← Chapters

ဒဏ္ဌာရီလာ ပန်ချီလက်ရာ ၁၀ ချပ်

Vol. 45 Ch. 667

ဒဏ္ဌာရီလာ ပန်ချီလက်ရာ ၁၀ ချပ်

Vol. 45 Ch. 667

#ဘာသာပြန် = စနိုးဝှိုက်

အင်တာနက်တွင်..။

"ချီးပဲ..ဒီငနဲ နှစ်ယောက်က အတော်ကို မောက်မာတာပဲ..။သူတို့က တရုတ်အနုပညာ ကို ဘာလေးစားမူမှ မရှိကြဘူး.."

"ဒီ ဂျင်ချန်းဂေါင်က အတော်ကို အရှက်မရှိတာပဲ..။သူက တရုတ်အနုပညာကို သင်ထားတာ သိသာတယ်..။ကိုယ့်ဘိုးဘေးတွေကိုတောင် လေးစားမူမရှိ လုပ်လိမ့်မယ်လိူ့ မထင်ထားဘူး.."

"ဒါက ပုံမှန်ဖြစ်ရပ်တွေပဲ..။ကိုရီးယားတွေက တရုတ်အနုပညာကို သူတို့ ဆီက ဆင်းသက်လာတယ်လို့ပဲ ဆက်တိုက်ပြောနေကြတယ်..။အရင်တုန်းက တရုတ်ပညာရှင်တစ်ယောက်က ကိုရီးယားရဲ့ အနုပညာက တရုတ်ကနေ ဆင်းသပ်လာတာ ပြောလို့ ဝိုင်းတိုက်ခိုက်ခံခဲ့ရတယ်လေ..။ဒီနေ့ခေတ်ကြီးက အမှန်တရား ပြောဖို့ ဘာလို့ အဲလောက်တောင် ခက်ခဲနေတာလဲ.."

"လွန်ခဲ့တဲ့ သုံးနှစ်အတွင်း နိုင်ငံတကာ ပြပွဲတွေမှာ တရုတ် ပန်ချီပညာရှင်တွေက ဘာမှ မလုပ်ပြနိုင်တော့..ဂျန်ပန် နဲ့ ကိုရီးယားက လူတွေရဲ့ ရယ်မောစရာ ဖြစ်နေတာပေါ့..။တကယ်လိူ့ ဒီတစ်ခေါက်ပါ ထပ်ပြီး..နေရာကောင်းမရဘူးဆိုရင် ..အရှက်ရစရာတွေထပ်ဖြစ် လာလိမ့်မယ်.."

"နိုင်ငံတကာအဆင့်ပြပွဲ ဆို သူတို့ဘာတွေ လုပ်နေကြတာလဲ..။ငါတို့ ဆီမှာ သူတို့ရဲ့ အဆင့်အတန်းကို ယှဥ္နိုင်တဲ့လူ တစ်ယောက်မှတောင် မရှိကြတော့ဘူးလား.."

"မင်း ပြောနေတာ အမှိုက်ပဲ..။အရင်တစ်ခေါက်က တရုတ်အနုပညာ အဖွဲ့အစည်းက..ကလေးတွေ အတွက် ပြိုင်ပွဲ ကျင်းပတာတောင် ရလာဒ်ကို လိမ်ညာခဲ့ကြသေးတယ်လေ..။တရုတ်အနူပညာအဖွဲ့အစည်းက ဘယ်လိုလဲ ဆိုတာ စဥ္းစားကြည့်..။ဒီတစ်ကြိမ်လည်း အတူတူပဲဖြစ်လိမ့်မယ်..။ငါတို့ နောက်ထပ် နောက်ဆုံးရဦးမှာပဲ.."

"ဒီနေ့ခေတ် တရုတ်ပန်ချီ ပညာရှင်တွေက ဘာအရည်အချင်းမှ ရှိကြတာ မဟုတ်ဘူး..။သူတို့က အလိမ်အညာတွေပဲ ရှိကြတယ်..။သူတို့ရဲ့ ပန်ချီတွေ ဆိုရင် ဒေါ်လာ သန်းချီပြီး ရောင်းချကြသေးတယ်လေ..။ဘယ်လို ငတုံးမျိုးကများ သူတို့ ပန်ချီကားတွေကို ဝယ်ကြတာလဲ..။ဒါပေမဲ့ ဝယ်တဲ့လူကလဲ ရှိတာပဲ..။ဒီလိုနဲ့ သူတို့က နာမည်ရလာတယ်..ဒါပဲ.."

