← Chapters

မျက်နှာသာ ပေးခြင်း..

Vol. 45 Ch. 661

မျက်နှာသာ ပေးခြင်း..

Vol. 45 Ch. 661

#ဘာသာပြန် = စနိုးဝှိုက်

ကျန်းကျောင်ရှန်းဟာ လေးနက်တဲ့ မျက်နှာ အမူအရာနဲ့ ဒါရိုက်တာ ချန်း ရှိတဲ့ နေရာဆီကို ဦးဆောင်သွားနေခဲ့တယ်..။

လူတိုင်းက စိတ်ထဲမှာ ဒေါသထွက်နေခဲ့ကြပါတယ်..။သူတို့ အကြီးအကဲ လင်းနဲ့ အရင်က တွေ့ဖူးပြီး သူ ဘယ်လောက် စွမ်းဆောင်နိုင်လဲ ဆိုတာကို အကုန်လုံး သိကြပါတယ်..။သူ့ရဲ့ ပနိချီလက်ရာတွေက တကယ်ကို လေးစားစရာပါပဲ..။အခု..မတော်တဆ မူကြောင့်..အကြီးအကဲ လင်းသာ အဖွဲ့အစည်းက ထွက်သွားရင် သူတို့အတွက်တော့ ဆုံးရှုံးမူကြီးပါ..။

သိပ်မဝေးတဲ့ နေရာတစ်ခုမှာ..တရုတ်အနုပညာ လူငယ်ဖလား ကို အကဲဖြတ်တဲ့ ဒိုင်တွေဟာ..ဆွေးနွေးနေခဲ့ကြတယ်..။

"!အကြီးအကဲ ချီ လူငယ်ဖလားနဲ့ ပတ်သက်ပြီး တစ်ခုခု ဖြစ်နေပြီထင်တယ်..။ဝမ်ဟောင်ရန် ရဲ့ ပန်ချီကားက သံသယ ဝင်ခံနေရတယ်..။သူတို့က နောက်ကွယ်က နည်းတွေနဲ့ အနိုင်ရခဲ့တယ်လို့ ထင်နေကြတယ်. "

အကြီးအကဲ ချီ အမှန်တရားကို သိထားပေမယ့် သူလည်း ဘာမှ မတတ်နိုင်ပါဘူး..။ဒါရိုက်တာ ချန်းက ဒိီကိစ္စကို ပြောပြီးပြီ ဆိုတော့ သူဘာမှ မတတ်နိုငိတော့ပေ..။ခေါင်းဆောင် တစ်ယောက်ရဲ့..ကလေးက..ပထမဆုလိုချင်တယ် ဆိုတော့..သူ မတတ်သာပဲ..သဘောတူခဲ့ရတာပါ..။

တရုတ် အနုပညာ လူငယ်ဖလားက သိပ်ပြီး အရေးကြီးတဲ့ ပြိုင်ပွဲတစ်ခုတော့ မဟုတ်ပါဘူး..။ဒီလွမ်းမိုးမူက မကြီးမားပေ..။ဒါကြောင့် ဒီလို နည်းလမ်းတွေကို အသုံးပြုပေမယ့်လည်း သိပ်တော့ ပြသနာ မရှိပါဘူး..။

တကယ်လို့..ဒါသာ ပြိုင်ပွဲကြီးဆိုရင် သူလည်း လုပ်ရဲမှာ မဟုတ်ပါဘူး..။

သို့ပေမယ့် ဒီလို ပြိုင်ပွဲ အသေးမှာတောင် နောက်ကွယ်က အရာတွေကို ဖော်ထုတ်မယ့်လူ ရှိနေမယ်လို့ မထင်ထားခဲ့ပေ..။

"အကြီးအကဲ ချီ ကျွန်တော်တို့ ပြသနာ ဖြစ်နိုင်လား..။လာပဲဖြစ်ဖြစ် ကျွန်တော်တို့က အကဲဖြတ်ထားကြတာလေ..။တကယ်လို့ မကောင်းတာ တစ်ခုခု ဖြစ်လာရင် ဖြေရှင်းဖို့ ခက်ခဲတယ် မဟုတ်ဘူးလား.."

