အခန်း (၆၆၄)
Vol. 45 Ch. 664
#ဘာသာပြန် = စနိုးဝှိုက်
လင်းဖန် သူတို့သုံးယောက်ကို သိချင်စွာ ကြည့်လိုက်ပြီး..
"ခင်ဗျားတို့ သုံးယောက် မကောင်းဘူးဆိုတာကို ကျုပ်သိသားပဲ..။ဒီတစ်ကြိမ် ခင်ဗျားတို့က ကျုပ်ကို အဖွဲ့အစည်းထဲ ပြန်ခေါ်ဖို့ လာသလို ဟန်ဆောင်ခဲ့ကြတယ်..။ကျုပ် ထင်တာက..ခင်ဗျားတို့ တစ်ခြား အကြောင်းအရင်း ရှိလောက်မယ်လိူ့ ထင်ထားတာ.."
ကျန်းကျောင်ရှန်း ဒါကို ကြားတဲ့ အချိန်မှာ သည်းမခံနိုင်ခဲ့ပါဘူး..။သူက ငါ့ကို မကောင်းပြော နေတာ မဟုတ်ဘူးလား..။သူ ချက်ချင်း ထရပ်လိုက်ပြီး
"အကြီးအကဲ လင်း..မင်း ငါ့ကို ဆူလိူ့ ရတယ် ရိုက်နှက်လို့ ရတယ်..ဒါပေမဲ့ အရှက်ခွဲလို့တော့ မရဘူးလေ.."
.
"ကျုပ် ခင်ဗျားကို အရှက်မခွဲပါဘူး.."
လင်းဖန် အနည်းငယ် စိတ်ရှုပ်သွားတယ်..။သိူ့ပေမယ့် သူ အကြီးအကဲ ကျန်းရဲ့ စိုးရိမ် နေတဲ့မျက်နှာကို မြင်ပြီး သူ စိတ်ထဲကနေ ရယ်မောလိုက်ပါတယ်..။
ပုံမှန်အားဖြင့် အကြီးအကဲ ကျန်းကို သိတဲ့လူတွေက သူ့ကို မရိုမသေ မဆက်ဆံရဲပါဘူး..။
အကြီးအကဲ ကျန်းက သာမန်လူတွေ ရှေ့မှာ ဒီလို မပြုမူပေ..။သူ့ရဲ့ ဒီလို ပုံစံက ရင်းနှီးတဲ့ လူတွေရဲ့ ရှေ့မှာပဲ ဖြစ်နိုင်တာပါ..။
တကယ်လို့ ဒါကိုသာ တစ်ခြားလူတွေ မြင်သွားရင် သူတို့ အတော်ကို အံ့ဩသွားကြပါလိမ့်မယ်..။
ကျန်းကျောင်းရှန်း လေးနက်စွာ ပြောလိုက်တယ်..။
"ငါတို့သုံးယောက်လာတယ် ဆိုတာက မင်းကို အဖွဲ့အစည်းဆီ ပြန်လာစေချင်ယုံ သက်သက်ပါ..။တစ်ခြား ဘယ်လို တုံးအတဲ့ အကြောင်းပြချက်မျိုးမှ မရှိပါဘူး..။အကြှီးအကဲ လင်းက တစ်ခြားအရာတွေ ထက် ပိုပြီး အရေးကြီးတယ်လေ.."
"ဟုတ်တယ် ဟုတ်တယ်.."
ယွဲ့ချီဂျုရှီ နဲ့ တာအိုရှီဂန် တို့လည်း အကြီးအကဲ ကျန်းရဲ့ ရှင်းပြချက်ကို သဘောတူညီစွာ ထောက်ခံလိုက်ကြပါတယ်..။
* ရယ်မောသံ *
လင်းဖန် တောင့်မခံနိုင်တော့ပဲ သဘောကျစွာရယ်ေမာလိုက်တယ်..။
"ကောင်းပြီ ကောင်းပြီ..။ဘာမှ မသိတဲ့လူတွေကတော့ ခင်ဗျားတို့ကို ရိုးသားတဲ့လူတွေလို့ ထင်ကုန်ကြတော့မှာပဲ..။ကျုပ် ဒီကိစ္စကို ထပ်မပြာတော့ဘူး..။အစောက ဆွေးနွေးမယ် ဆိုတဲ့ ကိစ္စကိုသာ ေပြာတော့.."
