ကြက်သွေးရောင် ထိပ်ဖျားအား ဝန်းရံတိုက်ခိုက်ခြင်း
Vol. 22 Ch. 330
- ၁၆
အိပ်စက်သူ စစ်တပ်က..ကျိန်စာသင့်ပင်လယ်ပြင်ရဲ့ မြင့်တက်နေတဲ့ ဒီရေ နဲ့ စိတ်ကျေနပ်မူမရှိနိုင်တဲ့ မွန်းစတား အုပ်ကြီးအောက်မှာ နစ်မြုပ်နေတုန်းမှာပဲ ဆန်နီဟာ ကြက်သွေးရောင် တာဝါ နားကို ကပ်သွားခဲ့တယ်။
တစ်ခြားသူတွေ အားလုံးနဲ့ ဝေးကွာပြီး ၊ တစ်ယောက်တည်း ရှိနေတဲ့ ဆန်နီဟာ အနက်ရောင် ရေလှိုင်းတွေ ၊ ဟာရီကိန်း လေပြင်းတွေကြားထဲမှာဖြတ်သန်းရုန်းကန် နေခဲ့ရတယ်။သူနဲ့ ဂိတ်မှာ ထွင်းထုထားတဲ့ တောက်ပနေတဲ့ ကြယ်ပွင့်တွေကတော့ မီတာအနည်းငယ်သာ ကွာဝေးပါတယ်။
နောက်ဆုံးမှာတော့ သူ့လက်က အေးစက်နေတဲ့ ရှေးဟောင်းကျောက်တုံးရဲ့ မျက်နှာပြင်ကို ထိနိုင်ခဲ့ပါပြီ..။ဆန်နီဟာ သူ့ရဲ့ မျက်နှာပေါ်က မိုးရေတွေကို သုတ်လိုက်ပြီး..တောက်ပနေတဲ့ ကြယ်ခုနှစ်ပွင့်ကိုကြည့်လိုက်တယ်..။
' ဒါက အလုပ်ဖြစ်မှ ရမယ်...'
ပထမဆုံး ကျိန်စာသော့ ..ကို ထုတ်ယူလိုက်ပြီး..သူခနလောက်တွေဝေနေ ပြီးကာမှ အနက်ရောင် သော့ပေါက်ထဲကို ဂရုတစိုက် ထည့်လိုက်ပါတယ်။
***
အနက်ရောက်ပင်လယ်ပြင် ကြီးခြားနားထားတဲ့ သူနဲ့ အဝေး တစ်နေရာမှာတော့ ၊ အသက်ရှင်ကျန်ရစ် နေတဲ့ အိပ်စက်သူတွေဟာ..အားသာချက်တွေ ရလာခဲ့တဲ့ မွန်းစတား အုပ်ကြီးကို ခုခံနေခဲ့ကြတယ်။အနက်ရောင် ဒီရေတွေက သူတို့ရဲ့ ခါးလယ်လောက်ကို ရောက်နေပြီဖြစ်ပြီး လှုပိရှားဖို့အတွက် မလွယ်ကူကြတော့ပါဘူး..။တပ်ဖွဲ့ဟာ သန္တာကျောက်တန်းရဲ့ တောင်ကုန်းဘက်ကို နောက်ဆုတ်ဖို့ ကြိုးစားနေကြပေမယ့်..နောက်ကနေ လိုက်လာနေတဲ့ ပင်လယ်ပြင်က သူတို့ထက် ပိုမြန်ပါတယ်။
