← Chapters

ကိုယ်တိုင် ရောက်လာကြခြင်း..

Vol. 45 Ch. 662

ကိုယ်တိုင် ရောက်လာကြခြင်း..

Vol. 45 Ch. 662

#ဘာသာပြန် = စနိုးဝှိုက်

တိမ်ဖြူလမ်း...။

လူတိုင်းဟာ ဒေါသထွက်နေခဲ့ကြတယ်..။ဒီလို တရားမမျှတမူ နဲ့ တွေ့တဲ့ အချိန်မှာ သူတို့ ဘာလုပ်ရမလဲ မသိတော့ပါဘူး..။

တရုတ်အနုပညာ အဖွဲ့အစည်းက ကြီးမားပါတယ်.။သူတို့ ဘာပဲပြောပြော ဒါက မှန်ကန်တယ်သလိုပဲ ဖြစ်နေခဲ့တာပါ..။ပြင်ပက လူတွေက..ဘာမှ ဝင်ပြောလို့ မရပါဘူး..။

အဲ့အချိန်မှာပဲ..ဝူယူလန် စိတ်လှုပ်ရှားသွားခဲ့တယ်..။

"အစ်ကိုလင်..ဝှိုက်ဘိုကို အမြန်ကြည့်လိုက်ပါဦး..။တရုတ် အနုပညာ အဖွဲ့အစည်းက တောင်းပန်ထားတယ်.."

"ဘာ..တရုတ်အနုပညာ အဖွဲ့အစည်းက တောင်းပန်ထားတယ်လား..ဒါအမှန်ပဲလား.."

လူလိမ် ထျန် ကြောင်အသွားပြီး မယုံကြည်နိုင်ဖြစ်သွားခဲ့တယ်..။ယင်းနောက် သူ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး...

"ဟားဟား..သူတိူ့တောင်းပန်ရမယ် ဆိုတာငါသိသားပဲ..။ငါတို့ အခုဘာဆက်လုပ်ကြမလဲ..။သူတို့ တောင်းပန်လာပြီ ဆိုတော့ ဘာလုပ်သင့်သလဲ.."

လင်းဖန် ခုံပေါ်မှာ ထိုင်နေပြီး ဖုန်းကို စာပွဲပေါ် တင်လိုက်တယ်..။

"ကောင်းပြီ ဒီကိစ္စကို ထပ်ဂရုစိုက်စရာ မလိုတော့ဘူး..။ဒီတိုင်းထားလိုက်တော့..။ကျုပ်လည်း တရုတ်အနုပညာ အဖွဲ့အစည်းနဲ့ ချည်နှောင်မူတွေ အကုန်ဖြတ်တောက်လိုက်ပြီလေ..။ဘယ်သူပဲ တောင်းပန် တောင်းပန် ကျုပ်နဲ့ မဆိုင်တော့ဘူး.."

လူလိမ် ထျန် ​ပြောလိုက်တယ်..။

"မင်း မလေးနက်လို့ မရဘူးလား..။မင်းတကယ်ပဲ..တရုတ်အနုပညာ အဖွဲ့အစည်းနဲ့ လုံးဝ မဆက်သွယ်တော့ဘူးလား.."

လင်းဖန် ဘာမှ မပြောပဲ ဒီတိုင်းသာ ထိုင်နေခဲ့တယ်..။အဲ့အချိန်မှာတော့..ဝူယူလန် လူလိမ် ထျန်ကို ပုတ်လိုက်ပြီး..

"ဒီကိစ္စကို မပြောပဲ နေကြရအောင်..။ဒါက ပြီးပြီးသွားပြီလေ..။အစ်ကိုလင်းက မပြောချင်ဘူးဆိုတော့ မပြောပဲ နေကြရအောင်.."

လူလိမ်ထျန် ဝူယူလန် ရဲ့ ဆိုလိုချက်ကို နားလည်သွားပြီ ဘာမှ ထပ်မပြောတော့ပါဘူး..။

"ဆုတွေက..ဒီလောက် ဆွဲဆောင်နိင်တာကို ငါတို့ ဒီတိုင်း လက်လျော့ လိုက်တော့ မလို့လား..။ဒါက အရှက်ရစရာ ပဲ.."

