← Chapters

စတင်ခြင်း..

Vol. 45 Ch. 666

စတင်ခြင်း..

Vol. 45 Ch. 666

#ဘာသာပြန် = စနိုးဝှိုက်

တရုတ်အနုပညာ အဖွဲ့အစည်းနဲ့ ပြသနာကတော့ ပြီးသွားခဲ့ပါပြီ..။အင်တာနက်မှာ ကျန်နေတဲ့ သတင်းတစ်ချို့အပြင် ဘာမှ ထပ်မတက်တော့ပါဘူး..။

လူတိုင်း သိချင်နေကြတာက..တရုတ်အနုပညာ အဖွဲ့အစည်းက အမှန်တကယ်လာရောက် တောင်းပန်ခဲ့တာ ဖြစ်ပြီး.ဒါက လူတိုင်းကို အံ့ဩသင့်စေခဲ့ပါတယ်..။

အဲ့အချိန်မှာတော့ လင်းဖန် ရဲ့ ထောက်ခံသူတွေဟာ ကျေနပ်နေခဲ့ကြတယ်..။သူတို့ ရဲ့ အိုင်ဒေါ ပိုပြီး အင်အားကြီးလေလေ သူတို့ ပိုပြီး ပျော်ရွှင်ရလေလေ ပါပဲ..။

ရက်အနည်းငယ် ကြာပြီးနောက်..။

တိမ်ဖြူလမ်း..။

ကျိုးမင်ချင်းက ရှန်ဟိုင်းကနေ ထွက်ခွာသွားတာ ရက်အနည်းငယ် ကြာနေပြီ ဖြစ်ပြီး သူ့ရဲ့ ဦးတည်ရာကတော့..ယူနန်ပြည်နယ်က တောင်တန်း ဒေသတွေ ဘက်ကို ပါ..။

ယူနန် ပြည်နယ်ရှိတောင်တန်း များတွင်..။

ကျိုးမင်ချင်းဟာ စုတ်ပြတ်နေတဲ့ သစ်သားအိမ်လေး တစ်ခုကနေ ထွက်လာခဲ့တယ်..။သူက ရှန်ဟိုင်းမှာ ဝတ်စားတဲ့ အတိုင်း ဝတ်ထားတာ မဟုတ်ပါဘူး..။သူ့ရဲ့ အဝတ်အစားတွေဟာ အနည်းငယ် ဆုတ်ပြဲနေပြီး ရူးဖိနပ် အကြမ်းကို လည်း ဝတ်ဆင်ထားပါသေးတယ်..။သူရဲ့ ဖိနပ်တွေမှာ ရွံ့တွေ ပေနေတာကြည့်ရင် ..သူ များပြားလှတဲ့ အန္တရာယ် လမ်းကြောင်းတွေကို ..ဖြတ်ကျော်လာမှန်းသိနိုင်ပါတယ်..။

"အဆင်ပြေတယ်..ငါ့ကို လိုက်ပို့စရာ မလိုဘူး..။အိပ်ယာပေါ်မှာပဲ လှဲပြီး အနားယူနေ..။ဆေးကို ပုံမှန်သောက်မယ် ဆိုရင် ပြန်အဆင်ပြေသွားလိမ့်မယ်.."

ကျိုးမင်ချင်း ပြုံးပြီး ပြောလိုက်နာပါ..။ချီဂျီ နဲ့ ကျန်းတောင်တောင် တို့ဟာလည်း သူနဲ့ အတူ ရှိနေခဲ့တယ်..။သူတို့က အထုတ်အပိုးတွေကို သယ်ပြီး တောင်တန်းဒေသကို အတူရောက်လာကြတာပါ..။သူတို့ အရေးကြီးတဲ့ အရာတွေလောက်ပဲ ယူလာခဲ့ကြပါတယ်.။

