လျို့ဝှက် ထွက်ပေါက်..
Vol. 45 Ch. 668
#ဘာသာပြန် = စနိုးဝှိုက်
နံနက်ခင်းတွင်..။
တိမ်ဖြူလမ်း..။
မြို့သားတွေဟာ မယုံကြည်နိုင်ဖြစ်နေခဲ့ကြတယ်..။သူဌေးလေးက အမှန်တကယ်ပဲ ပန်ကိတ် အခု ၂၀ ရောင်းပေးမယ်လို့ ပြောနေခဲ့တာပါ..။သူတို့ အတွက်တော့လဒါက အဖြစ်နိုင်တဲ့ အရာကြီးတစ်ခုလိုပါပဲ..။သူဌေးလေးက ဒါမျိုး အကြောင်းပြချက် မရှိလုပ်မယ့်လူမဟုတ်ဘူးဆိုတာကိုတော့ သူတို့ ယုံကြည်ကြပါတယ်..။
ဖြစ်နိုင်ချေကတော့ တစ်ခုတည်းရှိတာပါ..။ဒါက တစ်ခုခု မကောင်းတာ ဖြစ်တော့မယ်လို့ ဆိုလိုတာပါပဲ..။
"သူဌေးလေး..ပြောပါဦး..ဘာတွေဖြစ်တော့မှာ မို့လို့လဲ."
မြို့သားတစ်ယောက်က သူဌေးလေးရဲ့ လှည့်စားမူကို ကြိုသိနေသလိုမျိုး မေးလိုက်တာပါ..။သူ လှည်းရှေ့မှာသာ ရပ်နေပြီး ပန်ကိတ်အနားကို မကပ်ရဲခဲ့ပေ..။
လင်းဖန် ပြုံးလိုက်ပြီး..
"ဘာမှမဟုတ်ဘူး အရာရာတိုင်း အဆင်ပြေပါတယ်..။ခင်ဗျားတို့က..ပန်ကိတ် အလုံး ၂၀ မလိုချင်လို့လား.."
သူ ဒီလို မေးလိုက်ပေမယ့် သူ့ရဲ့ နှလုံးခုန်သံတွေတော့ မြန်နေခဲ့ပါတယ်..။မြို့သားတွေက..သူ့ရဲ့ လှည့်ကွက်တွေကို သိနေကြတဲ့ အတိုင်းပါပဲ..။တစ်ခုခု ဖြစ်လာတော့မယ့် ပုံစံပါ..။
သို့ပေမယ့် လင်းဖန် သူ့ရဲ့ လှည့်ကွက်ကို ဝန်ခံမှာတော့ မဟုတ်ပါဘူး..။
မြို့သားတွေဟာ..သူဌေးလေးကို သိချင်စွာ ကြည့်လိုက်ကြတယ်..။သူတို့ လင်းဖန် ရဲ့ စကားကို မယုံကြည်ကြပါဘူး..။
သို့ပေမယ့် သူတို့ယုံကြည်တယ် မယုံကြည်ဘူးဆိုတာက ပြသနာ မရှိပါဘူး..။အဓိက အရာက..သူတို့ ဒီနေ့ ပန်ကိတ် အလုံး ၂၀ ရတော့မယ် ဆိုတာပါပဲ..။ဒါက တကယ်ကို လုံလောက်ပါတယ်..။
ဆို်င်ထဲတွင်..။
လူလိမ်ထျန်ဟာ ပန်ကိတ်လုပ်ရင်း အလုပ်တွေ ရှုပ်နေတဲ့..လင်းဖန် ကိုကြည့်လိုက်တယ်..။သူ သိချင်စွာ မေးလိုက်တယ်..။
"ယူလန်..သူ ဒီနေ့ တစ်ခုခုတော့မှားနေတယ် မထင်ဘူးလား..။သူ ဘာလို့ ရုတ်တရက်ကြီး ပန်ကိတ် အလုံး ၂၀ ရောင်းပေးနေတာလဲ..။အရင်တုန်းကဆိုရင် ပန်ကိတ် အလုံး ၂၀ လို့ ပြောလိုက်တာနဲ့..သူ့ပုံစံက သေတော့မလိုဖြစ်သွားတာ..."
