ လေထုကိုပါပဲ။

ဒဏ်ရာရနေတဲ့ သူတောင်က နောက်ဆုံးအခိုက်အတန့်လေးမှာပဲ အရိပ်တွေအဖြစ်ပြောင်းသွားပြီး ဆန်နီ ရဲ့ အမြုတေ ထဲကို ပြန်ဝင်သွားခဲ့တယ်။

ခနအကြာမှာတော့ အမှောင်ထုကြီးတစ်ခုလုံးက..ကြက်သွေးရောင် ထိပ်ဖျားရဲ့ ရှေ့က နေရာလွတ်ကို ဝါးမြိုသွားခဲ့ပြီး..မိုးရေ တွေ နဲ့ လေမုန်တိုငိး တွေကို သယ်ဆောင်လာခဲ့တယိ။

မုန်တိုင်းက သူတို့အပေါ်မှာ ရောက်နေကြပါပြီ။

ဂိုလမ် ခြောက်ကောင်ဟာ ခနလောက် တွေဝေနေပြီးကြောက်မက်ဖွယ်ရာ မုန်တိုင်းကို စက္ကန့်အနည်းငယ်လောက် စိူက်ကြည့်နေခဲ့ကြတယ်။ကမ္ဘာကြီးပေါ်ကို လျှပ်စီးလက် လာတဲ့ အချိန်မှာသာ သူတို့က အမှောင်ထုကနေ ထွက်နိုင်ကြပါတယ်။မိုးရေစက်တွေကလည်း အရမ်းကို ကြီးမားတာကြောင့်..ဘာကိုမှ ထိုးဖောက်မြင်ရဖို့ မဖြစ်နိုင်ပါဘူး။

ရုတ်တရက် သူတို့ရဲ့ ဘယ်ဘက်မှာ လှုပိရှားမူ အရိပ်အယောင်ကို ခံစားမိတာကြောင့် သူတို့ တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်ကြတယ်။သို့ပေမယ့် အဲဒီမှာ ဘယ်သူမှ ရှိမနေခဲ့ပါဘူး..။

ခနအကြာမှာတော့ ..သူတို့ထဲက ရုတ်တရက်တုန်ရီ ပြီးမြေကြီးပေါ်ကို လဲကျသွားခဲ့တယိ။သူ့ရဲ့ ဦးခေါင်းကတော့ အမှောင်ထဲကို လွင့်ပျံသွားခဲ့ပါတယ်။ဓားသွားရဲ့ အလင်းပြန်ချက်က..အရမ်းကို မြန်ဆန်ပြီး မျှော်လင့်မထားတာကြောာင့် သူတို့မှာ တုန့်ပြန်ဖို့ အချိန်မရှိပါဘူး..။

ပြီးတော့ ဒါက ..မှားယွင်းတဲ့ ဦးတည်ချက်ကနေ ရောက်ချလာတာပါ။

ဂိုလမ်တွေဟာ ခန္တာကိုယ်ကို လှည့်ပြီး လက်နက်တွေကို မြောက်လိုက်တယ်။သို့ပေမယ့်..ရန်သူကို မြင်ရမယ့် အစား..ကူနယ်တစ်ခုက အမှောင်ထုထဲကနေ ထွက်လာပြီး သူတို့ထဲက တစ်ယောက်ရဲ့လည်ပင်းကို ထိမှန်သွားခဲ့တာကိုပဲ မြင်လိုက်ရပါတယ်။

ဒီတိုက်ခိုက်မူက ဂိူလမ်ကို တုန်ရီသွားစေဖို့လုံလောက်ပေမယ့်..အဲလောက်တော့ အန္တရာယ် မများပါဘူး..။ဒဏ်ရာရနေတဲ့ သတ္တဝါဟာ ..လက်ကို မြှောက်ပြီး သူ့ရဲ့ သန္တာကျောက် အသွေးအသားထဲမှာ စိုက်ဝင်နေတဲ့ ဆူးချွန်ကို ဆွဲထုတ်လိုက်တယ်။

သို့ပေမယ့် ဒီလိုလုပ်နေတုန်းမှာပဲ အားလုံးရဲ့ နောက်မှာ ရှိနေတဲ့ သူဖြတ်သူက ဒူးထောက်လဲကျသွားခဲ့ပါပြီ..။ခနအကြာမှာတော့ သူမရဲ့ ဦးခေါင်းက ပြီးပြည့်စုံတဲ့ ဓားချက်နဲ့အတူပဲ ခန္တာကိုယ်ကနေ ပြုတ်ထွက်သွားခဲ့တယ်။

