ကျုပ်အခု အရမ်းဒေါသထွက်နေတယ်..
Vol. 45 Ch. 660
#ဘာသာပြန် = စနိုးဝှိုက်
တိမ်ဖြူလမ်း..။
လင်းဖန် အမှန်တကယ်ကို ဒေါသထွက်နေခဲ့တယ်..။တစ်စဲုတစ်ယောက်က..သူ့အပေါ်ကို မသမာ တဲ့ နည်းလမ်းတွေနဲ့ လုပ်ကြံလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး.။သူတို့က ဥပဒေမဲ့စွာကို ပြုမူ နေကြတာပါ..။တကယ်လို့ လင်းဖန် သာ..ကိုင်ကွယ်ရ မခက်ခဲဘူးဆိုရင် ဒီ မသမာမူက ကျိန်းသေ ဝါးမျိုသွားတော့မှာပါ..။
ထပ်ပြောရရင် တစ်ဖက်လူက သူ့ကိုပါ..လှုပ်မရအောင် ကိုင်တွယ်ချင်နေတဲ့ ပုံပါပဲ..။သူတို့ ဘယ်သူ့ကိုမှ..စကားမပြောခွင့် မပေးခဲ့ပေ..။
တစ်ခြား တစ်ဖက်က..တရုတ်အနုပညာ အဖွဲ့အစည်းကိုပဲ ခေါင်းစဥ္ တပ်တပ်ပြီး ပြောနေခဲ့တာပါ..။သာမန်လူတွေက..ပြစ်တင်ဖို့ နေနေသာသာ သူတို့ အပေါ်ကို ဘာမှ လုပ်နိုင်မှာတောင် မဟုတ်ပါဘူး..။တရုတ်အနုပညာ အဖွဲ့အစည်းက..လူတိုင်းရဲ့..လူပိုင်ခွင့်တွေထက်ကို ပိုပြီး ကျော်လွန်လှပါတယ်..။
*ကလင် ကလင်*
အဲ့အချိန်မှာပဲ..ဖုန်းမြည်လာခဲ့တယ်..။လင်းဖန် ပြန်တောင် မကြည့်ပဲ ကိုင်လိုက်ပါတယ်..။
ယွဲ့ချီဂျုရှိီ ထက်သန်စွာ ပြောလိုက်တယ်..။
"အကြီးအကဲ လင်း..ဒါက အကြီးအကဲ ယွဲ့ပါ..။နောက်တစ်လနေရင် ကျွန်တော်တို့ ပြည်ပ.မှာ အနုပညာ ပြပွဲ တစ်ခုကျင်းပဖို့ ရှိတယ်..။အဲတာ ကျွန်တော် တို့ တရုတ်အနုပညာ အဖွဲ့အစည်းက
ပန်ချီကား အခု ၃၀ ပြဖို့ သတ်မှတ်ထားတယ်လေ..။အကုန်လုံးက ..ဒီအကြောင်းဆွေးနွေးနေကြတာ..အဲတာ မာစတာလင်း..ပန်ချီကား တစ်ချပ်လောက်..ဆွဲပေးနိုင်မလား.."
"ကျုပ်ဖင်ကြီး ဆွဲပေးပါလား..။ကျုပ် တရုတ်အနုပညာ အဖွဲ့အစည်းက ထွက်ပြီ..။ဒါပဲ.."
လင်းဖန် ဒေါသထွက်စွာ အော်ဟစ်လိုက်ပါတယ်..။သူ ချက်ချင်း ဖုန်းချလိုက်တယ်..။အခုချိန်မှာ သူ့ရဲ့ တရုတ်အနုပညာ အဖွဲ့အစည်းအပေါ် အမြင်တွေက မကောင်းတော့ပါဘူး..။သူ ယွဲ့ချီဂျုရှီနဲ့ ကျန်တဲ့လူတွေကိုတောင် ဂရုမစိူက်နိုင်တော့ပေ..။
"အာ..."
ဖုန်းအဝင်ကောရဲ့ တစ်ခြား တစ်ဖက်မှာတော့ ယွဲ့ချီဂျုရှီ ကြောင်အသွားခဲ့တယ်..။ယင်းနောက် သူ တစ်ခြားလူတွေကို ကြည့်လိုက်ပြီး..