ဝူယူလန် ခေါင်းခါယမ်းလိုက်တယ်..။
"!မသိဘူးလေ..တစ်ခုခု လွဲနေတယ်လို့တော့ထင်တယ်..။အစ်ကိုလင်းက တစ်ခုခု ဖြစ်ထားပြန်ပြီလား..။ဒါပေမဲ့ အဲလိူလည်း မဟုတ်လောက်ပြန်ဘူး.."
ကျောက်ကျန်းယန် သူ့ရဲ့ မေ့စေ့ကို ပွတ်လိုက်ပြီး..
"ကျွန်တော့်အမြင်ကတော့ သူ တစ်ခုခု လုပ်စရာ ရှိနေတာပဲ ဖြစ်ရမယ်.."
အဲ့အချိန်မှာတော့ လင်းဖန် ဟာ လှည်းနောက်မှာ ပြုံးနေခဲ့တယ်..။
"အားလုံးပဲ..ဒါက ရှားပါးတဲ့ အခိုက်အတန့်လေးနော်..။ဒီနေ့က ပန်ကိတ် အလုံး ၂၀ သတ်မှတ်ပေးထားတယ်..။ကျေးဇူးပြုပြီး တန်းစီကြပါ..အခွင့်အရေးကို လက်မလွတ်လိုက်ကြနဲ့..။ခင်ဗျားတို့ ကျေနပ်သွားကြလိမ့်မယ်.."
မြို့သား တစ်ယောက်ဟာ ပြောလိုက်တယ်..။
"သူဌေးလေး.ကျွန်တော် တို့ကို တကယ်ချစ်ရင် ပန်ကိတ် အလုံး ၃၀ လုပ်ပေးရင်ရော ဘယ်လိုလဲ.."
မြို့သားတွေဟာ လှမ်းပြီး စနောက်လိုက်ကြတာပါ..။သူဌေးလေး သဘောတူမှာ မဟုတ်ဘူးဆိုတာကို သူတို့ သိကြပါတယ်..။သို့ပေမယ့် သူဌေးလေး သဘောတူလိုက်တဲ့ အချိန်မှာ အကုန်ကြောင်အသွားခဲ့ကြတယ်..။
"ကောင်းပြီလေ ကျုပ်တို့ ပန်ကိတ် အလုံး ၃၀ လို့ပဲ ထားလိုက်ကြရအောင်.."
လင်းဖန် ပြုံးပြီး ပြောလိုက်တာပါ..။
"ချီးပဲ.ဒါက ကြောက်စရာ ပါလား.."
"ဒီနေ့ အနောက်ဘက်ကနေ နေထွက်လာတော့မယ် ထင်တယ်..။သူဌေးလေးက ပန်ကိတ် အလုံး ၃၀ ရောင်းပေးမယ် ဆိုပါလား.."
"ငိုကြွေးသံ...ငါ ရင်ထဲထိသွားပြီ..။သူဌေးလေးက အကောင်းဆုံးပဲ ဆိုတာကို ငါသိသားပဲ..။သူ ငါ့တို့ကို အမြဲတမ်း ဦးစားပေးတယ်.."
ယင်းနောက် လူလိမ်ထျန် နဲ့ ကျန်တဲ့လူတွေဟာ ကြောင်အသွားခဲ့ပါတယ်..။သူတို့ လုံးဝ မယုံကြည်နိုင်သလို ဖြစ်သွားခဲ့ကြတယ်..။သူဌေးက ဘယ်လိုလူမျိုးလဲဆိုတာ သူတို့ သိထားကြပြီးသားပါ..။သူက ဘယ်လိုလုပ်ပြီး အခုမှ ပန်ကိတ် အလုံး ၃၀ လုပ်ပေးချင်နေတာလဲ..။
လူလိမ်ထျန်ဟာ လင်းဖန် ရှေ့ကိုသွားကာ စိုက်ကြည့်လိုက်ပြီး...
"မင်းက သူဌေးလေး အတုပဲ ဖြစ်ရမယ်..."
လင်းဖန် တည်ငြိမ်စွာ ပြုံးလိုက်ပြီး..