အမှောင်ထဲမှာ ပုန်းနေတဲ့ ဆန်နီကတော့ အံကိုကြိတ်ပြီး ရက်စက်စွာ ပြုံးလိုက်တယ်။

' ဒါက ငါ့ရဲ့နယ်ပယ်ပဲ ကောင်စုတ်တွေ ။မင်းတို့က အခု ငါ့ရဲ့ ဧည့်သည်တွေပဲ..'

နှစ်ယောက်သေပြီ..လေးယောက်ပဲ ကျန်တော့တယိ။

သူတို့ရဲ့ ရန်သူက အရိပ်တွေထဲမှာ ပုန်းအောင်းပြီး အမှောင်ထဲမှာမြင်နိုင်တယ် ဆိုတာကို နားလည်သွားတဲ့ ဂိုလမ်တွေဟာ သူတို့ရဲ့ ဗျူဟာကို ပြောင်းလိုက်တယ်။သူရဲကောငိး ၊ သူစိမ်း ၊နဲ့ မုဆိုးတွေက အဝိုင်းပုံစံ လှည့်ပတ်ပြီး ဘုန်းတော်ကြီးကို ကာကွယ်ထားခဲ့ကြပါတယ်။

အဲ့အချိန်မှာတော့ အမျိုးသမီး ဘုန်းတော်ကြီးဟာ သူမရဲ့လက်ကို ကောင်းကင်ပေါ်ကို မြှောက်ထားခဲ့တယ်။

ခနအကြာမှာတော့ မျက်စိကျိန်းလောက်တဲ့ အလင်းတန်းကြီးက သူမရဲ့လက်ဝါးကနေ နေရာအနှံ့ကို ထွက်ပေါ်လာပြီး..မီတာအနည်းငယ် အကွာကနေ သူတို့ကို တိုက်ခိုက်ဖို့ ချိန်ရွယ်နေတဲ့ ဆန်နီကို ပေါ်သွားစေခဲ့ပါတယ်။

' ချီးတဲ့မှပဲ...'

'...

***

သွေးထွက်များတဲ့ တိုက်ပွဲကွင်းပြင်မှာတော့ ကျန်ရှိနေသေးတဲ့ အိပ်စက်သူ စစ်တပ်ဟာ နေရာအနှံ့ကနေ ဝန်းရံတိုက်ခိုက်ခြင်းကို ခံနေခဲ့ရတယ်။သူတို့က ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့..အကြောက်တရား ၊ သံသယ အားလုံးကို စွန့်ပစ်ပြီး တိုက်ခိုက်နေကြပါတယ်။အနက်ရောင်ရေတွေက သူတို့ရဲ့ ဒူးလောက်ရောက်နေကြပြီဖြစ်ပေမယ့်..သူတိူ့က အိပ်မက်ဆိုးသားရဲအုပ်ကြီးကို ဆက်ပြီးခုခံနေတုန်းပါပဲ။သူတို့ထဲက တစ်ယောက်အသတ်ခံရတိုင်းမှာ ​သတ္တဝါသုံးကောင်ကို ပြန်ပြီး သတ်ဖြတ်နေခဲ့ကြတယ်။

ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ ဖြာထွက်နေတဲ့ အလင်းတန်း တွေအောက်မှာတော့ ဘယ်သူမှ ထွက်ပြေးဖို့ မကြိုးစားကြပေ။

အဲဒီအစား..သူတို့က မြဲမြံစွာ ရပ်ပြီးသာ တိုက်ခိုက်နေခဲ့ကြပါတယ်။တစ်ချို့က ပြုံးနေကြပြီး..တစ်ချို့က သီချင်းတောင် ဆိုနေခဲ့ကြတယ်။

..သူတို့လူတွေက ပိုပိုပြီး သေဆုံးလာခဲ့ကာ ကျိန်စာသင့် ပင်လယ်ရဲ့ အေးစက်နေတဲ့ မျက်နှာပြင်အောက်မှာ ထာဝရ ပျောကိကွယ်သွားခဲ့ကြတယ်။အနက်ရောင် ဒီရေ တွေကတော့ ဆက်ပြီး မြှင့်တက်နေဆဲပါပဲ။