ကျိုးမင်ချင်းရဲ့ ဆေးပညာက အတော်ကို တိုးတက်နေခဲ့ပါပြီ..။သူက သာမန် ရောဂါတွေလောက်ကို အပ်စိုက်ကုထုံးနဲ့တင် ပျောက်အောင် ကုပေးနိုင်ပါတယ်..။တစ်ချိန်တည်းမှာပဲ သူက အခမဲ့ ကုသပေးနေခဲ့တာပါ..။သူ ရွာသားတွေကို လိုက်လံ ကုသပေးနေပြီး..ဘာ အခကြေးငွေမှ မယူခဲ့ပါဘူး..။

ကျိုးမင်ချင်း ရဲ့ စွမ်းဆောင် ရည်တွေကြောင့် သာ သူ့ကလေးတွေက အခုလို အရွယ်ရောက်လာပြီး ကိုယ်ပိုင်လမ်းကြောင်းတွေ ဖန်တီးနိုင်ကြတာပါ..။သူက ရှန်ဟိုင်း ဆေးပညာ အကယ်ဒမီရဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ လစာကလည်း အတော် ကောင်းပ်တယ်..။သူ့မှာ စုဆောင်းထားတာ အတော် များပြားပြီး..သူ ဒီငွေကြေးတွေကို တတ်နိုင်ပါတယ်..။

ချီဂျီ နဲ့..ကျန်းတောင်တောင် တို့ဟာလည်း ပရဟိတ ဆေးပညာ လုပ်ရတာကို တက်ကြွနေခဲ့တယ်..။သူတို့ တောင်တန်းဒေသကို လာခဲ့ကြပေမယ့်လည်း..သူတို့လည်း အကျိုးကျေးဇူးတွေ ရခဲ့ပါတယ်..။သူတို့ နောက်ဆုံးတော့ သူတို့အလုပ်ရဲ့ နောက်ကွယ်က အဓိက အဓိပ္ပါယ်ကို နားလည်သွားခဲ့ပါပြီ..။

"ကျေးဇူးတင်ပါတယ် ဒေါက်တာ ကျိုး.."

လယ်သမားတစ်ယောက်က ပြောလိုက်တာပါ..။သူမက အဆုပ်မှာ ပြသနာ ဖြစ်ပြီး..ချောင်းတွေလည်း အဆက်မပြတ်ဆိုးနေခဲ့တာပါ..။တစ်ခါတစ်လေ ဆိုရင် သူမ ချောင်းဆိုးရင်း သွေးလည်း ပါပါတယ်..။သိူ့ပေမယ့် ကျိုးမင်ချင်း ဒီကို ရောက်လာပြီးကတည်းက သူမရဲ့ ရောဂါက အတော်ကို တိုးတက်လာခဲ့တာပါ..။

အစကတော့ သူမတို့ ဒီလူစိမ်းတွေကို မယုံကြည်ကြပေမယ့် နောက်ပိုင်းမှာတော့ လူကောင်းတွေမှန်း နားလည်လာကြပါတယ်..။

ရွာသားခေါင်းဆောင် နဲ့ ရွာသားတွေဟာလည်း ကျိုးမင်ချင်းတို့ကို နွေးထွေးစွာ ကြိုဆိုလာကြပါတယ်..။သူက သူတို့အတွက် တစ်ခြား အထူးဧည့်ခံပွဲတွေတောင် စီစဥ္ပေးခဲ့ပါတယ်..။

ကျိုးမင်ချင်း ပြုံးလိုက်ပြီး..

"ကျုပ်တို့ကို လိုက်ပို့ဖို့ မလိုပါဘူး..။အိမ်ကို ပြန်လို့ ရပါပြီ.."