…

တရုတ်အနုပညာ အဖွဲ့အစည်း..။

"အကြီးအကဲ ကျန်း.လူထုက ကျုပ်တို့ကို အထင်သေးနေကြပြီ...။ကျုပ်တို့ ဒီတစ်ကြိမ် နေရာကောင်းကို ရမှဖြစ်မယ်..။မဟုတ်ရင် တကယ်ကို ဟာသ တစ်ခုဖြစ်သွားမှာ.."

"ဟုတ်တယ် ငါတို့ ဘယ်တော့မှ ကောင်းကောင်းမလုပ်နိုင်ခဲ့ပေမယ့် ငါတို့လည်း မတတ်နိုင်ဘူးလေ..။သူတို့ကိုလည်း ဘာမှ သွားပြောလို့မရဘူး..။အခုတော့ လူတိုင်းက အထင်သေးနေပြီ.."

"ဥက္ကဌ ဘယ်ပန်ချီကားတွေကို ကျုပ်တို့ ပို့မှာလဲ..။ဥိီးတည်ချက်အရတော့ နိုင်ငံတကာ အဆင့် ပန်ချီလက်ရာပြပွဲ ရဲ့..အဆင့်အတန်းက တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာနေတာ..။တကယ်လို့ ကျွန်တော်တို့သာ အရည်အသွေးမြင့်တဲ့ ပန်ချီလက်ရာတွေကို မပို့နိုင်ရင် အန္တရာယ် ရှိတယ်.."

လူတိုင်းဟာ အစည်းအဝေးခန်းထဲမှာ စုဝေးပြီး ဒီအကြောင်းကို ဆွေးနွေးနေခဲ့ကြတယ်.။

သူတို့က အဖွဲ့အစည်းရဲ့ စီမံခန့်ခွဲမူပိုင်းဆိုင်ရာ အဓိကပုဂ္ဂိုလ် တွေပါ..။သူတို့က သာမန် ပန်ချီပညာရှင်တွေ မဟုတ်ပဲ အစစ်အမှန် အရည်အချင်းရှိကြတဲ့ လူတွေလို့ ပြောလို့ရပါတယ်..။

ကျန်းကျောင်ရှန်း တည်ငြိမ်စွာ ပြောလိုက်တယ်..။

"ကောင်းပြီ ငါတို့ နိုင်ငံတကာ အနုပညာ ပြပွဲကို

ပန်ချီလက်ရာ အချပ် ၃၀ ပေးပို့မယ်..။ငါ ခွဲပေမယ်.."

"အကြီးအကဲ ယွန် ..ခင်ဗျားရဲ့ အကောင်းဆုံး လက်ရာကို လိုအပ်တယ်..။တစ်ခု ဆိုရင် လုံလောက်ပြီ.."

အကြီးအကဲ ယွန်က..မျက်မှန်တပ်ထားတဲ့..အကြီးအကဲ တစ်ယောက်ပါ..။သူ မတ်တတ်ထရပ်လိုက်ပြီး..

"စိတ်မပူပါနဲ့..ကျုပ် အသက်သေရမယ် ဆိုရင်တောင် အကောင်းဆုံးလက်ရာ ဖြစ်အောင် ကြိုးစားပေးပါ့မယ်.."

ကျန်းကျောင်ရှန်း ပြုံးလိုက်ပြီး..

"အဲလောက်ထိလည်း လေးနက်ဖို မလိုပါဘူး..။အကောင်းဆုံး လုပ်ရင်ပဲဖြစ်ပါပြီ..."

ယင်းနောက် သူ မန်ဘာ ၁၇ ယောက်ကို ညွှန်ကြားချက်ပေးလိုက်လိုက်တယ်..။တစ်ခြားလူတွေက ထပ်ကြေညာ ဦးမယ်လို့ ထင်တဲ့ အချိန်မှာပဲ..ကျန်းကျောင်ရှန်း ပြန်ထိုင်သွားခဲ့ပါတယ်..။ဒီ ညွှန်ကြားမူက ပြီးသွားခဲ့ပါပြီ..။

"ဥက္ကဌ အခုမှ ၁၇ ခုပဲ ရှိသေးတယ်လေ..။စည်းမျဥ္အရဆိုရင် နောက်ထပ် ၁၃ ခုလိုဦးမှာ မလား.."

ကျန်းကျောင်ရှန်း လက်ညိုးထိုးပြလိုက်ပြီး.

"ငါရယ်..အကြီးအကဲ ယွဲ့ရယ် အကြီးအကဲ တာအိုရယ် ပန်ချီကားတစ်ချပ်စီ ပေးမယ်."

