← Chapters

ဒါက လှည့်စားမူတစ်ခုပဲ...

Vol. 45 Ch. 663

ဒါက လှည့်စားမူတစ်ခုပဲ...

Vol. 45 Ch. 663

#ဘာသာပြန် = စနိုးဝှိုက်

ကျန်းကျောင်ရှန်း အကြီးအကဲ လင်းရဲ့ မပျော်ရွှင်တဲ့ မျက်နှာကို ကြည့်ပြီး ပြုံးလိုက်တယ်..။

"အကြီးအကဲ လင်း..ကျုပ်ကတော့..တစ်ခြားတွေ မပြောလိုပါဘူး..ဒါပေမဲ့ ကျုပ်တို့ သုံးယောက်က ဒီအထိတောင် ရောက်လာခဲ့တာလေ..။ငါတို့ကို ဒီမှာပဲ ထားထား တော့မလို့လား.."

လင်းဖန်က ဒေါသထွက်နေတယ် ဆိုပေမယ့် လည်း ဒါက အကြီးအကဲ ကျန်း နဲ့ ကျန်တဲ့လူတွေကြောင့် မဟုတ်ပါဘူး..။ယင်းနောက် သူ တည်ငြိမ်စွာ ပြုံးလိုက်တယ်..။

"ဒီမှာ ရောက်နေပြီ ဆိုမှတော့ အထဲဝင်ပြီး ထိုင်ကြပါ.."

ကျန်းကျောင်ရှန်း ယွဲ့ချီဂျုရှီကို ကြည့်ပြီး ပြုံးလိုက်တယ်..။သူတို့ အထဲကို ဝင်ခွင့်ရတယ် ဆိုတော့ ဒါက တိုးတက်မူကြီးပါပဲ..။

အခန်းထဲတွင်..။

"အကြီးအကဲလင်း..မင်း သိထားရမှာက..မနေ့က မတော်တဆမူကြောင့် ငါဆို ဒေါသထွက်လွန်းလို့ တစ်ယောက်ယောက်ကိုတောင် ရိုက်နှက်လုမိမတတ်ပဲ..။ငါ မင်းကို ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ဘူးလေ..။ငါထင်တာတော့ တစ်ခုခု ကြီးမားတာ ဖြစ်တော့မယ် ထင်တာ..။ဒါကြောင့်..ငါ အမြန်ရောက်လာခဲ့တာ..။လေယာဥ္ပေါ်မှာတုန်းက ငါ့ရဲ့ ရောဂါဟောင်း ပြန်ထလာတာ အတော်နာကျင်တာပဲ..။ဒါပေမယ့် ငါ့ရဲ့ ညီအစ်ကို တစိယောက် ဒေါသထွကိနေတယ် လို့ တွေးမိတော့ ဒီ နာကျင်မူက ဘာမှမဟုတ် တော့ဘူးလေ.."

ကျန်းကျောင်ရှန်း ချဲ့ကားတဲ့ အမူအရာ နဲ့..ဟန်ပန်ကို အစချီပြီး ပြောလိုက်တာပါ..။

ထပ်ပြောရရင်..ယွဲ့ချီဂျူရှီ နဲ့ တာအိုရှီဂန် တို့လည်း သူနဲ့ အတူ ပူးပေါင်းလိုက်ကြတယ်..။သူတို့လည်း ချဲ့ကားတဲ့ အမူအရာနဲ့ ​ဖော်ပြလာခဲ့ကြပါတယ်..။သူတို့ ဘာကိုမှ ဂရုမစိုက်ပဲ လင်းဖန်ကို ပဲ..သိစေချင်တာပါ..။

တကယ်လို့ လင်းဖန် သူတို့ကို ယုံကြည့်ရင် ဒါက အံ့ဩစရာ ဖြစ်သွားပါလိမ့်မယ်..။

"ဟားဟား."

လင်းဖန် ရယ်မောလိုက်တယ်..။

"အကြီးအကဲ လင်း..ခင်ဗျား ကျန်းမာရေး မကောင်းတာကို ကျုပ် ဘယ်လိုလုပ် မမြင်နိုင်ရတာလဲ..။ခင်ဗျားကြည့်ရတာ ဒီလောက်ကျန်းမာ နေတာကို..."