ပြောင်းလဲနေတဲ့ကြယ်ပွင့်ကတော့ မွန်းစတား တစ်ကောင်ပြီး တစ်ကောင်ကို သတ်ဖြတ်နေတုန်းဖြစ်ပြီး..သူမရဲ့ အလင်းရောင်က ဒေါသတကြီးနေတဲ့ မုန်တိုင်းကြားထဲမှာတောင် ပိုမိုတောက်ပနေခဲ့တယ်။မ်ိုးရေစက်တွေက သူမ ရဲ့ တောက်ပတဲ့ အရည်ပြားကို ထိလိုက်တာနဲ့..အငွေ့ပျံသွားပါတယ်။သူ့ရဲ့ ဖြာထွက်နေတဲ့ အလင်းရောင်က..မိုးကြိုး လျှပ်စီးတွေကိုတောက် ဖြူဖျော့ပြီး မှေးမှိန်သွားစေခဲ့တယ်။
ရုတ်တရက် ဆိုသလိုပဲ..မသိသာလှတဲ့ လှိုင်းခတ်မူ တစ်ခုက..အနက်ရောင် ရေမျက်နှာပြင်ရဲ့ အထက်မှာ လှိုင်းခတ်လာခဲ့ပါတယိ။အေးစက်တဲ့လေပြင်းတစ်ချက်က..မေ့ပျောက်ကုန်းမြေပေါ်ကို တိုက်ခတ်သွားခဲ့ပြီး မရေမတွက်နိုင်တဲ့ သတ္တဝါတွေရဲ့ နှလုံးသားတွေကို အေးစက်သွားစေခဲ့တယိ။
***
ဆန်နီ ကတော့ နောက်ထပ် ကြယ်ပွင့်ဆီကို ရွေ့သွားခဲ့တယ်။ဒုတိယမြောက် သော့ကို ထုတ်ယူလိုက်ပြီး သော့ပေါက်ထဲကို ထည့်လိုက်ပါတယ်။ဘာမှ ဆိုးဝါးတာဖြစ်မလာခဲ့ပေ..။ဒီတော့..သူက တတိယတစ်ခု ရှိတဲ့နေရာဆီကို ရေထဲကနေ ရုန်းကန်ပြီးသွားလိုက်ပါတယ်။
' ဆိုးဝါးတယ်..ဒါက ဘာနဲ့တောင် တူနေပြီလဲ..။ငါ့ရဲ့လက်ရှိအခြေအနေထက် ဘယ်ဟာကများ ဆိုးဝါးနိုင်ဦးမှာလဲ..'
သူ့ရဲ့ မေးခွန်းကို ပြန်ဖြေပေးလိုက်သလိုပဲ..၊သူ့နောက်ဘက်က တစိနေရာမှာ အနက်ရောင် လက်ချောင်းကြီးတစ်ခုက ပေါ်ထွက်လာခဲ့ပြီး လေထဲမှာ မမြင်ရစွာ ဝေယမ်းလာခဲ့ပါတယ်။ဒီဟာက သန္တာကျောက်တောင်ကြီးကိုတောင် အလွယ်တကူ ကြေမွသွားစေခဲ့တယ်။ကျိုးပျကိသွားတဲ့ အပိုင်းအစတွေ အများကြီးက ရေထဲကို ပြုတ်ကျသွားခဲ့ကြပါတယိ။
ခနအကြာမှာတော့ မရေမတွက်နိုင်တဲ့ တစ်ခြား အရာတွေလည်း ပထမတစ်ခုလို လိုက်လုပ်လာကြတယ်။
သူ့အရိပ်ရဲ့ အမြင်အာရုံထဲမှာ မြင်နေရတာတဲ့ အရာတွေကို သတိထားမိပြီး ဆန်နီ ကျိန်ဆဲလိုက်တယ်။
' ငါ နဲ့ ငါ့ရဲ့ သောက်ကျိုးနဲ့ ပါးစပ်..'