…

တရုတ်အနုပညာ အဖွဲ့အစည်း..။

ကျန်းကျောင်ရှန်းဟာ လင်းဖန် နောက်တစ်ခါတင်မယ့် ဝိုက်ဘို ပို့စ်ကို တစ်ချိန်လုံး စောင့်နေခဲ့တာပါ..။သို့ပေမယ့် အချိန်တွေ ကြာပြီးသွားတဲ့ နောက်မှာတောင် ဘာမှ တက်မလာခဲ့ပေ..။အဲ့အချိန်မှာပဲ သူ အကူညီမဲ့စွာ ပြောလိုက်တယ်..။

"ကြည့်ရတာ အစ်ကြီးအကဲ လင်းက အမှန်တကယ် ဒေါသထွက်နေတဲ့ ပုံပဲ.."

ယွဲ့ချီဂျုရှီ ပြောလိုက်တယ်..။

"ဒီလောက်ထိတော့ မဖြစ်နိုင်ပါဘူး..ဟုတ်တယ်မလား.."

"ခင်ဗျား မသိပါဘူး..။ကျုပ် လူတွေ ကို ခန့်မှန်းရင် တိကျတယ်..။အကြီးအကဲ လင်းရဲ့ အကျင့်စရိုက်အရ ...ဟင်း...ကျုပ်မပြောချင်တော့ဘူး.."

ကျန်းကျောင်ရှန်း သက်ပြင်းချလိုက်တယ်..။ယင်းနောက် သူ့ရဲ့ အမူအရာက..လေးနက်သွားပြီး ဒါရိုက်တာ ချန်းကို စိုက်ကြည့်လိုက်တယ်..။

အဲ့အချိန်မှာတော့ ဒါရိုက်တာချန်းဟာ ချွေးတွေ ထွက်ပြီး တုန်ရီနေခဲ့ပါပြီ..။သူ အန္တာရာယ်အငွေ့အသက်ကိုတောင် ခံစားမိလိုက်ပါတယ်..။

"ဥက္ကဌ ကျွန်တော်..."

သူတစ်ခုခု ပြောချင်ပေမယ့်..သူ မပြောနိုင်ခင်မှာပဲ ကျန်းကျောင်ရှန်းရဲ့ ဖြတ်ပြောတာကို ခံလိုက်ရတယ်..။

"အခုက စပြီး မင်းရဲ့ တာဝန်တွေကို ရပ်စဲလိုက်ပြီ..။မင်း အပေးအယူတွေ လုပ်ခဲ့တာနဲ့ ပတ်သက်ပြီးကတော့ နောက်မှ ဖြည်းဖြည်းချင်း ဖြေရှင်းမယ်.."

ဒါရိုက်တာ ချန်း ဒါကို ကြားတဲ့ အချိန်မှာ ကြောင်အသွားခဲ့တယ်..။သူ့ခြေထောက်တွေဟာ ပျော့ခွေသွားပြီး မတည်မငြိမ်ဖြစ်လာခဲ့ပါတယ်..။

တကယ်လို့ သူ့ တာဝန်တွေသာ ရပ်ဆိုင်းခံလိုက်ရလို့ ရှိရင် သူတော့ အဆုံးသတ်ပါပြီ..။

အင်တာနက်..။

တရုတ်အနုပညာ အဖွဲ့အစည်း တရားဝင် ဝိုက်ဘို :

"ကျွန်တော်က တရုတ်အနုပညာ အဖွဲ့အစည်းရဲ့..ဥက္ကဌ ကျန်းကျောင်ရှန်းပါ..။ဒီလို မတော်တဆမူ ဖြစ်ခဲ့တာကြောင့် ကျွန်တော်ရဲ့ စိတ်နှလုံးကို အထူးပဲ ကြေကွဲရပါတယ်..။တရုတ်အနုပညာ လူငယ် ဖလား ဆိုတာက..လူငယ်မျိုးဆက်တွေရဲ့ အရည်အသွေးတွေကို..ဖော်ထုတ်ပေးဖို့..ရည်ရွယ်ထားတာပါ..။ဒါပေမဲ့ဒီလို အဖြစ်အပျက်မျိုး ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။အခု ဒီ

ပလက်ဖောင်းက နေပြီး အားလုံးကို ကျွန်တော် တောင်းပန်ပါရစေ..။ပြီးတော့ ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ ရတနာလို ဖြစ်နေတဲ့ မာစတာလင်း အဖွဲ့အစည်းက ထွက်မှာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဒီီလို မဖြစ်ခံမှာ မဟုတ်......"

