သိချင်မူ
Vol. 45 Ch. 670
#ဘာသာပြန် =;စနိုးဝှိုက်
စစ်တပ်အိမ်ယာတွင်..။
"အန်တီကို အလုပ်ရှုပ်စေမိပြီ..။ကျွန်တော် ဘာလက်ဆောင်မှတောင် ဝယ်မလာခဲ့ရဘူး..အားနာလိုက်တာ.."
လင်းဖန် အိမ်ထဲကိုဝင်ပြီး ပြောလိုက်တာပါ..။
ရူဖန် ကတော့ မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေခဲ့တယ်..။
"ဘာလို့ ကျင့်ဝတ်တွေ အတိုင်းလိုက်လုပ်နေမှာလဲ..။ဒီကို ဧည့်သည်အဖြစ် လာပေးတာနဲ့တင် လုံလောက်နေပါပြီ.."
ယင်းနောက် သူမ အော်လိုက်တယ်..။
"လီဘောင်...မြေးလေးရဲ့ အန်ကယ် ဒီမှာရောက်နေတယ်..။အမြန်ဆင်းလာပြီး တွေ့လိုက်ဦး..။မြေး အန်ကယ်နဲ့ တွေ့ချင်နေတာမလား.."
ကလေးဟာ အပေါ်ထပ်ကနေ ချက်ချင်း ပြေးဆင်းလာခဲ့တယ်..။
"အန်ကယ်လင်း..."
သူက ငယ်ရွယ်သေးတယ် ဆိုပေမယ့်လည်း သူ့ အဖိုးနဲ့ အဖွားက သူအခုလို မြန်မြန် ပြေးနိုင်နေတာ အန်ကယ်လင်းကြောင့်လို့ ပြောထားခဲ့ပါတယ်..။ဒါကြောင့် လီဘောင်က လင်းဖန်ကို သူရဲကောင်းတစ်ယောက်လို မြင်နေခဲ့တာပါ..။
လင်းဖန် သူ့ခေါင်းကို သိမ်မွေ့စွာထိလိုက်ပြီး..
"လီဘောင်..သားက အရပ်တောင် ရှညိလာတာပဲ.."
အကြီးအကဲ ကျန်း ပြောလိုက်တယ်..။
"အကြီးအကဲလင်း လဖက်ရည်သွားသောက်ကြရအောင်..။ကျုပ်မိန်းမ အစားအသောက်တွေ ပြင်ပြီးသွားရင် ဘီယာ အနည်းငယ်သောက်လို့ရတယ်လေ.."
လီဘောင်ကတော့ လင်းဖန် သွားတဲ့နေရာတိုင်းကိုလိုက်နေခဲ့တယ်..။ကလေးတွေ သူ့ကို ဒီလောက်ချစ်နေကြတာ စွယ်စုံကျမ်းကြောင့်လားလို့တောင် လင်းဖန် ထင်ယောင် ထင်မှား ဖြစ်မိပါတယ်..။
စာကြည့်ခန်းတွင်..။
လင်းဖန် ချိတ်ဆွဲထားတဲ့ ပန်ချီလက်ရာ တစ်ချပ်ကို ကြည့်လိုက်တယ်..။ဒါက အကြီးအကဲ ကျန်းကို သူလက်ဆောင်ပေးထားတဲ့ ပန်ချီကားပါ..။
အကြီးအကဲ ကျန်း ပြောလိုက်တယ်..။
"အကြီးအကဲ လင်း..ပန်ချီဆွဲဖို့ကို ဘယ်လိုစဥ်းစားထားလဲ..။ဘယ်လိုဖြစ်ပြီး ဆွဲမယ့် ပစ္စည်း ကိရိယာတွေ မရှိရတာလဲ.."
လင်းဖန် လက်ဝေ့ယမ်း လိုက်ပြီး..
"ဒါက အဲလိုလည်း မဟုတ်သေးဘူး..။ကျုပ်မှာ ဆွဲဖို့နေရာ မရှိတာ ဆိုရင် ပိုပြီး မှန်လိမ့်မယ်..။ဒိတစ်ကြိမ် ကျွန်တော် ဆွဲဖူးသမျှထဲမှာ အကြီးဆုံးပန်ချီကားကို ဆွဲမှာလေ..။ဒါက ၅ မီတာ လောက် ရှည်လိမ့်မယ်...."