ကံကောင်းချငိတော့ လက်ကြီးတွေက သူနဲ့ အဝေးမှာ ရှိနေခဲ့တယ်။သူတို့က..ဂိုလမ်ခုနှစ်ကောင်ကို သူသတ်ခဲ့တဲ့ နေရာနားလောက်မှာ ရှိနေခဲ့တာပါ။သို့ပေမယ့်ဘပင်လယ်ရေ မြင့်တက်လာတာနဲ့အမျှ သူတို့က သူရှိနေတဲ့ ဦးတည်ချက်ကို ရွေ့လျားလာနေခဲ့ကြပါပြီ။
တတိယ သော့ကို အလျင်အမြန် ထိုးသွင်းလ်ိုက်ပြီးဘလေးခုမြောက်ကြယ်ပွင့် ဆီီကို သွားလိုက်တယ်။နောက်ထပ် ကျိန်စာသော့ တစ်ချောင်းက သော့အိမ်ထဲကို ဝင်သွားခဲ့ပါတယ်။
ရေတွေက အခုဆိုရင် ပိုမြင့်လာပြီဖြစ်ပြီး..သူ့ရဲ့ အလေးချိန်ကို လှုပိရှားရတာ ခက်ခဲလာစေပါပြီ။ပြင်းထန်တဲ့ လေပြင်းတွေကလည်း သူ့ရဲ့ နောက်ဘက်ကနေ ဆက်တိုက် တိုက်ခိုက်နေခဲ့တာကြောင့် ဆန်နီဟာ..နှာဖူး နဲ့ ကျောက်တုံးဂိတ်ပေါက်ဝနဲ့ မကြာခန တိုက်မိမလိုဖြစ်နေခဲ့တယ်။
သူ ငါးခုမြောက်သော့ကို သော့ပေါက်ထဲကို ထည့်သွင်းလိုက်တဲ့ အချိန်မှာ လက်ကြီးတွေက သူနဲ့ နီးကပ်စ ပြုနေခဲ့ပါပြီ။
' ချီးတဲ့မှပဲ..'
ဆန်နီဟာ ခြောက်ခုမြောက်သော့ကို သော့ပေါက်ထဲ ထည့်လိုက်ပြီး ၊ အနက်ရောင် ဒီရေ ထဲကို ငုတ်လိုက်ကာ..နောက်ဆုံးတစ်ခု ဆီကို ကူးသွားလိုက်တယ်။
ကြီးမားတဲ့ လက်ချောင်းတွေ သူ့ဆီကို ရောက်မလာခင် အခိုက်အတန့်လေးမှာပဲ..သူက တောက်ပနေတဲ့ နောကိဆုံးကြယ်ပွင့်ကို ရှာတွေ့သွားခဲ့ပြီး..ခုနှစ်ခုမြောက် သော့ကို အထဲဆီ ထိုးသွင်းလိုက်ပါတယ်။
ရုတ်တရက် ကမ္ဘာကြီးက တုန်လှုပ်သွားခဲ့တယ်။
***
မေ့ပျောက်ကုန်းမြေ တစ်ခုလုံး တုန်လှုပ်သွားခဲ့တာပါ။
တိုက်ပွဲကွင်းပြင်မှာတော့ ရှငိကျန်ရစ်နေတဲ့ လူသားတွေဟာ ခနလောက် အေးခဲသွားခဲ့ကြပြီး..ကမ္ဘာကြီးရဲ့ ရုတ်တရက် ပြောင်းလဲမူ အောက်မှာ အံ့ဩ သွားခဲ့ကြတယ်။
ဒေါသတကြီး တိုက်ခတ်နေတဲ့ လေပြင်းတွေက ငြိမ်သက်သွားခဲ့တယ်။သည်းထန်စွာ ရွာသွန်းနေတဲ့ မိုးရေတွေက ရပ်တန့်သွားခဲ့ပါပြီ။နားကျိန်းလောက်အောင် မြည်ဟီး နေတဲ့ မိုးခြိမ်းတွေလည်း တိတ်ဆိတ်သွားခဲ့ကြတယ်။
ကြောက်ဖို့ကောင်းတဲ့ မုန်တိုင်းက..သူရုတ်တရက် ပေါ်လာခဲ့သလိုပဲ ရုတ်တရက် ရပ်တန့်သွားခဲ့တာပါ။ဒါက ကျိုးပျက်လွယ်တဲ့ သံလျှပ်လိုပဲ ဘာမှ မရှိမူ အသွင်ကို ပြောင်းသွားခဲ့တယ်။