ရွာသူဟာ အိမ်ကို ပြန်မသွားခဲ့ပေ..။သူမ အဲ့နေရာမှာပဲ ရပ်နေပြီး ကျိုးမင်ချင်းနဲ့ တစ်ခြားလူတွေ ထွက်သွားတာကို ကြည့်နေခဲ့ကြပါတယ်..။

အတော်ဝေးဝေး လမ်းလျောက်ပြီးတဲ့ နောက်မှာ..ကျိုးမင်ချင်း နောက်ပြန်လှည့်ပြီး လက်ပြနှုတ်ဆက်လိုက်တယ်..။ယင်းနောက် လူနာဟာ ဖြည်းဖြည်းချင်းနောက်လှည့်ပြီး အိမ်ထဲပြန်ဝင်သွားခဲ့ပါတယ်..။

ကျိုးမင်ချင်း ပြောလိုက်တယ်..။

"ဒီတစ်ကြိမ် မင်းတို့ သင်ယူနိုင်သလောက် သင်ယူကြ..။တရုတ်ဆေးပညာရဲ့ အဓိက အရာက အောက်ခြေ ခိုင်မာဖို့ပဲ..။အနာဂတ်မှာ ဘယ်အဆင့်အတန်းကိုပဲ ရောက်ရောက် မင်းတို့ ဒါကို မေ့လို့မရဘူး.."

ချီဂျီ နဲ့ ကျန်းတောင်တောင် ခေါင်းညိမ့်လိုက်တယ်..။

"ကျွန်တော် တို့ မှတ်ထားပါ့မယ်.."

သူတို့ ဒါရိုက်တာ နဲ့ အခုလိုလိုက်လာပြီး သင်ယူခွင့်ရတာကို ​ကျေနပ်နေခဲ့ကြတာပါ.။ဒါက သူတို့ စာအုပ်ထဲမှာ ဘယ်တော့မှ လေ့လာလို့ မရတဲ့ အရာတွေပါပဲ..။

ကလင် ကလင်..

သူ့ဆရာ ဖုန်းခေါ်လာတာကို မြင်ပြီး ကျိုးမင်ချင်း ဖုန်းကိုင်လိုက်တယ်..။

"မင်ချင်း ယူနန်မှာ အခြေနေ ဘယ်လိုလဲ.."

ကျိုးမင်ချင်း ပြန်ပြောလိုက်တယ်..။

"ဆရာ.အရာရာတိုင်းက အဆင်ပြေတယ်..။ဒီက ကျန်းမာရေး စောင့်ရှောက်မူပိုင်းတွေက အရမ်း နိမ့်ကျတယ်လေ..။သူတို့မှာ ဒေါက်တာတောင် မရှိဘူး..။ကျွန်တော်ကတော့ ဒီမှာ အချိန်တစ်ခုအထိတော့ နေပေးရဦးမယ် ထင်တယ်.."

"အိုး..ပြသနာ မရှိဘူး..။ကျေးဇူးပြုပြီး ဂရုစိုက်ဦး..။တကယ်လို့ မဖြေရှင်းနိုင်တဲ့အရာတစ်ခုခု ရှိရင်..ကျုပ်ကို ဖုန်းဆက်လိုက်..။ကျုပ် တတ်နိုင်သမျှ အမြန်ဆုံးရောက်အောင် လာခဲ့မယ်.."

ဒါကိုကြားတဲ့ အချိန်မှာ ကျိုးမင်ချင်း ခံစားသွားခဲ့ရတယ်..။

"သိပါပြီ ဆရာ.."

ကျိုးမင်ချင်း လင်းဖန်လို ဆရာနဲ့ တွေ့တာ ကံကောင်းတယ်လို့ ခံစားလိုက်ရပါတယ်..။သူက အမြဲတမ် ကူညီပေးတဲ့ အပြင် စိတ်တောင် ပူနေခဲ့တာပါ..။ဒါက ဘဝမှာ သူ့မိန်းမနဲ့လက်ထပ်ပြီးတဲ့ နောက်မှာ သူ့ဆရာနဲ့ တွေ့ခဲ့တက အကောင်းဆုံး ဖြစ်ရပ်ပါပဲ..။

သူတို့ ဖုန်းချလိုက်တယ်..။

ချီဂျီ ပြောလိုက်တယ်.။

"ဒါရိုက်တာ မာစတာလင်း ဖုန်းခေါ်တာလား.."

ကျိုးမင်ချင်း ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်တယ်..ကောင်းပြီ နောက်တစ်အိမ်သွားကြရအောင်.."