သူ ဒီလူတွေကို တကယ် စိတ်မဆိုးပါဘူး..။ဘာပဲဖြစ်ဖြစ်..သူတို့က ဘာဖြစ်မှန်းတောင် မသိပဲ..တစ်ခုခု ဖြစ်နေပြီ ဆိုတာ သိသိချင်း ချက်ချင်း ဖြေရှင်း ပေးခဲ့ကြတာပါ..။ဒါက သူတို့ လင်းဖန်ကို ဘယ်လောက်ထိ ဂရုစိုက်လဲ ဆိုတာကို...ဖော်ပြဖို့ လုံလောက်ပါတယ်..။

ယင်းနောက် ကျန်းကျောင်ရှန်းဟာ အကြီးအကဲ လင်းရဲ့ ဆေးပညာ ဘယ်လောက်ထိအစွမ်းထက်လဲ ဆိုတာကို မှတ်မိသွားခဲ့တယ်..။အကြီးအကဲလင်းကြောင့်သာ မဟုတ်ရင် သူ့ မြေးလေး ပြန်ကောင်းလာနိုင်မှာ မဟုတ်ပါဘူး..။ဒါကြောင့် သူ့ရဲ့ လှည့်ကွက် ကျဆုံးတော့မယ် ဆိုတာ နားလည်လိုက်ပါတယ်..။ယင်းနောက် သူ ပြုံးလိုက်ပြီး..

"ဒါက...ဒီကိစ္စကို အရင်ဆုံး မပြောပဲ နေရအောင်..။အကြီးအကဲ လင်း..အဖွဲ့အစည်းက ထွက်ဖို့ကိုတော့ ငါ ၁၀၀ ရာခိုင်နှုန်း ဆန့်ကျင်တယ်..."

ယွဲ့ချီဂျုရှီ ထပ်ပေါင်းပြောလိုက်တယ်..။

"အကြီးအကဲ လင်း က အရမ်းအလျင်လိုတာပဲ..။ဒီမတော်တဆမူ ဖြစ်လာရင် ကျုပ်တို့ကို ချက်ချင်း ပြောသင့်တယ်လေ..။တကယ်လို့ ကျုပ်တို့ သာ ဒီအကြောင်းသိရင် ဒီလိုတွေ ဘာလို့ အဖြစ်ခံမှာလဲ.."

တာအိုရှီဂန် ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်တယ် ဟုတ်တယ်..မနေ့က ဆိုရင် အကြီးအကဲ ကျန်းက အကုန်လုံးကို အစည်းအဝေးခေါ်ခဲ့တယ်လေ..။အဲ့တုန်းက သူဘယ်လောက်တောင် ..ဒေါသထွက်နေလဲ ဆိုတာ အကြီးအကဲလင်းကို မြင်စေချင်သေးတယ်..။တကယ်ကို ကြောက်စရာပဲ.."

"ကောင်းပြီ..ကျုပ်ကို ဘာလဲဆိုတာသာ ပြောပါ..။ခင်ဗျားတို့က ဘယ်ပြပွဲ အကြောင်းကို ပြောနေတာလဲ.."

လင်းဖန် မေးလိုက်တာပါ..။

ကျန်းကျောင်ရှန်း လက်ဝေ့ယမ်းလိုက်တယ်..။

"အစကတော့ ငါတို့ အရေးကြီးတာ တစ်ခုခု ပြောမလို့ပါ..။ဒါပေမဲ့ အကြီးအကဲ လင်းရဲ့ မတော်တဆမူနဲ့ ယှဥ္ရင် ဒါကဘာမှ မဟုတ်တော့ဘူးလေ..။တကယ်လို့ အကြီးအကဲ လင်းသာ အဖွဲ့အစည်းက ထွက်သွားရင် ဘယ်ဖြစ်မလဲ..။ဒါကြောင့် ကျုပ်တို့က ဖြေရှင်းဖို့ လာကြတာ.."

လင်းဖန် သူတို့သုံးယောက်လုံးကို ​ကြည့်လိုက်ပြီး..

"ခင်ဗျားရဲ့ စကားကြောင့် ကျွန်တော် စိတ်လှုပ်ရှားမယ် ထင်နေလို့လား..။ကျုပ်က အဖွဲ့အစည်းက ထွက်ဖို့ကို ဆုံးဖြတ်ပြီးသွားပြီ..။ကျုပ်ဆိုရင်..အချက်အလက်တွေကိုတောင်..စုတ်ဖြဲပြီးသွားပြီ..."

"စုတ်ဖြဲလိုက်တော့လည်း ဘာဖြစ်တုန်း..။အဖွဲ့အစည်းမှာက ဒီအချက်အလက်တွေ ရှိနေသေးတယ်လေ..။အကြီးအကဲ လင်းအတွက် အသစ်တစ်ခု ပြန်လုပ်ပေးလို့ရနေတာပဲ..။ဒီမှာကြည့်..ကျုပ်တို့ တစ်ခါတည်းတောင် ယူလာကြတယ်..။ဒ့ါအသစ်စက်စက်ပဲ..အနားသတ်ကို ရွှေကွပ်ထားသေးတယ်.."