သူတို့ကို တိုက်ခိုက်နေကြတဲ့ အိပ်မက်ဆိုး သားရဲတွေကတော့ တုန်ရီစွာ ရပ်တန့်ပြီး ကောင်းကင်ပေါ်ကို စိုက်ကြည့်နေခဲ့ကြပါတယ်။
..ယင်းနောက် မျက်စိကျိန်းလောက်အောင် တောက်ပတဲ့ နေအလင်းရောင်ကြောင့် အနက်ရောင် တိမ်စိုင်တွေဟာ ပျက်ဆီးသွားခဲ့ကြတယ်။
ဒီလိုဖြစ်ပြီး မကြာခင်မှာပဲ..လှုပ်ရှားနေတဲ့ အနက်ရောင် ဒီရေတွေက..မြင့်တက်နေ တာ ရပ်တန့်သွားပြီး နောက်ပြန်စီးဆင်းသွားခဲ့ကြပါတယ်။
ကျိန်စာသင့် ပင်လယ်ကြီးက နောက်ပြန်ဆုတ်နေခဲ့ပါပြီ။
***
" ခရက် "
ဆန်နီ နောက်ဆုံးသော့ကို ထည့်လိုက်တာနဲ့ တစ်ပြိုင်နက် ..ကြက်သွေးရောင် ထိပ်ဖျားတစ်ခုလုံးတုန်လှုပ်သွားခဲ့တယ်။ဖော်ပြလို့ မရနိုင်တဲ့ အသံတစွုက အတွင်းထဲကနေ ထွက်ပေါ်လာခဲ့ပြီး..ကြီးမားတဲ့ မုန်တိုင်းကြားထဲက အမှောင်ထုထဲကို သက်ပြင်းချသံတစ်ခုလို ပဲ့တင်ထပ်နေခဲ့ပါတယ်။
ယင်းနောက် ဧရာမ တံခါးတွေက ပွင့်သွားခဲ့တယ်။ကြီးမားတဲ့ ရှေးဟောင်း ကျောက်ပြားကြီးတွေက နှစ်ပေါင်းထောင်ချီ ကြာပြီးကာမှ ပထမဆုံးအကြိမ် ရွေ့လျားသွားခဲ့တာပါ။
...ပြသနာက တံခါးတွေက အပြင်ဘက်ကို ပွင့်လာပါပဲ။ဒီဟာက ဆန်နီကို ရိုက်ခတ်သွားခဲ့ပြီး အနက်ရောင် ဒီရေထဲကို လျင်မြန်တဲ့ အရှိန်နဲ့ ဆွဲခေါ်သွားခဲ့တယ်။ဒီ မထင်မှတ်ထားတဲ့ ရိုက်ချက်က..သူ့ခြေထောက်ကို အရင်ထိမှန်ပြီး နစ်မြုပ်မတတ် ဖြစ်သွားခဲ့ပါတယ်။သေလောက်အောင် နာကျင်သွားတာကိုတော့ ပြောနေစရာတောင် မလိုတော့ပါဘူး။
အနည်းဆုံးတော့ ပွင့်သွားတဲ့ တံခါးကြီးတွေက သူ့က်ို သောက်ကျိုးနဲ့ လက်ကြီးတွေနဲ့ ဝေးရာကို ခေါ်သွားပေးခဲ့ပါသေးတယ်။
အတော်ကြာပြီးတဲ့နောက်မှာတော့ ဆန်နီဟာ သန္တာကျောက် တောင်ပူစာပေါ်ကို ရောက်သွားခဲ့တယ်။အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ပြီး အပေါ်ကို မီတာအနည်းငယ်လောက် တက်လိုက်တယ်။..ကြမ်းတမ်းတဲ့ သန္တာကျောက်မျကိနှာပြင် ပေါ်ကို ရောက်တဲ့အချိန်မှာ တစ်ဖက်ကို လှည့်လိုက်ပါတယ်။
ဆန်နီ မြင်လိုက်တဲ့ အရာက..သူ့ရဲ့ မျက်လုံးတွေကို ပြူးကျယ်သွားစေပြီး..မယုံနိုင်တဲ့ အကြည့်တွေနဲ့ စိုက်ကြည့်နေစေခဲ့ပါတယ်။
အနက်ရောင် ပင်လယ်က မျှော်စင်ထဲကို စုပ်ယူသွားခြင်း ခံနေခဲ့ရတာပါ။