*ဖူး..*
အကြီးအကဲ ကျန်း ဟာ လဖက်ရည် သီးမလိုဖြစ်သွားခဲ့တယ်..။
"အကြီးအကဲ လင်း ဘာပြောတာလဲ..။ငါး မီတာ ဟုတ်လား..။ဘာပုံကို ဆွဲမှာ မို့လို့လဲ..။လက်ရှိအချိန်ထိ မျိုးဆက် အဆက်ဆက် ဒဏ္ဌာရီလာ ပန်ချီကားတောင် ၃ မီတာ ပဲရှညိတာလေ..။မင်းဟာက အရမ်းမကြီးလွန်ဘူးလား.."
"အရမ်းကြီးတယ်တဲ့လား..။ဒါက နိုင်ငံတကာ အနုပညာပြပွဲလေ..။ကျုပ်တို့ သာမန်အဆင့်နဲ့ သွားလုပ်လို့ မရဘူး..။အခု ကျွန်တော်ဘာလို့ ဘေဂျင်းအထိလာလဲ ဆိုတာ ကို နားလည်ပြီလား..။ထပ်ပြောရရင် ပြပွဲပြီးသွားလဲ ပန်ချီကားကို ဒီမှာပဲ သိမ်းထားရမှာလေ..။တစ််ကယ်လို့ တစ်ခုခုဖြစ်သွားရင် ကျုပ်ရဲ့ ကြိုးစားမူက အလဟသဖြစ်သွားလိမ့်မယ်.."
ကျန်းကျောင်ရှန်း သူ့ကိူသူ တည်ငြိမ်အောင် လုပ်ဖို့ အသက်ပြင်းပြင်းရူလိုက်တယ်..။အကြီးအကဲလင်း ဒီလောက်အထိ လုပ်ဖို့ သူမထင်ထားခဲ့ပါဘူး..။ဒါက အံ့ဩဖို့ကောင်းပါတယ်..။
ယင်းနောက် လင်းဖန် စာရွက်နဲ့ ဖောင်တိန် တစ်ချောင်းကို ယူလိုက်ပြီး သူ ပန်ချီဆွဲဖို့ ဘာတွေ လိုအပ်စလဲ ဆိုတာကို ချရေးလိုက်တယ်..။
"အကြီးအကဲ ကျန်း ကြည့်..ဒါက လိုအပ်တဲ့ ပစ္စည်းတွေပဲ..။ဒါတွေကို ပြင်ဆင်ပြီးသွားရင် ကြိုက်တဲ့ အချိန်စတင်လို့ရပြီ..။ဒါပေမဲ့ မြန်မြန်လုပ်ဖို့တော့လိုတယ်နော်..။ဒီပန်ချီကားတွေက အချိန်အတော်ယူရမှာ..။
ကျန်းကျောင်ရှန်း သူ ထပ်ပြီး မအံ့ဩသင့်တော့ဘူးလို့ ခံစားလိုက်ရပါတယ်..။သို့ပေမယ့်..အကြီးအကဲ လင်းရဲ့ တောင်းဆိုမူကို မြင်တဲ့ အချိန်မှာ တံတွေးကို မြိုချလိုက်တယ်..။ပန်းချီကား ၁၀ ချပ်လုံးက ကြီးကျယ်ပြီးတော့ ခမ်းနားတော့မှာပါ..။ဒါက လုံးဝ ပုံမှန် ပန်းချီကားတွေလို မဟုတ်တော့ပါဘူး..။အကြီးအကဲ ကျန်း ခေါင်းညိမ့်လိုက်ပြီး..
"စိတ်မပူနဲ့ မနက်ဖြန် ချက်ချင်း ပြင်ဆင်ခိုင်းလိုက်မယ်..။ဒီလို ဒဏ္ဌာရီလာ ပန်းချီးကားတွေကို မြင်ရဖို့အတွက် ငါ အတော်ကံကောင်းနေတာပဲ ဖြစ်ရမယ်..။ငါ တွေးကြည့်ရင်တောင် စိတ်လှုပ်ရှားလာပြီ.."
…
သူတို့ နှစ်ယောက်ဟာ စာကြည့်ခန်းထဲမှာ အချိန်အတော်ကြာအောင် စကားပြောနေခဲ့ကြတယ်..။
ရူဖန်း ပြောလိုက်တယ်..။
"မာစတာတို့ ဆင်းလာကြပါဦး..။စားသောက်စရာ တွေ အဆင်သင့်ဖြစ်ပြီ.."