"မာစတာလင်း..ဘာဖြစ်နေတာလဲ..။ဘာလို့ သူ့ကြည့်ရတာ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ.."
ရုတ်တရက် ယွဲ့ချီဂျုရှီ အံ့ဩသင့်စွာ အော်လိုက်တယ်..။
"အိုး..မဟုတ်သေးဘူး..။ကျုပ်ကြားလိုက်တာ မာစတာ လင်း တရုတ်အနုပညာ အဖွဲ့အစည်းက ထွက်ပြီလို့ ပြောနေတာမလား..။ဘာတွေ ဖြစ်နေတာလဲ.."
လူတိုင်း ကြောင်အသွားခဲ့တယ်..။ဒါက ဘာအဓိပ္ပါယ်မှန်း မသိပဲ သူတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ပါတယ်..။ဘာလို့ အကြီးအကဲ လင်းက ဒီစကားကို ပြောတာလဲ..။
ကျန်းကျောင်ရှန်းလည်း တစ်ခုခု မူမမှန်တာကို ခံစားမိလိုက်လိုက်ပါတယ်..။သူ လျင်မြန်စွာ မေးလိုက်တယ်..။
"ဘာဖြစ်တာလဲ အကြီးအကဲ ယွဲ့..။အကြီးအကဲ လင်းက ဘာပြောလို့လဲ.."
ယွဲ့ချီဂျုရှိီ စိတ်ပူစွာ ပြောလိုက်တယ်..။
"အကြီးအကဲ လင်း ပြောတာကတော့ သူ အဖွဲ့အစည်းကနေ ထွက်ပြီတဲ့.."
ကျန်းကျောင်ရှန်း ဒါကို ကြားတဲ့ အချိန်မှာ ချက်ချင်း ပေါက်ကွဲထွက်သွားခဲ့တယ်..။သူ ဖုန်းကို အလျင်အမြန်ထုတ်လိုက်ပြီး..
"ဘာတွေဖြစ်နေတာလဲ..။အကြီးအကဲ လင်းက ဘာလုပ်နေတာလဲ..။သူ အဖွဲ့အစည်းက ထွက်လို့မရဘူး..။ကျုပ်သေသွားမယ်ဆိုရင် တောင် သူကတော့ ထွက်လို့ မရဘူး.."
တာအိုရှီဂန် တည်ငြိမ်စွာ ပြောလိုက်တယ်..။
"စိတ်မပူပါနဲ့..အကြီးအကဲ ကျန်း..။ကျွန်တော်တို့ မသိတာ တစ်ခုခု ရှိနိုင်သေးတယ်..။မဟုတ်ရင် အကြီးအကဲလင်းက အဖွဲ့အစည်းကနေ ထွက်မှာ မဟုတ်ဘူးလေ..။အမှန်တကယ်ပဲ ဘာဖြစ်နေတာလဲ.."
ကျန်းကျောင်ရှန်း လက်ဝေ့ယမ်းလိုက်ပြီး..
"ဘာတွေဖြစ်နေတာလဲ ကျုပ်ဂရုမစိုက်ဘူး..။အကြီးအကဲ လင်း အဖွဲ့အစည်းကနေ ထွက်လို့ မရဘူး.."
ဒါကို ပြောပြီးနောက်မှာ အကြီးအကဲ လင်း ချက်ချင်း ဖုန်းခေါ်လိုက်တယ်..။သို့ပေမယ့် မယုံနိုင်စရာပဲ အကြီးအကဲ လင်းက ဖုန်းမကိုင်ခဲ့ပါဘူး..။
ဒါက...
ကျန်းကျောင်ရှန်း ကြောင်အသွားခဲ့တယ်..။ဒါက သူ့ကို ဆွံ့အစေပါတယ်..။ဘာတွေဖြစ်နေတာလဲ ဆိုတာကို သူ မသိတော့ပါဘူး..။တကယ်လို မကျေနပ်တာ တစ်ခုခု ရှိမယ် ဆိုရင်တောင် အကြီးအကဲလင်း အကြောင်းပြချက်တော့ ပေးသင့်ပါတယ်..။အခြေအနေက တကယ်ကို ရှုပ်ထွေးစရာပါပဲ..။
တာအိုရှီဂန် ပြောလိုက်တယ်..။
"အကြှီးအကဲ ကျန်း ဖုန်းမကိုင်ဘူးလား.."