အနက်ရောင် ဒီရေတွေက ပြောင်းပြန် စီးဆင်းပြီး ဧရာမ တံခါးပေါက်ကြီးတွေထဲကို စီးဝင်သွားခဲ့တယ်။ကြီးမားတဲ့ လက်ကြီးတွေ ၊ ကြောက်မက်ဖွယ်ရာ သတ္တဝါတွေ ..သူတို့အားလုံး ရေစီးကြောင်းနဲ့ ပါသွားပြီး အမှောင်ထုထဲမှာ ပျောက်ကွယ်သွားကြပါတယ်။
ထူးဆန်းတဲ့အရာက..စီးဝင်သွားတဲ့ ရေပမာဏက ကြက်သွေးရောင် ထိပ်ဖျား လက်ခံနိုင်တဲ့ ပမာဏထက် ပိုပြီး ကြီးမားနေခဲ့တာပါ။ဒီ ဧရာမ တာဝါကြီး ရေတွေနဲ့ ပြည့်လျှံသွားမယ်လို့ ဆန်နီ မျှော်လင့်ထားခဲ့ပေမယ့်..အဲဒီအစား.ရိုးရှင်စွာပဲ စီးဝင်ပြီး ပျောက်ကွယ်သွားပုံပေါ်ပါတယ်။
ဒါက ဒီရေတွေဟာ မျှော်စင်ကြီးရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရပြီး..ကမ္ဘာမြေကြီးရဲ့ အနက်ပိုင်းထဲကို ရောက်ရှိသွားကြပုံပေါ်ပါတယ်။
ခနအကြာမှာတော့ အနက်ရောင် ပင်လယ်ရဲ့ မြင့်နှာပြင်က နိမ့်ကျလာခဲ့တယ်။
မုန်တိုင်းက သေဆုံးသွားပြီး..၊ နက်မှောင်နေတဲ့ တိမ်တိုက် တွေက တွန့်ကြေသွားခဲ့ကာ..ကမ္ဘာကြီးပေါ်ကို နေရာင် က တဖန်ပြန်လည်ပြီး တောက်ပလာခဲ့ပါတယ်။
ယင်းနောက် မိနစ်အနည်းငယ် အကြာမှာတော့..
ကျိန်စာသင့် ပင်လယ်ကြီးက မရှိတော့ပါဘူး..။
ဆန်နီဟာ ရှင်းလင်းနေတဲ့ ကြက်သွေးရောင် သန္တာကျောက်တွေရဲ့ မျက်နှာပြင်ကို စိူက်ကြည့်လိုက်တယ်။သိပ်မကြာခင်က ဒီနေရာတွေကို အနက်ရောင် ဒီရေတွေက ဖုံးလွှမ်းထားခဲ့တာပါ။
အဆုံးမရှိတဲ့ အမှောင်ပင်လယ်ကြီးက အရိပ်အယောင် တောင် မရှိတော့ပဲ ပျောက်ကွယ်သွားခဲ့ပါပြီ။ကျွန်းရဲ့ ပတ်လည်မှာ ရှိနေတဲ့ ရေအိုင်တွေတောင် ရှိမနေတော့ပဲ..နက်ရှိုင်းပြီး ၊ မညီညာတဲ့ ချောက်ကမ်းပါးပုံစံ ချိုင့်ဝှမ်းတွေ ကိုသာ ဖော်ပြနေခဲ့တယ်။
ယင်းနောက် ဆန်နီဟာ ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ပါတာ်။အဲဒီမှာတော့ အဖြူရောင် နေလုံးကြီးက ကြက်သွေးရောင် ထိပ်ဖျားမှာ ဒေါသတကြီး ထွန်းလင်းနေခဲ့ပါတယ်။
အံ့ဩတဲ့ အတွေးတစ်ခုက သူ့ရဲ့စိတ်ထဲကို ဝင်လာခဲ့တယ်...။
'ငါတို့...ငါတို့ လုပ်နိုင်ခဲ့တာလဲ..'
....ငါတို့ တကယ်ပဲ အနက်ရောင်ပင်လယ်ကြီးကို ဖျက်ဆီး လိုက်နိုင်ခဲ့တာ လား...။
.