"ဘာမှားနေလို့လဲ..ကျုပ်က အကုန်လုံးကို စိတ်ချမ်သာစေချင်လို့ပဲ.."
လူလိမ် ထျန် ဆွံ့အသွားခဲ့တယ်..။တကယ်လို့ သူသာ လင်းဖန် ဘယ်လိုလူမျိုးလဲ ဆိုတာကို မသိရင် ယုံကြည်မိတော့မှာပါ..။
ရက်အနည်းငယ်ကြာပြီးနောက်..။
တိမ်ဖြူလမ်းဟာ ပိုပြီးစည်ကားလာခဲတယ်..။အစကတည်းက စည်ကားတယ် ဆိုပေမယ့် အခုက ပိုပြီး များပြားလာခဲ့ပါတယ်..။ဒါက သူဌေးလေး ရဲ့ တစ်နေ့ ပန်ကိတ် အလုံး ၃၀ ရောင်းပေးနေတဲ့ အကျိုးကျေးဇူးကြောင့်ပါပဲ..။
ဒါက သူတို့ မျှော်လင့်ထားတာနဲ့ တစ်ခြားစီပါပဲ..။တကယ်ကို ရူးသွပ်ဖို့ကောင်းတာပါ..။
တစ်နေ့ ပန်ကိတ် ၁၀ လုံးကတင် လူတွေ အများကြီးကို ဆွဲဆောင် နိုင်နေပြီ ဖြစ်ပေမယ့်..သူတို့ ပန်ကိတ်ရနိုင်တဲ့ အခွင့်အရေးက အရမ်းကို နည်းပါတယ်..။သို့ပေမယ့် အခုတော့ ကွာခြားသွားခဲ့ပါပြီ..။သူက ပန်ကိတ် အခု ၃၀ ရောင်းပေးနေတာက တစ်ရက် နှစ်ရက် မကတော့ပါဘူး..။သူတို့ ပန်ကိတ်ရနိုင်ချေက အတော်ကို မြင့်တက်လာခဲ့တာပါ..။
ဒီနေ့..။
လူတွေ အများကြီးဟာ. တိမ်ဖြူလမ်းက.မာစတာလင်းရဲ့ ဆိုင်ရှေ့မှာ တန်းစီစောင့်နေခဲ့ကြတယ်..။သူတို့ ပြောနေကြတဲ့အကြောင်းအရာက တစ်ခုတည်းပါပဲ..။
"ဟေး..ဒါက အတော်နောက်ကျ နေပြီ.။ဘာလို့ သူဌေးလေးက ဒီကို မရောက်သေးတာလဲ.."
"ဟုတ်တယ် သူ အခု ဆိုရင် ရောက်နေသင့်ပြီနော်.."
"အားလုံးပဲ..ခနနေကြဦး..။သူဌေးလေးက ပင်ပန်းသွားတာပဲဖြစ်ရမယ်..။သူ ပိုပြီး အိပ်ပျော်သွားတာပဲဖြစ်မှာပေါ့..။ဒါက ပြသနာ မရှိဘူး.."
"ဒါအမှန်ပဲ.."
သို့ပေမယ့် လူလိမ် ထျန် နဲ့ ကျန်တဲ့လူတွေကတော့ ခံစားချက် မကောင်းတော့ပါဘူး..။
လူလိမ် ထျန် ပြောလိုက်တယ်..။
"ဘာလို့ ဒီငနဲက ပြေးသွားပြန်တာလဲ.."
ကျောက်ကျန်းယန် ပြောလိုက်တယ်..။
"ကျွန်တော်ကတော့..သူထွက်ပြေးသွားပြီလို့ မထင်ပါဘူး.."
လူလိမ် ထျန် ခေါင်းခါယမ်းလိုက်တယ်..။
"ဒါက ပြောဖို့ခက်တယ်..။မင်းတို့ ဒီငနဲရဲ့ လှည့်စားမူတွေကို သိထားသင့်နေပြီ..။သူက ဘာမှ မရှိပဲ..ပန်ကိတ် အလုံး ၃၀ ရောင်းပေးစရာ အကြောင်းမရှိဘူး..။တစ်ခုခုတော့ မှားနေပြီ.."