အကြီးအကဲ ချီ ခနလောက် တိတ်ဆိတ်သွားခဲ့တယ်..။ပြီးတဲ့ နောက်မှာ သူ ဥက္ကဌ ကျန်းကို လှမ်းမြင်လိုက်ရပါတယ်..။

"အခု မပြောပဲ နေရအောင်..။ဥက္ကဌ ကျန်း လာနေတယ်.."

ကျန်တဲ့လူတွေဟာ ဒါကို ကြားတဲ့ အချိန်မှာ အလျင်အမြန်ပဲ လှမ်းကြည့်လိုက်ကြတယ်..။သူတို့ လာတဲ့လူကို မြင်တဲ့ အချိန်မှာ ဘေးကို အမြန်ဖယ်ပေးလိုက်ကြပါတယ်..။သူတို့က အဖွဲ့ဝင်တွေ ုဖစ်ပေမယ့်လည်း အဖွဲ့အစည်းရဲ့ အတွင်းပိုင်းလုပ်ဆောင်ချက်တွေကို ဝင်ပတ်သက်ဖို့ အဆင့်မမှီသေးပါဘူး..။

ကျန်းကျောင်ရှန်းကတော့ ဒေါသတွေ ထွက်နေခဲ့တယ်..။သို့ပေမယ့် သူသွားနေတဲ့ ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး အကြီးအကဲ ချီကို ကြည့်လိုက်ပါတယ်..။

အကြီးအကဲ ချီဟာ ဥက္ကဌ သူ့ကို ကြည့်နေတာ မြင်တဲ့အချိန်မှာ ပြုံးပြပြီး ခေါင်း ညိမ့်ကာ နှုတ်ဆက်လိုက်ပါတယ်..။

သိူ့ပေမယ့် အကြီးအကဲ ချီ ရဲ့ ဟာ တစ်ခုခု မှားယွင်းနေတာကို သတိထားမိပြီး ဥက္ကဌ သူ့ကိုကြည့်နေတဲ့ အကြည့်က ထူးဆန်းတယ်လို့ ခံစားနေရပါတယ်..။

"ဥက္ကဌ ဘာဖြစ်လို့ပါလ​ဲ.."

အကြီးအကဲ ချီ သိလျင်စွာ မေးလိုက်တာပါ..။သူက ဥက္ကဌ ထက် ဆယ်နှစ်ကျော်လောက် ပိုငယ်ပြီး..ဥက္ကဌ ရဲ့ နောက်ခံကိုလည်း သိထားပါတယ်..။ဒါကြောင့် သူ အတော် ကြောက်ရွံ့နေတာပါ..။

အကြီးအကဲ ကျန်း အသက်ကို ပြင်းပြင်းရူလိုက်ပြီး..

"မင်းတို့က လူငယ်ဖလားရဲ့ ဒိုင်တွေ ဆိုတော့ မေးရဦးမယ်..။ဒုတိယ နဲ့ ပထမ ဆုကို မင်းတို့ ဘယ်လို ရွေးခဲ့တာလဲ..။ဒီနောက်ကွယ်မှာ တစ်ခုခု မသမာတာ ရှိနေတာလား..။ငါ မင်း ရိုးရိုးသားသား ဖြေတာကိုပဲ လိုချင်တယ်..။ဘာ အလိမ်အညာမှ မကြားချင်ဘူး.."

အကြီးအကဲ ချီနဲ့ ကျန်တဲ့လူတွေဟာ ကြောင်အသွားခဲ့တယ်..။ဥက္ကဌက ဒီအကြောင်းသိသွားလိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ပါဘူး..။ထပ်ပြောရရင် ဥက္ကဌ ကြည့်ရတာ အတော်ကို..မကြည်မလင် ဖြစ်နေတဲ့ ပုံပါပဲ..။

အဲ့အချိန်မှာတော့ သူတို့ရဲ့ စိတ်ဟာ ကြောက်ရွံ့မူတွေ နဲ့ ပြည့်နေခဲ့တယ်..။ဇ

တာအိုရှီဂန်ဟာ လည်းဒေါသထွက်နေပေမယ့် ထိန်း ချုပ်ပြီး ပြောလိုက်ပါတယ်..။

"ကောင်လေး ချီ..အမှန်တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ..။ငါမင်းကို သိပါတယ်..။မင်းက ဒီလိုအရာ လုပ်မယ့်လူ မဟုတ်ပါဘူး..။ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ.."