ခနကြာပြီးနောက်..။

သူတို့သုံးယောက် ရွာရဲ့ အဝင်ပေါက်ကို ရောက်တဲ့ အချိန်မှာ..အထုတ်အပိုးတွေနဲ့လူတစ်စုကို တွေ့လို​ြၽကြတယ်.။သူတို့ကြည့်ရတာ ဒီက လူတွေ ဖြစ်ပုံမရပဲ ပရဟိတ သမားတွေနဲ့ ဆင်တူပါတယ်..။

ရွာသားခေါင်းဆောင်ဟာ ကျိုးမင်ချင်းကို ကြည့်ကာ လျောက်လာခဲ့ပြီး..

"ဒေါက်တာကျိုး..ဘယ်သွားမလို့လဲ.."

ကျိုးမင်ချင်း ပြုံးလိုက်ပြီး..

"ကျုပ်တို့ နောက်ရွာကို သွားမလို့..။ဒီလူတွေက ဘယ်သူတွေလဲ.."

ရွာသားခေါင်းဆောင် ပြုလိုက်ပြီး..

"ဒေါက်တာကျိုးကို သူတို့နဲ့ မိတ်ဆက်ပေးရဦးမယ်..။ဒါက ဒေါက်တာ ဒီ နဲ့ တစ်ခြား ပရဟိတ သမားတွေလေ..။ဒေါက်တာဒီ က တစ်နေရာရာက ဆေးရုံးကြီး တစ်ခုက လေ..သူလည်း ဒီက ရွာသားတွေကို ဆေးကုပေးဖို့ လာခဲ့တာ.."

"အမေရိက.."

ရွာသားခေါင်းဆောင် ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်တယ် ဟုတ်တယ် အမေရိက..။သူတို့က အမေရိကန် လူမျိုးတွေ.."

ကျိုးမင်ချင်း သူတို့ကို ကြည့်လိုက်တယ်.။သူတို့ရဲ့ ခေါင်းဆောင်က နက်မှောင်တဲ့ အသားအရည်ရှိပါတယ်.။ဒီလူတွေက က သူတို့နဲ့ တူညီတဲ့ အဝတ်အစားကိုပဲ ဝတ်ဆင်ထားကြတာပါ..။သူတို့ရဲ့ အဝတ်အစားက ပိုသန့်ရှင်းပေမယ့် ဘောင်းဘီက ရွံ့တွေကိုကြည့်ရင် ဒီနေရာကို ရောက်ဖို့ ရွံ့ထူ တဲ့နေရာကနေ ဖြတ်လာကြတဲ့ ပုံပါပဲ..။

ဒေါက်တာ ဒီ ကျိုးမင်ချင်းကို သိချင်စွာ ကြည့်လိုက်ပြီး လက်ဆန့်တန်းလိုက်တယ်...။

"ဟိုင်း..ကျွန်တော်က အမေရိကက ဒီဂျီနို ပါ..။ကျိန်တော် အမေရိကမှာ..နှလုံး ပိုင်းဆိုင်ရာကို လေ့လာထားပြီး တရုတ်ပြည်မှာ ရောဂါကုသပေးဖို့ ပရဟိတသမား တစ်ချို့ကိုလည်း ခေါ်ထားပါတယ်.."

ကျိုးမင်ချင်း ပြုံးလိုက်ပြီး..

"ဟိုင်း ​ေဒါက်တာဒီ..။ကျွန်တော်က ရှန်ဟိုင်းက ကျိုးမင်ချင်း ပါ..။ကျွန်တော်က တရုတ်ဆေးပညာကို အထူးပြုတာပါ..အားလုံးတွေ့ရလို့ ဝမ်းသာပါတယ်.."

သူတို့ နှစ်ယောက် လုံးက ဒေါက်တာတွေ ဆိုတာကို ကြားတဲ့ အချိန်မှာ ပိုပြီး ပွင့်လင်းလာခဲ့ကြတယ်..။ဒေါက်တာ ဒီ ပြောလိုက်တယ်..။

"ဆန်းကျယ်တဲ့ တရုတ်ဆေးပညာပဲ..။ကျုပ် အမေရိက မှာတုန်းကလည အနည်းငယ်လေ့လာဖူးတယ်..။ဒါက အတော် နက်ရှိုင်းတာပဲ..။ခင်ဗျားတို့လည်း ပရဟိတ လာလုပ်တာလား.."

