လေးစားလွန်းတဲ့ တပည့်.
Vol. 45 Ch. 665
#ဘာသာပြန် = စနိုးဝှိုက်
အကြီးအကဲ ကျန်းနဲ့ ကျန်တဲ့လူတွေဟာ နောက်ဆုံးတော့ သူတို့ရဲ့ ဆန္ဒတွေ ပြည့်ဝသွားခဲ့တယ်..။သူတို့ လက်ရှိအချိန်မှာ ဖိအားတွေ လျော့နည်းသွားသလိုပါပဲ..။
သိူ့ပေမယ့်.အခုသူတို့ ရဲ့ ပြသနာက ဖြေရှင်းပြီးသွားပြီဆိုတော့..နန်ရှမ်းဂေဟာ နဲ့ ပြသနာကလည်း အဆုံးသတ်သွားပါပြီ..။
သူတိူ့က..နေရာတွေကို ချိန်းလို့လည်း ဘာမှမဖြစ်ဘူးထင်နေတာလား...
ဒါက ကောင်းမွန်တဲ့ အရာတော့ မဟုတ်ပါဘူး..။
ပထမဆုကို ပိုင်ဆိုင်သင့်တဲ့လူက တစ်ယောက်တည်းသာ ဖြစ်ပြီး အဲဒီလူက လီဖက်တီးပါ..။
ဒုတိယ နေရာမှာ အယောက် ၂၀ ရှိပြီး တတိယ ဆုနဲ့ နှစ်သိမ့်ဆုတွေကလည်း နနိရှမ်းဂေဟာကပါ..။သို့ပေမယ့် တရုတ်အနုပညာ အဖွဲ့အစည်းက တကယ်ကို ချမ်းသာတယ်လို့ ပြောလိူ့ရပါတယ်..။ဆုရမယ့် ကလေးတွေကို ချီးမြင့်မယ့်..ဆုက တကယ်ကို မသေးပါဘူး..။
အကြီးအကဲကျန်း နဲ့ ကျန်တဲ့ လူတွေဟာ..ကလေးတွေကို တစ်ရက်လုံး သင်ပြပေးပြီးမှ ပြန်သွားခဲ့ကြတယ်..။သူတို့က အဓိကအားဖြင့် တရုတ်အနုပညာ နဲ့ ပတ်သတ်တဲ့ ပုံပြင်တွေကိုပဲ ပြောပြသွားခဲ့ကြတာပါ..။
လင်းဖန် ရဲ့ ၁၅ ခုမြောက်အသိပညာ အခန်းကတော့ အခုထိ မပြီးမြောက်သေးပါဘူး..။ဒါက သူ ဘာမှ မလုပ်ဆောင်ရသေးလို့ပါ..။
သူ ၁၅ ခုမြောက်အသိ့ညာကို လီရူ ဆီကနေ ရခဲ့တာပါ..။ဒါက ကားမောင်းတဲ့ ပညာရပ်ဖြစ်ပြီး..ပုံမှန် အသိပညာ အခန်းလို့တောင် ပြောလို့ရပါတယ်..။သို့ပေမယ့် စွယ်စုံကျမ်းက ချင်းထျန်ဘေ..ပြိုင်ပွဲကို ထည့်ပြောထားတာကြောင့်..သူ ဒါကို ဘယ်ချိန် ပြည့်မြောက်အောင် လူပ်ရမလဲ မသိတော့ပါဘူး..။
သို့ပေမယ့် တကယ်လို့ သူသာ ဘေဂျင်းက ချန်းဟိုင်ဂီ ကို မေးရင် အဖြေကို သိလောက်မှာပါ..။
ဘေဂျင်းတွင်..။
ချန်းဟို်င်ဂီဟာ သူ့သူငယ်ချင်း မိတ်ဆွေတွေ နဲ့ စားသောက် နေခဲ့ကြတယ်..။
သူတို့ ထဲက တစ်ယောက်ဟာ ပျော်ရွှင်စွာ ပြောလိုက်တယ်..။
"အားလုံးပဲ ဒါက ကျုပ်ရဲ့ အစ်ကိုကြီး ချန်းဟိုင်ဂီ..။အစ်ကိုကြီးက ဘေဂျင်းမှာတော့ လူပ်ပိူင်ခွင့်အပြည့် ရှိတယ်လေ."