သူ နဲ့ ကောင်လေး ချီကြားထဲမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်..။ပုံမှန်အားဖြင့် သူ ကောင်လေး ချီကို ဒီကိစ္စ ဘယ်လောက် လေးနက်လဲ ဆိုတာ အသိပေး ရမှာပါ..။တကယ်လို့ ကောင်လေး ချီသာ အကြီးအကဲ ကျန်းရှေ့မှာ လိမ်ညာပြောရင် အဖွဲ့အစည်းကနေ ကန်ထုတ် ခံရလောက်ပါတယ်..။

အဲ့အချိန်မှာ တော့ အကြီးအကဲ ချီဟာ ဒီကိစ္စရဲ့ အတိမ်အနက်ကို နားလည်သွားခဲ့တယ်..။ယင်းနောက် သူတွေဝေခြင်းမရှိ အစအဆံူး ရှင်းပြလိုက်ပါတယ်..။

ရုံးခန်းထဲတွင်..။

ဒါရိုက်တာ ချန်းဟာ ဇိမ်ကျကျ နဲ့ စီးကရက် သောက်နေခဲ့တယ်..။ယင်းနောက် ဖုန်းဝင်လာခဲ့ပါတယ်..။

"ခေါင်းဆောင် ဘာဖြစ်လို့လဲ.."

"ကောင်လေး ချန်း..ငါကြားတာတော့ အဲ့မှာ ပြသနာ ဖြစ်နေတယ်ဆို.."

ခေါင်းဆောင်က ပြောလိုက်တာပါ..။

ဒါရိုက်တာ ချန်း ဒါကိုကြားတဲ့ အချိန်မှာ သူ ပြုံးလိုက်တယ်..။

"စိတ်မပူပါနဲ့ ခေါင်းဆောင်..။ဒီကိစ္စက ထိန်းချုပ်မူအောက်မှာပဲ ရှိပါတယ်..။ကျွန်တော် ဝိုက်ဘိုကနေ ရှင်းလင်းပြီးသွားပါပြီ..။ဘာပြသနာမှ မရှိတော့ပါဘူး.."

ခေါင်းဆောင် ပြန်ပြောလိုက်တယ်..။

"အင်း..မင်း ဖြေရှင်းပြီးပြီ ဆိုတော့ ငါ စိတ်မပူတော့ဘူး..။ငါ ဒီတစ်ခေါက်ကိစ္စကို မှတ်ထားပေးမှာပါ.."

ဒါရိုက်တာ ချန်း ပြုံးလိုက်ပြီး..

"ကျေးဇူး....."

ဝုန်း...

ရုတ်တရက် ရုံးခန်းတံခါးဟာ ကြမ်းကြမ်းတမ်းတမ်း ဖွင့်ခြင်းကို ခံလိုက်ရတယ်..။

ဒါရိုက်တာ ချန်း မကြည်မသာ ဖြစ်သွားခဲ့ပါတယ်..။ဘယ်သူက တံခါးမဖွင့်ပဲ ဝင်ရအောင် ဒီလောက် ရိုင်းစိုင်း နေတာလဲ..။သို့ပေမယ့် ဝင်လာတဲ့ လူကို မြင်တဲ့ အချိန်မှာ သူ့အမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့တယ်..။သူချက်ချင်း မတ်တတ်ရပ်လိုက်ပြီး..

"ခေါင်းဆောင် ဘာလိူ့ ရောက်လာတာလဲ. "

သူ ဒီလူကြီးရဲ့ အနေအထားကို သိထားပါတယ်..။ဒီလူအိုကြီးက ပင်စင်ယူထားပေမယ့်..သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်းကိုတော့ ထိန်းထားနိုင်တုန်းပါပဲ..။

"ဟမျ့.."

ကျန်းကျောင်ရှန်း နှာခေါင်းရှုတ်လိုက်တယ်..။

"မင်းဘယ်သူ့ကို ပြောနေတာလဲ.."