***

တိုက်ပွဲရဲ့ အထက် ကောင်းကင်မှာတော့..ကိုင် နဲ့ တိတ်တဆိတ် ကခုန်သူတို့ဟာ...ပိုက်ကွန်တွေကို ဖြန်သန်းရင်း..ဆူးချွန်ဆတ်သား သုံးကောင်ရဲ့ တိုက်ခိုက်မူကို ရှောင်တိမ်းနေခဲ့တယ်။​ကြောက်စရာ မွန်းစတားတွေက သူတို့ထက် မြန်ဆန်ပြီး ပိုသန်မာပေမယ့်..သူတို့ရဲ့ ကြီးမားတဲ့ ခန္တာကိုယ်ကြီးတွေကို သယ်ဖို့အတွက် သူတို့ရဲ့ တောင်ပံတွေကို မှီခိုထားရတာပါ။

ကိုင် နဲ့ သူ့ရဲ့ ကာကွယ်သူကတော့ မှော်စွမ်းရည်နဲ့ ပျံသန်းနေကြတာဖြစ်တာကြောင့် တောင်ပံသားရဲတွေထက်စာရင် အခြေအနေ ပိုကောင်းပါတယ်။ဒါက သူတို့ရှင်သန် နေနိုင်သေးတဲ့ တစ်ခုတည်းသော အကြောင်းပြချက်ပါပဲ။

ကိုင်ဟာ ရှောင်တိမ်းနေစဥ်မှာပဲ ဆတ်သားတွေကို တိကျတဲ့ ပစ်ချက်တွေနဲ့ ပစ်နေခဲ့ပါတယ်။သို့ပေမယ့် ပထမဆုံး ပစ်ချက်လောက် ကံမကောင်းခဲ့ပါဘူး..။အနက်ရောင်မြားတွေက မွန်းစတားတွေရဲ့ ကိုယ်ထဲကို ထပ်ခါ ထပ်ခါ ဝင်ပြီး..သွေးတွေသောက်နေပေမယ့်..သူတို့ကို နှေးကွေးသွားစေဖို့ပဲ တတ်နိုင်ခဲ့ပါတယ်။

သို့ပေမယ့် သူ ဂရုမစိုက်ပေ..။သူက ဒီကြမ်းတမ်းတဲ့ ဆတ်သားတွေကို အစကတည်းက သတ်ဖို့ မရည်ရွာ်ထားပါဘူး..။သူက ဒီသားရဲတွေကို လူတွေရဲ့ အဝေးမှာပဲ ရှိနေစေချင်တာပါ။

သူ လုပ်နိုင်နေသ၍ ပေါ့..။

မုန်တိုင်းကြားမှာ ပျံသန်းနေရင်း..လေထုရဲ့ကြားထဲမှာ ရုန်းကန်နေရင်း..လျှပ်စီးမိုးကြိုးတွေကို ရှောင်ရှားနေရင်း..ကိုင်ဟာ အံကိုကြိတ်ပြီး ..လုပ်စရာရှိတာကို ဆက်လုပ်နေခဲ့ပါတယ်။

***

ဆန်နီဟာ သူ့ရဲ့ တည်နေရာကို ပေါ်သွားတာနဲ့ တစ်စက္ကန့်လောက် အကြာမှာပဲ..ရှေ့ကို တက်သွားကာ အနီးဆုံး ဂိုလမ်ကို ဓားနဲ့ ထိုးလိုက်ပါတယ်။သူရဲကောင်းဟာ ရှောင်တိမ်းလိုက်ပြီး သန်းခေါင်းယံ အမြုတေကို သူ့ရဲ့ မြင့်မြတ်တဲ့လက်နက်နဲ့ ကာကွယ်လိုက်တယ်။

အခု အရှင်သခင်က သေဆုံးသွားပြီဖြစ်တာကြောင့် ဒီဖန်တီးထားတဲ့ သတ္တဝါတွေက မြန်ဆန်မူ နဲ့ သန်မာမူတွေ လျော့ကျသွားခဲ့ပါပြီ။သူတို့က ကြေးခွံသားရဲ ဒါမှမဟုတ် ကြေးခွံသားရဲခေါငိးဆောင်လောက် နီးနီးပဲ ရှိကြပါတော့တယ်။