"ဟားဟား..အကြီးအကဲလင်းက သဘောထား ကျဥ္းမြောင်းတဲ့ လူတစ်ယောက် မဟုတ်တာ ငါသိသားပဲ..။တကယ်လို့ တစ်ယောက်ယောက်သာ အကြီးအကဲ လင်းကို စိတ်သဘောထား ကျဥ္းမြောင်းတဲ့လူလို့ ပြောရဲရင် ငါသူ့ကို သေအောင်လုပ်ပစ်မယ်..",
ကျန်းရှောင်ရှန်း သဘောကျစွာ ပြုံးပြီး ပြောလိုက်တာပါ..။
ယွဲ့ချီဂျုရှီနဲ့ တာအိုရှီဂန် တို့ဟာ အကြီးအကဲ ကျန်းကို မယုံနိုင်စွာ ကြည့်လိုက်ကြတယ်..။သူကပဲ အကြီးအကဲလင်းကို စိတ်သဘောထား ကျဥ္းမြောင်းတဲ့လူလို့ ပြောနေတာ မဟုတ်ဘူးလား...။
သိူ့ပေမယ့် အနည်းဆုံး အရာရာတိုင်းက အဆင်ပြေသွားပါပြီ..။ဒီမတော်တဆမူက အခုချိန်မှာ ဘာမှ မဟုတ်တော့ပါဘူး..။
"ကောင်းပြီ ကောင်းပြီ...တုံးအတာတွေ ဆက်ပြီး မကစားနဲ့တော့..။ခင်ဗျားတို့ရဲ့ လှည့်ကွက်တွေကို ကျုပ်မမြင်နိုင်ဘူးလို့ ထင်နေတာလား..။ကျုပ်ထင်တာကတော့ သဘောထား ကျဥ္းမြောင်းတယ်လို့ ပြောနေတာ အကြီးအကဲ ကျန်းပဲ.."
လင်းဖန် ရယ်မောလိုက်တယ်..။
ကျန်းကျောင်းရှန်းကတော့ သူ့လှည့်ကွက်ကို ဖော်ထုတ်ခံရသလို ခံစားလိုက်ရပါတယ်..။
"ထားလိုက်တော့..ဒီတိုင်း နောက်ပြောင်တယ်လို့ပဲ သဘောထားလိုက်..။တကယ်တော့ နိုင်ငံတကာ ပန်ချီကား ပြပွဲမှာ ငါတို့မပါဘူး.။နိုင်ငံတကာ အဆင့်မှာက ရေပန်းစားတာက ဆီနဲ့ဆွဲတဲ့ ပန်ချီကားတွေပဲလေ..။ဒါပေမဲ့ ဂျပန်က ငနဲက.တရုတ်ပြည်က ပန်ချီကားတွေက အဆင့်မမှီဘူးလို့ လူသိရှင်ကြားပြောခဲ့တယ်..။ငါတို့ရဲ့ ပန်ချီကားတွေက အမှိုက်သာသာပဲ ရှိပြီး ပါရင်လည်း နောက်ဆုံးပဲ ရမှာလို့ ပြောခဲ့တယ်လေ..။မင်းပဲ စဥ္းစားကြည့် ငါဒေါသမထွက်ပဲ နေမလား ဆိုတာကို.."
"ထပ်ပြောရရင် ဒါတင်မဟုတ်သေးဘူး..ကိုရီးယားက အနုပညာ အသိုင်းအဝိုင်းကလည်း အတော်ကို မောက်မာကြတယ်..။သူတို့ ပြောတာက ကျုပ်တို့ရဲ့ ပန်ချီလက်ရာတွေက သူတို့ဆီက ဆင်းသက်လာတာတဲ့..။ဒီစကားတွေကို ငါသည်းခံနိုင်မယ်လိူ့ ထင်လား..။ဒါပေါ့ ငါ ဘယ်သည်းခံနိုင်ပါ့မလဲ..။အရင်တုန်းက ဆိုရင် ငါ သေနတ်ကို ကိုင်ပြီး အင်း....ထားလိုက်တော့...ငါ ဒီအကြောင်းဆက်မပြောတော့ဘူး..။အခုက ငြိမ်းချမ်းနေတဲ့ အချိန်ဆိုတော့ ဒီလေထုကို ဖျက်ဆီးလို့မရဘူး.."
အကြီးအကဲ ကျန်း ဒေါသထွက်နေပေမယ့် နောက်ဆုံးမှာ သူ့ကိုသူ ထိန်းချုပ်နိုင်ခဲ့ပါတယ်..။
ယွဲ့ချီဂျုရှီ နဲ့ တာအိုရှီဂန် တို့ဟာ ဘေးမှာထိုင်ပြီး ခေါင်းတညိမ့်ညိမ့် ရှိနေကြတယ်..။ကြည့်ရတာ သူ့တို့က လှည့်စားလို့ မအောင်မြင်ရင် လက်လျော့မယ့် ပုံစံ မရှိပါဘူး..။
လင်းဖန် သူတို့ကို တုံးအစွာ ကြည့်လိုက်ပြီး..