"ဒါက.."

ဒါရိုက်တာ ချန်း..စတင်ပြီး ကြောက်လန့်လာခဲ့တယ်..။ယင်းနောက် သူ ဖုန်းကို အိပ်ကပ်ထဲ ပြန်ထားချင်ပေမယ့်..ဥက္ကဌ ကျန်းက ခွင့်မပြုခဲ့ပါဘူး..။

"ငါ့ကို ဖုန်းပေးစမ်း.."

ကျန်းကျောင်ရှန်း ရှေ့ကိုတက်ပြီး လေးနက်စွာ ပြောလိုက်တယ်..။

ဒါရိုက်တာ ချန်းဟာ ကိုင်တွယ်ရခက်ခဲတဲ့လူဖြစ်ပေမယ့် အကြီးအကဲ ကျန်း ရှေ့မှာတော့ နာခံစွာပဲ ဖုန်းကို ပေးလိုက်ပါတယ်..။

"ငါ ကျန်းကျောင်ရှန်းပဲ..မင်းက ဘယ်သူလဲ.."

ဖုန်းထဲက ဒီလူက နောက်ကွယ်ကလူဆိုတာကို ကျန်းကျောင်ရှန်း သိထားပါတယ်..။သူ့အဖွဲ့အစည်းကို လာပြီး ဒီီလိုမျိုး လူပ်ရဲ့ရအောင် ဘယ်လိုလူလဒ ဆိုတာကို သူသိချင်ပါသေးတယ်..။

ဖုန်းတစ်ဖက်ကလူဟာ ဒါကိုကြားတဲ့ အချိန်မှာလေးလေးစားစား ပြန်ဖြေလိုက်တယ်..။

"တွေ့ရတာ ဝမ်းသာပါတယ် အကြီးအကဲ ကျန်း ကျွန်တော်က ကောင်လေး ဝမ် ..ဝမ်ချန်း ပါ.."

ဒီအချိန်မှာ အကြီးအကဲ ကျန်းက ဒေါသထွက်နေခဲ့တာပါ..။

"မင်းဘယ်သူလဲ ငါဂရုမစိုက်ဘူ..။မင်းက အဝေးကြီးတွေ လျောက်ချင်နေတာပဲ..။ငါမင်းကို ပြောလိုက်မယ်..တကယ်လို့ ဒီကိစ္စကို ငါ စိတ်ကျနပ်တဲ့ အထိ မရှင်းနိုင်ဘူးဆိုရင် မင်း ရာထူးကနေ ပြုတ်ပြီလို့သာ မှတ်လိုက်.."

ဘန်း...

သူ ဖုန်းကို ပစ်ပေါက်လိုက်တယ်..။

ဒါရိုက်တာ ချန်းကတော့..မတ်တပ်ရပ်နေပြီး လှုပ်တောင် မလှုပ်ရဲခဲ့ပါဘူး..။အခြေအနေက ရှုပ်ထွေးနေပြီ ဆိုတာကို သူရုတ်တရက် သဘာပေါက်လိုက်တယ်..။အကြှီးအကဲ ကျန်းရဲ့ပံူစံက အတော်ကို ဒေါသထွက်နေတာပါ..။သူ မသိချင်ယောင် ဆောင်လိုက်ပြီး..

"အကြီးအကဲ ကျန်း ..ဘာဖြစ်လို့လဲ.."

"ဘာတွေဖြစ်နေတယ် ဆိုတာ မင်းက ငါ့ကိုလာမေးနေတာလား..။မင်းက လူငယ်ဖလား ပြိုင်ပွဲမှာ ဝင်မွှေခဲ့တာမလား..။မင်း ဖုန်းထဲကကောင်နဲ့ ဘာတွေ အပေးအယူ လုပ်ထားလဲ..။ငါ မင်းကို အခွင့်အရေး တစ်ခုပေးမယ်..။မင်းသာ ငါ့ကို ရိုးရိုးသားသား မဖြေဘူးဆိုရင် ငါမင်းကို အဖွဲ့အစည်းက ချက်ချင်း ကန်ထုတ်ပြီး ထောင်ထဲ ပို့ပစ်မယ်.."