လူတိုင်းက ချန်းဟိုင်းဂီကို ကြောက်ရွံ့မူတွေ နဲ့ ကြည့်လိုက်ကြတယ်.။ဒါက ကျော်ကြားနေတဲ့ ဘေဂျင်းရဲ့ မင်းသားလေး ဖြစ်နိုင်ပါတယ်..။
သူ့ကြည့်ရတာ ဩဇာတိက္ကမ နဲ့ ပြည့်စုံပြီး အောင်မြင်တဲ့ လူတစ်ယောက် မှန်း သိသာစေပါတယ်..။
ယင်းနောက် ချန်း ဟိုင်ဂီ ကြည့်ပြီး ထိုင်လိုက်တယ်..။လူတိူင်းက သူ့ကို မနာလိုစွာ ကြည့်နေတာကို သူခံစားမိပါတယ်..။
သူ့အကြောင်း ပြောနေတဲ့ ငနဲဟာ ဆက်ပြောလိုက်တယ်..။
"ကျုပ်အစ်ကိုကြီးက အံ့ဩဖို့ကောင်းတယ်နော်..။သူက ဘေဂျင်းရဲ့ မင်းသားအစစ်ဖြစ်တဲ့ ကျို့ထျန်းဖူ နဲ့လည်း သူငယ်ချင်းတွေလေ..။မစ္စတာ ကျို့ က ဘယ်သူလည်း ခငိဗျားတို့ သိလား..။သူ ဘယ်သူလည် ခင်ဗျားတို့ မသိဘူးဆိုတာ ကျုပ်လောင်းရဲတယ်..။ဘာပဲဖြစ်ဖြစ် သူ့ရဲ့ အဆင့်အတန်းက ခင်ဗျားတို့ အတွက် အရမ်းမြင့်လွန်းတယ်လေ..။သူ ဘယ်သူလဲ မသိတာက ခင်ဗျားတို့ အတွက်ပံူမှန်ပါပဲ..။ဒါပေမဲ့ ကျုပ်ပြောနိုင်တာ သခင်လေး ကျို့ရဲ့ လုပ်ပိုင်ခွင့်တွေက ဘေဂျင်းမှာတော့ တကယ်ကို အံ့ဩစရာပဲ.."
ကလင် ကလင်..
ယင်းနောက် ချန်းဟိုင်ဂီ ရဲ့ ဖုန်းဟာ မြည်လာခဲ့တယ်..။သူ့ရဲ့ အပေါင်းအသင်းတွေက သူ့အကြောင်း မြောက်ပင့်ပြောနေတာကြောင့် သူ စိတ်ကြည်နေခဲ့ပါတယ်။သူ ဖုန်းကိုင်ဖို့ကို အလျင်စလို မလုပ်ခဲ့ပါဘူး..။သိူ့ပေမယ့် ဘယ်သူခေါ်တာလဲ ဆိုတာ မြင်လိုက်တဲ့ အချိန်မှာ ပြောနေတဲ့ တစ်ယောက်ကို တိတ်တိတ်နေဖို့ သတိပေးလိုက်တယ်..။
ဒါက မာစတာလင်းပါ..သူ ချကိချင်း ဖုန်းကိုင်လိုက်ပလတယ်..။
သူ မာစတာလင်းကို ကြောက်ရွံ့သလို လေးစားမူလည်း အပြည့်အဝ ရှိပါတယ်..။သူ ဒီလိုမျိုး သာမန် နေနိုင်တာက မာစတာလင်းကြောင့်ပါ..။
ပြောနေတဲ့လူဟာ သူ့ညီအစ်ကိုက ရုတ်တရက် မပြောခိုင်းတော့တာကြောင့် စိတ်ရှုတ်ထွေးသွားခဲ့တယ်..။ဘယ်သူက ဖုန်းခေါ်တာမှန်း သူမသိပါဘူး..။ချန်းဟိုင်းဂီက အတော်လေးနက်နေပြီး..အရမ်းဂရုစိုက်နေတယ် ဆိုတာကို သူတို့ မြင်နိုင်ပါတယ်..။
"မာစတာလင်း.ဘာလို့ ဖုန်းခေါ်တာလဲ.."