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..

"ကျွန်တော် အဖွဲ့အစည်းက ထွက်ပြီ ဒါပဲ..။ပြန်လာမှာ မဟုတ်ဘူး.."

"မဟုတ်ဘူး..ငါတို့သဘော မတူနိုင်ဘူး..။အကြီးအကဲလင်း ကျုပ်တို့ အဖွဲ့အစည်းက ထွက်လို့ မဖြစ်ဘူး.."

ကျန်းကျောင်ရှန်း ချက်ချင်း ပြန်ပြောပြီး ခေါင်းခါယမ်းလိုက်တယ်..။အကြီးအကဲ လင်း..အဖွဲ့အစည်းက ထွက်မယ်ဆိုတာက ဟာသတစ်ခုပါပဲ..။ဒီလိုဆို အဖွဲ့အစည်းက အဓိပ္ပါယ်မရှိတဲ့ နေရာတစ်ခု ဖြစ်သွားမှာပါ..။

ထပ်ပြောရရင် အကြီးအကဲ လင်းရဲ့ ကျွမ်းကျင်မူတွေက ဒုတိယ မရှိပါဘူး..။သူတို့က အကြီးအကဲလင်း စိတ်ကြည်လင်နေတဲ့ အချိန်ဆိုရင် နောက်ထပ်..ပန်ချီလက်ရာ တစ်ခု ထပ်တောင်းဆိုဖို့တောင် စဥ္းစားထားကြတာပါ..။

အရင်တုန်းက လင်းဖန် ဆွဲထားတဲ့ ပန်ချီကားတွေကတော့ သူတို့အတွက် ရတနာ တွေပါပဲ..။သူတို့ နောက််မျိုးဆက်ကိုတောင်..ထပ်ပြီး..ကမ်းလှမ်းပေးဖို့..စဥ္းစားထားကြတာပါ..။

လင်းဖန် လေးနက်စွာ ပြောလိုက်တယ်..။

"ကျုပ်ဆုံးဖြတ်ပြီးသွားပြီ..။ပြောနေလို့လည်း ဘာမှထူးတော့မှာ မဟုတ်ဘူး..။ကျုပ်တို့ရဲ့ ဆက်ဆံရေးက ကောင်းမွန်နေပါသေးတယ်..။ခင်ဗျားတို့လည်း ဒီကို ရောက်နေပြီ ဆိုမှတော့ ဘာတွေ လိုအပ်လည်း ဆိုတာကို ပြောပါ..။အဖွဲ့အစည်းက ထွက်တဲ့ ပထမဆုံး ရက်အနေနဲ့..အဆင်ပြေအောင်လုပ်ပေးပါ့မယ်.."

ကျန်းကျောင်ရှန်း လက်ဝေ့ယမ်းပြီး လေးနက်စွာ ပြောလိုက်တယ်..။

"ငါတို့မှာ ဘာပြသနာမှ မရှိပါဘူး..။ဒီနေ့လာတယ် ဆိုတာကလည်း အကြီးအကဲ လင်းကိုအဖွဲ့အစည်းကနေ မထွက်စေချင်လို့လေ.."

လင်းဖန် သူတို့သုံးယောက်ကို ကြည့်လိုက်ပြီး နည်းနည်းတောင် ခံစားရမလို ဖြစ်သွားခဲ့ရပါတယ်..။သို့ပေမယ့် တကယ်လို့ သူသာ..ဒီလူတွေရဲ့ လှည့်ကွက်ကို မသိနေရင် တကယ် ခံစားသွားမိမှာပါ..။

"အန်ကယ်လင်း.."

ယင်းနောက် လီဖက်တီး ပြေးဝင်လာခဲ့တယ်..။

ကျန်းကျောင်ရှန်း ကြောင်အသွားခဲ့ပြီး..

"အကြီးအကဲလင်း..ပထမ ဆုကို ဆွဲသွားတဲ့ကလေးက ဒီ လီဖက်တီး မလား.."

"ဟုတ်တယ်..ဒီပန်ချီကားက ပထမ ဆုနဲ့ ထိုက်တန်တယ် ဆိုတာကို ကျုပ်ကလွဲပြီး ဘယ်သူမှ မသိတော့ဘူးလို့ ထင်ထားတာ.."