ဒီပို့စ်က အတော်ကို ရှည်တာပါ..။ဒီဝိုက်ဘိုပို့စ်ပ လူတိုင်းကို အံ့ဩသင့်စေခဲ့တယ်..။

"ဟားးဟား..မာစတာလင်းကို ဝေဖန် နေတဲ့ ကောင်တွေ ဘယ်ရောက်သွားပြီလဲ..။ထွက်လာကြစမ်း..ကြည့်လိုက်..အဖွဲ့အစည်းက ဘာပြောထားလဲ ဆိုတာကို.."

"မာစတာလင်း..ရတနာပဲ.နားလည်တယ်မလား."

"ဒီ ဥက္ကဌ က ဒီလို မသမာ မူ မျိုး ဖြစ်လာမယ်လို့ မထင်ထားဘူးတဲ့..။ဒါပေမဲ့ အနည်းဆံူးတော့ မသမာမူက ဘယ်လောက်မှတောင် မကြာလိုက်ဘူးလေ.."

"ဘာလို့ မာစတာလင်းက ဘာတစ်ခုမှ မပြောတာလဲ..။အဖွဲ့အစည်းက တောင်းပန်နေပြီ ဆိုတော့ သူ တစ်ခုခု ပြောသင့်တယ်လေ.."

"ငါ ဘာလို့ မာစတာလု်း စိတ်ဆိုးနေတယ်လို့ ခံစားနေရတာလဲ..။သူက ID ကတ်ကိုတောင် စုတ်ဖြဲ ခဲ့တယ် ဆိုတော့ တကယ်များ အဖွဲ့အစည်းက ထွက်သွားတာလား.."

…

အဲ့အချိန်တိမ်ဖြူလမ်းမှာတော့..လင်းဖန် အကြီးအကဲ လိန် နဲ့ အကြီးအကဲ ကျန်းကို ခေါ်ပြီး အပြင်ထွက်လာခဲ့တယ်..။

အကြီးအကဲ လိန် မေးလိုက်တယ်..။

"သူဌေးလေး.. ဘာတွေ လုပ်နေတာလဲ.."

လင်းဖန် ပြောလိုက်တယ်..။

"ကလေးတွေ အတွက် ဆုတွေ သွားဝယ်မလို့လေ..။ကျုပ်အဖွဲ့အစည်းက ပေးတဲ့ ဆုကို မလိုချင်ဘူး..။ကလေးတွေ ရဲ့ စိတ်ခွန်အားတွေ တိုးလာဖို့ အတွက် ကိုယ့်ဟာကိုပဲ ..ဆုတွေ ဝယ်ပေးတော့မယ်.."

အကြီးအကဲ လိန် နဲ့ အကြီးအကဲ ကျန်း တို့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်တယ်..။ယင်းနောက် သူတို့ နားလည်သွားခဲ့တယ်..။သူဌေးလေးက စိတ်ဆိုးနေခဲ့တာပါ..။တကယ်လို့ အဖွဲ့အစည်းက ပြန်တောင်းပန်ပြီး..အနိုင်ရတဲ့ စာရင်းကို ပြန်ပြင်လိုက်ရင်တောင်..သူဌေးလေးက ခွင့်လွှတ်မယ့်ပုံ မရှိပေ..။

"ကောင်းတယ် ဒီလိုပဲဖြစ်သင့်တယ်..။သူတို့က သူတို့လုပ်ချင်တိုင်း လုပ်လိုရမယ် ထင်နေတာပဲ..။ကလေးတွေရဲ့ ပန်ချီကားတွေက..ကောင်းတော့ ဆုချ သင့်တယ်လေ.."