"အင်း..."
အဲ့အချိန်မှာတော့ တာအိုရှီဂန် အခြေအနေက ရှုပ်ထွေးတယ် ဆိုတာကို သတိထားမိလိုက်ပါတယ်..။အကြီးအကဲလင်းက အကြီးအကဲ ကျန်း ရဲ့ ဖုန်းကိုတောင် မကိုင်ရလောက်အောင် အတော်ကို ဒေါသထွက်နေတဲ့ ပုံပါပဲ..။မဟုတ်ရင် သူ ဒီလို ပြုမူမှာ မဟုတ်ပေ..။
ယင်းနောက် မာစတာ တစ်ယောက်ဟာ အံ့ဩသင့်စွာ ပြောလိုက်တယ်..။
"ကျုပ် အကြောင်းပြချက်ကို သိပြီထင်တယ်.."
လူတိုင်းရဲ့ အကြည့်တွေဟာ ပြောင်းသွားခဲ့ပြီး အကြီးအကဲကျန်း လည်း သိချင်စွာ မေးလိုက်တယ်..။
"ဘာအကြောင်းပြချက်လဲ.."
ခနကြာပြီးမှ မာစတာဟာ ဖုန်းကိုပြပြီး ပြောလိုက်တယ်..။
"သူ့ရဲ့ ဝိုက်ဘိုကိုကြည့်ရင် သိလိမ့်မယ်.."
…
တိမ်ဖြူလမ်း..။
လင်းဖန်သူ့ကို ခေါ်တဲ့ ဖုန်းဟာ အကြီးအကဲ ကျန်းမှန်း သိပေမယ့် မကိုင်ခဲ့ပါဘူး..။သို့ပေမယ့် သူတကယ် စိတ်မကြည်မလင်ဖြစ်နေခဲ့တာပါ..။သသ အကြီးအကဲ ကျန်းရဲ့ ဖုန်းကိုတောင် ပြန်မဖြေချငိတော့ပါဘူး..။
အင်တာနက်ပေါ်က အခြေအနေဟာ နှစ်ခြမ်းကွဲသွားခဲ့တယ်..။လင်းဖန်ကို ထောက်ခံတဲ့ လူတွေဟာ အပြည့်အဝ ထောက်ခံနေကြပြီး တစ်ချို့လူတွေကတော့ ဟာသ လုပ်နေခဲ့ကြပါတယ်..။
"ဟားဟား ငါ ရယ်ရလွန်းလို့ သေတော့မယ်..။ဒီငနဲက အတော် ဒေါသကြီးတာပဲ..။သူက ID ကတ်ကို ဖြဲပြီးတောင် အဖွဲ့အစည်းက ထွက်မယ်လုပ်နေသေးတယ်..။အဖွဲ့အစည်းက သူ့တောင်းဆိုချက်ကို မလိုက်လျောလို့ ပြသနာ ရှာချင်နေတာ ဖြစ်ရမယ်.."
"သူက ပြသနာ ရှာလို့ရမယ် ထင်နေတာလဲ..။ငါထင်တာတော့ တရုတ်အနုပညာ အဖွဲ့အစည်းက တရားမျှတတာကို..သူက မန်ဘာတွေဖြစ်တာနဲ့ အပေးအယူ လုပ်ချင်နေတာပဲ..။ဒါပေမဲ့ အဖွဲ့အစည်းက သူ့ကို ငြင်းဆန်လိုက်တာပဲဖြစ်ရမယ်.."
"ဒါ အဓိပ္ပါယ်ရှိတယ်..။သူက ကိုယ့်ကိုကို အထင်ကြီးနေတာပဲ..။သူ အဖွဲ့အစည်းက ထွက်မယ်ဆိုပြီး ချိန်းခြောက်တဲ့ ပုံစံဖြစ်နေတယ်.."