လင်းဖန် တစ်ခြားအဓိပ္ပါယ်တစ်ခုကို ရည်ရွယ်ပြီး ပြောလိုက်တာပါ..။သူ မနေ့က ကိစ္စကို သိပ်ကျေနပ်သေးတာ မဟုတ်ပါဘူး..။

အကြီးအကဲ ကျန်း နဲ့ ကျန်တဲ့လူတွေဟာ နားလည်လိုက်တယ်..။သူတို့ ပြုံးလိုက်ပြီး..

"ဘယ်သူ ပြောလို့လဲ..ကျုပ်တို့အကုန် ပြောနိုင်တာပေါ့..။လီဖက်တီး သားက တကယ်တော်တာပဲ.။သား အဖိုးတို့နဲ့ တရုတ်အနုပညာ သင်ယူချင်လား.."

လီဖက်တီး သူတို့ကို ကြည့်လိုက်ပြီး လင်းဖန် ဆီလျောက်သွားလိုက်တယ်..။

"ဟင့်အင်..သားကို အန်ကယ်လင်းက သင်ပေးမှာ.."

လင်းဖန် လီဖက်တီးရဲ့ ခေါင်းကို ပုတ်ပြီး ပြောလိုက်တယ်..။

"လီဖက်တီး သွားကစားလိုက်ဦး..။အန်ကယ် ဒီမှာ ဆွေးနွေးစရာ ရှိသေးတယ်.."

"အိုကေ.."

လီဖက်တီး အလိုက်တသိပဲ ထွက်သွားခဲ့ပါတယ်..။

လင်းဖန် ပြောလိုက်တယ်..။

"ဒီအကြောင်း တွေးတောင် မတွေးနဲ့..။ဘယ်သူကများ ကျုပ်ထက်ကောင်းအောင် သင်ပေးနိုင်မှာလဲ..။ထပ်ပြောရရင် လီဖက်တီးက ထိပ်တန်း အရည်းအသွေးနဲ့ လက်ဆောင်ကို ရထားတာပဲ..။သူက အသက် ၃၀ မတိုင်ခင်မှာတင် ကမ္ဘာ့အကောင်းဆုံး ပန်ချီပညာရှင် ဖြစ်လာလိမ့်မယ်..။ခင်ဗျားတို့ တကယ် နောင်တရကြမှာ.."

အကြီးအကဲ ကျန်း ကြောင်အသွားခဲ့တယ်..။

"အကြီးအကဲ လင်း..မင်း နောက်နေတာ မဟုတ်ဘူးမလား.."

လင်းဖန် ပြုံးလိုက်ပြီး..

"ခင်ဗျား မယုံလို့လည်း ဘာမှ မဖြစ်ပါဘူး..။​ေ၇ာင်းပြီ အများကြီး မပြောနဲ့တော့..ကျုပ်ဆီက ဘာလိုချင်တာလဲ..။တည့်တည့်ပဲ ပြောရအောင်.."

လင်းဖန် တကယ် ပြန်မလာတော့ဘူးဆိုတာ အကြီးအကဲ ကျန်း နားလည်လိုက်ပါတယ်..။သူ စိတ်ပူသွားခဲ့ပြီး..

"အကြီးအကဲ လင်း..ဒီလို မလုပ်ပါနဲ့..။ကျုပ်တို့ ဒီလောက် အဝေးကြီးက လာရတာလေ..။တကယ် မျက်နှာသာ မပေးတော့ဘူးလား.."

လင်းဖန် သူတို့ သုံးယောက်ကို ကြည့်ပြီး ဘေးကြပ်နံကြပ် ဖြစ်သွားခဲ့တယ်..။

ဒါက သူတို့ကို မျက်နှာသာ ပေးတာ မပေးတာ နဲ့ ဘာမှ မဆိုင်ပါဘူး..။ဒါက သူ မနေ့က ဝိုက်ဘိုမှာ ရှင်းရှင်းလင်းလင်း ပြောထားတဲ့ ကိစ္စပါ..။တကယ်လို့ သူသာ ကိုယ့်စကားကို မတည်ရင် ဟာသတစ်ခု ဖြစ်သွားတော့မှာပါ..။သူ ဒီလို အဖြစ်မျိုးတော့ မရောက်ချင်ပါဘူး..။

ကျန်းကျောင်ရှန်းက ဥာဏ်ထက်တဲ့ လူတစ်ယောက်ပါ..။အကြီးအကဲ လင်း.ဘယ်လို ပြသနာ နဲ့ ကြုံနေတာလဲ ဆိုတာကို သူ တစ်ချက်ကြည့်ရုံနဲ့ ပြောနိုင်ပါတယ်..။ဒါက စိတ်ချင်းဆက်သွယ်နိုင်လို့ မဟုတ်ပဲ..သူ့ရဲ့ ရင့်ကျတ်တဲ့ အတွေ့အကြုံတွေကြောင့် အခြေအနေတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်တာပါ..။

ယင်းနောက် လင်းဖန် ဘာမှ မပြောရသေးခင်မှာပဲ.အကြီးအကဲ ကျန်း ဖုန်းကို ထုတ်လိုက်တယ်..။

တရုတ်အနုပညာ အဖွဲ့အစည်း တရားဝင် ဝိုက်ဘို..