လင်းဖန် ရဲ့ သစ္စာရှိကာကွယ် ပေးသူ ဝူယူလန်ဟာ ပြန်ပြောလိုက်တယ်..။
"ဒါမဖြစ်နိုင်ပါဘူး..အစ်ကိုလင်းမှာ တစ်ခုခု အရေးကြီးတာ ဖြစ်လို့ ဖြစ်မယ်.."
"ချီးပဲ.."
ရုတ်တရက် ကျောက်ကျန်းယန် လင်းဖန်ရဲ့ ဝိုက်ဘိုကို ကြည့်ပြီး အော်ဟစ်လိုက်တယ်..။
"ခင်ဗျားရဲ့ သူဌေးလေး ပြေးသွားပြီ ။သူ ဘေဂျင်းကို ထွက်သွားပြီ.."
လူလိမ် ထျန် ကြောင်အသွားခဲ့တယ်..။
"ငါ ပြောသားပဲ ဒီငနဲ အလကားနေရင်း ဒီလောက်အထိ ကောင်းနေစရာ အကြောင်း မရှိပါဘူးလို့..။အခုတော့ ထွက်ပြေးပြီလေ.."
တစ်ချိန်တည်းမှာပဲ လူအုပ်ကြီးနဲ့ ပြည့်နေတဲ့ ဝင်ပေါက်ကို ကြည့်လိုက်တယ်..။အခု သူဌေးလေးက ပြေးသွားပြီ ဆိုတော့ သူတို့ ဘာလုပ်ရတော့မလဲ မသိတော့ပါဘူး..။
တကယ်လို့ သေချာသာ အဖြေရှင်းနိုင်ဘူးဆိုရင် သူတို့ ကျိန်းသေ ရိုက်နှက်ခံရမှာပါ..။
လေဆိပ်တွင်..။
လင်းဖန် သူ့အထုတ်အပိုးတွေနဲ့ ပြုံးပြီး လမ်းလျောက်နေခဲ့တယ်..။သူ တစ်နေ့ကို ပန်ကိတ် အလုံး ၃၀ တောင် အပင်ပန်းခံပြီး ရောင်းပေးခဲ့တာဆိုတော့ မြို့သားတွေ သူ့ကို ခွင့်လွှတ်လောက်ပါတယ်..။
ကလင် ကလင်..
ယင်းနောက် ကျိုးမင်ချင်း ဖုန်းခေါ်လာခဲ့တယ်..။
သူ ဖုန်းကိုင်လိုက်တဲ့ အချိန်မှာ..နောက်ဘက်က ဆူညံံသံတွေကိုကြားလိုက်ရတယ်..။
"မင်ချင်း ဘာဖြစ်လို့လဲ..ဘာလို့ ဒီလောက်အထိ ဆူညံနေတာလဲ.."
လင်းဖန် မေးလိုက်တာပါ..။တစ်ခုခု ဖြစ်နေတာများ ဖြစ်နိုင်မလား..။ဒီလိုလည်း မဖြစ်နိုင်ပါဘူး..။
ကျိုးမင်ချင်း စိတ်ပူစွာ ပြောလိုက်တယ်..။
"ဆရာ..အခြေအနေက ဒီလို..။ကျွန်တော် ယူနန်မှာ နိုင်ငံခြားသား ပရဟိတသမား လူတစ်စုနဲ့ တွေခဲ့တယ်..။ကျွန်တော်တို့ နှလုံးရောဂါသည် လူတစ်ယောက်ကို ဘယ်လို ကုသရမလဲ ဆိုတာကို ဆွေးနွေးနေတာလေ..။အခြေအနေက နည်းနည်း ရှုပ်ထွေးတော့ အဖြေမရနိုင်ဘူးဖြစ်နေတာ..။အဲတာ ဆရာများ အကြံဥာဏ်ပေးနိုင်မလားလို့..."