အရိပ်ရဲ့ အကူအညီပေးမူ ရှိနေတဲ့ ဆန်နီ ထက်..အနည်းငယ် သာတယ် ဆိုရုံပါပဲ။

သို့ပေမယ့် သူတို့က ဒီတိုင်းမွန်းစတားတွေဖြစ်ပြီး သူက တော့ ပိုပြီး အန္တရာယ်များတဲ့ သတ္တဝါပါ။

မြို့ပြင်က ငရဲထဲမှာ ဘဝအတွက် တစ်နှစ်လောက် တိုက်ခိုက်လာခဲ့ရတဲ့ ကလေးတစ်ယောက်။

သူ့မှာ ကျွမ်းကျင်မူ ၊ ပြတ်သားမူ နဲ့ လူသားတစ်ယောက်ရဲ့ သတ်ဖြတ်လိုစိတ်တွေ ရှိပါတယ်။

သန်းခေါင်းယံ အမြုတေကို သူ့ရန်သူရဲ့ လက်နက်နဲ့လိုက်ပါသွားစေခဲ့ပြီး ၊ ဆန်နီ ရှေ့ကို တစ်လှမ်းတိုးကာ..လက်ကို မြှောက်လိုက်တယ်။ဓားဦးက ရုတ်တရက် ဆိုသလို ဦးတည်ချက်ပြောင်းသွားပြီး ရန်သူရဲ့ ခုခံမူကို ကျောိဖြတိကာ လည်ပင်းကို သက်သောင့်သက်သာ ထိုးဖောက်သွားနိုင်ခဲ့ပါတယ်။တစ်ချက်လှည့်လိုက်တာနဲ့ ဓားက ဂိုလမ်ရဲ့ အသားတွေကို ဖြတ်တောက်ပြီး သူ့ရဲ့လည်ပင်းတစ်ဝက်ကို ပြတ်ထွက်သွားစေခဲ့တယ်။

ဒီအရှိန်နဲ့အတူပဲ ဆန်နီဟာ သန်းခေါင်းယန် အမြုတေရဲ့ အရိုးကို ကိုင်ထားပြီး ဂိုလမ်ရဲ့ မျက်နှာကို ထိုးကာ..ကျန်တဲ့တစ်ဖက် ပြုတ်ထွက်သည်အထိ အားထည့်ထားခဲ့ပါတယ်။

[ သင်က.... ]

သူတော်စင်နဲ့ မရေမတွက်နိုင်အောင် လေ့ကျင့်ရင်း သင်ယူထားခဲ့တဲ့ မြဲမြံတဲ့ ခြေရွေ့ကွက်တွေကို

အသုံးချကာ..အလျင်အမြန် တည်နေရာကို ပြောင်းပြီး မုဆိုးရဲ့ လှံသွားကို တားဆီးထားလိုက်တယ်။သူစိမ်း နဲ့ ဘုန်းတော်ကြီးကတော့ တိုက်ပွဲကို ပူးပေါင်းဖို့ ကြိုးစားနေကြတုန်းပါပဲ။ဆန်နီက အစောကတည်းက ဒါကို အားသာချက်မဖြစ် အသုံးချဖို့ ရည်ရွယ်ထားတာပါ။

သူ့ရဲ့ လက်ရှိရန်သူ မတုန့်ပြန်နိုင်ခင်မှာပဲ ဆန်နီဟာ တန်ပြန်တိုကိခိုက်လိုက်ပြီး သူ့ရဲ့လက်တစ်ဖက်ကို ဖြတ်တောက်လိုက်တယ်။ခနအကြာမှာတော့ သူ ဓားကို ပြန်ဆွဲယူပြီး မုဆိုးရဲ့ရင်ဘတ်ထဲကို ထိုးချလိုက်ကာ...ဘေးကိုဆွဲပြီး ဖြတ်တောက်လိုက်ပါတယ်။

[ သင်က နိုးထမူ အဆင့် သားရဲ......]