"တရုတ်အနုပညာ အဖွဲ့အစည်းရဲ့ ဥက္ကဌ တစ်ယောက်အနေနဲ့ ကျွန်တော် ရှန်ဟိုင်းကိုလာပြီး မာစတာလင်းကို..အဖွဲ့အစည်းဆီ ပြန်လာဖို့ တောင်းဆိုနေတာပါ..။မနေ့က အဖွဲ့အစည်းက ထွက်မယ်ဆိုတဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ်ကိုတော့..အဖွဲ့ဝင်တွေ အကုန်လုံးက သဘောမတူကြပါဘူး..။ဒါကြောင့် ဘယ်လို ကိစ္စမျ်ိုးပဲ ရှိပါစေ..ကျုပ်တို့ မာစတာလင်းကို အဖွဲ့အစည်းဆီ ပြန်လည် ခေါ်ဆောင်ဖို့....."

"အကြီးအကဲလင်း ဒီလောက်ဆို အဆင်ပြေတယ်မလား..။တကယ်လို့မင်း သဘောမတူ ဘူးဆိုရင် ငါတို့ တကယ် ဒေါသထွက်ပြီး သေကြရလိမ့်မယ်.."

ကျန်းကျောင်ရှန်း လင်းဖန်ကို သူ့ရဲ့ ဖုန်းပြပြီး ပြောလိုက်တာပါ..။

လင်းဖန် ကြောင်အသွားခဲ့တယ်..။အကြီးအကဲ ကျန်းက သူ့အတွက်နဲ့ ဒီလိူတွေ အထိတောင် လုပ်ပေးတာကိုမြင်ပြီး ခံစားသွားခဲ့ရပါတယ်..။သို့ပေမယ့် သူ ခံစားချက်တွေကို ထုတ်ဖော်လို့ မဖြစ်ပါဘူး..။သူကို အဖွဲ့အစည်းထဲ ပြန် ခေါ်ဖို့ မလွယ်ဘူးဆိုတာကို ဒီလူတွေကို သိစေချင်ပါတယ်..။

သူ ခနလောက် တွေဝေနေခဲ့တယ်..။

"ဟင်း..ထားလိုက်တော့..။ခင်ဗျားတို့ ဒီလောက်အထိတောင် လုပ်ပေးနေမှတော့ ကျုပ်က ဘာတတ်နိုင်တော့မှာလဲ..။ဒါပေမဲ့ တစ်ခုတော့ ရှိတယ်..။နောက်ထပ်ခါ ဒီလိူထပ်ဖြစ်လာရင် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူးနော်.. "

လင်းဖန် ပြောလိုက်တာပါ..။

ဒါကိုကြားပြီး နောက်မှာမှ အကြီးအကဲ ကျန်း နဲ့ ကျန်တဲ့လူတွေဟာ ရယ်နိုင်ခဲ့ကြပါတယ်..။သူတို့..လင်းဖန်ကို ချက်ချင်း ပြန်ပြောလိုက်ကြတယ်..။

"စိတ်မပူပါနဲ့..ဒါမျိုးနောက်တစ်ကြိမ်ဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး.။ဒီလို ဆိုမှတော့..ကျုပ်တို့ တစ်ခြား အကြောင်းအရာ တစ်ခုကို ဆွေးနွေးလိုက်ကြရအောင်.."

"ချီးပဲ..ဒီလိုဆို ခင်ဗျားတို့ သုံးယောက်မှာ တကယ်ပဲ ကျုပ်နဲ့ ဆွေးနွေးစရာ ကိစ္စ ရှိနေတာပေါ့.."

လင်ဖန် အကူညီမဲ့စွာ ရေရွတ်လိုက်ပါတယ်..။ဒီလူတွေ သူ့ကို လှည့်စားနေမှန်း သိရဲ့သားနဲ့တောင် နောက်ဆုံးတော့ သူ ခံလိုက်ရပါပြီ..။

All Chapters