အကြှီးအကဲ ကျန်း လေးနက်တဲ့ အမူအရာနဲ့ ပြောလိုက်တာပါ..။တကယ်လို့ ဒီကောင်လိမ်ညာနေဦးမယ် ဆိုရင် သူ ဘာမှ ညှာတာ နေမှာ မဟုတ်ပါဘူး..။

မာစတာလင်း အဖွဲ့အစည်းက ထွက်ချင်တာက တစ်ခြားလူတွေအတွက် ဘာမှ မဟုတ်ပေမယ့် သူတို့အတွက်ကတော့ မုန်တိုင်းဝင်လာသလိုပါပဲ..။

ဒါရိုက်တာ ချန်းဟာ အကြီးအကဲ ကျန်း ​ပြောတာကိုကြားပြီး ကြောင်အသွားခဲ့တယ်..။အကြီးအကဲ ကျန်းပါ ဒီကိစ္စမှာ ပါဝင်လာမယ် လို့ မထင်ထားခဲ့ပါဘူး..။

အခုချိန်မှာတော့ သူ ဝိုက်ဘိုမှာ တိုက်ခိုက်နေတဲ့လူ​ြ သာမန်လူ မဟုတ်ဘူးဆိုတာကို သူ သဘောပေါက်လိုက်ပါပြီ..။

…

အင်တာနက်တွင်..။

"ဟားဟား.ငါတော့ ရယ်ရလို့ သေတော့မယ်..။တရုတ်အနုပညာ အဖွဲ့အစည်းက ပု့ိစ်တင်ပြီးကတည်းက မင်းတို့ရဲ့ မာစတာလင်း ပျောက်သွားတာပဲ.."

"သူက ဘာလုပ်နိုင်မှာလဲ.."

"ဟုတ်တယ် သူ ထွက်ချင်တယ် ဆို ထွက်ခိုင်းလိုက်ပေါ့..။ငါသိသလောက် အဲ့အဖွဲ့အစည်းကို ဝင်ချင်တဲ့လူတွေ မှ အများကြီး..။သူထွက်လို့ ပျော်နေတဲ့လူတွေတောင် ရှိလောက်တယ်.."

"ချီးပဲ.. တရုတ်အနုပညာ အဖွဲ့အစည်း ရဲ့ အကောင့်ကို ကြည့်လိုက်ကြ..။တစ်ခုခု ဖြစ်နေပြီ.."

"ဘာ..ဘာဖြစ်လို့လဲ..။သူတို့က မာစတာလင်းကို တရားစွဲမယ် ပြောထားလို့လား.."

"ကိုယ့်ဟာကို ကြည့်လိုက်.."

အဲ့အချိန်မှာပဲ.လူတွေ အကုန်လုံးဟာ တရုတ်အနုပညာ အဖွဲ့အစည်းရဲ့ တရားဝင် ဝိုက်ဘိုအကောင့်ကို ကြည့်လိုက်ကြတယ်..။

အဲ့အချိန်မှာပဲ အံ့ဩမူတွေ ပြည့်နှက်သွားခဲ့ပါတယ်..။

"ချီးပဲ..ဘာဖြစ်တာလဲ.."

တရုတ်အနုပညာ အဖွဲ့အစည်း တရားဝင် ဝိုက်ဘို:;

"တောင်းပန်ပါတယ် မာစတာလင်း..."

လူတိုင်း နားမလည်နိုင်ခဲ့ပါဘူး..။တရုတ်အနု့ညာ အဖွဲ့အစည်းက အစောကပဲ မာစတာလင်းနဲ့ တိုက်ခိုက်နေတာပါ..။အခုတော့ ရုတ်တရက် သူတို့ ဒီလို ပြန်တောင်းပန်နေခဲ့ပါပြီ..။

သူတို့ ဒုတိယ ပို့စ်ကို မြင်တဲ့ အချိန်မှာ မျက်လုံးတွေ အမြင်မှားနေသလို ခံစားလိုက်ရတယ်..။ဘယ်လိုဖြစ်ပြီး ဒီလိုမျိုးအရာဖြစ်သွားရတာလဲ..။

All Chapters