"ဟေး..မင်းတို့ မာစတာလင်းကို ဘာမှ လာပြောစရာ မလိုဘူး...။ဒီအဖွဲ့အစည်းထဲမှာ လာဘ်စားထားတဲ့လူတွေ ရှိနေတာ အသိသာကြီးပဲ.."
"ဟုတ်တယ်..ငါလည်းအဲလိုထင်တယ်.."
…
အဖွဲ့အစည်းတွင်..။
ဒါရိုက်တာ ချန်း အနည်းငယ် စိတ်ပူနေခဲ့တယ်..။ဒီငနဲကလည်း တရုတ်အနုပညာ အဖွဲ့အစည်းက ဖြစ်နေလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး..။သူ ဒီငနဲကို အရင်က မမြင်ဖူးခဲ့ပေ..။
ဝန်ထမ်းတစ်ယောက်ဟာ ပြောလိုက်တယ်..။
"ဒါရိုက်တာ ဒီငနဲက အဖွဲ့အစည်းက ဆိုပြီးတော့ အဖွဲ့အစည်းက လာဘ်စားတယ်လို့ လာပြောနေတယ်..။ကျွန်တော် မှတ်မိသလောက်ဆိုရင် အဖွဲ့အစည်းရဲ့ စည်းမျဥ္းအရ အဖွဲ့ဝင်တစ်ယောက်က ဘယ်လို အခြေအနေဖြစ်ဖြစ် အဖွဲ့အစည်းမကောင်းကြောင်းကို ပြပမှာ မပြောရဘူးလေ.."
"ဒီလို စည်းမျဥ္း ရှိနေတာလား.."
ဒါရိုက်တာ ချန်း သံသယဖြစ်စွာ မေးလိုက်တာပါ..။
ရုံးဝန်ထမ်းဟာ ခေါင်းညိမ့်လိုက်တယ်..။
"ရှိတယ် ကျွန်တော် မှတ်မိတယ်.."
ဒါရိုက်တာ ချန်း စိတ်သက်သာရာ ရသွားခဲ့တယ်..။
"ဒါကောင်းတယ်..။ဒီငနဲက အဖွဲ့ဝင်ဖြစ်နေတာတောင် အဖွဲ့အစည်းရဲ့ မကောင်းကြောင်းကို ပြောနေသေးတယ်..။ဒါက အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေမှာပဲ..။စည်းမျဥ္းအရ ငါတို့ သူ့ရဲ့ မန်ဘာ ကတ်ပြားကိုတောင် ပြန်သိမ်းလို့ ရဦးမယ်.."
ကျန်းကျောင်ရှန်း လင်းဖန် ရဲ့ ဝိုက်ဘိုကိုပဲ တစ်ချိန်လုံး ကြည့်နေခဲ့တယ်..။လူတိုင်းက သူတို့ရဲ့ မျက်နှာမှာ မသာယာတဲ့ အမူအရာ ရှိနေခဲ့ပါတယ်..။
ဘန်း....
အဲ့အချိန်မှာပဲ..ကျန်းကျောင်ရှန်း..စားပွဲကို ..ပြင်းထန်စွာ ရိုက်နှက်လိုက်ပါတယ်..။
"ဘာတွေဖြစ်နေတာလဲ..တောက်ခ်."
ယွဲ့ချီဂျုရှီ တိတ်ဆိတ်နေပြီးမှ ပြောလိုက်တယ်..။
"အကြီးအကဲ ကျန်း..ကျွန်တော် အခုသိပြီ..။လတ်တလော ကျွန်တော်တို့ ဆီမှာ တရုတ် အနုပညာ လူငယ် ဖလားကို ကျင်းပခဲ့တယ်လေ..။ဒါက အသက် ၁၄ နှစ်အောက်တွေ အတွက်ပဲ..။အကြီးအကဲ လင်းက..ကလေးဂေဟာတစ်ခုကို တာဝန်ယူထားတာ ဆိုတော့ ကလေးတွေကို ဝင်ပြိုင်ခိုင်းတယ် ထင်တယ်..။အခုသူက ဒုတိယ ဆုနဲ့ ပထမ ဆုကို နှိုင်းယှဥ္ပြနေတယ် ဆိုတော့..။သူ စိတ်ဆိုးနေတယ် ဆိုတာ အသေအချာပဲ..။
ကျန်းကျောင်ရှန်း..ဝိုက်ဘိုက ပို့စ်တွေကို အကုန်မြင်ပြီးပါပြီ.။
"အဲဒါတွေ ငါ ဂရုမစိုက်ဘူး..။ငါတို့ရဲ့ တရားဝင် ဝိုက်ဘို ပိုစ့်ကို ဘယ်သူ ကိုင်ထားတာလဲနဲ့..ပြိုင်ပွဲရဲ့ ဒိုင်တွေက ဘယ်သူလဲ ဆိုတာပဲ ငါသိချင်တယ်..။ဘယ်လို အရှုပ်ထုပ်တွေက ပြိုင်ပွဲမှာ ရောက်လာရတာလဲ.."