"ဟုတ်တယ် ကျုပ်တို့ မနေ့ကမှရောက်တာ."

ကျိုးမင်ချင်း ပြောလိုက်တာပါ..။

ဒေါက်တာ ဒီ ရင်းနှီးစွာ ပြောလိုက်တယ်..။

"ဒေါက်တာ ကျိုး ကျုပ်တို့ အားလုံးက ပရဟိတ သမားတွေပဲလေ..။အတူတူ လုပ်ကြရအောင်.။ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က..ယူနန်ပြည်နယ် က တောင်တန်းတွေကို ဖြတ်သန်းဖို့လေ.."

ကျိုးမင်ချင်း ပြုံးလိုက်တယ်..။

သူတို့ နှစ်ယောက်လုံး က ဒေါက်တာတွေဖြစ်ပြီး ပရဟိတ သမားတွေပါ..။သူတို့ အလျင်အမြန်ပဲ ရင်းနှီးသွားခဲ့တယ်..။ကျိုးမင်ချင်း သိချင်သွားတာက တရုတ်ပြည်ရဲ့ တောင်တန်းဒေသကို ဥရောပအိန္ဒိယ နွယ်ဖွားတွေက ရောဂါကုသပေးဖို့ ရောက်လာတာပါပဲ..။

တရုတ်ဆေးပညာ နဲ့ အနောက်တိုင်းဆေးပညာ ပေါင်းစပ်မူ ဆိုတာက ကျိုးမင်ချင်း မြင်ချင်တဲ့ အရာတွေထဲက တစ်ခုပါပဲ..။

အထူးသဖြင့်သူ့ဆရာက အနောက်တိုင်း ဆေးပညာရော တရုတ်ဆေးပညာရော ကျွမ်းကျင်ပါတယ်..။ဒါကလည်း ကျိုးမင်ချင်းကို အနောက်တိုင်းဆေးပညာအပေါ် စိတ်ဝင်စားမူ ဖြစ်စေတာပါ..။

ရွာသားခေါင်းဆောင်ဟာ သူတို့ တွေ အဆင်ပြေပြေ စကားပြောနေတာ ကြည့်ပြီး ပြုံးလိုက်တယ်..။ဒီလို ပရဟိတ ဆရာဝန်တွေ ရဲ့ ကုသမူနဲ့ ကြုံရတာ သူတို့ရွာအတွက်တော့ ကံကောင်းမူတစ်ခုပါပဲ..။

တိမ်ဖြူလမ်း..။

လင်းဖန် ဖုန်းကြည့်နေရင်း မျက်မှောင်ကျုတ်လိုက်တယ်..။

အင်တာနက်သတင်း..။

"နိုင်ငံတကာ အနုပညာ ပြပွဲအတွက် ကိုရီးယာ ပန်ချီပညာရှင် ဖြစ်တဲ့ ဂျင်ချန်းဂေါင် နဲ့ အိုကာမိုတို တန်ဂျီ တို့ဟာ တရုတ်အနုပညာကို ဝေဖန်လိုက်ကြတယ်..။သူတို့က နိုင်ငံတကာ အနုပညာ ပြပွဲမှာ တရုတ် အနုပညာက အောက်ဆုံးမှာ ရှိနေလိမ့်မယ်လို့ ပြောခဲ့ကြတယ်"

ဒီသတင်းရဲ့ လွှမ်းမို့နိုင်စွမ်းက ကြီးမားပါတယ်..။တရုတ်အနုပညာ အကြောင်းနားမလည် တဲ့လူတွေပါ ဝင်ရောက်ဆွေးနွေးလာခဲ့ကြတယ်..။

ဒါက နိုင်ငံတွေ အကြား ငြင်းခုန်မူတောင် ဖြစ်လာနိုင်ပါတယ်..။

All Chapters