ချန်းဟိုင်ဂီဟာ လင်းဖန် သူ့ဆီပို ဖုန်းခေါ်လို့ စိတ်လှုပ်ရှားနေခဲ့တယ်..။
သူက ဘေဂျင်းမှာအဆင်ပြေနေပေမယ့် သခင်လေး ကျို့နဲ့ မာစတာလင်းရဲ့ ဆက်ဆံရေးက ကောင်းမွန်ပါတယ်..။တကယ်တော့ မာစတာလင်း သူ့ကို အခုလို ဖုန်းခေါ်တာက သူဘယ်သူလဲ မှတ်မိနေသေးတယ် ဆိုတာကို ပြနေတာပါပဲ..။
ဒါက ဂုဏ်ယူစရာ ကိစ္စမဟုတ်ဘူးလား..
လင်းဖန် ပြောလိုက်တယ်..။
"ငါ ဒီတိုင်းမေးစရာ ရှိလို့..။မင်းတို့ ချင်းထျန်ဘေ ပြိုင်ပွဲတွေ ကျင်ပတယ် မလား..."
ချန်းဟိုင်းဂီဟာ မာစတာလင်း ဘာလိူ့ မေးမှန်း မသိပေမယ့် သူ အမှန်အတိုင်းပဲ ဖြေလိုက်ပါတယ်..။
"ဟုတ်တယ် ချင်းထျန်ဘေ ပြိုင်ပွဲက သုံးနှစ်တစ်ကြိမ် ကျင်းပတယ်..။ဒီတစ်ကြိမ်က ၂၈ ရက်လောက်မှ ကျင်းပမှာ..။အခုဆို ၂၃ ရက်လောက်တော့ ကျန်သေးတယ်..။ဒီပြိုင်ပွဲကို နိုင်ငံခြား ပြိင်ပွဲဝင်တွေတောင် လာပြိုင်တာ ရှိတယ်.."
လင်းဖန် ပြန်ပြောလိုက်တယ်..။
"အိူး အဲလိုလား..။ငါ အဲ့နေ့ကျ ဘေဂျင်းကို လာခဲ့မယ်..။ပြန်ဆက်သွယ်လိုက်မယ်နော်..။နောက်မှ တွေ့မယ်.."
* တီ *
ဖုန်းချလိုက်တယ်..။
ချန်းဟိုင်းဂီ မာစတာလင်း ဘေဂျင်းကို လာမှာ တွေးလိုက်ပြီး ပြုံးလိုက်တယ်..။သူက ပြန်ဆက်သွယ်မယ်လို့တောင် ပြောခဲ့ပါသေးတယ်..။
သူ့ကိုယ့်သူ ကံကောင်းတဲ့လူတစ်ယောက်လို ခံစားလိုက်ရပါတယ်..။
သူ့ရဲ့ သူငယ်ချင်းဟာ မေးလိုက်တယ်..။
"အစ်ကိုကြီး..ဘယ်သူ ဖုန်းခေါ်တာလဲ.."
ချန်းဟိုင်ဂီ စိတ်ကောင်းဝင်နေတာကြောင့် အမှန်အတိူင်းပဲ ပြောလိုက်ပါတယ်..။
"ဟားဟား..ဒါက အင်အားကြီးတဲ့ လူတစ်ယောက်ပဲ.။သခင်လေး ကျို့တောင်မှ သူနဲ့တွေ့ရင် ယဥ္ကျေးပြီး ချိုချိုသာသာ ပြောရတယိ.."