သူ ဒါကိုကြားတဲ့ အချိန်မှာ ပြုံးလိုက်တယ်..။ဒီလိုဖြစ်လာမယ်လို့ သူ မထင်ထားခဲ့ပါဘူး..။
သူ ခနလောက် တွေးလိုက်တဲ့ အချိန်မှာ ကျိုးမင်ချင်းက တစ်ယောက် တစ်ဖက်လူတွေ နဲ့ ကြီးမားတဲ့ ငြင်းခုန်မူ တစ်ခု ဖြစ်နေတယ် ဆိုတာကို လင်းဖန် တွေးမိလိုက်ပါတယ်..။မဟုတ်ရင် ဒီလိုကိစ္စလေး အတွက်နဲ့ ဖုန်းခေါ်မှာ မဟုတ်ပါဘူး..။
သူ့ တပည့်ရဲ့ အတွေးတွေကို စိန်ခေါ်နိုင်လောက်အောင် တစ်ခြားတစ်ဖက်ကလည်း..ကျွမ်းကျင်အဆင့်ဖြစ်လောက်မှာပါ..။
ယူနန် တောင်တန်း ဒေသတွင်..။
ကျိုးမင်ချင်း နဲ့ ဒီဂျီနိုတို့ဟာ ငြင်းခုန်နေခဲ့ကြပါတယ်..။သူတို့ တစ်ယောက်နဲတစ်ယောက် သိတာ မကြာသေးပေမယ့်..။သူတို့နှစ်ယောက်လုံးမှာ တူညီတဲ့ ရည်ရွယ်ချက်ရှိတာကတော့ အသေအချာပါပဲ..။ထပ်ပြောရရင် သူတို့ရဲ့ ဆေးပညာ အရည်အသွေးက တကယ်ကို ထိပ်တန်းပါ..။ညဘက်ရောက်ပြီဆို သူတို့နှစ်ယောက် ဆေးပညာနဲ့ ပတ်သက်ပြီး ဆွေးနွေးလေ့ ရှိပါတယ်..။တစ်ယောက်က အနောက်တိုင်း ဆေးပညာ ဖြစ်ပြီး တစ်ယောက်က တရုတ်ဆေးပညာ ဖြစ်ပေမယ့် ဒါက သူတို့ရဲ့ဆွေးနွေးမူကို လုံးဝအနှောက်အယှက်မဖြစ်ပါဘူး..။
ကျိုးမင်ချင်း လက်ဝေ့ယမ်းလိုက်ပြီး.
"အကြီးအကဲ ဒီ..ကျုပ် ခင်ဗျားနဲ့ ထပ်မငြင်းတော့ဘူး..။ကျုပ်ဆရာက တရုတ်ဆေးပညာရော အနောက်တိုင်းဆေးပညာကိုပါ ကျွမ်းကျင်တယ်..။သူက အကောင်းဆုံး အဖြေကို ပြောလိမ့်မယ်.."
ဒီဂျီနို အံ့ဩသွားခဲ့ပြီး..
"ဘုရားရေ..အကြီးအကဲ ကျိုး ..ခင်ဗျားရဲ့ ဆေးပညာကတောင် အံ့ဩဖို့ကောင်းနေတာ..။ခင်ဗျားရဲ့ ဆရာ ဖြစ်ဖို့ဆိုရင် အတော်ကို ကျွမ်းကျင်မှ ဖြစ်လိမ့်မယ်..."
ကျိုးမင်ချင်း ဂုဏ်ယူစွာ ပြောလိုက်တယ်..။
"ကျုပ်ဆရာရဲ့ ဆေးပညာက ဒုတိယ မရှိဘူး..။ခင်ဗျား ခနနေရင် သိလိမ့်မယ်.."
…
လေယာဥ္ထွက်ဖို့က အချိန်တစ်ချို့ လိုသေးတာကြောင့် ကျိုးမင်ချင်းကို ပြန်ဖြေဖို့ လင်းဖန်မှာ အချိန်ရှိပါသေးတယ်..။
သူ့ရဲ့ မေးခွန်းအနေအထားအရ လင်းဖန် သူ့တပည့်ရဲ့ အရည်အသွေးတွေ ချက်ချင်းတိုးတက်လာတယ် ဆိုတာကို လင်းဖန် သဘောပေါက်လိုက်တယ်..။ကျိုးမင်ချင်းက ဒါကို သူ့ကိုယ်သူတောင် မသိသေးတာ ဖြစ်နိုင်လောက်ပါတယ်..။