"ခင်ဗျားတို့ ရိုးသားကြလို့ မရဘူးလား..။ကျုပ်ဘာလို့ ဒါက အလိမ်အညာကြီးလို့ ခံစားနေရတာလဲ. "
အကြီးအကဲ ကျန်း ညင်သာစွာ ချောင်းဆိုးလိုက်ပြီး...
"ငါ နည်းနည်း ချဲ့ကားပြီး ပြောနေပေမယ့် ဒီလို အဓိပ္ပါယ် တွေ ရှိနေတယ် ဆိုတာတော့ ကျိန်းသေတယ်..။အရင်မျိုးဆက်တုန်းက ပန်ချီဆရာကြီးတွေကလည်း ဒီတို်င်း ပန်ချီပဲ ဆွဲခဲ့ကြတာ မဟုတ်ဘူးလေ..။အခု ငါတို့ မျိုးဆက်မှာ ပိုတိုးတက်လာတယ် ဆိုတာကို သက်သေပြရမယ်။ငါတို့က နိုင်ငံကို ဂုဏ်တက်အောင် လူပ်ပေးမှ နိုင်ငံသားတွေကလည်း နိုင်ငံရဲ့ ရတနာကို ဂုဏ်ယူကြမှာလေ..။ဒါကြောင့် ငါက အကြီးအကဲလင်းက အဖွဲ့အစည်းကို ကိူယ်စားပြုပြီး သူတို့ကို ရိုက်နှက်ပေးဖို့ မျှော်လင့်နေတာ..."
"ခင်ဗျား ပြီးပြီလား..."
လင်းဖန် ကျန်းကျောင်ရှန်းကို ကြည့်ပြီး မေးလိုက်တာပါ..။အကြီးအကဲ ကျန်းက နိုင်ငံ ဂုဏ်တက်မယ့်စကားတွေပဲ ပြောနေတော့ တောင့်ခံဖို့ခက်ခဲပါတယ်..။
"ပြီးပြီ.."
ကျန်းကျောင်ရှန်း ခေါင်းညိမ့်လိုက်ပြီး သူပြောနေတာက နွားကို ပလာတာ ကျွေးနေသလို ခံစားလိုက်ရတယ်..။တကယ်လို့ တစ်ယောက်ယောက်သာသူ ပြောနေတဲ့ နိုင်ငံကို ဂုဏ်တက်စေမယ့် အကြောင်းကို ကြားရင် သွေးတွေ ဆူပွက်လာပြီး ကြိုးစားချင်စိတ်တွေ ဖြစ်လာမှာပါ..။ဒါပေမဲ့ အကြီးအကဲလင်းက တော့ တည်ငြိမ်နေပြီး သူ့ကို ပြောနေတာ မဟုတ်တဲ့ အတိုင်းပါပဲ..။ဒါက အတော်ထူးဆန်းပါတယ်..။
လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..
"ကောင်းပြီလေ..အကြီးအကဲ ကျန်း ကိုယ်တိုင်လာနေမှတော့ ငြင်းပယ်လိုက်ရင် မျက်နှာသာ မပေးရာ ကျသွားမှာပေါ့..။အဲလို ဆိုရင် စစ်တပ်နဲ့တောင် လာအဝိုင်းခံရနိုင်တယ်။ဒါက ကြောက်စရာ မကောင်းဘူးလား.."
အကြီးအကဲ ကျန်း ဟာ အနည်းငယ် ရှက်ရွံ့သွားခဲ့တယ်..။
"အကြီးအကဲလင်း ဘယ်လိူလုပ်ပြီး ဒီလို တွေးနိုင်တာလဲ..။ငါ့ရဲ့ အင်အားက ငါချစ်ရတဲ့ သူငယ်ချင်းတွေ မိသားစုတွေကို ကာကွယ်ဖို့ပဲ..။သူတို့ကို ဖျက်ဆီးဖို့ မဟုတ်ဘူး..။ဒါပေမဲ့ အမှန်တကယ်ပဲ သူတို့ကို ပြဖို့ အကြီးအကဲလင်းကို ပန်ချီဆွဲပေးစေချင်တာ..။အကြီးအကဲလင်းက ..အရမ်းကို ခွန်အားတက်ကြွနေတာ ဆိုတော့ ဘယ်နှစ်ခုလောက်ဆွဲနိုင်မလဲ.."
လင်းဖန် ပြုံးပြီး မေးလိုက်တယ်..။
"ခင်ဗျားတို့က ဘယ်နှစ်ခု ဆွဲစေချင်တာလဲ.."
ကျန်းကျောင်ရှန်း နဲ့ တစ်ခြားလူတွေ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်တယ်..။သူတို့က တစ်ယောက်နဲ့ တစ်ယောက် မေးသလိုပုံစံမျိုးနဲ့..
"ငါတို့ အတွက်ပါ တစ်ခုစီ ဆွဲခိုင်းသင့်လား..."