အကြီးအကဲ လိန် ပြောလိုက်တာပါ..။

…

နောက်တစ်ရက်..။

အစကတော့ ဒီမတော်တဆ မူက သေးသေးလေးပါ..သို့ပေမယ့် လင်းဖန် ရဲ့ ပွဲကြမ်းမူကြောင့် သတင်းခေါင်းစည်းတွေ အပိုင်းကို ရောက်သွားခဲ့ပါတယ်..။သို့ပေမယ့်..ဒါက သတင်းကြီးဖြစ်နေရင်တောင် လင်းဖန်ကတော့ မသိချင်တော့ပါဘူး..။

နန်ရှမ်း ကလေး ဂေဟာတွင်..။

ထရတ်ကားလေး တစ်စီးဟာ ရောက်လာခဲ့တယ်..။

လင်းဖန်ပ ချမ်းသာတဲ့လူတစ်ယောက် မဟုတ်ပေမယ့် .သူ စုဆောင်းထားတာတွေကလည်း မနည်းပါဘူး..။

ကားရောက်လာတာနဲ့ ဒါရိုက်တာ ဟောင်ဟာ..ဝင်ပေါက်မှာ စောင့်နေခဲ့တယ်..။

"မာစတာလင်း..မနေ့က မတော်တဆမူ.."

သူမ ဒီအကြောင်းကို သိထားပြီးပါပြီ..။သူမ တရုတ်အနုပညာ အဖွဲ့အစည်းရဲ့ အခြေအနေက ဒီီလိုဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။လီဖက်တီးက ပထမ ဆုရမှာ ဖြစ်ပေမယ့် ဒုတိယ ဆုပဲ ရခဲ့တာပါ..။

သို့ပေမယ့် ကောင်းတဲ့အရာက..အခြေအနေ အလျင်အမြန် ​ပြောင်းလဲသွားတာ ပါပဲ..။အဖွဲ့အစည်းက သူ့ အမှားသူ ဝန်ခံခဲ့ပါတယ်..။

သို့ပေမယထ့ မာစတာလင်းရဲ့ အမူအရာအရ ဒီကိစ္စက သူ့စိတ်ထဲမှာ ရှိနေသေးတဲ့ ပုံပါပဲ..။

လင်းဖန် လက်ဝေ့ယမ်း လိုက်တယ်..။

"ဒါကို မပြောနဲ့ဦး..။ကလေးတွေက..တကယ် အံ့ဩဖို့ကောင်းတယ်..အချိန်ခနလောက် တွေးအပြီးမှာ နေရာ တွေက အရေးမကြီးဘူးလို့ထင်တယ်..။ထပ်ပြောရရင် ဒီအချိန်မှာ နေရာပြိုင်ဆိုင်ရတာက ကလေးတွေ အတွက်မကောင်းဘူးလေ..။ကျုပ်အတွက်တော့ သူတို့ အကုန်လုံးက နံပါတ် ၁ ပဲ..."

ဒါရိုက်တာ ဟောင် ခေါင်းညိမ့်လိုက်တယ်..။သူမလည်း မာစတာလင်း ပြောတာ အမှန်ပဲလို့ ခံစားရပါတယ်..။ယင်းနောက် သူမ ပြုံးလိုက်ပြီး..

"ဒါအမှန်ပဲ...။ကလေးတွေက အကောင်းဆုံးပဲ.."

လငိးဖန် အလုပ်သမားတွေကို ပစ္စည်းတွေ သယ်လာဖို့ အချက်ပေးလိုက်တယ်..။

"ဒါက ကျွန်တော် ကလေးတွေ အတွက်ပေးတဲ့ ဆုပဲ..။နောက်ကျရင် ဒီကိစ္စကို ထပ်မပြောနဲ့တော့.."

"သိပါပြီ.."