ဘုန်းတော်ကြီးဟာ ရှေ့ကို တက်လာခဲ့ပြီး သူ့ကိုညလက်ဗလာနဲ့ တိုကိခိုက်ဖို့ လုပ်လိုက်တယ်။သို့ပေမယ့်မမြင်ရတဲ့ကြိုးက သူမရဲ့လည်ပင်းကို ရစ်ပတ်သွားခဲ့ပါတယ်။

ဒါက ဆန်နီလိုအပ်နေတဲ့ အချိန်ပါပဲ။

သန္တာကျောက်အပိုင်းအစ တွေ မြေကြီးပေါ်ပြုတ်ကျသွားခဲ့ပြီး အခိုက်အတန့်က စကားပြောလာခဲ့တယ်။

[ သင်က.....]

ဘုန်းတော်ကြီး သေဆုံးသွားတဲ့ အချိန်မှာတော့ သူစိမ်းက အမှောင်ထဲကို ပြန်ရောက်သွားခဲ့ပါပြီ။သူက အနည်းငယ် တွေဝေသွားပြီး ဒိုင်းကာကို မြှောက်ကာ အစောက ရန်သူပေါ်လာခဲ့တဲ့ နေရာကိုသာ ကြည့်နေခဲ့တယ်။သူက ဟစ်ကြွေးနေတဲ့ မုန်တိုင်းရဲ့ မ်ိုးရေတွေကြားထဲမှာသေချာနားထောင်နေခဲ့ပါတယ်။

သိူ့ပေမယ့် နောက်တစ်စက္ကန့်အကြာမှာတော့ သူ့နောက်ကို တစ်ခုခု ရောက်လာခဲ့တယ်။သူစိမ်းဟာ လှည့်လိုက်ပြီး သူ့ရဲ့ ဓားနဲ့ အလျားလိုက်ပိူင်းဖြတ်လိုက်တယ်။သို့ပေမယ့် တွေဝေသွားပြီးအောက်ကိုငုံ့ကြည့်လိုက်ပါတယ်။

သူ့ရဲ့ဓားကိုင်ထားတဲ့လက်က မရှိတော့ပဲ..လက်ကောက်ဝတ်ကနေ ဖြတ်တောက်ခံထားရတယ်။

ယင်းနောက် တစ်ခုခုက မိုးရေထဲမှာ ဖြတ်သန်းလာပြီးသူ့ခန္တာကိုယ်ထဲကို ဝင်ရောက်သွားခဲ့တယ်။ဂိုလမ်ဟာ ယိမ်းယိုင်ပြီး လဲကျသွားတဲ့ အချိန်မှာတော့ နှစ်ပိုင်းပြတ်နေခဲ့ပါပြီ။

ဆန်နီ အသက်ကို ဝအောင်ရူလိုက်ပြီး သန်းခေါင်ယံ အမြုတေကို ချကာ..အနက်ရောင် ဒီရေအောက်မှာ ကွယ်​ပျောက်စပြုနေပြီဖြစ်တဲ့ သန္တာကျောက်ပုံ ခုနှစ်ခုကို ကြည့်လိုက်တယ်။ယင်းနောက် သူ ကျိန်ဆဲလိုက်ပါတယ်။

" ငါ့ရဲ့ သူတော်စင်ကို နာကျင်အောင် လုပ်ဖို့ မင်းတို့ကို ဘယ်သူ ခိုင်းထားတာလဲ..ခွေး သားတွေ.."

လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့ မိုးကြိုးတစ်ခုကကြက်သွေးရောင်ထိပ်ဖျားရဲ့ ဝင်ပေါက်ကို လှမ်းပစ်လိုက်တာကို တွေ့လိုက်ရတယ်။လျှပ်စီးကြောင်းတွေက ကျောက်တုံးရဲ့ မျက်နှာပြင်မှာ ကခုန်ပြီး တိုးဝင်သွားခဲ့တယ်။

ကြယ်ခုလုံး ရဲ့ ပုံစံတွေကပဲ..အားအင်တွေအပြည့်နဲ့ဆက်လက်တောက်ပပြီး ကျန်နေခဲ့ပါတယ်။

ဆန်နီဟာ သူ့ရဲ့ ပူလောင်နေတဲ့ ရင်ဘတ်ကို ဖိထားရင်း..သူ့ရဲ့ ဒူးလောက်မြင့်တက်နေပြီဖြစ်တဲ့ အနက်ရောင် ဒီရေ တွေကို ကြည့်ကာ..မျှော်စင်ဆီကို ဦးတည်သွားလိုက်ပါတယ်။

All Chapters