ကျန်းကျောင်ရှန်းနဲ့ လင်းဖန် တို့ဟာ အကြောင်းအရာတွေ အများကြီးကို ဆွေးနွေးဖြစ်ခဲ့ကြပါတယ်..။အဓိက အားဖြင့် သူတို့ ပန်းချီ အကြောင်းကို ဆွေးနွေးကြပေမယ့်..နေ့စဥ် လုပ်ဆောင်ရတဲ့ မိသားစု အကြောင်းတွေပါဆွေးနွေးခဲ့ကြတာပါ..။တကယ်လို့ တစ်ခြားလူတွေသာ လူငယ်တစ်ယောက် နဲ့ လူကြီးတစ်ယောက် ဒီလို ဆွေးနွေးနေတာကို မြင်ရင် အံ့ဩစရာတွေ ဖြစ်ကုန်တော့မှာပါ..။
လင်းဖန် ဘေဂျင်းဘေဂျင်းကို ရောက်နေတာ သိတဲ့ အချိန်မှာ တစ်ခြားလူ တစ်ချို့ဟာလည်း ညတွင်းချင်း ရောက်လာခဲ့ကြတယ်..။
လင်းဖန် အနည်းငယ် အကူညီမဲ့သွားခဲ့တယ်..။သူ က ဘာပဲဖြစ်ဖြစ် လူငယ်တစ်ယောက်ပါ..။အခုလို လူအိုကြီးတွေ ကြားရောက်နေတော့ သူ ပါ အသက်ကြီးသွားသလိုပါပဲ..။
နှစ်ရက်ကြာပြီးနောက်..။
တရုတ်အနုပညာအဖွဲ့အစည်း..။
"မာစတာလင်း.."
"မာစတာလင်း ဘေဂျင်းကို ဘယ်တုန်းက ရောက်တာလဲ..။ဘာလို့ ကျုပ်တို့ကို မပြောတာလဲ.."
လင်းဖန်ကို သိကြတဲ့ အဓိက မန်ဘာတွေဟာ..ရင်းနှီးစွာ နှုတ်ဆက်လိုက်ကြပါတယ်..။လာမယ့် နိုင်င့တကာ အနုပညာ ပြပွဲ အတွက် ဖိအားတွေက လင်းဖန် အပေါ်မှာပဲ ရှိတာပါ..။
တစ်ခြားလူတွေဟာ အလုပ်အကြောင်းကို ဆွေးနွေးချင်ပေမယ့် သူတို့က မာစတာလင်းရဲ့ အဆင့်အတန်းကို မမှီဘူးဆိုတာကို နားလည်ထားကြပါတယ်..။
အဖွဲ့အစည်းရဲ့ တစ်ချို့ အဖွဲ့ဝင်တွေဟာ အကြီးအကဲ တွေ ဝန်းရံထားတဲ့လူငယ်လေးကို ကြည့်ပြီး သိချင်နေခဲ့ကြတယ်..။
"ဒီလူငယ်လေးက ဘယ်သူလဲ..။ဘာလို့ သူ့ကို အဲလောက် ကြိုဆိုနေကြတာလဲ.."
"ခင်ဗျား သူ့ကို မသိဘူးလား..."
"ဟင်..ငါက ဘာလို့ သိရမှာလဲ..။ငါက အသက်ကြီးနေ့ပီလေ..လူငယ်လေးတွေကို သိဖို့ လိုသေးလို့လား.."
"မာစတာလင်းကို တောင် မသိဘူးလား..။လတ်တလော အဖွဲ့အစည်းမှာ တစ်ခုခုဖြစ်သွားတယ်လေ..။သူ့ကိုတော့ သိသင့်တယ် ဟုတ်တယ်မလား..။လူငယ် အနုပညာ ဖလားရဲ့ မတော်တဆမူလေ.."
"အဲတာကိုတော့ ငါသိတယ်လေ..။အဲ့လူငယ်လေးက မာစတာလင်းလား.."
သူ လူငယ်လေးကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်..။ဒီလူငယ်လေးက မာစတာလင်း ဖြစ်နေမယ်လို့ သူ မထင်ထားခဲ့ပါဘူး..။
"ဟုတ်တယ် ကျွန်တော် ကြားထားတာတော့ မာစတာလင်းက လာမယ့် နိုင်ငံတကာ အနုပညာ ပြပွဲအတွက် ကြီးကျယ်ခမ်းနားတဲ့ ပန်ချီကားတွေ ရေးဆွဲပေးမှာတဲ့..။ဒါက ဘယ်လိုဖြစ်လာမှာလဲ မသိဘူး..။လူတိုင်းကလည်း သိချင်နေကြတာ.."