သူတို့တွေ အချက်ပြနေတာကို မြင်ပြီး လင်းဖန် ဒေါသထွက်သွားတယ်..။သူချက်ချင်းပဲ သူတို့ကို အော်ပြောလိုက်ပါတယ်..။
"ခင်ဗျားတို့ သုံးယောက် လောဘအရမ်းကြီးနေတာပဲ..။တစ်ယောက် တစ်ခုစီ ဟုတ်လား..။ကျုပ်ကို ဒေါသထွက်ပြီး သေစေချင်နေတာလား..။ကျုပ်က ကိုးခု ဆယ်ခု လောက်ပဲ ဆွဲနိုင်မှာလေ.."
လင်းဖန် စဥ္းစားပြီးမှ ဆက်ပြောလိုက်တာပါ..။ဒီ
ပန်ချီကား အရေအတွက်က မဆိုးဘူးလိူ့ သူ ခံစားလိုက်ရပါတယ်..။ထပ်ပြောရရင် သူ့ရဲ့ ဂုဏ်သတင်းအတွက် အကောင်းဆုံးတွေပဲ ရွေးချယ်ရမှာပါ..။သိူ့ပေမယ့် လိုအပ်သလောက် ပန်ချီကား အကုန်လုံးကို သူတစ်ယောက်တည်းကပဲ မဆွဲပေးနိုင်ပါဘူး..။
"ဘာ..."
သုံးယောက်လုံး လင်းဖန် ပြောတာကို ကြားပြီး ကြောင်အသွားခဲ့တယ်..။သူတို့ မယုံကြည်နိုင်တဲ့ ပုံစံနဲ့..
"အကြီးအကဲလင်း ဘယ်နှစ်ခုလို့ ပြောလိုက်တာ..၁၀ ချပ်လို့ ပြောလိုက်တာလား.."
လင်းဖန် သူတို့ကို စိုက်ကြည့်လိုက်ပြီး..
"လောဘမကြီးကြနဲ့..။ပန်ချီကား ၁၀ ချပ်ဆိုတာက လုံလောက်နေပြီ..။ကျုပ် ခင်ဗျားတို့ အတွက်ပါ ထပ်ဆွဲရင် အရမ်းများသွားလိမ့်မယ်.."
ကျန်းကျောင်ရှန်း လက်ဝေ့ယမ်းလိုက်ပြီး လင်းဖန်ကို ဖက်လိုက်တယ်..။
"အကြှီးအကဲလင်း..ငါ ဆိုတဲ့ အကြီးအကဲ ကျန်းက အရင်တုန်းက ဘယ်သူ့ကိုမှ မလေးစားဖူးခဲ့ဘူး..။ဒါပေမဲ့ ဒီနေ့တော့ ငါ မင်းကိုလေးစားသွားပြီ..။မင်းက ငါ့မျက်လုံးထဲမှာ နတ်ဘုရားပဲ..။ပန်ချီကား ဆယ်ချပ်..ငါကတော့ သူတို့တွေ မင်းရဲ့ ကျွမ်းကျင်မူတွေကြောင် ဆွံ့အကုန်ကြမှာပဲ.."
ယင်းနောက် သူတို့တွေ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ငိုတောင်ငိူချင်နေခဲ့ပါပြီ..။သူတို့အစကတော့ ပန်ချီကား တစ်ချပ်ပဲ ဆွဲခိုင်းဖို့လာကြတာပါ..။သို့ပေမယ့် အကြီးအကဲလင်းက ဒီလောက်ရက်ရောမယ်လို့ မထင်ထားခဲ့ပါဘူး..။သူက ဆယ်ချပ်ဆွဲပေးမယ်လို့ ချက်ချင်းပြောခဲ့တာပါ..။
လင်းဖန် အကြီးအကဲ ကျန်းကို တွန်းထုတ်လိုက်ပြီး..
"ခင်ဗျားတို့ ဘယ်ချိန်လိုချင်တာလဲ.."
"တစ်လ အတွင်း..။ဒါပေမဲ့ ငါတို့က ၁၅ ရက် စောပြီး ရမှ ပြတိုက်ကို ပို့ထားလို့ရမှာလေ..။အဲ့အချိနိဆို လုံလောက်ရဲ့လား.."
အကြီးအကဲ ကျန်း မေးလိုက်တာပါ..။
"၁၅ ရက်လား.."
လင်းဖန် ခနလောက် တွေဝေသွားခဲ့တယ်..။ပြီးမှ ခေါင်းညိမ့်လိုက်ပြီး။
"အင်း..ဒါက လုံလောက်ပါတယ်..။စိတ်မပူပါနဲ့..."
"ဖြည်းဖြည်းနဲ့ မှန်မှန်ပဲ..."