"ဒါဆိုလည်း အခု ၂၀ ပဲ ရှိဦးမှာလဲ.."

ကျန်းကျောင်ရှန်း သူတို့ကို ကြည့်ပြီး ခေါင်းခါယမ်းလိုက်တယ်..။

"ငါ ဘာပြောရမှန်းတောင် မသိတော့ဘူး..။မင်းတို့ အကြီးအကဲ လင်းကို မေ့နေတာလား.."

အကြီးအကဲ လင်းလို့ ကြားတဲ့အချိန်မှာ ကျန်တဲ့လူတွေ ကြောင်အသွားခဲ့ကြတယ်..။

"အိုး ဟုတ်သားပဲ..ငါ ဘာလို့ အကြီးအကဲလင်းကို မေ့နေပါလိ်မ့်..။အကြီးအကဲ လင်းပါ ပါလာရင် ကောင်းကောင်း တိုက်ခိုက်လို့ရပြီ.."

"ဟုတ်တယ်..ကျုပ်တို့ရဲ့ ဥက္ကဌ ကြီး တည်ငြိမ်နေတာ မထူးဆန်းတော့ဘူး..။သူက ပြင်ဆင်ပြီးထားပြီးပြီပဲ.."

အကုန်လုံးဟာ ရယ်မောလိုက်တယ်..။တကယ်လို ကျန်တဲ့ ပမာဏကို အကြီးအကဲလင်းကို ဆွဲခိုင်းမယ် ဆိုရင် စိတ်ချရပါပြီ..။သူတို့ အကြီးအကဲလင်းရဲ့ လက်ရာတွေကို မြင်ဖူးပြီးသားပါ..။ဒါက အံ့ဩစရာပါပဲ..။တကယ်လို့ သူတို့ ကျန်တဲ့ ဘဝတစ်လျောက်လုံး ဆက်ပြီးလေ့လာ နေရင်တောင် အကြီးအကဲလင်းလို့ ဆွဲနိုင်ဖို့ မဖြစ်နိုင်လောက်ပေ..။

တိမ်ဖြူလမ်း..။

လင်းဖန် အင်တာနက်က သတင်းတွေကိုကြည့်ပြီး မပျော်မရွှင်ဖြစ်နေခဲ့တယ်..။တရုတ်အနုပညာ ဆိုတာက သူတို့နိုင်ငံရဲ့ ရတနာပါ..။အခုက ကိုရီးယားအယောင်ဆောင်ကတင် အထင်သေးနေတာမဟုတ်ပဲ ကိုယ့်နိုင်ငံသားတွေကတောင် ပြန်အထင်သေးနေကြပါပြီ..။ဒါကို ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ..။

သူ တကယ်ကို သည်းမခံနိုင်ပါဘူး..။

အစကတော့ လင်းဖန် အကုန်လုံးကို အံ့ဩသွားတဲ့ အထိလုပ်ဖို့ စိတ်ကူးထားတာပါ..။သို့ပေမယ့် အဲလောက်အထိ မလုပ်သင့်ဘူးလို့ ခံစားလိုက်ရပါတယ်..။သူတို့တွေ တရုတ်အနုပညာ အပေါ် ပြန်လေးစား လာရုံလောက် ဆိုရင် အဆင်ပြေပါတယ်..။

သူ ချက်ချင်း စွယ်စုံကျမ်းကနေ ရှာလိုက်တယ်..။

"အကောင်းဆုံး တရုတ် ပန်ချီကား.."

ဒဏ္ဌာရီလာ ပန်ချီကား ဆယ်ချပ်..။

စွယ်စုံကျမ်းက ပန်ချီကား ဆယ်ချပ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်..။ဒီပန်ချီလက်ရာတွေက တရုတ်နိုင်ငံရဲ့ အကောင်းဆုံး ပန်ချီကားတွေပါ..။သူ ဒီပန်ချီကားတွေကို ရေးဆွဲထားတဲ့ ပညာရှင်တွေရဲ့ နာမည်ကို မမှတ်မိပေမယ့် ပန်ချီကားတွေကို မြင်လိုက်ရတဲ့ အချိန်မှာ ယုံကြည်မူ ရှိသွားတယ်..။

ဒါက သူ့မှာ စွယ်စုံကျမ်းရဲ့ ဆန်းကျယ်တဲ့ အကူအညီ ရှ်ိနေလို့ပါ..။

တကယ်လို့ ဒီပန်ချီကားတွေသာ ပေါ်လာရင် လူတိုင်း ဆွံ့အသွားမှာက အသေအချာပါပဲ..။

နိုင်ငံတကာ အနုပညာ ပြပွဲမှာ လူတွေ ဖြစ်သွားမယ် ပုံစံကို ကြိုတွေ မိပြီး သူ ရယ်မောလိုက်ပါတယ်..။

လူလိမ် ထျန် မေးလိုက်တယ်..။

"မင်း ဘာတွေဖြစ်နေတာလဲ..။ရယ်နေတဲ့ အမူအရာက အတော်ကို တွက်ချက်နေတဲ့ပုံပဲ.."