…
လင်းဖန် သူ့ကို နှုတ်ဆက်နေတဲ့လူတွေကို ခေါင်းပြန်ညိမ့်ပြနေခဲ့တယ်..။သူတို့ထဲက တစ်ချို့ရဲ့ နာမည်ကို သူမမှတ်မိပေမယ့် ဒီလူတွေက အရမ်းရင်းရင်းနှီးနှီး နှုတ်ဆက်နေတော့..ဒီတိုင်းနေလို့ မရပါဘူး..။
လူအုပ်ကြီးဟာ..ပန်းချီဆွဲဖို့ အထူးပြင်ဆင်ထားတဲ့ အခန်းဆီကို ရောက်လာခဲ့တယ်..။
အခန်းကို သန့်ရှင်းအောင်ပြင်ဆင်ထားပြီး..စားပွဲအရှည်ိကြီးပါ ချထားခဲ့ပါတယ်..။စားပွဲပေါ်မှာတော့ စုတ်တံတွေ အများကြီးကို ထားထားခဲ့တယ်..။
ကျန်းကျောင်ရှန်း မိတ်ဆက်ပေးလိုက်ပါတယ်..။
"အကြီးအကဲ လင်း ဘယ်လိုထင်လဲ..။တစ်ခုခု စိတ်မကျေနပ်တာများ ရှိလား..။အကြီးအကဲ လင်းရဲ့တောင်းဆိုမူ ထဲက အတိုင်း မနေ့က ပြင်ဆင်ခိုင်းထားလိုက်တာလေ.။ကျုပ်တို့ အဖွဲ့အစည်းမှာ ၅ မီတာ ရှည်တဲ့ ပန်းချီကားလိပ် တွေ ရှိနေလို့ တော်သေးတယ်.."
လင်းဖန် လျောက်ကြည့်ပြီး ခေါင်းညိမ့်လိုက်တယ်..။
"ဒါက တကယ်ကောင်းတယ်.."
တစ်ခြား မာစတာ တွေဟာ စားပွဲ အရှည်ကြီးကို ကြည့်ပြီး ကြောင်အသွားခဲ့တယ်..။
"သူဘာလို့ စားပွဲ အရှည်ကြီးကို လိုရတာလဲ.."
"မသိဘူးလေ..ကျုပ်လည်း ဒါကို ပြင်ဆင်ပေးတုန်းကတည်းက တွေးနေတာ..။ဒါပေမဲ့ ရှာမတွေ့သေးဘူး.."
"သူတကယ်ပဲ ပန်းချီကား အရှည်ကြီးကို ဆွဲမလို့လား..."
…
ယွဲ့ချီဂျုရှီ ပြောလိုက်တယ်..။
"အကြီးအကဲလင်း..လာလို့ စားပွဲး ဒီလောက်အရှည်ကြီးကို ပြင်ဆင်ခိုင်းတာလဲ.."
လင်းဖန် ဆန်းကျယ်စွာ ပြုံးလိုက်ပြီး..
"ခင်ဗျားတို့ နောက်ကျရင် သိရမှာပါ..။ဒါက လျို့ဝှက်ချက်ပဲလေ.."
"အကြီးအကဲလင်း ကျုပ်တို့ကိုတောင် ဖုံးကွယ်ထားတာပဲ.."
ယွဲ့ချီဂျုရှီ အနည်းငယ် အကူညီမဲ့သွားခဲ့တယ်..။သို့ပေမယ့် သူ အကြီးအကဲ ကျန်းရဲ့ ယုံကြည်မူရှိတဲ့ မျက်နှာကို မြင်တဲ့ အချိန်မှာ အကြီးအကဲ ကျန်းတော့ တစ်ခုခု သိထားမယ် ဆိုတာကို သိလိုက်ရပါတယ်..။ယင်းနောက် သူ အကြီးအကဲ ကျန်းကို မေးချင်သွားခဲ့တယ်..။
နောက်ဆုံး ဘယ်လိုဖြစ်လာမလဲ ဆိုတာကို သူတကယ် သိချင်နေခဲ့ပါပြီ..။