မာစတာ တစ်ယောက်ဟာ ပြောလိုက်တယ်.။
"မာစတာလင်း ပြောတာတော့ လာဘ်စားမူတွေ ရှိနေနိုင်တယ်တဲ့..။ကျွန်တော် တို့ ပန်ချီကား ၂ ချပ်ကို ကြည့်ကြည့်ကြမလား.."
"ကြည့်စရာ မလိုဘူး ငါသူ့ကို ယုံတယ်..။ငါသိချင်တာက ဘယ်ကောင်က အဖွဲ့အစည်း နာမည်ကို သုံးနေတာလဲ ဆိုတာပဲ..။အကြီးအကဲ လင်း..သာ ဒီကိစ္စကြောင့် အဖွဲ့အစည်းက ထွက်သွားရင် ငါ အဲ့ကောင်ကို အရေခွံစုတ်ပစ်မယ်.."
ကျန်းကျောင်ရှန်း ဒီ အဖွဲ့အစည်းကို တာဝန်ယူပြီးကတည်းက အပြုအမူတွေကို ပြောင်းလဲပြီး စိတ်ကို လျော့ထားခဲ့ပါတယ်..။သူက ဘယ်တော့မှ အလျင်မလိုပါဘူး..။သိူ့ပေမယ့် လက်ရှိအခြေအနေကို ကြည့်ရင် သူဘယ်လောက် ဒေါသထွက်နေလဲ ဆိုတာကို သိနိုင်ပါတယ်..။
"ကျွန်တော်တော့ ဒီကိစ္စကို ရှောငိချန်းတာဝန်ယူထားတယ်လို့ ထင်တယ်..။အဖွဲ့အစည်းရဲ့ ဝိုက်ဘိုပေ့ချ်ကို သူပဲ တာဝန်ယူထားတာလေ.."
အဲ့အချိန်မှာပဲ..ကျန်းကျောင်ရှန်း မတ်တတ်ရပ်ဘိုက်ပြီး..
"အကုန်လုံး နောက်ကလိုက်ခဲ့..။အဲ့ကောင်ကို ဘယ်သူ ခွင့်ပြုချက်ပေးလိုက်တာလဲ ငါသိချင်သေးတယ်.."
အကြီးအကဲ ကျန်းရဲ့ ဒေါသထွက်နေတဲ့ အမူအရာကိုကြည့်ပြီး ယွဲ့ချီဂျုရှီ ဟာ တာအိူရှိဂန်ကို တီးတိုး လှမ်းပြောလိုက်တယ်..။
"အကြီးအကဲ ကျန်း ရူးသွပ်သွားပြီ ထင်တယ်..။အခြေအနေက အတော် အန္တရာယ် ရှိလွန်းတယ်..."
တာအို ရှီဂန် မသာယာတဲ့ မျက်နှာနဲ့ ပြန်ပြောလိုက်တယ်..။
"ရူးသွပ်တယ်တဲ့လား..။ကျုပ်တောင်မှ တစ်ယောက်ယောက်ကို သတ်ချင် နေသလို ခံစားနေရတယ်.."
"အာ..."
ယွဲ့ချီဂျုရှီ ကြောင်အသွားခဲ့တယ်..။
"စိတ်ထိန်း အကြီးအကဲ တာအို..စိတ်ထိန်းပါဥိီး.."