"ဝိုး.."
သူ့ရဲ့ အပေါင်းအသင်းဟာ အံ့ဩသွားခဲ့တယ်..။သခင်လေး ချန်းက အင်အားကြီးတဲ့လူတွေ အများကြီးနဲ့ သိနေတဲ့ ပုံပါပဲ..။
ယင်းနောက် သူ့ခေါင်းကို ခပ်မြင့်မြင့် မြှောက်ထားလိုက်ပါတယ်..။
သူ့ရဲ့ အစ်ကိုကြီး ရှိနေတာက လူကြားထဲမှာတော့ ဂုဏ်ယူစရာ ပါပဲ..။
…
တိမ်ဖြူလမ်း..။
လင်းဖန် ပြိုင်ပွဲအကြောင်းမေးလို်က်တာ ကံကောင်းတယ်လို့ ခံစားလိုက်ရပါတယ်..။တကယ်လို့ သူသာ လွဲသွားရင် မစ်ရှင်ပြည့်ဖို့ နောက်သုံးနှစ်လောက် ထိုင်စောင့်နေရမှာပါ..။
သိူ့ပေမယ့် လက်ရှိ ပြိုင်ပွဲကျင်းပမယ့် အချိန်က ဒီနှစ်အတွက် ကွတ်တိ ဖြစ်နေပြီး..စွယ်စုံကျမ်းက အရာရာကို သိနေတဲ့ အတိုင်းပါပဲ..။သူ ဘေဂျင်းကို သွားမှ ဖြစ်တော့မှာပါ..။သူသာ ပြိုင်ပွဲမှာ ပြိုင်ပြီး ဆုရရင် မစ်ရှင်ပြည့်ပြီး နောက်အသိပညာကို ဖွင့်လှစ်နိုင်တော့မှာပါ..။
သို့ပေမယ့် ၁၆ ခုေမြာက်အသိပညာက ဘာဖြစ်မလဲ မပြောတတ်သေးပါဘူး..။
လင်းဖန် စွယ်စုံအမှတ်တွေကို စစ်ကြည့်တဲ့ အချိန်မှာ အတော် တက်နေတာကို မြင်ပြီး ပျော်ရွှင်သွာခဲ့တယ်..။
စွယ်စုံအမှတ် - ၄၅၂၆
ဒါက အေခြခံသင်ရိုးကြောင့် ဝင်လာတဲ့ အမှတ်တွေပါ..။
တကယ်လို့ သူ သုံးလိုက်တဲ့ အမှတ်တွေပါ ထပ်ပေါင်းရင် အခြေခံသင်ရိုးကြောင့် ဝင်လာတဲ့ စွယ်စုံအမှတ်တွေက..တစ်သောင်း လောက်တောင် ရှိပါတယ်..။
သိူ့ပေမယ့် ဒါက မလံူလောက်ပါဘူး..။
ကြည့်ရတာ လက်တစ်ဆုပ်စာ လူလောက်ပဲ..တရုတ်ဆေးပညာကို သေချာသင်ယူနေကြတဲ့ ပုံပါပဲ.။
စိတ်မကောင်းစရာပဲ..။
သူ စွယ်စုံအမှတ်နဲ့လဲတဲ့..စွယ်စုံစတိုးကို ကြည့်လိုက်ပေမယ့်လည်း ဒီအမှတ်နဲ့ သူလဲ ချင်တဲ့ဟာတွေကို မရသေးပါဘူး..။
ယင်းနောက် သူ့ဖုန်းမြည်လာခဲ့တယ်..။
"မင်ချင်း ဘာဖြစ်လို့လဲ.."