ဒါရိုက်တာ ဟောင် ခေါင်းညိ်မ့်လိုက်ပါတယ်..။

ဟန်လုကလည််း ပစ္စည်းတွေကို ကူသယ်လိုက်တယ်..။ဒါပေါ့ သူလည်း မနေ့က မတော်တဆမူကို သိထားပါတယ်..။သိသိချင်းတုန်းက သူအရမ်းဒေါသထွက်မိတာပါ..။သို့ပေမယ့် အခုတော့..ဒေါသ ထွက်နေလို့လည်း ဘာမှ မထူးဘူး ဆိုတာ နားလည်လိုက်ပါပြီ..။

လင်းဖန် ရောက်လာတာက ကလေးတွေ ရဲ့ အာရုံကို ဆွဲဆောင် နိုင်ခဲ့တယ်..။

လီဖက်တီးဟာ ပြေးလာခဲ့တယ်..။

"အန်ကယ်လင်း..သား ဘယ်လိုနေလဲ.."

လင်းဖန် လီဖက်တီးရဲ့ ခေါင်းကို ပုတ်လိုက်တယ်..။

"အင်း..သားတကယ် ကောင်းကောင်းလုပ်ခဲ့တယ်..။တကယ်ကို အကောင်းဆုံးပဲ..။ပြိုင်ပွဲမှာ အကုန်လုံး ဆုရကြတာဆိုတော့ အကုန်လုံးအတွက် အန်ကယ်လင်းက ဆုယူ လာခဲ့တယ်လေ.."

"တကယ်လား.."

လီဖက်တီး ဒါကို ကြားတဲ့ အချိန်မှာ သူ့ရဲ့ မျက်လံူး အကြီးကြီးတွေဟာ တောက်ပလာခဲ့တယ်။

ချီးမြောက်ခံရတာက..တခြားအရာတွေထက် ပိုပြီး ခံစားလိူ့ကောင်းတာပါ..။သူက ဘာဆုရလဲ ဆိုတာတောင် မမေးတော့ပါဘူး..။

ဆုတွေကို ဝေပေးပြီးတဲ့ အချိန်မှာ ကလေးတွေဟာ အတော်ကို ပျော်ရွှင်သွားကြတယ်..။

"အကြီးအကဲ လင်း.."

အဲ့အချိန်မှာပဲ..ရင်းနှီးတဲ့ အသံတစ်ခုကို ဝင်ပေါက်ကနေ ကြားလိုက်ရတယ်..။

ဘယ်သူလဲ ဆိုတာ မြင်တဲ့ အချိန်မှာ လင်းဖန် ကြောင်အသွားခဲ့ပါတယ်..။အကြီးအကဲ ကျန်းနဲ့ ကျန်တဲ့လူတွေ ကိုယ်တိုင် ရောက်လာမယ်လို့ မထင်ထားခဲ့ပါဘူး..။

ဒါက အကြီးအကဲ ကျန်းတင် မဟုတ်ပါဘူး..။ယွဲ့ချီဂျုရှီ နဲ့ တာအိုရှီဂန် တို့ပါ ရောက်လာခဲ့ကြတာပါ..။

လင်းဖန် အစကတော့ ပြုံးပြီး နှုတ်ဆက်ဖို့ လုပ်လိုက်မိပေမယ့် မနေ့က ကိစ္စကို ပြန်တွေးမိပြီး ခပ်တည်တည်သာ နေလိုက်တယ်..။

"ဘယ်လို ဖြစ်ပြီးရောက်လာကြတာလဲ.."

အကြီးအကဲ ကျန်း ပြုံးလိုက်ပြီး..

"တကယ်ကောင်းတယ် အကြီးအကဲ လင်း.။ကျုပ်တို့ ဒီအထိ ရောက်လာကြတာတောင်..မင်းက စိတ်ဆိုးနေတုန်းပဲ..။မင်းရဲ့ ညီအစ်ကိုတွေက ဒီအထိတောင် လာတွေ့ နေပြီလေ..။ဒါပေမဲ့ ငါတို့ မတော်တဆမူကိုလည်း သေချာ စစ်ဆေးပြီး အပြစ်ပေးခဲ့ပါတယ်.."

ယွဲ့ချီဂျုရှီ နဲ့ တာအို ရှိဂန် လည်း ပြောလိုက်တယ်..။

"ဟုတ်တယ် ..ဟုတ်တယ်..."

All Chapters