ဝူယူလန် လှည့်ကြည့်လိုက်တယ်..။သူမ ဘာမှ မပြောပေမယ့် သူမရဲ့ အမူအရာကလည်း လူလိမ်ထျန် နဲ့ မေးခွန်းချင်း အတူတူပါပဲ..။

လင်းဖန် ပြုံးလိုက်ပြီး..

"တွက်ချက်တယ် ဆိုတာ ဘာကို ပြောတာလဲ..။ကျုပ်က ဒီတိုင်း ယုံကြည်မူ ရှိတာ..။ခင်ဗျား အင်တာနက် သတင်းတွေကို မဖတ်ဘူးလား..။ကျုပ်က နိုင်ငံတကာ အနုပညာ ပြပွဲအတွက် ပန်ချီကားတွေ ရေးဆွဲပေးရမှာလေ..။ကျုပ် ပန်ချီကားတွေက တစ်ကမ္ဘာလုံးကို အံ့ဩသင့်သွားမှာ တွေးပြီး ရယ်ချင်လာလို့လေ.."

လူလိန် ထျန် ဟာ လင်းဖန်ရဲ့ နှာဖူးကို စမ်းကြည့်လိုက်ပြီး..

"နေမကောင်းလည်း မဖြစ်ပါဘူး..။ဘာလို့ ဂယောက်ချောက်ခြားတွေ ပြောနေတာလဲ..။မင်း တော်တယ်လို့ ငါထင်ပေမယ့်လည်း အရမ်းကြီး ဘဝင်မမြင့်သင့်ဘူး..။တစ်စုံတစ်ယောက် ထက်သာနေတဲ့လူကတော့ အမြဲတမ်း ရှိတယ်လေ.."

လင်းဖန် လူလိမ် ထျန် ရဲ့လက်ကို ဖယ်လိုက်ပြီး..

"ကျုပ်ကို အထင်သေးမနေနဲ့..။ကျုပ်ဘယ်လောက် အံ့ဩဖို့ကောင်းလဲ ခင်ဗျားတွေ့ရလိမ့်မယ်.."

လူလိမ် ထျန် လင်းဖန်ကိုကြည့်ပြီး ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်တယ် ဟုတ်တယ် မင်းဘာပဲပြောပြော မှန်ပါတယ်.."

ဝူယူလန် ပြောလိုက်ပါတယ်..။

"ညီမကတော့ အစ်ကိုလင်း ကိုယုံတယ်.."

လူလိမ်ထျန် အကူညီမဲ့စွာ ပြောလိုက်တယ်..။

"ချစ်တဲ့ မျက်စိနဲ့ ကြည့်ရင်တော့ လှနေမှာပဲ..။အချစ်ကြောင့် ကန်းသွားကြပြီလေ..။ဒါက အတော် နက်ရှိုင်းတယ်..."

လင်းဖန် ဝူယူလန်ရဲ့ ခေါင်းကို ပုတ်လိုက်တယ်..။ယင်းနောက် သူ ကြောင်လေးတစ်ကောင်ကို ပွတ်လိုက်ပြီး..

"ယူလန် ငါ မင်းရဲ့ ဘာမှမရှိတဲ့ ကံတရားကို ချစ်တယ်.။ငါ အနိုင်ရလို့ရှိရင် မင်းအတွက် ပန်ချီကား တစ်ချပ် ဆွဲပေးမယ်.."

ဝူယူလန် လင်းဖန် ရဲ့ လက်မောင်းကို ဆွဲလိုက်ပြီး..

"အစ်ကိုလင်း ညီမကို မညာပါနဲ့..။ညီမ အစ်ကိုလင်းကို ယုံပြီးသားပါ.."

လင်းဖန် ပြန်ပြောလိုက်တယ်..။

"အစ်ကိုလင်းကို ယုံကြည်တာ သေချာတယ်မလား.."

ဝူယူလန် ​ အင်း လို့သာ ပြောလိုက်ပါတယ်..။သူမ ရင်ထဲက ပျော်ရွှင်မူကို ဘယ်လို ဖော်ပြရမလဲတောင် မသိပါဘူး..။

All Chapters