လင်းဖန် မေးလိုက်တာပါ..။
သူ့ရဲ့ တပည့်က တရုတ်ဆေးပညာကို လေ့လာဖို့ မွေးဖွားလာသလိုပါပဲ..။သူ ဥာဏ်ကောင်းစေသော ဆေးလုံးကို သောက်ပြီးကတည်းက ဆေးပညာကို ဆက်တိုက်လေ့လာနေပြီး အတော်လည်း တိုးတက်လာခဲ့ပါတယ်..။
"ဆရာ..ကျွန်တော် တစ်ခုလောက် ပြောစရာ ရှိလို့..။ဒါက ကျွန်တော် ရှန်ဟိုင်းကနေ ခနလောက်ထွက်ခွာမလို့.."
ကျိုးမင်ချင်း ပြောလိုက်တာပါ..။
လင်းဖန် ပြောလိုက်တယ်..။
"ခင်ဗျားက ဘယ်သွားမလို့လဲ.."
"ဆရာ ကျွန်တော် တောင်တန်းဒေသတွေကို သွားမလို့..။အဲ့ဒေသ တွေက သိပ်မဖွံ့ဖြိုးပဲ..ဆရာဝန်တွေလည်း သိပ်မရှိဘူးလေ.။ကျွန်တော် ရွာသားတွေရံ့ ရောဂါကိုသွားကုသ ပေးချင်တာ..."
လင်းဖန် အံ့ဩသွားခဲ့တယ်..။ကျိုးမင်ချင်းလို လူမျိုးက ဒီီလို တွေးမိလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။
"ခင်ဗျားအဲလို သွားရင် ခန္တာကိုယ်ရရော ခံနိုင်ပါ့မလား.."
ကျိုးမင်ချင်း ပြန်ပြောလိုက်တယ်..။
"ဆရာ ကျွန်တော် လုပ်နိုင်ပါတယ်..။ကျွန်တော် ချီဂျီ နဲ့ ကျန်းတောင်တောင်ကိုလည်း ခေါ်သွားမှာလေ..။ဒါကြောင့် လတ်တလော နန်ရှမ်းဂေဟာကို လာနိုင်ဦးမှာ မဟုတ်ဘူး.."
လင်းဖန် ရယ်မောလိုက်တယ်..။
"ကောင်းပြီလေ..ပြသနာ မရှိဘူး..။သွားချင်ရင်လည်း သွားကြည့်ပေါ့..။နေရာ မတူတာကြောင့် ရွာသားတွေရဲ့ ရောဂါတွေက ကွဲပြားနိုင်တယ်လေ..။ခင်ဗျားရဲ့ ဆေးပညာ ပိုတိုးတက်လာနိုင်တာပေါ့..။ထပ်ပြောရရင် တောင်တန်းဒေသ ဆိုတော့ ဆေးပင်တွေကိုလည်း ပိုလေ့လာလို့ရတယ်..။ဒါက ဆေးပညာကို တိုးတက်စေနိုင်တဲ့ အခွင့်အရေးဖြစ်တာကြောင့်.ကျုပ်အပြည့်အဝ သဘောတူတယ်.."
ကျိူးမင်ချင်း ကျေနပ်စွာ ပြန်ပြောလိုက်တယ်..။
"ကျေးဇူးပါ ဆရာ.."
လင်းဖန် ရယ်မောလိုက်ပါတယ်..။ကျိုးမင်ချင်းက သူ့အပေါ်အတော်လေးစားတာပါ..။သူက ရှန်ဟိူင်းကနေ ရက်သတ္တပတ် အနည်းငယ်ထွက်တာတောင် သူ့ခွင့့်ပြုချက် တောင်းနေပါသေးတယ်..။တကယ်လို့ သူ သဘောမတူ ရင် မင်ချင်းက ရှန်ဟိုင်းမှာပဲ နေမယ့် ပုံပါပဲ..။
သို့ပေမယ့် ဒါက ကောင်းတဲ့အရာဖြစ်တာကြောင့် လင်းဖန် တောင်းဆိုချက်ကို ငြင်းပယ်စရာ အကြောင်းမရှိပေ..။